http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တတိယအကြိမ် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ မေလကုန်တွင် ကျင်းပမည်

ရန်ကုန်၊ မေ ၉။
မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး၍ တတိယအကြိမ်မြောက် မြန်မာ့အလုပ်အကိုင်
အခွင့်အလမ်းပြပွဲကို လာမည့် မေလကုန်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၃ ရက်ကြာ
ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေက ခေါ်တဲ့ Qualification နဲ့ အလုပ်လာလျှောက်တဲ့သူတွေရဲ့ Qualification က match
ဖြစ်နေဖို့ လိုတယ်။ အမတို့က လုပ်ငန်းရှင်တွေနဲ့ အလုပ်လိုချင်သူတွေကို အဆင်ပြေအောင် join ပေးတာ
ဖြစ်တယ်” ဟု မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး
ဒေါ်သင်းသင်းဆက်က ပြောကြားသည်။

ယင်းပြပွဲတွင် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး city mart ၊ AA
madical ကဲ့သို့ ကုမ္ပဏီကြီးများ၊ နိုင်ငံခြားမှ မြန်မာပြည်သို့ လာရောက် ရင်းနှီးမြှပ်နှံမည့်
ကုမ္ပဏီများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲကို မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိ ၃ ရက်တိုင်တိုင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“တချို့ အလုပ်လာလျှောက်တဲ့ သူတွေဆို အလုပ်ဘယ်လိုလျှောက်ရမယ်၊ CV ဘယ်လို ရေးရမယ်ဆိုတာတောင် မသိတဲ့ သူတွေပါတယ်။ အဲဒါတွေအတွက်လည်း အကြံပြုခန်းတွေ ထားပေးထားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးအေးဝင်းက ပြောကြားသည်။

အဆိုပါ ပြပွဲကျင်းပမည့် နေ့များတွင် လူငယ်ထု အတွင်းရှိ လိုအပ်ချက်များနှင့် ပတ်သတ်၍
အကြံပေးခန်းများ ထားရှိပေးမည်ဖြစ်ပြီး ကျွမ်းကျင် ပညာရှင်များက လိုအပ်သည်များကို အကြံပေး
ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်များက အလုပ်သမား ခေါ်ယူရာတွင်လည်း ကျွမ်းကျင် အလုပ်သမားနှင့် လုပ်သက်မရှိသေးသူ
အလုပ်သမားဟူ၍ နှစ်မျိုးရှိကြောင်း၊ ကျွမ်းကျင်အလုပ်သမား လိုချင်သူ အလုပ်ရှင်များ အနေဖြင့် Job
Fair တွင် မရနိုင်ကြောင်း၊ Job Fair တွင် လာလျှောက်သူများမှာ အမှန်တကယ် အလုပ်လိုအပ်
နေသူများဖြစ်ကြောင်း ဒေါ်သင်းသင်းဆက်က ပြောကြားသည်။

အလုပ်လျှောက်ထားလိုသူ လူငယ်များအနေဖြင့် မိမိတတ်မြောက်ထားသည့် အောင်လက်မှတ် ပါရှိရုံဖြင့် အလုပ်လျှောက်ထားနိုင်မည်ဖြစ်ပြီး CV Form လက်ခံခြင်း၊ အင်တာဗျူး ပြုလုပ်ခြင်းနှင့်
အလုပ်ခန့်အပ်ခြင်းများကို တစ်ပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲသည် အလုပ်လျှောက်ထားလိုသူ များကိုသာမက အလုပ်ရှင်များ အတွက်ပါ အကျိုးရှိစေနိုင်ပြီး
အလုပ်သမားဝန်ကြီးဌာနမှလည်း အလုပ်သမားကဒ်များ တစ်ပြိုင်နက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် Job Fair ကို ၂၀၁၁ ခုနှစ် မတ်လတွင် လည်းကောင်း၊ ဒုတိယအကြိမ် Job Fair ကို ၂၀၁၂
ခုနှစ် သြဂုတ်လတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပွဲသို့ လာရောက်သူဦးရေ ၃
သောင်းကျော်ရှိပြီး အလုပ်လျှောက်သူများ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အလုပ်ရရှိခဲ့ကြောင်း
သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲ ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန်၊မေ ၉။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ၀င် ပြိုင်ပွဲအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို
ရန်ကုန်မြို့ ၊ လှိုင်တက္ကသိုလ် ၀င်းအတွင်းရှိ(MICT-PARK)  အခန်းအမှတ်(၂၀၅)တွင် မေလ ၁၁ရက်နေ့ 
နေ့လည်(၂)နာရီအချိန် တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကာ
ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ် လူငယ်များအနေဖြင့် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓစာပေများကို
လေ့လာချင်စိတ် ရှိလာရန်၊ လူငယ်များ၏ နှလုံးသားတွင် ဘုရားတည်ရန်၊ နိုင်ငံနှင့်အ၀ှမ်း
ဖွင့်လှစ်သင်ကြားနေသော ယဉ်ကျေးလိမ္မာသင်တန်းမှ ထူးချွန် ကျောင်းသားများအား
ချီးမြှင့်ပေးရန်၊ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မှ တကယ့်တတ်သိ နားလည်သော ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် စသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏
ဥက္ကဋ္ဌဖြစ်သူက ပြောကြားသည်။

ယခုနှစ် ကျင်းပပြုလုပ်မည့် သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို အဆင့်(၃)ဆင့်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပထမအဆင့်ကို ယခုလ ၁၂ရက်နေ့ တွင် အထက်မြန်မာပြည်အတွက် စံဟိန်း (ကိုယ်ပိုင်အထက်တန်းကျောင်း)တွင်လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ဖျာပုံမြို့ အ-လ-က(၂) ကျောင်းတွင် လည်းကောင်း၊
ရန်ကုန်တိုင်း ဒေသကြီးအတွက် လသာမြို့နယ်၊ အ-ထ-က(၁)ကျောင်းတွင်လည်းကောင်း အသီးသီး
ကျင်းပပြုလုပ်သွား မည်ဖြစကြောင်း သိရသည်။

ပြိုင်ပွဲ ဒုတိယဆင့်ကို ၁၉ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲများကို ၂၂ရက်နေ့နှင့်
၂၄ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု ပြိုင်ပွဲစီစဉ်သူ တစ်ဦးက ပြောကြားသည်။

ယင်းသုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယဆု(၅)သိန်း၊
စတုတ္ထဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ်တစ်သိန်းဖြင့် (၂၄)ဆု ချီးမြှင့်သွားမည်ဟုလဲ သိရှိရသည်။

နောက်ဆုံးပြိုင်ပွဲများကို ရုပ်သံသတင်းဌာနများဖြစ်သည့် MRTV ၊ 5MOVIEနှင့် MRTV-4 တို့မှလည်း
ထုတ်လွှင့် ပြသွားမည်ဟု သိရှိရသည်။
မြင့်ကျော်
မြန်မာ့ခေတ်

တွံတေး-ဒလ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သောလူသေမှု အမြင်အမျိုးမျိုးဖြစ်နေ

ရန်ကုန်၊မေ ၉။
ယမန်နေ့က တွံတေးမှ ဒလသို့  ရေသွားလှူသော မောင်ထွဋ်မင်းနိုင်သည် အပြန်
တွံတေးကားလမ်းမပေါ်တွင် ည၈နာရီခန့်၌ သေဆုံးသွားခဲ့ပြီး ယင်းဖြစ်ပွားမှုအပေါ်  မိသားစုနှင့်
ရဲများအကြား အမြင်အမျိုးမျိုး ဖြစ်နေကြကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ထွဋ်မင်းနိုင်(၂၃)နှစ်ဖြစ်ပြီး ဒလတွင် ရေဘေးဒုက္ခနှင့် ကြုံနေရသောကြောင့်
တွံတေးမှ ထော်လာဂျီဖြင့် ရေသွားရောက် လှူဒါန်းခဲ့ပြီး အပြန်လမ်းတွင် သွားရောက်လှူဒါန်းသော
အဖွဲ့သည် အားလုံးမှုးနေကြပြီး မောင်ထွဋ်မင်းနိုင်သည် ကားတိုက်ခံရ၍ သေဆုံးသည်ဟု အတူသွားလှူကြသူများက
ပြောကြောင်း၊ သို့သော် သေဆုံးသူသည် ကားတိုက်ခံရ၍ သေဆုံးခြင်း မဖြစ်နိုင်ကြောင်း ၎င်း၏အကို
ဝမ်းကွဲတော်ဆက်သူ ကိုဇော်ဇော်က ပြောကြားသည်။

“ဒဏ်ရာတွေက ကားတိုက်ထားတာနဲ့ မတူဘူး။ ရိုက်ထား ထိုးထာတဲ့ပုံမျိုးတွေဖြစ်နေတယ်။ ပြီးတော့
သူတစ်ယောက်ထဲကို ထားခဲ့ကြပြီးမှ ကားတိုက်ခံရတယ်ပြောတာ”ဟု ကိုဇော်ဇော်က ဆက်လက်ပြောကြားသည်။ ယင်းရေသွားလှူသော အဖွဲ့တွင် သေဆုံးသူ အပါအဝင် ကျား ၁၃ယောက် ထော်လာဂျီဖြင့် ပြန်လာခြင်း
ဖြစ်ကြာင်း သိရသည်။

၎င်းဒဏ်ရာသည် မိမိအမြင်ဖြင့်ဆိုလျင် ကားတိုက်ခံရသော ဒဏ်ရာမဖြစ်နိုင်ကြောင်း၊ သေဆုံးသူသည် သွားရောက်သယ်ယူချိန်တွင် ကားလမ်းမ၏ အလယ်တွင် ဖြစ်နေသောကြာင့် ပြုကျခြင်းကဲ့သို့လည်း ဖြစ်နိုင်ပြီး
အသေအခြာတော့ မပြောနိုင်ကြောင်း သေသူအား သွားရောက်သယ်ဆောင်သူ စိတ္တသုခအရေးပေါ် ကူညီရေးအဖွဲ့မှ ကိုဖြိုးကိုကိုရွှေက ပြောကြားသည်။

ထို့နောက် သေဆုံးသူနှင့် ပတ်သက်၍ တွံတေးမြို့ပေါ်တွင် အမျိုးမျိုး ထင်ကြေးပေးနေကြကြောင်း၊
သို့သော် သေဆုံးသူသည် ကားတိုက်ခံရခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်းအမှုကို ၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်းရဲစခန်းမှ အရာခံ တိုးတိုးလွင်က ပြောကြားသည်။ ၎င်းအမှုနှင့် ပတ်သတ်၍ ဆေးစစ်ချက်များ
မထွက်ရှိသေးကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

လူတိုင်းမကင်းဘူး.....


FB-Kyaw Soe Moe

ခွင့်ပြုချက်ထက်ပိုကျူးသော အဆောက်အအုံလေးလုံးဖျက်သိမ်းခံရ

ခွင့်ပြုချက်ထက် ကျုးကျော်ဆောက် လုပ်သည့် ရန်ကင်းမြို့နယ်ရှိ အဆောက် အအုံ လေးလုံးကို ဖျက်သိမ်းလိုက် ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက် မှစတင်ကာ ခွင့်ပြုချက်ထက် ကျူးကျော် ဆောက်လုပ်သည့် အဆောက်အအုံများ အား စီမံချက်ချ ပြန်လည်ဖျက် သိမ်းရန် စေခိုင်းခဲ့ရာ ခြောက်လအတွင်း ၎င်းအ ဆောက်အအုံများကို ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။စီမံချက် စတင်ခဲ့သည့်လအတွင်း ရန် ကင်းမြို့နယ် အမှတ်(၁၃)ရပ် ကွက် ဓမ္မာရုံလမ်း မြေကွက်အမှတ် ၇၄နှင့် ၇၅ ရှိ ငါးထပ်အဆောက်အအုံနှစ်လုံးကို တရားစွဲဆို၍ ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ထားသည့် အပေါ်နှစ်ထပ် ကို ပြန်လည်ဖျက်သိမ်းရန် စေခိုင်းခဲ့ ကြောင်း၊ ယင်းနောက် ရန်ကင်းမြို့နယ် တွင်ပင် ကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံတစ်လုံးကို ထပ်မံဖျက် သိမ်းစေခဲ့ပြီး ယခုလတွင် ရန်ကင်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်း၌ ဆောက် လုပ်နေသည့် ကားအရောင်းပြခန်းတစ်ခု မှာ မြေအကျယ် ပေ ၂ဝ ခန့် ပိုမိုဆောက် လုပ်ခဲ့သည့်အတွက် တရားစွဲဆိုဖျက် သိမ်းရန် စေခိုင်းခဲ့ကြောင်း ရန်ကုန်စည် ပင်မှ သိရသည်။

ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များဖြစ်သော ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနှင့် ဦးဝိစာရလမ်းများ အား နောင်လိုအပ်သည့်အခါမျိုးတွင် လမ်း သားချဲ့ထွင်ခြင်း များ ပြုလုပ်နိုင်ရန်အ တွက် ယင်းလမ်းမအနီး အဆောက်အအုံ များအား လမ်းမကြီးနှင့် ပေ ၂ဝ အကွာ အဝေး ချန်လှပ်၍သာ အဆောက်အ အုံ ဆောက်လုပ်ရန် ရန်ကုန်စည်ပင်မှသတ် မှတ်ထားခြင်းဖြစ်သည်။

လမ်းသွယ်များအတွက် ရန်ကုန် စည်ပင်မှ သတ်မှတ်ထားသော အဆောက် အအုံအမြင့် ဆောက်လုပ်ခွင့်ပြုထား သည့်ပုံစံမှာ လမ်းအကျယ်နှစ် ဆအား လေးပေခွဲထပ်ပေါင်း၍ ယင်းထက် မကျော်သော အဆောက်အအုံကိုသာ ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်သည်။ယင်းအပြင် ရန်ကုန်မြို့တွင်း အ ဆောက်အအုံ အမြင့်များ တည်ဆောက် မှုကြောင့် မြို့၏ အထင်ကရဖြစ်သော ရွှေ တိဂုံစေတီ မြင်ကွင်း ပိတ်ဆို့သွားမှု မရှိ စေရေးအတွက်လည်း ရွှေတိဂုံကန့်သတ် ဧရိယာဇုန်နှင့် ပြင်ပဇုန်ဟူ၍ ဇုန်နှစ်ခု သတ်မှတ်ကာ အမြင့်ပေ ကန့်သတ်ထား သည်။

ရွှေတိဂုံ ကန့်သတ်ဧရိယာဇုန်အ တွင်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉ဝ ရွှေတိဂုံစေတီ၏ ရင် ပြင်တော်အထိသာ အဆောက် အအုံအ မြင့် ဆောက်လုပ်ခွင့်ရှိပြီး ပြင်ပဇုန်တွင် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ပေ ၄၁၇ ပေ၊ တစ်နည်းဆိုသော် ရွှေတိ ဂုံစေတီ၏ ငှက်ပျောဖူးအောက်သာ အ ဆောက်အအုံများ တည်ဆောက်ခွင့်ရှိ ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ရန်ကုန်-မေ၉ ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီး ခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေး ဆွဲသောယာဉ်ဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ပို့ဆောင်ထားကြောင်း၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။
၀၂၀
Popular Myanmar News Journal




ယနေမိုးသည်းထန်စွာရွာသွန်းပြီးနောက် မန်းမြို့မြင်ကွင်းများ

မန္တလေး-မေ၉ ယနေ နေ့လည်က မန်းတွင်လေပြင်းများတိုက်ပြီး မိုးသီးများကြွေကျ၍ မိုးသည်းထန်စွာရွာသွန်းခဲသောကြောင့်ကျိုးကျခဲ့သော သစ်ပင်များ၊ပျက်စီးခဲ့သောလမ်းမီးများကိုတာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြင်ဆင်လျှက်ရှိသည်။
ဖိုးလပြည့်
Popular Myanmar News Journal







အစ္စရေးတို့ အနောက်ဘက်ကမ်းတွင် အိမ် ၂၉၆ လုံးဆောက်လုပ်ရေး အတည်ပြု

ဂျေရုဆလင်၊ မေ ၉။
အမေရိကန်တို့ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ဆွေးနွေးရန် နည်းလမ်းရှာဖွေနေစဉ် အစ္စရေးဘက်မှ
ရာမယ်လာအနီးရှိ ဘေးအယ်တွင် အိမ် ၃၀၀ ခန့် ဆောက်လုပ်ရေးကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း အစ္စရေးမှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

“အုပ်ချုပ်ရေးပိုင်းက ဘေးအယ်မှာ အိမ် ၂၉၆ လုံး ဆောက်လုပ်ဖို့ မီးစိမ်းပြလိုက်ပြီ၊ ဒါပေမယ့် ဒါဟာ
ဆောက်လုပ်ရေး တကယ်မစမီ ပထမ အဆင့် လုပ်ဆောင်ချက်သာ ဖြစ်ပါသေးတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အနောက်ကမ်း အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားပြုပြောကြားသူ ၎င်းက ဆိုသည်။

၎င်းက ယခုအစီအစဉ်သည် အဆင့်မြင့်တရားရုံးအမိန့်အရ ဘေးအယ်အပြင်ပိုင်း အာပါနာမှ လွန်ခဲ့သည့် နှစ်အတွင်းရွှေ့ပြောင်းလာခဲ့ရသည့် လူများအတွက် သက်ညှာထောက်ထားသည့် အစီအစဉ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယခုကြေညာချက်သည် လွန်ခဲ့သည့်နှစ်ရက်က ဝန်ကြီးချုပ်နေတန်ယာဟုသည် အမေရိကန်ဦးဆောင်သည့်
ပါလက်စတိုင်းနိုင်ငံနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲပြန်လည်အသက်သွင်းရန် ကြိုးစားနေမှုကို
အခွင့်အရေးပေးရန် အိမ်သစ်များ ဆောက်လုပ်ရေးအတွက် တင်ဒါ ခေါ်ယူမှုကို ရပ် ဆိုင်းမိန့် တိတ်တဆိတ်
ပေးထားကြောင်း သတင်းထွက်လာပြီးမှ ထုတ်ပြန်ခြင်း ဖြစ်သည်။

အစ္စရေးငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့မှ ဟာဂစ် အောဖ်ရန်က လက်ရှိထုတ်ပြန်ချက်ကို ရှုံ့ချပြောကြားလိုက်သည်။

“ယခုထုတ်ပြန်ချက်ဟာ ဝန်ကြီးချုပ်က ကမ္ဘာကြီးကို လိမ်လည်နေတယ်ဆိုတာ ထင်ရှားစေတယ်” ဟု သူမက ပြောကြားသည်။

“တစ်ဘက်မှာတော့ သူက အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်စေမှုကို တုံ့ဆိုင်းစေလိုက်ပြီလို့ သူက ကျွန်မတို့ကို ယုံကြည်အောင် လုပ် တယ်၊ နောက်တစ်ဘက်မှာတော့ ကြီးမားတဲ့ တည်ဆောက်ရေးစီမံကိန်းကို ဆက်လက်လုပ်နေတယ်”ဟု သူမကပြောသည်။

နှစ်ဦးနှစ်ဘက် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၀ စက်တင်ဘာတွင် စတင်လုပ်ဆောင်ခဲ့သော်လည်း
နိုင်ငံတကာဥပဒေကို ချိုး ဖောက် သည် ဟု အများက လက်ခံထားသည့် အစ္စရေးနိုင်ငံသားများ
အနောက်ဘက်ကမ်းတွင် အခြေချရေးအတွက် တည်ဆောက်ရေး လုပ် ငန်းများ လုပ်ဆောင်မှုအပေါ် ကိုင်တွယ်ရခက်သည့်အငြင်းပွားမှုကြောင့် မကြာမီ ပျက်ပြားခဲ့သည်။

ပါလက်စတိုင်းဘက်မှ ၎င်းတို့သည် အစ္စရေးဘက်မှ အနောက်ဘက်ကမ်းရှိ တည်ဆောက်ရေးလုပ်ငန်းများ
မရပ်ဆိုင်းမချင်း စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

တောင်ကိုးရီးယားသမ္မတက မြောက်ကိုးရီးယားရန်စမှု အောင်မြင်မည် မဟုတ်

ဝါရှင်တန်၊ မေ ၉။
ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် အမေရိကန်လွှတ်တော်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တောင်ကိုးရီးယားသမ္မတ
ပါခ်ဂျင်ဟီးက ကိုးရီးယားကျွန်း ဆွယ်၏ အနာဂတ်သည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အမေရိကန်၏
ပါဝင်ပတ်သက်မှုအပေါ် မူတည်နေကြောင်း ပြောကြားသည်။

မစ္စပါခ်က မြောက်ကိုးရီးယားနှင့် မကြာခင်အထိ တင်းမာမှုများရှိပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး
ယနေ့တိုင် ဝေးနေမြဲဖြစ်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း ပြောကြားသည်။

“မြောက်ကိုးရီးယားဟာ ရန်စမှုတွေ၊ ခြိမ်းခြောက်မှုတွေ ဆက်လက်ထုတ်ပြန်နေတယ်၊
တောင်ကိုးရီးယားအစိုးရအနေနဲ့ ပြင်းထန်စွာ တုံ့ပြန်ပါ တယ်။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ပါ၊
ကျွန်မတို့ဟာ အသင့်အနေအထားကို အမြင့်ဆုံးအဆင့်မှာထားရှိပါတယ်”ဟု ပြောကြားသည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ခိုင်မာသည့် ဆက်ဆံရေးဖြစ်နေသ၍ မြောက်ကိုးရီးယားရန်စမှုများသည်
မအောင်မြင်နိုင်ကြောင်း တောင်ကိုးရီးယားသမ္မတက ဆက်လက်ပြောကြားသည်။

မတ်လနှင့် ဧပြီလအတွင်းတွင် မြောက်ကိုးရီးယားဘက်မှ အမေရိကန်နှင့် တောင်ကိုးရီးယားတို့အား
နျူကလီးယားစစ်ပွဲ တိုက်ခိုက်မည်ဆို သည် အထိ ခြိမ်းခြောက်မှုများထုတ်ပြန်ပြီး တင်းမာမှု တိုးလာစေခဲ့သည်။

မကြာမီက မြောက်ကိုးရီးယားတို့သည် အရှေ့ဘက်ကမ်းခြေရှိ ၎င်းတို့၏ဒုံးကျည်နှစ်ကို ပြန်လည်ရုတ်သိမ်းသွားရာတင်းမာမှုပြေလျော့သည့် အခြေအနေဖြစ်နေသည်။

တောင်ကိုးရီးယားသမ္မတက ၎င်းကဲ့သို့လုပ်ဆောင်ခြင်းသည် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ်
သက်ရောက်မှုမရှိကြောင်း ပြောကြား သည်။

“နှစ်ဖက်ယုံကြည်မှုဟာ ငြိမ်းချမ်းရေးလမ်းကြောင်း လို့ ကျွန်မအခိုင်အမာယုံကြည်ပါတယ်၊
နျူလက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုးရီးယားကို တောင်ကိုးရီးယားတို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး”ဟုတောင်ကိုးရီးယားသမ္မတက ပြောကြားသည်။

၎င်း၏ ယခုမိန့်ခွန်းသည် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတနှင့် တွေ့ဆုံပြီး နောက်ရက်တွင် ပြောဆိုခြင်း ဖြစ်သည်။

သမ္မအိုဘားမားကလည်း တွေ့ဆုံပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် မြောက်ကိုးရီးယား၏
မကြာခင်က ရန်စမှုများသည် တောင်ကိုး ရီးယားနှင့် အမေရိကန်ဆက်ဆံရေးကို ပိုမိုနီးကပ်လာစေကြောင်း
ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ကတော့ ညီညွတ်မှုမြဲညီညွတ်ပြီးတော့ မြောက်ကိုးရီးယားကတော့
အထီးကျန်မြဲဖြစ်မှာပါ” ဟု ၎င်းက ဆို သည်။
Ref:CNN
မြန်မာ့ခေတ်

အကြောင်းအရာသုံးမျိုးနှင့် တစ်ကိုယ်တော်ဆန္ဒပြ ကျောက်တံတားရဲကထိန်းသိမ်း

ဓာတ်ပုံ – သီဟ
ရန်ကုန်၊ မေ ၉။
ရန်ကုန်မြို့၊ မြို့တော်ခမ်းမ အနီးတွင် အကြောင်းအရာသုံးခုအား တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သော
ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ ကိုထင်ကျော်အား ကျောက်တံတား ရဲစခန်းမှ ထိန်သိမ်းလိုက်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရသော အကြောင်းအရင်းများမှာ မိကျောင်းကန် ပြန်လည်ရရှိရေးနှင့် ထိုဆန္ဒပြမှုတွင်
ဝင်သောဆန္ဒပြသူ ဖမ်းဆီးထားမှုအား အာမခံမဲ့ဖြင့် လွတ်ပေးရန်၊ ၂၀၀၂မှ ၂၀၀၄ ခုနှစ်အတွင်း
မရမ်းကုန်း(၆)ရပ်ကွက်အား တိုင်းတရားသူကြီးမှ ခရိုနီတစ်ဦးအား ရောင်းစားသောကိစ္စအား
ပြည်ထဲရေးဝန်ကြီးဌာနမှ ဖြေရှင်းပေးရန်၊ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိမ်းရဲအား ခေါ်၍
ပါးရိုက်သော ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးဖြစ်သူအား အရေးယူပေးရန်စသည့် အချက်များကို
တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုထင်ကျော်က ပြောကြားသည်။

အဆိုပါအချက်များအား တောင်းဆိုနေစဉ် ကျောက်တံတား ရဲစခန်းမှ  စစ်ဆေးလို၍
ခေါ်သွားခြင်းဖြစ်ကြောင်း မြင်တွေ့သူတစ်ဦးက ပြောကြားသည်။

ယင်းသည် ထိုသို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုဖြင့် ရန်ကုန်းတိုင်းအတွင်း ခြောက်မြို့နယ်တွင် ပုဒ်မ၁၈ ဖြင့်၇မှု တရားစွဲ ခံထားရကြောင်းလည်း ဆက်လက် သိရသည်။ ၎င်းသည် ထိုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုအား၂၀၁၂ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၃ခုနှစ်တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အောင်သိုက်
မြန်မာ့ခေတ်

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို

မြောက်ဥက္ကလာ၊ မေ ၉။
မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော
အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို
အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူကတောင်းဆို ပြောကြား လိုက်သည်။

“ကလေးက သူ့ကို ပြုကျင့်တဲ့ သူကိုကော နေရာကိုပါ လူကြီးတွေရှေ့မှာ ပြောပြပြီးပြီ။ တရားခံကို
ဖမ်းထားပေမယ့် ခုချိန်ထိ ဝန်မခံသေးဘူး။ ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်တယ်”ဟု ပြုကျင့်ခံရသူ
ကလေးငယ်၏ မိခင် ဒေါ်မြင့်အေးက ပြောကြားသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရ မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီခွဲခန့်တွင် သမီးဖြစ်သူက
အိမ်သို့ ငို၍ ပြန်လာကြောင်း၊ မီးရထား လမ်းဘေးတွင် သွားရောက် ဆော့ကစားနေစဉ် လူတစ်ဦးက
အိမ်တစ်အိမ်သို့ ခေါ်သွားပြီး ပြုကျင့်ခဲ့သည်ဟု ပြန်လည် ပြောဆိုကြောင်း၊ ကလေးငယ်၏ အောက်ပိုင်းတွင်
သွေးများစွာ ထွက်နေသဖြင့် မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံဟု
သံသယရှိသူ ဦးအောင်မျိုးဦး(၃၅နှစ်)အား (ပ)၃၆၆/၁၃၊ ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်းဆီး
အရေးယူထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ အရေးယူထားခြင်းနှင့် ပတ်သက်၍ ကလေးငယ်၏ အဘိုးတော်စပ်သူ ဦးကြည်စိုးက “အရွယ်မရောက်သေးတဲ့ ကလေးလေးကို ပြုကျင့်တာကိုလည်း (၃၇၆)နဲ့ပဲ စွဲတယ်ဆိုတော့ ဒီထက်ပိုပြီး ပုဒ်မတပ်လို့ မရတော့ဘူးလား သိချင်ပါတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားအောင် စံပြ အနေနဲ့ဖြစ်ဖြစ် ထိထိရောက်ရောက်လေးအရေးယူပေး စေလိုပါတယ်”ဟု ပြောကြားသည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီ၏ ပြောကြားချက်အရ မည်သည့်အသက်အရွယ်ကိုမဆို အဓမ္မ ပြုကျင့်ပါက
ပြစ်မှုပုဒ်မ(၃၇၆)ဖြင့်သာ အရေးယူနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အပေါ်
ကျူးလွန်ခြင်းအတွက် သီးခြား ပုဒ်မ မရှိသော်လည်း ပုဒ်မ(၃၇၆)၏ အမြင့်ဆုံး ပြစ်ဒါဏ်ဖြစ်သော
ထောင်ဒါဏ် (၁ဝ)နှစ် နှင့် ထောင်ဒါဏ်တစ်သက် တို့အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

အရှိန်အ၀ါသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်သင့်


May 9, 2013
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့အနေနဲ့ ပေးဆောင်ရမယ့် အခွန်ပမာဏထက် လျော့နည်း ပေးဆောင်နေသူတွေ၊ အခွန်ရှောင်နေသူတွေနဲ့ အရှိန်အ၀ါအမျိုးမျိုးသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ လိုတယ်လို့ စီးပွားရေးဆောင်းပါးရှင် ဦးဟန်ထွန်း (အခွန်)က ပြောပါ တယ်။

ဦးဟန်ထွန်း

ဦးဟန်ထွန်း(အခွန်)ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လိုမြင်ပါလဲ။

“ကောင်းပါတယ်။ အခွန်စိစစ်ကြပ်မတ်ကောက်ခံမှုမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒီလို အဖွဲ့ဖွဲ့ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်ဆိုရင် အခွန်ကောက်ခံမှုက ပိုမျှတမှန်ကန်လာမယ်လို့ မျှော်လင့်တယ်။”

ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်မယ်လို့ မြင်ပါလဲ။

“အခွန်ပေးဆောင်လိုက်တဲ့ ပမာဏထိ မပေးဆောင်ဘဲနဲ့ လျော့နည်းပေးဆောင်နေတာတွေ၊ အခွန်ဆောင်သင့်ရဲ့သားနဲ့ မဆောင်ဘဲ ရှောင်နေတာတွေ၊ နောက် အရှိန်အ၀ါ အမျိုးမျိုးသုံးပြီး ဟန့်တားနေတာတွေ၊ နောက် တချို့လည်း တမင်သက်သက်ကို အခွန်ရှောင်နေတဲ့အလုပ် လုပ်နေတာ ရှိတယ်။ အဲဒါတွေကို ထိထိရောက်ရောက် စိစစ်ဖော်ထုတ် လုပ်ဆောင်သွားမယ်ဆိုရင် တိုးတက်ကောင်းမွန်ပြီး ပိုမျှတ မှန်ကန်လာမယ်လို့ မျှော်လင့်ရတယ်။”

အဖွဲ့ထဲပါသူတွေနဲ့ ပတ်သက်လို့ရော။

“မြင်တာ အတိုချုပ်ပြောရရင်တော့ အခွန်ကောက်ခံတဲ့ လုပ်ငန်းကို၊ အခွန်စည်းကြပ် ကောက်ခံမှု တာဝန်ကို လက်တွေ့တာဝန်ထမ်းဆောင်နိုင်ခဲ့သူ အရေအတွက် နည်းနေတယ်။ သီအိုရီပိုင်းလောက်ပဲ လေ့လာ နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်တွေ့နဲ့ ကွာဟမှုတချက်ဖြစ်မှာ စိုးတယ်။ ပကတိအခြေအနေအရ အခွန်စီမံခန့်ခွဲရေး ဆိုတာ လက်တွေ့လုပ်ကိုင်ဖူးမှ အခွန်စီမံခန့်ခွဲရေးရဲ့ ဘယ်လိုနေရာမှာ အားနည်းချက်ရှိတယ်၊ အားသာချက်ရှိတယ်ဆိုတာတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရှင်းလင်းစွာ သိနိုင်မယ်လို့တော့ ယူဆတယ်။”

အခွန်စိစစ်မယ့် လုပ်ရမယ့် တာဝန်ထဲပါတာက ၀န်ဆောင်မှုတို့၊ ကုန်သွယ်မှု၊ ထုတ်လုပ်မှုတို့ အခွန်ကောက်ခံမှု အဲအခွန်တွေမှာ. ဆရာတို့ သိသလောက် ကျနော်တို့ တိုင်းပြည်မှာ ဘယ်အခွန်တွေက တော်တော်လေးကို ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေဖြစ်နေပါလဲ။

“အဲဒါက ပြောရတော်တော်ခက်တယ်။ အခွန်ဥပဒေမှာကိုက အားနည်းချက်တွေ ရှိနေတယ်။ ဟိုတုန်းက ကုန်ပစ္စည်းထုတ်လုပ်ရင် ထုတ်လုပ်တဲ့ စက်ရုံမှာတင် အခွန်ကောက်ပြီးသားဖြစ်နေတယ်။ အခုက ထွက်လာတဲ့ ကုန်စည် ဈေးကွက်ထဲရောက်မှ အခွန်တံဆိပ်ကပ်ရောင်းဆိုတော့၊ တချို့အခွန်တံဆိပ်တွေက အစစ်တွေမဟုတ်ဘူး။ သူတို့ဘာသာ ရိုက်နှိပ်ပြီးမှ ကပ်တာတွေ့နေရတယ်။ ဥပမာ- ဘီယာတမျိုးဆိုရင် မြန်မာပြည်ထဲမှာထုတ်လုပ်တယ်။ Export Only တံဆိပ်လုပ်လိုက်တယ်။ ဘီယာကို ပို့ကုန်လုပ်လိုက်ရင် အခွန်လွတ်တာကိုး။ သို့သော် export only လုပ်ထားတာတွေက ပြည်တွင်းမှာ ပျံ့နေတယ်လေ။ အဲဒါကလည်း တကယ့် စီးပွားရေးအဖွဲ့အစည်းကြီးတခုက လုပ်နေတာ။ အဲတော့ တာဝန်ရှိအဖွဲ့အစည်းကြီးတခုက အခွန်ရှောင်တာကို နမူနာပြ လုပ်နေတော့ အများပြည်သူအခွန်ဆောင်ကိစ္စကျတော့ လုပ်ကိုင်ရခက်တာပေါ့။”

ဒီအခွန်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပွဲတခုမှာ ပြောသွားတယ်။ မြန်မာပြည်မှာ အခွန်ယဉ်ကျေးမှု ထွန်းကားဖို့ လိုနေပြီ။ အဲဒီအပေါ် သုံးသပ်ပေးပါလား။

“အခွန်ယဉ်ကျေးမှုက အခွန်ကောက်ခံတဲ့အပိုင်းပေါ့။ အခွန်စည်းကြပ်ကောက်ခံတဲ့ ဌာနတွေ၊ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကပဲ အခွန်ယဉ်ကျေးမှုကို ထောင်ချင်လို့မရဘူး။ အခွန်ယဉ်ကျေးမှု ထူထောင်တယ်ဆိုတာက ကောက်ခံရရှိတဲ့ အခွန်တွေကို အများပြည်သူအကျိုးစီးပွားအတွက် ဘာတွေ ကျခံသုံးစွဲတယ်။ ရာခိုင်နှုန်းမြောက်မြားစွာဟာ ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ကျခံသုံးစွဲနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားအောင် ပြဖို့အတွက် တာဝန်ရှိတယ်။ ဒါက အစိုးရမှာ တာဝန်ရှိတယ်။ အခွန်ကလည်း တိုးကောက်တယ်၊ တဖက်ကလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ခတွေ၊ တယ်လီဖုန်းဆက်သွယ်ခတွေ၊ လျှပ်စစ်မီတာခတွေ အစရှိသဖြင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကလည်း အခွန်တိုးကောက်တဲ့အတွက် သက်သာသွားသလားဆိုတော့ မသက်သာဘူး။ သူတို့ကလည်း တပြိုင်နက်တည်း လိုက်တိုးနေတယ်ဆိုတော့ ပြည်သူလူထုဟာ ငါတို့ရတဲ့ အခွန်တွေအတွက်ကို ငါတို့ အကျိုးခံစားခွင့် ရှိရပါလားဆိုတဲ့ အသိ မပေါ်လာနိုင်ဘူး။ အဲလို မပေါ်လာတဲ့အတွက် အခွန်ယဉ်ကျေးမှုဆိုတာကလည်း ဖြစ်မလာနိုင်တာပေါ့။

“အခွန်ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့ဆိုတာကလည်း အခွန်ဘဏ္ဍာကောက်ခံတဲ့ အစိုးရကလည်း ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ အခွန်ဆောင်ဖို့အတွက် လူတွေက စိတ်ဝင်စားလာမယ်။ အခွန်ဆောင်ခြင်းအားဖြင့် ငါတို့မှာ တနည်းနည်းတော့ လှည်ပြီး အကျိုးရှိတာပဲဆိုတဲ့ အတွေးမျိုး ၀င်လာမှာပေါ့။”

ပြည်ထောင်စုအစိုးရအဖွဲ့က မေ ၈ ရက်ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့မှာ အဖွဲ့ဝင် ၉ ဦး ပါဝင်ပြီး သူရဦးသောင်းလွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန် ရ၊ မရ စိစစ်ဖို့၊ လက်ရှိအခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် အကြံပြုဖို့ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ 
ရွှေအောင်
DVB

မန်ယူက ဒေးဗစ် မွိုင်းစ်ကို မန်နေဂျာ ခန့်ဖို့ရှိ

David Moyes လက်ရှိ အဲဗာတန် မန်နေဂျာ ဒေးဗစ် မွိုင်းစ်
9 မေလ 2013
မန်ချက်စတာ ယူနိုက်တက် ဘောလုံး ကလပ် အသင်းရဲ့ နာမည်ကျော် မန်နေဂျာကြီး ဆာ အဲလက်စ် ဖာဂူဆန် အနားယူတော့ မယ်လို့ ကြေငြာပြီး နောက်တနေ့မှာပဲ မန်ယူရဲ့ မန်နေဂျာ အသစ် အဖြစ် အဲဗာတန် ကလပ် အသင်း မန်နေဂျာ ဒေးဗစ် မွိုင်းစ်ကို ခန့်အပ်မယ့်အကြောင်း မကြာခင် ကြေညာဖို့ ရှိနေပါတယ်။

ဒီတရက်အတွင်း ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ မန်နေဂျာ ဆာ အဲလက်စ် ဖာဂူဆန်ကတော့ မန်ယူအသင်းမှာ ၂၆ နှစ်ကြာ တာဝန်ယူ အုပ်ချုပ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ကပဲ အနားယူတော့မယ့်အကြောင်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုင်းစ် ဟာ ငွေ သိပ်မသုံးနိုင်ဘဲနဲ့ အဲဗာတန်ကို အောင်မြင်တဲ့ ကလပ်အသင်းတခု အဖြစ် ကြာရှည် ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့တာကို ဘောလုံး အကဲခတ်တွေက ချီးကျူးကြပါတယ်။

ဒေးဗစ် မွိုင်းစ်အနေနဲ့ အသင်းကို ရောက်ရောက်ချင်း ပထမဆုံး ရင်ဆိုင်ရမှာကတော့ တိုက်စစ်မှူး ဝိန်း ရူနီကို အသင်းမှာ ဆက်နေဖို့ စည်းရုံး လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

မန်ယူကတော့ ရူနီကို မရောင်းဘူးလို့ ပြောပေမယ့် ရူနီကတော့ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိကြောင်းကို ပြီးခဲ့တဲ့ ၂ ပတ်ကပဲ ဖာဂူဆန်နဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။

မန်ယူအနေနဲ့ သူတို့ရဲ့ ထိန်တန်း အသင်းသားဟောင်းဖြစ်တဲ့ လက်ရှိ ရီယဲလ် မက်ဒရစ်အသင်းက စီ ရော်နယ်ဒိုကိုလည်း ပြန်လည် ဝယ်ယူနိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
BBC Burmese

သန်လျင်ဆန္ဒပြပွဲ ဓာတ်ပုံများ

တွံတေး၊ဒလ စသောမြို့နယ်များမှ လယ်မြေအသိမ်းခံရသော တောင်သူလယ်သမားများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး အင်အား ၁၅၀ခန့်ပါဝင်ခဲ့သည်။
The Street View







နည်းပညာပြပွဲတွင်း အိုင်တီနှင့်ဆက်စပ် ကုမ္ပဏီများ မှ အထူးနှုန်းဖြင့်ေ ရာင်းချမည်

ရန်ကုန် မေ ၉
ရန်ကုန် နည်းပညာပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီများမှ ဈေးလျော့ေ ရာင်းချမည့် အစီအစဉ် ၊ ကံစမ်းမဲအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် Lenovo Notebook ကွန်ပြူတာ တစ်မျိုးအား ပြပွဲရက် အတွင်းအထူးဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Lenovo ၏ အခြားကွန်ပြူတာ အမျိုးအစားဝယ်ယူသူတိုင်းအတွက် ကျပ်သိန်း ၃၅၀ ကျော်ခဲခြစ်ကံစမ်းမဲများ ကံစမ်းနိုင်မည်ဖြစ်သည်။

KMD ကုမ္ပဏီမှလည်း ကွန်ပြူတာ တံဆိပ်မျိုးစုံ ၊ I phone 5 ၊ Macbook Air ၊ Macbook Pro ၊ iMac ၀ယ်ယူသူများအတွက် အထူးလက်ဆောင်များ ထည့်သွင်းရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ထိုပြင် ဂန္ဓမာ ရုံးသုံးစက်လုပ်ငန်း ကုမ္ပဏီ မှလည်း ပြပွဲလာရောက်သူ များအား နေ့စဉ် ညနေ ၃ နာရီတွင် Konica ပရင့်တာ ၄ လုံး ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည်။၎င်း နည်းပညာပြပွဲအား မေလ ၂၄ ရက်မှ ၂၆ ရက်ထိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

ပုဒ်မ (၄၀၁)ပယ်ဖျက်ရန်ကြိုးပမ်းသွားမည့်ဟုဆိုသည့် ကိုမြအေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်၊ မေ ၉။
နိုင်ငံရေးဖြင့် ထောင်ကျဖူးသူ အားလုံးနှင့် သက်ဆိုင်သော အဟန့်အတား ဖြစ်နေသည့် ပုဒ်မ(၄၀၁) အား
ပယ်ဖျက်ပေးရန် ဆောင်ရွက်သွားမည်ဟု ဆိုသော ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ
ကိုမြအေးနှင့် မြန်မာ့ခေတ်မှ တွေ့ဆုံမှုများကို ဖော်ပြလိုက်ပါသည်။

MMA ။      ။ အရင်နိုင်ငံရေးနဲ့ ထောင်ကျပြီး လွတ်လာတဲ့ ကိုနေမျိုးဇင်ကို နောက်ထပ် ပြစ်မှုတစ်ခုနဲ့
ဖမ်းဆီး အရေးယူတဲ့ အခါမှာ ပုဒ်မ(၄၀၁)အရ  အရင်လက်ကျန် အမှုပါ ကျခံစေရမယ်ဆိုပြီး ဖြစ်လာပါတယ်။
အဲ့ဒီအပေါ်မှာ အစ်ကိုတို့ ၈၈ကျောင်းသားတွေရဲ့ သဘောထားကို သိချင်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်က ၄၀၁ နဲ့လွတ်ထားတာလေ။ အဲ့ဒီအချိန်က တိုင်းပြည်ကို စစ်အစိုးရ အုပ်ချုပ်တဲ့
အချိန်ဖြစ်တယ်။ ထောင်ကျခြင်းကိုက ဘာပြစ်မှုမှ မရှိဘူး။ သဘောထား ကွဲလွဲလို့ ပုဒ်မတပ်ပီး
ထောင်ချခဲ့တာ ဖြစ်တယ်။ အဲ့ဒါကြောင့် ခုလိုလွတ်လာတဲ့သူကို  ပုဒ်မ၄၀၁နဲ့ ပြန်ပြီး ထောင်ချတယ် ဆိုတာက
တရားနည်းလမ်းနဲ့ ဘယ်ကိုမှ မကိုက်ညီဘူး။ ဘယ်လိုမှ လက်သင့် ခံနိုင်စရာ မရှိဘူး။

MMA ။      ။ အဲ့ဒီလို ဥပဒေတွေကို ဘယ်လိုပြုလုပ်သင့်လဲ။ ပြီးတော့ အဲ့ဒီဥပဒေက ဘယ်သူတွေကို တိုက်ရိုက်ထိခိုက်စေနိုင်လဲ။ အဲ့ဒီဥပဒေတွေကို အစ်ကိုတို့ အနေနဲ့ ဘယ်လိုဖြစ်စေချင်လဲ ဆိုတာလဲသိချင်ပါတယ်ခင်ဗျ။

ဥပဒေ ဆိုတာက ခေတ်နဲ့လျောညီတဲ့ ဥပဒေမျိုး ဖြစ်ရမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက ကိုလိုနီခေတ်က ဥပဒေတွေ ကျန်နေတယ်။ ဖဆပလခေတ်၊ မဆလခေတ၊် နဝတခေတ်၊ နအဖခေတ်က ဥပဒေတွေကော၊ အမိန့်ညွှန်ကြားချက်တွေကော၊ လမ်းညွှန်ချက်တွေကော ရှုပ်ပွပြီး ရှိနေခဲ့တယ်။ အဲ့ဒါတွေကို
ဖြေရှင်းရမှာက လွှတ်တော်က ဖြေရှင်းရမှာ။

MMA ။      ။ ဒီပုဒ်မရဲ့ဆိုးကျိုးက ဘယ်လောက်ထိများ အကျိုးသက်ရောက်သွားနိုင်သလဲခင်ဗျ။

အားလုံး ပါဝင်နိုင်ရေး ဆိုတာကို သမ္မတကြီးက ပြောနေတယ်။ ဒါနိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေနဲ့
ပတ်သက်ပြီး ကျွန်တော်တို့ သုံးသတ်ကြည့်တဲ့ အခါမှာ ဘာတစ်ခုမှ ငြင်းပယ်စရာ မရှိဘူး။ သို့သော်လည်း
မိန့်ခွန်းပြောတာက ပြောတာဘဲ အောက်ခြေမှာ ဖြစ်နေတာတဲ့ ကိုနေမျိုးဇင်လို ကိစ္စမျိုးဆို အလွန်အရုပ်ဆိုး
အကြည်းတန်တယ်။ ဒါဟာ မြန်မာ့ နိုင်ငံရေး တစ်ခုလုံးနဲ့ ပတ်သက်နေတယ်။ ကိုနေမျိုးဇင် တစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်တော့ဘူး။ အဲ့တော့ ကျွန်တော်တို့က ပစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပုဒ်မ ၄၀၁ကို
လက်မှတ်ထိုးထားတာလည်း မရှိဘူး။  အဲ့တော့ ၄၀၁နဲ့ ပတ်သက်ပြီး ဖမ်းတာဆိုရင် လက်သင့် မခံနိုင်ဘူး ။
ပုဒ်မ၄၀၁ကို ပယ်ဖျက်ပေးဖို့ ပြောရတော့မှာဘဲ။

MMA ။      ။ ဒီပုဒ်မက ထောင်ကလွတ်လာတဲ့သူတွေ အတွက် ချမှတ်ထားတဲ့ ဥပဒေဆိုတော့ နိုင်ငံရေးနဲ့
ထောင်ကျပြီး လွတ်လာတဲ့အခါ နိုင်ငံရေး ပြန်လုပ်တဲ့သူတွေအတွက် ချိန်းခြောက်တဲ့ ဥပဒေမျိုးများ
ဖြစ်နေမလားခင်ဗျ။ ပြီးတော့ ထောင်ကထွက်လာပြီး တစ်နှစ်အတွင်းလို့လဲ ကြားတယ်။ အဲ့ဒီဥပဒေက
တစ်နှစ်အတွင်းကန့် သတ်ယုံပဲဖြစ်နေမလား။

တစ်နှစ်အတွင်း မဟုတ်ဘူးဗျ။ ကျွန်တော် ဆိုလိုတာက ဆယ်နှစ် ထောင်ကျတဲ့ အခါမှာ အထဲမှာ
ရှစ်နှစ်ပဲနေပြီး ပြန်လွတ် လာတယ်ဆိုရင် အပြင်နေတဲ့ ကာလအတွင်းမှာ ခလုပ်တိုက်လို့ပဲ ဖြစ်ဖြစ်၊ ရပ်ကွက်ထဲ ရန်ဖြစ်လို့ဘဲ ဖြစ်ဖြစ်၊ ဧည့်စာရင်း စစ်လို့ဘဲဖြစ်ဖြစ် အဖမ်းခံရရင် ပုဒ်မ၄၀၁အရ အဲ့ဒီ ရှစ်နှစ်ကို
ပြန်ခံရမယ်ဆိုတာ မျိုးကြီး ဖြစ်နေတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက အားလုံး ပါဝင်နိုင်တဲ့ အခွင့်အလမ်းကို ဖမ်းတီးပေးဖို့ ဆိုတဲ့ နေရာမှာ ဒီပုဒ်မ ၄၀၁ သည်လည်း အရမ်းကြီးမားတဲ့ အဟန့်အတားကြီးဘဲ။
အခုချိန်မှာ ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီးတော့ နိုင်ငံရေး အကျဉ်းသား စိစစ်စရေးတွေ၊ လွတ်မြောက်ရေးတွေကို လုပ်ဆောင်နေတဲ့ ကာလမျိုးမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့
ပုဒ်မ၄၀၁လို ဥပဒေမျိုးကို ပယ်ဖျက်သင့်ပြီ။ ဒီလိုကာလမျိုးနဲ့လည်း ဘယ်လိုမှ မအပ်စပ်ဘူး မလျော်ညီဘူး။

MMA ။      ။ အဲ့ဒီအခါကျတော့ အခု ကိုနေမျိုးဇင်က ပုဒ်မ ၄၀၁နဲ့ အရင်လျော့ပေးလိုက်တဲ့ ထောင်ဒဏ်ကို
ပြန်ခံရမလို ဖြစ်နေပြီဆိုတော့ အစ်ကိုတို့ ၈၈မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမျိုး သဘောထားပြီး
ဆောင်ရွက်မလဲ ဆိုတာကိုလည်း သိချင်ပါတယ်ခင်ဗျ။

ကွန်တော်တို့ အနေနဲ့က ဒီကိစ္စမျိုးကို နိုင်ငံရေးသမား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးလို့ သဘောထားပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျဘူးတဲ့ သူအားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ပေးမှာကတော့ ဒီပုဒ်မ ၄၀၁ကို ပယ်ဖျက်ပေးဖို့ ဘဲဖြစ်ပါတယ် ဟုဖြေကြားသွားသည်။
အောင်သိုက်
မြန်မာ့ခေတ်

ဗြဟ္မစိုရ်လူမှုကူညီရေးအခမဲ့ဆေးခန်းကို အိန္ဒိယနိုင်ငံက ဆရာဝန်ကြီးတွေ လာရောက်ကုသပေး

မန္တလေး၊ မေ-၉
မန္တလေးမြို့က ဗြဟ္မစိုရ်လူမှုကူညီရေး အခမဲ့ဆေးခန်းမှာ အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီးတွေ လာရောက်ပြီး အခမဲ့ ဆွေးနွေးကုသပေးနေတယ်လို့ သိရပါတယ်။

အဆိုပါဆေးကုသမှုကို မေ ၈ ရက်၊ မနက် ၇ နာရီက စတင်ပြုပေးနေတာဖြစ်ပြီး ဒီနေ့တစ်ရက်ပဲ ကုသမှုပြုလုပ် ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးကုသမှုဆောင်ရွက်ပေးရာမှာ အိန္ဒိယနိုင်ငံက နှလုံးနဲ့ ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေ၊ ဆီးနဲ့ကျောက်ကပ် အထူးကုဆရာကြီးတွေ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

“လူနာကတော့ တစ်ရာကျော်လောက်လာပါတယ်၊ စစ်ဆေးတာ ဆေးပေးတာတွေ လုပ်ပေးပါတယ်၊ ခွဲစိတ်ဖို့လိုတဲ့လူနာတွေကိုတော့ အိန္ဒိယနိုင်ငံဆေးရုံ (Fortist) ကို လာဖို့ ညွှန်ကြားသွားတယ်” လို့ ဒေါက်တာ ဦးကိုကိုလေးက ပြောပါတယ်။

“နိုင်ငံခြားကပါရဂူတွေနဲ့ ချိတ်ဆက်ပြီး ကုသပေးဖို့အစီအစဉ်ရှိလားဆိုတာကတော့ အခု ဒီဗြဟ္မစိုရ်ဆေး ခန်းက အထောက်အကူပစ္စည်းနည်းသေးတယ်၊ ခွဲစိတ်ဖို့အတွက် အခက်အခဲရှိတယ် ” လို့ သူက ဆက်လက် ပြောပါတယ်။

ဗြဟ္မစိုရ်ဆေးခန်းကို ၂၂.၈.၂၀၀၉ မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ တစ်လကို ခန့်မှန်း လူနာဦးရေ ၄၀၀၀ နဲ့ ၇၀၀၀ အကြား လာရောက်ကုသမှုခံယူလျက်ရှိတယ်လို့သိရတယ်။

“ဖွင့်စကနေ စပြီးတော့ နှစ်နှစ်တိတိ စာအုပ်ဖိုး ၂၀၀ ပဲ ယူပါတယ်၊ နောက် လူဦးရေများလာတော့ ဓာတ်မှန်ရိုက်တာအတွက် ပိုက်ဆံယူပါတယ်၊ အပြင်ကဈေးထက်တော့ သက်သာပါတယ်။ အရေးပေါ်ဖြစ်ခဲ့တဲ့ လူနာတွေကတော့ ပြည်သူ့ဆေးရုံကြီး သွားပေါ့ဗျာ၊ဒီမှာကတော့ အထောက်အကူပစ္စည်းတွေ လိုအပ်နေသေး တယ်။ အဲဒါတွေထပ်ဖြည့်ဖို့ အစဉ်တွေရှိပါတယ်လို့ ဆေးခန်းတာဝန်ခံ ဒေါက်တာဦးကိုကိုလေးကပြောပါတယ်။
ကျော်စိုးလင်း
 မြန်မာဓိက

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ်(၆)နှစ် ချမှတ်ခြင်းကြောင့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် မေးခွန်းထုတ်

Thursday, 09 May 2013



ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ အခန်း ၂၉ ပါ ပုဒ်မ ၄၀၁။ (၃)၏ ဖော်ပြချက်

ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ပုဒ်မ ၄၀၁ အရ ထောင်ဒဏ်ခြောက်နှစ် ချမှတ်မှုအပေါ် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများက မေးခွန်းထုတ်မှုများ ရှိနေသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာ၌ ထည့်သွင်းခဲ့သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၀၁) ကို အစိုးရမှ ယခုလို အသက်သွင်းလာသည့်အပေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည့် လုပ်ရပ်အဖြစ် နိုင်ငံရေး လှုပ်ရှားသူများက သုံးသပ်နေခြင်း ဖြစ်သည်။

မြန်မာလူမှုဘ၀ ဖွံ့ဖြိုးရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရဲဝန်ထမ်းများအား အသရေဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် ပန်းတနော် တရားရုံးက မေ ၂ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ၎င်းကပေးဆောင်ရန် ငြင်းဆန်ခဲ့သောကြောင့် ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ခဲ့ပြီး ယင်းနေ့တွင်ပင် မအူပင်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် ဦးနေမျိုးဇင်ဘက်မှ ဆွေမျိုးများက မေ ၇ ရက်တွင် ပန်းတနော် တရားရုံးသို့ ဒဏ်ငွေကျပ်နှစ်သောင်း သွားရောက်ပေးဆောင် ခဲ့သောကြောင့် တရားရုံးမှ လွှတ်ဝရမ်း ထုတ်ပေးခဲ့သော်လည်း မအူပင်ထောင်သို့ သွားရောက်ထုတ်ယူရာတွင် အကျဉ်းထောင် တာဝန်ရှိသူများက နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို လွှတ်ပေးစဉ်က ပုဒ်မ ၄၀၁ ဖြင့် လွှတ်ပေးခဲ့သည့်အတွက် ယခုပြစ်မှု ထပ်ပေါ်လာသောကြောင့် ယခင်ပြစ်မှု ကြွေးကျန်ထောင်ဒဏ် ခြောက်နှစ်ကို ပြည်ထဲရေးဝန်ကြီးက ထပ်မံချမှတ်လိုက်သည့်အတွက် လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဇန်န၀ါရီ ၁၃ ရက်တွင် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံရလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ထင်ရှားသော နိုင်ငံရေး အကျဉ်းသားများဖြစ်သော သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်၊ မြင်းခြံ အကျဉ်းထောင်မှ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ ပါဝင်ခဲ့ကာ ဦးနေမျိုးဇင်သည်လည်း ယင်းအသုတ်တွင်ပင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန် ကတည်းကပင် ပုဒ်မ (၄၀၁) နှင့် လွှတ်သည့်အပေါ်တွင် နိုင်ငံရေး လှုပ်ရှားသူများက ဝေဖန်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ယင်းပုဒ်မဖြင့် အရေးယူမှုများ မရှိခဲ့သည့်အတွက် ယင်းဝေဖန်မှုများ တိတ်ဆိတ်သွားခဲ့သည်။

သို့သော် ၂၀၁၃ ခုနှစ် မဟာသင်္ကြန် ကာလမတိုင်မီ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အား ပြည်ထဲရေးဝန်ကြီး ကိုယ်စားလှယ်အဖွဲ့မှ အောင်သပြေ စစ်ကြောရေးစခန်းတွင် ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ခဲ့သေးသည်။

ထို့နောက် ၂၀၁၂ ခုနှစ်အတွင်း နောက်ထပ်လွတ်ငြိမ်းချမ်းသာမှု လေးကြိမ်နှင့် ၂၀၁၃ ဧပြီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်များတွင်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခဲ့ပြီး ယင်းတို့ကိုလည်း ပုဒ်မ ၄၀၁ (၁)ဖြင့်ပင် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို ကူးပြောင်းမည် ဆိုပါက နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ လုံးဝမရှိသင့်တော့ဘဲ လွှတ်ပေးပါကလည်း ခြွင်းချက်မရှိ လွှတ်ပေးခြင်းမျိုးကိုသာ ပြုလုပ်သင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက သုံးသပ်သည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံရပြီး နှစ် ၃၀ အထိ လျှော့ချခံခဲ့ရပြီး ၂၆ နှစ် အလိုတွင် ထောင်မှလွတ်လာခဲ့သော ၈၈ မျိုးဆက်အဖွဲ့မှ ကိုဂျင်မီက "ဒါဟာ အတူတူလွတ်ခဲ့တဲ့သူ အားလုံးကို သွယ်ဝိုက်ခြိမ်းခြောက် လိုက်တာပဲ။ နိုင်ငံတကာ အမြင်မှာကျတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုပြီး နာမည်ယူထားပြီး တစ်ဖက်မှာကျတော့ နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားတာမျိုးကတော့ မဖြစ်သင့်ဘူး" ဟု ပြောသည်။

ယခင် အကြိမ်များက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သူများကိုလည်း ယင်းပုဒ်မဖြင့်ပင် လွှတ်ပေးခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ကြွေးကျန်ပြစ်ဒဏ်များနှင့် ပူးပေါင်းအမိန့်ချမှုများ ရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ထောင်ထဲကနေ နိုင်ငံတော်သမ္မတက လွှတ်ပေးလိုက်တယ် ဆိုကတည်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်။ တူတာတွေကို တွဲလုပ်မယ်လို့ ပြောပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာပေါ့လေ။ အဲလိုလွတ်လာပေမယ့် ပြစ်မှုကြွေးကျန်တွေနဲ့ လွတ်လာတာပေါ့။ ပြစ်မှုကြွေးကျန်နဲ့ လွတ်လာပြီးတော့ အခုလက်ရှိ ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်မှုမှာ ဥပဒေချိုးဖောက်တယ် ဆိုပြီး ပြန်လည်အဖမ်းခံရပြီးတော့မှ ကျန်တဲ့ပြစ်မှု ကြွေးကျန်ကို ပြန်လည်ခံစားစေလို့ ပြောလိုက်တာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပါးစပ်ကပြောပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုတာကို ပြလိုက်တာပဲ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ပြောသည်။

"ဒီဥပဒေကို ပယ်ဖျက်ပြီးတော့ မြောင်းထဲသာ လွှင့်ပစ်လိုက်တော့။ မတရားတဲ့ ဥပဒေလေ။ ကိုလိုနီခေတ် ကတည်းက အစိုးရအတွက် တစ်ဖက်သားကို ချည်နှောင်ထားတဲ့ ဥပဒေလေ။ ကျွန်တော်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဆို အဲဒီလူတွေကို သိလည်းမသိဘူး။ ဒါပေမဲ့ ထောင် ၉၃ နှစ် ချတယ်။ အပြစ်မရှိဘဲ ထောင်ချတယ်။ လွတ်လာတော့လည်း ကြွေးကျန်ဆိုတာ ရှိနေတယ်။ အဲဒါ မမျှတဘူး။ ကျွန်တော်တို့ အခုအခြေအနေက ဓားသွားထက်ထက်ပေါ်မှာ လမ်းလျှောက်နေရတဲ့ အတိုင်းပဲလေ။ ထစ်ခနဲဆို ထိသွားမှာပေါ့။ ကျွန်တော်တို့လည်း သူတို့မကျေနပ်ရင် ဒီတိုင်းပဲ ပုဒ်မ ၁၇ (၁) နဲ့ပဲလေ။ ငြိမ်းချမ်းရေး ယူတယ်။ ဟိုလူတွေကလည်း ယုံကြည်လို့ခေါ်တယ်။ သွားတယ်။ ဘာဖြစ်လဲ ကြားဝင်ပြီး ပြေလည်အောင် လုပ်ပေးတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်မှုလည်း အခုအားလုံးကို ခေါ်လာပြီးတော့ စကားပြောကြတာပဲ။ မှားလို့ကတော့ ထိပြီ။ တိုင်းပြည်ပြန်လည် တည်ဆောက်နေချိန်မှာ ဒါမျိုးတွေ မရှိသင့်တော့ဘူး" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

၁၉၈၉ ခုနှစ်ကတည်းက နိုင်ငံရေး ပြစ်မှုနှင့် ထောင်ကျခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်ကလည်း "ကျွန်တော်ဆိုရင် လက်မှတ်မထိုးခဲ့ဘူး။ ဖတ်ပြတဲ့ အခါမှာလည်း နားကိုပိတ်ထားတယ်။ အရပ်စကားနဲ့ ပြောရရင် အကျဉ်းသားတွေလွှတ်တာ နွားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ လိုချင်တာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပါ။ အခုလို လွှတ်နေတိုင်း အခုဗိုလ်ကြီးနေမျိုးဇင်လိုမျိုး ထောင်ကျနေကြရဦးမှာပဲ။ ဒီအစိုးရ မဟုတ်ဘဲ နောက်အစိုးရဆိုရင်လည်း အကျဉ်းသားတွေကို ပုဒ်မ ၄၀၁ နဲ့ လွှတ်နေသရွေ့၊ တစ်ပိုင်းတစ်စ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေသမျှ ကာလပတ်လုံး ဒီလိုပြဿနာတွေ ဆက်ဖြစ်နေဦးမှာပဲ" ဟု ပြောသည်။

"ဒါဟာ အစိုးရအဖွဲ့အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းကစပြီး လွှတ်ပေးလိုက်တဲ့သူတွေ အားလုံးကို သတိပေးလိုက်တဲ့ သဘောပါပဲ။ အချိန်မရွေး တစ်ခုခုဖြစ်လို့ တရားစွဲရင် ကြွေးကျန်ပြစ်ဒဏ်တွေကို ပြန်လည်ချမှတ်လို့ ရတယ်ဆိုတာကို ထုတ်ပြန်လိုက်တဲ့ သဘောပဲလို့ ကျွန်တော်မြင်ပါတယ်။ သမ္မတကြီးအနေနဲ့ ပုဒ်မ ၄၀၁ ထဲမှာပဲ ပြစ်မှုကြွေးကျန် လုံးဝမထားဘဲ လွှတ်ပေးလို့ ရတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါကို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး အဖွဲ့ကိုလည်း တင်ပြထားပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ကိုရဲအောင်က ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ (၁) တွင် ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး၊ သို့မဟုတ် အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်" ဟု ဖော်ပြထားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ (၃) တွင်မူ "ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်း မရှိဟု နိုင်ငံတော်သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့် အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲအရာရှိကမဆို ၀ရမ်းမပါဘဲ ဖမ်းဆီးပြီး ပြစ်ဒဏ်မှ မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်" ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ ပုဒ်မ ၄၀၁ (၃) အရ အရေးယူမှုသည် ချွင်းချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အများစုကို လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် ပါဝင်လွတ်မြောက်ခဲ့သော ၈၈ မျိုးဆက် အပါအ၀င် နိုင်ငံရေးသမား အများအပြားသည် လက်ရှိအခြေအနေအရ ထောင်ပြန်ကျခံနိုင်ရဖွယ် အနေအထားဖြစ်နေသည်ဟု သုံးသပ်နေကြသည်။
Eleven Media Group

သာကေတမြို့နယ် ငါးကွေ့မှတ်တိုင်တွင် ကွန်တိန်နာတင်ယာဉ်နှစ်စီး တိုက်မိ

Thursday, 09 May 2013

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ ၅ ကွေ့မှတ်တိုင်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်တွင် မေလ ၉ ရက်နံနက် ၄ နာရီ ၃၀ မိနစ် ၀န်းကျင်က ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါပုံမြို့နယ်ဘက်မှ သန်လျင်တံတားဘက်သို့ ရှုခင်းသာ မြို့ပတ်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၁စ/၂၃၇၆ ကွန်တိန်နာတင်ယာဉ်သည် ရှုခင်းသာ အိမ်ယာရှေ့ရှိ ငါးကွေ့မှတ်တိုင် အရောက်တွင် မော်တော်ယာဉ်ငယ် တစ်စီးအား ရှောင်လိုက်ရာတွင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ၂က/၂၁၅၂ ကွန်တိန်နာတင်ယာဉ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။



"လေးနာရီခွဲလောက်က ၀ုန်းကနဲ အသံကြားလို့ ထကြည့်တော့ အခုလို ယာဉ်နှစ်စီးတိုက်တာ တွေ့ရတယ်။ ခေါင်းကြေသွားတဲ့ မော်တော်ယာဉ်ပေါ်က သူတစ်ဦးတော့ ဒဏ်ရာရသွားလို့ ဆေးရုံကို တက္ကစီနဲ့ပို့တာ မြင်လိုက်ရတယ်။ လူသေတာတော့ မရှိပါဘူး" ဟု အနီးတွင် ကွမ်းယာရောင်းချသူ အမျိုးသား တစ်ဦးက ပြောသည်။

"ဘေးမှာရှိတဲ့ ကားငယ်ကို ရှောင်ရင်း ဟိုဘက်ကလာတဲ့ ကွန်တိန်နာနဲ့ တိုက်မိတာ။ မျက်နှာချင်းဆိုင် တိုက်တာမဟုတ်ဘူး။ ဟိုဘက်ကကားရဲ့ နောက်ကြည့်မှန်နဲ့ ကွန်တိန်နာပုံးကို တိုက်မိတာ" ဟု ဖြစ်စဉ်အနီးတွင်ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။
Eleven Media Group

အမေရိကားဖျော်ဖြေရေးခရီးစဉ်သို့ အနုပညာရှင်များထွက်ခွာ

ရုပ်ရှင်၊ဂီတ၊သဘင်မှ အနုပညာရှင်များဖြစ်ကြသော ခိုင်သင်းကြည်၊ မန္ထလေးသိန်းဇော်၊ စိန်ဝင်းထွန်း၊ ဖိုးကာ၊ နိုင်ဇော် တို့သည် ရက်ပေါင်း ၄၀ ကြာမြင့်မည်ဖြစ်သော အမေရိကားဖျော်ဖြေရေးခရီးစဉ်သို့ ယနေ့ မေလ ၉ ရက် နံနက် ၁၀ နာရီခွဲ တရုတ်လေကြောင်းလိုင်းဖြင့် တိုင်ပေကိုထွက်ခွာသွားခဲ့ပြီး တိုင်ပေမှတစ်ဆင့် အမေရိကားသို့ ခရီးဆက်မည်ဖြစ်သည်။ အဆိုပါ အနုပညာရှင်အဖွဲ့သည် ဇွန်လ ၁၅ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ထက်လူလူ
Popular Journal




သတိထား.....

FB-Miraculous Master For English Language

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး

အင်ဒိုနီးရှား စစ်သွေးကြွတွေနဲ့ ပစ်ခတ်မှု
08.05.2013
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ဂျာဗားခရိုင်အနောက်ဖက် Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ၀ိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက သေဆုံးခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ တီမူရာ ပရာဒိုပို (Timur Pradopo) က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၄ လကြာ ငှားရမ်းထားတဲ့ အိမ်ထဲမှာရှိနေကြတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေဖက်က ခုခံမှုတွေ ရှိခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစောပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှား ဒေသခံသတင်းတွေမှာတော့ လုံခြုံရေး အာဏာပိုင်တွေ ၀ိုင်းထားတဲ့ နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းကြတဲ့ စစ်သွေးကြွတွေကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ရာက သေဆုံးခဲ့တာလို့လည်း ဖော်ပြနေကြတာပါ။ အနည်းဆုံး နောက်ထပ်လူတဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကို အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဂျာကာတာမြို့တော်မှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ဖမ်းဆီးမိခဲ့တာပါ။ သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအ၀င် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အင်ဒိုနီးရှား နိုင်ငံမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင်ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာကို လက်တုန့်ပြန်ဖို့ ရည်ရွယ်ပြီး အစွန်းရောက်သူတွေက တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ မြန်မာနိုင်ငံက ပဋိပက္ခတွေအပေါ် မကျေနပ်သူ အင်ဒိုနီးရှား မူဆလင်အစွန်းရောက်တွေက မြန်မာအစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသွားသူတွေနဲ့ ဖမ်းဆီးမိသူတွေဟာ သံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်မှု ရှိမရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မလေးရှား အတိုက်အခံ ဆန္ဒပြ

ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုမှ စတင်
9 မေလ 2013
မလေးရှား ရွေးကောက်ပွဲဟာ မဲမသမာ မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှား အတိုက်အခံ ကို ထောက်ခံသူ အများအပြား စုဝေး ဆန္ဒပြနေ ကြပါတယ်။ ရဲအဖွဲ့က ဆန္ဒပြမှု ဟာ တရားဥပဒေနဲ့ မညီဘူးလို့ ဆိုတဲ့ ကြားက အာဏာဖီဆန်ပြီး ဆန္ဒပြ ကန့်ကွက် ကြပါတယ်။

အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်မ် က အခုဆန္ဒပြပွဲကို ဆော်သြခဲ့တာ ဖြစ်ပါတယ်။ သူ့အဆို မဲခိုးမှုနဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် အနိုင်ရပြီးတဲ့ နောက်မှာ အခုလို ဆန္ဒပြဖို့ ဆော်သြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာဂျစ် ဦးဆောင်တဲ့ အမျိုးသားတပ်ဦး ညွန့်ပေါင်းက လွှတ်တော် နေရာ ၂၂၂ နေရာ အနက်မှာ ၁၃၃ နေရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသားတပ်ဦးညွန့်ပေါင်းရခဲ့တဲ့ ရလဒ်ထဲမှာတော့ အခုရလဒ်ဟာ နှစ်ပေါင်း ၅ဝ အတွင်းမှာ အဆိုးဆုံး ရလဒ် ဖြစ်ပါတယ်။

အမျိုးသား တပ်ဦး ညွန့်ပေါင်း အနေနဲ့ နေရာ အများစု အနိုင်ရ ခဲ့ပေမယ့် လွှတ်တော်တွင်း ၃ ပုံ ၂ ပုံအများစုနေရာကိုတော့ ပြည့်မီအောင် အနိုင်မရခဲ့ပါဘူး။ ဒီလို ၃ ပုံ ၂ပုံ မပြည့်မီတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အမျိုးသား တပ်ဦး ညွန့်ပေါင်း အစိုးရ ဘက်ကတော့ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

ဆန္ဒပြသူ အရေအတွက်ဟာ ၄ သောင်း ကျော်ရှိပြီး အများစုဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဝတ်စုံနက် ဝတ်ဆင် ထားကြပါတယ်။

ဆန္ဒပြသူတွေဟာ အားကစားရုံအတွင်းမှာ ဆန္ဒပြဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် အားကစားရုံ ထဲကနေ အပြင်ဘက်မှာ လူအများအပြား လျှံထွက်နေပါတယ်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလ ကတည်းက မဲပေးသူတွေ မဲ နှစ်ခါ မပေးနိုင် အောင် အမှတ်အသား ပြုတဲ့ မင်တွေကို ချက်ချင်း ဖျက်လို့ ရတဲ့ အတွက် မဲမသမာမှု တွေ ရှိနိုင်တယ်လို့ မဲပေးသူတွေ ဘက်က စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

လူထု အစည်းအဝေးကို အားကစားရုံ ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်တာကို ရဲက ကန့်ကွက် ဟန့်တားခွင့် မရှိပါဘူး။ လူများပြီး အားကစား ကွင်းထဲက ပိုလျှံထွက် လာတာကိုလည်း ရဲက ဟန့်တားခွင့်မရှိပါဘူး။

ဒါပေမဲ့ အဲသလို လူတွေ လျှံထွက်လာအောင် ကျဉ်းတဲ့ အခန်းကို အတိုက်အခံ ခေါင်းဆောင် အန်နဝါအီဘရာဟင်မ်က ရွေးချယ်ခဲ့တယ်လို့ အစိုးရဘက်က စွပ်စွဲနေပါတယ်။
BBC Burmese

စွန့်ပစ်ပစ္စည်းများ အသုံးပြု လူသုံးကုန်ပစ္စည်းများ တီထွင် ထုတ်လုပ်

မန္တလေး ၊ မေ ၈ ။
စွန့်ပစ်ထားတဲ့ ကော်ဖီမစ်အိတ်ခွံများ၊ပလပ်စတစ်ဘူးခွံများ၊အအေးပိုက်များ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ပြုလုပ်ထားတဲ့ ပစ္စည်းများကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာက မင်းဧကရီ အိမ်တွင်း စက်မှုလက်မှု သင်တန်း ကျောင်းမှာ တွေ့ခဲ့ရပါတယ်။

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် အဓိကရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ဒီ ပလပ်စတစ်တွေက မြေထဲမြှုပ်ရင်လည်း မြေဆီလွှာထိခိုက်တယ်၊ရေထဲချရင်လည်း ရေ သတ္တဝါတွေထိခိုက်တယ်။ မီးရှို့ရင်လည်း အငွေ့တွေ ရှုမိတဲ့ လူတွေ အတွက် ဆိုကျိုးရှိ တယ်။ဒီလိုအဖက်ဖက်က စဉ်းစားကြည့်ရင်း တွေးရင်းနဲ့ပဲ ကော်ဖီမစ်အိတ်ခွံတွေနဲ့ စလင်းဘက်အိတ်ထိုးဖို့ စိတ်ကူးရခဲ့တယ်။

မင်းကွန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေကနေ ကော်ဖီမစ်အိတ်ခွံတွေ၊ အအေးပိုက်တွေ စုထားပေးဖို့ အကူအ ညီတောင်းပြီး အဲဒီကရတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ စလင်းဘက်အိတ်တို့၊ရေ သန့်ဗူးထည့်တဲ့အိတ်တို့၊ ဖျာတို့ကို ပြုလုပ်ခဲ့တာပါ"လို့ အရောင်းတာဝန်ခံ မယဉ်ယဉ်ထွန်းကပြောပါတယ်။

ပထမဆုံးစပြီး ထိုးခဲ့တဲ့ စလင်းဘက်အိတ်ကို ကော်ဖီမစ် အိတ်ခွံပေါင်း (၆၃၆)လုံး နဲ့ပြုလုပ်ခဲ့ပြီး ဟော်လန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် တစ်ဦး က အမေရိကန်ဒေါ်လာ (၁၀၀) ပေးကာ ဝယ်ယူသွားကြောင်းသိခဲ့ရပါတယ်။အလားတူ စွန့်ပစ် ပစ္စည်းကော်ဖီမစ် အိတ်ဖြင့် ပြုလုပ်ထားတဲ့ဖျာကိုလည်း ပိုလန်နိုင်ငံက ဝယ်ယူရန်အမှာရှိကြောင်းသိရပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ကျောက်ဆည် ဝေဘူဆရာတော်ဘုရားကြီးပုံတူ ရုပ်တုတော်မှ ဦးခေါင်းတော်ပျောက်ဆုံး

ကျောက်ဆည်၊ မေ-၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဝေဘူတောင်ရှိ ကျေးဇူးရှင် ပထမဝေဘူဆရာတော်ဘုရား ကြီး၏ ပုံတူ ရုပ်တုတော်ကြီး ဦးခေါင်းပိုင်းမှာ ဧပြီလ ပထမပတ်အကုန်ခန့်က ပျောက်ဆုံးသွားကြောင်းသိရပါ တယ်။ အဆိုပါ ရုပ်တုတော်မှာ ဝေဘူတောင်ခါးပန်းရှိ ဝေဘူချောင် ဓမ္မဂူတွင် ယခင်က ပူဇော်ထားခဲ့ရာမှ ယခု ကဲ့သို့ ခိုးယူခံရပြီး ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

“ဒီ ဝေဘူတောင်က လူအသွားအလာနည်းတယ်၊ တရားအားထုတ်တဲ့သူတွေ၊ ဥပုသ်စောင့်တဲ့သူတွေ လောက်ပဲ လာတတ်တယ်၊ သမီးရည်းစားစုံတွဲတချို့လည်း လာတတ်တယ်၊ ငယ်ရွယ်သူတွေအဖို့တော့ ဒီလို သာသနာ့နယ်မြေမှာ အနေအထိုင် ဆင်ခြင်သင့်တယ်၊ အခုလို ဦးခေါင်းတော်ပျောက်ဆုံးသွားတာ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေရတယ်၊ အရင်ရက်ပိုင်းတွေက မြို့ရွာတချို့မှာ ပဋိပက္ခတွေရှိနေတော့ မလိုလားအပ် တာတွေဖြစ်မှာစိုးလို့ပါ” လို့ ဝေဘူတောင်တွင် စိမ်းလန်းစိုပြေရေးနှင့် ဝေယျာဝစ္စများ ဆောင်ရွက်ကြသော အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ဝေဘူရိပ် လူထုကွန်ယက်က ကဗျာဆရာ တင်လတ်ကိုက မြန်မာဓိကကို ပြောပါတယ်။

ပထမဝေဘူဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုတော်ကို အင်္ဂတေပလာစတာနဲ့ ထုလုပ်ထားတာဖြစ်ပြီး ဥာဏ်တော် ၂ ပေ မြင့်ကြောင်းသိရပါတယ်။

ဝေဘူဆရာတော်လောင်းလျာကို ခမည်းတော်ဦးလှဖေ၊ မယ်တော်ဒေါ်ကြင်နုတို့မှ ၁၂၅၇ တပေါင်းလ ဆန်း ၆ ရက်၊ တနင်္လာနေ့၊ နံနက် ၄ နာရီတိတိမှာ မီးရှူးသန့်စင်ခဲ့ပါတယ်။

၁၂၇၇တွင် မြင့်မြတ်သော ရဟန်း အဖြစ်သို့ရောက်ရှိတော်မူပြီး ရဟန်းဘ၀တွင် ဓူတင် ၁၃ ပါးကို အားထုတ်တော်မူကြောင်း သိရှိရပါတယ်။

 ကျေးဇူးရှင်ဝေဘူဆရာတော်ကြီးဟာ မြန်မာသာမက ကမ္ဘာကပင် ကြည်ညိုကြရပြီး ဝိပဿနာတရားကို အားထုတ်တော်မူလို့ ရဟန်းကိစ္စပြီးမြောက် ခဲ့တဲ့ အရှင်မြတ်အဖြစ် အစဉ်အဆက်မှတ်ယူကြရတဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါတယ်။
ဒိုးလေး(ကျောက်ဆည်)
မြန်မာဓိက

အထောက်အကူပြုသင်တန်း ရန်ကုန်မြို့ အမေရိကန်သံရုံးရှိ (American Centre) တွင်ဖွင့်မည်

အသွင်ကူးပြောင်းရေးကာလ လူထုကိုယ်စားပြု အစိုးရတစ်ရပ်ပေါ်ထွန်းလာနိုင်ရေး နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင်မှု မြှင့်တင်နိုင်ရေး အထောက်အကူပြုသင်တန်းတစ်ခု ရန်ကုန်မြို့ အမေရိကန်သံရုံးရှိ (American Centre) တွင်ဖွင့်လှစ်မည်

မန္တလေး၊ မေ ၈-၂၀၁၃
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ လူထုကိုယ်စားပြု အစိုးရတစ်ရပ်ပေါ်ထွန်းလာနိုင်ရေးအတွက်
နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ရေး အထောက်အကူပြုသင်တန်းအမှတ်စဉ်(၃) ကို
လာမည့် ဂျူလိုင်လ(၂၂)ရက်နေ့မှာ စတင်ဖွင့်လှစ့်မည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၂၈)ရက်နေ့ထိ ရက်သတ္တ ၅-ပတ် ကြာမြင့်မှာဖြစ်ကြောင်း၊ဒီသင်တန်းမှာ သင်တန်းခွဲ(၅)မျိုး ခွဲခြားသတ်မှတ်ထားကြောင်း အလားတူသင်တန်း အမှတ်စဉ်(၁)မှာ ၃-လအကြာ တက်ရောက်ခဲ့ဘူးပြီး “ရဲရင့်နှလုံးသား လူမှုဖွံ့ဖြိုးရေးအသင်း” အခမဲ့ပညာရေးသင်တန်းတစ်ခု တည်ထောင်ဆောင်ရွက်နေသူ ၊ “ကလေးချစ်သူများကွန်ရက်” အဖွဲ့ဝင် မန္တလေးသား ကိုတင်ထွန်းအောင်မှ “မြန်မာဓိက”ကိုပြောပြပါတယ်။

ဒီသင်တန်းမှာ သင်ကြားပေးမည့် သင်တန်း(၅)မျိုးမှာ…

(၁) ပဋိပက္ခကို အသွင်ကူးပြောင်းခြင်း (Conflict Transformation)
(၂) ဒီမိုကရေစီစနစ်တွင် ရပိုင်ခွင့်များတောင်းဆိုခြင်း (Advocacy in Democracy)
(၃) ထူးခြားဖြစ်စဉ်များဆိုင်ရာ အင်္ဂလိပ်စာသင်တန်း (English for Special Purposes)
(၄) ဖက်ဒရယ်ပြည်ထောင်စုရေးရာ (Federalism)
(၅) ပွင့်လင်းမြင်သာရှိမှု(Transparency)

မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီများ၊ အလုပ်သမားလှုပ်ရှားမှုများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများတွင်ပါဝင်လှုပ်ရှားနေသော မြန်မာနိုင်ငံသား ခေါင်းဆောင်များ၊အဖွဲ့ဝင်များကို အဓိကရည်ရွယ် သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းအားလုံးအတွက် သင်တန်းကြေးမယူ အခမဲ့သင်ကြားပေးမှာဖြစ်ပြီး ရန်ကုန်တိုင်းပြင်ပ အခြားမြို့နယ်များမှ သင်တန်းတက်ရောက်လိုသူ သင်တန်းသားများသာ သင်တန်းမှ သတ်မှတ်ထားသော ထောက်ပံ့ကြေးကို လူဦးရေ အကန်အသတ်ဖြင့် ရရှိနိုင်ကြောင်း မန္တလေးသားမိတ်ဆွေမှ ဖြည့်စွက်ပြောကြားပါတယ်။ သင်တန်းနှင့် ပတ်သက်၍ သိရှိလိုသမျှကို iPACE@state.gov အီးမေလ်ပေးပို့၍ စုံစမ်းနိုင်ပြီး သင်တန်းလျှောက်လွှာများကို အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ဖေါ်ပြပြီး လျှောက်လွှာများကို American Center ၏ လုံခြုံရေးရုံးခန်းရှိ “iPACE Applications Box” တွင်ထည့်၍ သော်လည်းကောင်း (သို့မဟုတ်) လျှောက်လွှာ (Soft copy) ကို iPACE@state.gov အီးမေးလ် လိပ်စာသို့လည်းကောင်း
၂၄ မေလ ၂၀၁၃-ခုနှစ် ညသန်းခေါင်ယံ ၁၂း၀၀နာရီအချိန် နောက်ဆုံးထားပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရပါသည်။ ။
s.m.Aunng
မြန်မာဓိက

တံတားဦးမြို့ ဘေးလုံပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ အစာအဆိပ်သင့်မှုဖြစ်ပွား

တံတားဦး၊ မေ-၈
မေလ ၈ ရက်နေ့က တံတားဦးမြို့မှာ အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၄င်းနေ့ နံနက် ၅ နာရီ အချိန်ခန့်က“ဘေးလုံ ပရိယတ္တိစာသင်တိုက်”တွင် နံနက်အရုဏ်ဆွမ်း ဘုန်းပေး ပြီး ၄၅ မိနစ်ခန့်အကြာတွင် သံဃာအချို့ မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့သည့် အတွက် တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်တွင် ကိုရင်(၁၂) ပါး၊ ဦးဇင်း(၁)ပါး၊ လူ(၃)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာလို့ သိရတယ်။ မေ ၈ ရက်နေ့ အဆိုပါကျောင်းတိုက်တွင် နံနက်အရုဏ်ဆွမ်းကို တံတားဦးမြို့ပေါ်ရှိ အလှူ့ရှင် မိသားစုမှ ရှင်ပြုအလှူတော်မင်္ဂလာဆွမ်းဆက်ကပ်ပွဲအဖြစ် ကြက်သားဒန်ပေါက်ဆွမ်းကပ်ခဲ့ပြီး ဘုန်းပေးသည့်သံဃာ အပါး ၅၀ ကျော်အနက် သံဃာအချို့နှင့် လူအချို့ အခုလို အစာအဆိပ်သင့်မှု ဖြစ်ပွားတာလို့ သိရပါတယ်။ မြို့နယ်ဆေးရုံတာဝန်ကျ လက်ထောက်ဆရာဝန် တစ်ဦးက ဒါဟာ အစာအဆိပ်သင့်တာပါလို့ မြန်မာဓိကကို ပြောပါတယ်။

"ကျောင်းကသံဃာတွေက အရုဏ်ဆွမ်းဘုန်းပေးပြီး ဆွမ်းခံထွက်တော့ ဆွမ်းတန်းကိုပြီးအောင် မလိုက်နိုင်ဘဲ လမ်းတစ်ဝက်မှာပဲ ကျောင်းကို ပြန်လာကြရပြီး မူးတဲ့ကိုယ်တော်က မူးဝေလို့၊ အန်တဲ့ ကိုယ်တော်က အန်နေကြပြီ၊ ကိုယ်တော်တချို့မှာ ဝမ်းသွားကုန်တယ်၊ အဲဒီကျမှပဲ အကုန်လုံးက ထိတ်ထိတ်ပြာပြာဖြစ်ပြီး ကိုယ်တော်တွေကိုဆေးရုံပို့ကြတယ်၊ ဆေးရုံရောက်တော့မှ ဒေါက်တာမက ဒါဟာအစာအဆိပ်သင့်တာလို့ ပြောတယ်'' လို့ ဘေးလုံကျောင်းမှ စာချကိုယ်တော် အရှင်တေဇက မိန့်ပါတယ်။ “အလှူကကျွေးတာတော့ ကြက်သားဒံပေါက်၊ ပလောကြော်၊ ချဉ်ရည်ဟင်းပါ၊ ကျမတို့က နေ့ပိုင်းစားတာတော့ ဘာမှမဖြစ်ပါဘူး”လို့ တော်ဝင်ကွမ်းဆိုင်ပိုင်ရှင်က မြန်မာဓိကကို ပြောပါတယ်။

လူနာများကို အချိန်မီ ဆေးရုံတင်ပို့ခဲ့ပြီး ဆေးရုံတာဝန်ရှိသူများက အနီးကပ်စောင့်ရှောက် ကုသမှုကြောင့် လူနာအချို့သက်သာပြီး ဆေးရုံမှာ လူနာအချို့သာကျန်ရှိကြောင်း သိရပါတယ်။ “အခု စိုးရိမ်စရာ မရှိတော့ပါဘူး၊ ဆလိုင်းပုလင်းလည်း ချိတ်ပြီးပြီ၊ ဆရာဝန်ကြီးက စိတ်ချအောင် ၂၄ နာရီ စောင့် ကြည့်ချင်လို့ ကိုရင် ၇ ပါးနဲ့ ဧည့်သည် ၃ ယောက်ပဲ ဆေးရုံမှာကျန်တယ်၊ မနက်ဖန်ဆို ဆင်းရမှာပါ” လို့ ဘေးလုံဆရာတော်ကြီး ဦးပညာသာရက မြန်မာဓိကသို့ မိန့်ပါတယ်။
ဟိန်းထက်အောင်
မြန်မာဓိက

မန္တလေးမှာ မိုးရွာပြီး စ ၊ မီးထလောင်

မန္တလေး ၊ မေ ၈
(၈-၅-၁၃) ညနေ (၄း၃၀) နာရီ ခွဲခန့် က မန္တလေးမြို့ ၊ သိပ္ပံလမ်း နှင့် ၆၁လမ်း ထောင့် ၊ K T V ဖွင့်လှစ်ရန် ဆောက်လုပ်ပြင်ဆင်ဆဲ အဆောက်အဦမှာ မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ ဆောက်လုပ်မှု လုပ်ငန်းခွင် အတွင်း သံဂေဟေ ဆော်ရာ မွေ့ယာပေါ်သို့ ကျရောက်ရာက လောင်ကျွမ်းခြင်း ဖြစ်တယ် လို့ သိရပါတယ်။ သံဂဟေ ဆော်သူ ဟာ ဒီအဆောက်အဦ က ညစောင့် ဖြစ်သူ ရဲ့ ညီ တော်စပ်သူ ဖြစ်တယ် လို့ သိရပါတယ်။

" မီးခိုးတွေက လုံးတက်ပြီး မည်းနေတာပဲ ၊ ကျွန်တော်တို့ ကားဆို မီးထိုးမောင်းတာတောင် ကောင်းကောင်း မမြင်ရဘူး " လို့ စည်ပင်ဌာနပိုင် မီးသတ်ယာဉ် မှ မီးသတ်ရဲဘော် တစ်ဦးမှ ပြောပါတယ်။

" ကျွန်တော်က ဒီဘက်တိုက်က ညစောင့်ပါ။ နေ့ ည တော့ သူတို့ အလုပ်လုပ်နေတာပဲ၊ ကေတီဗွီ ဖွင့်ဖို့ ပြင်ဆင်နေတာ ၊ ကျွန်တော် လ္ဘက်ရည်ဆိုင် ထိုင်နေတုန်း မီးလောင်တယ် ဆိုလို့ ပြေးလာတာ၊ လောင်တာက လှိုက်လောင်တာ၊ ဆောက်လုပ်ဆဲ ဆိုတော့ သစ်တို ၊သစ်စ တွေ ကြောင့် လောင်နေတဲ့ မီးက အလျား လိုက်ကြီး ဆက်တိုက်လောင်ကုန်တာ .. " လို့ အနီးက တိုက်အိမ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မန္တလေးမှာ မိုးရွာပြီး မကြာခင် လောင်ခဲ့တဲ့ မီး ဖြစ်ပြီး ခြံဝင်းကျယ်ထဲမှာရှိတဲ့ အယ်လ်(L) ပုံသဏ္ဍာန် အဆောက်အဦ တခုတည်း လှိုက်လောင်ခဲ့တာ မို့ အခြားအိမ်များသို့ ကူးစက်ခြင်း မရှိပါဘူး။

မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက် စုံစမ်း အရေးယူသွားမည် ဖြစ်ကြောင်းသိရသည် 
မြန်မာဓိက သတင်းအဖွဲ

အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူး

PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း



မေး ။ ။ အချိုးကျရွေးကောက်ခံမှု ဏျွ စနစ်ကို အခုဆိုရင် ကျွန်တော်တို့ ဆီမှာ အပြောများလာကြတယ်။ ဒါပေမဲ့ အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲ ခင်ဗျ။

ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန် တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ပြောချင်တယ်။

မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။

ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့ သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲ ပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလိုအဖွဲ့အစည်းတွေ ဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအ ဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။

မေး။ ။ PR စနစ်ဆိုတာကို နားလည် အောင်ရှင်းပြပါဦးခင်ဗျ။

ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကို မဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေး တိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ် တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ်( ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာ ရမှာပဲ။ ဒီလို ဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ ကိုယ်ပိုင်ပါတီလေးတွေ (အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။

မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။

ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ် အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲ အပြဲပြဲတွေ ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ ပါတီ ကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင် လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ် ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီ ထောင်တဲ့လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူ တို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ် တွေ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက် ဗြုတ်စ ဗျင်းတောင်းလုပ်တဲ့ အနေအ ထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည် မှာ လူတွေက မဲတောင် မပေးတတ်သေးဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦး ဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီ လေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကို ဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်းပြည်ကို ဘယ်လိုဦးဆောင်မှာလဲ။ လွှတ်တော်ထဲရောက်ရင်လည်း အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိ တဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက် ထိ လူထုထောက်ခံမှုရတဲ့လွှတ်တော် ဖြစ်မှာလဲ။ အဲလို ပြောစရာတွေ ရှိပါတယ်။

မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။

ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရ တဲ့ပါတီက ၄၅ မဲရပြီး နိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စား မပြုဘူးလို့ ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ် တစ်ယောက်က ဘယ်ပါတီက ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူ တွေရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့ ကြေညာလို့လည်း မရဘူး။ သိ လည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာ တော့ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ ဆိုတော့ အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေက ပြန့် ကျဲနေမယ် ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ် အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့် ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ် စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ် တာ။ သူက မြောက်ဥက္ကလာပမြို့နယ် အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်သူအား လုံးရဲ့ အကျိုးစီးပွားကိုလုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြု မှုနည်းတယ်။ များတယ် ။ ကိုယ်စားပြုမှု မရှိဘူးဆိုတာတွေလည်း မှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက် က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာ တွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီ အဖွဲ့အစည်းတွေကသာလျှင် ယှဉ်ပြိုင် ပြီးတော့ ပြည်သူအကျိုးကို ဘယ်လို ထမ်းရွက်မလဲဆိုတာကို ဆောင်ရွက် သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင် အားကြီးတာနဲ့အတူ ပြည်သူလူထု ထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာ အစိုးရ ဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက် အခံပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်က လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင် တဲ့ လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စ ဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုက ဒီက ကောက်သင်းကောက်သလို ထည့် ချင်တာထည့် ကောက်ကြီးစပါးလည်း ပါမယ်။ ဧည့်မထလည်းပါမယ်။ ငစိန် လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရ ဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင် ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင် အားကြီးတဲ့ ပါတီအဖွဲ့အစည်းတွေက သာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး တော့ အနိုင်ရအောင်လုပ်။ လူထု ထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ် တော်ထဲရောက်ရင် အင်အားကြီးရင် ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ ကျွန်တော် ကတော့ သဘောထားတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ ဒီမို ကရေစီအရေး၊ တိုင်းပြည်ရဲ့ လူ့အခွင့် အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စု အရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင် မှန်တယ်လို့ ကျွန်တော်ယူဆတယ်။

မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲခင်ဗျ။

ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ ဏျွ စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ် တော်ထဲကိုရောက်တာနဲ့တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော် ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခုရှိမယ်။ ဟိုအချိန် ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက် လွှတ်တော် အောက် လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာလည်း လျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အား အကွဲကွဲအပြဲပြဲဖြစ် မယ်။ ပါတီငယ်လေးတွေကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြု သူတွေရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ် တော်က သုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာ မဟုတ်တော့ဘူး။

မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။

ဖြေ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့ သူတွေက နှစ်မျိုးရှိတယ်လို့ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင် သူရာ တွင်ထောက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR စနစ်ကို ) ထောက်ခံမှု ဆန္ဒသဘော ထားလို့ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့ သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြား အခြားသော အင်အားစုတွေ၊ အဲလိုအဖွဲ့ အစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင် ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင် တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေ စုထားရင် ဟိုပါတီဒီပါတီကို တပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ရတယ်။သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလို ဟာမျိုးအတွက် အကြံအစည်သာဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာ ပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PRျ စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော် တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ် ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော်တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ ၊ ဒီစနစ်ကို လက် မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေး နေဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာ ပေးဖို့အကြောင်း ကျွန်တော်မပြောချင် ဘူး။ ပြောလည်းမပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန်မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့ ဒီစနစ်ကို လက်မခံပါနဲ့ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကို လက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါကကော်မရှင်နဲ့လည်း မဆိုင်ဘူး။ လွှတ် တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။

မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲ စနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲ စနစ်က များရာသူက နိုင်ဖို့ပဲ။ လူထု ထောက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ ရှိရင် ၁၉၈၈ စက်တင်ဘာလ ၂၇ ရက် နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တို ဘာလအတွင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူ တချို့က တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့ လက်မခံဘူးဆိုပြီး ငြင်း ခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့် ရွေးကောက်ပွဲ ကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို လက်ခံစရာ မရှိဘူးလို့ ယူဆထားတယ်။

မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။

ဖြေ။ ။လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည် က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံး ကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေး ကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲ တွေမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ အဲဒီအဆင့်( PR အဆင့်) ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည် နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ် ဆိုရင်ရောခင်ဗျ။

ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ် ဟာ တိုင်းပြည်အတွက် အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူးလို့
ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့်လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦး လို့ပြောတာပါ။

မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင် အချို့က ဆိုထားတယ်ခင်ဗျ။

ဖြေ။ ။ ပညာရှင်တွေ ဆိုရင်တော့ သူတို့ နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသဘောတရားအရ များရာဟာပဲကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။

မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။

ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါတယ်။ မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့် သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့ လိုတယ်ဆိုရင် (ကျွန်တော်တို့က လက်မခံတဲ့အတွက် ပညာပေးလည်းမလုပ် ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ်လင်းအောင်တွေ့ဆုံမေးမြန်းသည်
Popular Myanmar News Journal

နေပူ တာက ပူတာပဲ၊ အိမ်က ပူတာက ပိုဆိုးတယ်။



ရန်ကုန်၊ မေ ၆
သာမန်ထက် ကျော်လွန်နေသော မြန်မာ နိုင်ငံ၏ အပူချိန်ကြောင့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်စာများကို နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံ ကြားတို့မှ နေ့စဉ်ကြေညာထုတ်လွှင့်နေသော် လည်း လက်တွေ့လိုက်နာကျင့်သုံးရန်မစွမ်းသော သူများအများအပြားရှိနေ သေးသည်။



”ဒီရာသီက အရမ်းအလုပ်ရှုပ်တဲ့ ရာသီပေါ့။ နေ့ခင်းဘက် ချစ်ချစ်တောက်ပူနေလည်း နားဖို့ မပြောနဲ့။ ယားလို့တောင်မကုတ်အားဘူး။ အဲ တစ်နေ ရာကနေ တစ်နေရာအကူးမှာတော့ ကား ပေါ်ကရေသန့်ဘူးတွေပေါ်မှာပဲ တစ်မှေးမှေး ရတာပေါ့” ဟု ရန်ကုန်မှ ရေသန့်ပို့လုပ်သား ကိုမြကဆို သည်။ နွေရာသီ ရေသန့်ရောင်း အကောင်းဆုံးအချိန်မို့ သန်လျင်ရှိစက်ရုံမှ ရေ သန့်ဘူးများအား မြို့တွင်းရေသန့်ဆိုင်များသို့ လိုအပ်ချက်အရ အလျင်မီအောင်ပို့ပေးနိုင်ရေး အတွက် နေ့လယ်နေ့ခင်းအနား ယူသင့်သော အချိန်များတွင်လည်း သူတို့အနားမယူနိုင်ကြ။ ”ဘောက်ဆူးပေးမယ်ေ တာ့ ပြောတယ်။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်ဗျာ။ နေပူပူထဲမှာ ချွေးကလည်း တအား ထွက်ဆိုတော့ ညအလုပ် သိမ်းရင်လူကို ခြေကုန်လက် ပန်း ကျနေတော့ တာပဲ။ နောက်နေ့တွေ ဆက်လုပ်ဖို့တောင် နည်းနည်းကြောက်နေမိတယ်”ဟု ကိုမြက ပြောသည်။

ထို့အတူ အချို့သော ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်လည်း လုပ်သားသစ်ရှာမရ သဖြင့် နေပူရှိန်ပြင်းထန်သော်လည်း အနားယူ ချိန် အလုံ အလောက်ပေးရန် အခက်အခဲ ရှိ ကြောင်း သိရသည်။ ”အလုပ်သမားအသစ်က အရမ်းရှားတယ်။ လက်ခံထားတဲ့ အလုပ်ကို ပြီးရမယ့်အချိန်မီ အောင်လည်း လုပ်ရမယ်ဆိုတော့ သူတို့ကို လုပ်ခပိုပေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် သမားတွေကို ရှင်းပြတယ်။ နေပြင်း တယ်။ အနားယူသင့်တယ်။ ဒါပေမဲ့ ဘာညာပေါ့ ဗျာ။ သူတို့ကလည်း လုပ်ခပိုရမယ်ဆိုတော့ လုပ် မယ်ပေါ့”ဟု လမ်းမတော်မြို့နယ် အဆောက် အအုံ ကန်ထရိုက်တာ ဦးမြင့်မောင်က ပြော သည်။ထိုကဲ့သို့ လုပ်ငန်းခွင်ဝင်ရာ၌လည်း နေပူ ဒဏ်ထိုက်သင့်သလောက် သက်သာရာရစေရန် အတွက် ခမောက်၊ ဦးထုပ်၊ အင်္ကျီလက်ရှည်များ စီစဉ်ပေးခဲ့သည်ဟု ၄င်းက ဆိုသည်။

ထို့အတူ NLD အခမဲ့ဆေးခန်းတွင် ဆေး ကုသမှုပေးရသော ဒေါက်တာကျော်စွာဦးက လုပ်ငန်းရှင်များအနေဖြင့် အပူဒဏ်လွန်ကဲသော ကာလလုပ် ငန်းခွင်အတွင်း အလုပ်သမားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို ဖြည့် ဆည်းပေးရန် တာဝန်ရှိသည်ဟု ယူဆထားသင့် ကြောင်း အကြံပြုသည်။ ”တအားပူတော့ အနည်းဆုံး ရေဘူးလေး တွေ ဆောင်သွားသင့်တယ်။ အလုပ်ရှင်ဘက် ကလည်း အမိုးအကာတို့၊ ရေသန့်တို့ကို စီစဉ်ပေး သင့်တယ်။ အလုပ်သမားတွေ ရေဆာတိုင်းသာ ရေဝယ်သောက်ရမယ်ဆို သူတို့ရှာသမျှ ရေဖိုးနဲ့ ကုန်မှာ ပဲ”ဟု ၄င်းက ပြောသည်။သို့ရာ တွင် မြန်မာနိုင်ငံသည် အလုပ်သမား အခွင့်အရေးကို တန်ဖိုးမထားတတ်သေးသော နိုင်ငံတစ်ခုဖြစ်ရာ အလုပ်သမားကို စောင့်ရှောက် တန်ဖိုး ထားရကောင်းမှန်းမသိဘဲ ကိုယ့်အလုပ် ပြီးရေးကိုသာ စဉ်းစားအာရုံစိုက်တတ်သော အလုပ်ရှင်များလည်း ရှိပါသေးသည်။ ”မြစ်ထဲကနေ သဲတို့၊ေ ကျာက် စရစ်တို့ကို စက်နဲ့စုပ်တယ်ဆိုတာ လူက သိပ်မပင်ပန်းဘူး။ ဒါပေမဲ့ ဘာအရိပ်မှမရှိဘူး။ တအားပူတာ” ဟု ပြောသူကတော့ ပုသိမ်မြို့ ‘နေလ’ အုတ်သဲ ကျောက်ရောင်းဝယ်ရေးမှ အလုပ်သမားတစ်ဦး ဖြစ်သည်။ မိုးမကျမီဆောက်လုပ်ရေး လုပ်ငန်း အချို့အပြီးသတ်ရန် အားသွန်နေမှုကြောင့် အုတ်သဲကျောက် ဝယ်လိုအား များလာရာ အလုပ်သမားများမှာ နေပူဒဏ်လည်း မရှောင်ကြ ရရှာပါ။

”တအားပူတဲ့အချိန်မှာ ရေစိုလိုက်၊ ပြန် ခြောက်လိုက်နဲ့ဆိုတော့ တစ်ယောက်ကတော့ မခံနိုင်တော့လို့ ထွက်လိုက်ရပြီ။ ကျွန်တော် ကတော့ ထွက် လို့ အဆင်မပြေသေးဘူး” ဟု သူ့အခက်အခဲကို ပြောသည်။ယခုလက်ရှိမြန်မာနိုင်ငံ၏ အပူချိန်သည် သာမန်ထက်လွန်ကဲနေသောကြောင့် နေပူချိန် အပြင်းဆုံးဖြစ်သည့် နေ့လယ်နေ့ခင်းအချိန်များ တွင် အလုပ်ရှင်များက အလုပ်သမားများကို နေပူရှောင် အနားယူစေသင့်ကြောင်း ကျန်းမာ ရေးေ လာကမှ ပညာရှင်များက ဆိုကြသည်။



”နေအပြင်းဆုံးလို့ဆိုရမယ့် ၁၂ နာရီ လောက်ကနေ ၃ နာရီလောက်အထိ အနားပေး သင့်တယ်။ အထူးသဖြင့် နေပူစပ်ခါးမှာ လုပ်ရ တဲ့ အလုပ်မျိုးေ တွမှာပေါ့” ဟု ကျန်းမာရေး ဝန်ကြီးဌာန ဗဟိုကျန်းမာရေး ညွှန်ကြားရေးမှူး အငြိမ်းစားဒေါက်တာခင်မောင်လွင်က မှတ်ချက် ပြုသည်။ ထိုကဲ့သို့ အနားယူစေခြင်းဖြင့် အလုပ်ရှင် များက မိမိအလုပ်သမား အပေါ် ကိုယ်ချင်း စာနာစိတ် ပြသရာရောက်ပြီး အလုပ်အတွက် ပိုမိုအကျိုးရှိစေမည်ဟု ၄င်းကဆိုသည်။”အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်။ ဒါမှအလုပ် သမားက အလုပ်ခွင်မှာ ကျန်းမာပျော်ရွှင် စွာ အလုပ်လုပ်နိုင်မယ်။ ကိုယ့်အလုပ်အတွက်လည်း အကျိုးရှိမယ်” ဟု ဒေါက်တာခင်မောင်လွင်က ထောက်ပြ ပြောဆိုသည်။သို့ရာတွင် အလုပ်ရှင် ၏ ဖိအားကြောင့် မဟုတ်ဘဲမိသားစု စားဝတ်နေရေးကြောင့် အပူ ဒဏ်ရှောင်ရန် မစွမ်းသာသူများလည်း ရှိပါသည်။



”အာ … ရှောင်လို့ ဘယ်ရမလဲ။ နေပူ တာက ပူတာပဲ။ အိမ်က ပူတာက ပိုဆိုးတယ်။ အလုပ်မလုပ်ဘဲနေရင် ဒီနေထက်ပိုပူမှာပေါ့။ ကုန်သယ်စရာရှိ လို့ကတော့ ရေပဲဆူဆူ၊ ရေငွေ့ပဲ ပျံပျံလုပ်ရမှာပဲ” ဟု လမ်းမတော်မြို့နယ် ဝါးတန်း ဆိပ်မှ ကူလီအလုပ်သမား ကိုဖိုးဇော်က ပြော သည်။ ကူလီ လုပ်သားအချို့မှာ နေပူဒဏ် မရှောင် ကြရုံသာမက နေ့လယ်နေ့ခင်း အားလပ်ချိန် များတွင် အရက်သေစာသောက်သုံးမှုများပင် ရှိသည်ဟု သူက ဆိုသည်။ ”အတော်ပေကြတာဗျာ။ ကျွန်တော်က မိသားစုကြောင့်သာ မနားရဲတာ။ အရမ်းပူလို့ အန္တရာယ်ရှိမှန်းတော့သိတယ်။ သူတို့ကတော့ ဘာမှ မကြောက်ဘူး။ သောက်စားနေကြတာပဲ။ အခုထိတော့ တစ်ယောက်မှ ဘာမှ မဖြစ်သေး ဘူး” ဟု ၄င်းက ပြောသည်။ နွေကာလ အရက်သေစာေ သာက်စားမှု ကြောင့် သေဆုံးမှုများ မကြာခဏ ကြားနေရပြီး ယခုကဲ့သို့ အပူရှိန်လွန်ကဲ သည့် နေ့လယ်နေ့ခင်း အချိန်တွင် အရက်သေစာ သောက် စားမှု လုံးဝ မပြုသင့်ကြောင်း ဒေါက်တာကျော်စိုးက အကြံပြု ထားပါသည်။ ”သူတို့အနေနဲ့နေ့ခင်းဘက်မှာ အရက် သောက်တာမျိုး လုံးဝမလုပ်သင့် ဘူး။ အသက် အန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။
ကျော်ရဲလင်း၊ မြတ်စုငြိမ်း 
Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com