http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သူဌေးကြီးGeorge Sorosနဲ့တိုင်းရင်းသားခေါင်းဆောင်တွေဆွေးနွေးမည်


ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင် အမေရိကန်ဘီလျံနာ George Soros ဂျော့ဆိုးရော့စ် ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီနဲ့တွေ့ဆုံဖို့ရှိတယ်လို့ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေကြောင်းနဲ့ သူတည်ထောင်တဲ့ Open Society Foundation အနေနဲ့လည်း တိုင်းရင်းသားဒေသတွေကို ကူညီနိုင်ဖို့ အခုလိုတွေ့ဆုံဖို့ ကမ်းလှမ်းလာတာ ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အာအက်ဖ်အေကို အတည်ပြု ပြောပါတယ်။

SNLD ပါတီဘက်ကလည်း တိုင်းရင်းသားတွေရဲ့ လိုအပ်ချက် အခက်ခဲတွေကို တင်ပြသွားမှာ ဖြစ်ပြီး မူဘောင်ဝင်တဲ့ အကူအညီတွေဆိုရင် မိမိတို့အနေနဲ့ တိုင်းရင်းသားဒေသတွေအတွက် ရရှိဖို့ တင်ပြသွားမယ်လို့ ဆိုပါတယ်။

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ Open Society Foundation ကို ၁၉၇၉ ခုနစ်မှာ စတင် တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း (၇၀) ကျော်မှာ လူအခွင့်ရေး ၊ပညာရေး ၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ခေါင်းစဉ်တွေနဲ့ လူ့အဖွဲ့အစည်းတွေ ပွင့်လင်းလာအောင် အကူအညီပေးနေသူ အမေရိကန် နိုင်ငံသား ကမ္ဘာကျော် သူဌေးကြီး ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ (၈) ဘီလီယံကျော်ကို လှုဒါန်းခဲ့ တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး ၊ လူငယ်တွေ နိုင်ငံခြားမှာ ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက်လည်း ၁၉၉၄ ခုနစ်မှ စတင်ပြီး ထောက်ပံ့ ကူညီနေတာဖြစ်ပါတယ်။

အမေရိကန် ဘီလျံနာ ဂျော့ဆိုးရောစ့်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် လာရောက်စဉ်က သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါဝင် အရပ်ဖက်လူမှုရေးအဖွဲ့စည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com