http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကချင်ဒုက္ခသည် စခန်းများ၌ စစ်ပြေးဒုက္ခသည် ၆၅၀၀၀ ကျော်



KIO/KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေး ဒုက္ခသည် ၆၅၀၀၀ ကျော် ရောက်ရှိနေကြောင်း KIO မှ ဖွဲ့စည်းထားသော ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒူဘီဆားက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

အဆိုပါ ဒုက္ခသည် စခန်းများအနက် လိုင်ဇာမြို့အနီးရှိ Je Yang ဒုက္ခသည် စခန်းမှာ အကြီးဆုံး ဖြစ်ပြီး ထိုစခန်း၌ မိုးမောက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဒုက္ခသည် ၇၀၀၀ ကျော် ရောက်ရှိနေကြောင်း သိရပါသည်။ Je Yang ဒုက္ခသည် စခန်းအပါအ၀င် လိုင်ဇာမြို့အနီးတ၀ိုက်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများများ၌ ဒုက္ခသည် ၁၄၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

KIO/KIA ထိန်းချုပ် နယ်မြေ အတွင်း၌ လိုင်ဇာမြို့အနီးတ၀ိုက် အပါအ၀င် တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းအရေအတွက်ပေါင်း ၃၀ ကျော်ရှိကြောင်း သိရပါသည်။

“စာရင်းအနေနဲ့ ဆိုရင်တော့ စစ်ဘေး ဒုက္ခသည် စုစုပေါင်း ၆၅၃၁၀ ဦး ရှိပါတယ်။ အများစုကတော့ ကချင်တွေပါ။ ရှမ်းတစ်ချို့လည်း ပါပါတယ်”ဟု ဒူဘီဆားက ပြောပါသည်။

ဒုက္ခသည် စခန်းအတွင်းသို့ ရောက်ရှိလာသော ဒုက္ခသည်များကို နေ့စဉ် ဆန် နှစ်ဗူးနှင့် ဟင်းစားဖိုး ငွေကျပ် ၂၀၀ ပေးနိုင်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နေ့စဉ် ဆန်နှစ်ဗူးကိုသာ လုံလောက်စွာ ပေးနိုင်သည့် အခြေအနေသာရှိကြောင်း ဒူဘီဆားက ဆက်လက် ပြောပြသည်။ ထို့အပြင် အသုံးအဆောင် အ၀တ်အထည်နှင့် ဆေးဝါး ကူညီ ထောက်ပံ့ရေး ဆိုင်ရာ များတွင်လည်း လိုအပ်ချက်များ ရှိနေကြောင်း သိရပါသည်။

KIO/KIA ထိန်းချုပ် နယ်မြေ အတွင်း၌ ဒုက္ခသည်စခန်းများကို KIO မှ အဓိက ထောက်ပံ့မှုများ ပြုလုပ်နေရပြီး တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်အတွင်းမှ ခရစ်ယန်ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“Je Yang ဒုက္ခသည်စခန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ စဖွင့်ခဲ့တာပါ။ ဒုက္ခသည် စခန်းတွေ စဖွင့်ပြီးနောက် အခုချိန်ထိ ကူညီထောက်ပံ့မှုအတွက် ကုန်ကျစရိတ်က တရုတ်ငွေ သိန်း ၉၀ မြန်မာငွေနဲ့ တွက်ရင် ကျပ်သိန်း ၆၀၀၀ ကျော် ရှိပါတယ်”ဟု ဒူဘီဆားက ပြောသည်။

KIO/KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများသို့ UN အပါအ၀င် အခြား NGO အဖွဲ့အစည်းများမှ ထောက်ပံ့မှုအချို့ ရှိသော်လည်း နည်းပါးကြောင်း သိရသည်။ “UN ကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတုန်းက ကားနှစ်စီးစာ ထောက်ပံ့သွားတယ်။ အဲတာ နောက်ဆုံးပါပဲ”ဟု ဒူဘီဆားက ပြောပါသည်။

စစ်ဘေး ဒုက္ခသည်များကို ကူညီရန်အတွက် မည်သည့် အဖွဲ့အစည်းကိုမဆို ကြိုဆိုကြောင်းနှင့် ၄င်းတို့အနေဖြင့် ဒုက္ခသည် ကူညီရေးအတွက် လာရောက်သော မည်သည့်အဖွဲ့အစည်းကိုမျှ တားဆီးခြင်း မရှိကြောင်း ဒူဘီဆားက ပြောသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲများမှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန် လျက်ရှိနေပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲပေါင်း ၂၄၀၀ ကျော် ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ပိုမိုများပြားလျက်ရှိနေပြီး အစိုးရ ထိန်းချုပ် နယ်မြေအတွင်း၌ စစ်ဘေးဒုက္ခသည် အရေအတွက် တစ်သိန်းနီးပါးနှင့် KIO/KIA ထိန်းချုပ်နယ်အတွင်း၌ ဒုက္ခသည် အရေအတွက် ခြောက်သောင်းကျော် ရှိနေသဖြင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် ရှိနေပြီ ဖြစ်ပါသည်။myanmar1

သူဌေးကြီးGeorge Sorosနဲ့တိုင်းရင်းသားခေါင်းဆောင်တွေဆွေးနွေးမည်


ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင် အမေရိကန်ဘီလျံနာ George Soros ဂျော့ဆိုးရော့စ် ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီနဲ့တွေ့ဆုံဖို့ရှိတယ်လို့ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေကြောင်းနဲ့ သူတည်ထောင်တဲ့ Open Society Foundation အနေနဲ့လည်း တိုင်းရင်းသားဒေသတွေကို ကူညီနိုင်ဖို့ အခုလိုတွေ့ဆုံဖို့ ကမ်းလှမ်းလာတာ ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အာအက်ဖ်အေကို အတည်ပြု ပြောပါတယ်။

SNLD ပါတီဘက်ကလည်း တိုင်းရင်းသားတွေရဲ့ လိုအပ်ချက် အခက်ခဲတွေကို တင်ပြသွားမှာ ဖြစ်ပြီး မူဘောင်ဝင်တဲ့ အကူအညီတွေဆိုရင် မိမိတို့အနေနဲ့ တိုင်းရင်းသားဒေသတွေအတွက် ရရှိဖို့ တင်ပြသွားမယ်လို့ ဆိုပါတယ်။

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ Open Society Foundation ကို ၁၉၇၉ ခုနစ်မှာ စတင် တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း (၇၀) ကျော်မှာ လူအခွင့်ရေး ၊ပညာရေး ၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ခေါင်းစဉ်တွေနဲ့ လူ့အဖွဲ့အစည်းတွေ ပွင့်လင်းလာအောင် အကူအညီပေးနေသူ အမေရိကန် နိုင်ငံသား ကမ္ဘာကျော် သူဌေးကြီး ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ (၈) ဘီလီယံကျော်ကို လှုဒါန်းခဲ့ တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး ၊ လူငယ်တွေ နိုင်ငံခြားမှာ ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက်လည်း ၁၉၉၄ ခုနစ်မှ စတင်ပြီး ထောက်ပံ့ ကူညီနေတာဖြစ်ပါတယ်။

အမေရိကန် ဘီလျံနာ ဂျော့ဆိုးရောစ့်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် လာရောက်စဉ်က သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါဝင် အရပ်ဖက်လူမှုရေးအဖွဲ့စည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
RFA Burmese

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား

ရန်ကုန်မြို့သုဝဏ္ဏအားကစားရုံတွင် ယနေ့ကျင်းပလျက်ရှိသော ၂၀၁၁ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယခင်နှစ်များနှင့်မတူသည့်အစီအစဉ်ပုံစံဖြင့်ကျင်းပလျက်ရှိသည်။ အကယ်ဒမီဆုရှင်ကိုကြေညာပြီးသည်နှင့် ရွှေစင်ရုပ်ဆုကိုတစ်ဆက်တည်းချီးမြှင့်ကာ၊ ဆုလက်ခံရယူပြီးသည့်နောက် ကျေးဇူးတင်စကားပြောကြားစေသည့်ပုံစံဖြင့် ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် အကောင်းဆုံဓာတ်ပုံဆုကို ပန်းကြာဝတ်မှုန်ရုပ်ရှင်ကားဖြင့် တင့်ဆန်းက ရရှိပြီး၊ အကောင်းဆုံးတည်းဖြတ်ဆုကို ထာဝရအလင်းတန်းများရုပ်ရှင်ကားဖြင့် ဟိန်းထက်(လယ်ဝေး)ကရရှိထားသည်။7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com