http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

NLD ဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မတ် ၈။
မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံလိုက်ရသော ကိုယ်စားလှယ် လေးယောက်တွင် ပါဝင်သော“ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား မြန်မာ့ခေတ်မှတွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။ ။ ဆရာ မင်္ဂလာပါ ။ ဆရာအခုလို ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ်သက်ပြီးအဲ့ဒီအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို အရင်ပြောပေးပါလားခင်ဗျ။

TZ ။ ။ ရပ်စဲတယ်လို့ ပြောလိုက် ကတည်းက ကျွန်တော်ကထူးကို ထူးဆန်း နေတယ်ဗျ။ နဂိုကတည်းက ကျွန်တော်ကအကုန်လုံးနဲ့ ရင်းနီးတယ်ဗျ။ ဒေါ်စုတစ်ယောက်နဲ့ပဲ သိပ်ပြီး လက်ပွန်းတတီးမသိတာ။ ဦးတင်ဦးနဲ့လည်း ခင်ခင် မင်မင်ရှိပါတယ်။ နောက်ပြီး ကိုဟန်သာမြင့် ဦးဝင်းတင်အားလုံး သိကြတာပဲ။ ဒါပေမဲ့ အဲ့လိုကြီး ခပ်ဝေးဝေးက
လူတစ်ယောက်နဲ့ စာရင် ကိုယ့်ကို နေ့စဉ်နဲ့အမျှ ဖက်လဲတကင်း ရှိတဲ့လူတွေက ဘာမှကို အကြောင်းပြချက်မရှိဘဲနဲ့ဗျာ။ နက်ဖြန် သဘက်ဆိုရင်ပဲ ဦးစိုးဝင်း( ပါတီ
ညီလာခံ ကိုယ်စားလှယ် စိစစ်ရေး) ကကိုသန့်စင်ရေ ၇ရက်နေ့ မနက်ကိုတော့ ကဒ်ပြားတွေ ထုတ်ပေးမယ်။ ရုံးချုပ်ကို လာလို့တောင် ကျွန်တော့ကို ပြောတာ။

MMA ။ ။ ကိုယ်စားလှယ်စိစ်ရေး အတွင်းရေးမှူးကိုယ်တိုင်ကကို လှမ်းဖိတ်ပြီးမှဆိုတော့ ဘယ်လိုဖြစ်ပြီးရပ်ဆဲတဲ့ အထဲပါသွားတာလဲခင်ဗျ။

TZ ။ ။ သူနဲ့ကျွန်တော်နဲ့ တနင်္ဂနွေ နေ့လောက်က တွေ့သေးတယ်ဗျ။ ကျွတော်က ရုံးချုပ်မှာ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းတွေ ပေးတော့ သူ့အောက်က ကျွန်တော်က
လုပ်ရတယ်ဗျ။ ဦးစိုးဝင်းက တာဝန်ခံတယ်။ ကျွန်တော်ကအဲ့ဒါကို ကျကျနန ပြီးစီးအောင် လုပ်ပေးခဲ့တာဗျ။ တပည့်တွေကော ခုံကိစ္စကအစ အစုံပလုံ လုပ်ပေးခဲ့တာဗျ။ နောက်ဆုံး အိမ်သာတက်ဖို့ ကိစ္စတောင် အတူတူ တွဲလုပ်ကြတာဗျ။ ဘာပဲပြောပြော ဆရာဦးစိုးဝင်း ကတော့ တကယ့် လူကြီး လူကောင်းလည်း ဆန်တယ်။ ပါတီကိုလည်း အရမ်း သံယောဇင် ရှိတာတောင် သူနားလိုက်တယ်ဗျ။ သူနားတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ ခံစားချက်ကိုဘယ်သူမှ မမေးကြဘူး။ အမှန်မယ် ဒီညီလာခံကြီးမှာ ကဒ်ပြား ထုတ်ပေးတဲ့အထိ သူလုပ်သွားတယ်။ ညီလာခံ စိစစ်ရေးမှာလည်း လုပ်ပေးသွားတယ်။ ဒါပေမဲ့ သူမပါဘူး။ တာမွေမြို့နယ်ကရွေးကတည်းက သူ့ကို ဖယ်လိုက်တာ။ ကျွန်တော်သွားမေးတဲ့အခါမှာ သူကိုယ်တိုင် နားလိုက်တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့သူ အများကြီး လုပ်နိုင်သေးတယ်ဗျ။ တကယ်ထိပ်တန်း အရာရှိ ဆယ်ရောက်လောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ရသေးတယ်။

MMA ။ ။ ဆရာ အဲ့သလိုမျိုး သူတို့တွေနဲ့ တကယ်လုပ်ပေးခဲ့တယ်။ ကဒ်ထုတ်ပေးမယ်လို့ အဆင့်ထိ ဖြစ်သွားပြီးခုလိုမျိုး ဦးစိုးဝင်းလည်း ထွက်သွားတယ်။ ဆရာလည်း
ကိုယ်စားလှယ် အဖြစ်က ရပ်စဲခံလိုက်ရတယ်ဆိုတော့ဘယ်လိုမျိုး နားလည် ခံယူလိုက်လဲ ခင်ဗျ။

TZ ။ ။ လူကြီးတွေး တွေးမယ် ဆိုရင်တော့ဗျာ ငါနဲ့ဟိုကောင်နဲ့ကြားမှာ အမှားအယွင်း တစ်ခုရှိပုံ ရတယ်လို့ထင်ရင် ထင်လိမ့်မယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ကောင်တာ လိုက်ကြည့်တယ်ဗျ။ လိုက်ကြည့်တော့ လွန်ခဲ့တဲ့ တစ်လလောက်ပေါ့ ညီလာခံ ကိုယ်စားလှယ် ကျွန်တော့ကို ရွေးလိုက်တဲ့ ရက်ပိုင်းလေး။ ၈ ရက်နေ့မှာ ကျွန်တော့ကို ရွေးတယ်။ ၂၀ရက်နေ့မှာ ကျောင်းဖွင့်တယ်( မြန်မာဒီမိုကရက်သင်တန်းကျောင်း)။ သိတဲ့ အတိုင်းပဲလေ ရှစ်ရက်နေ့မက တစ်ရက်နေ့လောက် ကတည်းက ကျွန်တော်တို့
ဝုန်းနေရတယ်။ ရှစ်ရက်နေ့ပွဲတောင် ဒီကနေခွင့်ယူပြီးညီလာခံ သွားတက်ရတယ်။ ညှိနှိုင်းနှစ်ရက် လုပ်တော့လည်း တစ်ရက်ပဲ တက်နိုင်တယ်။ အဲ့ဒီအချိန်မှာ ခေါင်း
ထဲမှာ ဘာမှမရှိဘူး။ ကြားတယ် သူများတွေ အောင်ပွဲခံကြ စားကြ၊ သောက်ကြ ကျွန်တော် မပါဘူး။

MMA ။ ။ ဆရာတို့ ရပ်စဲခံရတဲ့ လေးယောက်ကကောဘယ်လို ပတ်သက်မှုမျိုး ရှိလဲဗျ။

TZ ။ ။ အဲ့ဒါလည်း ကျွန်တော် ပြောပြီးပြီ။ ဆရာဦးခင်မောင်ဝင်းကတော့ ဟုတ်တယ်။ ကျွန်တော့ဒီမှာ စာသင်နေတဲ့ ဆရာ ကျော်ဇေယျာဝင်းရဲ့ အဖေ။ ခင်လည်းခင်တယ်။ သူနဲ့ကျွန်တော်နဲ့က ဒီဖက်လွှတ်တော် တက်နေတဲ့ နောက်ပိုင်းလေးလငါးလလောက်ကို မတွေ့တာ။ မတွေ့ဖြစ်ဘူးဗျ အဲ့ဒီပုဂ္ဂိုလ်နဲ့။ တွေ့စရာ အကြောင်းလည်း မရှိဘူးဗျ။ ဒါပေမဲ့ ဦးခင်မောင်ရှိန် မြောက်ပိုင်းဥက္ကဌ အရွေးခံရတာ ကြားတယ်။ဒါပေမဲ့ ဦးခင်မာင်ရှိန် ဆိုတာကို မသိဘူး ။ လူမသိတာ မဟုတ်ဘူး။ နာမည် မသိတာ။ ဟိုတစ်နေ့ အဲ့ဒီစာ ထွက်တော့ကမှ သိတာ။ နောက်ဘယ်သူလဲ ဒေါ်မိမိကြီးက ကောလင်းလားစစ်ကိုင်းလားပဲ။ ကျွန်တော် လူလည်း မသိဘူး။ နံမည်လည်းမသိဘူး။ ဘယ်လိုမှ ဆုံစရာ အကြောင်းလဲ မရှိဘူး။

MMA ။ ။ ပြီးတော့ ၂၆ ရက်နေ့ ထုတ်လိုက်တဲ့ စည်းကမ်းချက်ကကော ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ဆရာထင်လား။ ဘယ်လိုမြင်သလဲ ပြောပေးပါဦးခင်ဗျ။

TZ ။ ။ အဲ့ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောလိုက်မယ်။ ကျွန်တော်သာဆို အဲ့ဒီနေရာမှာ လုပ်ပိုင်ခွင့်ရတဲ့ အုပ်ချုပ်သူ တစ်ယောက်ဆိုရင်အဲ့ဒီစာကို ကျွန်တော်အဲ့ဒီလို မရေးဘူး။ နယ်မှလာတဲ့ ကိုယ်စားလှယ်တော်တွေဟာ မိမိတို့နေအိမ် မိမိတို့ အဆောက်အဦး အတွင်းမှာ စားလို့သောက်လို့ရတယ်။ ဆွေးနွေးတဲ့ အခါမှာ ရည်ရွယ်ချက် ရှိရှိနဲ့ ဆွေးနွေးတဲ့ ဟာမျိုး မလုပ်သင့်ဘူးဆိုရင် မကောင်းဘူးလား။ ခုနပြောသလိုဘဲ ရန်ကုန်ရောက်တုန်းရောက်ခိုက်တော့ သွားလည်ကြ တာမျိုးတော့ လုပ်ကြမှာပဲ။ညအိပ်ကြမှာပဲ။ တိုင်းရွေးပွဲတုန်းကတောင် အဲ့သလို လုပ်ကြတယ်လို့ ကြားမှာပဲ။ ခုအရွေးခံရတဲ့ သူတွေအိမ်ကို သွားအိပ်ကြတယ် ပြောတာပဲ။ ဆရာတို့ကတော့ အစကတည်းက ဘာသာရေးလည်း လုပ်တော့ အန္တရာယ်ရဲ့အငွေ့အသက်ကို ကြိုမြင်တယ်။ အဲ့ဒါကြောင့် ရှင်လောင်းပြုခါနီး ရှင်လောင်းလိုနေတယ်။ အမြင့်မတက်နဲ့ ၊လျှောက်မသွားနဲ့
ဆိုသလိုမျိုးပေါ့။ ဟိုသွားဒီသွား အဲ့လိုမျိုးလည်း မလုပ်ဘူး။အဲ့လိုမျိုးလို့ လားလည်း မသိဘူး ဘလိုင်းကြီး ဝင်ခွတ်တာပဲ။ကျန်တဲ့ သူတွေနဲ့လည်း မသိဘူး။ ဆရာဦးခင်မောင်ဝင်းနဲ့လည်း နီးစပ်တဲ့ စကားလုံးမျိုး မပြောဖူးဘူး။ ရှင်းရှင်းပြောရရင် မတွေးမိတဲ့ အကြောင်း အရာတွေဗျ ဒါတွေက။ရယ်တော့ ရယ်စရာ ကောင်းတယ်ဗျ။

MMA ။ ။ သူတို့ ကြေညာချက်ထဲမှာ ခိုင်လုံတဲ့ အကြောင်းပြချက်လို့ ပါတယ်ဗျ။ အဲ့ဒါကိုကော ဆရာက ဘာကိုပြောတာလို့ ထင်သလဲခင်ဗျ။

TZ ။ ။ အဲ့ဒါကတော့ ကျွန်တော် ရည်ညွှန်းလိုက်မယ်။ တစ်ချို့ ဖေ့ဘွတ်မှာ ရေးတယ်ဗျ။ တစ်ယောက်က ရေးတယ်နိုင်ငံရေး လက်ဦးမှုယူတယ်။ နောက်တစ်ယောက်က
ရေးတယ် နိုင်ငံရေးလုပ်ကြံမှု အသေးလေးလို့ ရေးတယ်ဗျ။ ဒီနေ့မနက်တွေ့တာက တပ်မတော်ထဲက ဗိုလ်ကြီးဟောင်းတစ်ဦးက လုပ်တယ်လို့ အသံထွက်လာတယ်။ သူကစေခိုင်းလို့ ဗဟိုလူငယ်က အခမ်းအနား လုပ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီး ယူလာတယ်။ ဓာတ်ပုံ အထောက်အထားယူလာတယ်လို့ ကြားတယ်။

MMA ။ ။ ဆရာပြီးတော့ NDFက ဝင်လာကြလို့ လို့လည်းသတင်းတွေက ထွက်နေတယ်ဗျ။ အဲ့ဒါကကော။

TZ ။ ။ အင်းလေ ဒီမိုကရေစီ ခေတ်မှာက ရာနှုန်းပြည့်ဆိုတာမရှိပါဘူး။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဖက်က ရတဲ့ အတွေးအခေါ် အယူအဆ၊ ဆန့်ကျင်ဖက်က ထောက်ပြတဲ့
အကြောင်း အရာတွေကို ကိုင်စွဲပြီးတော့ ရိုးပလေးလုပ်တဲ့ အဖွဲ့အစည်းပေါ့ ဒါလည်းမှန်ပါတယ်။ ဆရာဥပမာတစ်ခုပြောမယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကဘာပြောထားသလဲ။ သူတစ်ခုပဲ ကန့်သတ်ထားတယ်။သူတို့ပါတီက ထွက်သွားတဲ့သူ ပြန်ဝင်လာရင် လက်မခံဘူးလို့။ ဒါမူပဲ သူပြောထားတာ။ အဲ့ဒီမှာ ဒေါ်စုပြောထားတာ ရှင်းတယ်။ ဘယ်ပါတီက လာလာ လက်ခံမယ်။နောက်ဆုံးကြံ့ခိုင်ရေးက လာမယ် ဆိုရင်တောင် လက်ခံမယ်။အဲ့ဒီအချိန်မှာ ဘာမဟုတ်တဲ့ ချစ်တီးခေါင်း သန်းရှာလို ပါတီဝင်၁၂သိန်း ရှိတယ်လို့ ကြေညာ ထားတာလေ။ ၁.၂သန်းရှိတဲ့ပါတီမှာ လူတစ်ယောက်အပေါ် အဲ့လိုအာဃာဒ ထားစရာလား။ခေါင်းဆောင ဆိုတာက ရပ်ကွက်ခေါင်းဆောင် မဟုတ်ဘူးလေ။ ဌာနချုပ်မှာ ခေါင်းဆောင် လုပ်တဲ့သူ တစ်ယောက်က ဒေါ်စုရဲ့ သဘောထားကို အကောင်အထည် ဖော်တဲ့နေရာမှာ လိပ်ပြာသန့်သန့် ဖြစ်ဖို့မိုဘူးလား။ တပ်မတော်က ဝင်လာလည်းသူတို့ လက်ခံမယ်လို့ ပြောတယ်။ ဗိုလ်မှူးကြီးတွေထဲက အယောက်၅၀ ဝင်မယ်တဲ့ ဟာ ဒီကောင်တွေ တစ်သက်လုံး ငါတို့ကိုနှိပ်စက်လာတာ ရပ်ကွက်ထဲက မတက်စေနဲ့လို့ အဲ့လိုညွှန်ကြားလို့ မရဘူးလား။ ဒ်ါစုက ပြောတယ် ဦးခင်မောင်ဝင်း ဝင်လာကတည်းက ဦးတင်ဦးကို အဘ ကာကွယ်ရေးဦးစီးချုပ်တောင် ဒီမှာနာယက ဖြစ်နေသေးတာလို့။ သူပြောတာ ရှင်းတယ်လေ။ အရမ်းမျှတတယ်ကွ ငါတို့ခေါင်းဆောင်။ အရမ်းလေးစားဖို့ ကောင်းတယ်။

MMA ။ ။ ဒါဆိုကော်မရှင်က လုပ်လိုက်တာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမသိနိုင်ဘူး ဆိုတဲ့သဘောပေါ့။

TZ ။ ။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်ကား ကြည့်ဘူးတယ်မလား။ အဲ့ဒီမှာ အဆိပ်ဖြေဆေး ပေးမယ့် ဆရာက လားလေးနဲ့သွားတယ်။ မင်းသားက မြင်းနဲ့ သွားတယ်။အဲ့တော့ အဆိပ်ဖြေဆေးက နောက်ကြနေတယ်။ အဲ့တော့ မင်းသားကပြန်နိုးလာမယ့် မင်းသမီးနားမယ် အဆိပ်သောက် သေသွားတယ်။ ဒီအမိန့်တွေရဲ့ သဘာဝကလည်း အံ့သြစရာကောင်းတယ်။ ဆရာ့ဆီကို ရောက်တာက ၅ရက်နေ့ညကသတင်းထောက် တစ်ယောက် ဖုန်းဆက်တယ်။ အဲ့ဒါသိရင် ဖြေပါလို့ မေးတယ်။ မဟုတ်ဘူး ငါမသိဘူး။
အဲ့ဒီအချိန်မှာ အယ်ဒီတာက ခိုင်လုံတယ်။ အဲ့ဒီစာရွက်ကျွန်တော့ လက်ထဲ ရောင်နေပြီ လို့ပြောတယ်။ ငါ့လည်းဖုန်းတစ်ယောက်မှ မဆက်။ ဖုန်းကြည့်တော့လည်း
မသင့်တော်တဲ့ အချိန်ကြီး ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာက ဒီစာက ထုံးစံအတိုင်း ဆိုရင် အနည်းဆုံးတော့ဖုန်းလေးနဲ့ မမေးသင့်ဘူးလား။ နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်းမှာ ထိုင်နေတဲ့ သူတွေနော်။ ကိုယ်တိုင် မပြောချင်ရင်တောင် မောင်သန့်စင်လေး ကိုတော့ကွာ ဒီလိုဒီအကြာင်းပြောလိုက်ပါဦးဆိုရင် ငါဌာနချုပ်ကို ပြေးမှာပေါ့။ သွားမေးမှာပေါ့။ စာထွက်လာလို့ ရှိရင်လည်း ရပ်ကွက်ကနေ ပို့ရင်နေ့ချင်း ရောက်ပါတယ်။ ခုတော့ ဖေ့ဘွတ်ပေးမှာသွားတွေ့တယ်။ ဘယ်ကောင်က တင်လိုက်တယ်
မသိဘူး။ အမှန်မယ် ကော်ပီနဲ့ ငါးဆောင် ထွက်ရင်တောင်ရောက်ရမှာလေ။ လျှို့ဝှက် အဆင့်တော့ မဟုတ်ပါဘူး။အတွင်းစည်း မီဒီယာကို ပေါက်ကြားတယ် ဆိုတော့ ဂုဏ်
သိက္ခာကို မထိခိုက်ဘူးလား။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းတွေပေါ်မှာ နေတဲ့ သူတွေက ဒေါ်စုကို အရမ်းချစ်ခင် မြတ်နိုးနေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအရ သေသွားအောင်ရယ် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒေါ်စုချစ်တဲ့ ကောင်တွေကဒီကောင်တွေ တိုင်းပြည်ဖျက်မဲ့ ကောင်တွေ ဒေါ်စုဖြုတ်ချမဲ့ကောင်တွေဆိုပြီး မထုဘူးလို့ ပြောနိုင်သလား။ ဒေါ်စုရဲ့အင်းမေ့ ပါတီရဲ့ရိုက်ခတ်မှုကိုလည်း သိရဲ့သားနဲ့ အဲ့ဒါကြီးနဲ့ကိုင်ရိုက်တာ အန္တရာယ်ရှိတယ်။ ဌာနချုပ်မှာ နေပြီးတော့ ဒါမျိုးလုပ်စရာလား။ ဒါပေမဲ့ သိသိရဲ့နဲ့ တမင်တကာ သေဟဲ့ဆိုပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တယ်။

MMA ။ ။ အဲ့ဒါတွေကို ဆရာ့နေနဲ့ ဘယ်လို တုန့်ပြန်သွားမလဲခင်ဗျ။

TZ ။ ။ အေး အဲ့ဒါငါက တရားမျှတမှုကို လိုချင်တဲ့ဗျ။ အဲ့ဒီNLD ဌာနချုပ်က လူကြီးတွေ ခေါ်ယူတွေ့ ဆုံစေချင်တယ်။ငါတင်ပြတာကို နားထောင် စေချင်တယ်။ ပြီးလို့ရှိရင် အမြင့်ဆုံး ပြောရရင် အမေ့ကို တွေ့ချင်တယ်ပေါ့။ ငါမနေ့ကတော့မတွေ့ဘူးလို့ မီဒီယာသမားတွေ အယောက်၃၀လောက်ကိုပြောလိုက်တယ်။ စိတ်ဆိုးနေလို့။ တွေ့ရအောင် ပြောရင်တော့တွေ့ချင်တယ်

MMA ။ ။ အခုလို အခြေအနေကို ဘယ်လို သုံးသပ်မလဲဆရာ။

TZ ။ ။ အကျိုးဆက်က ၃ခုဖြစ်သွားမယ်။ တစ်အချက်ကကာယကံရှင်ဖြစ်တဲ့ စိတ်စေတနာ ကောင်းကောင်းနဲ့ လာပြီးပေါင်းစည်း ပေးတဲ့သူတွေ နင့်မွန်းသွားမယ်။ နှစ်အချက်က ပြည်သူကြားမှာရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုတွေ နှစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့ကိုမုန်းတီးပြီးတော့ ပိုပြီးတော့ ဆန့်ကျင်ဖက် အုပ်စုပေါ်လာသလို ငါလုပ်တဲ့ အမှန်တရားကို သိတဲ့ ထောက်ခံပေးတဲ့ အုပ်စုတစ်စု ဖြစ်လာမယ်။ အဲ့ဒီအုပ်စုနှစ်စုကပါတီဝင်တွေ ဆိုတော့ နှစ်ခုကွဲ မသွားနိုင်ဘူးလား။ အဲ့ဒါတွေကို ငါတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်။

MMA ။ ။ ခုဆရာ့ဖက်က သူတွေက ဆန္ဒပြဖို့ လုပ်နေပြီဆိုတော့ ဘယ်လိုလုပ်မလဲ။

TZ ။ ။ အဲ့ဒါကတော့ ဒီမိုကရေစီ လူ့ဘောင် ဒီမိုကရေစီခေတ်ကိုရောက်နေပြီဆိုတော့ ငါလည်း မတတ်နိုင်ဘူး။

MMA ။ ။ အခုလိုမျိုး ဆုံးဖြတ်ချက်တွေက ၂၀၁၅ကိုအကျိုးသက်ရောက် သွားစေနိုင်လားခင်ဗျ။

TZ ။ ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်ဗျ။ ဒါက ရောဂါဖြစ်သွားပြီ ကုသဖို့နည်းလမ်းကတော့ အနာသိပြီဆိုရင် ဆေးရှိတာပေါ့။ အမြန်ဆုံး ပြုပြင်ပြောင်းလဲ
မယ်။ နည်းလမ်းတွေရှာပြီး ထိရောက်အောင် အသုံးချမယ်။၂၀၁၅ ပြဿနာက ပြည်သူလူထုကို ဦးဆောင်မဲ့ တသားတည်းနားလည် ခံစားပေးမဲ့ လူထု ခေါင်းဆောင်တွေ ပေါ်လာဖို့ခေါင်းဆောင်ကောင်း ထွက်လာဖို့ အဓိကပေါ့။ အဲ့ဒီလူတွေကအတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ်ကို ကောင်းစွာ နားလည်ကျေညက်ထားမှ ရမှာလေ။ ပညာအရည် အချင်းနဲ့ ပြည့်စုံတဲ့သူတွေကို စည်းရုံးသိမ်းသွင်း ရမှာလေ။ ခုဟာက စည်းရုံးစရာမလို သလိုဖြစ်နေတယ်။ ဒါပေမဲ့ ဟိုနေ့က ဦးတင်ဦး RFAကို ပြောသလိုမျိုး ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ လိုတယ်ဆိုရင် ငါတို့လေးယောက်က ဖောင်းပွနေလို့လား။

MMA ။ ။ ဆရာအနေနဲ့ အခုလာ အရွေးချယ်ခံတဲ့ ကိုယ်စားလှယ် ၉၀၀ထဲမှာ ဆရာတို့လေးရောက် လျော့သွားတဲ့ အတွက် ကျစ်လစ်သွားတယ်လို့ ခံစားရပါလားဗျ။

TZ ။ ။ အဲ့ဒါက ဟာသဖြစ်သွားပြီ ။ အဲ့လိုတွေးရင်တော့ဟုတ်တယ်။ NLD ကြီး ကျစ်လစ်ခိုင်မာဖို့ ဦးသန့်ဇင်၊ ဦးခင်မောင်ရှိန်၊ ဦးခင်မောင်ဝင်း၊ ဒေါ်မိမိကြီးတို့ကို ကန်တုတ် လိုက်ပါတယ်ဆိုရင် ကျစ်လစ်ခိုင်မာဖို့ အတွက် နောက်ထပ် ဘယ်လောက်များ လုပ်ဦးမလဲဆိုတာ အဲ့ဒီ တက်နေတဲ့သူတွေကလည်း ဖုတ်လှိုက်ဖုတ်လှိုက် ကိုတက်နေကြ
ရမှာပဲ ကြောက်ကြောက် လန့်လန့်နဲ့ ။ ကျစ်လစ်အောင် ဒီနေ့လေးယောက်၊ နောက်နေ့လေးဆယ် ထပ်ဖြူပ်ရင် ထပ်ဖြုပ်နေဦးမှာ ပြောလို့မရဘူး။ နောက်တစ်ခုက
ရန်ကုန်မှာ ခရိုင်ဥက္ကဌလောက် ကောင်ကိုတောင်ငါတို့ဖြုတ်လိုက်တာ မင်းတို့ငြိမ်ငြိမ်နေ၊ ငါတို့ ဖောမက်ချတဲ့အတိုင်း လိုက်ဆိုပြီး ဒါဒီမိုကရေစီကို အနိုင်ကျင့်တာ။
ဒီမိုကရေစီကို တန်ဖိုး မရှိအောင် လုပ်တာဗျ။ ဒီမိုရေစီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ်တာကွ ငါအဲ့လိုမျိုးကို မြင်တယ်။

MMA ။ ။ ဘာများ ဖြည့်ပြောချင် ပါသေးလဲ ခင်ဗျ။

TZ ။ ။ ပြောရရင်တော့ ငါတို့နဲ့ မင်းတို့မီဒီယာ သမားတွေကြားမှာ ပြည်သူလူထု တမ်းတနေတဲ့ အမှန်တရားတွေပေါ်ဖို့ ငါတို့ကလည်း မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့
အမှန်ကို ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ ပြည်သူကို ဦးဆောင်ရမယ်။ မီဒီယာသမားကလည်း တစ်ချက် ကလေးမှ မမှားဘဲပြည်သူကို တင်ဆက်နိုင်ရမယ် အဲ့ဒါလေးတော့ လုပ်ပေးပါလို့ ပြောချင်ပါတယ်။

MMA ။ ။ အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
အောင်သိုက်
The Myanma Age

အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး အမှန်တရား ဖော်ထုတ်ချင်တာပါ

ဒေါ်စန်းစန်းဝင် (ခ) ဒေါ်လေးလေးသည် ၁၉၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား တဦးနှင့်ပူးပေါင်းကာ အစိုးရ၏ သတင်းများအား ပေးပို့ခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၁ နှစ်ချမှတ် ခံခဲ့ရသော်လည်း အယူခံဖြင့် တနှစ်နှင့် ၄ လအကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ လက်ရှိအချိန်တွင် လူ့အခွင့်အရေး အဖွဲ့အစည်း များစွာဖြင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်လျှက်ရှိပြီး ကလေးသူငယ် အခွင့်အရေးအတွက်လည်း ကူညီလျှက်ရှိသည်။ ထို့အပြင် ဒေါ်လေးလေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တဦးလည်းဖြစ်သည်။ ယခုလတ်တလောတွင်  အတင်းအဓမ္မ ကျင့်ခံရပြီးနောက် ပြုကျင့် ခဲ့သူက ခိုးမှုဖြင့် ပြန်လည်ကာ တရားစွဲဆိုထားခြင်းကို ရင်ဆိုင်နေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ကူညီပေးနေသည့် ဒေါ်လေးလေးအား ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးနေ့တွင် တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။     ။ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုပြီး နိုင်ငံတကာမှာ သတ်မှတ်ကြတဲ့ အပေါ် ဒေါ်လေးလေးရဲ့ အမြင်ကို ပြောပြပေးပါလား။

ဖြေ။     ။ မြန်မာလူမျိုးတွေက နိုင်ငံတကာ အမျိုးသမီးများနေ့ကို မသိကြဘူး။ ဒါတွေက အာဏာရှင်တွေကိုက
အသိအမှတ် မပြုဘဲ ထားတာလေ။ ဟိုအာဏာရှင် စနစ် အစိုးရကတည်းက အမျိုးသမီးတွေကို အရမ်းဖိနှိပ်တယ်။ အမျိုးသမီးဆိုရင် အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရရှိသလို၊ အမျိုးသမီးတွေကို ဖိနှိပ်မှုတော်တော်များများ ရှိတယ်။ အိမ်ထောင်ရှင် အမျိုးသားတွေကလည်း အမျိုးသမီးတွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်ခိုင်းဘဲ အိမ်မှုကိစ္စတွေကိုပဲ လုပ်ခိုင်းရင်နဲ့ အချိန်ကုန်စေတာပေါ့။ ဒါကြောင့် ကျမက အမျိုးသမီးတွေ ကိုယ်စားပြုပြီး အမှန်တရားနဲ့၊ အမျိုးသမီးတွေရဲ့
အကြောက်တရား ကင်းအောင် လိုက်လုပ်ပေးနေတာပါ။ အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး အမှန်တရား ဖော်ထုတ်ချင်တာပါ။ အန်တီ့ အနေနဲ့တော့ မတ်လ ၈ ရက်နေ့ကို မြန်မာပြည်မှာ နိုင်ငံတကာ အမျိုးသမီးများ နေ့အဖြစ် အစိုးရအနေနဲ့
ပြုလုပ် ပေးသင့်ပါတယ်။ အဲဒါကို ကျမတို့ ဖော်ထုတ် ပြုလုပ်သွားမှာပါ။

မေး။     ။ လက်ရှိအချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ ကျင့်တာကို ပပျောက်အောင် ဘယ်လို ဆောင်ရွက်သွားမှာလဲ။

ဖြေ။     ။အဲဒီ ကလေးတွေနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေ လုပ်မယ်။ ယောက်ျားတွေဆိုရင် ယုံကြည်စရာ မရှိဘူး၊ ကိုယ့်မိသားစုလို ဘယ်အမျိုးသားတွေကိုမှ မဆက်ဆံနဲ့၊ အလုပ်ရှင်ဆိုပြီးတော့ တရင်းတနှီး မဆက်ဆံနဲ့ ဆိုတာ တွေကို ပြောပြသွားဖို့ ရှိပါတယ်။ ကျမတို့ အနေနဲ့ကတော့ ဒီလို အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလုပ်လုပ်ရင်လည်း နေ့လယ်ပိုင်းပဲလုပ်၊ ည အိမ်ပြန်ဆိုတာတွေ ပြောသွားမယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိခင်တွေက အလုပ် လုပ်ခိုင်းမယ် ဆိုရင်လည်း အဲဒီမိခင်တွေကို နည်းနည်း စည်းရုံးရေး လုပ်ရမှာပေါ့။ ဘယ်လိုနေရာ ဘယ်လို ဆိုင်တွေမှာလုပ်ဖို့၊ ဖြစ်နိုင်ရင် ကလေးငယ် တွေကို ည အိမ်ပြန် အိပ်ခိုင်းဖို့ အဲဒါတွေ ပြောသွားပါမယ်။

မေး။     ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ကူညီပေးခဲ့တာ ဘယ်နှမှုလောက် ရှိပါသလဲ။

ဖြေ။     ။ မိန်းကလေးနဲ့ ပတ်သက်တဲ့ အမှုကတော့  ၅ မှုပါ။ ကလေးစစ်သားနဲ့ ပတ်သက်ရင်တော့ ရေတပ်က ၉ ယောက် လောက်တော့ ကူညီပေးခဲ့တယ်၊ အားလုံး အောင်မြင်ခဲ့တယ်။ အခု လတ်တလောလည်း အမျိုးသမီးနဲ့ ပတ်သတ်တဲ့ကိစ္စ၊ ကလေးသူငယ်တွေ မတရားနှိပ်စက်ခံရတဲ့ ကိစ္စတွေကို ကူညီပေးနေပါတယ်။

မေး။    ။ ဒေါ်လေးလေးက အမျိုးသမီးတယောက်ဖြစ်ပြီး အဲဒီလို မတရား ဖိနှိပ်ခံရတဲ့ အမှုတွေကို လိုက်ကူညီပေးတာ ဘာကြောင့်လဲ၊ ဘယ်နှခုနှစ်က စလုပ်ခဲ့လဲ။

ဖြေ။    ။ ကျမကလည်း စစ်အာဏာရှင်စနစ်က မတရားမှုနဲ့ ထောင် ၂၁ နှစ်၊ ပြင်သစ်နိုင်ငံသားကို အစိုးရရဲ့ သတင်း ပေးပို့မှုဆိုပြီး စွဲဆိုခဲ့တယ်။ ဒါပေမယ့် အယူခံလိုက်တော့ တနှစ်နဲ့ လေးလပဲ ကျခဲ့တယ်။ ပြီးတော့ ကျမသား အသက်မပြည့်တဲ့ ကလေးကို စစ်တပ်က လိမ်ညာ ခေါ်သွားတာတွေကို ခံပြင်းလို့ မတရားတာတွေကို ကိုယ်တိုင်ကြုံခဲ့လို့ အဲဒီလို မတရား တာတွေ မြင်ရင်၊ ကြားနေရင် ကူညီပေးတာပေါ့။ ၂၀၀၅ ခုနစ်က စတင်လုပ်ခဲ့တာပါ။

မေး။    ။ အဲဒီလို မတရားခံရတဲ့ သူတွေလိုက်ကူညီပေးတဲ့အချိန်မှာ အာဏာရှင်တွေက ဒေါ်လေးလေးကို ဘယ်လို ခြိမ်းခြောက်မှုလုပ်သလဲ။

ဖြေ။     ။ ခြိမ်းခြောက်မှုကတော့ အမျိုးမျိုးပါပဲ။ ဖိအား ဆိုတာရှိပါတယ်။ ကျမကတော့ မကြောက်တော့ဘူး။ ကြောက်စိတ်လည်း ကုန်နေပါပြီ။ ဒါကြောင့် ကိုယ့်လို အမျိုးသမီးတွေကို အာဏာရှင်က မတရားဖိနှိပ်တာ ကြုံလာရင် မကြောက်ဖို့၊ မခံဖို့ ဆိုပြီး အမြဲ ပြောပြပါတယ်။ ပြီးတော့ ကျမက ကိုယ်ကူညီတဲ့ သူတွေအတွက် တာဝန် ယူရဲတယ်၊ တာဝန်ခံရဲတယ်။ မတရားခံရတာကို သိလို့လေ။

မေး။     ။ မြန်မာအမျိုးသမီးတွေ အကြောက်တရားတွေ လွှမ်းမိုးနေသေးတယ်ဆိုတော့ ဒေါ်လေးလေး အနေနဲ့ အဲဒီ အကြောင်း ဘာများ ဆက်ပြောချင်ပါသလဲ။

ဖြေ။     ။ အဲဒီအတွက်ကို ကျမက အမျိုးသမီးအင်အားစုကို တမြို့နယ်ကနေ တမြို့နယ်၊ ပြီးတော့ တိုင်းကနေ တပြည်လုံးအထိ Campaign တွေ လုပ်သွားရပါမယ်။ အမျိုးသမီးတွေ အကြောက်တရားမရှိအောင် ကျမတို့က လိုက်ပြီး အားပေးမယ်။ အမှန်တရား ဖော်ထုတ်ခိုင်းမယ်။ ရဲတွေ စစ်တပ်တွေဆိုတာ ကြောက်စရာမလိုဘူးလို့ ပြောသွားမယ်။ Campaign ဆိုရင်တော့ အမျိုးသမီးထု တရပ်လုံး အကြောက်တရား မရှိဖို့ရယ်၊ တပြေးညီ ခံစားခွင့်ရှိတယ် ဆိုတာ ပြောပြီးတော့ လုပ်သွားပါမယ်။ အခုဆိုရင် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ရွှေပြည်သာ မြို့နယ်တွေမှာ အမျိုးသမီးတွေ အတွက် အဖွဲ့တွေဖွဲ့ပြီးသွားပါပြီ။

မေး။     ။ အရွယ်မရောက်တဲ့ ကလေးငယ်တွေက အဲဒီလို အတင်းအဓမ္မ ကျင့်တာခံရပြီး နောက်ပိုင်း စိတ်ခံစားမှုတွေ၊ အားငယ်မှုတွေ မရှိအောင် ဘယ်လို လုပ်ဆောင်သွားမှာလဲ။

ဖြေ။     ။ ကလေးတွေက ကျမကို တွေ့တာနဲ့ အရမ်း အားကိုးကြတယ်။ သူတို့ အားကိုးတဲ့သူတယောက် ဖြစ်အောင်လည်း လုပ်ဆောင် ပေးနေတယ်လေ။ ကျမက အမှုဖြစ်တဲ့ အချိန်ပဲလုပ်ပေးတာ မဟုတ်ဘူး၊ ကလေးငယ်တွေ နောင်ရေးအတွက်ပါ ထည့်စဉ်းစားပြီး လုပ်ဆောင်ပေးတာပါ။ မိန်းကလေးတွေ ဆိုတာ အရှက်နဲ့ အသက်ရှိတယ်။ အရှက်ကို ကာကွယ်ရမယ်လေ။ မှန်မှန်ကန်ကန် ဖြစ်အောင်နဲ့ ဘ၀ရပ်တည် နိုင်အောင် တဖြည်းဖြည်း သင်ကြားပေးသွားမှာပါ။

မေး။     ။ ကလေးငယ်တွေ ဘ၀ ပြုစုပျိုးထောင်မှုဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ။     ။ ကျမတို့ တောင်ဒဂုံမှာ ဆိုရင် BG (Blood Give) အဖွဲ့ကနေပြီးတော့ လမ်းဘေး ကလေးတွေကို စာသင်ပေးပါတယ်။ ပြီးတော့ သူတို့လေးတွေကို ဥပဒေ သိစရာလေးတွေ နားလည်အောင် ရှင်းပြပါတယ်။ ကလေးငယ်တွေ ပညာမတတ်မှုတွေ များလာရင် မတရား ဖိနှိပ်မှုတွေ များလာမယ်။ ကလေးငယ်တွေကို အကြောက်တရား မရှိအောင် သင်ပေးတယ်။

မေး။     ။ ဒေါ်လေးလေးက NLD ပါတီဝင် တယောက်လည်းဖြစ်တဲ့အတွက် အမျိုးသမီး တယောက်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါသလား။

ဖြေ။     ။ ကျမက NLD အဖွဲ့ဝင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရပ်ကွက်မှာပဲ ပါတီအဖွဲ့ကို ဆောင်ရွက်ပါတယ်။ မြို့နယ်တို့ တိုင်းတို့မှာတော့ မဆောင်ရွက်ပါဘူး။ အပြင်ကနေပဲ ကိုယ်လုပ်သင့်တာတွေ လုပ်ပါတယ်။ ရွေးကောက်ပွဲတော့ ယှဉ်ပြိုင်ဖို့ မလုပ်ပါဘူး။ ကိုယ်နိုင်တဲ့ ဘက်ကနေ လုပ်တာကောင်းပါတယ်။

အမျိုးသမီး အခန်းကဏ္ဍဆိုရင် အခုလိုမျိုးပေါ့ အာဏာရှင် အုပ်စုတွေက အမျိုးသမီးတွေကို ဖိနှိပ်၊ ကြောက်အောင်ခြောက်၊ ပွင့်ပွင့်လင်းလင်း မဆောင်ရွက်တာတွေပေါ့။ မြန်မာနိုင်ငံမှာ ရှိတဲ့အမျိုးသမီး ရေးရာတို့၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးတို့က လူကြီးတွေရဲ့ အမျိုးသမီးတွေ လုပ်တယ်။ တကယ်တော့ သူတို့တွေက ပြည်သူ့ရှေ့မှောက်မှာ ရပ်တည်နေတဲ့သူတွေ မဟုတ်ပါဘူး။ တကယ်စောင့်ရှောက်နေတဲ့ သူတွေဟာ ဒီလို အပြင်က လူမှု ကွန်ယက်တွေပါ။ အမျိုးသမီးရေးရာ ကရော၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးကရော ပူးပေါင်းပြီး အမျိုးသမီးထု ဘက်ကနေ ရပ်တည်ပေးပါလို့ ပြောချင်ပါတယ်။ The Irrawaddy (Burmese Version)

ပထမဆုံး အန်အယ်လ်ဒီပါတီ ညီလာခံနှင့် ပတ်သက်ပြီး မေးမြန်းချက်

ဦးအုန်းကြိုင်
 March 4, 2013
၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားတဲ့သမိုင်းဝင် ရှစ်လေးလုံးလူထုအုံကြွမှုအပြီး စစ်တပ်က အာဏာသိမ်းပြီးစ ပါတီစုံဒီမိုကရေစီစနစ်ကို ခွင့်ပြုခဲ့တဲ့နောက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီဟာ လူထုထောက်ခံမှုရခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက အာဏာမလွှဲပေးတဲ့အပြင် အန်အယ်လ်ဒီပါတီရဲ့ ညီလာခံကိုတောင် ကျင်းပခွင့်မပေးဘဲ ပါတီခေါင်းဆောင်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီတွေပြန်လည်မှတ်ပုံတင်ဖို့ အစိုးရဘက်က ထုတ်ပြန်ရာမှာ ပါတီကို မှတ်ပုံမတင်တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်အနိုင်ရခဲ့ပါတယ်။

လာမယ့် ၈ ရက်နေ့စတင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် ညီလာခံနဲ့ပတ်သက်လို့ ပါတီပြောခွင့်ရ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ပါတီညီလာခံ ပြင်ဆင်ထားမှု နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

“၈၊ ၉၊ ၁၀ ရက်နေ့တွေ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခြံမှာ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။”

စာရင်းအရ ညီလာခံကို ကိုယ်စားလှယ် ဘယ်နှယောက်လောက် တက်မလဲ။

“နောက်ဆုံးရရှိတဲ့ စာရင်းအရ ကိုယ်စားလှယ် ၉၀၀ နီးပါး တက်ပါမယ်။ စာရင်းအတိအကျကတော့ ဒီနေ့မှ နောက်ဆုံးပြုစုမှာမို့ အခုထိတော့ ၈၄၉ အဲလောက်ထိ ရှိပါတယ်။ ဖိတ်ကြားထားသော ပုဂ္ဂိုလ်တွေအပါအ၀င်ဆို ၉၀၀ ပေါ့။”

မြို့နယ်ပေါင်း ဘယ်လောက်ရှိမလဲ။

“တချို့ ပြည်နယ်ကြီးတွေဆိုရင် ညီလာခံကို လုံခြုံရေးအရ၊ တချို့လည်း ဖွဲ့စည်းမှု မရှိသေးလို့၊ ပါတီ ညီလာခံမကျင်းပနိုင်တဲ့ မြို့နယ်တွေ ရှိပါတယ်။ အားလုံးပေါင်း မနေ့ကဆွေးနွေးတဲ့အထိ နောက်ဆုံးရတဲ့စာရင်းအရ မြို့နယ်ပေါင်း ၂၅၂ မြို့နယ်လို့ အကြမ်းဖျင်း သိပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းညီလာခံက မနေ့ကမှ ကျင်းပပြီးစီးတော့ နောက်ထပ်ကိုယ်စားလှယ်စာရင်း အဲဒီမြို့နယ်တွေ ရှိနိုင်ပါတယ်။ ၃-၄ မြို့နယ်ထက်တော့ မပိုတော့ပါဘူး။ ၂၆၀ လောက် ဖြစ်မှာပေါ့။”

ကျန်တာတွေက ညီလာခံပြီးမှ ဆက်ပြီး စီစဉ်မှာပေါ့။

“ဒီညီလာခံမှာတော့ သူတို့က မကျင်းပရသေးတော့ မမီတော့ဘူး။ သူတို့ဘာသူတို့ ဆက်ပြီး ကျင်းပ ဖွဲ့စည်းပေါ့။”

အန်အယ်လ်ဒီပါတီရဲ့ ပါတီဝင် အင်အားကို အကြမ်းဖျင်း ပြောလို့ရမလား။

“ပါတီဝင်အင်အားအရေအတွက်က ၁ သန်းနဲ့ ၃ သိန်းကျော် ရှိပါတယ်။ လွန်ခဲ့တဲ့အပတ် နောက်ဆုံးစာရင်းရရှိမှုအရ ၁၃ သိန်းကျော်ပေါ့။”

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့၊ တိုက်ပွဲတွေ မရပ်စဲသေးတဲ့ ကချင်ပြည်နယ်က ပါတီညီလာခံ အခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြပေးပါ။

“ရခိုင်ပြည်နယ်က ကျနော်ပြောတဲ့ မြို့နယ်ပေါင်း ၃၀၀ ထဲမှာ တချို့ ကျန်နေတဲ့ မြို့နယ်တွေက တပြည်လုံးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ ညီလာခံ မကျင်းပနိုင်ပါဘူး။ ကချင်ပြည်နယ်မှာလည်း အခုထိ ငြိမ်းချမ်းမှု မရှိသေးတဲ့အတွက် တချို့မြို့နယ်တွေမှာ ပါတီစည်းရုံးမှုလုပ်ငန်းတွေ မလုပ်နိုင်သေးပါဘူး။ ရှမ်းပြည်နယ်မှာဆိုရင်လည်း နေရာကလည်း အလွန်ကျယ်ပြန့်တာကြောင့်၊ လုံခြုံမှုအခြေအနေတွေကြောင့် တချို့မြို့နယ်တွေမှာ မကျင်းပနိုင်သေးပါဘူး။”

ညီလာခံမှာ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို အန်အယ်လ်ဒီကနေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ရှိပါသလား။

“ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးတဲ့နေရာမှာ ပါတီရဲ့ ရည်ရွယ်ချက်ကိုက စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဆိုတော့ အဲဒီထဲမှာ ပါမှာပါ။”

၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲ အနိုင်ရရေးရော အရေးကြီးအချက်တခု အနေနဲ့ ဆွေးနွေးဖို့ ရှိလား။

“ရွေးကောက်ပွဲအတွက် မူဝါဒ ကြေညာစာတမ်းကတည်းက တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့အချက်တွေ ပါပါတယ်။ အဲဒီ ဒီညီလာခံမှာ မူဝါဒ ကြေညာစာတမ်းကို ပြည်သူလူထု တရပ်လုံးအတွက် အန်အယ်လ်ဒီပါတီက ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်အဖြစ် ပါတီညီလာခံကြီးက ချမှတ်အတည်ပြုမှာ ဖြစ်ပါတယ်။”

ညီလာခံအကြိုကာလမှာ ပါတီတွင်း အောက်ခြေမှာ ရွေးကောက်တင်မြှောက်ပုံနဲ့ ပတ်သက်ပြီး ပြဿနာ အရှုပ်အရှင်းတွေ ကြားရတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ညီလာခံပြီးရင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်ဖို့ ရှိပါသလဲ။

“ကျနော်တို့ ပါတီညီလာခံသက်တမ်း သတ်မှတ်တာတွေ ရှိပါမယ်။ ဗဟိုကော်မတီလည်း အသစ်ပေါ်လာမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လည်း အသစ်ပေါ်လာမယ်။ အဲဒီမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ၊ ဗဟိုကော်မတီတို့က ဒီကိစ္စတွေကို ဘယ်လိုအသေးစိတ်ဆောင်ရွက်သွားမလဲဆိုတာ လမ်းညွှန်မှာပါ။ ကျနော်တို့ အခု တကယ်လေ့လာကြည့်တော့ အချင်းချင်းဆွေးနွေးလို့ ရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ မနေ့က ကော်မရှင်အနေနဲ့ ကျနော်တို့ သေချာစုံစမ်းကြည့်တော့ ဗဟိုကနေဆင်းပြီး ဖြေရှင်းပေးရလာက်တဲ့ မြို့နယ်က တပြည်လုံးမှာ ၂ မြို့နယ်လောက်ပဲ ရှိပါတယ်။ ကျန်တဲ့ဟာတွေက သူတို့ တိုင်းအလိုက်ပဲ ညှိနှိုင်းဖြေရှင်းပြီး ပြေလည်သွားတဲ့ကိစ္စတွေ ရှိပါတယ်။ ဒါတွေလည်း ဆွေးနွေးတဲ့အထဲမှာ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ ပါပါလိမ့်မယ်။”

အန်အယ်လ်ဒီပါတီကို တခြားပါတီတခုခု၊ အဖွဲ့အစည်းတခုခုကနေပြီး စိမ့်ဝင်ထိုးဖောက်ပြီး နေရာရယူထားတာမျိုးတွေ လုပ်နေတယ် ဆိုပြီး အောက်ခြေပါတီဝင်တွေက စိုးရိမ်ပူပန်ပြီး ထုတ်ဖော်ပြောဆိုတာမျိုး ရှိပါတယ်။ အဲအတွက် ဘယ်လို ပြင်ဆင်ထားပါလဲ။

“ကျနော်တို့ ပါတီညီလာခံ ပြန်တမ်းဆိုတာ ဒါပါပဲ။ ညီလာခံတခုနဲ့တခုကြားမှာ ညီလာခံ ပြန်တမ်းကို ဘယ်လိုသတ်မှတ်မလဲ။ အဲဒါက ဖွဲ့စည်းထားတဲ့ မြို့နယ်ကော်မတီတွေကို ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့၊ ဗဟိုကော်မတီတို့က ဒါဘယ်လို ပြင်ဆင်ဖွဲ့စည်းနိုင်သလဲ၊ ဘယ်လိုအခက်အခဲရှိနေတယ်ဆိုတာ အဲဒါတွေက ပေါ်လာမှာပါ။ ကျနော်တို့ ညီလာခံသက်တမ်းတခုအတွင်းမှာ မြို့နယ်ဆိုရင် လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေ ထွက်ပါမယ်။ မြို့နယ်တွေမှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေကို တလတကြိမ် ကျင်းပရမယ်တို့၊ လုပ်ငန်းအစီရင်ခံစာ ပို့ရမယ်တို့၊ ဒါတွေကို ဗဟိုကော်မတီက နောက်ပိုင်း လုပ်တော့မှာပါ။ မြို့နယ်ပါတီစုံညီ ညီလာခံကျင်းပရမယ်တို့၊ ဒီနေ့ရာမှာ အကျေအလည် ဆွေးနွေးနိုင်ပါတယ်။ စိမ့်ဝင်ထိုးဖောက်မှုတွေကိုလည်း အဲဒီမှာ ကျနော်တို့ သေသေချာချာ ပြေလည်ဖို့အတွက် ရည်ရွယ်ချက်တွေ ညှိရင်းညှိရင်း၊ တယောက်နဲ့တယောက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရင်းနဲ့ ပြေလည်မှုရပြီး စည်းလုံးညီညွတ်မှုရှိအောင် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

လက်ရှိဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသက် ၆၀၊ ၇၀ ကျော်ပြီဆိုတော့ အခုညီလာခံကြီးကနေ ပါတီဥက္ကဋ္ဌသစ်အတွက် လျာထားတာမျိုး၊ စီအီးစီအသစ်တွေကိုရော လူငယ်မျိုးဆက်သစ်တွေ မွေးဖို့ အစီစဉ်ရော ရှိပါသလား။

“ကျနော်တို့ ပါတီ တရားဝင်မှတ်ပုံတင်ကတည်းက ဥက္ကဋ္ဌက ပါတီကို ဘယ်လိုဖြစ်စေချင်တယ်ဆိုတဲ့ အိုင်ဒီယာတွေ ချပြပါတယ်။ အဲဒီမှာ ပါတီရဲ့ ပထမဦးစားပေးမှာ ဂုဏ်သိက္ခာ၊ ပါတီရဲ့ တကယ့်အနှစ်ပေါ့။ ပါတီရဲ့ တည်ထောင်သူတွေပေါ့။ အဲဒါတွေက ပါတီကို ကြီးကြပ်ကွပ်ကဲပြီး ပါတီရဲ့ ဥသျှောင်တွေအဖြစ်နဲ့ ပါနေရမယ်။ အဲဒီကနေ အခက်အခဲ အမျိုးမျိုးကြားထဲမှာ ဒီပါတီကြီး ဆက်လက်ဦးဆောင်ပြီး သယ်ဆောင်ပေးလာတဲ့ လက်ရှိခေါင်းဆောင်တွေထဲကလည်း ပါရမယ်။ ပြည်နယ်နဲ့တိုင်းအလိုက် တိုင်းရင်းသားတွေလည်း ပါရမယ်။ အမျိုးသမီးတွေ၊ လူငယ်တွေ ပါရမယ်။ အဲဒီဟာအတိုင်း ရွေးချယ်မှုတွေ လုပ်သွားကြမှာ ဖြစ်ပါတယ်။ အခုညီလာခံမှာ ဗဟိုကော်မတီဆိုတာတွေကို အောက်က ရွေးတင်လိုက်တဲ့ ဗဟိုညီလာခံကိုယ်စားလှယ်တွေက ဗဟိုညီလာခံ ကိုယ်စားလှယ်တွေက ဗဟိုကော်မတီဝင်အသစ်တွေကို ရွေးကြမှာပါ။ ဗဟိုကော်မတီဝင်သစ်တွေက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အသစ်ကို ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကလည်း ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ တနည်းပြောရရင် ပါတီတခုလုံးရဲ့ ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်မှာပါ။ ဒါဟာ ပါတီရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့် ဥက္ကဋ္ဌလမ်းညွှန်ချက်က စည်းကမ်းတကျ ဖြစ်စေချင်တယ်။ နောက်လာနောင်သားတွေအတွက်ပါ နမူနာ ယူစရာဖြစ်အောင် ညီလာခံမှာ ဆောင်ရွက်ကြပါလို့ ပြောထားပါတယ်။ ဒါဟာလည်း သိပ်ကောင်းတဲ့ လမ်းညွှန်ချက်ပါ။ အဲတိုင်းဖြစ်အောင် ကျနော်တို့က ၀ိုင်းဝန်းကြိုးစားသွားကြရမှာပါ။ ခုတကြိမ်ညီလာခံကတော့ အခုထိ ကျနော်တို့ပါတီကို ပြည်သူတရပ်လုံးက ထောက်ခံအောင်၊ လူထုကလည်း ချစ်တယ်၊ ပါတီဝင်ထုကလည်း တခဲနက်ထောက်ခံတဲ့ ပုဂ္ဂိုလ်ကတော့ ကျနော်တို့ဥက္ကဋ္ဌပဲဖြစ်တယ်။ သူ့ကို ဥက္ကဋ္ဌအဖြစ်နဲ့ သူ့ကိုပဲရွေးမှာကတော့ မလွဲပါဘူး။ ဒါပေမယ့် ဒါက အစဉ်အလာပေါ့။ နောင် ဘယ်လိုလုပ်ကြ သွားကြမလဲဆိုတာကို သူက လမ်းညွှန်ပြီး စနစ်တကျလုပ်သွားကြမှာဖြစ်တယ်။”

၂၄ နှစ်တာဖြတ်သန်းတဲ့ကာလမှာ ပါတီညီလာခံမပြောနဲ့ အစည်းအဝေးလုပ်တာတောင် အဖမ်းအဆီးထောင်ကျ၊ နှစ်ရှည်ထောင်တွေချခံရတော့ အခု ရက်ပိုင်းအတွင်း ညီလာခံလုပ်တော့မယ်။ ခေတ် ၂ ခေတ်ရဲ့ ကွာခြားချက်လေးကို အကျဉ်းချုပ်ရှင်းပြပေးပါ။

“ညီလာခံဖြစ်လို့ ၈၉ တုန်းကလည်း ၁ ကြိမ်ကျင်းပဖူးတယ်။ အဲတုန်းက ဘယ်လောက် အခက်အခဲဖြစ်လဲဆိုတော့ အဲတုန်းက ၂/၈၈ ဆိုတာရှိတယ်။ လူ ၅၀ ထက်ပိုမစုရဆိုတော့ အဲတုန်းက ရပ်ကျေးညီလာခံလုပ်တော့ ပါတီဝင်ထုက ၁၀၀ ကျော်လောက်ရှိတော့ အစည်းအဝေးတခုထဲကိုပဲ ၃ နေရာလုပ်ရတယ်။ ဖြစ်အောင်လုပ်ခဲ့ရတယ်။ မြို့နယ်အစည်းအဝေးဆိုရင် ၄ နေရာလောက်ခွဲလုပ်ရတယ်။ တက်တဲ့ကိုယ်စားလှယ်က ၁၅၀ လောက်ရှိတော့ ၅၀ မကျော်ရဆိုတော့ ခက်ခက်ခဲခဲကြားထဲလည်း ရုန်းကန်ခဲ့တဲ့ ပါတီဖြစ်တယ်။ အခုကတော့ လွတ်လပ်ပွင့်လင်းတဲ့အချိန်ရောက်ပြီ။ ပါတီဝင်တွေကလည်း အရမ်းတက်ကြွတယ်။ ပါတီမှတ်ပုံတင်လိုက်ပြီ။ စာစောင်တွေလည်း ရှိတဲ့အခါ၊ ဆိုင်းဘုတ်တင်တာတွေ ရုံးအသစ်တွေအပြိုင်အဆိုင်ဖွင့်ကြတော့ ပြည်သူလူထု တအား အားတက်လာတယ်။ ပြည်သူလူထု စိတ်ဓာတ်အရမ်းတက်ကြွချိန်မှာ လုပ်ရတဲ့ ညီလာခံဖြစ်တယ်။ ဝေဖန်ပြောဆိုမှုတွေလည်း ပွင့်ပွင့်လင်းလင်းဖြစ်လာတယ်။ ကိုယ့်အချင်းချင်းလည်း ဝေဖန်ကြတယ်။ ဒါက ဒီမိုကရေစီအစဉ်အလာတွေ စကျင့်သုံးလာရတာပဲ။ ထူးခြားတယ်လို့ပြောချင်ပါတယ်။ ပါတီတွင်းမှာလည်း တကယ်ကိုပဲ လူကြီးတွေရဲ့ဆန္ဒအတိုင်း လူသစ်တွေကိုလည်း ပွင့်ပွင့်လင်းလင်း လက်ခံတယ်။ လူထုပါတီဖြစ်အောင်လုပ်ရမယ်။ ပြည်သူ့ပါတီဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ဆရာ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လမ်းညွှန်ချက်အတိုင်း သေချာ လုပ်ခဲ့ကြတာဖြစ်တယ်။ ပြည်သူလူထုရဲ့ ဘ၀လည်း တိုးတက်လာတော့ စပြီးတော့ ညီလာခံတွေလုပ်ခဲ့ကတည်းကိုက ဒီမိုကရေစီအနံ့အသက်တွေနဲ့ ဒီမိုကရေစီ ကျင့်သုံးပုံတွေ တကယ်ကို တက်တက်ကြွကြွရှိလာတယ်။ လန်းလန်းဆန်းဆန်း ပွင့်ပွင့်လင်းလင်းရှိလာတယ်လို့ ပြောချင်ပါတယ်။ ”

တခြား ဘာများပြောချင်တာရှိပါသေးလဲ။

“ကျနော်တို့ကို ထောက်ခံခဲ့တဲ့၊ အခက်အခဲ အကျပ်တည်း ကာလအတွင်းမှာ ထောက်ခံခဲ့တဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေကိုလည်း ဒီညီလာခံကြီး အောင်မြင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်။”
အေး​နိုင်
DVB TV News


အမတ်တွေအဆိုတင်တင်မတင်တင် ဥပဒေ နဲ့ မညီတာတွေကို ညီအောင်လုပ်ရမှာ အုပ်ချုပ်သူတွေရဲ့တာဝန်ပဲ

 ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဌ ဦးအောင်သိန်းလင်းနှင့်တွေ့ဆုံခြင်း
မြေယာကိစ္စများ၊ အရှုပ်အရှင်း  များနှင့် ပတ်သက်၍ လွှတ်တော် နှစ်ရပ်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်လပ် မြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မရှင်မှ တာဝန်  ရှိသူတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သိန်းလင်းအား Hot News သတင်းထောက်မှ မတ်လ ၃ ရက်နေ့၌ တွေ့ဆုံကာ  ကော်မရှင်၏လက်တလောဆောင် ရွက်ချက်များနှင့် မြေယာပြဿနာ  အချို့အပေါ်သဘောထားသုံးသပ် ချက်များအား တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါသည်။

အဘတို့ပါဝင်တဲ့ ဒီမြေသိမ်း  ခံရမှုစုံစမ်းရေးကော်မရှင်အနေနဲ့ စုံစမ်းမှုတွေလုပ်တဲ့ အခါဘယ်လို  မျိုးစံနှုန်းတွေနဲ့လုပ်သလဲသိချင်ပါတယ်။ ဒီကော်မရှင်ကို တိုင်းနဲ့ ပြည်နယ်အလိုက်အဖွဲ့ကိုးဖွဲ့ခွဲပြီး စုံစမ်းတာတွေလုပ်တယ် အဲဒီမှာ နိုင်ငံရေးပါတီတွေက လွှတ်တော်  ကိုယ်စားလှယ်တွေလည်းပါတယ်။  အဖွဲ့ (၁) မှာတော့ဦးတင်ထွဋ်က ခေါင်းဆောင်ပေါ့။ စံနှုန်းရယ်လို့ တော့မဟုတ်ဘူးပေါ့နော်။ ကော်မရှင်အနေနဲ့ကတော့ မြေယာ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ စုံစမ်းစစ် ဆေးမှုရဲ့ ရလာဒ်အဖြေကို ပြည်ထောင်စုလွှတ်တော်ကိုတင် ပြတယ်။ ပြည်ထောင်စုလွှတ်တော်  က အစိုးရအဖွဲ့ကို ဖြေရှင်းဆောင် ရွက်ပေးဖို့ တိုက်တွန်းတာပေါ့ဗျာ။ လက်ရှိတည်ဆဲမြေသိမ်းဥပဒေ ကို အဆင့်တွေကျော်နေတဲ့ လုပ်ရပ်အချို့ကြောင့် တောင်သူ လယ်သမားတွေ နစ်နာရတဲ့အပေါ် မှာရော အဘတို့ ကော်မရှင်က ဘယ်လိုသုံးသပါသလဲ။

မှန်ပါတယ်။ တချို့ကြတော့ မြေသိမ်းဥပဒေရဲ့ အဆင့်တွေ ကျော်နေပြီး။ လယ်သမားတွေ နစ်နာတာ လျှော်ကြေးမရတာ တွေလည်းရှိတယ်။ ကျန်တာက တော့ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းတွေအကောင် အထည်ဖော်ဖို့မြေသိမ်းတဲ့အခါ  မြေအသိမ်းခံလက်ငုတ်လက်ရင်း  လယ်သမားတွေ နစ်နာတာရှိတယ်။  ဥပမာပြောရရင် FMI အိမ်ရာ အပါအ၀င် FMI ဂေါက်ကွင်းတို့ ဘာတို့ပေါဗျာ။ အဲဒီမှာဆို တွေ အုပ်ကမြေသိမ်းပေးတယ်အိုးအိမ် ဦးစီးဌာနကို အိုးအိမ်ဦးစီးဌာနက FMI ကိုလုပ်ကိုင်ခွင့်ပြန်ချပေးတယ်။ ဒါတွေကိုလည်း ကော်မရှင်အနေ နဲ့ စုံစမ်းတယ်။ အဲသလိုစုံစမ်းစစ် ဆေးမှုရလာဒ်တွေကို လွှတ်တော်  မှာ ပြန်တင်ပြတယ်။ နောက်တစ် ခါစက်မှုဇုန်တွေလုပ်ဖို့မြေသိမ်း တယ်။ သိမ်းတဲ့အခါ အဆင့်တွေ ကို ပြီးပြည့်စုံအောင်စနစ်တကျမ လုပ်နိုင်တဲ့ အခါကြတော့ တောင်သူလယ်သမားပဲနစ်နာရရှာ တာ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းတွေအကောင် အထည်ဖော်ဖို့ မြေသိမ်းတဲ့အခါ မှာ မြေသိမ်းတဲ့ဌာနအနေနဲ့ ရှေ့ မထွက်တဲ့အခါ လုပ်ကိုင်ခွင့်ရထား တဲ့ လုပ်ငန်းတွေနဲ့ လယ်သမား တွေကြား ပြဿနာတွေဖြစ်ရပါ တယ်။ ဒီလိုကိစ်္စတွေမှာရော ဘယ်သူကတာဝန်အရှိဆုံးဖြစ်ပါ သလဲ။

မြေသိမ်းတော့မယ်ဆိုရင် အစိုးအနေနဲ့က ဒီမြေကို အများ ပြည်သူအကျိုးငှာသိမ်းရပါတယ်။  ဆိုပြီး ကြေညာရမယ်။ ဒါမှ ကာယကံရှင်တွေကသိမှာ အဲသလို   သိမှပဲ။ သူတို့ဘက်ကပြန်လည်ခြေ ပနိုင်ခွင့်ရှိလာမယ်။ အဲသလို ချေပတဲ့ထဲက နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မဖြစ်မနေကို သိမ်းရမယ်ဆိုရင်လည်း မြေသိမ်း ဥပဒေပုဒ်မ ၆ အရ တိုင်းတာပြီး  ဘယ်ဟာကိုသိမ်းမယ်ဆိုပြီး။ ကြေညာရမယ်။ အဲသလိုကြေညာ ပြီးမှ လယ်သမားတွေကို နစ်နာ ကြေးတောင်းဆိုနိုင်တယ်ဆိုပြီး ကြေညာရမယ်။ မြေသိမ်းမှုတွေကို  ပုဒ်မ ၄ ပုဒ်မ ၆ အရလုပ်ပြီးရင် ပုဒ်မ ၉ အရ လျော်ကြေးပေးရ မယ်။ အဲသလိုလုပ်တဲ့အဆင့်ရောက် ဖို့ ဦးစွာ လ/န (၃၉) လယ်မြေ ကို အခြားမြေအဖြစ်လုပ်ကိုင်ခွင့်  ရှိရအုံးမယ်။ ဒီတော့ဒီမှာတာဝန်ရှိ  တာအုပ်ချုပ်ရေးပိုင်းကလူတွေပဲ။ ပြည်သူတွေနစ်နာတာကို ဖြေရှင်း ပေးဖို့ သူတို့မှာတာဝန်ရှိတယ်။ ကျွန်တော်တို့လွှတ်တော်အမတ် တွေ အဆိုတင်တင်မတင်တင် ပြည်သူနစ်နာတာကို ဖြေရှင်းပေး ရမှာအုပ်ချုပ်သူတွေနဲ့ တာဝန်ပဲ။

အချို့ကိစ္စတွေမှာ လယ်မြေ တွေကို အခြားမြေအဖြစ်လုပ်ကိုင် ခွင့် လ/န မရသေးသော်လည်း စီမံကိန်းတွေ အကောင်အထည် ပေါ်လာတာမျိုးတွေအပေါ်မှာရော   ဘယ်လိုဖြေရှင်းရမဲလဲ။အဆောက်အသီးတွေတော့ ဆောက်ပြီးသွားပြီ။ ဒါပေမဲ့ လ/န  က လုံးဝမကျသေးဘူး။ ဒါတွေကို  ကျွန်တော်တို့က စုံစမ်းတွေ့ရှိတယ်။ အဲဒီမှာက လျော်ကြေး၊ နစ်နာ ကြေးထိုက်ထိုက်တန်တန်မရတဲ့ လယ်သမားကနစ်နာတာပေါ့ဗျာ။  ဒါတွေကိုကြတော့ ပြည်ထောင်စု  လွှတ်တော်ကိုတင်ရတယ်။ ပြည်ထောင်စုလွှတ်တော်ကနေတစ် ဆင့်အစိုးရအဖွဲ့ကိုတိုက်တွန်းပြီး။ ဖြေရှင်းရတာပေါ့ဗျာ။ ဖြေရှင်းတဲ့  အခါမှာလည်းတန်ဆဲဥပဒေအရ ဆောင်အတွင်းကပဲဖြေရှင်ရပါတယ်။ ဥပမာဆိုရင် ရန်ကုန်မှာ ဒဂုံသုံးမြို့ နယ်ပြီးတော့ လှိုင်သာယာနဲ့ ရွှေပြည်သာဘက်တွေမှာ လယ် သမားတွေနစ်နာရတာတွေရှိတယ်။  ပြောရရင် အဆင့်တွေကျော်တာ တို့ သက်ဆိုင်ရာအဆင့်အလိုက် မလုပ်ကြတာတို့ကြောင့် လယ်သမားကနစ်နာရတယ်။ ဒါတွေကိုတော့ ခုနပြောသလို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြီး အစိုးရအဖွဲ့ကိုတိုက်တွန်းပါတယ်။

တပ်ကမြေသိမ်းတဲ့ ကိစ္စရပ်  တွေကိုရော အဘတို့ကော်မရှင် အနေနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ အခါမှာ ဘယ်လောက်အတိုင်း အတာထိအောင်မြင်မှုရှိပါသလဲ။ ကော်မရှင်အတွက်ရော၊ နစ်နာတဲ့ လယ်သမားတွေအတွက်ရောပါ။တပ်ကမြေသိမ်းလိုက်လို့ လယ်သမားတွေ နစ်နာရတာရှိ တယ်။ နောက်တစ်ခါတပ်မိသား စုဝင်တွေအတွက် ၀န်ထမ်းသက်သာ  ဆိုပြီး။ စိုက်ပျိုးမွေးမြူရေးလုပ်ဖို့  မြေသိမ်းတော့လည်း လယ်သမား  တွေနစ်နာရတယ်။ နောက်ထပ် အတွက်ဆောက်တဲ့ အဆောက် အဦးတွေသတ်မှတ်တာထက်ကျော်  သွားတဲ့ အခါမှာလည်း လယ်သမား  တွေနစ်နာရတယ်။ တပ်မြေသိမ်း တာနဲ့ ပတ်သက်ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇၊ ၂၈၊ မှာတုန်းက တက်ကတာ ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။  အဲဒီမှာလည်း တပ်ကမြေသိမ်းလို့ လယ်သမားနစ်နာရတာတွေကို ဆွေးနွေးတယ်။ အဲဒီကိစ္စလွှတ် တော်ကိုတင်မှာပါ။ အဲဒီမှာ နစ်နာတဲ့လယ်သမားတွေပြန်ပေး  မယ်ဆိုပြီးတော့ လည်းကြားတာ ပဲဗျာ။ ဒါကတော့တပ်ကတာဝန်ရှိ  သူတွေနဲ့ ဆွေးနွေးပြီဆက်လက် လုပ်ဆောင်သွားရမှာပါ။
ယခင်အစိုးရလက်ထက်မြေ ယာအရှုပ်အရှင်းပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘက်အစိုးရ  လက်ထက်မှာရော ဘယ်လိုမူဝါး  တွေချမှတ်ဆောင်ရွက်ပါသလဲ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ရဲ့ မူဝါဒတွေကို သိပါရစေ။

အဲဒါကတော့ အရင်ကမြေ သိမ်းဥပဒေရှိတယ်။ အဲသလိုအရှုပ်  အရှင်းပြဿနာတွေဖြစ်လာရင် တည်ဆဲဥပဒေနဲ့ ညီမညီကြည့် တယ်။ အဲဒီမြေသိမ်းဥပဒေက ဒီအစိုးရလက်ထက်ထိ အာဏာ သက်ဝင်နေတုန်းပဲ။ အဲဒီဥပဒေနဲ့  ဘယ်အချက်တွေ မညီဘူးလဲ။ လယ်သမားဘယ်လောက်နစ်နာလဲ ကျွန်တော်တို့ဖော်လို့ရပြီး။ အဲဒီ  က အစိုးရအပိုင်းပါ။ လွှတ်တော်    အနေနဲ့ကတော့ ကော်မရှင်ဖွဲ့ပေး တယ်။ ကော်မရှင်အနေနဲ့ စုံစမ်း  စစ်ဆေးမှုတွေလုပ်တယ်။ အဲသလို  စစ်ဆေးမှုရလာဒ်တွေကို ပြည်ထောင် စုလွှတ်တော်ကိုတင်တယ်။ အဆို အနေနဲ့ တင်တာပါ။ အဲသလို ပြည်ထောင်စုလွှတ်တော်ကမှ တစ်ဆင့်အစိုးရကို တိုက်တွန်းပြီး  အစိုးရကဆောင်ရွက်ပေးတာပေါ့ ဗျာ။ ကဏ္ဍာတစ်ခုချင်းဆီအလိုက် ပေါ့။ အဘခုနကပြောသလို လယ်မြေအခြားမြေအဖြစ်လုပ်ပိုင် ခွင့် လ/န မရသေးပဲ။ ရှေ့ဆက်  တိုးတာတွေ စီမံကိန်းအကောင် အထည်ဖော်တာတွေဟာ အောက်ခြေအုပ်ချုပ်ရေးပိုင်းရဲ့ အားနည်းချက်တွေပါတယ်လို့ရော  ယူဆပါသလား။

မှန်တယ်ဒီလိုဖြစ်တဲ့ကိစ်္စတွေ မှာ အောက်ခြေအုပ်ချုပ်ရးပိုင်းက   အရမ်းအားနည်းတယ်။ တကယ် တော့ ကျွန်တော်တို့ အမတ်တွေ က ပြည်သူတွေနဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး အဆိုတင်သည်ဖြစ် စေ၊ မတင်သည်ဖြစ်စေ၊ ပြည်သူ တွေရဲ့ အခက်အခဲကို ဖြေရှင်းပေး ဖို့နဲ့ ဥပဒေနဲ့ မညီတာတွေကို ဥပဒေနဲ့ ညီအောင်လုပ်ဖို့က အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ပဲ။ ကျွန်တော်တို့အဆိုတင်တင်မတင် တင်အုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့  အညီဖြေရှင်းဆောင်ရွက်ပေးရမယ်။   အချို့မြေတွေဆို လန (၃၉) မကျ သေးဘူး။ မကျသေးရင်လယ်ကလွဲ ပြီးကျန်တာဘာမှလုပ်ပိုင်ခွင့်မရှိ ဘူး။ အဲသလိုလုပ်ကိုင်ခွင့်မရှိတဲ့ မြေပေါ်မှာ လမ်းတွေဖောက် အဆောက်အဦးတွေဆောက်ရင် ဒါဟာဥပဒေကိုဖောက်ဖျက်တာ ဥပဒေကိုမျက်ကွက်ပြုတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေက တော့ ပြည်သူတွေနဲ့ အခက်အခဲ    တွေကို တင်ပြမှာပဲလေ။ ဒါပေမဲ့  ဥပဒေနဲ့ မညီတာတွေကို ညီအောင်   လုပ်ဖို့နဲ့ ဥပဒေကို ထန်းကျောင်း  ဖို့ကြတော့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတယ်။ ဒါသူတို့လုပ်ရ မယ်လေ။ လ/န မကျသေးပဲ ရှေ့ဆက်တိုးတာတော့ လုံးဝမဖြစ်  သင့်ပါဘူး။ဟုတ်ကဲ့ ခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။The Hot News
ခန့်ခန့် (ဒဿနိက)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com