http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ဓမ္မသတင်း. Show all posts
Showing posts with label ဓမ္မသတင်း. Show all posts

ရွှေတိဂုံဘုရား ကဆုန်ညောင်ရေသွန်းပွဲတော် မြင်ကွင်း(ဓါတ်ပုံသတင်း)

ကဆုန်လပြည့်နေ့ မနက်ရွှေတိဂုံဘုရား ညောင်ရေသွန်းပွဲ မြင်ကွင်း — at Shwedagon Pagoda.
DVB TV News







ရွှေတိဂုံ ကဆုန် ညောင်ရေသွန်း ပွဲတော် မကျရောက်မီ ညနေက ဘုရားဖူးလာသူများ

ရွှေတိဂုံ စေတီတော်ကြီး၏ အကြိမ် ၃၀ မြောက် ကဆုန် ညောင်ရေသွန်း ပွဲတော် မကျရောက်မီ တရက်အလို ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက် ညနေက ဘုရားဖူးလာသူများ၊ ကမ္ဘာလှည့် ခရီးသည်များအား တွေ့ရစဉ်။ Mizzima - News in Burmese (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)




ဒေသသုံး ဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံ ကျောက်စာတိုင်များစိုက်ထူ

May 23, 2013
ရှေးခေတ်က လူသားများသည် အကြောင်းအရာတစ်ခုကို မပျောက်ပျက်အောင် မှတ်သားထားလိုလျှင် ကျောက်တိုင် ကျောက်တုံးများတွင် ရေးထိုး၍ ထားတတ်ကြသည်။ ထိုသို့ ရေးမှတ်ခြင်းမျိုးကို ကမ္ပည်းကျောက်စာရေးထိုးသည်ဟူ၍လည်းကောင်း၊ ကျောက်ထက်အက္ခရာတင်သည် ဟူ၍လည်းကောင်းခေါ်ကြသည်။

မြန်မာနိုင်ငံတွင် မင်းတုန်းမင်းတရားကြီး လက်ထက်၌ ပိဋကတ်တော်များအား အဓွန့်ရှည်စွာတည်တံ့ စေအံ့သောငှာ ၀ိနည်းပိဋကတ်တော်ကို ကျောက်ချပ်ရေ ၁၁၁ချပ်၊ အဘိဓမ္မာပိဋကတ်တော်ကို ၂၀၈ချပ်၊ သုတ္တန်ပိဋကတ်တော်ကို ၄၁၀ချပ်၊ စုစုပေါင်း ကျောက်ချပ်ရေ ၇၂၉ ချပ်ကို ပဉ္စမ သံဂါယနာတင်ပြီးနောက် မန္တလေးမြို့ ကုသိုလ်တော်စေတီ မဟာရံအတွင်း လိုဏ် ဂူပြဿဒ်များဖြင့် တည်ထားကိုးကွယ်ခဲ့သည်။

တာချီလိတ်မြိုတွင်လည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး မှ ပိဋကတ်သုံးပုံအား ဒေသသုံးဂုံရှမ်းဘာသာဖြင့် ကျောက်စာ အချပ်ပေါင်း ၂၅၀၀ပေါ်တွင် ရေးထိုးပြီး ရွှေတိဂုံရင်ပြင် အနောက်ဘက်၌် မေလ (၂၂) ရက် နံနက် (၉) နာရီက စိုက်ထူလှူဒါန်းပွဲ အခမ်းအနားပြုလုပ်သည်။

အခမ်းအနားသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မဟာမြတ်မုနိကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် အဒိစ္စ၀ံသထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြပြီး ဆရာတော်သံဃာတော်များက ပရိတ် တရားတော်များချီးမြှင့်သည်။ယင်းနောက် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှဝေသည်။

ဆက်လက်ပြီး ကျောက်စာတိုင်စိုက်ထူပွဲကျင်းပရာ နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကျောက်စာတိုင်များစိုက်ထူကြသည်။ ယင်းနောက် ကျောက်စာတိုင်များအား ရွှေသင်္ကန်းများ ကပ်လှူခြင်း၊ အမွှေးနံသာရည်များ ပက်ဖြန်းပြီး ဆရာတော်သံဃာတော်များက “ဇယန္တော ဗောဓိယာမူလေ” အစချီသော ဂါထာတော် သုံး ကြိမ် ရွတ်ဆိုပူဇော်ကြသည်။ ကျောက်စာအချပ်ပေါင်း ၂၅၀၀ အနက် ကျောက်စာ အချပ် ၂၀၀၀ ရောက်ရှိပြီဖြစ်ပြီး ကျောက်စာ တစ်ချပ်လျှင် ငွေကျပ်(၆)သိန်းဖြင့် လှူဒါန်းနိုင်ကြောင်းသိရှိရသည်။
မောင်ဆွေငြိမ်း
Tachileik Online News
တာချီလိတ် ရွှေတိဂုံစေတီရင်ပြင်









ဇေယျသုခ ကျောင်းတိုက်တွင် သာသနာအကျိုး သယ်ပိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

Monday, May 20, 2013
အမျိုးဘာသာ သာသနာအကျိုး ဆတက်တပိုး တိုးတက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းတိုင်ပင်ဆွေးနွေး စည်းဝေးပွဲတရပ်ကို ယနေ့ မေလ ၁၉ ရက် တနင်္ဂနွေနေ့  နေ့လည် ၁ နာရီတွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ စည်းဝေးပွဲကို သာသနာရေးကိစ္စဖြင့် မြန်မာနိုင်ငံသို့ သုံးလတာခန့် ကြွရောက်ခဲ့ပြီး ယမန်အပတ်က ပြန်လည်ကြွရောက်လာသည့် ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ၏မိန့် ညွှန်ချက်အရ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် အဓိက အကြောင်းအရာ ၇ ချက်ဖြစ်သည့် (၁) ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပူဇော်နိုင်ရေး (၂) မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ခြောက်လပတ် အစည်းအဝေးကျင်းပနိုင်ရေး (၃) စုပေါင်းရှင်ပြု ရဟန်းခံပွဲ ကျင်းပနိုင်ရေး (၄) ကလေးများအတွက် မြန်မာစာ ရေး၊ ဖတ်၊ ပြောနှင့် ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်ပို့ ချပေးနိုင်ရေး (၅) မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဘဏ္ဍာရေး ဆိုင်ရာ စရင်းရှင်းလင်းခြင်း (၆) ရှေ့လုပ်ငန်းစဉ်နှင့် (၇) အထွေထွေ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဦးစွာပထမ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပူဇော်နိုင်ရေးနဲ့ ပတ်သက်၍ ဘဒ္ဒန္တနန္ဒ၀ံသက "(၁) ဘုရားအလောင်းတော် ရသေ့ သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်၊ (၂) ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လည်း မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်၊ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်၊ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလည်း မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ကြီးကျယ်ထူးမြတ်တဲ့ ဘာသာရေး နေ့တစ်နေ့ဖြစ်တဲ့အတွက်ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့  ကဆုန်ညောင်ရေသွန်းပွဲတော်ကို မဖြစ်မနေ ကျင်းပသင့်ပါတယ်။ " ဟု ရှင်းလင်း မိန့် တော်မူသည်။

ထို့နောက် ကျန် အစီအစဉ် (၆) ရပ်ကို အစည်းအဝေး တက်ရောက်လာသူများနဲ့ အကျယ်တ၀င့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် အသီးသီး ချမှတ်နိုင်ခဲ့ကြသည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ ကဆုန်လပြည့် ဗုဒ္ဓနေ့  ကဆုန်ညောင်ရေသွန်းပွဲတော်ကို လာမည့် မေလ ၂၆ ရက် တနင်္ဂနွေနေ့တွင့် ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။

ဆွေးနွေးစည်းဝေးပွဲသို့  မြန်မာထေရ၀ါ ဗုဒ္ဓဘာသာအသင်း၏ လုပ်ငန်းကော်မတီ ဌာနအလိုက် တာဝန်ခံများ၊ အသင်းသူ အသင်းသားများ၊ လူငယ်ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ညနေ ၃ နာရီခန့် တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။
The Arakan Times

ဒယ်အိုးဆရာတော် သာသနာပြုခရီးစပြီ

18.5.2013
ဒယ်အိုးဆရာတော် တွံတေးဆရာတော်တို့အဖွဲ ဆွစ်ဇလာန် ဇူးရစ်မြိုရောက်ပြီ ဓါတ်ပုံသတင်း TwanTay Sayartaw မျှဝေပါတယ်။
ကိုထွန်းဝေ

ဒေဝဒဟ ဘူမိဗေဒသမားများ ဗုဒ္ဓခေတ်မှ ပစ္စည်းများတွေ့ရှိ

ဘတ်ဝယ်၊ မေ ၁၇။
ဘူမိဗေဒပညာရှင်များသည် ရုပန်ဒေဟီခရိုင် ၂၀ ကီလိုမီတာခန့်ဝေးသည့် လုမ္ဘနီနှင့် ဒေဝဒဟ ဘဝါနီပါ ရှိဘူမိဗေဒသမားများ တူးဖော်နေသည့် နေရာတခုတွင် ဗုဒ္ဓခေတ်မှ လက်ရာရှေးဟောင်းပစ္စည်းများ တွေ့ရှိသည်။

ဘူမိဗေဒ ဌာနမှ အဖွဲ့တဖွဲ့သည်  ဒေဝဒဟအနီးတဝိုက်တွင် ဗုဒ္ဓနေခဲ့ရာအိမ်ရာအဖြစ် ယူဆသည့် နေရာတွင်မြေတူးရှာဖွေသည့်လုပ်ငန်းတခု လွန်ခဲ့သည့်နှစ်နှစ်က စတင်လုပ်ဆောင်ခဲ့သည်။

၎င်းဘဝါနီပါရှိ မြေတူးရှာဖွေသည့်လုပ်ငန်းကို လွန်ခဲ့သည့် ရက်သတ္တပတ်သုံးပတ်က စတင်ခဲ့သည်။

နံရံများ၊ အုပ်များ၊ ငွေနှင့် သစ်သားလက်ကောက်များ၊ ရွှံ့စေးအသုံးအဆောင်များ၊
ထောပတ်သုံးမီးအိမ်များနှင့် ကျောက်တုံးများအပါအဝင် ပစ္စည်းများကို တွေ့ရှိခဲ့သည်။

ဘူမိဗေဒဌာနမှ အရာရှိတဦးဖြစ်သူ ပရာခါဒါနယ်က ကိုယ်တပိုင်းဗုဒ္ဓရုပ်တုတခု၊ ရေတွင်းတခုနှင့် နန်းတော်၏အပျက်အစီးများစသည့် ရှေး ဟောင်းပစ္စည်းများက ယခုနေရာသည် ဗုဒ္ဓနှင့် ဆက်နွယ်သည့် နေရာတခုအဖြစ်အတည်ပြုရန် ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီနေရာဟာ ဂေါတမဗုဒ္ဓရဲ့နေထိုင်ခဲ့တဲ့အိမ်ဖြစ်တယ်ဆိုတာ ရှာဖွေတွေ့ရှိဖို့က နောက်ထပ်လေ့လာစရာတွေတူးဖော်စရာတွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဗုဒ္ဓနှင့်ဆက်နွယ်သည့် နေရာ ၁၄ခုတွင် ကန်ယာမိုင်၊ ဘာဝနီပါနှင့် ပန်ဒီပါရှိအချို့နေရာများကို သာ
လက်ရှိတွင်တူးဖော်ခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့တွေ ၁၀ရာစု၊ ၁၁ရာစု နဲ့ ၁၂ရာစု တွေက ရှေးဟောင်းပစ္စည်းကို တွေ့ရှိပြီးပါပြီ”
ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓသည် ၆၂၃ ဘီစီတွင် လုမ္ဘနီဥယာဉ်တွင်း၌ ဖွားမြင်တော်မူကြောင်း ၂၄၉ ဘီစီတွင် ပေါ်လာသော မော်ယန်အင်ပါယာမှ အာသောကမင်း ကြီး၏ အာသောက ကျောက်စာတွင် ဖော်ပြချက်တွင် သက်သေပြထားသည်။

လုမ္ဘနီကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ထိန်းသိမ်းထားပြီး ကမ္ဘာ့ ဘာသာကြီးများထဲမှ တခု၏အမြင့်မြတ်ဆုံးနေရာအဖြစ် သတ် မှတ်ထားသော်လည်း  ဘူမိဗေဒအရသာမက ဘာသာရေးအတွက်ပါအရေးပါသည့်ဗုဒ္ဓနေထိုင်ခဲ့ရာနေရာကို မတူးဖော် မထိန်းသိမ်းရသေးပေ။

ယခုဒေဝဒဟမှ တွေ့ရှိရသောပစ္စည်းများကို လေ့လာရေးအတွက် ဘူမိဗေဒဌာနသို့ပို့ဆောင်ပြီးကြောင်းသိရသည်။

လေ့လာပြီးပါက လုမ္ဘနီ ဖွဲ့ဖြိုးရေး အဖွဲ့(LDT)သို့ယူဆောင်လာမည်ဖြစ်ကြောင်း အရာရှိတဦးက
ပြောကြားသည်။

(LDT)မှ ဘူမိဗေဒအရာရှိတဦးက ရရှိလာသောရှေးဟောင်းပစ္စည်းများကို လုမ္ဘနီ
နိုင်ငံတကာပြတိုက်တွင်ထားရန်သို့မဟုတ် ဒေဝဒဟတွင် ထားရှိရန်ကို ဒေသခံများဆုံးထံမှ
အကြံဥာဏ်များတောင်းမည် ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် ဒေသခံများက တူးဖော်သည့်နေရာကို ကြာမြင့်စွာ တူးဖော်နေပြီး LDT
၏အကာအကွယ်မပေးနိုင်မှုကြောင့် တွေ့ရှိသည့် ပစ္စည်းများ အခိုးခံနေရကြောင်း ဝေဖန်ကြသည်။

LDTသည် တူးဖော်သည့်နေရာကို သံဆူးကြိုးများနှင့်သာ ကာရံထားသည်။
Ref:ANN
မြန်မာ့ခေတ်

ပုလဲပရဟိတဖောင်ဒေးရှင်း အလှူတော်ပွဲ

http://picasion.com/i/1Tj5x/
ဓါတ်ပုံ - ဇော်ဇော်
မန္တလေး၊ မေ ၁၆ ။
ပုလဲပရဟိတဖောင်ဒေးရှင်း အလှူတော်ပွဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြည်။
မန္တလေးမြို့၊ မဟာမင်းထင်တိုက် မိုးကုတ်ရိပ်သာကျောင်း ပဓါန နာယကဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်) တည်ထောင်တဲ့ ပုလဲပရဟိတ ဖောင်ဒေးရှင်း သို့ ဆွမ်းခံကြို/ပို့ ယာဉ်နဲ့ အသက်ကယ်လေအောက်စီဂျင်) အိုးများ လှူဒါန်းခြင်း အခမ်းအနား ကို မေလ ၁၆ ရက် နံနက်ပိုင်းက မိုးကုတ်ရိပ်သာကျောင်း မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သစ်တော၊ သတ္ထု၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့် နှင့် တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မေသန်းနု၊ မိုးယုစံ ၊ ချမ်းမီမီကို စတဲ့ နိုင်ငံကျော် အနုပညာရှင်များ တက်ရောက် ဂါရ၀ပြု အားပေးခဲ့ကြပါတယ်။ အလှူရှင်များ ရဲ့ အလှူဒါနကောင်းမှုအစုစု တို့ အတွက်ကိုလည်း ကပ္ပိရကာရက အဖြစ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တစ်ချို့နဲ့အတူ အနုပညာရှင်များ က လက်ခံပေးခဲ့ကြပါတယ်။
အလှူရှင်တွေရဲ့ ကောင်းမှုအတွက် မြို့ခံပြည်သူအပေါင်းက သောင်းသောင်းဖျဖျ အားပေး ကြတဲ့ ဒီအခမ်းအနား မှာ နိုင်ငံကျော်အနုပညာရှင်တွေဘက်ကလည်း တတ်စွမ်းတဲ့ အနုပညာတွေ နဲ့ ပြန်လည် သီဆိုဧည့်ခံ ဖျော်ဖြေပေးခဲ့ကြပါသေးတယ်။
အခမ်းအနားအပြီးမှာတော့ အလှူရှင် မိသားစုဝင်များရဲ့ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်ပေးဝေကာ အလှူရှင် မိသားစုဝင်များ နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို အောင်မြင်စွာနဲ့ ရုပ်သိမ်းခဲ့ ပါတယ်။
အဆိုပါ အလှူတော် အခမ်းအနား မှာ ကျပ် ၈၇ သိန်းခန့် တန်ဖိုးရှိ အောက်စီဂျင် (၅၉)ဘူး နဲ့ ဆွမ်းခံ ကြို/ ပို့ ယာဉ် (ယာနဒါန) အသုံးပြုရန် ကျပ်(၂၁၅)သိန်း တန်ဖိုးရှိ ကင်တာ အမျိုးအစား ထရပ်ကား တစ်စီး တို့ကို အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြတယ် လို့ သိရပါတယ်။
“ အခုဆိုရင် အောက်စီဂျင်ဘူး အလုံးပေါင်း (၄၀၀)နီးပါး ရှိပြီ ” လို့ ပုလဲ ဆရာတော်က မြန်မာဓိက ကို မိန့်ကြားပါတယ် ။ “ အလုံးရေ များတော့ ကုန်ကျစရိတ်လည်း ပိုများတာပေါ့ ဒါပေမယ့် လူနာတွေ အတွက် လောက်ငှ အောင်ကတော့လိုနေဆဲပဲ ” လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
ပုလဲ ပရဟိတရဲ့ ဇနသုခ ရေအလှူတော် စီမံကိန်း ၊ သားမျှော် မိခင် စီမံကိန်း ၊ အခုလို အသက်ကယ်(လေ)အောက်စီဂျင် စီမံကိန်း အပါအဝင် စီမံကိန်း (၆) ရပ် လုပ်ငန်းတွေ ကို အစဉ် တစိုက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဆရာတော်အနေနဲ့ ''နောက်ထပ်ပြီးတော့လည်း မြန်မာပြည် အရပ်ရပ်အသင်းခွဲတွေ ထပ်မံထားရှိဖို့ ရည်ရွယ်ချက်ရှိ ကြောင်း နဲ့ လက်ရှိအနေနဲ့လည်း ကျောက်ဆည်၊ ပြင်ဦးလွင်စတဲ့ မြို့တွေမှာ အသင်းခွဲတွေ အသင့် ထားရှိပြီးဖြစ်ကြောင်း'' ဆရာတော် ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ၊ ဘုရားဖူးများနဲ့စည်ကား

May 14, 2013
မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်နှင့် ဒေါ်နှင်းဝေတို့ဇနီးမောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကို ကားပေါ်တင်စဉ်ကျောက်တုံးလေးမှာ လှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီး ဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့်ရာမှ ကျောက်တုံးထဲတွင် ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင်အပူဇော်ခံထားကြောင်းသိရှိရသည်။

ဘုရားပုံတော်မှာကျောက်တုံးထဲတွင်ထင်ရှားစွာဖူးတွေ့ရသဖြင့် လာရောက်ဖူးမျှော်သူများပြားလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ကျောက်တုံးတွင်းမှထူးဆန်းစွာ ဖြစ်ပေါ်နေသောဘုရားကို ယုံကြည်သူများရှိသလိုစူးစမ်းလေ့လာနေသူများလည်းရှိကြောင်း ဒေသခံတစ်ချို့မှပြောကြားပါသည်။ကျောက်အမျိုးအစားမှာစလင်းကျောက်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါပေါ်တော်မှုဘုရားကိုဧပြီလ(၂၉)ရက်နေ့ကတွေ့ရှိခဲ့ကြောင်းဦးမောင်မြင့်ကပြောပါတယ်။ယခုအခါဦးမောင်မြင့်မှာရဟန်းခံလျှက်ရှိကြောင်းတွေ့မြင်ခဲ့ရပါသည်။
ငြိမ်းချမ်း(MPA)
The Hot News

နမ့်ခမ်းမြို့ ရှင်ပြုပွဲ နှင့် သာသနနုဂ္ဂဟအသင်းဝင်ကဒ်ပေးအပ်ပွဲ(ဓါတ်ပုံသတင်း)

မန္တလေး၊မေ ၁၀-၂၀၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ရှင် ၁၃၅ပါး သာမဏေပြုပွဲ နှင့် တိုင်းရင်းသား တစ်သောင်းကျော် သာသနနုဂ္ဂဟ အသင်းဝင်ကဒ်ပေးအပ်ပွဲ ကို သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချူပ် နဲ့ အခြား ၀န်ကြီး အဆင့် တို့တက်ရောက်တဲ့ အလှုရှင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် က နမ့်ခမ်းမြို့ ဇေယျသုခကျောင်း နဲ့ ပန်းဆေးဒေသ တွေမှာ ပြီးခဲ့တဲ့ မေ ၄ရက် ၊၅ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပထမနေ့ မနက်က ပန်းဆေး ပြည်သူစစ် ရှိရာ ခိုလုံလီရှော ပန်းဆေးဒေသ မှာ ရှင် ၁၃၅ ပါး သာမဏေပြုပွဲကို နမ့်ခမ်းမြို့နယ်မှ ဆရာတော်ကြီးများ၊ သာသနာရေး ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် လျှက်စစ် ၀န်ကြီး ဦးစိုင်းထွန်းရင်၊ မြို့မီမြို့ဖများ နှင့် ဒေသခံ ရှမ်း ပလောင် လီရှော တိုင်းရင်းသားများ တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာဘဲ နမ့်ခမ်းမြို့ ဇေယျသုခဘုန်းတော်ကြီးကျောင်းမှာ မြို့ပေါ်မှာနေတဲ့ ရှမ်း၊ ပလောင် နဲ့ လီရှော တိုင်းရင်းသား ၁၀၀၀ရဲ့ သာသနနုဂ္ဂဟ အသင်းဝင်ကဒ်ပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။
ပြည်နယ် လျှပ်စစ်ဝန်ကြီး လည်းဖြစ် ပြည်နယ် သာသနနုဂ္ဂဟအသင်းဥက္ကဌ လည်းဖြစ်တဲ့ ဦးစိုင်းထွန်းရင်က မြို့နယ် သာသနနုဂ္ဂဟအသင်းဝင်ကဒ်များကို ဥက္ကဌ ဦးစိုင်းသန်းဥာဏ်ထံ ပေးအပ်ခဲ့ပါတယ်။ မြို့နေလူထုက ရိုးရာအိုးစည်အတီးအမှုတ်အကများနဲ့ ကြိုဆိုခဲ့ပါတယ်။မေလ ၅ရက်နေမှာတော့ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ မှာ ကျောင်းဆောင်သစ် ဖွင့်ပွဲကို သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး နဲ့ ပြည်နယ် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ရှမ်း၊ ပလောင် လီရှော တိုင်းရင်းသားများ တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြပါတယ်။

“အရင်တုံးကတော့ ကျွန်တော်တို့ ရိုးရာ ကိုးကွယ်တာပေါ့နော် နောက်ပိုင်းကျတော့ ယဉ်ကျေးမှု အဖွဲ့တွေ တရားဝင်ဖွဲ့စည်းပြီးတော့ ရိုးရာ ကိုးကွယ်မယ့်အစား ဗုဒ္ဓဘာသာ စစ်စစ် ကိုကိုးကွယ်မယ် ဆိုပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်ကစလုပ်ခဲ့တာ” ဟု ရှမ်းပြည်နယ်လွတ်တော် အမှတ် ဦးကျော်မြင့် ကပြောပါတယ်။ပန်းဆေးဒေသ က နမ့်ခမ်းမြို့နဲ့ မိုင် ၂၀လောက်ဝေးတဲ့ တောင်ပေါ်ဒေသ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲ့တဲ့ ပန်းဆေးပြည်သူ့စစ် ရှိရာဒေသလည်း ဖြစ်ပါတယ်။ပန်းဆေးဒေသ မှာ ရှမ်း ပလောင်နဲ့ ခိုလုံ လီရှော များ နေထိုင်ပြီး ဦးကျော်မြင့် ဟာလက်ရှိ ခိုလုံလီရှော ယဉ်ကျေးမှုရဲ့အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
စိုင်းဇင်မင်းအေး
မြန်မာဓိက















သီတဂူ ဓမ္မသဘင် ကျင်းပသော သဒ္ဓမ္မပါလ သံဃဒါနဆွမ်းလောင်းအသင်း ၁၀နှစ်ပြည့်

ကလေး၊ မေ ၁၀။
ကလေးမြို့နယ်၏ ကျက်သရေဆောင် သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော် အရှင်ဒေါက်တာ ဉာဏိဿရ(D.Litt,Ph.D) ကိုယ်တိုင်ကြွရောက်၍ သီတဂူ ဓမ္မသဘင်ကျင်းပတော်မူကြောင်း သိရသည်။

သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော်ကြီး၏
တရားပွဲကို ရွှေဘုံသာ ဓမ္မရုံကြီးအတွင်းတွင် ယမန်နေ့ည၌ ကျင်းပခဲ့ကြောင်း၊
ငွေကျပ်သိန်းပေါင်း(၁၅၀၀)ခန့် ကုန်ကျမည့် ဆောက်လုပ်ဆဲ သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်း အသင်း
ဓမ္မရုံကြီးအတွက် ကလေးမြို့နယ် ပြည်သူများထံမှ အလှူတော်ငွေ ရှစ်ရာသုံးဆယ့် ကိုးသိန်း
နှစ်သောင်းကျပ် (၈၃၉,၂၀၀၀၀ိ/-ကျပ်)ပေးအပ် လှူဒါန်းခဲ့ကြောင်း၊ ဓမ္မပူဇာအလှူတော်ငွေ
ကျပ်သိန်းတစ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၀ ရက်နေ့ နံနက် ရှစ်နာရီတွင် ပင့်သံဃာအပါး ငါးရာတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့်
လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း မည်ဖြစ်ကြောင်း၊ အသင်းကြီး၏ သြ၀ါဒ စရိယ
ဆရာတော်ကြီးများနှင့် ဆွမ်းဆန်တော်များကို နှစ်စဉ်လှူဒါန်းကြသည့် ကျေးရွာများရှိ
ဆရာတော်ကြီးများ စုစုပေါင်း ဆရာတော်သံဃာတော်အပါး(၅၀)အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍
သဒ္ဓမ္မပါလသံဃ ဒါနဆွမ်းလောင်း အသင်းကြီး၏ ဆယ်နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုပွဲ လှူဒါန်းမှု
အစုစုတို့ကို ရေစက်သွန်းချ အမျှအတမ်းပေးဝေမည်ဖြစ်ကြောင်းတို့ကို ပွဲဖြစ်မြောက်ရေး ကော်မတီက
ပြောကြားခဲ့သည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲ ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန်၊မေ ၉။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ၀င် ပြိုင်ပွဲအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို
ရန်ကုန်မြို့ ၊ လှိုင်တက္ကသိုလ် ၀င်းအတွင်းရှိ(MICT-PARK)  အခန်းအမှတ်(၂၀၅)တွင် မေလ ၁၁ရက်နေ့ 
နေ့လည်(၂)နာရီအချိန် တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကာ
ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ် လူငယ်များအနေဖြင့် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓစာပေများကို
လေ့လာချင်စိတ် ရှိလာရန်၊ လူငယ်များ၏ နှလုံးသားတွင် ဘုရားတည်ရန်၊ နိုင်ငံနှင့်အ၀ှမ်း
ဖွင့်လှစ်သင်ကြားနေသော ယဉ်ကျေးလိမ္မာသင်တန်းမှ ထူးချွန် ကျောင်းသားများအား
ချီးမြှင့်ပေးရန်၊ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မှ တကယ့်တတ်သိ နားလည်သော ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် စသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏
ဥက္ကဋ္ဌဖြစ်သူက ပြောကြားသည်။

ယခုနှစ် ကျင်းပပြုလုပ်မည့် သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို အဆင့်(၃)ဆင့်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပထမအဆင့်ကို ယခုလ ၁၂ရက်နေ့ တွင် အထက်မြန်မာပြည်အတွက် စံဟိန်း (ကိုယ်ပိုင်အထက်တန်းကျောင်း)တွင်လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ဖျာပုံမြို့ အ-လ-က(၂) ကျောင်းတွင် လည်းကောင်း၊
ရန်ကုန်တိုင်း ဒေသကြီးအတွက် လသာမြို့နယ်၊ အ-ထ-က(၁)ကျောင်းတွင်လည်းကောင်း အသီးသီး
ကျင်းပပြုလုပ်သွား မည်ဖြစကြောင်း သိရသည်။

ပြိုင်ပွဲ ဒုတိယဆင့်ကို ၁၉ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲများကို ၂၂ရက်နေ့နှင့်
၂၄ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု ပြိုင်ပွဲစီစဉ်သူ တစ်ဦးက ပြောကြားသည်။

ယင်းသုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယဆု(၅)သိန်း၊
စတုတ္ထဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ်တစ်သိန်းဖြင့် (၂၄)ဆု ချီးမြှင့်သွားမည်ဟုလဲ သိရှိရသည်။

နောက်ဆုံးပြိုင်ပွဲများကို ရုပ်သံသတင်းဌာနများဖြစ်သည့် MRTV ၊ 5MOVIEနှင့် MRTV-4 တို့မှလည်း
ထုတ်လွှင့် ပြသွားမည်ဟု သိရှိရသည်။
မြင့်ကျော်
မြန်မာ့ခေတ်

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ၀မ်ကောင်းရပ်ကွက်၌ ပြုလုပ်

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ သာရေး/နာရေး ဓမ္မာရုံတွင် ကျောင်းနေရွယ် ကလေးသူငယ်များအား သင်တန်းပေးနေသောလျှက်ရှိသော နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၏ သင်တန်းဆင်းပွဲ နှင့် ဆုပေးပွဲကို မေလ(၆)ရက်နေ့ ည(၇)နာရီက ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရှိရသည်။




ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏ အန္တိမဈာပန လာရောက်ဖူးမျှော်သူများ

ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏
အန္တိမဈာပန တပည့် ၊ ဒကာ ၊ဒကာမများ
သောင်းချီ၍ ဖူးမျှော်ပို့ဆောင်

May 6, 2013
နိုင်ငံတော်ထေရ၀ါဒ ဗုဒ္ဓ သာသနာပြုသြ၀ါဒါစရိယ၊ ရန်ကုန်မြို့ ဆုထူးပန်ရွှေကျင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ၊ အဂ်္ဂမဟာ ပဏိ္ဏတဘဒ္ဒန္တသလ္လာပဏ္ဍိတ သက်တော်(၇၅)၊ သိက္ခာတော် (၅၅)မှာ ပြီးခဲ့သည့် ၂၉-၄-၂၀၁၃ (တနင်္လာနေ့)၌ ဘ၀နတ်ထံပျံ လွန်တော်မူခဲ့ပြီး ပျံလွန်သည့်နေ့ မှစကာ အနိ္တမအဂ်္ဂိဈာပနပူဇာ ကျင်းပသည့် မေလ(၅)ရက်ထိ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား လာရောက်ဖူးမျှော် ကြသည့် တပည့်ဒကာ၊ ဒကာ မများ အထူးစည်ကားများပြားခဲ့ ပြီး ဈာပနသဘင်ကျင်းပသည့်နေ့ ၌မူ သောင်းချီသော ဒကာများက လိုက်ပါဖူးမျှော်ပို့ဆောင်ခဲ့ကြ သည်။

““ဆရာတော်ဘုရားကြီးမျာက အရမ်းကိုချစ်ခင်ကြည်ညိုတဲ့သူ တွေ တစ်နိုင်ငံလုံးပဲ။ ဆရာတော် ကြီးအပါးမှာ တပည့်အဖြစ် ဦး ဇင်းခစားလာတာကြာပြီ ဆရာ တော်ကြီးမှာ ဘယ်လိုဂုဏ်အင် တွေ၊ ကြည်ညိုဖွယ်ရာတွေ ရှိသ လဲဆိုတော့ ဦးဇင်းမြင်တာကို ပြောတာပေါ့နော်။ ဆရာတော် ကြီးမှာ စွဲမြဲစွာမှတ်ထင်ခြင်း၊ မိမိ လိုလားသည်များအား အောင် မြင်ပြီးမြောက်အောင် ဓိဋ္ဌာန်ခြင်း၊ မှန်ရာကိုသာပြောဆိုခြင်း၊ စိတ် တည်ငြိမ်မှုရှိခြင်း၊ ကြိုတင်စီမံ ခန့်ခွဲနိုင်ခြင်း၊ စရဏနှင့် ဓာနတွဲ ဖက်၍ လုပ်ဆောင်ခြင်း စတဲ့ ကြည်ညိုဖွယ်ရာအချက်တွေ ရှိ တယ်။ ပြီးတော့ ဆရာတော်ကြီး ဟာအလွန်ကိုပဲ အလှူအတန်း ရက်ရောတဲ့ ဘုရားသားတော် တစ်ပါးပါ””ဟု ဆုထူးပန်ရွှေကျင် ဆရာတော်ကြီး၏ တပည့် သံဃာ တော်တစ်ပါးမှ ဆရာတော်ကြီး၏ ထူးခြားဂုဏ်အင်များအား မြွက် ဟပြောဆိုသွားခဲ့သည်။

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၇) ရက် ကြာသပတေးနေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်း မာပင်မြို့နယ်၊ မင်းကန်ကြီးကျေး ရွာ၌ ခမည်းတော်ဦးသာရွှန်း၊ မယ်တော်ဒေါ်သိန်းကြွယ်တို့မှ ဖွားမြင်သန့်စင်တော်မူခဲ့ပြီး ၁၃၁၄ ခုနှစ်၊ နယုန်လပြည့်ကျော်(၅) ရက်၌ ယင်းမာပင်မြို့နယ်၊ တမာ ပင်ခွကျေးရွာ၊ ဗောဓိဝေယံ ကျောင်းဆရာတော်ကြီးဘဒ္ဒန္တ ပဏ္ဍစ္စာဘိသီရိကို ဥပဇ္ဈာယ်ပြု လျက် မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ် သို့ စတင်ရောက်ရှိတော်မူခဲ့ပြီး သက်တော် (၇၅)၊ သိက္ခာတော် (၅၅) ဘ၀နတ်ထံပျံလွန်တော်မူ သည်အထိ သာသနာတော်အကျိုး  များအား စွမ်းစွမ်းတမံထမ်း ဆောင်ခဲ့ပြီး နိုင်ငံတော်မှလည်း ဆရာတော်ကြီးအား မြန်မာ သက္ကရာဇ် ၁၃၆၃ ၌ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိက၊ ၁၃၆၇ ခုနှစ်၌ အဂ္ဂမဟာပဏ္ဍိတ စသည့်ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ခဲ့သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

တရားအနှစ် ဓမ္မစစ် သြဝါဒ ၁ဝ၈ ထွက်ရှိ

ရန်ကုန်-မေ၎
''လူ့သိက္ခာများကို အရှက် အကြောက် နှစ်ပါးက ထောက်ခံထား၏။ လူ့ဂုဏ်ပုဒ်ကိုကား ကိုယ်ချင်းစာထား မေတ္တာတရားက ထောက်ခံထား၏။ အားလုံးတို့ကိုကား သီလတစ်မျိုးတည်း ကပင် တာဝန်ယူထိန်းသိမ်း စောင့်ရှောက် ထားချေရာသီလခေါ် စောင့်စည်းခြင်း ကျင့်ဝတ်သည် လူတို့အတွက်အသက်ကဲ့သို့ အရေး ကြီးပြီး တစ်ခုတည်းသော အားအကိုးရဆုံး၊ စိတ်အချရဆုံး တံခါးမှူးကြီးတည်း'' ဟူသော ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဓမ္မနီတိကထာအပါအဝင် ဆရာတော် ကြီး ၂၄ ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့၏ ဓမ္မလမ်းညွှန် ၁ဝ၈ ပုဒ်ကို စုစည်းထုတ်ဝေထားသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဓမ္မ စာစုများ ဖြစ်သည်။ ဆရာမောင်သွေးချွန် စုစည်းပူဇော်ပြီး ပြည်တော်ဝင် စာပေက စီစဉ်ထုတ်ဝေကာ မန်းချောင်းစာပေ ဖုန်း ဝ၉-၇၃ဝ၄၆၂၂၆ က ကျပ် ၁၂ဝဝ ဖြင့်ဖြန့် ချိထားသည်။
UTA
Popular Myanmar News Journal

ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းများ စာအုပ်ထွက်ရှိ


Collected Papers The International Seminar on Presentation and Protection of Buddhist Cultural Heritage ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းများ စာအုပ်ထွက်ရှိ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဆက်ဆံရေးေ ကာင်စီ (ICCR) တို့က ကြီးမှူးကျင်းပ သည့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် မြန်မာအပါအဝင် နိုင်ငံတကာမှ ပညာရှင်များက အင်္ဂလိပ်ဘာသာဖြင့်ဖတ်ကြား တင်သွင်းခဲ့သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ စာတမ်း ၂၅ စောင်ကို ဤစာအုပ်တွင် စုစည်းဖော်ပြထားသည်။ နှစ်ပေါင်း ၂၆ဝဝ မျှ ထွန်းလင်းတောက်ပခဲ့သော ဗုဒ္ဓသာသနာတော်ကြီးနှင့်အတူ ကာလရှည်ကြာ တည်ရှိခဲ့ပြီးဖြစ်သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အကြံပြုချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ UNESCO ကဲ့သို့သော ကမ္ဘာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်သည်ကို တွေ့ရသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စီစဉ်ထုတ်ဝေပြီး ဦးမျိုးဇော်ထွန်းနှင့် ဒေါ်ဝတ်ရည်ထွေး မိသားစုမှ ဓမ္မဒါနပြုထားသည်။
Popular Myanmar News Journal

အင်းဝခေတ် ဗုဒ္ဓဆင်းတုများ မကြာခဏပျောက်ဆုံး

ရွှေဘို၊ ဧပြီ
ရွှေဘိုမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ အေဒီ ၁၇ ရာစု အင်းဝခေတ် ဗုဒ္ဓဆင်းတုတော်များ မကြာခဏ ခိုးယူခံနေရကြောင်း ရှေးဟောင်း ဆင်းတုတော်များ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိသည့် ရွှေဘို မြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲ မခေါက်ကျေးရွာ နန်းဦးကျောင်းတိုက် ဆရာတော်ဦးကုဏ္ဍလက မိန့်ကြားသည်။

သင်္ကြန်ကာလမတိုင်မီက မခေါက်ကျေးရွာ ရွှေတောင်ဦးစေတီရှိ ရှေးဟောင်း ဆင်းတုတော် ခုနစ်ဆူ ရှိသည့်အနက် ခြောက်ဆူ ခိုးယူခံခဲ့ရပြီး တစ်ဆူကို ဦးခေါင်းတော်ပြတ်သွား သည့်အတွက် စွန့်ပစ်ထား ခံခဲ့ရကြောင်း ဆရာတော်ဦးကုဏ္ဍလက မိန့်ကြားသည်။

"ဘုရားတွေကို ရေလမ်းက သယ်ပုံရတယ်။ တောင်ပေါ်ကနေ ရေစပ်ထိ ဆွဲချလာတဲ့အရာတွေ တွေ့ရ တယ်။ ရှေးဟောင်းပစ္စည်း နိုင်ငံခြား ထုတ်မယ်ဆိုရင် သာမန်အဖွဲ့အစည်း နဲ့ လုပ်လို့မရဘူး။ ဒါတွေ ဖော်ထုတ်ဖို့ ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်း တော်တော်များများ လိုအပ်တယ်" ဟု ဆရာတော် ဦးကုဏ္ဍလက မိန့်ကြားသည်။

ယင်းမတိုင်မီ လွန်ခဲ့သည့် ရှစ်လခန့်က ရွှေဘိုမြို့နယ် ရွှေတိုက် ကျေးရွာ ရွှေခြင်္သေ့ ကျောင်းတိုက်ရှိ ဆင်းတုတော်နှစ်ဆူနှင့် ဝက်လက် မြို့နယ် ရှားကွဲကျေးရွာ၊ ရေဂမိုး ကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာရှိ ဆင်းတုတော်များနှင့် မန္တလေးတိုင်း ဒေသကြီး ခက်သင်းကျေးရွာရှိ ဆင်းတုတော်များ ခိုးယူခံခဲ့ရကြောင်း ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်း စောင့်ရှောက်ရေး အစည်းအဝေးပွဲသို့ တက်ရောက်လာသည့် ရွှေဘိုဒေသခံ ကျောင်းထိုင် ဆရာတော်များထံမှ စုံစမ်းသိရှိရသည်။

"ဘုန်းဘုန်းတို့ ခတ်ထားတဲ့ သော့ကို ဖျက်ဆီးပြီး ဘုရားနှစ်ဆူ ခိုးသွားတယ်။ ပျောက်သွားတဲ့ ဘုရား တွေတော့ ပြန်ရတဲ့ အတွက် နောက်ထပ် မပျောက်အောင် ဘယ်လို လုပ်ရမလဲဆို စိတ်ပူနေရတယ်" ဟု ရွှေဘို မြို့နယ် ရွှေတိုက်ကျေးရွာ ရွှေခြင်္သေ့ ကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တက မိန့်ကြားသည်။

ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်းရေးအတွက် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေဘိုမြို့နယ် ကျောင်းမြောင်းမြို့နယ်ခွဲ ဓမ္မရက္ခိတ လက်ရွေး ကျောင်းကြီးတိုက်တွင် ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်းရေးစောင့်ရှောက်ရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာ ကျောက်မြောင်းမြို့နယ် အတွင်းရှိ ကျောင်းထိုင် ဆရာတော် အပါး ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း ယင်းပွဲစီစဉ်သူများက ပြောကြား သည်။

"ဝက်လက်နယ် ရေဂမိုးရွာက ဘုရား နှစ်ဆူ ၄ လပိုင်း ၃ ရက်နေ့က ပျောက်သွား တော့ သစ်ဆိပ်ရဲစခန်းကို သွားတိုင်တာကို ဘုရားပျောက်တာနဲ့ ပတ်သက်ပြီး သူတို့ မစွမ်းဆောင်နိုင်ဘူး။ ငွေကြေး အကုန်အကျ များတယ်။ ဒါကိုရှာဖို့ဆိုတာက အလွန်ခက်ခဲ တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြန်ပြော လိုက်တယ်။ တာဝန်ရှိသူတွေကို အားကိုးလို့ မရရင် ဘုန်းဘုန်းတို့က ဘယ်သူ့သွားအားကိုး ရမလဲ" ဟု ဝက်လက်မြို့နယ် ရေဂမိုးကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးအာစရက မိန့်ကြားသည်။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ် ခွဲအတွင်းမှ ယခုနှစ်အတွင်း ရှေးဟောင်း ဆင်းတုတော် ခြောက်ဆူသာ ပျောက်ဆုံး စာရင်းဖွင့်ထားပြီး ယင်းဆင်းတုတော်များ နှင့် ပတ်သက်၍ စုံစမ်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း ရွှေဘိုမြို့နယ်ခွဲ ကျောက်မြောင်း ရဲတပ်ဖွဲ့စခန်းရှိ ဒုရဲအုပ်ထွန်းလင်းခိုင်က ပြောကြားသည်။ ဧရာဝတီမြစ်ကြောင်းရှိ အခြား မြို့နယ်များရှိ ဆင်းတုတော် ပျောက်ဆုံး စာရင်းကိုမူ သိရှိခြင်းမရှိကြောင်း ၄င်းက ဆိုသည်။
The Voice Weekly

ထူးခြားမှုများနှင့် အမြိုက်ကျောင်းမှ ရှမ်းရိုးရာ သဲပုံစေတီပွဲ

တွံတေး၊ ဧပြီ ၂၅။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ငါးခုမ္မစမ်း ကျေးရွာရှိ အမြိုက်ကျောင်းတိုက်တွင် နှစ်စဉ်
ပြုလုပ်မြဲဖြစ်သော ရှမ်းရိုးရာ သဲပုံစေတီပွဲကို ယနေ့ တန်ခူးလပြည့်နေ့ တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။



“ဦးဇင်းအနေနဲ့ ဒီအမြိုက် ကျောင်းကို လွန်ခဲ့တဲ့နှစ်(၂၀) ၀န်းကျင်လောက်မှာ စရောက်တာပါ။ စရောက်တော့ တရားထိုင်၊ တရားမှတ်နဲ့ နေလာခဲ့တာ (၃)နှစ်လောက် ကြာလာတော့ အိပ်မက်မက်တယ်။
ဒီနေရာမှာ အရင်တုန်းက ရှမ်းစော်ဘွားတွေ နေခဲ့ကြတာ၊ သူတို့တွေ မကျွတ်မလွတ်တာတွေ ရှိတော့
ဦးဇင်းကို အိပ်မက်ပေး ပြီး တောင်းဆိုကြတယ်။ သူတို့ရှမ်းရိုးရာပွဲကို လုပ်ပေးပါဆိုပြီး။



အစမှာတော့ ဘာလုပ်ရမယ်။ ဘယ်လို လုပ်ရမယ်ဆိုတာမသိဘူး။ နောက်မှ တွံတေးမှာရှိတဲ့ ရှမ်းရွာလေးရွာက သိသူတတ်သူတွေနဲ့ တိုင်ပင်ပြီး သဲပုံစေတီ တည်ဖို့လုပ်ဖြစ် သွားတာပါ။ သူတို့က ရွှေဆံတော် ဘုရားကြီးမှာ တည်တဲ့ အချိန်အတိုင်း တန်ခူးလပြည့်နေ့မှာ တည်ပေးဖို့ တောင်းဆို လာကြတော့ ဦးဇင်းအနေနဲ့ အဘဘိုးမင်းခေါင်ရဲ့ အမိန့်အတိုင်း တန်ခူးလပြည့်နေ့တိုင်း တည်ဖြစ်ခဲ့တာပါ။

စေတီတည်ဖို့ အချိန်နီးလာပြီ၊ (၃)လလောက် လိုလာပြီဆိုရင် ရှမ်းစော်ဘွားနဲ့ ပက်သက်တဲ့ အလှူရှင်တွေ သူ့အလိုလို ရောက်လာကြတယ်။ နောက်တစ်ခုက ဘယ်လောက်ပဲ ကြပ်တည်းနေနေ အဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်သွားတယ်။ ဘုရားထီးတင်ပြီးလို့ ပိုက်ဆံကြဲတဲ့အခါ သုံးသောင်းကြဲရင် သုံးသိန်း ပြန်ဝင်တယ်၊ တစ်သိန်းကြဲရင် ဆယ်သိန်း ပြန်ဝင်တယ်။

နောက်ဆုံး စာတိုက်ကနေ အလှူရှင်နာမည် မပါဘဲ၊ ဘယ်သူမှန်း မသိရဘဲ ရောက်ရောက်လာတဲ့ အလှူငွေတွေတောင် ရှိတယ်။ ဒီလိုနဲ့ တစ်နှစ်ထက် တစ်နှစ် ပိုပိုအောင်မြင်လာရ တာပါပဲ” ဟု အမြိုက်ကျောင်း ကျောင်းထိုင် ဆရာတော် ဦးထေရာဝံသက မိန့်ကြားသည်။

ယင်းပွဲတော်ကို နှစ်စဉ်ကျင်းပလာရာ အခုဆိုရင် (၉) နှစ်ပြည့်မြောက် သွားပြီဖြစ်ပြီး နောင်နှစ်စဉ် နှစ်တိုင်း ဆက်ကျင်းပသွားမည်ဟုလည်း သိရသည်။
သီဟ
The Myanma Age









နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com