http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လယ်သမားတွေရဲ့အမြင်တွေ မြှင့် တင်ပေးဖို့ လိုအပ်နေပြီ လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2013-03-02
လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးအမြင်တွေကို ခေတ်သစ်အမြင်တွေဖြစ်လာအောင် မြှင့်တင်ပေးဖို့ လိုအပ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ ကျောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံပြည်သူလူထုနဲ့ တွေဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာပါ။

ဒီကနေ့ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လူငယ်တွေနဲ့ ပညာရေး ၊ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေး၊ တောင်သူတွေ လယ်ယာမြေသိမ်းဆည်းခံရမှု အခြေအနေတွေနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုရင် အစိုးရနဲ့ အဖွဲ့အစည်းတွေကိုပဲ အားမကိုးဖို့ ပြည်သူတွေကလည်း ပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပုဗ္ဗသီရိမဲဆန္ဒနယ်က ဦးဖြိုးဇေယျာသော်က ကျန်းမာရေး အခြေအနေအတွက် သုံးလနားမှာ ဖြစ်တာကြောင့် ကော့မှူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်ရဲ့လိုအပ်ချက်တွေကို ကိုယ်စားခဏ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံပွဲကို ဒေသခံပြည်သူလူထု သုံးထောင်နီးပါး တက်ရောက်ပါတယ်။RFA Burmese

ဂျော်ဒန်ကဆန္ဒပြ မြန်မာအလုပ်သမားတွေ ထိုးကြိတ် ရိုက်နှက်ခံရ

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ စက်ရုံက ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့ ဂျော်ဒန်နိုင်ငံသားတချို့က ဒီနေ့အကြမ်းဖက် တိုက်ခိုက်တဲ့အ တွက် မြန်မာအမျိုးသမီး ၄ ဦးဒဏ်ရာရသွားတယ်လို့  သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ဆန္ဒပြမြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုထွန်းထွန်းစိုးက RFA ကို အခုလိုပြောပါတယ်။

“ဒီကနေ့မနက်က တရုတ်တွေ supervisor တွေ အများကြီးလာပါတယ်၊ ဒီနိုင်ငံသားတွေလာပြီးတော့ မိန်းကလေးတွေကို ရိုက်ပါတယ်၊ အလုပ်မဆင်းတာကို ရိုက်ပါတယ်၊ လက်သီးတွေနဲ့ ထိုးပါတယ်၊ နှုတ်ခမ်းတွေ မျက်လုံးထိခိုက်မှုတွေ ခြေထောက်နည်းနည်း နာသွားတာတွေရှိပါတယ်၊ မြန်မာ ၁ ထောင့် ၃ ရာကျော် ရဲစခန်းကို သွားတိုင်ပါတယ်၊ ရဲစခန်းကို သွားတိုင်ပြီး ပြန်လာတာပါ၊ ဆန္ဒကအခုပြတုန်းပါပဲ၊ တစ်ယောက်မှ အလုပ်မဆင်းပါဘူး၊ မနေ့က ကြေညာချက် သူတို့လိုက်ကတ်တာက အလုပ်ဆင်းခိုင်းတာပါပဲ၊ ကျနော်တို့ကတော့ အလုပ်မဆင်းဘူး၊ အလုပ်အေဂျင်စီက နှစ်ယောက်ကတော့ လုံးဝပျောက်နေပါတယ်၊ လုံးဝရှာမတွေ့ပါဘူး၊ ကျနော်တို့က အလုပ်သမားရုံးတွေမှာ ငြိမ်သက်စွာ လမ်းလျှောက်ပြီးတော့ ဆန္ဒပြကြပါတယ်၊ ကျနော်တို့မြန်မာတွေ အကုန်လုံးပြန်ပို့ရင် ပြန်လာကြမှာပဲ”

အခုလိုအကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့  ရဲစခန်းမှာ သွားပြီးတိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျော်ဒန်နိုင်ငံက CMJ စက်ရုံမှာ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမား ၁ ထောင့် ၃ ရာကျော် ရှိနေပြီး၊ သူတို့အားလုံး အလုပ်မဆင်းပဲနေတာ ၂ ပတ်ကျော်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက သတင်းမီဒီယာတချို့မှာ သူတို့ကိစ္စနဲ့ ပတ်သက်လို့ မှားယွင်းဖေါ်ပြနေတယ်လို့ အလုပ်သမားတဦးကပြောပါတယ်။

“မန္တလေး FM က အယောက် ၃၀ ကျော်ပဲ ဆန္ဒပြတယ်လို့ သူတို့ပြောတာပါ၊ တကယ်တော့ အယောက် ၃၀ ကျော် မဟုတ်ပါဘူး၊ အယောက် ၁၀၃၀ ကျော်ပါ၊ တော်တော်လေးဒုက္ခရောက်နေတာပါ၊ ပြီးတော့ ဌာနဆိုင်ရာအသီးသီးကို အကြောင်းကြားထားပါတယ်၊ အဲဒါဘယ်သူမှ ကူညီမယ့်သူလဲ မလာသေးပါဘူး၊ အိမ်ပြန်မယ်ဆိုတော့လဲ သူတို့ကဘာမှလုပ်ဆောင်မပေးပါဘူး”

ဆက်ပြီးမလုပ်လိုတော့တဲ့ အလုပ်သမားတွေ ပြန်မယ်ဆိုရင် စီစဉ်ပေးမယ်လို့ အလုပ်ရှင်ဘက်က ပြောတယ်ဆိုတဲ့ သတင်းကလဲ မှားယွင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မနေ့ကတော့ စက်ရုံကနေ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ အစားအသောက် ကောင်းကောင်းမွန်မွန် စီစဉ်ပေးမယ်ဆိုတာနဲ့  မြန်မာအလုပ်သမားတွေထဲက သင့်တော်တဲ့သူတွေကို အလုပ်သမားခေါင်းဆောင် ခန့်အပ်မယ်ဆိုတာပါဝင်ပြီး၊ လစာတိုးတောင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှဖေါ်ပြထားတာမတွေ့ရပါဘူး။ ဒါကြောင့် မြန်မာအလုပ်သမားအားလုံး တညီတညွှတ်တည်း ဆက်လက်ဆန္ဒပြနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။RFA Burmese

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားအကြော့မောင်းနှင့် လှည်းအကြော့မောင်း ပြိုင်ပွဲ

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားအကြော့မောင်းနှင့် လှည်းအကြော့မောင်း ပြိုင်ပွဲကို မုံရွာမြို့နယ် ဗောဓိတစ်ထောင်၊ ခတက္ကန်တောင် ရွာတွင် မတ်လ၂ရက်နေ့မှ စတင်၍ ၃ရက်တိုင်တိုင် ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက် ရှိပြီး၊ ယနေ့ ဒုတိယနေ့ တွင် လှည်းအကြော့မောင်း ယှဉ်ပြိုင်နေကြသည့် မြင်ကွင်းများကို တွေ့ရစဉ်။ The Voice Weekly









အန္တရာယ်ရှိသည်


ပြီးခဲ့သည့် ရက်ပိုင်းက မအူပင်မြို့နယ်ရှိ ဒေသခံ လယ်သမား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တင်းမာမှုသည် ယနေ့ အမြင့်ဆုံးအရှိန်အထိ တက်သွားကာ နှစ်ဖက် အပြန်အလှန် ရန်ပြုသည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။ မည်သို့သော အကြောင်းအရင်းများ ရှိနေသည်ဖြစ်စေ လယ်ယာ စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံရှိ အခြေခံအကျဆုံး တောင်သူလယ်သမား များနှင့် ပြည်သူလူထု တစ်ရပ်လုံးကို ရိုင်းပင်း၊ ကူညီ၊ ကာကွယ် စောင့်ရှောက်ရမည့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ဤမျှလောက်အထိ တင်းမာမှု ဖြစ်သွားရခြင်းမှာ ဒီမိုကရေစီ အသွင်ပြောင်းရန် အားယူဆဲ နိုင်ငံတစ်ခုအတွက် အမည်းစက် တစ်ခု ဖြစ်သွားခဲ့ပါသည်။

နှစ်ပေါင်း၅၀ကျော်ခန့် ဖိနှိပ်မှုများကို အောင့်အည်းမျိုသိပ် လာခဲ့ရသော မြန်မာပြည်သူလူထု အနေနှင့် ဒီမိုကရေစီ ရောင်နီသန်းကာလ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် အကန့်အသတ်ဖြင့် ရလာချိန်တွင် ယခင် ချုပ်တည်းထားခဲ့ရသော စိတ်ခံစားချက်များကို အခွင့်ရလာသည့် အတွက် ရေအပြည့်စဥ့်အိုး စောင်းသွန်ချလိုက် သကဲ့သို့ ဖွင့်ထုတ်ကြခြင်း အပေါ် အကြောင်းအကျိုး သဘောဖြင့် နားလည်တတ်ရန် လိုပါသည်။ ထို့အပြင် စနစ်ဆိုးအောက်တွင် ခါးစည်း ခံလာခဲ့ရသည့် ဖိအားများ အပြင် မိရိုးဖလာ လုပ်ကိုင်လာခဲ့သည့် လယ်ယာမြေများ လက်လွှတ် ဆုံးရှုံးမှုကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံလာရသည့်အခါ ချုပ်တည်း လာခဲ့သည့် အငုံ့စိတ်များ ပွင့်အံထွက်ပြီး ဒေါသအဖြစ်သို့ ကူးပြောင်းသွားကာ တင်းမာမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနှင့် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် အဓိကရုဏ်း နှိမ်နင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အဆင့်အလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ယနေ့အချိန်အထိ သိရှိနားလည်မှု မရှိသေးသော အချက်မှာလည်း ပဋိပက္ခအရှိန် ပိုကြီးစေပါသည်။ စနစ်ဆိုး အောက်တွင် မြေပိုင်ဆိုင်လိုစိတ် အားကြီး တတ်ကြသည့် ခရိုနီစီးပွားရေး လုပ်ငန်းရှင် အများစုသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် မြေယာများကို အင်အားသုံး ဝယ်ယူ သိမ်းပိုက်လေ့ ရှိပါသည်။ များသောအားဖြင့် ၄င်းတို့ သိမ်းယူသော မြေယာအများစုမှာ မြေပုံပေါ်တွင် မြေလွတ်မြေရိုင်း ဖြစ်နေသော်လည်း လက်တွေ့တွင်မူ ဒေသခံတောင်သူ လယ်သမားများ ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်လျက် ရှိသည့် မြေများ ဖြစ်နေပါသည်။ သို့သော် ထိုမြေယာများသည် စနစ်ဆိုးက ပြဋ္ဌာန်းထားသော မြေယာ ဥပဒေဟောင်းများ အရသော်လည်းကောင်း၊ လယ်ယာမြေများနှင့် ပတ်သက်သည့် ဗျူရိုကရေစီ ယန္တရားများ အလုပ်ကောင်းစွာ မလုပ်ခဲ့ကြခြင်း ကြောင့်သော်လည်းကောင်း လယ်လုပ်နေသူ လယ်သမားများ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မရှိဖြစ်နေ ခဲ့ပါသည်။ သီးစားခ ပေးချေထားသည့် အထောက်အထားရှိသူများ ထံမှလည်း အာဏာပိုင် အားကိုးဖြင့် မတန်တဆဈေးဖြင့် နှိမ်ချဝယ်ယူ ခဲ့ကြပါသည်။ ကောင်းစွာ ပညာမတတ်သော လယ်သမား အများစုမှာမူ မိမိတို့လက်တွေ့ လုပ်ကိုင်နေသော လယ်ယာမြေများကို မိမိတို့ ပိုင်ဆိုင်ကြောင်း အထောက်အထားရယူထားရန် မသိ နားမလည်ခဲ့ကြသူက များခဲ့ပါသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ ခရိုနီလုပ်ငန်းရှင် များသည် မြေပုံပေါ်တွင် လက်ထောက် သိမ်းပိုက်ခြင်း၊ ထိုသိမ်းပိုက်မြေကို ဒေသခံလယ်သမား များကို သီးစားခဖြင့် ပြန်လည်ချထားခြင်း ကဲ့သို့ ခေတ်သစ်ချစ်တီးများ ပမာ ပြုမူလာ ခဲ့ကြခြင်း ဖြစ်ပါသည်။

ယနေ့ကာလသည် မည်သို့သော တစ်ဖက်လှည့်ဖြင့် ချုပ်ချယ်ထားသော ဥပဒေများ ရှိစေကာမူ ယခင်စနစ်ဆိုးထက် စာလျှင် အထိုက်အလျောက် လွတ်လပ်ခွင့်ရလာ သောကြောင့် မိမိတို့ ခံစားနေရသည် များကို ဖွင့်အံ ဖော်ထုတ်ကြခြင်း ဖြစ်ရာ နှစ်ပေါင်းများစွာ နောက်ဆုံးအဆင့် ဦးစားပေး အဆင့်တွင်သာ ထားခံခဲ့ရသည့် တောင်သူလယ်သမား များ၏ ခံစားချက်၊ ဒုက္ခနှင့် ဆင်းရဲမှုများကို ကိုယ်ချင်းစာ နားလည်ပေးရန် လိုပါသည်။

အခြားတစ်ဖက်တွင်လည်း ငြိမ်းချမ်းညင်သာသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို မလိုလား မနှစ်ခြိုက်သည့် ရှေးရိုးစွဲ၊ သဘောထား တင်းမာသူများ၊ ပြဿနာ ပဋိပက္ခ ဖြစ်ပါက ဇာတ်နာခြင်းကို အကြောင်းပြု၍ ရန်ပုံငွေကြေး များဖြင့် ကိုယ်ကျိုးရှာလိုသူများ၊ မည်သည့်အစိုးရ တက်တက် ၄င်းတို့ အစိုးရမဖြစ်မချင်း အရာအားလုံးကို အမြဲဆန့်ကျင် လှုံ့ဆော်နေမည့် အားလုံးတန်းတူညီမျှရေး ဝါဒီများက ဘက်နှစ်ဖက်စလုံးကို ရန်တိုက်သွေးခွဲကာ ပြဿနာ ပိုကြီးထွားလာစေရန် ကြံစည်ထောက်ပံ့မှု များလည်း ရှိနိုင်ပါသည်။ ထိုကြံစည် ထောက်ပံ့မှုများကို မသိနားမလည်သော အရိုးခံ တောင်သူလယ်သမားအချို့ အနေနှင့်လည်း အမိန့်ပေးစေခိုင်းလျှင် တာဝန်ထမ်းဆောင်ရသည့် ရဲတပ်ဖွဲ့ဝင်များကို အကျပ်အတည်းသို့ တွန်းပို့သကဲ့သို့ ဖြစ်မသွားစေရန်လည်း အထူးသတိပြုရမည် ဖြစ်ပါသည်။

များစွာသတိထားရမည့် အချက်မှာ အာဏာသုံးရပ်ရှိ ကိုယ်ကျိုးစီးပွား မပါသော ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အသီးသီး၊ အဖွဲ့အစည်း အသီးသီးနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကြိုးစားဆောင်ရွက်ချက် များကြောင့် နိုင်ငံတကာတွင် မျက်နှာပန်း လှနေခြင်းကို အိုးမည်းသုတ်ရန် ကြံစည်နေသူများ ရှိနေသည် ဆိုသော အချက်ဖြစ်ပါသည်။

မည်သို့သော အခြေအနေတွင်ဖြစ်စေ ပဋိပက္ခ ဖြစ်ပွားနေသော ဘက်နှစ်ဖက်စလုံးနှင့် သက်ဆိုင်ပတ်သက်သူ Stakeholder အားလုံးအနေနှင့် ပြဿနာတိုင်းကို စနစ်ဆိုးတွင် ရှိခဲ့သည့် အတွေးအခေါ်၊ စဉ်းစားပုံ၊ ပြုမှုဆောင်ရွက်ပုံ များဖြင့် အကြမ်းနည်းသုံး ဖြေရှင်းပါက ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ပြောင်းလုပ်ငန်းစဉ် အပေါ် ကြီးစွာ ထိခိုက်မှု ရှိနိုင်သည်ကို အထူး သတိချပ်ရမည် ဖြစ်ပါကြောင်း။

အယ်ဒီတာ (၂၈-၂-၂၀၁၃)
(The Voice, Vol-9, No-9 Editorial)
The Voice Weekly

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)
အမှတ် (၉၀၂)၊ ၉ လွှာ၊ ယုဇနတာဝါ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၉ ၄၄၈၀၂၆၃၂၆

သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန...်မာနိုင်ငံတော်အစိုးရ
နေပြည်တော်

ရက်စွဲ၊ ၂၀၁၃ခုနှစ်၊ မတ်လ(၂)ရက်၊ တနင်္လာနေ့
စာအမှတ်၊ မစက/၀၆ / ၂၀၁၃

အကြောင်းအရာ။ ။ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) သဘောမတူကြောင်း တင်ပြခြင်း။

ရည်ညွှန်းချက်။ ။ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း

၁။ အထက်ရည်ညွှန်းစာ အရ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် အထက်ဖော်ပြပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် သဘောတူညီမှုဖြင့် ရေးဆွဲနေသောပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းနှင့် ဝိရောဓိဖြစ်စေသလို အဟန့်အတားလည်း ဖြစ်စေသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ယူဆပါသည်။

၂။ လက်ရှိမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) သည် အထက်ဆိုခဲ့ပါ အတိုင်း နိုင်ငံတော် သမ္မတရုံး၏ တိုက်ရိုက်ခွင့်ပြုချက်ဖြင့် ပြန်ကြားရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် ဖွဲ့စည်းထားသော ကောင်စီဖြစ်ပါသည်။ ၂၀၁၂ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ ဤကောင်စီ စတင်ဖွဲ့စည်းစဉ်ကပင် ပုံနှိပ်လုပ်ငန်း၊ ထုတ်ဝေရေးလုပ်ငန်းများနှင့် ပတ်သက်သော ဥပဒေဆိုင်ရာအချက်အလက်များ ထည့်သွင်းရေးဆွဲပေးရန် ပြန်ကြားရေးဝန်ကြီးက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ထံ ပေးအပ်ထားသည့် အခြေခံ မူဘောင်တွင် ပါဝင်ပြီးဖြစ်ပါသည်။

၃။ အဆိုပါ အခြေခံမူဘောင်အရ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းတွင်လည်း ပုံနှိပ်နှင့် ထုတ်ဝေဖြန့်ချိသူများဆိုင်ရာ အချက်အလက်များ ထည့်သွင်းရေးဆွဲရန် သက်ဆိုင်ရာ ပုံနှိပ်နှင့် ထုတ်ဝေသူ အသင်းအဖွဲ့များထံမှ အကြံပြုချက်များ တောင်းခံခဲ့ပါသည်။ သို့သော် အဆိုပါအသင်းအဖွဲ့များ ထံမှ အကြံပြု၊ ဖြည့်စွက်၊ ပြင်ဆင်လိုသော အချက်များ ပြည့်စုံစွာရောက်ရှိ မလာသေးခင် ပြန်ကြားရေးဝန်ကြီးဌာနက အထက်ရည်ညွှန်းပါ ဥပဒေကြမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

၎။ သတင်းမီဒီယာ လုပ်ငန်းရှိ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ထုတ်ဝေရာတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းကို ခွဲခြားမရနိုင်ကြောင်း အများသိရှိပြီး ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းတွင် သတင်းသမား များသာမက ပုံနှိပ်၊ ထုတ်ဝေသူများ၏ ကျင့်ဝတ်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်း ရေးဆွဲပြဌာန်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

၆။ ပြန်ကြားရေး ဝန်ကြီးဌာနသည် ၎င်းတို့ကိုယ်တိုင် သဘောတူညီကာ ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ ရေးဆွဲရန် တာဝန်လွှဲအပ် ခံထားရသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ ဆောင်ရွက်ဆဲ လုပ်ငန်းများကို လျစ်လျူရှုသည့် သဘော သက်ရောက်နေပါသည်။ သို့ပါ၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သည် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်တို့ကို သဘောမတူကြောင်း ဖော်ပြပါသည်။

၇။ အထက်ဖော်ပြပါ တင်ပြချက် များကို ၂၀၁၃ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ၏ (၁၅)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပေးပို့ တင်ပြခြင်းဖြစ်ပါသည်။

မိတ္တူကို-
၁။ နာယက၊ ပြည်ထောင်စုလွှတ်တော်
၂။ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
၃။ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
၎။ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန
၅။ ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့လွှတ်တော်
၆။ ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီ၊ အမျိုးသားလွှတ်တော်
၇။ ဥက္ကဋ္ဌ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ ပြည်သူ့လွှတ်တော်
၈။ ဥက္ကဋ္ဌ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ အမျိုးသားလွှတ်တော်
၉။ လက်ခံ
လေးစားမှုဖြင့် -

(ခင်မောင်အေး)
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)

မောင်ဝံသ (ဦးစိုးသိမ်း)
ဒုတိယဥက္ကဋ္ဌ-၁

ဖိုးသောကြာ (ဦးခင်မောင်လေး)
ဒုတိယဥက္ကဋ္ဌ-၂

(ကျော်မင်းဆွေ)
အတွင်းရေးမှူး

(နန်းကလျာဝင်း)
တွဲဖက်အတွင်းရေးမှူး

ပြည်သူများကို မိဘသဖွယ် သဘောထား


March 3, 2013
ပြည်သူများကို မိဘသဖွယ် သဘောထားသော နိုင်ငံ တော်သမ္မတကြီး၏ စိတ်ရင်းစေ တနာကို အလေးထား၍လည်း ကောင်း၊ ပြည်သူများ၏ အမှန်တစ်ကယ် ထိခိုက်ဆုံးရှုံးနစ်နာမှု များကို တတ်နိုင်သမျှ ဖြေရှင်း ဆောင်ရွက်ပေးရန်လည်းကောင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော်သမ္မတကြီးအကြား  aပါင်းကူးဆက်သွယ် ထိတွေ့နိုင်သည့်  Communication Channel တစ်ခုဖြစ်ပေါ် လာ စေရန် လည်းကောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်တွင် ပြည် သူ့အသံကဏ္ဍကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်အထိ အင်တာနက်မှ တစ်ဆင့် ပေးပို့လာသော တင်ပြ ချက်စုစုပေါင်း ထောင်ကျော်ရှိရာ အချက်အလက် ပြည့်စုံမှုမရှိခြင်း၊ အကြောင်းအ ရာ ပြည့်ပြည့်စုံစုံ ဖော်ပြထားသူမရှိခြင်း စသည်တို့ ကို စိစစ်ပြီးနောက် အချို့သော ပစ်စာသဘောပေးပို့ချက်များကို စိတ်မကောင်းစွာဖြင့် ချန်လှပ်ခဲ့ရ ကြောင်း။
ပြည့်စုံမှန်ကန်သော တင်ပြ ချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း စုံစမ်းမေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး ဖြေရှင်းချက်များရရှိလာသော ကိစ္စရပ်များကို မူလပေးပို့သော အီးမေးလ်လိပ်စာများသို့ ပြန်ကြား လျက်ရှိပါကြောင်း၊ နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့တင်ပြထားသူ များထံ မိမိတို့၏ Mail Inbox များအား ပြန်လည်စစ်ဆေးကြရန် အသိပေးအပ်ပါကြောင်း။

လက်ရှိအချိန်တွင် စိစစ်ဆဲ တင်ပြချက်(၂၂၁)ခုရှိပြီး စိစစ်ရန် ကျန်တင်ပြချက် (၁၆၆)ခုရှိပါ ကြောင်း၊ ယင်းတို့ကိုလည်း ဖြေ ရှင်းချက်များ၊ အရေးယူဆောင် ရွက်ချက်များရရှိပါက ဆက်လက် ပြန်ကြားပေးသွားမည်ဖြစ်ပါကြောင်း လည်း အသိပေးအပ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဖြေ ရှင်းဆောင်ရွက်သွားရမည်ဖြစ်ပါ ၍ တိကျခိုင်လုံသောအထောက် အထားများ၊ မှန်ကန်သောဖြစ်စဉ် ဖြစ်ရပ်များဖြစ်ရန် လိုအပ်သလို အမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ကို ပြည့် ပြည့်စုံစုံ  ထည့်သွင်းကြမှသာ တိကျမှန်ကန်သော တင်ပြချက် များ ဖြစ်လာမည်ဖြစ်ကြောင်း အထူးမေတ္တာရပ်ခံအပ်ပါကြောင်း။

နိုင်ငံတော်သမ္မတရုံး ၀က်ဘ် ဆိုက်တွင်လွှင့်တင်သော နောက် ဆုံးရသတင်းများကို Register တစ်ကြိမ် လုပ်ထားပြီးနောက် အလိုအလျောက် ပေးပို့သည့် စနစ်ကိုလည်း စမ်းသပ်ဆောင် ရွက်လျက်ရှိပြီး Facebook Mail Address များထည့်သွင်းစေပြီး မိမိတို့  Facebook  တွင် သတင်း များ Update ပေးပို့နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်သို့ ပေးပို့ချက်များတွင် မူဝါဒရေးရာ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးပို့လာသည်ကိုလည်း တွေ့ရှိရ သဖြင့် မူဝါဒချမှတ်မှုများတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုပါသဖြင့် လှိုက်လှဲဝမ်း  မြောက်စွာ ကြိုဆိုအပ်ပါကြောင်း၊ ထိုသို့ မူဝါဒရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယခုထက် ပိုမိုကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မည့် ဖိုရမ်များကိုလည်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ထည့် သွင်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်း လေးစားစွာ အသိပေးပါကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်မှ သတင်း ရရှိသည်။
SYN
The Hot News

လှည်းတန်းလမ်းကလွမ်းစရာ


ဒုတိယဖြစ်သောရွှေဂုံတိုင်ဂုံးကျော် တံတားဆောက်ရန်(၁၂.၁၂.၂၀၁၂)နံနက်က ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ သည်။ ရန်ကုန်မြို့တွင်ပြေးလွှားနေသော   ယာဉ်နှင့်လမ်းမှာ ဤသို့မပြုလုပ်၍မဖြစ်   တော့ပေ။ ပထမဆောက်လုပ်ခဲ့သော လှည်း တန်းလမ်းဂုံးကျော်တံတားသည် မကြာမီ  ကာလတွင်ပြီးတော့မည်။ပြီးသွားလျှင် အပေါ်လမ်း၊အောက်လမ်းကားများပြေး ဆွဲမောင်းနှင်ကာ လမ်းပေါ်တွင်နေ့စဉ်နှင့် အမျှသွားလာနေသည့်ခရီးသည်များအတွက်  လည်း အဆင်ပြေသွားပေမည်။
ကြည့်မြင်တိုင်၊လှည်းတန်းဘက်မှ လာသောလမ်း၊အင်းစိန်ဘက်မှလာသော  လမ်း၊ရန်ကုန်ဘက်မှလာသောလမ်း၊ သော်မဇင်ကွင်းဘက်မှလာသောလမ်း၊ ကုက်္ကိုင်းဘက်မှလာသောလမ်း၊လမ်းငါးခွဆုံသည်။အချက်ပြမီးမရှိ၊ယာဉ်ထိန်းရဲ ရပ်ရန်အုတ်ခုံကလေးသာရှိသည်။သာမန်  ကျွမ်းကျင်သူယာဉ်ထိန်းရဲသည် ဤနေရာ   တွင် မပြတတ်၊အစဉ်အမြဲလိုပြတတ်သည်မှာအဘဦးညွှန့်တင်ဖြစ်ပါသည်။

အဘဦးညွှန့်တင်သည် အသက်(၉၄)   နှစ်၊ကျန်းမာရေးကောင်းပါသည်။ မြောက်ဥက္ကလာပမြို့(၈)ရပ်ကွက်၊နီလာ(၃)လမ်းတွင် နေထိုင်ပါသည်။ကျွန်တော်မကြာခဏ သွားတတ်သော “မြတ်ပန်းရဂုံ”တာဝန်ခံ  ကိုမိုးဦး(မြင်းခြံ)နှင့်အနေနီးပါသည်။ ကိုမိုး  ဦး(မြင်းခြံ)၏မိတ်ဆက်ပေးမှုဖြင့် ရင်းနှီး  ခွင့်ရပါသည်။
အဘဦးညွှန့်တင်သည် ဓနုဖြူဇာတိ၊   အသက်(၁၈)နှစ်တွင် ရန်ကုန်ရောက်သည်။    ပထမကျောက်သွေးလုပ်ငန်းတွင်အကွက် ချ၊အရောင်တင်လုပ်ငန်းလုပ်ကိုင်ပါသည်။    ၁၉၄၀ခုနှစ်တွင် ရဲတပ်ဖွဲ့မှာဝင်ရောက် ထမ်းဆောင်ပါသည်။ ဆိပ်ကမ်းရဲမှ ယာဉ် ထိန်းရဲသို့ပြောင်းခဲ့ပါသည်။ တစ်သက် တာဆောင်ရွက်ခဲ့သည့်ဆောင်ရွက်ကြိုး ပမ်းမှုများကြောင့် ဘွဲ့ထူးတွေလက်ခံရရှိ   ခဲ့ပါသည်။

““အဘ ယာဉ်ထိန်းလုပ်ငန်းမှာလက် ပြရဲနဲ့လမ်းပြရဲဘယ်ဟာပိုကောင်းပါသလဲ”” ကျွန်တော်ကအချင်းချင်းရင်းနှီးလာ ပြီးဖြစ်၍အဘသဘောထားကိုမေးလိုက် ပါသည်။
အဘဦးညွှန့်တင်သည် သောတ အာရုံအားနည်းသဖြင့် လက်ဝါးဖြင့်နားကို      ကာ၍နားထောင်ပါသည်။ ပြီးမှအနည်း ငယ်တွေး၍ပြန်လည်ဖြေကြားပါသည်။
“ဘယ်တူပါ့မလဲဗျာ။လက်ပြဆိုတာ ဘယ်သူဖြစ်ဖြစ်ပြတတ်တာပဲ လမ်းပြဆို  တာ အဓိပ္ပာယ်ရှိတယ်ဗျ။ မော်တော်ကားအကြီး၊အသေးအမျိုးမျိုး၊အနှေးယာဉ် ဆိုက်ကား၊စက်ဘီးလမ်းပေါ်မှာ ယာဉ်မျိုး စုံ ဥဒဟိုဖြတ်သန်းသွားလာနေကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ   တိုက်ခိုက်မိတတ်ကြတယ်။

“အဲဒါမတိုက် မခိုက်မိဘဲသွားလိုရာ ဘေးမသိရန်မခသွားနိုင်အောင် ယာဉ် ထိန်းရဲကလည်း အလယ်အုတ်ခုံလေးပေါ်   မတ်တပ်ရပ်ပြီး ခေတ္တရပ်ရန်၊သွားနိုင်ပြီး ဖြစ်ကြောင်းတို့ကို လမ်းပြပေးရတာ စေ တနာ စိတ်ထားတတ်ရင် အင်မတန်   ကုသိုလ်ရပါတယ်။ လူငယ်တွေလျင်မြန် ဖျတ်လတ်ရတယ်။အကင်းပါးရတယ်။ တစိုက်မတ်မတ်ရပ်နေလို့မရဘူး။လက်ပြ      အုတ်ခုံပေါ်မှာလှည့်ပတ်ကာ နေသလို     လမ်းပြလိုက်၊ပါးစပ်မှခရားမှုတ်သင့်မှုတ်၊ ခေါင်းဆတ်ပြီးပြသင့်ရင်ပြလုပ်ရတယ်အချိန် မလပ်အောင်ဆောင်ရွက်ပေးတဲ့အတွက်     သူတို့လဲ ကျေနပ်တယ်၊ကိုယ်လဲကုသိုလ်  ရတာပေါ့””ဟု စိတ်ရှည်လက်ရှည်ရှင်းပြ ပါသည်။

“အဘအငြိမ်စားယူတာဘယ်လောက်  ကြာပြီလဲ”
“၁၉၈၂ခုနှစ်က အငြိမ်းစားယူခဲ့တယ်”
“အခု အငြိမ်းစားယူပြီး ဘာတွေလုပ် နေသလဲ”
“အခုတော့ ဘာမှလုပ်စရာမလိုဘူး။    အိမ်လုပ်ငန်းလုပ်စရာရှိတာလုပ်။ဝိပသနာ တရားစွမ်း နိုင်သမျှအာရုံပြုပေါ့ဗျာ”ဟု ပြောပါသည်။ လမ်းထိပ်လက်ဖက်ရည် ဆိုင်တွင် လူငယ်တွေနှင့်စကားပြောနေ သည်ကိုတွေ့ရတတ်သဖြင့်-
“အဘတို့ တစ်ခါတစ်လေလမ်းထိပ် လက်ဖက်ရည်ဆိုင်မှာတွေ့တယ်နော်”ဟု ကျွန်တော်ကပြောလိုက်ရာ
“ဟုတ်တယ်။ဟုတ်တယ်။ကျွန်တော်က  ခန္ဓာကိုယ်ကိုတင်းကြပ်မထားဘဲ တရား   နှလုံးသွင်းသလို လူငယ်တွေနဲ့ “ချက်”ထိုး တဲ့ခါထိုးပေါ့ဗျာ။ ဟား ဟား- ဟား ဟား” ဟု ပြောပါသည်။ ဟုတ်ပါ၏ အဘဦးညွှန့်တင်သည် ပွင့်လင်းစွာ ရိုးသားသူ ယာဉ်ထိန်းတွင် တာဝန်ဆောင်ရွက်စဉ်အကြောင်းများ  အားမြင်ယောင်လာမိပါသည်။
လွန်စွာရှုပ်ထွေးသော လမ်း(၅)ခွ  ဆုံ လှည်းတန်းကမာရွတ်အ၀ိုင်းတွင် ခြေ လျင်ခရီးသွားများ ၀ိုင်းအုံကြည့်နေပြီဆို လျှင်တော့ ယာဉ်ထိန်းရဲဦးညွှန့်တင် လမ်း ပြနေသည်ကို သိနိုင်ပါသည်။ အရပ်မြင့် မြင့်ယာဉ်ထိန်းရဲဝတ်စုံအပြည့်ဖြင့် အုတ်ခုံ ပေါ်တွင် ပါးစပ်မှခရာကိုမှုတ်လိုက်၊တစ် ဖက်မှယာဉ်ကိုလက်ကားထားလိုက်၊ လက်တစ်ဖက်မှတစ်ဖက်ယာဉ်ကိုသွားခွင့်   ပြုလိုက်ဖြင့် အုတ်ခုံပေါ်တွင်လှည့်ပတ် ကားက ပြသလိုရှိနေ၏ မြင်ကွင်းကြောင့်ဆက်မသွားနိုင်ဘဲ ၀ိုင်းကြည့်နေကြခြင်း ဖြစ်ပါသည်။
လိုင်စင်သိမ်းဖမ်းလောက်အောင် အဖြစ်မကြီးသော ယာဉ်ငယ်ကလေးများ   ကိုလမ်းဘေးတွင်ရပ်ခိုင်းလိုက်သည်။သူ့နေရာတစ်ယောက်ကိုပြခိုင်းပြီးဆင်း သွား၏ ကားသော့ယူပြီး ရှေ့ပေ(၅၀) လောက်သို့တွန်းခိုင်းသည်။

““မင်းကားကိုမင်းမှတ်မိတယ်။ နောက်တစ်ခါဒီလိုဖြစ်လျှင်ဖမ်းမယ်။ဟု ပြောပြီး ကားသော့ပြန်ပေး၍လွှတ်လိုက်   ၍သူ့ကိုမမုန်းကြ။ ကိုယ်ပိုင်ကားမောင်းသူအသက် အရွယ်ကြီးရင့်ပြီး လမ်းမှားဝင်လာလျှင် ““ဆရာကြီး၊ဒါတောက လယ်ကွက် ထဲမှာ မောင်းနေတာမဟုတ်ဘူး။ရန်ကုန်  မြို့လယ်ခေါင်လမ်းမပေါ်မှာ မောင်းနေ တာ။ နောက်ပြန်ဆုတ်ပါဟုပြောလိုက် လျှင် ယာဉ်မောင်းသူအဖိုးကြီးက လက်ပြ တောင်းပန်ပြီး နောက်သို့ပြန်ဆုတ်သွား ပါသည်။ လှည်းတန်းလမ်းဆုံတွင် ဤသို့သော  လွမ်းစရာကလေးများကို နောင်အခါတွေ့ မြင်ရမည်မဟုတ်တော့ပါချေ။
ကျိုက်လတ်မိုးမြင့်
The Hot News

လူစီးအမြန် ရထား လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွား

မတ် ၂, ၂၀၁၃
ယနေ့ နံနက် ၄ နာရီ ၄၈ မိနစ်ခန့်တွင် စက်ခေါင်းမောင်း ဦးသန့်ဇော်ဝင်း မောင်းနှင်လာသော အမှတ် (၁၇၆) အစုန် ရန်ကုန်- ထားဝယ် လူစီးအမြန် ရထားသည် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် မုက္ခမူ ကျေးရွာ ရထားလမ်း မိုင်တိုင်အမှတ် (၉၃/ ၁) နှင့် (၉၃/ ၁၆) အကြားတွင် ပထမတန်း တွဲအမှတ် BDFEZ - ၁၂ဝ၄၄ ၏ ဝဲဘက်ခြမ်းရှိ ဘီးအမှတ် ၃၄၅၆ မှာ တိမ်းချော်၍ ၎င်းတွဲနှင့် နောက်ဆုံးတွဲ (တွဲထိန်းတွဲ) အမှတ် BDFEZ - ၁ဝ၅၆ဝ တို့မှာ ဝဲဘက် အခြမ်းသို့ တုံးလုံး လဲကျကာ  လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ရထား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိ ကြောင်းနှင့် မြန်မာ့ မီးရထားမှ တာဝန်ရှိ သူများက ခရီးသည်များ ဆက်လက် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် တွဲများ ပြန်လည် မတင်ကာ ရထားများ ပုံမှန် ပြေးဆွဲနိုင်ရေး တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

ဆွမ်ဆီး ၁ - ၀ နယူးကာဆယ် (Goal Highlight)

အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်
ဆွမ်ဆီး ၁ - ၀ နယူးကာဆယ် (Goal Highlight)
Planet Myanmar Network

ချယ်လ်ဆီး ၁ - ၀ ဝက်စ်ဘရွန်း (Goal Highlight)

အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်
ချယ်လ်ဆီး ၁ - ၀ ဝက်စ်ဘရွန်း (Goal Highlight)
Planet Myanmar Network

ရီးယဲလ်မက်ဒရစ် ၂ - ၁ ဘာစီလိုနာ (Goal and Match Highlights) Planet Myanmar Network

စပိန်လာလီဂါပွဲစဉ်
ရီးယဲလ်မက်ဒရစ် ၂ - ၁ ဘာစီလိုနာ (Goal and Match Highlights)
Planet Myanmar Network

မန်ချက်စတာယူနိုက်တက် ၄ - ၀ နောဝစ်ခ်ျ (Goal and Match Highlights)

အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်
မန်ချက်စတာယူနိုက်တက် ၄ - ၀ နောဝစ်ခ်ျ (Goal and Match Highlights)
Planet Myanmar Network

ဝီဂန် ၀ - ၄ လီဗာပူးလ် (Goal and Match Highlights)

အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်
ဝီဂန် ၀ - ၄ လီဗာပူးလ် (Goal and Match Highlights)
Planet Myanmar Network

ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာအသင်းက ဂူအမ်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိနေ

ပထမပိုင်းပြီးဆုံးကာနီး အချိန်ပိုနှစ်မိနစ်တွင် မြန်မာအသင်းအတွက် တတိယဂိုးအား ပြည့်ဖြိုးအောင်က သွင်းယူလိုက်သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာအသင်းက ဂူအမ်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိနေသည်။7Day News Journal

ကျွတ်တော်တို့မှ တရုပ်စာမဖတ်တတ်ဘာ ဆရာရယ်...

FB-Min Kyi Oo

အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲ ဥပဒေနှင့်မညီသဖြင့် တိုင်တန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးကော်မတီ (၅)ဦး ဖွဲ့စည်းခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် နည်းဥပဒေအတိုင်း ဆောင်ရွက် ခဲ့ခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများမှ သမ္မတထံသို့ လိပ်မူပြီး တိုင်စာပို့ထားကြောင်း သိရသည်။

"သမ္မတရယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ၀န်ကြီးဌာန၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အားလုံးဆီကို လိပ်မူပြီး ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၇)ရက်နေ့ ရက်စွဲနဲ့ တိုင်စာပို့ထားပါတယ်၊ အခုထိတော့ ပြန်လည် စီစဉ် ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး" ဟု အလုံရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အများဆန္ဒအတိုင်း ရွေးချယ်ခြင်း မဟုတ်သောကြောင့် ယခုကဲ့သို့ တိုင်စာ ပေးပို့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ThanLarWaddy Times

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်အားခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ခဲ့သည့်တိုင်ကြားချက်အပေါ် အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် ၂
၁၅-၁-၂၀၁၃ ရက်စွဲပါစာဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နေ ဒေါ်တင်ထွေးက ၎င်းင်း၏သမီးဖြစ်သူ မxxxxx(၁၂)နှစ်အား ၂၀၁၀ ခုနှစ်တွင် တစ်မြို့တည်းနေ မသန်းရီမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက်္ကလာပမြို့နယ်နေ ဒေါ်ချိုမာ၏ ““ချယ်ရီ””စားသောက်ဆိုင်တွင် တစ်လလျှင် ငွေကျပ်(၁၅၀၀၀ိ/-)ဖြင့် အလုပ်လုပ်ရန် စေလွှတ်ခဲ့ကြောင်း၊ (၃)လတစ်ကြိမ် လစာသွားထုတ်ခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဧပြီလထိ လစာ ထုတ်ယူခဲ့ပြီး မေလတွင် မxxxxx ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့ကြောင်း၊ ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်နေ မောင်ကေးရယ်နှင့် ခိုးရာလိုက်ပြေးသည်ဟုပြောဆိုသော်လည်း တိကျစွာ ပြောဆိုနိုင်ခြင်းမရှိသည့်အပြင် လူပျောက်တိုင်တန်းခဲ့ခြင်းမရှိကြောင်း၊ ဒေါ်ချိုမာတို့ကရောင်းစားခဲ့သည်ဟု ယုံကြည်၍ စုံစမ်းဖော်ထုတ်ပေးရန် လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့သို့ တိုင်ကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းလူကုန်ကူးတားဆီးနှိမ်နင်းရေးအထူးအဖွဲ့က အမှုနှင့်ဆက်စပ်နေသူများအား စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ မxxxxxသည် ဒေါ်ချိုမာ၏ ““ချယ်ရီ””စားသောက်ဆိုင်တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလခန့်တွင် ပျောက်ဆုံးသွားကြောင်း၊ ချစ်သူနှင့်လိုက်သွားသည်ဟု ရေးသားခဲ့သောစာအား တွေ့ရှိသော်လည်း မxxxxxxx သည် စာမရေးတတ်ကြောင်း၊ ၂၉-၁၀-၂၀၁၂ ရက်နေ့တွင် မြောက်ဥက္ကလာပ ရဲစခန်း၌ လူပျောက်အမှတ်စဉ် ၄၉/၂၀၁၂ ဖြင့် လူပျောက်တိုင်ကြားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ မေလခန့်က မxxxxx အား ဒေါ်ချိုမာ၏ခင်ပွန်း မြင့်အောင်(ခ)အောင်လေးက ဘိလိယက်ခုံခန်းတွင် သားမယားအဖြစ် ၆ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ သားမယားအဖြစ် ပြုကျင့်ခံရပြီးနောက် အောင်မင်္ဂလာအဝေးပြေးရှိ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ အလုပ်လုပ်ရန် ပို့ဆောင်ရာမှတစ်ဆင့် သန့်စင်ခန်းသို့ ပြောင်းရွှေ့လုပ်ကိုင် ခဲ့စဉ် မင်းလှမြို့ရှိ အစ်မဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ ၁၁-၁-၂၀၁၃ ရက်နေ့တွင် မxxxxx က မြောက်ဥက္ကလာပရဲစခန်းသို့ သွားရောက်တိုင်တန်းသဖြင့် မြောက်ဥက္ကလာပရဲစခန်း(ပ)၃၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် မြင့်အောင်(ခ)အောင်လေးအား အမှုဖွင့်အရေးယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
မxxxxxx အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ မြင့်အောင်(ခ)အောင်လေးအား ၈-၂-၂၀၁၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားရှိသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်အား ၈-၂-၂၀၁၃ ရက်နေ့တွင် ဒေါ်ချိုမာက ခိုးမှုဖြင့် တိုင်ကြားလာသဖြင့် မြောက်ဥက္ကလာပရဲစခန်း(ပ)၁၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိတွင် အရွယ်မရောက်သေးသူ မxxxxx အား ကလေးသူငယ်ဥပဒေအရ လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်အသက်မွေးပညာသင်ကျောင်းသို့ ပို့ဆောင်ထားရှိကြောင်းသိရှိရသည်။ အဆိုပါအမှုအား ဖြစ်စဉ်မှန် ပေါ်ပေါက်လာရေးအတွက် ရဲတပ်ဖွဲ့က ဂရုတစိုက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။ရဲဇာနည်

အထောက်တော်လှအောင် ကွယ်လွန်ခြင်း၂၂နှစ်ပြည့်

ဖေဖော်ဝါရီ၂၄ရက်နေ့ ကဓနုဖြူမြို့ နယ် ဂုံးချောင်းကျေးရွာအုပ်စု၊ငံနီကျေးရွာတွင်အထောက်တော်လှအောင် ကွယ်လွန်ခြင်း၂၂နှစ်ပြည့် အလှူ ကျင်းပခဲ့သည်။ Popular Journal




‎2014 AFC Challege Cup ခြေစစ်ပွဲ ဂူအမ်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်း လူစာရင်း

ဂိုး-သီဟစည်သူ(အသင်းခေါင်းဆောင်) နောက်တန်း-ဇော်မင်းထွန်း၊အောင်ဟိန်းကျော်၊ပြည့်ဖြိုးအောင် အလယ်တန်း-ရန်အောင်ကျော်၊ကျော်ဇေယျာဝင်း၊နိုင်လင်းဦး၊ပိုင်စိုး၊ကြည်လင်းရှေ့တန်း-သက်နိုင်၊စိုးမင်းဦး

ယနေ့ညနေ(၄)နာရီအချိန်က စတင်ကစားခဲ့သည့် အဆိုပါပြိုင်ပွဲခြေစစ်ပွဲအုပ်စု(က)အဖွင့်ပွဲစဉ်တွင် အိန္ဒိယအသင်းက တရုတ်(တိုင်ပေ)အသင်းကို(၂-၁)ဂိုးဖြင့် အနိုင်ရရှိကာ ရမှတ်သုံးမှတ်ဖြင့် အုပ်စုထိပ်ဆုံးမှ ဦးဆောင်ထားသည်။ ဒုတိယပွဲစဉ်အဖြစ် ညနေ ၆ နာရီ၊ ၄၅ မိနစ်တွင်အိမ်ရှင် မြန်မာအသင်းနှင့်ဂူအမ် အသင်းတို့ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။7Day News Journal

ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်

 UNFC မှာ လက်နက်ကိုင်တွေ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ပါဝင်
မြန်မာ သမ္မတဦသိန်းစိန်ဟာ လစဉ် မိန့်ခွန်းသဘောမျိုးနဲ့ ၁ ရက်နေ့တွေမှာ တိုင်းပြည်ကို ရေဒီယိုကနေ မိန့်ခွန်း ပြောလာပါတယ်။တလအတွင်း လုပ်ဆောင်ခဲ့တာတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များအစိုးရနဲ့ ကေအိုင်အို ရွှေလီမှာ တွေ့ဆုံမယ်ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်မတ်လ ၁ ရက်နေ့က ပြောတဲ့အထဲမှာ တိုင်းရင်းသားတွေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ရဦးမယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေ ၊ ကေအိုင်အိုနဲ့ ပြီးခဲ့တဲ့လက ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ချက်အရ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး ရပိုင်ခွင့် စတာတွေကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေရှာမယ် ဆိုတာကို သမတ ဦးသိန်းစိန်က သူ့အနေနဲ့ ဝမ်းမြောက်မိပါတယ်လို့ ပြောကြားသွားပါတယ်။

တိုင်းရင်းသားတွေ တောင်ဆိုနေတဲ့ တန်းတူညီတူ အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့အချက်ကို သမတက ပထမဆုံး အကြိမ်ပြောလာတာ လည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ယူအဲန်အက်ဖ်စီ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာ ကြိုဆိုလိုက်ပြီး ဒါကို တိုးတက်မှုတရပ်လို့ မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

၆၅ နှစ်ကြာ ပြည်တွင်းစစ်ကို လက်နက်ကိုင် ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ အစိုးရက သဘောပေါက်လာပုံရတဲ့အပြင် လူထု တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားကြောင့် အခုလို ဖွင့်ပြောလာရတာလို့ သူက ယူဆပါတယ်။စစ်တပ်နဲ့ အစိုးရကြား အမြင်မတူတာကြောင့် အပြောင်းအလဲလုပ်ဆောင်ရာမှာ အခက်အခဲရှိနေတယ်ဆိုတာကို အစိတ်အပိုင်းတခုအထိ ယုံကြည်လက်ခံပေမယ့် တဘက်က ကြည့်ပြန်ရင်လည်း အစိုးရဝန်ကြီးအဖွဲ့ တပ်မတော် နဲ့ လွှတ်တော် စတာတွေဟာ အစိုးရအဝန်းအဝိုင်းဘဲဖြစ်လို့ သဘောထားမတူကြဘူးဆိုတာ တကယ်လား၊ နည်းပရိယယ်တခုလားဆိုတာ အမြဲ ထည့်တွက်နေရတယ် အပြည့်အဝ ယုံကြည်လို့ မရသေးဘူးလို့ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။
BBC Burmese



ရှင်...ဒီအတိုင်းပဲ ကြည့်နေတာလား


FB-စကားပြောနေသော ကာတွန်းလေးများ

စိုင်းနော်ခမ်းကို တရုတ်မှာ သေဒဏ်စီရင်တဲ့ သတင်း ဗီဒီယို


BC Burmese

မြန်မာ့လူ့အခွင့်အရေး အခြေအနေ လူ့အခွင့်အရေးကော်မရှင် တင်ပြ

၂၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံအတွင်း ကမ္ဘာတ၀ှမ်းနိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့ကြတာမှာ မြန်မာနိုင်ငံမှာ လည်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် ညီလာခံအတွင်း အခုလို ပြောကြားခဲ့တာဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဘယ်လို တိုးတက်မှုတွေ ရှိခဲ့ပါသလဲ။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြင့်တင်ဆောင်ရွက်မှုတွေ လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ တိုးတက် မှုတွေ ရှိခဲ့တယ်လို့ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ ရဲ့ နှစ်ပတ်လည်ညီလာခံအတွင်းမှာကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ ပြောကြား လိုက်ပါတယ်။ အဲဒီ တိုးတက်မှုတွေထဲမှာ ပထမဆုံးတခုကတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပြီး တိုးတက်မှုတွေ အတော်များများရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့နဲ့ အတူ အနီးကပ်ပူးတွဲလုပ်ဆောင်နိုင်တဲ့အတွက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဟာ ရခိုင် နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအ၀င် ရေနဲ့မိလ္လာလိုမျိုး အရေးပါပြီး အခြေခံကျတဲ့ အကူအညီတွေကို ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တိုးတက်မှုတခုကတော့ အခုဆိုရင် ICRC ဟာ အကျဉ်းထောင်တွေကို ပြန်ပြီးတော့ သွားလာနိုင်ပြီဖြစ်ပါတယ်။”

မြန်မာအစိုးရက လူ့အခွင့်အရေးမြင့်တင်ဆောင်ရွက်ဖို့အတွက် လုပ်ဖို့ကတိပြုခဲ့တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံး မြန်မာနိုင်ငံမှာဖွင့်လှစ်ဖို့ကိစ္စ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်း ပြင်ဆင်ဖို့ စတာတွေ ပါဝင်ခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍတခုလို ရှုမြင်ထားကြတဲ့ အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး သူကအခုလို ပြောပါတယ်။

“ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ သူတို့ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေကို ပြန်လည် စဉ်းစား ဖို့လည်း လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအရေဘယ်လောက်ရှိတယ်ဆိုတာကို သေသေချာချာ စိစစ်ပြီး အဲဒီလူတွေ ကို ပြန် လွှတ်ပေးဖို့အတွက် ကော်မတီကိုလည်း ဖွဲ့ခဲ့ပြီဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာဟာလည်း မြန် မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေရဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတာတွေဟာ မြန်မာနိုင်ငံရဲ့ နောက်ထပ် တိုးတက်မှု တခုဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို သမ္မတထံကို တင်သွင်းထားပြီဖြစ်ပါတယ်။ အဲဒီနောက် ဒီဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြဌာန်း ပြီးပြီဆိုရင်တော့ လူ့ အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ရှိလာပြီး ထိထိရောက်ရောက်လုပ်လာနိုင်မှာဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နှစ် ပတ်လည် ညီလာခံအတွင်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေ ပြောသွားတာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေ ရှိလာတယ်လို့ဆိုနေပေမယ့်လည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က မလက်တိုကျေးရွားမှာတော့ လယ်သမားတွေရဲ့ ဆန္ဒပြမှုကို လုံခြုံရေးရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး အာဏာပိုင်တွေဘက်က အမျိုးသမီးတွေ အပါအ၀င် လယ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားကလည်း တုန်လှုပ်မိတယ်လို့ ပြောပါ တယ်။ မြန်မာအာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ဟာ အရင် စစ်အစိုးရ လက်ထက်က အခြေအနေတွေနဲ့ အလာတူးဖြစ်နေတုန်းပဲဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင်တော့ မစ္စတာ ကင်တာနားဟာ မအူပင်ကလယ်သမားဆန္ဒပြမှု ပဋိပက္ခအပါအ၀င် မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး သူလေ့လာတွေ့ရှိခဲ့တာတွေကို လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ရှိနေပါတယ်ခင်ဗျာ။VOA Burmese Fan Page

ပြုပြင်မည့်စာရင်း၌ ဈေးချိုတော်နာရီစင်မှ နာရီ မပါဝင်

မန္တလေးမြို့အထိမ်းအမှတ် ဈေးချိုတော်အနီးရှိ နာရီစင်
2 Mar, 2013
မန္တလေးမြို့အထိမ်းအမှတ် ဈေးချိုတော်အနီးရှိ နာရီစင်အား အသေးစားပြုပြင်မှုများ သာ ပြုလုပ်နေသော်လည်း တပ်ဆင် ထားသော နာရီအချိန်မှန်စေရန်အတွက် ယခုနှစ်ဘဏ္ဍရေး အခြေအနေအရ ပြင်ဆင်မှု မပြုလုပ်နိုင်သေး ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအဆောက်အအုံနှင့်ကုန်ရုံဌာနမှူး ဦးမျိုးအောင်ကဆိုသည်။       

မန္တလေးမြို့စည်ပင်သာယာရေးကော်မတီပိုင်အဆောက်အဦးများကို နှစ်စဉ်ဘဏ္ဍရေးအသုံးစရိတ်အ လိုက်   ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း နာရီစင်နှင့်တိုက်တန်းများကို ဆေးသုတ်ခြင်း၊ အသေးစား ပြုပြင်ခြင်းများအား ဆောင်ရွက်နေကြောင်းကိုလည်း သိရသည်။

`မန္တလေးမြို့ရဲ့စည်ပင်သာယာရေးကော်မတီပိုင်တဲ့နေရာတွေကို ပြုပြင်ထိန်းသိမ်းတာကတော့နှစ်စဉ် လုပ်နေ ကျပါ ၊ဒီနှစ်မှာတော့ နာရီစင်ကိုလည်း ပြုပြင်တဲ့အထဲမှာ ပါသွားတာပါ၊ ဆေးသုတ်တာနဲ့ ပြုပြင် မှုအနည်းအကျဉ်း ကိုပဲလုပ်မှာဖြစ်တယ်၊ နာရီကိုတော့ ပြုပြင်ဖို့ မရှိသေးဘူး၊ နာရီက မီးတစ်ခါပျက်ရင် ရပ်ရပ်သွားတာရော၊ပြုပြင် ရင် ကုန်ကျစရိတ်များမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာကို တင်ပြထား ပါသေးတယ်၊ အခုတော့ ပြုပြင်မယ့် စာရင်းထဲမှာ မပါပါဘူး´ဟု ဦးမျိုးအောင်ကပြောသည်။

ဈေးဆိုတော်နာရီစင်အား ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့မှ နာရီအချိန်မှန်ကန်ရေးနှင့် နာရီစင် လှပရေးအတွက် လုပ်ဆောင်ပေးသော်လည်း ၂၀၀၉ခုနှစ်တွင် ပြုလုပ်ခဲ့သော်လည်း  ၂၀၁၀ နောက်ပိုင်းတွင် လက်ရှိအတိုင်းပင် ချို့ယွင်းဆဲဖြစ်ကြောင်း သိရသည်။

မန္တလေးဈေးချိုတော်အနီးမှ နာရီစင်မှာ အေဒီ၁၉၀၉တွင် အင်္ဂလန်မှ ၀ိတိုရိယဘုရင်မကြီး(Queen Victoria)၏   နှစ်(၆၀)မြောက်မွေးနေ့ စိန်ရတုသဘင်အထိမ်းအမှတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ခု နှစ်များက နာရီ စင်ပြသာဒ်အား တမ္ပ၀တီဦးဝင်းမောင်ဦးစီးပြင်ဆင်ကာ  ၂၆လမ်းနှင့် ၈၄လမ်းထောင့်တွင် ထားရှိခြင်းဖြစ်သည်။

“နာရီစင်က နာရီမီးပျက်လို့ အချိန်မမှန်ရင် ကျွန်တော်တို့ မန်းသားတွေပဲ သိက္ခာကျရတယ်၊ နာရီလေးတော့ အချိန်မှန်စေ့ချင်တယ်”ဟု ဆေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။
မန်းသားလေး(မြစ်မခ)

မအူပင် ORCHARD ကုမ္ပဏီ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေဟုဆို

 ရန်ကုန်၊ မတ် ၃ မအူပင်ခရိုင်အတွင်းရှိ ORCHARD ကုမ္ပဏီ၏ စီမံကိန်းလုပ်ကွက်နေရာများတွင် သဘာဝအတိုင်း ငါးမွေးမြူခြင်းလုပ်ငန်းနှင့် သီးနှံပင် စိုက်ပျိုးရေးလုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်နေကြောင်း ဇန်န၀ါရီ ၂ ရက်နေ့တွင် မီဒီယာများ ခေါ်ယူ၍ ရှင်းလင်းပြသခဲ့သည်။
ORCHARD ကုမ္ပဏီသည် မအူပင်ခရိုင်အတွင်းရှိ ရေနက်ကွင်းများကို ရေအောက်ရတနာမြေ ဖော် ထုတ်ရေးစီမံကိန်းအရ ဧကပေါင်း ၃၂၅၀ ကို ၁၉၉၆ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လက်ရှိတွင် သဘာဝအတိုင်း ငါးမွေးမြူသည့် ဧက ၂၃၅၀ ဧကနှင့် စပါးစိုက်ဧက ၉၀၀ ဖြင့် စိုက်ပျိုးမွေးမြူရေး ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သဘာဝအတိုင်း ငါးမွေးမြူခြင်းဟု ဆိုရာတွင် မွေးငါးများကို ဓာတုဗေဒအစာကျွေးခြင်း မပြုဘဲ ရေပေါ်တွင် သဘာဝအတိုင်း ပေါက်ရောက် သော မြက်ပင်များကို ကျွေးခြင်းဖြင့် မွေးမြူသောစနစ်ဖြစ်ကြောင်း သိရသည်။ မွေးမြူသောငါးများမှာ ငါးကြင်းလုံး၊ ငါးခေါင်းပွ၊ ရွှေဝါငါး၊ ငါးမြစ်ချင်း၊ တီလားဗီးယား၊ မျိုးငါးများကို မွေးမြူပြီး သုံးနှစ်တစ်ကြိမ် ကန်ဖော်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ 
 စပါးစိုက်ခြင်းတွင် နွေစပါးကိုသာ စိုက်ပျိုးပြီး နှစ်စဉ် သီးသပ်ယှဉ်မျိုးစိုက်ကြောင်း၊ ယခုနှစ်တွင် ဆန်ကောက်မျိုးပါးကို စိုက်ပျိုးထားကြောင်း သိရသည်။ ORCHARD ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိသော နေရာများမှာ ရေနက်ကွင်းများဖြစ်သောကြောင့် နွေရာသီ၌သာ နွေစပါးစိုက်ပျိုးနိုင်ပြီး မိုးတွင်း၌ ရေမြုပ်ခြင်းကြောင့် စပါးမစိုက်နိုင်ကြောင်း၊ မိုးရာသီတွင် စပါးစိုက်ဧကများ၌ မြက်သတ်သည့်အလုပ် လုပ်ကိုင်ရကြောင်း သိရသည်။
Popular Myanmar News Journal


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၏ သဘောထားကြေညာချက် (၁/၂၀၁၃)

၁။ ဤဥပဒေ၏ အခန်း(၁) တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” ၏
အဓိပ္ပါယ်ဖော်ပြချက်မပါရှိပါ။ သို့ရာတွင် အခန်း(၂)နှင့် အခန်း(၄)တို့တွင် ဖော်ပြထားချက်များအရ
“မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သည် ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိခြင်းကိုတွေ့ရသည်။

၂။ ထို့အပြင် “၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ခုနှစ်
ပုံနှိပ်တိုက်(အရေးပေါ်အာဏာများ)အက်ဥပဒေ”တို့ကိုအသွင်ပြောင်းထားခြင်းတစ်မျိုးဟု မိမိတို့ရှုမြင်သည်။

၃။ သတင်းသမားများအတွက် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများတွေ့နေရပါသည်။

၎။ စာနယ်ဇင်းကောင်စီ ၏ လုပ်ပိုင်ခွင့်များကိုလည်း ထိပါးနေသယောင်တွေ့မြင်ရပါသည့်အပြင် စာနယ်ဇင်းကောင်စီကပင်လျှင် ယခုဥပဒေကို ပြုစုသည်ဟု အထင်မှားဖွယ်ဖြစ်နေပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် မီဒီယာဥပဒေကြမ်းကိုရေးဆွဲလျက်ရှိရာ ယခုကြေညာလိုက်သော ပုံနှိပ်ဥပဒေကြမ်းပါ အချက်အလက်အချို့သည်
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲနေသည့် ဥပဒေကြမ်းတွင်သာပါဝင်ရမည့်အချက်အလက်များဖြစ်နေပါသည်။ဥပမာ သတင်းအေဂျင်စီများတည်ထောင်ခြင်းသည် ပုံနှိပ်ဥပဒေနှင့်မည်ကဲ့သို့မျှ ဆီလျော်မှုမရှိပါ။ သတင်းမီဒီယာနှင့်သာသက်ဆိုင်နေပါသည်။
ပုံနှိပ်ဥပဒေသည် အခြေခံဥပဒေပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သဖြင့် အခြေခံဥပဒေနှင့် လည်းညီညွတ်မှုမရှိပါ။

၆။ တရားမ၀င်ထုတ်ဝေစာအဖြစ်ကြေညာနိုင်ခြင်း၊ ယင်းအပေါ်လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည်လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး၊ Pre-Censorshipမဟုတ် သော်ငြားလည်း Post-Censorshipသာ ဖြစ်နေပါသည်။

၇။ ယခု ဥပဒေကြမ်းအရဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည်ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့သုံးသပ်သည်။

၈။ ထို့ကြောင့် ဥပဒအသစ်များကို အလောတကြီးပြုစုသည်ထက်
တည်ဆဲဥပဒေများတွင်ပါရှိနေသည့် သတင်းမီဒီယာလောကအတွက်
အနှောင့်အယှက်ဖြစ်နေသည်တို့ကို ပျက်ပြယ်စေရန်က ပိုအရေးကြီးပါသည်။

၉။ ယခု ထုတ်ပြန်ကြေညာလိုက်သော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ပါအချက်အလက်အများစုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)အနေဖြင့် လုံးဝသဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၁၀။ စာနယ်ဇင်၊သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှ သဘောထားတောင်းခံခြင်း၊ ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်စေရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း
Myanmar Journalists Association
မတ်လ ၁ ရက်၊ ၂၀၁၃။
Shwe Myitmakha Media Group

တနပ်ပိုစားပါရစေလို့ ပြောပေးပါကွာ

FB-ကြိုက် ရင် Like မယ် ရီပြီးပီဆို Share ပေးပါ

မကြာသေးခင်က ရရှိလာခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ကိုတောင် ပြန်ရုပ်သိမ်းမယ့် ခြိမ်းခြောက်မှုမျိုး ဖြစ်နေ

သတင်းမီဒီယာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းမယ့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အောက်မှာ သိပ်မကြာသေးခင်က ရရှိလာခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ကိုတောင် ပြန်ရုပ်သိမ်းမယ့် ခြိမ်းခြောက်မှုမျိုး ဖြစ်နေတယ်လို့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများကို အကာအကွယ်ပေးနေတဲ့ CPJ အဖွဲ့က မနေ့က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းမှာ မြန်မာစစ်တပ်ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဝေဖန် ထောက်ပြတာ၊ ဒါမှမဟုတ် သတင်းရေးသားတာ အပါအ၀င် အကြောင်းအရာ အတော်များများကို တင်ပြခွင့် ကန့်သတ်ထားသလို၊ အစိုးရထံမှာ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ် မရှိဘဲနဲ့ ထုတ်ဝေခဲ့ရင် ထောင်ဒဏ် ၆ လပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားတာပါ။ ဒါဟာ မြန်မာနိုင်ငံအတွက် နောက်ပြန်ဆွဲတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ CPJ က ဝေဖန်ပါတယ်။

စစ်တပ် အဓိက လွှမ်းမိုးထားတဲ့ မြန်မာလွှတ်တော်မှာ ဒီမူကြမ်းကို ဥပဒေတရပ်အသွင် မကြာခင်မှာ ပြဌာန်းနိုင်သလို တကယ်လို့ ဒီဥပဒေမူကြမ်း ဒီအတိုင်း အတည်ဖြစ်သွားခဲ့ရင် အရင်စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ မီဒီယာဥပဒေနေရာမှာ အလားတူ တင်းကျပ်တဲ့ ဥပဒေတရပ် အစားထိုးဝင်ရောက်လာမှာ ဖြစ်တယ်လို့ CPJ အဖွဲ့က ပြောပါတယ်။

သတင်းမီဒီယာတွေကို စောင့်ကြည့်စစ်ဆေးပြီး မှတ်ပုံတင်ထုတ်ပေးမှုတွေကို ထိထိရောက်ရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် မှတ်ပုံတင်အရာရှိတဦး ခန့်အပ်ဖို့လည်း ဒီမူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။ ဒါကြောင့် မှတ်ပုံတင်အရာရှိသစ် အနေနဲ့ ဒေသခံ သတင်းမီဒီယာတွေရဲ့ ထုတ်ဝေခွင့်လုပ်ငန်းတွေမှာ ကန့်သတ်ပိတ်ပင်တာတွေ လုပ်လာမှာကို ဒေသခံသတင်းမီဒီယာအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့လည်း CPJ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်မရှိသလို ဧပြီလ ၁ ရက်နေ့က စပြီးတော့မှသာ ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထုတ်ဝေနိုင်မှာ ဖြစ်ပါတယ်။VOA Burmese Fan Page

၂၀၁၂ အတွင်း အာဖရိကနှင့် မြန်မာသို့ ဗီယက်နမ်၏ပို့ကုန်တင်ပို့မှုနှင့် ကုန်သွယ်မှု စံချိန်တင်မြင့်တက်

ဟနွိုင်း၊ မတ် ၁။

ဗီယက်နမ်၏ ၂၀၁၂ အတွင်း အာဖရိကနှင့် မြန်မာတို့သို့ကုန်စည်တင်ပို့မှုနှင့် ကုန်သွယ်မှုပမာဏသည် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ဆိုင်းဂုံနေ့စဉ်သတင်း၏ ဖေါ်ပြချက်အရ ဗီယက်နမ်သည်၂၀၁၂ အတွင်း အာဖရိကသို့ ပို့ ကုန်တင်ပို့မှုပမာဏ ၂၀ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၆ ဒဿမ ၂ ဘီလီယံဖိုး
ရှိခဲ့ကြောင်း ဆိုသည်။

ဗီယက်နမ်၏ အာဖရိကနိုင်ငံများသို့ အဓိကပို့ကုန်မှာ ဆန်၊ကော်ဖီ၊ ငရုတ်ကောင်း၊ ပင်လယ်အစားအစာ၊ ကွန်ပြူတာ၊အီလက်ထရောနစ်နှင့် စက်အစိတ်အပိုင်းများ၊ တယ်လီဖုန်းများ၊ အဝတ်အထည်နှင့် ချည်ထည်များ ဖြစ်ကြပြီး အာဖရိကမှအယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ မိုဇမ်ဘစ်၊ ဂါနာ၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်နှင့် မော်ရိုကိုတို့မှာ အဓိကဈေးကွက်များဖြစ်ကြသည်။

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်မြန်မာနှင့် ဗီယက်နမ်ကြား၂၀၁၂ အတွင်းကုန်သွယ်မှုမှာနှစ်ရက် တာကာလတိုအတွင်း ဒေါ်လာ ၂၂၇ သန်းအထိ
ရရှိခဲ့သည့် စံချိန်ဖြစ်ခဲ့ပြီး တစ်နှစ်တာလုံးစုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၂၀၁၁ကထက် ၃၅ ဒဿမ ၉ ရာ ခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် ဗီယက်နမ်သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနှင့်ကုန်သွယ်ရာတွင် ပိုငွေဒေါ်လာ ၈ သန်းပြခဲ့ ကြောင်း ယင်းဌာန၏ အစီရင်ခံစာကဖေါ်ပြသည်။ဗီယက်နမ်သည် ၂၀၁၃ ဇန်နဝါရီတွင် မြန်မာသို့ ပို့ကုန်တင်ပို့မှု ပမာဏဒေါ်လာ ၁၃ဒဿမ ၇ သန်းရှိခဲ့ပြီး၊ ၎င်း၏အဓိက ပို့ကုန်များမှာ စတီးလ် ပစ္စည်းများ၊ စက်ယန္တရားများ၊အထည်အလိပ်နှင့် ပလတ်စတစ်များဖြစ်ကြောင်း သိရသည်။The Myanma Age

တာဝန်သိသူတွေ များများပေါ်ထွန်းလာပါစေ......

ဒါလေးကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ တင်ပေးလိုက်ပါတယ်။ ဘယ်သူ့မှာအပြစ်ရှိသလဲလို့တော့ မေးခွန်းမထုပ်တော့ပါဘူး။ တာဝန်သိသူတွေ များများပေါ်ထွန်းလာပါစေ....

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com