http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

မန္တလေးတွင် ဂီတပြိုင်ပွဲ ကျင်းပ

မန္တလေး ဇွန်၁ ။ ။MWD Digital Channel မှ ကြီးမှူးကျင်းပသော The Music Boxing ပြိုင်ပွဲကို ဇွန်လ ၁ ရက်နေ့က Hotel Mandalay ရှိ စံပယ်ဖြူခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

ပြိုင်ပွဲကို ဇွန် ၂ ရက် ၃ ရက်နေ့အထိဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒိုင်များအဖြစ်တေးရေးဆရာများဖြစ်ကြသော မင်းချစ်သူ ၊နောင်နောင် (ဆန်းဖလားဝါး)နှင့် တေးသံရှင်ဂရေဟမ်တို့မှာ တာဝန်ယူပြီး မန္တလေးမြို့ပြိုင်ပွဲဝင်များ ၁၄၀ထဲမှ ၁၀ဦးကို ရွေးချယ်ပေးမည်ဟုသိရသည်။

မန္တလေးမြိုတွင် Level 1, Level 2 အဆင်ထိကျင်းပကာ ကျန်ပြိုင်ပွဲများကို ရန်ကုန်မြို့တွင်ကျင်းပမည်ဟု သိရပါသည်။

ပထမ ၊ဒုတိယ ၊တတိယ ရရှိသူများကို ဆုငွေ ၁၀သိန်း ၅သိန်း ၃ သိန်း အသီးသီးချီးမြှင့်မည်ဟုသိရပါသည်။
CJMyanmar




ပန်းချီဝင်းဖေနှင့်ပန်းချီစိန်မြင့်တို့၏ ပန်းချီပြပွဲပြုလုပ်

ပန်းချီဝင်းဖေနှင့် ပန်းချီစိန်မြင့်တို့၏ "Art Exhibition2013" ပန်းချီပြပွဲကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၆၅၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပန်းချီ ပြပွဲတွင် ပန်းချီကားပေါင်း ၃၀ ခန့်ပြသထားပြီး ပန်းချီပညာရှင်များနှင့် နိုင်ငံခြားပန်းချီဝါသနာရှင်အများအပြား တက်ရောက်ခဲ့ကြသည်။
M ဘွယ်
Popular Journal





မသန်စွမ်း အားကစားအဖွဲ့ချုပ် ရန်ပုံငွေအဖြစ် ရုပ်ရှင်မင်းသားများပါဝင်သည့် ယှဉ်ပြိုင်ပွဲ

မသန်စွမ်း အားကစားအဖွဲ့ချုပ် ရန်ပုံငွေအဖြစ် ရုပ်ရှင်မင်းသားများပါဝင်သည့် ဘိုင်စကုတ်မင်းသားများ အသင်းနှင့် ဂီတနယ်ပယ်မှပညာရှင်များပါဝင်သည့် ဂီတ အနုပညာရှင် အသင်းတို့သည် ၁၄.၆.၂၀၁၃ သောကြာနေ့(အောင်ဆန်းအားကစားကွင်း) တွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဘိုင်စကုတ်မင်းသားများအသင်းတွင် လူမင်း၊ နေတိုး၊ ရာဇာနေဝင်း၊ အောင်ရဲလင်း၊ နေမင်း၊ မြင့်မြတ် နှင့် အခြားနာမည်ကြီး မင်းသားများပါဝင်ပြီး ဂီတအနုပညာရှင်များအသင်းတွင် မျိုးကြီး၊ ဆောင်ဦးလှိုင်၊ R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ ဆိုတေး၊ Snare၊ မိုးမိုး နှင့်အခြားနာမည်ကြီးဂီတပညာရှင်များ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး လက်မှတ်များကို City Mart ဆိုင်ခွဲများနှင့် Bo Bo Music Production , Cafe SS, ACE Digital Warehouse တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများကို အထူးတန်း (၂၀၀၀)ကျပ်၊ ရိုးရိုးတန်း (၁၀၀၀) ကျပ်တို့ဖြစ်ကြောင်း သိရသည်။
Popular Journal

မန္တလေးမြို့မှာ ဖျော်ဖြေမယ့် တေးသံရှင် ၄ ဦးဖျော်ဖြေပွဲကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်းသိရ

ဧပြီလ ၇ ရက်နေ့က " မောင်ယုံလား၊ နှစ်ယောက်မရှိဘူး" ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ၊အမျိုးသားကဇာတ်ရုံမှာ အောင်မြင်စွာကျင်းပခဲ့တဲ့ ဇော်ဝင်းထွဋ်၊ မေဆွိ၊ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုတို့ တေးသံရှင် ၄ ဦးက မေလ ၂၆ ၇က်နေ့ မန္တလေးမြို့မှာ ဖျော်ဖြေပွဲလုပ်ဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖျော်ဖြေပွဲက အနုပညာရှင်တွေလည်း မစုံလင်သလို၊ သီချင်းတိုက်ဖို့ အချိန်မလောက်မှုတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထွန်းအိန္ဒြာဗို က ပြောပါတယ်။ ဖျော်ဖြေပွဲ ကျင်းပမည့်ရက်ကိုတော့ ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ဝေလွင်
Popular Journal

Nineplanets အင်တာတိန်းမန့်၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲ

Nineplanets အင်တာတိန်းမန့်၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် show ပွဲကို မေလ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး SIR အဖွဲ့ဝင်များဖြစ်သည့် BIGBAG ,WANTED, iDIOTS ,REASON တို့နှင့်အတူ DRIVE နှင့် FEVER109 စသည့် ရော့ခ်ဂီတအဖွဲများလည်း ပါဝင်ဖျော်ဖြေခဲ့ကြသည်။
ရဲရဲ
Popular Journal
ဓာတ်ပုံ - သီဟ








တစ်ကိုယ်တော်ဆန္ဒပြသူ သရုပ်ဆောင် ရဲတိုက် တရားစွဲခံရ

ယနေ့ နံနက် ၁၀ နာရီက ဗိုလ်အောင်ကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ စိန်မေရီကာဒီဒြယ် ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားဝင်ရောက် ရှိခိုးရာမှတင်းမာမှုဖြစ်ပေါ်ခဲ့သဖြင့် သရုပ်ဆောင် ရဲတိုက်က နံနက် ၁၁ နာရီကျော်မှစတင်ကာ ဆန္ဒပြခဲ့သည်။

ထို့နောက် နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ လာေ၇ာက်ထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဗိုလ်တစ်ထောင် စခန်းမှူး ဦးသာဇံ၏ ထုတ်ပြန်ပေးချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင်ရည်ရွယ်ချက်အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူထားကြောင်း သိရသည်။
Popular Journal




မြန်မာနိုင်ငံမှ ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင်ရိုက်မည်

ရန်ကုန်၊ မေ ၁၃
ပြည်တွင်းစစ်ပွဲ များကြောင့် အသက် ဆုံးရှုံးခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အကြောင်းရယ် မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပျက်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် အကြောင်းရယ်ကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းကို နိုင်ငံတကာနည်းတူ ပြသနိုင် ဖို့ရည်ရွယ်ပြီး “ငြိမ်းချမ်းပါစေဇွဲကပင်မြေ” လို့ အမည်ပေးပြီး ရုပ်ရှင်အဖြစ် ရိုက်ကူး သွားမှာဖြစ်တယ်လို့ ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာအဏ်ထော်နီက The Voice ကိုပြောပြပါတယ်။

အဲဒီရုပ်ရှင်ကို အချိန်ပေး ရိုက်ကူးရမှာဖြစ်ပြီး သိန်းသုံးထောင်လောက် ကုန်ကျခံ ရိုက်ကူးမှာဖြစ်ကြောင်း၊ ကမ္ဘာ့ရာဇဝင် တွင်တဲ့ ဒီလေယာဉ်ပြန်ပေး ဆွဲမှုကို မြန်မာနိုင်ငံရှိ KNU အဖွဲ့အစည်းက ပထမဆုံး ပြန်ပေးဆွဲခဲ့တဲ့ သမိုင်းကို မှတ်တမ်းတင် ရိုက်ကူးချင်လို့ ပြန်ပေးဆွဲတုန်းက ပါခဲ့တဲ့ KNU အဖွဲ့ဝင်တစ်ဦးရဲ့မြေးနဲ့အတူ မြဝတီကို ရက်နှစ်ဆယ်ကြာ သွားရောက်စုံစမ်းလေ့လာခဲ့ကြောင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကိုပါ ဖောက်ထွက်နိုင်အောင်လို့ ရိုက်ကူးရေးအတွက် လိုအပ်တဲ့ စက်မှုဆိုင်ရာ ပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ ငှားရမ်းအသုံးပြု ရိုက်ကူးမှာဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်နီက ဆိုပါတယ်။

အကုန်အကျခံ ရိုက်ကူးပေးမယ့် ထုတ်လုပ်သူ ပေါ်ထွက်လာတာကြောင့် မကြာခင်အချိန်မှာ ဒီဇာတ်ကားဟာ အကောင်အထည် ပေါ်လာတော့မှာဖြစ်တယ် လို့လည်း သူက ပြောပါသေးတယ်။
"နာမည်ကြီး သရုပ်ဆောင်တွေက ဒီဇာတ်လမ်းအတွက် အချိန်ပေး ရိုက်ကူးနိုင်မယ်မထင်လို့ သရုပ်ဆောင်အသစ် တွေနဲ့ အကောင်းဆုံး လေ့ကျင့် ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ အောင်ကိုလတ်ရဲ့ ကယန်းအလှ ရုပ်ရှင်လိုမျိုး အကောင်းဆုံး ရိုက်ကူးမှာပါ" လို့ သူကပြောဆိုပါတယ်။

၈၈ ကျောင်းသူ မဝင်းမော်ဦး အကြောင်းကို ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုတဲ့ ဒါရိုက်တာအဏ်ထော်နီက အဲဒီ ဇာတ်ကားထက် ပိုမိုအကုန်ကျ များတဲ့အပြင် တာဝန်ယူ အကုန်အကျခံမယ့် ထုတ်လုပ်သူလည်း ရှိတဲ့ “ငြိမ်းချမ်းပါစေ ဇွဲကပင်မြေ” ဆိုတဲ့ ဒီဇာတ်လမ်းကို အရင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
The Voice Weekly

အမေရိကားဖျော်ဖြေရေးခရီးစဉ်သို့ အနုပညာရှင်များထွက်ခွာ

ရုပ်ရှင်၊ဂီတ၊သဘင်မှ အနုပညာရှင်များဖြစ်ကြသော ခိုင်သင်းကြည်၊ မန္ထလေးသိန်းဇော်၊ စိန်ဝင်းထွန်း၊ ဖိုးကာ၊ နိုင်ဇော် တို့သည် ရက်ပေါင်း ၄၀ ကြာမြင့်မည်ဖြစ်သော အမေရိကားဖျော်ဖြေရေးခရီးစဉ်သို့ ယနေ့ မေလ ၉ ရက် နံနက် ၁၀ နာရီခွဲ တရုတ်လေကြောင်းလိုင်းဖြင့် တိုင်ပေကိုထွက်ခွာသွားခဲ့ပြီး တိုင်ပေမှတစ်ဆင့် အမေရိကားသို့ ခရီးဆက်မည်ဖြစ်သည်။ အဆိုပါ အနုပညာရှင်အဖွဲ့သည် ဇွန်လ ၁၅ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ထက်လူလူ
Popular Journal




မြန်မာသံစဉ် အဆိုတော်သစ်များ အလင်္ကာဝတ်ရည် ဖိတ်ခေါ်

May 7, 2013
အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့က ဦးစီးကျင်းပသည့် မြန်မာသံစဉ် စင်တင်ဖျော်ဖြေပွဲပွဲ တစ်ခုတွင် ဖျော်ဖြေနေသော အဆိုတော် ဖိုးသောကြာကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာသံစဉ် တေးသီချင်းများကို အစဉ်အစိုက် တီးခတ်ဖျော်ဖြေထိန်းသိမ်းလျက်ရှိသည့် အလင်္ကာ ဝတ်ရည် ဂီတအဖွဲ့က  မြန်မာသံစဉ် တေးသီချင်းများသီဆိုနိုင်မည့် အဆိုတော်သစ်များကို ဖိတ်ခေါ်ပါကြောင်း အလင်္ကာဝတ်ရည်၏အဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်အေးက ပြောသည်။

အလင်္ကာဝတ်ရည်ဂီတအဖွဲ့က  နှစ်စဉ် မြန်မာသံစဉ် တေးသီချင်း အသစ် ၅၀ ခန့် ရေးသားရိုက်ကူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်လျက်ရှိရာ အဆိုပါအစီအစဉ်အတွက် မြန်မာသံစဉ် တေးသံရှင် အသစ်များ ဖိတ်ခေါ်ခြင်းရှိကြောင်း သိရှိရသည်။

“မြန်မာ့အသံနဲ့ရုပ်မြင်သံကြား မှာ ဗုဒ္ဓဟူးနေ့တိုင်းလွှင့်နေတဲ့ မြန်မာသံစဉ် သီချင်း အစီအစဉ်အတွက် အဆိုတော်တွေကို ဖိတ်ခေါ်နေတာပါ။ နှစ်စဉ်နှစ်တိုင်း တနှစ်စာ မြန်မာသံစဉ် သီချင်းသစ် အပုဒ်  ၅၀ လောက် သွင်းတယ်၊ ရိုက်တယ်၊ လွှင့်တယ်ပေါ့။ အခု သီချင်းအသစ် ၄၈ ပုဒ်သွင်းနေတယ်။ အလင်္ကာဝတ်ရည် ပင်တိုင်အဆိုရှင် တွေအပြင် သဲနုဝါ၊ စိမ့်နေခြည်၊ ဗညားဟန်၊ ရဲရင့်ဝေလွင်တို့ဆိုထားကြတယ်၊ မြန်မာသံ ပိုင်နိုင်ပြီး အလင်္ကာဝတ်ရည်နဲ့လက်တွဲချင်တဲ့ တေးသံရှင်တွေကို ကြိုဆိုပါတယ်” ဟု ဦးမောင်မောင်အေး က ဆိုသည်။

အလင်္ကာဝတ်ရည်ဂီတအဖွဲ့နှင့်တွဲဖက်ပြီး မြန်မာသံစဉ် သီချင်းများ သီဆိုနေသည့် အဆိုတော် စိမ့်နေခြည်က- ”ကျမ ဆိုရမှာသီချင်းသစ် ၃ပုဒ်ပါ။ ဦးမောင်မောင်အေးရေးပေးတယ်။ သီချင်းတွေက အားလုံး တကယ့်ကို မြန်မာသံစစ်စစ် တွေချည်းပဲ၊ ကျမကတော့ သီချင်း အေးအေးတွေသိပ်မကြိုက်ဘူး၊ နည်းနည်းမြူးတာလေးတွေ ရေးပေးပါဆိုတော့ လှေကလေးကိုလှော်မည် သီချင်းလိုမျိုး သီချင်းအမြူး ပုံစံမျိုး လေးတွေ ပေးထားပါတယ်။ မြန်မာသံစဉ်စစ်စစ်တွေကို အခုလို ဆက်ပြီးထိန်းထားနိုင်တာ ကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အလင်္ကာဝတ်ရည်ဂီတအဖွဲ့က မြန်မာသံစဉ် အဆိုတော်သစ်များ ဖိတ်ခေါ်ရခြင်းမှာ  မြန်မာသံစဉ်ကို ပိုင်နိုင်သော အဆိုတော်သစ်များ ပေါ်ထွန်းရန် ရည်ရွယ်ပြီး အထူးသဖြင့် အစိုးရက ကြီးမှူးကျင်းပသည့် ဆိုကရေးတီးပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိသူများကိုစံထား၍ရွေးချယ်ကြောင်း ပြောသည်။

မြန်မာသံစဉ် အဆိုတော်သစ်တဦးဖြစ်သူ တေးသံရှင် ရဲရင့်ဝေလွင့်ကလည်း ခေတ်ပေါ် တေးဂီတ ကျယ်ပြန့် ထွန်းကားနေချိန် မြန်မာသံစဉ်တေးသီချင်များကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ သူ့အနေဖြင့် မြန်မာသံစဉ် သီချင်းသစ်များကို အလင်္ကာဝတ်ရည်ဂီတအဖွဲ့နှင့်တွဲဖက်သီဆိုလျက်ရှိကြောင်း ပြောသည်။

“မြန်မာသံစဉ်က ဘယ်တော့မှပျောက်မသွားဘူး၊ လက်ဆင့် ကမ်းသယ်လာရတဲ့ အတွက် ဝမ်းသာတယ်။ အလင်္ကာဝတ်ရည် အဖွဲ့က သီချင်းအသစ်တွေ အဆက်မပြတ်အောင်လုပ်ပေးတယ်။ ကျမတို့က လည်းဝင်ပြီးဆိုပေးခွင့်ရလို့ဝမ်းသာပါတယ်” ဟု အဆိုတော် ရဲရင့်လွင်က ဆိုသည်။

မြန်မာအသံနှင့်ရုပ်မြင်သံကြားက မြန်မာသံစဉ် သီချင်းသစ် အသံသွင်း၊ ရိုက်ကူး၊ ထုတ်လွှင့်ရန်အတွက် အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့ကိုဖိတ်ခေါ်ခဲ့ပြီး လာမည့် ဇွန်လမှ သြဂုတ်လအထိ သီချင်းသစ် အသံသွင်း ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် တေးသရုပ်ဖော်များ ရိုက်ကူး မည်ဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလမှ ၂၀၁၄ ဇွန်လ အထိမြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း၊ မြန်မာသံစဉ် တေးသီချင်းသစ်အစီအစဉ်ကို မြန်မာအသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့သည်မှာ ၄ နှစ်တိတိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
နဒီထိုက်
The Irrawaddy (Burmese Version)

မေလအတွင်းထွက်လာမယ့် Rဇာနည် ရဲ့ အဆိပ်တက် အိပ်မက်ဗီစီဒီ

သင်္ကြန်တွင်းကို မန္တလေး Alpine မှာ ဖြတ်သန်းခဲ့တဲ့ Rဇာနည် က သင်္ကြန်အပြီးမှာလည်း မနားရဘဲ ရှိုးတွေ လိုက်ဆိုဖြစ်နေပါတယ်။ Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက်တေးစီးရီး ဗီစီဒီကိုလည်း မေလထဲမှာ ထွက်မယ်လို့သိရပါတယ်။ ထိုင်းကို ရှိုးပွဲတွေ တောက်လျှောက်လိုသွားဆိုဖြစ်နေတဲ့ Rဇာနည်ကို ထိုင်းမှာ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဘယ်လို
အနေအထားမျိုးရှိလဲလို့မေးတော့" ထိုင်းဘက်ကိုတော့ ဟိုးလွန်ခဲ့တဲ့ ၅နှစ်၊ ၆နှစ်ဝန်းကျင်ကတည်းက တောက်လျှောက်လိုသွားဖြစ်တယ်။ အရင်ကတော့ ပွဲစီစဉ်သူမြန်မာတွေက အဲဒီက မြန်မာအလုပ်သမားတွေအတွက် စပြီးလုပ်ပေးတယ်။ အဲဒါနဲ့ နောက်ပိုင်းထိုင်းက စီစဉ်သူတွေပါလုပ်လာကြရင်း တောက်လျှောက်ဖြစ်လာတာ။

အဲဒီမှာအလုပ်သမားတွေလည်း များတော့ ဖျော်ဖြေပွဲမှာ သူတို့အတွက် လုံခြုံရေးကို အပြည့်အဝတာဝန် ယူပေးထားရင်တော့ အဆင်ပြေတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အဆင်မပြေဘူး။ ပွဲလုပ်တဲ့သူလည်း ရှုံးတယ်။ သေချာစီစဉ်ထားရင်တော့ အဆင်ပြေပါတယ်။ အဲဒီမှာဖျော်ဖြေတဲ့ပွဲတွေမှာက သေချာ စီစဉ်ထားသင့်ပါတယ်" လို့ ထိုင်းဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။ပြည်ပရှိုးတွေသွားတဲ့အခါ ကိုယ့်ဝိုင်းနဲ့ ကိုယ်သွားဖို့ပဲ ပြောလေ့ရှိသလားဆိုတာကိုမေးတော့" မသိတဲ့ဝိုင်းတွေနဲ့ဆိုရင် သီချင်းတိုက်ဖို့က အချိန်လည်းကြာမှာစိုးလို့ပါ။ ဒီမှာဆိုနေကျဝိုင်းကျတော့ အဆင်ပြေတာပေါ့။

တစ်ဝိုင်းတည်းကို ရွေးခေါ်တာမျိုးလည်း မဟုတ်ဘူး။ အဆင်ပြေတဲ့ဝိုင်းနဲ့သွားတာပေါ့။ တီးဝိုင်းနဲ့ စကားပြောဖြစ်တဲ့အခါကျတော့လည်း တီးဝိုင်းကနေ ကျွန်တော်တို့ကို ပြန်ချိတ်ပေးတယ်။ အဲဒီလိုပါပဲ" လို့ပြောပါတယ်။ ပွဲဆက်တွေလည်းများတဲ့ Rဇာနည်က မေလဆန်းထဲမှာလည်း ရက်ဆက်ဆိုသလို ပြည်တွင်းပွဲရော၊ ပြည်ပပွဲမှာပါ ဆက်တိုက်လို ဆက်နေပါတယ်။ အလုပ်များတဲ့ Rဇာနည်အတွက် မန်နေဂျာတစ်ယောက်လောက် မလိုဘူးလား ဆိုတော့ လောလောဆယ်တော့မလိုသေးပါဘူးလို့ပြောပြီးသူရဲ့ဇနီးဝမ်းကပဲတချို့ကိစ္စတွေကိုစီစဉ်ပေးပါတယ် ဆိုတာလည်းသိရပါတယ်။ Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက် ဗီစီဒီကိုလည်း ဒီမေလထဲမှာပဲ ထွက်ဖို့ရှိနေပြီး လတ်တလောမှာတော့ ရှိုးပွဲတွေနဲ့ပဲ အလုပ်များနေတယ်ဆိုတာကိုလည်း သိရပါတယ်။
ရဲရဲ
Popular Journal

Miss International အတွက် ပြင်ဆင်နေတဲ့ မန္တလေးသူ ဂုဏ်ရည်အေးကျော်

နိုင်ငံခြားချန်နယ်တွေနဲ့ အစီစဉ်တချို့ရိုက်ကူးထားပြီး ပွဲတွေမှာအစီစဉ် တင်ဆက်သု အဖြစ်လုပ်ဖြစ်နေတဲ့ မန္တလေးသူ Miss Myanmar ဆုရှင် ဂုဏ်ရည်အေးကျော်က လတ်တ လောမှာ ထိုင်းသံရုံးကလုပ်တဲ့ ကိုရီးယားနဲ့မြန်မာလူမျိုး မင်္ဂလာဆောင်တဲ့ ပွဲမှာ အင်္ဂလိပ် စကားပြော အစီစဉ်တင်ဆက်သူအဖြစ်လုပ်ဖို့ရှိတယ်လို့ ပြောပြီး ရှိုးေ လျှာက်ဖို့ တော့ မရှိသေးဘူးလို့ပြောပါတယ်။အခုလထဲမှာ ချမ်းမြသုခလူမှု ကူညီရေးအသင်းကပေးတဲ့ အသင်းဝင်ထူးချွန်ဆုကိုလည်း ယူဖို့ရှိတယ်လို့ ပြောပါတယ်။

လတ်တလောမှာ Miss International အတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေတာကို ” ဒီတစ်နှစ်အတွင်းတော့ Miss International ကိုပဲ အာရုံစိုက်ပြီးလုပ်သွားမယ်။ ဆရာမတင်မိုးလွင်ဆီမှာ အနေအထိုင်၊အပြောအဆို Miss တစ်ယောက်ရဲ့ပြောဆိုပြုမူ နေထိုင်ပုံတွေ ကိုသင်တန်းစ ပေးနေပြီ။ နောက်ထပ် အင်္ဂလိပ် စာသင်တန်းထပ်တက်မယ်။ Body Training လည်း စလုပ်နေပြီ။

နည်းနည်းချင်းစီ တော်တော်များများလုပ်နေ ပါပြီ။ ဒီတစ်နှစ်တော့ ဒီပွဲ အတွက်ပဲ အာရုံစိုက်သွားမှာပါ။ ဒီပွဲပြီးသွားလို့ ပြန်လာရင်တော့ အနုပညာအလုပ်တွေကို ကိုယ် စွမ်းဥာဏ်စွမ်းရှိသလောက် လုပ်ဆောင်သွားမှာပါ။ ဒီပွဲမှာ Miss Internet ဆုအတွက် မြန်မာနိုင်ငံက ပရိသတ်ကြီးကို ယုံကြည်ပြီးသားပါ။ ဒီနှစ်မှာ မနှစ်ကထက်အချိန်ပိုရတော့ အခြားဆုတစ်ခုခု ထပ်ရအောင် ဂုဏ်ရည်ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ဂုဏ်ရည်အေးကျော်ကမန္တလေးသူတစ်ယောက် ဖြစ်လို့အနုပညာလုပ်ငန်း တွေလုပ်ကိုင်ဖို့ ရန်ကုန်မှာ သွားနေရတာကြောင့် အခက်အခဲနည်း နည်းရှိတယ်လို့ ဆိုပါတယ်။ ” အဓိကကတော့ ကိုယ့်မိသားစုနဲ့ ၊ကိုယ့်မြို့နဲ့ ခွဲနေနေရတာပါပဲ။ကိုယ့်မြို့မှာ ဆိုဘယ်သွားသွားယုံကြည်မှု ပိုရှိတယ်။တစ်ယောက်တည်းသွားရလည်း အဆင်ပြေတယ်။ အခုရန်ကုန်မှာဆိုရင်တစ်ယောက်တည်းသွားရရင် အားငယ်တယ်။ မန္တလေးမှာကျတော့ ဘယ်သွားသွား ကိုယ့်ကို ကူညီမယ့်သူတွေ ကိုယ်ကို သိနေတဲ့ လူတွေရှိတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိ တယ်။ရန်ကုန်မှာကျတော့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုမရှိ သလိုပဲ။တစ်ယောက်တည်းလို့ခံစားနေရ တာကြီးကိုမကြိုက်တာပါ” လို့ ပြောပါတယ်။ မန္တလေးသူ မန္တလေးသားတွေ အစွဲကြီးတယ်လို့တခြားလူတွေပြောတာကို လက်ခံပြီး သူကိုယ်တိုင်လည်း မန္တလေးကိုချစ်တယ်လို့” ဂုဏ်ရည်အေးကျော်ကဆိုပါ တယ်။
Popular Journal

ရန်ကုန်အပြီး နယ်ဖျော်ဖြေပွဲတွေဘက် ခရီးဆက်မယ့် စိုးသူ

ဓာတ်ပုံ-မင်းမင်းထွန်း
Past & Present တစ်ကိုယ်တော် ဖျော် ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုမိုရရှိစေခဲ့တဲ့ စိုးသူက နောက်ထပ်လည်း ဖျော်ဖြေ ပွဲပြု လုပ်ဖို့ အစီ အစဉ်ရှိ ကြောင်း သိရပါတယ်။ ဖျော်ဖြေပွဲ ပြီးတဲ့နောက် ပိုင်းမှာ တီဗီကြော်ငြာနဲ့ မဂ္ဂဇင်း၊ဂျာ နယ်တွေ အတွက်လည်း ဓာတ်ပုံရိုက်ဖြစ်သလို ဧပြီလ ၂၇ရက်နေ့မှာတော့ နန်းဆုရတီစိုးနဲ့ ဆီးဂိမ်း အားကစားပြိုင်ပွဲအတွက် လှုံ့ဆော်ရေးအနေနဲ့ ဓာတ်ပုံလည်း ရိုက်ဖြစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံ ရိုက်ကွင်းမှာ စိုးသူနဲ့ တွေ့ဆုံခိုက်ဖျော်ဖြေပွဲ အကြောင်း သင်္ကြန်ပုံရိပ်၊ စီးရီးခွေသစ် အကြောင်း နဲ့ အနုပညာ လှုပ်ရှား မှုအကြောင်းတွေ ကို မေးမြန်း တင်ဆက် လိုက်ပါ တယ်။

ဆီးဂိမ်းအတွက်ဓာတ်ပုံရိုက်

မြန်မာတိုင်းရင်းသားလုပ်သား ပြည်သူ တစ်ရပ်လုံး လှိုက်လှိုက်လှဲလှဲနဲ့ ဝိုင်းဝန်းပြီး ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုလို့ မြင်ပါတယ်။ အားလုံး ပျော်ပျော် ရွှင်ရွှင်နဲ့ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နဲ့ ဝိုင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင်ကိုယ့်တိုင်းပြည်အတွက်လည်း ကောင်း တယ်။ အားလုံးအ တွက်လည်း ကောင်းတယ်။ ကိုယ့်တိုင်းပြည်က မိဘပြည်သူတိုင်းရင်းသား လုပ်သား ပြည်သူတစ်ရပ်လုံးအတွက် လည်း ကောင်းတယ်။ ကမ္ဘာ မှာလည်း မြန်မာနိုင်ငံ အတွက်ဂုဏ်ယူ စရာဖြစ်မယ်။လာပြီးကမ်း လှမ်းကြတဲ့အခါ အနုပညာလောကသားထဲက အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့လည်း တာဝန်ရှိတယ် ဆိုပြီး တစ်တပ် တစ်အား အုတ်တစ်ချပ်သဲ တစ်ပွင့်လိုပါဝင်ပြီးတော့ကူညီ ပေးတာပါ။

တစ်ကိုယ်တော်ရှိုးပွဲအခွေထွက်မယ့် အကြောင်း

အထူးသဖြင့်ပွဲကို ကိုယ် တိုင်ကိုယ်ကျ မကြည့်လိုက်ရတဲ့လူ တွေရော၊ ကိုယ်တိုင်ကိုယ်ကျ ကြည့် ရတဲ့ လူတွေရော၊ အွန်လိုင်းက နေ နိုင်ငံခြားမှာေ ရာက်နေတဲ့ လူတွေရောအားလုံးကတညီ တညွတ် တည်း တောင်းဆို ကြတယ်။ သူတို့က အမှတ်တရကို သိမ်းထားချင်ကြတယ်။ တချို့ဆိုရင် နေ့ တိုင်းကို ဖွင့်ကြည့်ချင် တယ်လို့ပြောကြတယ်။ အဲဒီ အပေါ်မှာလည်း အနုပညာ တာဝန်တစ်ခုထပ်ပြီးပိုလာပြန် ပြီ။ ဒီဟာအတွက်ကို ကျေးဇူး တုံ့ ပြန်တဲ့အနေနဲ့ ကောင်းကောင်း မွန်မွန်တစ်ခု လုပ်ဆောင်ပေးရ မယ်၊ ဆောင်ရွက်ပေးရမယ်ဆိုတဲ့ စိတ်စေတနာလေးဖြစ်ပေါ်လာ တယ်။ အဲဒါနဲ့အတူတူ ဆောင်ရွက် ကြတဲ့ စိတ်တူကိုယ်တူလူတွေကို တိုင်ပင်ပြီးတော့သူတို့ တောင်းဆို နေတဲ့ Collected Edition DVD ကောင်းကောင်းေ လး တစ်ခုလုပ်မယ်လို့ စိတ် ကူးထားတယ်။ အစုံပေါ့။ပွဲနဲ့ပတ်သက်တာ တွေ အစုံပါအောင်လုပ်မှာပါ။ အခုလည်း အပြင်မှာ ကျွန်တော့်အခွေလေးေ တွ ထွက် တယ်လို့ ကြားပါတယ်။ ပွဲပြီး နောက်ရက် ကတည်းက စထွက်နေတာ။ ကျွန်တော့်ကို တောင်လာပြီးရောင်းကြေ သးတယ်။ မီးပွိုင့် မှာ စိုးသူခွေယူမလား၊ ယူမလားဆိုပြီးနောက်ေ တာ့မှန်ကနေမြင်နေရတော့ ကြည့် လိုက်တော့ ကိုစိုးသူပဲဆိုပြီး ရယ်သွားကြ တယ်။ ထွက်တဲ့အခွေက အတူတူပဲလို့တချို့ ကပြောကြတယ်။ တချို့ကလည်း မတူဘူးလို့ ပြောကြတယ်။ ဒါပေမဲ့တချို့တွေအိမ်မှာ ကြည့်ကြတာတွေ ပြန်ကြားရတာရော၊ ကိုယ်တိုင်သိသလောက်ရော သူတို့ အခွေကို အစ အဆုံးတော့ မကြည့်ပေမယ့် အစီအစဉ်အတိုင်း မဟုတ်ဘူးလို့ပြောတယ်။ပွဲမှာတုန်းက ရှေ့ကဟာက အလယ်ရောက်နေ တယ်။ နောက်က ဟာက ရှေ့ရောက်နေတယ်။ ရှေ့က ဟာက နောက်ရောက်နေတယ်။ အဲဒီ လိုဖြစ်တယ်လို့ သိရတယ်။ အစ အဆုံးတော့ သေချာမကြည့်ရသေး ပါဘူး။ ကြည့်လည်းကြည့်ဦးမယ်လို့ စိတ်ကူးထားပါတယ်။ ပရိသတ်တွေ တောင်းဆိုထားတဲ့ အခွေအတွက်ကို အကောင်းဆုံးအဆင်ပြေဆုံးနဲ့ ဘက် စုံထောင့်စုံက အစစအရာရာကောင်း မွန်အောင် မိဘပြည်သူတွေအ တွက် လည်း အဆင်ပြေဆုံးဖြစ်အောင် စီ စဉ်နေပါတယ်။ ကျွန်တော်တို့ခေတ် တုန်းကလည်း ဗီဒီယိုတွေမှာတော့ ခိုးကူးတွေရှိပါတယ်။ ဒီဗီဒီတွေမှာ လည်း ကျွန်တော်တို့မသွားခင် လောက်က ရှိတယ်လို့ သိရပါတယ်။ အခုတော့ အဲဒါတွေက ဆက်လက် ပြီး တည်ရှိနေတုန်းပဲ။ ဒီအပေါ်မှာ လည်း လိုက်ပြီးတော့ အဆင်ပြေဆုံး ဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက် နေကြတယ်လို့လည်း ကြားရတယ်။ ဒီကြားထဲမှာလည်း ဒီလိုအခွေတွေ ထွက်နေ တုန်းပဲလို့လည်း ကြားရ တယ်။ အဲဒီအပေါ်မှာ တိတိကျကျ ကြီးဘာမှ မဝေဖန်တတ်ပါဘူး။ အဓိ ကကတော့ မိဘပြည်သူတွေ စိတ် ချမ်းသာရင်ပြီး တာပါပဲ။ အားလုံး အတွက် အဆင်ပြေဆုံးဖြစ်စေချင်ပါ တယ်။

နယ်လှည့်ဖျော်ဖြေပွဲတွေအကြောင်း

နယ်ဆိုတာကလည်း အများကြီး မဟုတ်ပါဘူး။ လောလောဆယ်တော့ တခြားမြို့မှာ ဆိုဖို့ရှိပါတယ်။ အဲဒါလည်း ပြင်ဆင်ရဦးမှာပါ။ နဂိုက လည်း သူတို့စပြောကတည်းက ၆ပွဲ ၇ပွဲလောက်အများကြီးပြောထားတာ။ ကိုယ့်ဘက်က အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်မယ့် အနေအထားကို ပဲ စဉ်းစားပါတယ်။ နေရာအများ ကြီးနဲ့ မြို့အများကြီးတော့ သွားဖြစ် မယ်လို့ မထင်ပါဘူ။ သွားဖြစ်မယ့် အနေထားပေါ်မှာ ချိန်ပြီး စဉ်းစား နေတုန်းပါ။ တစ်ကိုယ်တော် ဖျော်ဖြေပွဲပါပဲ။

စီးရီးအသစ်နဲ့ သီချင်းအသစ်

သီချင်းခွေကလည်း ထုတ်ချင် တယ်လို့ပြောတဲ့ လူတွေများပါတယ်။ တစ်ခွေတော့ ပရိသတ်အတွက် ကောင်းနိုးရာရာလေးတွေစုပြီးတော့ စီစဉ်ေ ဆာင်ရွက်ဦးမှာပါ။ လော လောဆယ်ကတော့ MRTV 4 နဲ့ သီ ချင်းလေးတွေ စီစဉ်ထားတာရှိတယ်။ကျွန်တော်ဆိုဖူးတဲ့ သီချင်းဟောင်း တွေလည်း ပါတယ်။ သီချင်းအသစ် တွေလည်း ပါတယ်။ တချို့သီချင်း လေးတွေလည်း လွှင့်ပြီးသားဖြစ်နေ တယ်။ သီချင်းအသစ်တွေလည်း ထပ် ပြီး ပါလာ မှာပါ။

ဆယ်စုနှစ်ကြာဝေးကွာနေတဲ့ သင်္ကြန် နဲ့ ပြန်လည်ထိတွေ့ရတဲ့ ခံစားမှု
သင်္ကြန်နဲ့ဝေးနေတာလည်း ၁၂ နှစ်၊၁၃နှစ်ရှိပြီ။ တစ်ခါမှ အကြာကြီး မကြုံရတဲ့ သင်္ကြန်ကို ကာလအတော် ကြာမှ ပြန်ပြီး သင်္ကြန်ကို ကြုံရတဲ့ အခါမှာ အင်မတန်ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ရွှင်ပါတယ်။ အကြာ ကြီးတော့ အချိန်ပေးပြီး မကစားဖြစ် ပါဘူး။ သမီးလေးရေပက်တာကို လိုက်ပို့ရင်းနဲ့ခဏသွားကြည့်ပြီး လေ့လာဖြစ်ပါတယ်။ ပျော်လည်းပျော် ပါတယ်။ လူတွေ ပျော်နေတာတွေ့ ပြီး ကြည်နူးမိပါတယ်။ အမှန်က တော့ ခဏလေးပဲ နှစ်ညနေသွား တာပါ။ ပထမညနေကလည်း နာ ရီပိုင်းလောက်ပါပဲ။ နောက်တစ်ရက်က နာရီဝက်သာသာလေးပါပဲ။ သင်္ကြန်အတက်နေ့ က ကျွန်တော့် မေမေကွယ်လွန်အနိစ္စရောက်သွား တာ ၃လတိတိပြည့်တဲ့နေ့ဖြစ်သွား တော့ အဲဒီနေ့က ကျွန်တော့်ဖေဖေ နဲ့ မဟာဝိဇယဘုရား ကိုသွားပြီး အလှူခံပုံးတွေ လှူပါတယ်။ လျှပ်စစ် မီးတွေလှူတယ်။တခြားအလှူတွေ လှူတယ်။ ဒါတွေကလည်း ဟိုးအရင် ကတည်းက အမြဲတမ်း လှူနေကျပါ။ ကျွန်တော့်မိဘတွေ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက တစ်သက် လုံး လှူလာခဲ့တဲ့ ကိစ္စတွေပါ။ တတ် နိုင်တဲ့ဘက်က ဒါနသီလ ဘာဝနာ အမြဲဆောင်ရွက်ပါတယ်။သမီးလေး နဲ့ သမီးလေးရဲ့အဘိုး၊အဘွားများနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ တတ် နိုင်တာလေးတွေ သွားလြှူ ဖစ်ပါ တယ်။ ပြီးတော့ သားအဖနှစ်ယောက် ခဏပျော်ပျော်ရွှင်ရွှင်နေ ဓာတ်ပုံရိုက် ပြီး ပြန်လာပါတယ်။

ကြော်ငြာရိုက်ကူးမှုနဲ့ ဇာတ်ကား ရိုက်တွေအကြောင်း

ကြော်ငြာက အများကြီးတော့ မရိုက်ပါဘူး။ လာပြောထားတာ တော့ အများကြီးပဲ။ ဇာတ်ကားရိုက် တွေလည်း လာပြောထားတာပဲ။ အလျဉ်းသင့် တာလေးတွေ ရိုက်ပါ တယ်။ လောလောဆယ်တော့ တီဗီ ကြော်ငြာတို့၊ ဘေဘုတ်ကြော်ငြာတို့ ရိုက်ဖြစ်ပါတယ်။တချို့စာပေစာ နယ်ဇင်း၊ မဂ္ဂဇင်းေ တွအတွက် ရိုက် ဖြစ်တယ်။ တချို့တီဗီပရိုဂရမ်တွေ အ တွက်ရိုက်ဖြစ်ပါတယ်။ ဇာတ်ကား ကလည်း အခုတကယ်လို့ ကျွန်တော် နောက်တစ်မြို့မှာ မိဘပြည်သူတွေ အတွက် စေတနာမေတ္တာနဲ့ အကောင်းမွန်ဆုံး ဆောင်ရွက်မယ့်ပွဲမျိုးရှိမယ်ဆိုရင် အဲဒီပွဲအတွက် တာဝန်တွေ အများကြီး ကြီးပါ တယ်။ အဲဒီအတွက် စီစဉ်ရဦးမှာဆိုတော့ ဇာတ်ကားရိုက် ဖို့အတွက် အားလုံးကို ဖြေမပေးရသေးပါဘူး။ ဒါပေမဲ့ ဒီပွဲပြီးလို့ အချိန်ဆက်ရမယ် ဆိုရင် တော့ ရိုက်ဖြစ်မှာပါ။
ခိုင်ဝေလွင်
Popular Journal

အိမ်မက်ဆုံရာ Season 5 ၏ Grand Final ပွဲစဉ်

အိမ်မက်ဆုံရာ (Season 5 ) Grand Final
ပရိတ်သတ်များ စိတ်ဝင်စားသော အိမ်မက်ဆုံရာ Season 5 ၏ Grand Final ပွဲစဉ်ကို မေလ ၅ ရက်နေ့ ညနေ ၆ နာရီက ကန်တော်ကြီး၊မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပထမဆုနှင့် Popular Choice ဆုကို အောင်မြင့်မြတ် က ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ ထင်ဒိုင်းက ရရှိခဲ့ပါတယ်။
ရဲရဲ
Popular Journal





ဖြူဖြူ ဖေ့ဘွတ်မသုံးဘူးဆိုတာ ပရိတ်သတ်ကြီးကို သိစေချင်ပါတယ်

လတ်တလော အသုံးများဆုံးသော လူမှုကွန်ယက်တစ်ခုဖြစ်သည့် facebook ကိုတေးသံရှင် ဖြူဖြူကျော်သိန်းအနေဖြင့် လုံးဝအသုံးမပြုကြောင်း သိ၇သည်။ အွန်လိုင်းတွင် ဖြူဖြူကျော်သိန်း အမည်ဖြင့် အကောင့်များရှိသော်လည်း အဆိုပါအကောင့်များမှာ ဖြူဖြူကျော်သိန်း၏ ချစ်သော ပရိတ်သတ်များက ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

"ဖြူဖြူက သတင်းတွေ ကြည့်ချင်ရင်တော့ မမညို ရဲ့အကောင့်နဲ့ ဝင်ကြည့်ဖြစ်တာမျိုး၊ အီးမေးလ်သုံးတာမျိုးလောက် လုပ်ဖြစ်ပါတယ်။ Facebook ကိုတော့ လုံးဝမသုံးဖြစ်ဘူး၊ အခုရှိနေတဲ့ အကောင့်တွေက လည်း ဖြူဖြူမဟုတ်ပါဘူး.. ပရိတ်သတ်တွေက ချစ်လို့ ကိုယ့်နာမည်နဲ့ လုပ်ပေးထားတာရှိတယ်။ အဲဒီကောင့်ဆို၇င် တကယ်ဖြူဖြူအစစ်လိုပဲ ဖြူဖြူရဲ့ တနေ့တာအချိန်ကလေးကအစ ဆွဲထားတာရှိတယ်။ ဒါက အခုဘာမှမဖြစ်သေးပေမယ့် ကြာလာ၇င် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ဖြူဖြူ လုံးဝ ဖေ့ဘွတ်မသုံးပါဘူး၊ ဖြူဖြူနာမည်အကောင့်နဲ့ ပြောတာကလည်း ဖြူဖြူရေးတာတွေမဟုတ်ဘူးဆိုတာ ပရိတ်သတ်ကြီးကို သိစေချင်ပါတယ်။" ဟု ဖြူဖြူကျော်သိန်းက ပေါ်ပြူလာမှတစ်ဆင့် ပြောကြားခဲ့သည်။
ရဲရဲ
Popular Journal

ရတနာခင် ဒုတိယမြောက်ရင်သွေးမွေးဖွား


သရုပ်ဆောင် ရတနာခင်ရဲ့ ဒုတိယမြောက် သားလေးကို မေလ ၄ ၇က်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပန်းလှိုင်ဆေးရုံမှာ ဒေါက်တာ မေသူမျိုးညွန့်က မွေးဖွားပေးခဲ့ပြီး ကလေးဆရာဝန်ကေ တာ့ ဒေါက်တာ မြတ်မြတ်အုန်းဖြစ်ပါတယ်။

၇ ပေါင် ၈ အောင်စရှိပြီး သားကြီးကတော့ ချစ်စနိုးလေးနဲ့ နာမည်ခေါ်တာကတော့ ညီလေး လို့ခေါ်ပြီး အခုလောလောဆယ် ညီလေးလို့ခေါ်ကြောင်း ခွဲခန်းထိလိုက်ပါပေးတဲ့ ရတနာခင် ရဲ့ခင်ပွန်းက ပြောပြခဲ့ပါတယ်။
Popular Journal
P066 ဓာတ်ပုံ - မင်းမင်းထွန်း 
 

ဒေါက်တာကောင်းကျော်ဆွေ နှင့်ရေဗက္ကာဝင်းတို့၏ မင်္ဂလာပွဲ

ဒေါက်တာ ကောင်းကျော်ဆွေနှင့် တေးသံရှင်ရေဗက္ကာဝင်း တို့၏ မင်္ဂလာပွဲကို မေလ ၁ ၇က်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဂျပ်ဆင်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Popular Journal
ဓာတ်ပုံ - ရေဗက္ကာဝင်း ဖေ့စ်ဘွတ်ခ်




အမျိုးသားသတင်းဆုပေးပွဲတွင် သံချပ်အဖွဲ့ပါဝင်ဖျော်ဖြေမည်

Thursday 2.5.2013
မေလ(၃)ရက်နေ့တွင် အမျိုးသားဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသားသတင်း ဆုပေးပွဲမှာဖျော်ဖြေရေးအနေဖြင့် တယောဦးတင်ရီ တယောအဖွဲ့နှင့် အဆိုတော်များ၏ ဖျော်ဖြေမှု၊ သရုပ်ဆောင်မျိုးမျိုးခိုင်တို့၏ အိုးမော်ဒယ်လ်သံချပ်အဖွဲ့၏ ဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

သံချပ်ထိုးရန် သံချပ်စာသားများကို နံနက်ခင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ရေးသားပေး ထားကြောင်းသိရသည်။ အိုးမော်ဒယ်သံချပ်အဖွဲ့နှင့် တယောဦးတင်ရီတယောအဖွဲ့တို့သည် ဧပြီလ(၂၉)ရက်နေ့ကစတင်လေ့ကျင့်နေခြင်း ဖြစ်ပြီးမေလ(၂)ရက်နေ့တွင် အမျိုးသားဇာတ်ရုံတွင် ရီဟာဇယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
SkyNet TV Browser

စွမ်း အဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ဇာတ်ကခွင့် တိုင်းအစိုးရ ပိတ်ပင်

Wednesday,May 01,2013
ဇလွန်ပြည်တော်ပြန် ဘုရားပွဲမှာ ပရိသတ်နဲ့ ပဋိပက္ခ ဖြစ်ပြီး ပွဲပျက် ပြန်ပြေးခဲ့ရတဲ့ စွမ်းဇာနည် ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က အဲဒီ တိုင်းအတွင်း လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်မှာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်က စွမ်းသဘင် ဇာတ်ရုံမှာ စွမ်း ဇာတ်အဖွဲ့နဲ့ ပရိသတ်တချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စင်ကို မီးရှို့ ခံရတဲ့အပြင်၊ ဇာတ်အဖွဲ့က ပါလာတဲ့ လေအိတ်ကား တစီး၊ ကုန်ကားနှစ်စီးနဲ့ မင်းသားရဲ့ ကိုယ်ပိုင်ကား မှန်တွေကို ရိုက်ခွဲခံရ ပြီး ၁ လ အကြာမှာ စွမ်းဇာနည်ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က သူတို့ဒေသမှာ လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး မင်းသား စွမ်းဇာနည်နဲ့ တိုက်ရိုက် အဆက်အသွယ် မရခဲ့ပေမယ့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်းကတော့ “ပိတ်မယ်ဆိုတဲ့ သတင်း ကြားရုံ ရှိပါသေးတယ်။ အတိအကျတော့ ကျနော်တို့ဆီကို စာမပို့သေးပါဘူး” လို့ ပြောပါတယ်။

အငြိမ့်မင်းသမီး ခေါင်းဆောင် မင်းသမီးတဦးလည်း ဖြစ်၊ စွမ်းဇာနည်တို့ မိသားစုနဲ့လည်း ခင်မင်သူ ကျားလေးစိန်ကတော့ ပိတ်ရင်လည်း ကောင်းပါတယ်လို့ ဆိုပါတယ်။

သူက “ပိတ်တယ် ဆိုတာလည်း စွမ်းကို နစ်နာစေလိုတဲ့ ဆန္ဒတော့ မဖြစ်နိုင်ပါဘူး၊ လောလောဆယ် ဧရာဝတီတိုင်း ဘက်မှာ မဖျော်ဖြေ သေးတာတော့ အကောင်းဆုံးပေါ့။ ဒီကိစ္စမှာ စွမ်းတို့ဘက်က တရားမစွဲဘူးလို့ သိရတယ်” လို့ ဆက်ပြောတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ပရိသတ်တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်အကျဉ်းကိုတော့ စွမ်းဇာနည်နဲ့ နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြ တာကတော့ -

ဇလွန်မှာ စွမ်းဇာနည် ဇာတ်အဖွဲ့ အနေနဲ့ မတ် ၂၄၊ ၂၅၊ ၂၆ သုံးရက် ဖျော်ဖြေပေးဖို့ စီစဉ်ထားပေမယ့် ၂၅ ရက်နေ့ညဘက်မှာ ဇာတ်ရုံ အဖောက်ခံရပြီး တီးဝိုင်းသမား ပစ္စည်း တချို့နဲ့ သဘင်အစည်းအရုံး ကတ်တချို့ အခိုးခံခဲ့ရတယ်။ ၂၆ ရက်နေ့ ညနေမှာတော့ ဇာတ်သမားတချို့ ပွဲဈေးတန်းအတွင်း ထမင်းသွားစားတဲ့ အချိန် ဒေသခံတချို့ရဲ့ ရန်စထိုးကြိတ်ခြင်း ခံခဲ့ ရတယ်လို့ သိရပါတယ်။ အဲဒီလို ဖြစ်လာတော့ စွမ်းဇာနည်က ကန်ထရိုက်ကို ပွဲဆက်မကတော့ဖို့ ပြောရာမှာ ကန်ထရိုက်က အစစ တာဝန်ယူကြောင်း တောင်းပန်တာနဲ့ အဲဒီည ပွဲဆက်က ဖြစ်တယ်၊ စွမ်းဇာနည်ရဲ့ ဖခင်ကတော့ ဇလွန်သားတွေ ဘယ်လို ဆိုးရွားတဲ့အကြောင်း တော်တော်ကလေး မကျေမနပ် ပြောဆို လိုက်တယ်လို့ သူတို့ ဇာတ်အဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ဒါပေမယ့် အဲဒီညပွဲမှာပဲ ပွဲခင်းထောင့်က လူတစုက အမျိုးမျိုး ရန်စလာတာကြောင့် မင်းသားက စင်ပေါ်ကနေ “သတ္တိရှိရင် တယောက်ချင်း ချမလား၊ စင်ပေါ်တက်ခဲ့” ဆိုပြီး မိုက်ကရိုဖုန်းနဲ့ အော်တာနဲ့ ပရိသတ်ထဲက စင်ပေါ်တက်လာ ကြတော့ မင်းသားက တက်လာတဲ့သူရဲ့ မျက်နှာကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်လို့ စွမ်းဇာနည်နဲ့ နီးစပ်တဲ့သူက ဧရာဝတီကို ရှင်းပြပါတယ်။ ပဋိပက္ခက အဲဒီကနေ ကြီးလာပြီး စွမ်းဇာနည်ရဲ့ကားအပါအဝင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဖိုးလောက် ဖျက်ဆီး ခံခဲ့ရတဲ့အပြင် ဇာတ်တဖွဲ့လုံး ပြန်ပြေးခဲ့ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ကတော့ ဒီလိုကိစ္စတွေ ဆက်မဖြစ်ဖို့ ပွဲကန်ထရိုက်တွေနဲ့ အနုပညာရှင်တွေ ကြိုတင် စာချုပ် ချုပ်ထား သင့်တယ်လို့ ဆိုပါတယ်။

အတွင်းရေးမှူး ဦးမိုးဝင်းက “စွမ်းဇာတ်သဘင် ကိစ္စ ဖြစ်ဖြစ်ချင်း ကျနော်တို့ဆီ ဆက်သွယ်လာပါတယ်။ ဒါကြောင့် ကြေညာချက် တခု ထုတ်ခဲ့ပါတယ်။ ဒီကိစ္စကို ဝမ်းနည်းကြောင်းပေါ့။ ဒီ ပဋိပက္ခက တော်တော်ကြီးသွားတယ်၊ ရှုပ်ထွေးတဲ့ အပိုင်းလည်း ရောက်သွားတယ်။ ပရိသတ်နဲ့ အနုပညာရှင် ဖြစ်နေတယ်။ စွမ်းဘက်ကတော့ တရားမစွဲတော့ပါဘူး။ ဖြစ်တဲ့ အချိန်မှာ ညဥ့်နက်တဲ့ အတွက် လုံခြုံရေးများ အားနည်းတယ်လို့ ယူဆရပါတယ်။ နောက်ဆိုရင် သဘင်သည်တွေ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ရင် လုံခြုံရေးအတွက် ကန်ထရိုက်ဘက်က တာဝန်ယူပါမည်၊ ပြဿနာ ဖြစ်ခဲ့ရင် ကန်ထရိုက်မှ လျော်ကြေး ပေးရမည်ဆိုတဲ့ အချက် ပါဝင် ရေးသားသင့်တယ်။ ဇာတ်ပွဲတခု ကပြမယ် ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်သဘင် အစည်းအရုံးတွေကို အကြောင်းကြားထားဖို့ လိုပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ဒေသခံတွေ ပဋိပက္ခ ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက “၂၇ – ၃ – ၂ဝ၁၃ ရက်နေ့ ဇလွန်မြို့ ပြည်တော်ပြန် မြတ်စွာဘုရား ပွဲတော်တွင် စွမ်းဇာနည်ဇာတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီအဖွဲ့မှ များစွာ ဝမ်းနည်း ခဲ့ကြရပါသည်။ သို့ဖြစ်ပါ၍၊ နောက်နောင် ၎င်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု မရှိစေ ရန် ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီ (အသစ်) မှ စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဇာတ်သဘင် ချစ်ခင်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်” ဆိုပြီး ဟု ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇလွန်ပြည်သူ တဦးလည်းဖြစ်၊ ဇလွန်မြို့နယ် သဘင်အစည်းအရုံးနဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဦးအေးချမ်းက “စွမ်း ဇာတ်သဘင်ကို ပိတ်မယ်ဆိုတာ နှုတ်စကားအရပဲ ရှိသေးတာဆိုတော့ ကျနော်တို့ အတိအကျတော့ စာမထွက် သေးပါဘူး။ ကျနော်တို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲဆိုတာ အတွင်းအပြင် လုံခြုံရေး ၇၀ ကနေ ၁၀၀ အကြား ထားလေ့ရှိတယ်။တခြားမြို့တွေ ကလည်း အကူအညီ ခေါ်ကြတယ်။ အဲဒီပွဲမှာတော့ လုံခြုံရေး အားနည်းချက်တွေ ရှိခဲ့တာတွေ့ရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်း ဇာတ်သဘင်ကို ဧရာဝတီတိုင်းအတွင်း ဖျော်ဖြေခွင့်ပိတ်ခဲ့ရင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့ သဘင်အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။

“စွမ်းအဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ပွဲ ပါမစ်ပိတ်မယ်လို့ ကျနော်တို့ ဒီနေ့မနက် သိရတယ်။ တရားဝင်စာ မလာသေးပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဥပဒေအရ ပြဿနာ ဆက်မဖြစ်ပွားဖို့ ပါမစ်ပိတ်တယ် ဆိုရင်တောင် သဘင်သည်များ အရေးအတွက် သွားရောက် တောင်းပန်ညှိနှိုင်း ပေးဖို့ အစီအစဉ်ရှိပါတယ်” လို့ သူက ဆက်ပြောတယ်။

ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးခန်းက ၃ ရက်တိတိ ဖုန်းမကိုင်ဘဲ၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးဆီ ဖုန်းဆက်တဲ့ အခါမှာလည်း အစည်းအဝေး ရှိနေလို့ နောက်မှပြန်ခေါ်ဖို့ပဲ ပြန်ကြားပါတယ်။ ပြန်ခေါ်တဲ့အခါမှာ ဖုန်းမကိုင်တဲ့အတွက် အဲဒီဘက်က အခြေအနေကို သေသေချာချာ မသိရှိရသေးပါဘူး။

စွမ်းဇာတ်သဘင် ပြန်လည် လည်ပတ်နိုင်ဖို့ လက်ရှိ အနေအထားအရ ဖိုးချစ်က ကူညီပေးနေတဲ့ သတင်းကြားတဲ့ အတွက် ဖိုးချစ်ကိုမေးကြည့်တော့ “ဘယ်သူမှန်တယ် မှားတယ်တော့ မပြောလိုပါဘူး၊ မှတ်ချက်လည်း မပေးတတ်ပါဘူး၊ သဘင် ညီအစ်ကိုတွေ ဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးသွားမှာပါ။ ဒီနေ့ဒီအချိန်အထိ ကျနော်ဘာမှ ကြီးကြီးမားမား မကူညီရသေးပါဘူး” လို့ ဖြေပါတယ်။

စွမ်းဇာနည်ကတော့ အဲဒီနေ့က ဆုံးရှုံးနစ်နာမှု သိန်း ၁၅၀၀ ကျော် ရှိမယ်လို့ အလင်းတန်း ဂျာနယ် အင်တာဗျူးမှာ ဖြေကြားတားတာ တွေ့ရတယ်။ စွမ်းက တရားစွဲဆိုမှုတော့ မပြုလိုကြောင်း၊ ဖြစ်ဖြစ်ချင်း ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ဟန်ဇာမိုးဝင်း စတဲ့ သဘင်ညီအစ်ကိုတွေက အကူအညီပေးမယ်လို့ ပြောခဲ့ကြကြောင်း အလင်းတန်းမှာ ဖော်ပြထားပါတယ်။

စွမ်းဇာနည်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ စွမ်းကိုယ်တိုင်လည်း ဒီပဋိပက္ခမှာ အမှားမကင်းတဲ့အတွက် တရားစွဲဆိုတာတွေ ဘာတွေ မလုပ်တာလို့ သိရတယ်။

စွမ်းရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာတော့ ပြဿနာဖြစ်ပြီးပြီးချင်း သူ့မိခင်က ပွဲမှာ ပျက်ဆီးသွားတဲ့ ကားအတွက် လင်ခရူဆာကားတစီး ပြန်ဝယ်ပေးခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့က ရေးတင်ထားတာ တွေ့ရတယ်။ စွမ်းဇာနည်က စွမ်း ဇာတ်သဘင်မှာ ခေါင်းဆောင်မင်းသား အဖြစ် ဦးဆောင်ပြီး ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် အဖြစ်ပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင် နေပါတယ်။

စွမ်းဇာနည်ဆိုတာ အရင်ကလည်း ပရိသတ်နဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ အတွက် သဘင်အစည်းအရုံးက ဇာတ်ကပြ ဖျော်ဖြေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရဖူးတဲ့သူ ဖြစ်ပါတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စမှာတော့ ၂၀၁၃ မှာ အသစ်ဖွဲ့စည်းထားတဲ့ သဘင်အစည်းအရုံးက စွမ်းဇာတ်သဘင်ကို ပိတ်ပင်ခြင်း ပြုမှာမဟုတ်တဲ့ အကြောင်း သဘင်အစည်းအရုံး ဗဟို အဖွဲ့ဝင် ဦးအေးချမ်းဆီက သိရ ပါတယ်။

စွမ်းဇာနည် ဇာတ်အဖွဲ့ ဖျော်ဖြေပွဲကို ကြည့်ဖူးသူတွေကတော့ စွမ်းဇာနည်ဟာ စတိတ်ရှိုး ဆိုရာမှာကော၊ စင်ပေါ်ကနေ ပရိသတ်ကို ပြောဆိုရာမှာပါ မယဉ်ကျေးတဲ့ အကြောင်း၊ ကြည့်ရှုသူ လူငယ်တွေ အနေနဲ့ သူ့အပေါ် မကျေမနပ် ဖြစ်နိုင်တယ်၊ ပြဿနာ များနိုင်တယ် ဆိုတဲ့အကြောင်း ဝေဖန်ကြပါတယ်။
နဒီထိုက်
ဧရာဝတီ သတင်းဌာန

လင်းလင်း တစ်ကိုယ်တော် ရှိုး


သင်္ကြန်အတွင်း Plus 3 Band နဲ့ အတူ ချောင်းသာမှာ ဖြတ်သန်းခဲ့တဲ့ လင်းလင်း က ပထမအခွေ “စဉ်းစားပါ” နဲ့ ဒုတိယအခွေ “အမှန်တရား” တို့ နောက်မှာ တတိယတစ်ကိုယ်တော် အခွေကို ထွက်ရှိလာတော့ မှာဖြစ်ကြောင်း ဆိုပါတယ်။

“နာမည်ကတော့ မစဉ်းစားရသေးဘူး။ သင်္ကြန်အပြီး တစ်လ၊ နှစ်လ အတွင်း မှာ ထွက်နိုင် ပါလိမ့်မယ်။ ဒီအခွေမှာ ကျွန်တော် ပြောချင်တဲ့ အကြောင်း အရာတွေ၊ ကျွန်တော် ပို့ချင်တဲ့ မက်ဆေ့ခ်ျတွေ ကို ရောက် အောင် ပို့ပေးထားပါတယ်။ အချစ်သီချင်း အနေနဲ့ သုံးပုဒ်၊လေးပုဒ် လောက် ပဲပါမယ်။ ကျွန်တော့်ရဲ့ ပထမ အခွေနဲ့ ဒုတိယအခွေမှာ ပုံစံတွေ၊ အကြောင်း အရာတွေ မတူသလို အခုတတိယ အခွေက လည်း ရှေ့က အခွေ တွေနဲ့ မတူဘဲ ကွဲထွက် သွားမယ်။ ၁ဝ တန်း ဖြေသလိုပေါ့။ ဒီနှစ် မှာ ဒီပုံစံ နဲ့ဖြေ သလို နောက်နှစ်မှာ ဒီပုံစံ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဒီ တတိယ အခွေ ထွက်ပြီးသွားရင် ဒီနှစ်ထဲမှာပဲ ကျွန် တော့်ရဲ့တစ် ကိုယ် တော် ရှိုးလုပ် ဖြစ် မယ်” လို့လင်းလင်း က ပြောပါတယ်။
မျိုးမောင်
Popular Journal

Art Garden ၏ သုံးကြိမ်မြောက် ပန်းချီပြပွဲ

ရန်ကုန်၊ ဧပြီ ၂၄။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျန်းမာရေးချို့တဲ့သူ ပန်းချီဆရာတွေကို ကူညီထောက်ပံ့မှု ပေးနေသည့် ယုဇနဥယျာဉ်မြို့တော် အခြေစိုက်ပန်းချီ ဆရာ များ စုပေါင်းဖွဲ့စည်းထားသော Art Garden Group ၏ သုံးကြိမ်မြောက် ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းတွင် ပြုလုပ်လျက်ရှိသည်။

“ Art Garden Group အနေနဲ့ အခုပြပွဲပါဆိုရင် သုံးကြိမ်ရှိပါပြီ။ပထမအကြိမ်က ၂၀၁၀မှာပါ။ဒုတိယအကြိမ်က ၂၀၁၁။ ၂၀၁၂ မှာတော့ ပြပွဲမလုပ်ဖြစ်ခဲ့ဘူး။ အခု၂၀၁၃ မှာတော့ တတိယအကြိမ်မြောက်ပါ။ ၂၀၁၀ မှာ ဒီ Art Garden Group ကိုစလုပ်ဖြစ်ကတည်းက ကျန်းမာရေး ချို့တဲ့သူ ပန်းချီဆရာတွေကို တတ်နိုင် သလောက် ထောက်ပံ့ကူညီမှုတွေလုပ်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့လည်း တစ်လကို တစ်ထောင်စီ စုပြီး ရံပုံငွေအနေနဲ့ ဘဏ်မှာထားတယ်ဗျ။ အခုပြပွဲမှာ ရောင်းရတဲ့ထဲကနေ ၃၀ ရာခိုင်နှုန်းကိုလည်း ကျန်းမာရေးချို့တဲ့ ပန်းချီဆရာတွေကို ကူညီပေးနိုင်ဖို့ ရံပုံငွေထဲကို လှူဒါန်းသွားကြမှာပါ” ဟု Art Garden
Group ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်စံမြင့်မှ ပြောကြားသည်။

ယခုပြပွဲတွင် ပန်းချီဆရာ (၅၃) ဦးမှ ပန်းချီကား (၉၃) ကားအားပြသထားပြီး အခရိုင်းလစ်ဖြင့်ရေးဆွဲထားသောပန်းချီကား အများစုပါဝင်၍ ဆီဆေး၊ရေဆေးကားများလည်း ပါဝင်ကြောင်း၊ ယင်းပြပွဲအား ဧပြီလ၂၄ရက်မှ ၂၉ရက်နေ့အထိ (၆) ရက်ကြာပြသသွားမည်ဖြစ်ကြောင်း သိရသည်။
The Myanma Age
ဓာတ်ပုံ - သီဟ







နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com