http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

စီအိုင်အေ အကြီးအကဲဟောင်း အဖမ်းခံရ

စီအိုင်အေကို မသင်္ကာသူတွေကို ညှင်းပန်းနဲ့ စွပ်စွဲခံနေရပါတယ်။
19 ဇူလိုင်လ 2013
စီအိုင်အေ အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့က rendition လို့ခေါ်တဲ့ မသင်္က࿿ာသူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး လျှို့ဝှက် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ကမ္ဘာမှာ အဖမ်းခံရတဲ့ အမေရိကန်လူမျိုးထဲမှာ Robert Lady ဟာပထမဆုံးဖြစ်ပါတယ်။

သူဟာ အခုနှစ်စောစောပိုင်းတုန်းက မီလန်မြို့ တရားရုံးကနေ သူ့မျက်ကွယ်မှာ ထောင်ဒဏ်၉နှစ် ချထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ အဘူအိုမာဆိုသူ မွတ်စလင် ဘာသာရေး ခေါင်းဆောင် တယောက်ကို မီလန်လမ်းမပေါ်ကနေ ပြန်ပေးဆွဲသွားတဲ့ အမှုနဲ့ပတ်သက်လို့ သူ့ကို အပစ်ပေးတာဖြစ်ပါတယ်။

အိုမာကို အီတလီနဲ့ဂျာမနီတို့မှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေကနေ အီဂျစ်ရှိ လုံခြုံရေးတွေ လက်ထဲအပ်ခဲ့ပါတယ်။ အဲဒီမှာ အိုမာကသူ့ကို နှိပ်စက်ညှင်းပမ်း စစ်ဆေးတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပနားမားနိုင်ငံနဲ့ အီတလီတို့ကြားမှာ တရားခံလဲ လှယ်တဲ့ သဘောတူညီ ချက်မရှိတဲ့အတွက် သူ့ကို အီတလီမှာ ထောင်ဒဏ် ကျခံစေမလား ဆိုတာတော့ မသေချာသေးပါဘူး။ စီအိုင်အေက အခုလိုဖမ်းဆီး ခံရတဲ့ သတင်းအတွက် တစုံတရာ မှတ်ချက် မပေးပါဘူး။ ပနားမားရဲကလည်း မစ္စာလေဒီကို ဖမ်းတဲ့သတင်း မရဘူးလို့ ပြောနေကြောင်း ရောမရှိ ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)


ဆော်ဒီက ရိုဟင်ဂျာ များအရေး

နိုင်ငံမဲ့ ရိုဟင်ဂျာ အလုပ်သမား သိန်းချီရှိ
18 ဇူလိုင်လ 2013
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံကူး လက်မှတ် တရားမဝင် ရယူ ပြီး ဆော်ဒီမှာ နှစ်ပေါင်းများစွာ နေထိုင် နေတဲ့ ရိုဟင်ဂျာ ၅ သိန်း အတွက် ဘင်္ဂ္လား ဒေ့ရှ် အစိုးရက အထူး သက်သေခံ စာရွက် ထုတ်ပေးဖို့ စဉ်းစား နေကြောင်း သိရပါတယ်။

ဒီလူတွေကို ဘင်္ဂ္လားဒေ့ရှ် နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပြီး ထုတ်ပေးမှာ မဟုတ်ဘဲ မြန်မာ နိုင်ငံသား အဖြစ်သာ အသိအမှတ် ပြုမယ်လို့ ဘင်္ဂ္လားဒေ့ရှ် ပြည်ပ အလုပ်သမား ဝန်ကြီး Khandker Mosharraf Hossain က ဗုဒ္ဓဟူး နေ့က ပြောကြား ပါတယ်။

ဆော်ဒီ အစိုးရနဲ့ ဒီကိစ္စ တိုင်ပင် ဆွေးနွေး နေဆဲ ဖြစ်တယ်၊ ရိုဟင်ဂျာ တွေ ဘယ်လို နိုင်ငံကူး လက်မှတ်နဲ့ ဆော်ဒီ ရောက်လာတယ် ဆိုတာ စိစစ်ရမယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံ ဆိုင်ရာ ဘင်္ဂ္လားဒေ့ရှ် သံအမတ်ကြီး က ဘီဘီစီ ကို ပြောဆို ပါတယ်။

တကယ်က ဆော်ဒီမှာ ရိုဟင်ဂျာ ဦးရေ ၃ သိန်း ကျော်ပဲ ရှိတယ်လို့ ဆော်ဒီ အခြေစိုက် Arakan Rohingya Union ဥက္ကဋ္ဌဌ Dr. Tahir Mohamed Siraj က ပြောပါတယ်။

မကြာခင်က မြန်မာပြည်မှာ ရိုဟင်ဂျာ ပြဿနာ တွေ ဖြစ်ပေါ်ပြီး နောက်ပိုင်း ဆော်ဒီ အစိုးရက ရိုဟင်ဂျာ တွေကို ၄ နှစ် နေခွင့် ကတ်တွေ ထုတ်ပေး နေတယ်၊ ကလေးတွေ ကျောင်းတက်ခွင့် စတဲ့ အခွင့်အရေးတွေ ပေးတယ်လို့ သူက ဆို ပါတယ်။

ဆော်ဒီမှာ အလုပ်သမား မှတ်ပုံတင် မရှိဘဲ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံကူး လက်မှတ်နဲ့ လုပ်ကိုင် နေကြတဲ့ ရိုဟင်ဂျာ တွေအတွက် သက်သေခံ စာရွက် ထုတ်ပေးဖို့ ဆော်ဒီ ဘက်က တောင်းဆိုတဲ့ အတွက် ဒီလို စဉ်းစား နေတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

Jul 16 13
အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။

မနုဿဗေဒ ပညာရှင်များသည် ပိုလန်နိုင်ငံတွင် သွေးစုပ်ဖုတ်ကောင်များ မြှုပ်နှံထားသည်ဟု ယူဆရသော သင်္ချိုင်းနေရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။ (၁၆)ရာစုနှင့် (၁၇)ရာစုများက အသုံးပြုခဲ့သည်ဟု ယူဆရသော သင်္ချိုင်းမြေနေရာဟောင်းတွင် အခြားသော သင်္ချိုင်းဟောင်းများကဲ့သို့ အဖိုးတန် လူ့အသုံးအဆောင်များကို ထည့်သွင်းမြှုပ်နှံထားမှုလည်း မရှိဟု ဆိုသည်။

ထိုခေတ်က သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ပြီးပါက ပြန်လည် ရှင်သန်လာလေ့ ရှိသောကြောင့် ခေါင်းဖြတ်ကာ ခန္ဓာကိုယ်နှင့် ကင်းကွာအောင် ပြုလုပ်ရသည်ဟု ယုံကြည်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ များစွာတို့ကို သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဂီးလ်ဝစ်မြို့အနီးတွင် သုတေသီများသည် ခေါင်းဖြတ်ကာ ခြေထောက်များကြား၌ နေရာချ မြှုပ်နှံခြင်း ခံရသည့် ရုပ်ကြွင်း(၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သမိုင်းပညာရှင်များက ယင်းသည် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု၌ အပြီးသတ် သုတ်သင်မှုအတွက် သေချာစေရန် လုပ်ဆောင်ရသည့် ဓလေ့ထုံးစံ တစ်ခုဟု ပြောကြားခဲ့သည်။

ယခုတွေ့ရှိသော အရိုးစု ရုပ်ကြွင်းများ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကို တိတိကျကျ မသိရသေးသော်လည်း သွေးစုပ်ဖုတ်ကောင် စွပ်စွဲချက်များနှင့် ဆက်နွယ်နေမည်ဟု သမိုင်းသုတေသီများက ယုံကြည်နေသည်။ "ဒီသင်္ချိုင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေအတွက် အဖြေထုတ် ပြောနိုင်ဖို့ကတော့ ခက်ခဲနေတုန်းပါ"ဟု သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ဂျာဆက်ပီရာဇက်ခ်က မှတ်ချက်ပြုခဲ့သည်။ "တခြား သင်္ချိုင်းဟောင်းတွေမှာ သေသူတွေအတွက် အနာဂတ် ဘဝမှာ အသုံးပြုဖို့ အဖိုးတန် ပစ္စည်းတွေ ထည့်မြှုပ်တာမျိုး ရှိတတ်တယ်။ ဒီမှာ ဘာမှ မတွေ့ရဘူး"ဟုလည်း ၎င်းက ဆိုသည်။

ယမန်နှစ်က ဘူလ်ဂေးရီးယားတွင် မနုဿဗေဒ ပညာရှင်များက သွေးစုပ်ဖုတ်ကောင် ရုပ်အလောင်းနှစ်ခုကို ဖော်ထုတ် တွေ့ရှိကြောင်း ကြေညာခဲ့သေးသည်။ ပင်လယ်နက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ဆိုဇိုပိုးလ်ရှိ ဘုရားကျောင်းဟောင်း တစ်ခုအနီး တူးဖော်ရာတွင် သက်တမ်း နှစ်ပေါင်း(၈၀၀)ကျော်ပြီဖြစ်သော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ရင်ဘတ်တွင် ကြီးမားလေးလံသည့် သံချောင်းကြီးများ စိုက်ထားသည်ကို တွေ့ရသည်။ ယင်းသည် သွေးစုပ်ဖုတ်ကောင်များကို ပြန်လည်နိုးထခြင်း မရှိအောင် တားဆီးနိုင်သည့် နည်းလမ်းဟု ရှေးက ယုံကြည်မှုများ ရှိခဲ့သည်။

ဥရောပ အလယ်ခေတ် သင်္ချိုင်းဟောင်းများတွင် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုနှင့် ဆက်နွယ်သော ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ အဆန်းမဟုတ်တော့ချေ။ ချက်နိုင်ငံတွင် သင်္ချိုင်းဟောင်း နေရာအချို့၌ ပါးစပ်ကိုဖြဲကာ ကျောက်တုံးကြီးများ ဆို့လျှက်သား ထည့်သွင်းခံထားရသည့် သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲသတ်ဖြတ်ခံရသော အရိုးစုများကိုလည်း တွေ့ရှိခဲ့ဖူးကြောင်း သိရှိရသည်။
Planet Myanmar Network

သမ္မတဟောင်းမော်စီ ထောက်ခံသူများနှင့် အီဂျစ်လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့

Jul 16 13
အမေရိကန် ကိုယ်စားလှယ် အဖွဲ့တစ်ခုက လက်ရှိ စစ်တပ်ထောက်ခံသော ယာယီအစိုးရအား နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အုံကြွဆူပူမှုများကို ငြိမ်သက်အောင် လုပ်ဆောင်ကြိုးပမ်းရန် တိုက်တွန်းစဉ် ယခုလို ပြဿနာများ တိုးပွားလာခြင်း ဖြစ်သည်။

သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသည့် ရာပေါင်းများစွာသော အစ္စလာမ်မစ် ဆန္ဒပြသူများသည် အီဂျစ်တွင် လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တစ်ခုက လက်ရှိ စစ်တပ်ထောက်ခံသော ယာယီအစိုးရအား နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အုံကြွဆူပူမှုများကို ငြိမ်သက်အောင် လုပ်ဆောင်ကြိုးပမ်းရန် တိုက်တွန်းစဉ် ယခုလို ပြဿနာများ တိုးပွားလာခြင်း ဖြစ်သည်။ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ကို ထောက်ခံပြီး သမ္မတ မော်စီကို အာဏာပြန်လည် အပ်နှင်းရန် တောင်းဆိုသော ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့တို့ကြား တနင်္လာနေ့က ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြသူများသည် နိုင်းလ်မြစ်ကို ဖြတ်ကျော်ကာ ကိုင်ရိုမြို့လယ်နှင့် ဆက်သွယ်ထားသည့် အောက်တိုဘာ(၆) တံတားကိုလည်း ချိုးဖျက်ပစ်ခဲ့သည်။

AFPသတင်းဌာနက လုံခြုံရေး တပ်ဖွဲ့များသည် ရှေ့တိုးလာသည့် ဆန္ဒပြသူများကို ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုပဋိပက္ခသည် ပြီးခဲ့သည့် သီတင်းပတ်က လုံခြုံရေး တပ်ဖွဲ့များက အထူးစစ်ဆင်ရေး တပ်ဖွဲ့တစ်ခု အပြင်ဘက်တွင် အုံကြွလာသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်နောက် ပထမဆုံးအကြိမ် အင်အားအကြီးဆုံး လှုပ်ရှားမှုလည်း ဖြစ်ခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည့်နောက် (၁၀)မိနစ်မျှ အကြာတွင် ဆန္ဒပြသူများ ဆုတ်ခွာသွားခဲ့သည်။

တနင်္လာနေ့က အမေရိကန် ပြည်ထောင်စုသည် ဆန္ဒပြသူများနှင့် အီဂျစ် အစိုးရတို့ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် တိုက်တွန်းခဲ့သေးသည်။ ဇူလိုင်လ (၃)ရက်နေ့၊ အီဂျစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသော အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ ဘီလ်ဘန်းစ်က "ဦးစားပေး လုပ်ဆောင်ရမှာက ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့၊ သွေးထိုး လှုံ့ဆော်မှုတွေကို ဖယ်ရှားဖို့ပါ။ ဒီအချက်က နိုင်ငံ ပြန်လည် သင့်မြတ်ရေးမှာ အတားအဆီးတွေ ဖြစ်နေစေတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းသည် အာဏာသိမ်း စစ်ဗိုလ်ချုပ် အက်ဘ်ဒဲလ် ဖာတား အယ်လ်ဆီဆီ၊ လတ်တလော သမ္မတအဖြစ် တာဝန်ယူထားသည့် အက်ဒ်လီ မန်ဆာနှင့် ကြားဖြတ် ဝန်ကြီးချုပ် ဟာဇမ်အယ်လ် ဘက်ဘ်လာဝီတို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

အမေရိကန်သည် စနိုးဒန်အား ရုရှားတွင် ပိတ်မိနေစေလိုကြောင်း ပူတင်စွပ်စွဲပြောကြား

မော်စကို၊ ဇူလိုင် ၁၆။
ရုရှားသမ္မတပူတင်က အမေရိကန်သည် အမေရိကန် စုံစမ်းရေးအစီအမံများကို ပေါက်ကြားစေခဲ့သူ စနိုးဒန်အားရုရှားတွင် ပိတ်မိနေစေခဲ့ကြောင်း စွပ်စွဲပြီး စနိုးဒန်သည်လည်း ရုရှားမှ တတ်နိုင်သမျှ
မြန်ဆန်စွာ ထွက်ခွာသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားသည်။

“သူသွားမယ့်နေရာ သေချာပြီဆိုရင် သူတကယ် ထွက်သွားမှာပါ” ဟု ပူတင်က မှတ်ချက်ပြုသည်။

“သူဟာရုရှားကို မဖိတ်ခေါ်ဘဲ ရောက်လာတယ်။ ကျွန်တော်တို့ဆီ ရည်ရွယ်ပြီး လေယာဉ်စီးလာတာ မဟုတ်ဘူး၊ ဒီကနေတစ်ဆင့် ပြောင်းစီးဖို့ ရောက်လာတာပါ” ဟု ပူတင်ကဆိုသည်။

“ဒါပေမယ့် သူလေယာဉ်စီးတယ် ဆိုရင်ပဲ အဲဒါကိုသိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေ အမေရိကန်နိုင်ငံက သူနောက်ထပ် လေယာဉ်မစီးနိုင်အောင် ပိတ်လိုက်တယ်လေ”ဟု ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ ပြောဆိုခြင်းသည် စနိုးဒန် လေယာဉ်ကွင်းတွင် အခွင့်အရေး လှုပ်ရှားတက်ကြွသူများ
ရှေ့နေများနှင့် လွန်ခဲ့သည့် ရက်သတ္တပတ် သောကြာနေ့ တွေ့ဆုံပြီးချိန်မှစ၍ ပြည်သူများထံ
၎င်းနှင့်ပတ်သက်၍ ပထမဆုံး မှတ်ချက်ပြုခြင်းဖြစ်သည်။

စနိုးဒန်သည် ဟောင်ကောင်မှ မော်စကိုသို့ ဇွန် ၂၃ တွင်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနေ့တွင်ပင်
အမေရိကန်က ၎င်း၏ပတ်စ်ပို့ကို ပယ်ဖျက်လိုက်သည်။

စနိုးဒန်သည် မော်စကိုမှ ကျူးဘားရှိ ဟားဗားနားမြို့သို့ သွားရောက်ရန် ကြိုတင်လက်မှတ်
မှာထားသော်လည်း လေယာဉ် မစီးလိုက်ရဘဲ လေယာဉ်စီးမည့် ခရီးသည်များ ထွက်ခွာရာ
နေရာတွင် ပိတ်မိနေခဲ့သည်။

ပူတင်က အမေရိကန်သည် အခြားနိုင်ငံများကိုလည်း ခြောက်လှန့်ထားပြီး နိုင်ငံအများအပြားက
၎င်းကိုလက်မခံတော့ကြောင်း စနိုးဒန် ရုရှားနိုင်ငံတွင်း ပိတ်မိနေစေရန် အမေရိကန်ကသာ
လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

စနိုးဒန်က ခိုလှုံခွင့် လက်ခံသည့် နိုင်ငံများရှိသော လက်တင်အမေရိက နိုင်ငံများသို့ မထွက်ခွာမီ ရုရှားတွင်ယာယီခိုလှုံခွင့် ရချင်ကြောင်း သောကြာနေ့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

၎င်းသည် အစောပိုင်းတွင် ရုရှားသို့ ခိုလှုံခွင့်တောင်းခဲ့သော်လည်း ရုရှားအစိုးရက ထပ်မံဖွင့်ချခြင်းများ
ရပ်ဆိုင်းပါက လက်ခံမည်ဆိုသောကြောင့် ခိုလှုံခွင့်ကို လက်လျှော့ခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ယာယီခိုလှုံခွင့် တောင်းခံခဲ့ရာတွင် စနိုးဒန်က အမေရိကန် အကျိုးစီးပွားကိုထပ်မံမထိခိုက်စေရန် ကတိပေးကြောင်း ပြောကြားခဲ့သည်။

“သူ့ရဲ့နောက်ဆုံး ထုတ်ပြန်ချက်ကိုကြည့်ရတာ သူတနည်းတဖုံတော့ ပြောင်းလဲ လာတဲ့ပုံပဲ။ ဒါပေမယ့် ခုထိတော့အခြေအနေ သေချာရှင်းလင်းသေးတာ မဟုတ်ဘူး”ဟု ပူတင်က ပြောကြားပြီး
စနိုးဒန် ခိုလှုံခွင့်ကို လက်ခံမခံပြောကြားခြင်း မရှိပေ။

လက်ရှိတွင် သမ္မတပူတင်သည် စက်တင်ဘာ အစောပိုင်းတွင်ပြုလုပ်မည့် ဂျီ ၂၀ ဆွေးနွေးပွဲအပြီး မော်စကိုတွင်သမ္မတအိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

ပူတင်က “ရုရှားဟာ အမေရိကန်နဲ့ ချိတ်ဆက်မှုတွေရှိတယ်။ စနိုးဒန်ရဲ့လုပ်ဆောင်ချက်တွေကြောင့် အမေရိကန်နဲ့ရုရှားကြား ချိတ်ဆက်မှုတွေ မပျက်စီးစေချင်ဘူး”ဟု စနိုးဒန်နှင့် ပတ်သက်၍
ရှင်းရှင်းလင်းလင်း ပြောကြားသည်။

စနိုးဒန်သည် သူ၏လုပ်ဆောင်မှုများအား ဆက်လက် လုပ်ဆောင်မည်ဟု ပြောကြားထားကြောင်း ပူတင်ကဆက်လက်ပြောကြားပြီး “အဲလိုလုပ်မယ်ဆိုလည်း ကျွန်တော်တို့ မပါဘဲလုပ်တာ ဖြစ်မှာပါ၊
ကျွန်တော်တို့မှာ လုပ်စရာတွေ ရှိသေးတယ်”ဟု ပူတင်က ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

ထိုင်း-မြန်မာနယ်စပ် မှောင်ခိုလက်နက်ခဲယမ်း အများဆုံးဖမ်းဆီးမိ

ထိုင်း-မြန်မာနယ်စပ်မှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ (ဗွီအိုအေ-မြန်မာပိုင်း)
15.07.2013
ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဟောင်ဆောင်ခရိုင်ထဲက ကွန်မိုင်ဆပ်ရွာမှာ မြန်မာနိုင်ငံဘက်ခြမ်း တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲကို ပို့ဆောင်မယ့် လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ အဝေးပစ်ဒုံးလက်နက် ၃ ခုကို ကျည်ဆန်တွေနဲ့အတူ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဆလာဘူရီမြို့က သယ်ဆောင်လာတဲ့ လက်နက်များ ဖြစ်ပါတယ်။ ဒါဟာ ထိုင်း-မြန်မာနယ်စပ်မှာ တရားမ၀င် လက်နက် အမြောက်အများကို ဖမ်းမိတာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ရှမ်း၊ ၀ နဲ့ ပအို့ဝ် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲကို ပို့ဆောင်မယ့် လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ အဝေးပစ် ဒုံးလက်နက် ၃ ခုနဲ့ သိန်းနဲ့ချီရှိတဲ့  လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ကျည်ဆံအမြောက်အများကို ဇူလိုင်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဟောင်ဆောင်ခရိုင်ထဲက ကွန်မိုင်ဆပ်ရွာမှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း မယ့်ဟောင်ဆောင်ခရိုင်ဝန်က သတင်းစာ ရှင်းလင်းမှု လုပ်ခဲ့တာပါ။

ဒါဟာ နယ်စပ်တလျှောက် တရားမ၀င် လက်နက်ကို ဖမ်းမိတာ အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်ဝန် Mrs. Nalumon Panwat က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုရာမှာတော့ - လက်နက်ပစ္စည်းတွေနဲ့ ကျည်ဆံတွေဟာ မြန်မာနိုင်ငံဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်တွေထံကို ပို့ဆောင်မယ့် ပစ္စည်းများဖြစ်ကြောင်း ဖမ်းမိတာကတော့ ဆလာဘူရီခရိုင်ထဲကလာတဲ့ ကားတစီးကို စစ်ဆေးရာကနေ နောက်ပိုင်းမှာ ကွန်မိုင်ဆပ်ရွာ အမှတ် ၂ ရပ်ကွက်ထဲက အိမ်အမှတ် ၈၅/၅ ကို  စစ်ဆေးရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းကို ပြောဆိုခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ အဝေးပစ်ဒုံးကျည် ၃ ခု၊ ကာဘိုင်သေနတ် ၅၆၀ လက်နဲ့ ပွိုင့် ၈၈ ကျည်ဆံများ၊ M 16 ကျည်ဆံများ၊ လေယာဉ်ပစ်ကျည်ဆံများကို  သေတ္တာတွေနဲ့ အမြောက်အများ ဖမ်းဆီးရမိခဲ့တာပါ။

သိန်းနဲ့ချီရှိတဲ့ ကျည်ဆံတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒါဟာ တရားမ၀င်လက်နက် ဖမ်းဆီးရရှိမှုတွေထဲက အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကျည်ဆံတွေနဲ့အတူ လက်ရှိမှာ ထိုင်းရဲအရာရှိ Mr. Sumit နဲ့ ကွန်ဒီယမ် လို့ အမည်ရတဲ့ မြန်မာနိုင်ငံသား တဦးကို ဖမ်းဆီးထားပါတယ်။

ဒီလက်နက်တွေနဲ့ပတ်သက်လို့  တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ သူတို့ မှာယူတဲ့ပစ္စည်းတွေ ဟုတ် - မဟုတ် ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC အဖွဲ့ဝင်လည်းဖြစ်၊  UNFC ရဲ့ တွဲဘက် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဘယ်အဖွဲ့တွေဆီကို ပို့ဆောင်မယ့် လက်နက်တွေဆိုတာကို သူအနေနဲ့ မသိရှိကြောင်းကို ငြင်းဆိုပါတယ်။

“ပို့တဲ့လမ်းကြောင်းက ကရင်နီဘက်တော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က လမ်းကြောင်းကနေ ပို့မယ်လို့ အရင်ပြောတာ။ ပအို့ဝ်ရယ်၊ ၀ ရယ်၊ ရှမ်းရယ် အတူတူနေတဲ့နေရာ။ အထဲကို ပို့ရင်တော့ ဘယ်ကိုသွားမလဲဆိုတာတော့ မသိဘူး။ ဒီအခြေအနေမျိုးမှာ လက်နက် ၀ယ်ယူစုဆောင်းတယ်ဆိုရင်တော့ ပိုက်ဆံလည်း ရှိတဲ့ အဖွဲ့အစည်းဖြစ်ဖို့လိုတယ်။ UNFC အဖွဲ့ဝင်တွေကတော့ ကျနော်သိသလောက်တော့ ဘယ်သူမှ မရှိဘူးပေါ့နော်။”

လက်နက်တွေကို ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ လက်နက်ပို့ဆောင်မှုဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေ ဆွေးနွေးမှုတွေ လုပ်နေဆဲအချိန်မှာပဲ တိုင်းရင်းသားနယ်မြေတချို့မှာ ပစ်ခတ်မှုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
မအေးအေးမာ
ဗွီအိုအေ (မြန်မာပိုင်း)

သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ

လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK
15.07.2013
ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ ဒေသစံတော်ချိန် တနင်္ဂနွေမနက်ပိုင်းကစပြီးတော့ ထွက်ခွာလာခဲ့တဲ့ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

“ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။ သူဟာ အရင် အာဏာရှင် စစ်အစိုးရလက်ထက်ကတင်မဟုတ်ဘဲ အခုလက်ရှိ ရာထူး ထမ်းဆောင်စဉ် ကာလမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလို ရခိုင်ပြည်နယ်မှာလည်း အလားတူပါပဲ။ ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကျဉ်းချတာတွေ ခြိမ်းခြောက်တာတွေ တွေ့ရပြီး လွန်ခဲ့တဲ့ တလအတွင်းမှာပဲ လူ ၇၀ ကို ထောင်ဒဏ် စီရင်ခဲ့ပါတယ်။ ဒါကြောင့်  သမ္မတ ဦးသိန်းစိန်ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးသမား မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။”

သမ္မတရဲ့ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း အပါအဝင်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် နဲ့လည်း သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိတာမို့ သမ္မတဦးသိန်းစိန်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးသင်တန်းတွေ ပေးနိုင်ဖို့ ဗြိတိန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီးလည်း Burma Campaign UK က Mark Farmaner က အခုလို ဆက်ပြောပါတယ်။

“ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ သင်တန်းပေးဖို့ ကမ်းလှမ်းထားပါတယ်။ သင်တန်းပေးရာမှာ လူ့အခွင့်အရေးကို အားပေးမယ်ဆိုပေမဲ့ အခုလို သင်တန်းပေးရင် ငါးစားနေတဲ့ ငါးမန်းကို ငါးမစားတော့အောင် သင်တန်းပေးသလို ဖြစ်နေမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်နေတာ စစ်တပ်ကဖြစ်လို့  ဒီချိုးဖောက်သူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသရွေ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်းနဲ့ ဝန်ကြီးချုပ် အိမ်တော် အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ တွေ့ဆုံကြဖို့ ရှိနေချိန်မှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ ကချင်အမျိုးသားအစည်းအရုံးနဲ့အတူ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒေါင်းနင်းလမ်းဆန္ဒပြပွဲမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ကချင်အမျိုးသား အစည်းအရုံးက Mr Ring Du Lachyung က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“International Community သုံး လေးဖွဲ့ ရှိပါတယ်။ ရှမ်း ethnic၊ ကရင် ethnic တို့ တခြား ဒီ တိုင်းရင်းသား ethnic တွေကိုရော ကျနော်တို့ ဖိတ်စာပို့တယ်။ သူတို့ကိုယ်တိုင် လာပါဝင်မှ ကျနော်တို့ ဒီမှာ သမ္မတ ဦးသိန်းစိန် အ၀င်အထွက် အားလုံး စည်းဝေးပြီးတဲ့အထိ ကျနော်တို့ အဲ့ဒီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။”

ဗြိတိသျှဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ကချင်အမျိုးသား အစည်းအရုံးနဲ့ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေချိန်မှာပဲ ဗြိတိသျှပါလီမန်ရှေ့မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ UK ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဖို့ အင်တာနက် အွန်လိုင်းကနေ လက်မှတ် တစ်သန်း ရရှိတယ်လို့ဆိုတဲ့ AVAAZ အဖွဲ့နဲ့အတူ Burmese Rohingya Organization UK တို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ Burmese Rohingya Org UK ရဲ့ အထွေထွေအတွင်းရေးမှူး Mr. Ahamed Jarmal က ဗြိတိန်အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို အခုလို အရေးတယူနဲ့ ကြိုဆိုတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြကြရခြင်းဟာ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို အသိပေးလိုတဲ့အတွက် ဖြစ်ပါတယ်။ သူ့ကို အခုလို ဖိတ်ကြားတာ မှားပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် ရဝမ်ဒါနိုင်ငံလို အဖြစ်မျိုး မရောက်စေဖို့အတွက် အလေးအနက် သတိပေးသင့်ပါတယ်။”

တနင်္လာနေ့ ညနေပိုင်း Chatham House မှာလည်း UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စုဝေးပြီး မြန်မာအစိုးရအဖွဲ့ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ ကချင်အမျိုးသား အစည်းအရုံးက နိုင်ငံခြားရေးတာဝန်ခံ မခိုင်ထောင် က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
မဆုမွန်
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့အရေး Chatham House မှာ သမ္မတ ရှင်း

ယူကေနိုင်ငံ ရောက် သမ္မတ ဦးသိန်းစိန်
15 ဇူလိုင်လ 2013
ဗြိတိန် အစိုးရ ရဲ့ ဖိတ်ကြားချက် အရ လန်ဒန်မြို့တော် ကို ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ မနေ့ က ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၊ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိခ်၊ ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟမ်မွန်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး ဂျပ်စတင်ဂရင်းနင်း တို့နဲ့ သီးသန့်တွေ့ဆုံ အပြီးမှာ Chatham House မှာ မြန်မာ့အရေး ကို ရှင်းလင်း ပြပါတယ်။

Chatham House မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ပညာရှင် တွေ ဟာ ပထဝီ နိုင်ငံရေး နဲ့ ပညာရပ် ဆိုင်ရာ တွေ ရှင်းလင်း တင်ပြလေ့ ရှိတဲ့ အတွက်၊ မြန်မာ ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး သမ္မတ ဦးသိန်းစိန် မြန်မာအရေး တင်ပြ ရှင်းလင်း ခြင်းဟာ ထူးခြားတဲ့ အကြောင်း၊ ဘီဘီစီ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေ က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အဓိက ရှင်းပြ သွားတဲ့ အချက်တွေ အနက် မြန်မာ နိုင်ငံ ဟာ အထီးကျန် ဘဝ နဲ့ ပိတ်ဆို့ အရေးယူမှု တွေ ခံရတဲ့ အတွက် ဒီမိုကရေစီ ပြောင်းလဲရေး မှာ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရပုံ တွေ၊ ခေတ်နောက်ကျ နေပြီဖြစ်တဲ့ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံ ကိုထူထောင်ရာမှာ တွေ့ရတဲ့ အခက်အခဲ၊ နောက်တခု က လူတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်း တွေ ပြုပြင်ရတဲ့ နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင်ရတဲ့ အကြောင်း၊ ဒါကြောင့်မို့ ပိတ်ဆို့မှု သာ မပြုကြရင် ဒီမိုကရေစီ ပြောင်းလဲရေး ဟာ အခုထက် မြန်ဆန် နိုင်တယ် လို့ ရည်ညွှန်း ပြောဆိုပုံ ရကြောင်း ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။

မြန်မာ အစိုးရ ဘက်က အကောင်အထည်ဖေါ်မယ့် အစီအစဉ်တွေ ထဲမှာတော့ အဓိက အချက် အနေနဲ့ ပြည်သူတွေ ကို ဆင်းရဲတွင်းက ကယ်ထုတ်ဖို့၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံတကာ နဲ့ ဆက်ဆံရေး မှာ တိုးမြှင့် ဆောင်ရွက်ရေး၊ အထူးသဖြင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောသွားတဲ့ အတွက်၊ ဒီအချက်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အစွန်းရောက်ဝါဒီတွေ ရဲ့ လှုပ်ရှားမှု၊ နယ်စပ် ကနေ ပြည်တွင်း ကျွံဝင်လာမှု တွေ ပေါ်ပေါက် ရင် နိုင်ငံတကာ နဲ့ ပူးပေါင်းမှသာ ပိုပြီး ထိရောက်၊ အကျိုးရှိနိုင်မယ် လို့ ရည်ရွယ်ပုံ ရကြောင်း ဘီဘီစီ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)







မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်ဖို့ ဒေါ်လာနှစ်သိန်းလိုအပ်နေ

မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး အမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြု (အံတော်ရှင်)ကျောင်းဝင်း အတွင်း သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို လာရောက် ကုသပေးနေချိန် RFA က လျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြားခဲ့ပါတယ်။

"တစ်ချို့က ပတ်စပို့ဗီဇာမရှိပေမယ့် တိတ်တိတ်ပုန်းလမ်းကသွားတယ်။တစ်ချို့က ပတ်စပို့ ဗီဇာရှိတယ်။အဲဒါအတွက် ပိုက်ဆံတွေစုတယ်။ပိုက်ဆံ ဒေါ်လာသုံးသိန်းလောက်ရတယ်။အဲလိုရတော့ ငါ့အဖွဲ့ကသူတွေ မလေးရှားသွားတယ်။ထောင်ထဲက ကလေးတွေဆွဲထုတ်၊Immigration ပြတ်အောင်လုပ်၊ပတ်စပို့ မရှိဘူးလား သံရုံးက Passport ထုတ်ပေး"

တိုင်းပြည်ကို ပြန်လာမယ့် မြန်မာနိုင်ငံသား လေးထောင်ကျော်ထဲက ပထမဆုံး အသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၇၀)ဟာ ကမ္ဘောဇ လေကြောင်း နဲ့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့အတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃) သိန်း ရရှိထားတယ်လို့သိရ ပါတယ်။

အားလုံး လေးထောင်ကျော်လုံးကို ပြန်ခေါ်နိုင်ဖို့ ဆိုရင် နောက်ထပ် အလှူငွေ ဒေါ်လာနှစ်သိန်း လောက် လိုသေးတယ်လို့ ဆရာတော် အရှင် ဥာဏိဿရက မိန့်ပါတယ်။
RFA Burmese

အစ္စလာမ္မစ် ခေါင်းဆောင်တွေ ပိုင်ဆိုင်မှု ထိန်းချုပ်

မွတ်ဆလင် ဘရားဟုဒ် ခေါင်းဆောင် မစ္စတာ Badie အပါအဝင် အစ္စလာမ္မစ် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်
15 ဇူလိုင်လ 2013
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတကို စစ်တပ်က ဖယ်ရှားခဲ့ပြီးတဲ့ နောက် အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ် William Burns ဟာ အီဂျစ် စစ်တပ် သြဇာခံ အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ကိုင်ရိုကို ရောက်လာပါတယ်။

သူဟာ သမ္မတ မော်စီကို ဖြုတ်ချပြီး နောက်ပိုင်း ပထမဆုံး ရောက်ရှိ လာတဲ့ အမေရိကန် အရာရှိကြီး လည်း ဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်း ဆူပူ အုံကြွမှုတွေ အဆုံးသတ်ဖို့နဲ့ အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ နည်းကျ တင်မြှောက် ထားတဲ့ အစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဖို့ မစ္စတာ ဘန်းက တွန်းအားပေး သွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မှာတော့ အီဂျစ်အစိုးရ အမှုလိုက် အရာရှိတွေက အစ္စလာမ္မစ် ခေါင်းဆောင် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှု အဝဝကို ထိန်းချုပ် ထားလိုက်ပြီလို့ တရားရေး ဆိုင်ရာ သတင်း ရပ်ကွက်တွေ အပြော အရ သိရပါတယ်။

အဲဒီ ခေါင်းဆောင်တွေ ထဲမှာ မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘက်ဒီနဲ့ သူရဲ့ လက်ထောက် ခိုင်ယက် အဲ ရှာတာ တို့လည်း ပါတယ်လို့ ဆိုပါတယ်။

ဆန္ဒပြ ပွဲတွေ အတွင်း ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်သလား စုံစမ်း စစ်ဆေးဖို့ ထိန်းချုပ်တာလို့ သူတို့က အကြောင်းပြ ပါတယ်။

မစ္စတာ Badie နဲ့ တခြား မွတ်ဆလင် ဘုရားသားဟုဒ်ခေါင်းဆောင်တွေကို အစ ကတည်းက ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဖယ်ရှား ခံခဲ့ရတဲ့ သမ္မတ မော်စီ ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

မနေ့ကတော့ စစ်တပ်အကြီးအကဲ အဗ္ဗဒဲ ဖာတာ အဲ ဆီဆီက သူတို့ သမ္မတကို ဖယ်ရှား ခဲ့ရတာနဲ့ ပတ်သက်လို့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ခုခံ ပြောကြား ခဲ့ပါတယ်။

ဘာသာရေးကြောင့် သူ့ကို ဖယ်ရှားခဲ့တယ် ဆိုတာမျိုး လူတွေက သူ့ကို ဆန့်ကျင် တာဟာ ဘာသာရေးကြောင့် ဆိုတာမျိုး ဘယ်တော့မှ မပြောပါနဲ့ ၊ ဘာကြောင့်လဲ ဆိုတော့ ဒီလို ပြောတာတွေဟာ အမှန်တကယ် ဖြစ်ပျက် နေတာတွေကို ဖုံးကွယ် ထားလို့ပါပဲ ဆိုပြီး ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ပါတယ်။

အစ္စလာမ္မစ် သမ္မတ မော်စီကို ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ဖို့ သမ္မတမော်စီ ကို မဖယ်ရှားခင် စောစောပိုင်း ရက်တွေက သူတိုက်တွန်း ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက မနေ့က မိန့်ခွန်းထဲမှာ ပြောကြား ခဲ့ပါတယ်။

မစ္စတာမော်စီက ဒါကို လုံးဝ ပယ်ချခဲ့တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး အင်အားစု အားလုံး အနေနဲ့ နိုင်ငံရေးမှာ လူတိုင်း ပါဝင်နိုင်ခွင့် ရှိတယ်၊ ဘယ်လို သဘောတရားမျိုး ရှိရှိ ပါဝင်ခွင့် ရှိတယ်၊ ဘယ်အဖွဲ့အစည်း ကိုမှ နိုင်ငံရေးမှာ မပါဝင် ရဘူး လို့ တားမြစ်တာ မရှိဘူးလို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ ပါတယ်။

ကြားဖြတ်အစိုးရဟာ စစ်တပ် ထောက်ခံတဲ့ လမ်းပြ မြေပုံအတိုင်း အရပ်သား အစိုးရ ပြန်ပေါ်ထွန်းအောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

သမ္မတမော်စီကို ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လူသေကြေ ခဲ့ရတဲ့ ခိုက်ရန် ဖြစ်ပွားမှု တွေကို စုံစမ်း စစ်ဆေး နေချိန်မှာ အခုလို အစ္စလမ်မစ် ခေါင်းဆောင် တွေရဲ့ ပိုင်ဆိုင်မှု ကို ထိန်းသိမ်း ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က သမ္မတ မော်စီကို ထောက်ခံသူ တွေနဲ့ ဆန့်ကျင်သူတွေကြား ထိပ်တိုက် တွေ့မှုတွေ အတွင်း လူ ဒါဇင်နဲ့ချီ သေဆုံး ခဲ့ရပါတယ်။

ကြားဖြတ် ဝန်ကြီးချုပ်သစ် ဘက်ဘလာဝီ က လစ်ဘရယ် နိုင်ငံရေး ခေါင်းဆောင် Mr ElBaradei ကို တနဂင်္နွေနေ့ မှာပဲ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေ အတွက် ကြားဖြတ် ဒု သမ္မတ ခန့်လိုက် ပါတယ်။

နောက်တခါ အလယ်အလတ် သဘောထား ရှိသူ စီးပွားရေးပညာရှင် Ahmed Galal ကို ဘဏ္ဍဍာရေးဝန်ကြီး၊ အရင် အမေရိကန်ဆိုင်ရာ သံအမတ်ကြီး Nabil Fahmy ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။

မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ဝင်တွေ အပါအဝင် သမ္မတ မော်စီကို ထောက်ခံသူ တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် သမ္မတ မော်စီ ဖယ်ရှား ခံခဲ့ရပြီး ကတည်းက ကိုင်ရို မြို့မှာ ထိုင်ဆန္ဒပြ နေခဲ့ကြတာ အခုအချိန်ထိ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မော်စီဖြုတ်ချခံရပြီးနောက် အမေရိကန်အရာရှိ အီဂျစ်သို့ ပထမဆုံးအကြိမ် သွားရောက်

ကိုင်ရို၊ ဇူလိုင် ၁၅။
အီဂျစ်နိုင်ငံတွင်း ညီနောင်များပါတီမှ ထိပ်တန်းခေါင်းဆောင်၁၄ ဦး ၏ ပိုင်ဆိုင်မှုများထုတ်ယူခွင့်
တားမိန့်ထုတ်လိုက်ပြီး မကြာမီ အမေရိကန်ထိပ်တန်း အရာရှိတစ်ဦးသည် ကိုင်ရိုသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်သည်။

ယခုသွားရောက်သည့် နိုင်ငံခြားရေး ဒုဝန်ကြီးဘီလ်ဘန်းစ်သည် သမ္မတမော်စီ ဖြုတ်ချခံရပြီးချိန်မှစ၍ ပထမဆုံး လာရောက်သည့် အမေရိကန်အရာရှိဖြစ်ပြီး သုံးရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောကြားသည်။

ဘန်းစ်သည် နိုင်ငံရေး ပါတီများနှင့် ကိုင်ရိုတွင် တွေ့ဆုံကာ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့်
အားလုံးပါဝင်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သား အစိုးရအဖြစ်သို့ အပြောင်းအလဲလုပ်ရေးတို့ကို တွန်းအားပေးမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

၎င်းသွားရောက်ချိန်တွင် ယာယီအစိုးရသည် မော်စီ၏ ညီနောင်များပါတီကို ဖိအားများ ထပ်တိုးဖိအားပေးနေချိန်ဖြစ်ပြီး ပါတီထိပ်ပိုင်းေ ခါင်းဆောင်များသည်လည်း ကစဥ့်ကလျားဖြစ်လျက် ရှိနေသည်။

ညီနောင်များပါတီ ခေါင်းဆောင်ကိုးဦးကို ဘဏ်မှ ပိုင်ဆိုင်မှုထုတ်ခွင့် ပိတ်ခံရခြင်းသည် ပြည်သူ့တရားလိုရှေ့နေ ဟီရှန်ဘာရာကတ် အမိန့်ပေးသည့် စုံစမ်းမှု၏ တစိတ်တဒေသဖြစ်သည်။

၎င်းအပိတ်ခံရသည့် သူများတွင် ခေါင်းဆောင်မိုဟာမက်ဘက်ဒီး ပါဝင်ပြီး အခြားအုပ်စုများမှ
အစ္စလာမ္မစ်များလည်း ပါဝင်ကြောင်း တရားရုံးဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မတဖြုတ်ချခံရပြီးနောက် လူသေဆုံးခဲ့သည့် ဖြစ်ရပ်လေးခုနှင့် ဆက်နွယ်ပြီး ၎င်းအမိန့်သည် သမ္မတဟောင်းမော်စီ၊ ဘေဒီးနှင့် အခြားအစ္စလာမ္မစ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်များ လက်ခံရရှိပြီးနောက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတကာကလည်း ဖြုတ်ချခံရသည့် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတမော်စီအား ထိန်းသိမ်းထားခြင်းကို စိုးရိမ်လာလျက်ရှိသည်။

တနင်္ဂနွေနေ့တွင် ရီပတ်ဘလီကန် ဥပဒေပြုရေးကောင်စီဝင် ဆီးနိတ်တာ လင်ဆေးဂရေဟမ်နှင့် ဆီးနိတ်တာ ဂျွန်မက်ကိန်းတို့က အစိုးရအား စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေနှင့် အကူအညီများ ဖြတ်တောက်ရန် တိုက်တွန်းထားသည်။

၎င်းနေ့တွင်ပင် အီးယူနိုင်ငံခြားရေးပေါ်လစီဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်က ဒီမိုကရေစီနည်းကျ အရပ်သား အုပ်ချုပ်ရေးနှင့် ထိန်းသိမ်းခံ နိုင်ငံရေးသမားများကို လွှတ်ပေးရေးကို တောင်းဆိုသည်။

ညီနောင်များပါတီသည် ကက်ဘိနက်ဖွဲ့ရေး ဆွေးနွေးပွဲများ ကျင်းပပြီး တွန်းအားပေးနေသော
ယာယီဝန်ကြီးချုပ် ဟက်ဇန်အယ်ဘက်ဘလာဝီ ဦးဆောင်သည့် အစိုးရသစ်တွင် ပါဝင်ရန် ငြင်းဆန်ထားပြီး ဖြစ်သည်။

တခြားပါတီတစ်ခုလည်း ယာယီအစိုးရတွင် ပါဝင်မည် မဟုတ်ကြောင်း ပါတီကပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ ရွေးကောက်ခံအစိုးရ အဖွဲ့ထဲမှာပဲ ပါဝင်ပါမယ်” ဟု ပြောကြားသည်။

ဝန်ကြီးချုပ်သည် တနင်္ဂနွေနေ့တွင် ဝန်ကြီးသစ်များ ခန့်အပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်အားလုံးကို အင်္ဂါ
သို့မဟုတ် ဗုဒ္ဓဟူးရက်များတွင် ခန့်အပ်ဖွယ်ရှိသည်။

၎င်းသည် လုံခြုံမှုပြန်လည်ရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ပြန်လည်စီးဆင်းနိုင်ရေး၊ ပါလီမန်
ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများ ပြင်ဆင်နိုင်ရေးတို့ကို ဦးစားပေးကြောင်း ဝန်ကြီးချုပ်က
ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

မလေးရှားနိုင်ငံ့၌ ကျင်းပသော အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီတို့ ဟောပြော

ဓာတ်ပုံ - စမ်းချောင်းကိုကိုကြီး
မလေးရှား-ဇူလိုင် ၁၄
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ ကိုတာရာယာကုန်တိုက်အနီး(SM) ခန်းမတွင် ယနေ့ ကျင်းပသော ၆၆-နှစ်မြောက် အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ၈၈-မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ဟောပြောခဲ့သည်။

စာပေဟောပြောပွဲအခမ်းအနားသို့မလေးရှားရောက် မြန်မာမိသားစုများ၊ လူမှုရေး၊နိုင်ငံရေးအသင်းအဖွဲ့များပါဝင်တက်ရောက်ကြကာ သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ကြသည်။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
Popular Myanmar News Journal

လူထုလက်မခံတဲ့ ယူရေနီယံ သန့်စင်စီမံကိန်း တရုတ်အစိုးရဖျက်သိမ်း

ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို တရုတ်လူထု ဆန္ဒပြခဲ့ကြစဉ်
14.07.2013
တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

ဘေးအန္တရယ်ကင်းရှင်းရေးအတွက် စိတ်မချရလို့ ဒေသခံတွေက စက်ရုံဆောက်လုပ်မယ့်ကိစ္စကို ကန့်ကွက်နေကြတာပါ။ ဒါကြောင့် သောကြာနေ့တုန်းကပဲ ကန့်ကွက်တဲ့စာတန်းတွေ ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်အော်ပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကြောင့် အစပိုင်းမှာ အရာရှိတွေ ညှိနှိုင်းမှုကာလကို ၁၀ ရက် တိုးခဲ့ရပြီး စနေနေ့ကျတော့ ဒီ အစီအစဉ်ကို ဖျက်သိမ်းဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ CNNC ကော်ပိုရေးရှင်းဘက်က ချက်ချင်းတုံ့ပြန်မှု မရရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ်

အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို
14 ဇူလိုင်လ 2013
မွတ်ဆလင် ညီနောင်အဖွဲ့က စွပ်စွဲခံရသူ တွေကို စစ်ဆေး မေးမြန်းဖို့ အတွက် တိုင်တန်းမှု တွေကို စုံစမ်း နေပြီလို့ အမှုလိုက် ရှေ့နေရုံးက ပြောပါတယ်။

သမ္မတဟောင်း မော်စီနဲ့ အတူ FJP ပါတီနိုင်ငံရေး အကြီးတန်း အဖွဲ့ဝင် မိုဟာမက် ဘာဒီယာနဲ့ အက်ဆန် အဲလ်အီရိန် တို့လည်း အတိုင်ခံရသူ တွေထဲမှာ ပါဝင် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လ࿿ာနေ့ တုန်းက ကိုင်ရိုရှိ စစ်တန်းလျား ရှေ့မှာ အကြမ်းဖက် တိုက်ခိုက်အောင် လှုံ့ဆော်မှုနဲ့ ဘာဒီယာနဲ့ အခြား ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအီဂျစ် ဆန္ဒပြမှု အတွင်း လူ ၄၀ ကျော် သေဆုံးအီဂျစ်မှာ ညွန့်ပေါင်း မဖွဲ့နိုင်သေး ဆက်စပ်အကြောင်းအရာများအရှေ့အလယ်ပိုင်း
မွတ်ဆလင် ညီနောင် အဖွဲ့ က သူ့လူတွေ ငြိမ်းချမ်းစွာ ဆုတောင်း နေစဉ် အပစ်ခံရ တာလို့ ပြောပေမယ့် စစ်တပ် ကတော့ သူတို့ကို အတိုက် ခံရလို့ ပြန်ခုခံတာ လို့ ဆိုနေပါတယ်။

ဇူလိုင်လ စစ်တပ် အာဏာ သိမ်းပြီး ကထဲက မွတ်ဆလင် ညီနောင်များ အဖွဲ့က မော်စီ ထောက်ခံ သူတွေက ကိုင်ရိုမှာ လူစုလူဝေး နဲ့ ဆန္ဒပြခဲ့ ကြပါတယ်။

စစ်တပ်က သမ္မတကို ဖယ်ရှား တာဟာ အာဏာသိမ်း ရာကျလို့ သမ္မတကို ပြန်ခန့်ရေး တောင်း ဆို နေကြပါတယ်။

အခုလို အမှုလိုက် ရှေ့နေရုံး က စုံစမ်းဖို့ လုပ်နေ တာဟာ ကြားဖြတ် အစိုးရနဲ့ မွတ်ဆလင် ညီနောင် တို့ကြား ရင်ကြားစေ့ရေး ပိုအားနည်း စေတယ်လို့ ကိုင်ရိုရှိ ဘီဘီစီ သတင်းထောက် James Reynolds က ပြောပါတယ်။

အဓိက ပြဿနာက လူတွေရဲ့ တရားသဖြင့် ရပိုင်ခွင့်ကို ကာကွယ်ပြီး လူထု ဆန္ဒအရ ဒီမိုကရေစီကို မဲပေး ရွေးချယ်ရေး လုပ်ဖို့လို့ မွတ်ဆလင် ညီနောင်အဖွဲ့က ပြောကြား လျက် ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

လှို့ဝှက်တွေ့ဆုံပွဲ (သို့) ဗိုလ်ချုပ်မှူးကြီးကို အချဉ်ဖမ်းထားရန်

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn (ယာပုံ)
Photo: RFA
2013-07-12   
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနာဝပ်နဲ့ လက်ရှိ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာခင်က ဟောင်ကောင်မှာ လှို့ဝှက်တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူဖြစ်အောင် စည်းရုံးထားဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn က ဒီကိစ္စဟာ ထိုင်းနဲ့ မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အတွက် သတိထားပြီးရေးသားဖော်ပြကြဖို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ နခွန်ရပ်ချာဆီးမား (Nakhon Ratchasima) ပြည်နယ်မှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင်ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်က အခုလိုပြောကြားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဂ ရက်နေ့က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို အခုပေါက်ကြားခဲ့တဲ့ လှို့ဝှက်တွေ့ဆုံပွဲ အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကော ဘာများဝေဖန်ပြောဆိုပါသလဲလို့လည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ်က မြန်မာကာကွယ်ရေးဦးစီးချုပ်က မိမိတို့ ၂ ဦးအကြားမှာ ယခင်ကအတိုင်း ချစ်ခင်ရင်းနှီးမှုရှိကြောင်း၊ ဒီသတင်းကြောင့် မိမိတို့အချင်းချင်း ဆက်ဆံရေးပျက်ပြားရန်မရှိကြောင်းနဲ့ ထိုင်းတပ်မတော်အပေါ်ယုံကြည်ကြောင်း မိမိကိုပြောဆိုပါတယ်လို့ သတင်းထောက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းက တွေ့ဆုံပွဲကို လှို့ဝှက်ဖမ်းယူထားတဲ့အသံဖိုင်မှာ ထိုင်း ဒုတိယကာကွယ်ရေးဝန်ကြီး ယုသာဆပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်လေးစားမှုကို အရရှိဆုံးလူဖြစ်သလို ထိုင်းနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်တွေဟာ အင်မတန်ရင်းနှီးကြတာဖြစ်တဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ငန်းတွေကို မိမိတို့ ထိုင်းနိုင်ငံကလိုချင်ရင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် General Thanasak Patimaprakorn ကို ဝန်ကြီးချုပ် ယင်းလတ်က ဆင့်ခေါ်ပြီး ဒီကိစ္စဆောင်ရွက်ဖို့ ပြောလိုက်ရုံမျှသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရင် မြန်မာနိုင်ငံကို မိမိတို့ရရှိပြီဖြစ်ကြောင်းစသဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြောကြားခဲ့ပါတယ်။
RFA (မြန်မာပိုင်း)

အင်ဒိုအကျဉ်းထောင်ဖောက်မှု ၁၀၀ ကျော်လွတ်မြောက်

Tanjung Gusta အကျဉ်းထောင်အတွင်း မီးလောင်သွားသော ရုံးခန်းကို ထောင်တွင်းမှ လှမ်းကြည့်နေကြတဲ့ အကျဉ်းသားများ။
12.07.2013
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတခုအတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀၀ လောက်ကို အာဏာပိုင်တွေက လိုက်ရှာနေကြပါတယ်။

ပြဿနာဖြစ်ခဲ့တဲ့ အကျဉ်းထောင်ဟာ အကျဉ်းသားတွေနဲ့ ပြည့်သိပ်နေတဲ့ အကျဉ်းထောင်တစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်တဲ့ တရားခံတွေအပါအဝင် အကျဉ်းသား ၅၀ လောက်ကို ရဲနဲ့စစ်တပ်က ညတွင်းချင်း ပြန်ဖမ်းမိခဲ့ပါတယ်။ ဒီ အဓိကရုဏ်းဖြစ်ရတဲ့ အဓိကအကြောင်းတချက်က ရေပေးဝေမှုကို ထိခိုက်စေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ Tanjung Gusta အကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။

အကျဉ်းသားတွေက ထောင်ကို မီးရှို့ခဲ့ပြီး အကျဉ်းသား ၁၅၀ လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြေးသူတွေထဲက တဒါဇင်လောက်ရှိတဲ့ အကျဉ်းသားတွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ထောင်ဝန်ထမ်း ၃ ယောက်နဲ့ အကျဉ်းသား ၂ ယောက်တို့ သေဆုံးခဲ့ရပြီး အကျဉ်းထောင် အစောင့် ဝန်ထမ်းတချို့ကို ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

မီးသတ်သမားတွေက မီးငြိမ်းသတ်နေစဉ်မှာ ထောင်နဲ့ချီတဲ့ ရဲတွေက အကျဉ်းထောင်ထဲမှာ နေရာယူ စောင့်ကြပ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

စနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလို

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ စနိုဒန်
12 ဇူလိုင်လ 2013
မော်စကို လေဆိပ်အတွင်းမှာ အခုချိန်ထိ သုံးပတ်ကြာ ခိုလှုံနေရဆဲ ဖြစ်တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ်ဝပ် စနိုဒန်က ရရှားနိုင်ငံတွင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ပန်ကြားလိုတယ်လို့ ပြောပါတယ်။

သူ့ဟာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီလို ပြောတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များစနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလိုစနိုဒင်ကို ရုရှားကနေ မဆိုင်းမတွ နှင်ထုတ်ဖို့ အမေရိကန်က တိုက်တွန်း စနိုဒန်ကိစ္စ စွပ်စွဲမှု ရုရှားနဲ့ တရုတ် ပြန်ချေပဆက်စပ်အကြောင်းအရာများအမေရိကန်
မစ္စတာ စနိုဒန်က သူ့အနေနဲ့ လက်တင် အမေရိကကို မထွက်ခွာနိုင်သေးခင် ရရှားမှာပဲ ခိုလှုံခွင့် ယူထားချင်ကြောင်း၊ ဒါပေမယ့် ရရှားမှာ နေစဉ်အတွင်း အမေရိကန်ရဲ့ အကျိုးစီးပွားကိုတော့ ထိခိုက် ပျက်စီးအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ရရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ မစ္စတာ စနိုဒန်ဘက်က တရားဝင် ခိုလှုံခွင့် တင်တာ မရှိသေးဘူးလို့ ပြောပါတယ်။

သူ နိုင်ငံရေးခိုလှုံခွင့် တောင်းမယ့် ကိစ္စအပေါ် အမေရိကန်အစိုးရက တရားမဝင် နှောက်ယှက်တားဆီးမှုတွေ လုပ်နေတယ်လို့ မစ္စတာ စနိုဒန်က ပြောကြောင်းလည်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။

တချိန်တည်းမှာပဲ ယူကေက ဂါးဒီယန်းသတင်းမှာ ဖော်ပြတာက မစ္စတာ စနိုဒန် ဖောက်ချခဲ့တဲ့ အမေရိကန်လျှို့ဝှက် စာရွက်စာတမ်း အထောက်အထားတွေအရ မိုက်ခရိုဆော့်ဖ် ကုမ္ပဏီဟာ သူ့ရဲ့ အီးမေးလ်နဲ့ စကိုက်ပ် အစီအစဉ်တွေကို အမေရိကန် ထောက်လှမ်းရေး အသုံးပြုနိုင်အောင် ပူးပေါင်း လုပ်ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ပြင်သစ် မီးရထား မှောက်မှု လူသေဆုံး

သမ္မတ အော်လန်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု
12 ဇူလိုင်လ 2013
ပြင်သစ် နိုင်ငံ ပါရီ မြို့တော် တောင်ဘက် မှာ မီးရထား မှောက်မှု ကြောင့် အနည်းဆုံး လူ ၆ ယောက် သေဆုံးသွားပါတယ်။



အခင်း ဖြစ်ပွားတဲ့ Bretigny-sur-Orge မြို့ကို သမ္မတ ဖရန်ဆွာ အော်လန်း ရောက်ရှိ လာပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု ခဲ့ပါတယ်။

ပြင်သစ် နွေရာသီ အားလပ်ရက် အစ သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရထားတွဲ လမ်းချော် တိမ်းမှောက်မှု ကြောင့် လူဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့ကြပြီး ၉ ဦး အသည်း အသန် ဖြစ်နေကြောင်း သိရ ပါတယ်။

ရထားတွဲ ၆ တွဲ လမ်းချော် သွားခဲ့တာ ဖြစ်ပြီး အဲဒိထဲက တတွဲက ဘူတာရုံကို ဝင်တိုက်တာ ဖြစ်ပါတယ်။

ရထားပျက် ထဲက ခရီးသည် တွေကို ဆွဲထုတ် နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက် နေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ပါကစ္စတန် ကျောင်းသူ ကုလမှာ မိန့်ခွန်းပြော

အမျိုးသမီးတွေ ပညာသင်ခွင့် လှုပ်ရှားသူ မာလာလာ
12 ဇူလိုင်လ 2013
ပါကစ္စတန်မှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှု ခံခဲ့ရတဲ့ ပါကစ္စတန် ကျောင်းသူလေး မာလာလာ ယူဆွပ်ဖ်ဇေး ၁၆ နှစ်ပြည့် မွေးနေ့ မှာ ကုလ သမဂ္ဂမှာ မိန့်ခွန်းပြော ခဲ့ပါတယ်။

ခါတိုင်း သံတမန်တွေနဲ့ ပြည့်နေတဲ့ ကုလသမဂ္ဂ ရုံးချုပ် ဟာ မနေ့ကတော့ ကမ္ဘာတဝှမ်းက အသက် ၁၂ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ် ၅ဝဝ လောက်နဲ့ ပြည့်နှက်နေ ခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များမိန်းကလေး ပညာသင်ခွင့် လှုပ်ရှားသူ ဆေးကုဖို့ ဗြိတိန် ရောက်ပညာရေးတွက် အသက်စွန့်မယ်လို့ မာလာလာပြောဆက်စပ်အကြောင်းအရာများအာရှ
ကုလသမဂ္ဂ စကားပြော စင်မြင့်ကို သူတက်လာချိန်မှာ လူတွေက အကြီးအကျယ် သြဘာ ပေးခဲ့ကြပါတယ်။

အစွန်းရောက် တွေဟာ စာအုပ်နဲ့ ဖေါင်တိန်ကို ကြောက်ကြတယ်၊ ပညာရေးရဲ့ သြဇာကို သူတို့ ကြောက်ကြတယ်။ အမျိုးသမီး တွေကို သူတို့ ကြောက်ကြတယ်၊ အမျိုးသမီး တွေရဲ့ အသံ ကို သူတို့ ကြောက်ကြ တယ်။ ဒါကြောင့် လောလောဆယ် Qutta ကွက်တာမှာ အပြစ်မဲ့ ကျောင်းသား ၁၄ ယောက်ကို သူတို့ သတ်ခဲ့ ကြတာလို့ Malala က ပြောခဲ့ ပါတယ်။

မာလာလာဟာ ခံစားမှု အပြည့် နဲ့ အားနဲ့ မာန်နဲ့ ဒီလိုပြောခဲ့ချိန်မှာ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ ပါကစ္စတန် ခေါင်းဆောင် ဘနာဇီယာ ဘူတိုရဲ့ ပန်းရောင် ပုဝါကို ခြုံထား ခဲ့တာပါ။

လွန်ခဲ့တဲ့ လအနည်းငယ်က ဆိုရင် သူဒီလို ကုလသမဂ္ဂမှာ စကားပြောဖို့ ဆိုတာကို စိတ်ကူးတောင် ယဉ်ခဲ့မိမှာ မဟုတ်ပါဘူး။

ပါကစ္စတန် အနောက်မြောက်ပိုင်း ဆွတ် Swat Valley တောင်ကြားမှာ မနှစ် အောက်တိုဘာက သူစီးလာတဲ့ ဘတ်စကားကို တာလီဘန်တွေ ပစ်ခတ်ခဲ့လို့ ခေါင်းမှာ ဒဏ်ရာ ရခဲ့ပါတယ်။ အမျိုးသမီး တွေရဲ့ အခွင့်အရေး အတွက် လှုပ်ရှား နေတာကို တာလီဘန် တွေက မကြိုက်လို့ တမင် သူစီးလာတဲ့ ကားကို တိုက်ခိုက် ခဲ့တာပါ။

ဒီလို ဒဏ်ရာရခဲ့ ပြီးနောက် မနေ့က ကုလသမဂ္ဂမှာ ပထမဆုံး လူထုရှေ့ စကား ပြောခဲ့တာ ဖြစ်ပါတယ်။

တကမ္ဘာလုံး အနေနဲ့ စာမတတ်မှု ပပျောက်ရေး ဆင်းရဲ နွမ်းပါးမှု နဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကြိုးစား လုပ်ဆောင် ကြပါစို့ ၊ စာအုပ်တွေ ဖေါင်တိန်တွေ ကိုင်ကြပါစို့ ၊ ဒါတွေဟာ အင်အား အကောင်းဆုံး လက်နက် တွေပါ။ ကလေး တယောက် ဆရာတဦး နဲ့ စာအုပ် တအုပ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပညာရေးဟာ တခု တည်းသော အဖြေပါ၊ ပညာရေးဟာ ပထမပါလို့ အားနဲ့ မာန်နဲ့ ပြောသွား ခဲ့ပါတယ်။

သူ့ကို တာလီဘန်တွေက နှုတ်ပိတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူးလို့ ပြောခဲ့ ပါတယ်။

မာလာလာဟာ အမျိုးသမီး တွေရဲ့ ပညာရေး ကိစ္စကို တကမ္ဘာလုံး အာရုံစိုက် လာအောင် လုပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ အမျိုးသမီးငယ် ၂၅ ရာခိုင်နှုန်း ဟာ မူလတန်း ပညာကို ပြီးမြောက်အောင် မသင်နိုင်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ကလဲ ဒီအခမ်းအနားမှာ စကား ပြောခဲ့ပြီး မာလာလာဟာ ကျနော်တို့ရဲ့ သူရဲကောင်းလို့ ခေါ်ဝေါ် ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အင်ဒိုနီးရှား အကျဉ်းထောင်အဓိကရုဏ်းကြောင့်လွတ်မြောက်သွားသောအကျဉ်းသားများကို ရဲများလိုက်ရှာနေ

ဂျာကာတာ၊ ဇူလိုင် ၁၂။
ဆူမားတြားမြောက်ပိုင်းပြည်နယ် မြို့တော်မီဒန်ရှိ အစောင့်နှစ်ဦးနှင့် ထောင်သားသုံးဦး သေဆုံးခဲ့သည့်ထောင်တွင်း အဓိကရုဏ်းကြောင့် လွတ်မြောက်သွားသည့် အကျဉ်းသား ရာပေါင်းများစွာကို
အင်ဒိုနီးရှားရဲများ လိုက်လံ ဖမ်းဆီးနေကြသည်။

ထောင်တွင်း အဓိကရုဏ်းသည် မီဒန်မြို့ရှိ တန်ဂျန်ဂတ်စ်တာထောင်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းစခန်းသည်လည်း မီးလောင်ကျွမ်းခဲ့သည်။

အကြမ်းဖက်မှုကြောင့် အကျဉ်းကျခံနေရသူများ အပါအဝင် ထောင်သား ၂၀၀ကျော်သည် လျှပ်စစ်ပြတ်တောက်မှုကြောင့် ရေမရရှိဘဲ ရှိနေသည့်အချိန်တွင် လုံခြုံရေးအမြင့်ဆုံး ထားရှိရသည့် ၎င်းနေရာမှ လွတ်မြောက်သွားကြကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ရွန်နီးဆွန်ပီးက ပြောကြားကြားသည်။

ရေမချိုးရ အိမ်သာမသုံးရသောကြောင့် ဒေါသထွက်နေကြသည့် ထောင်သားများသည် ထောင်ရှိရုံးများသို့သွားရာ တံခါးများကို မီးရှို့ခဲ့ကြပြီး သေနတ်များ ခိုးယူခြင်း အစောင့်များကိုဓားစာခံ
ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

“အခြေအနေကို ထိန်းထားနိုင်လိုက်ပါပြီ၊ မီးတွေလည်း ငြိမ်းသွားပါပြီ”ဟု ဆွန်ပီးက ပြောကြားသည်။
အကျဉ်းသား အနည်းဆုံး ၅၅ ဦးပြန်လည် ဖမ်းမိထားပြီးဖြစ်ကာ ရဲနှင့် စစ်သား ၈၀၀ခန့်သည် လွတ်မြောက် သွားသူများအား ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေနေသည်။

“လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေ ဘယ်နှစ်ယောက်လောက် ဒီမှာရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ ထောင်အရာရှိတွေဆီက အချက်အလက်တွေ စောင့်နေဆဲဖြစ်ပါတယ်” ဟု ဆွန်ပီးက ပြောကြားသည်။

ယခုအကျဉ်းထောင်သည် ထောင်သားတစ်ထောင်ကျော်ခန့်သာ ဆန့်သည့် အဆောက်အအုံဖြစ်ပြီး အကျဉ်းသား ၂၆၀၀လက်ခံထားကြောင်း ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဋ္ဌာနမှ
သတင်းထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားသည် နိုင်ငံတွင်း အကြမ်းဖက်မှုများ တိုးတက်လာနေခြင်းကို တိုက်ခိုက်ရာတွင်
ရလာဒ်ကောင်းကြီးကြီးမားမား ရှိလာနေပြီး ၂၀၀၂ ခုနှစ် ပထမဆုံးအကြိမ် ဘာလီဗုံးကွဲချိန်မှစ၍
အာဏာပိုင်များသည် အကြမ်းဖက်သမားများစွာကို ဖမ်းဆီးခဲ့သည်။

အင်ဒိုနီးရှား၏အဓိက အကြမ်းဖက်သမားအုပ်စုဖြစ်သည့် ဂျမားအစ္စမီယားသည်လည်း ၎င်းတို့ခေါင်းဆောင်များ ဖမ်းဆီးခံရခြင်း သေဆုံးခြင်းများရှိခဲ့ပြီးနောက် အင်အားများစွာ လျော့နည်းခဲ့သည်။

မကြာမီကလည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် နိုင်ငံ၏အလိုအရှိဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးကို အသေဖမ်းမိခဲ့သည်။

လွန်ခဲ့သည့် လတွင်လည်း အင်ဒိုနီးရှားရဲများသည် ဂျာကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစဉ်မှုကို
တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံတွင်းမီဒီယာများပါ သတင်းများအရ သိရသည်။
Ref:CNN
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com