http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာပြည်တွင် မူစလင်အစွန်းရောက် အကြမ်းဖက်မှုရန်က ကာကွယ်ရန် လိုအပ်နေပြီလား

Saturday, 04 May 2013
အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံနေရသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခေါင်းဆောင် အဘူဘာကာဘာရှာက မြန်မာနိုင်ငံကို ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် ခြိမ်းခြောက် ပြောဆိုလိုက်သည်။

အဆိုပါ ခြိမ်းခြောက်ချက် ထွက်ပေါ်လာပြီး နာရီအနည်းငယ် အတွင်းမှာပင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်သူများကို ဗုံးဖောက်ခွဲရန် ပစ္စည်းများနှင့်အတူ လက်ရဖမ်းဆီး ရမိခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘာလီ ဗုံးဖောက်ခွဲမှုများကို တွန်းအားပေးခဲ့သူ မစ္စတာဘာရှာက မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂါလီများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်နေသည့် အတွက် ဂျီဟတ်သည်သာ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း ၎င်းပြောဆိုချက်များသည် အဖြစ်အပျက် အမှန်များနှင့် ကွဲလွဲခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၂ ဇွန်လနှင့် အောက်တိုလာလတွင် ရခိုင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့သော ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားတို့ကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ အတွင်းကလည်း အဘူဘာကာဘာရှာက ယခုလို ပြောကြားခဲ့ဘူးသည်။ ထိုအဖြစ်အပျက်များအား ကမ္ဘာ့မီဒီယာ အချို့က ဘင်္ဂါလီတို့အား လူမျိုးတုန်း သတ်ဖြတ်နေသည်ဟု ပြောကြားနေသော်လည်း အဖြစ်မှန်မှာ ရခိုင်တိုင်းရင်းသားများ အကြမ်းဖက် ခံခဲ့ရခြင်းဖြစ်ပြီး ရခိုင်ရော ဘင်္ဂါလီများပါ အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ဘင်္ဂါလီများအား နိုင်ငံတကာမှ အကူအညီများ ပေးသည်ဟု ယူဆကာ ရခိုင်တိုင်းရင်းသားများက နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီကို ငြင်းပယ်ခဲ့သည်အထိ ဖြစ်ပွားခဲ့ရသည်။ ရခိုင်ကော်မရှင်၏ အစီရင်ခံစာတွင် ဘင်္ဂါလီ ဘာသာရေး ခေါင်းဆောင်များ အနေနှင့် နိုင်ငံတကာသို့ သွားရောက်ခဲ့ဖူးကြောင်း ပါရှိသည်။ ဘင်္ဂါလီတို့က ၎င်းတို့သည် ရိုဟင်ဂျာများဖြစ်ပြီး မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်သည်ဟု ပြောဆိုနေခဲ့ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာပါရှိခြင်း မရှိဟု အစိုးရက ငြင်းပယ်ခဲ့သည်။

၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့တွင် ရွှေဆိုင်တစ်ဆိုင်မှ စတင်သော ပြဿနာကို အရင်းပြုကာ လူတစ်စု၏ အကြမ်းဖက်မှုများကြောင့် အိမ်ခြေ အများအပြား မီးလောင်ကျွမ်းခဲ့သည်။ မိတ္ထီလာကိစ္စ၏ မျက်မြင်သက်သေများ ဖြစ်သော မြို့ခံများနှင့် ရဟန်းအယောင်ဆောင်သူများ၏ အကြမ်းဖက်မှုကို ခံခဲ့ရသော သတင်းထောက်များ၏ ပြောပြချက်အရ မြို့ခံမူဆလင်နှင့် ဗုဒ္ဓဘာသာတို့ အကြား အချင်းပွားခြင်း မရှိကြောင်းနှင့် အချင်းချင်း ကူညီကြကြောင်းလည်း သိရသည်။ ထို့နောက် ပဲခူးတိုင်း အနောက်ပိုင်းရှိ မြို့အချို့တွင် မူဆလင် ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းများ၊ နေအိမ်များ၊ ဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသော မူဆလင်အချို့၏ ပြောပြချက်အရ ၎င်းတို့သည် မြန်မာမိတ်ဆွေတို့၏ နေအိမ်များတွင် ပုန်းအောင်း နေခဲ့ကြရကြောင်းလည်း သိရသည်။ ၎င်းပြဿနာအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များပါ အိုးအိမ်မဲ့ဘ၀ကို ရောက်ခဲ့ကျရသည်။

ဧပြီ ၃၀ ရက်နေ့တွင် ရန်ကုန်နှင့် မိုင် ၈၀ ခန့်သာ ကွာဝေးသော ဥက္ကံမြို့တွင် ကိုရင်တစ်ပါးနှင့် မူဆလင်ဘာသာဝင် အမျိုး သမီးတို့တိုက်မိရာမှစတင်ကာ ပဋိပက္ခတစ်ခု ဖြစ်ပေါ်ခဲ့ရပြီး ထိုပဋိပက္ခအတွင်း မူဆလင် ဘာသာဝင်တစ်ဦး သေဆုံးခဲ့ကာ ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ မြို့ခံတစ်ဦး ပြောပြချက်အရ ''မတ်လတုန်းက ဥက္ကံမှာဖြစ်ရင် ဘယ်သူ့ဆိုင်၊ ဘယ်သူ့အိမ်တွေကို မီးရှို့မယ်ဆိုပြီး သတင်းထွက်ဖူးတယ်၊ အခုမီးရှို့သွားတာ အဲဒီ့သတင်းအတိုင်းပဲ၊ ကျွန်တော်တို့ကတော့ ကျွန်တော့်အသိတွေကို အိမ်မှာ ၀ှက်ပေးထားပါတယ်'' ဟု ပြောဆိုခဲ့သည်။ ဥက္ကံအဖြစ်အပျက်အတွင်း မြို့ခံမဟုတ်သူများ ပါဝင်အကြမ်းဖက်ခဲ့သည်ဟု သိရသည်။

ထို့နောက် အဘူဘာကာဘာရှာက ဆိုဗီယက်နှင့် အမေရိကန်ကဲ့သို့ မြန်မာပြည်အား အပိုင်းပိုင်းအစစ ဖြစ်စေမည်ဟု ဆက်လက် ခြိမ်းခြောက်ခဲ့သည်။ ယခုအခါ အကြမ်းဖက်မှုများကို အားပေးထောက်ခံမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသော အကြမ်းဖက်ခေါင်းဆောင်က ဆိုဗီယက်များကို အာဖဂန်နိုင်ငံမှ မောင်းထုတ်နိုင်ခဲ့သလို မြန်မာနိုင်ငံကိုလည်း တိုက်ခိုက်ရမည်ဟု မူဂျာဟစ်ဒင်များ (မြင့်မြတ်သောစစ်ပွဲ၏ တိုက်ခိုက်သူများ) ကို တွန်းအားပေးခဲ့သည်။

ထိုကြေညာချက်အပေါ် Eleven Media Group မှ သတင်းထောက် တစ်ဦးက လုံခြုံရေး တာဝန်ယူနေရသော တပ်ဖွဲ့များထံ မေးမြန်းခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေထဲကို အကြမ်းဖက်သမားတွေက မထင်မှတ်တဲ့ အချိန်တွေမှာ ဖောက်ခွဲဖျက်ဆီးမယ်လို့ သတင်းတွေ ရရှိထားတယ်။ ဒါကြောင့် သူတို့ဝင်လာနိုင်မဲ့ နယ်စပ်ဂိတ်ပေါက်တွေ အားလုံးမှာ လုံခြုံရေးတွေကို အရင်ကထက် တိုးချထားတယ်။ တစ်နိုင်ငံလုံးမှာ လုံခြုံရေး တာဝန်ယူနေတဲ့ တာဝန်ရှိသူတွေ အကုန်လုံး အရင်ကထက် လုံခြုံရေးသတိကို ပိုထားဖို့လိုတယ်။ သူတို့တွေက စစ်စကားအရ ပြောရမယ်ဆိုရင် ခရီးရှည် ထိုးဖောက်မယ်လို့ သတင်းရရှိထားပါတယ်'' ဟု လက်ရှိဖြစ်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးတွင် လုံခြုံရေး ဆောင်ရွက်နေမှုအား သုံးသပ်ပြောကြားခဲ့သည်။

မူဆလင် အစွန်းရောက်များက ၂၀၀၁ အမေရိကန်နိုင်ငံအတွင်း ၉/၁၁ ဟု ခေါ်တွင်သော အကြမ်းဖက်မှုကြီး ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ပြီး ထိုအကြမ်းဖက်မှုအား ဦးဆောင်သူဖြစ်သော အိုစမာဘင်လာဒင်အား ၂၀၁၂ ခုနှစ်က အသေဖမ်းခဲ့သည်။

ကမ္ဘာပေါ်တွင် မူဆလင် အစွန်းရောက်များ၏ အကြမ်းဖက်မှုကို ကမ္ဘာအရပ်ရပ်တွင် ခံစားနေရသော်လည်း သက်ဆိုင်ရာနိုင်ငံ အစိုးရများက အကြမ်းဖက်သမားတို့အား ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် အစွန်းရောက်များ ကမ္ဘာကို မလွှမ်းမိုးနိုင်သေးပေ။ မြန်မာပြည်တွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့ကြသည့် မူဆလင် ဘာသာဝင်တို့သည် အစွန်းရောက်စိတ်ရှိသူများ လက်ချိုးရည်၍ ရနိုင်လောက်အောင် အလွန်နည်းပါးပြီး ၎င်းတို့အနေဖြင့် အစွန်းရောက်ပြီး အကြမ်းဖက်မှုများကို မထောက်ခံကြသလို အစွန်းရောက်များနှင့် ဆက်စပ်ပတ်သက် လိုခြင်းလည်း မရှိကြောင်း သိရသည်။
Eleven Media Group

ပခုက္ကူမြို့တွင် လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ၌ မိုးရွာသွန်းခဲ့

Saturday, 04 May 2013
ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် မိုးရွာသွန်းစေရန်အတွက် လွန်ဆွဲပွဲများပြုလုပ်နေစဉ်
ပခုက္ကူမြို့တွင် မေလတွင်းသို့ ရောက် ရှိလာပြီ ဖြစ်သော်လည်း မိုးရွာသွန်းမှု မရှိခြင်းကြောင့် ၂၀၁၃၊ မေ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၌ မိုးရွာသွန်းစေရန် လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ မိနစ် ၃၀ ခန့် မိုးပြန်လည် ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှုနှင့်အတူ လေပြင်းအနည်းငယ် တိုက်ခတ်ခဲ့ခြင်းကြောင့် မဲဇလီပင်၊ ဗာဒံပင်နှင့် ကုက္ကိုပင်များမှ သစ်ကိုင်းများမှာ လျှပ်စစ်ကြိုးများပေါ်သို့ ကျိုးကျခဲ့သည့်အတွက် လျှပ်စစ်မီးများ ပြတ်တောက်မှုများသာ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်နှင့်လူများ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ သက်တမ်းရင့် သစ်ပင်ကြီးများလည်း လဲကျမှု မရှိကြောင်း သိရှိရသည်။ ''မိုးခေါင်တဲ့နှစ်တိုင်း အစ်မတို့ ရပ်ကွက်မှာ လွန်ဆွဲပွဲ အမြဲတမ်း လုပ်ဖြစ်တယ်။ ရိုးရာယုံကြည်မှုအရ မိုးပြန်ရွာအောင် လုပ်တာပါ။ အုံးပွဲ၊ ငှက်ပျောပွဲတွေနဲ့ လူကြီး၊ ကလေး အားလုံးပါဝင်ပြီး လွန်ဆွဲကြတယ်'' ဟု လွန်ဆွဲပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်..


''မိုးမရွာတာ အတော်ကြာပြီ၊ ခုမှ ပြန်ရွာတာ။ ရွာချိန်က သိပ်မကြာ လိုက်ပေမယ့် ရေကအတော်လေးပါတယ်။ လေလည်းနည်းနည်း တိုက်လိုက်တော့ သစ်ကိုင်းဆတ်တဲ့အပင်က သစ်ကိုင်းတွေ ကျိုးကျတာတော့ရှိတယ်။ သက်တမ်းရင့် သစ်ပင်ကြီးတွေ အပင်လိုက် လဲကျတာတော့ မရှိပါဘူး။ လောလောဆယ် လျှပ်စစ်မီးတော့ ပြတ်သွားတယ်။ မီးကြိုးတွေပေါ် ကျိုးကျနေတဲ့ သစ်ကိုင်းတွေကိုတော့ သက်ဆိုင်ရာက လိုက်ရှင်းနေတာတွေ့တယ်။ လျှပ်စစ်မီးကတော့ မိုးစရွာကတည်းက ပျက်သွားတာ ဒီနေ့(၃.၅.၂၀၁၃နေ့) နေ့လည်ထိအောင် မလာသေးဘူး။ အပူဒဏ်ခဏတော့ သက်သာသွားတာပေါ့'' ဟု ပခုက္ကူမြို့ခံ ကိုဇော်ဝင်းသန်းက ပြောသည်။
လွန်ဆွဲပွဲပြုလုပ်ပြီး နာရီပိုင်းအကြာ၌ မိုးရွာသွန်းခဲ့သည်ကို တွေ့ရစဉ်
ပခုက္ကူမြို့တွင် ဧပြီလပထမပတ်မှစ၍ နေ့အပူချိန်များ သိသိသာသာ မြင့်တက်ခဲ့ပြီး အချို့ရက်များ၏ အမြင့်ဆုံး အပူချိန်များမှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မိုးပြန်လည် ရွာသွန်းခဲ့သည့်အတွက် နေအပူချိန်များ လျော့ကျရန်နှင့် မိုးထပ်မံရွာသွန်းရန် ဒေသခံများကြား မျှော်လင့်နေကြောင်း သိရသည်။

''မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်'' ဟု ဘုန်းကန်ကျေးရွာမှ တောင်သူ မမိမော်က ပြောသည်။

''လက်ရှိမိုးအခြေအနေက တောင်သူတွေအတွက် ဘယ်လိုမှ အဆင်မပြေသေးဘူး။ နောက်ထပ်မိုးထပ်ရွာဖို့ မျှော်နေရတာပဲ။ ပျိုးကြဲပြီးချိန်လောက် တစ်မိုး နှစ်မိုးလောက် ထပ်ရွာရင်တော့ သီးနှံပိုဖြစ်တာပေါ့။ မနှစ်ကတော့ မိုးဦးလုံးဝမကောင်းဘဲ မေလကုန်လောက်မှရွာလို့ တောင်သူတွေမှာ တစ်သီးပဲ စိုက်နိုင်တယ်'' ဟု မြောက်လူးကန်ကျေးရွာမှ တောင်သူ ကိုညွန့်လွင်က ပြောသည်။
Eleven Media Group  

လူ ၄ဝဝ နီးပါး ယာဉ်တိုက်မှုကြောင့် ယခင်လအတွင်း သေဆုံး

ရန်ကုန်၊ မေ ၎
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဧပြီလ အတွင်း ယာဉ်တိုက်မှုပေါင်း ၁၃၀၀ ကျော်
ဖြစ်ပွားပြီး လူ ၄၀၀ နီးပါးသေဆုံးကာ ဒဏ်ရာရသူ ၁၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။

တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၁၃၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၉ ဦးနှင့် ဒဏ်ရာရသူ ၁၄၈၆ ဦးအထိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးသည် ယာဉ်တိုက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၂၄ ခုဖြစ်ပွားခဲ့ရာ ၃၉ဦး သေဆုံးပြီး ၄၇၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၁၇၇ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၆၂ဦးရှိပြီး ၃၂၀ဦးဒဏ်ရာရ ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုများတွင် မော်တော်ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး ဆိုင်ကယ်ထက် မော်တော်ယာဉ်များက ပိုမိုလုံခြုံမှု ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္တီလာ၊ မြင်းခြံမြို့များကဲ့သို့ ဆိုင်ကယ် ကို အဓိကထား အသုံးပြုရသည့်မြို့များ ရှိသောကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက သေဆုံးမှု ရာခိုင်နှုန်း များကြောင်း မန္တလေးမြို့တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးတွင် သေဆုံးသူအများစုမှာ အရည်အသွေး မပြည့်မီသည့် ဆိုင်ကယ်ဦးထုပ်များကို ဆောင်းသဖြင့် ယာဉ်တိုက်မိ ချိန်တွင် ဦးခေါင်းဒဏ်ရာရကာ သေဆုံးမှု များ ရှိကြောင်း ၄င်းကထပ်မံပြောကြားသည်။

မတ်လအတွင်းက တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၁၁၇၁ ခုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၂၃၃၅ ဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃၃၃ ဦးအထိ ရှိကြောင်း၊ ဧပြီလတွင် ယာဉ်တိုက်မှု ၁၇၅ ခုနှင့် သေဆုံး သူ ၅၆ ဦး အထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရရှိ သူ ၃၆၃ ဦး အထိ တိုးလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
The Voice Weekly

ပြည်သူ့စစ်အဖွဲ့ သယ်ဆောင်လာသော ကျောက်စိမ်းများ မူဆယ်တွင်ဖမ်းမိ

ရန်ကုန်၊ မေ ၃
ငြိမ်းချမ်းရေး ယူထားသော ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့ သယ်ဆောင်လာသော ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိသည့် ကျောက်စိမ်းအရိုင်းတုံး များကို တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မူဆယ်-မန္တလေး လမ်းကြောင်း ရွေ့လျားစစ်ဆေးရေး အဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်သူရက ပြောကြားသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ သယ်ဆောင် လာသည့် ကျောက်စိမ်းများကို ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်အတွင်း ကျောက်စိမ်း အရိုင်းတုံး ၉၁၉ ကီလိုဂရမ်နှင့် ကျောက်စိမ်းလက်ကောက် အကြမ်းအကွင်း ၃၀၀၀၊ ကျောက်စိမ်းဖြတ်စ ၁၀၉ ကီလိုဂရမ် တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ၄င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ကျောက်စိမ်း များ၏ တန်ဖိုးမှာ ကျပ်၆၅၉သိန်းကျော် တန်ဖိုး ရှိပြီး မြန်မာနိုင်ငံတွင် သွားလာရေး အဆင်ပြေရန်အတွက် ယခင်အစိုးရ လက်ထက်က ကျေးရွာချင်းဆက်၊ ခရိုင်ချင်း ဆက်လမ်းများ ဖောက်လုပ်ခဲ့ရာ ယင်းလမ်းများကို တရားမဝင် ကုန်သွယ်သူများ က မော်ဒယ်လ်မြင့် မော်တော်ယာဉ်များကို အသုံးပြု၍ မှောင်ခိုရှောင်ကွင်းလမ်းများ အဖြစ် အသုံးပြုလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

ဒေါက်တာကောင်းကျော်ဆွေ နှင့်ရေဗက္ကာဝင်းတို့၏ မင်္ဂလာပွဲ

ဒေါက်တာ ကောင်းကျော်ဆွေနှင့် တေးသံရှင်ရေဗက္ကာဝင်း တို့၏ မင်္ဂလာပွဲကို မေလ ၁ ၇က်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဂျပ်ဆင်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Popular Journal
ဓာတ်ပုံ - ရေဗက္ကာဝင်း ဖေ့စ်ဘွတ်ခ်




အင်တာနက်ဖုန်း သုံးသူများ မိမိတို့မြို့နယ်ဆယ်သွယ်ရေးရုံးများတွင် လျှောက်ရန်လိုလား

May 4, 2013
ကျပ် ၁၅၀၀ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းဆင်းကဒ်များ ချထားပေးပြီးသည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ “ပြည်သူ များသို့တန်ဖိုးနည်းမိုဘိုင်းဖုန်းများ နှင့် ပတ်သက်၍ ထပ်မံအသိပေး ကြေညာချက်”ကို နိုင်ငံပိုင်သတင်း စာများ၌ အသိပေးကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ်သည်လက် ရှိမိုဘိုင်းတယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ် (၅၀) ကျပ်ဖြစ်သည်။ အ၀င်ခေါ် ဆိုမှုအတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက်အသုံး ပြုမှုအတွက် ငွေကောက်ခံမှုနှုန်း မှာ ယခင် CDMA 800 MHz  မိုဘိုင်းတယ်လီဖုန်းများကဲ့သို့တစ် မိနစ်အသုံးပြုခ (၄) ကျပ်ဖြစ်ပါ သည်။ အင်တာနက်အသုံးပြုပါက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသ ကြီးမန်နေဂျာရုံးများတွင် အင်တာ  နက်စနစ်ဆက်သွယ်မှုကနဦးတပ် ဆင်ခ ကျပ် (၁၀၀၀၀) ပေးသွင်း လျှောက်ထားရပါမည်”ဟုပါရှိကြောင်းသိရသည်။

အဆိုပါကြေညာချက်ပါ “အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသ ကြီးမန်နေဂျာရုံးများတွင် အင်တာ နက်စနစ်ဆက်သွယ်မှုကနဦးတပ် ဆင်ခ ကျပ် (၁၀၀၀၀) ပေးသွင်း လျှောက်ထားရပါမည်” ဆိုသော အချက်နှင့် ပတ်သက်၍ ပြည်သူ များအကြားတွင် ဖြေလျော့မှုများ ဆောင်ရွက်ပေးရန် လိုလားလျှင်  ရှိနေကြောင်း သိရသည်။ “ပြည်သူ တွေအတွက် ဆက်သွယ်မှုတွေ အဆင်ပြေဖို့အတွက် ကျပ် ၁၅၀၀ တန် တယ်လီဖုန်းတွေ ဖြေလျော့  ချထားပေးတဲ့အတွက် ပြည်သူတွေ အားလုံးက ၀မ်းသာပျော်ရွှင်ကြ တယ်။ ဒါပေမဲ့ “အင်တာနက်အသုံး  ပြုလိုပါက သက်ဆိုင်ရာပြည်နယ်၊  တိုင်းဒေသကြီးမန်နေဂျာရုံးများတွင်  အင်တာနက်စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်ထားရပါမည်” ဆိုတဲ့ အချက်ကိုတော့ ထပ်မံပြင် ဆင်ပေးဖို့လုပ်အပ်နေသေးတယ်လို့ ပြောနေကြတယ်။

အင်တာနက်  အသုံးပြုလိုရင်သက်ဆိုင်ရာပြည် နယ်၊ တိုင်းဒေသကြီးမန်နေဂျာရုံး များတွင် သွားရောက်လျှောက်ထား  ရမယ်ဆိုတဲ့အချက်က ပြည်သူတွေ  ကို ကုန်ကျစရိတ်ပိုမိုကုန်ကျအောင် နဲ့ ခက်ခဲမှုရှိတဲ့သဘောမျိုးဖြစ်နေတယ်။ နောက်ပြီး ကြားပွဲစားတွေ ပေါ်ပေါက်အောင်အခြေအနေဖန် တီးပေးသလိုမျိုးဖြစ်နေတယ်။ ဥပမာပြောရရင်စစ်ကိုင်းမြို့က ပြည်သူတစ်ဦးက အင်တာနက် အသုံးပြုချင်တယ်ဆိုရင်တိုင်းဒေသ ကြီးမန်နေဂျာရုံးရှိတဲ့ မုံရွာမြို့ကို သွားပြီးလျှောက်ရမယ်။

လမ်းစရိတ်နဲ့ စားစရိတ်က တစ်ခေါက်ကို ငွေကျပ်တစ်သောင်းအနည်းဆုံးအပို ကုန်မယ်။ တစ်ခေါက်နဲ့ မပြီးပြတ်  ရင် ဒီထက်ပိုကုန်မယ်။ စစ်ကိုင်း မြို့နယ်ကလူတွေက စစ်ကိုင်းဆက်  သွယ်ရေးရုံးမှာပဲ အင်တာနက် လျှောက်ခွင့်ရရင်အချိန်ရော၊ အပို ငွေရောအပိုကုန်စရာမလိုတော့ဘူး။  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက  ခန်္တီး၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကသာ၊ ကောလင်း၊ ဗန်းမောက်၊ ပင်လယ်ဘူးလိုမြို့နယ်တွေက မုံရွာ ကို လာလျှောက်ရမယ့် ကုန်ကျ စရိတ်ဆိုရင်သိန်းဂဏန်းအထိ ရောက်သွားနိုင်တယ်။ ကိုယ့်မြို့နယ်  မှာ ဆက်သွယ်ရေးရုံးတွေရှိနေပါ ရက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး  မန်နေဂျာရုံးတွေအထိ သွားလျှောက် ရမယ်ဆိုတာမဖြစ်သင့်ဘူး။ အရင် တုန်းက အချိန်မပေးနိုင်လို့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်ဆက်သွယ် ရေးရုံးတွေကို ကိုယ်တိုင်သွား မလျှောက်နိုင်ရင် ကြားပဲစားတွေကို  ၀န်ဆောင်ခကျပ်ငါးထောင်၊ တစ် သောင်းအနည်းဆုံးပေးပြီး လုပ်ခိုင်းကြရတယ်။

ပွဲစားလုပ်တဲ့သူတွေကလည်း တစ်ခြားက လူတွေမဟုတ်ဘူး။ ၀န်ထမ်းတွေနဲ့ ဆက်စပ်သူတွေက လုပ်နေကြတာ။ ကိုယ်တိုင် သွားလျှောက်ရင်တောင်မှ  ရုံးရောက်ရင်ပွဲစားလုပ်ချင်တဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတာ။ သမ္မတကြီးပြောတဲ့ သန့်ရှင်းသော  အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ် ရေးစနစ်ကို အကောင်အထည် ဖော်တဲ့အနေနဲ့ တစ်နည်းအားဖြင့် မရိုးမသား၊ ကိုယ်ကျိုးစီးပွားရှာနေ ကြတဲ့ ကြားပွဲစားတွေ ပ “ပျောက် ရေးအတွက် အင်တာနက်လျှောက် ထားမှုကို ကိုယ့်မြို့မှာပဲ လျှောက် ထားခွင့်ပြု ချထားပေးပို့ သက်ဆိုင် ရာကိုတင်ပြအကြံပြုချင်ပါတယ်”ဟု  စစ်ကိုင်းမြို့မှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်စနစ်ဆက်သွယ်အသုံး ပြုလိုသူပြည်သူတစ်ဦးကပြောပြသည်။
နန္ဒာမင်းလွင်
The Hot News

မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသော နတ်ရုပ်တုများ

May 4, 2013
၂၀၁၀ ခုနှစ်အတွင်းက အီတလီဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယိုဘာလပ်စ်ကိုနီက ၎င်း ၏ နေအိမ်တွင် အလှဆင်ထား သော အင်္ဂါနတ်သား(မားစ်)နှင့် သောကြာနတ်သမီး(ဗီးနပ်စ်)ရုပ် တုတို့တွင် အင်္ဂါမစုံလင်ဟုယူဆ ခဲ့သဖြင့် လိုအပ်နေသော အစိတ် အပိုင်းများကို ဖြည့်စွက်စေခဲ့သ ဖြင့် ကမ္ဘာ့အနုပညာလောကအား တုန်လှုပ်သွားစေခဲ့သည်။

ထိုသို့ဖြည့်စွက်ပေးမှုကြောင့် မားစ်နတ်သားရုပ်တုတွင် လက်၊ ဓားဦးပိုင်းနှင့် ယောက်ျားအင်္ဂါ များရရှိသွားသကဲ့သို့ ဗီးနပ်စ် နတ်သမီးရုပ်တုတွင်လည်းပြတ် နေသောလက်က အကောင်း ပကတိပြန်ဖြစ်သွားသည်။

ယူရိုငွေ ၇၀၀၀၀ ကုန်ကျ သည့်ထိုဖြည့်စွက်မှုသည် ဘာ လပ်စ်ကိုနီကို ဆန့်ကျင်လိုသူ များအတွက် ပျက်ရယ်ပြုစရာနှင့် ဒေါသထွက်စရာဖြစ်လာခဲ့ရသည်။ ဧကရာဇ်အော်ရီလီယုစ်နှင့် မိဖု ရား ဖောစတီးနားတို့လက်ထက် အေဒီ ၁၇၅ ခုနှစ်က ထွင်းထုခဲ့ သည့် ထိုနတ်ရုပ်များကို ၁၉၁၈ ခုနှစ်တွင် ရောမမြို့အနီးရှိ အော့စ် တီးယားဒေသတွင် ပြန်လည် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထိုရုပ်တုများသည် ၂၀၁၂ ခုနှစ် ဘာလပ်စ်ကိုနီ ရာထူးပြုတ် ကျပြီးနောက်တွင် ရောမအမျိုး သားပြတိုက်သို့ ပြန်လည်ရောက် ရှိသွားပြီး ထိုရုတ်တုများကို မူလပုံစံအတိုင်း ပြန်လည်မြင်တွေ့ ရစေရန် သမိုင်းပညာရှင်ဂျီအိုဗန် နာဘန်ဒီနီက ကြီးကြပ်ဆောင် ရွက်ခဲ့သည်။

သံလိုက်စနစ်နည်းပညာဖြင့် တပ်ဆင်ပေးထားသော ကိုယ် အင်္ဂါအတုများမှာ မူလရုပ်တုများ ကို မည်သို့မျှ ထိခိုက်ပျက်စီးမှု မရှိစေကြောင်းနှင့် ရုပ်တုများကို မူလပုံစံသို့ ပြန်လည်ပြုပြင်ခြင်းမှာ လုံးဝအောင်မြင်ကြောင်း ဘန်ဒီ နီကပြောကြားလိုက်သည်။
ဥက္ကာအောင်
The Hot News

ရန်ကုန်မြို့ရှိ Media Cornerများ ပြန်ဖျက်

ရန်ကုန် မေ ၄ ရက်
ရန်ကုန်မြို့ ဆူးလေဘုရားအနီးမြို့တော်ခန်းမရှေ့ရှိ Media Corner အားမေလ ၄ ရက်နေ့ နံနက်ပိုင်း က စတင် ဖျက်လိုက်ကြောင်း သိရသည်။

ယခင် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း လက်ထက် ၂၀၁၁ ခုနှစ်မေလ ၂ ရက်နေ့က စတင်၍ ရန်ကုန်မြို့ လူစည်ကားရာ လမ်းဆုံ လမ်းခွ နေရာများတွင် ၄င်း Media Corner များကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး ၂ နှစ်အကြာ မေလ အရောက်တွင် ရန်ကုန်မြို့ ရှိ ၄င်းဆိုင်အတော်များများ ဖျက်သိမ်းပြီး ဖြစ်သည်။
Popular Myanmar News Journal
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )





Samsung Galaxy S4 စတင် ရောင်းချ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်


ရန်ကုန်၊ မေ ၎
Samsung Galaxy S4 စတင် ရောင်းချသည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်သွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

''တိုကင် ၁ဝဝဝ ဝေတာ အားလုံးကုန်သွားပါပြီ။ အဲ့ဒီအပြင်ကို တိုကင်မရဘဲ ဝယ်ချင်လို့ စောင့်နေတဲ့ သူတွေကလည်း တစ်ထောင်ကျော်လောက် ရှိနေတယ်'' ဟု ဆမ်ဆောင်းကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။



နံနက် ၉ နာရီမှ စတင်ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တိုကင်လာရောက်တန်းစီသူများ အနေဖြင့် နံနက်အစောပိုင်းကပင် စတင်တန်းစီနေကြပြီး ၉ နာရီ မတိုင်မီ တိုကင် အားလုံး ကုန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





''ကျွန်တော် မနက် ၇ နာရီကတည်းက လာတန်းစီတာပါ။ တိုကင်နံပါတ် လေးရာကျော်ပါတယ်'' ဟု အလုံမြို့နယ်မှ ဖုန်းလာရောက် ဝယ်ယူသည့် သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုကင်မရရှိလိုက်သည့် သူများအနေဖြင့်လည်း အလုံးရေ ၁ဝဝဝ အပြင် ထပ်မံရောင်းချပေးမည် ဆိုသည့် သတင်းကြောင့် စောင့်ဆိုင်းနေကြပြီး တိုကင်များအား အချင်းချင်း ငွေကြေးဖြင့် ပြန်လည်ရောင်းချမှုများ ဖြစ်ပေါ်လျက်ရှိသည်။

''နံနက် ၉ နာရီမှ ရောက်လာတော့ တိုကင်မရှိတော့ဘူး။ အဲ့ဒါနဲ့ ရှေ့ကနှစ်လုံးဝယ်ပြီးတဲ့သူက တိုကင်နှစ်စောင် ပိုတယ်ဆိုလို့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်စောင်ကို ကျပ် နှစ်သောင်းပေးပြီး ဝယ်လိုက်တယ်'' ဟု ဂလက်ဆီ S4 လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။

သို့သော် ဆမ်ဆောင်းအနေဖြင့် ယနေ့တွင် အလုံးရေ ၁ဝဝဝ အတိအကျသာ ရောင်းချပေး သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဝယ်သူများအတွက်ကိုမူ ပစ္စည်းလက်ကျန်ပေါ် မူတည်ပြီးမှသာ ရောင်းချမှုအား နောက်ပိုင်းတွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမှ တာဝန်ရှိသူ ကိုဇာနည်က ဆိုသည်။

''ဒီနေ့မှာတော့ သတ်မှတ်အလုံးရေထက် ပိုရောင်းမှာ မဟုတ်ပါဘူး။ အစက ရောင်းပေးဖို့ စီစဉ်ထားပေမယ့် အခြေအနေအရ မရောင်းဖြစ်တော့ပါဘူး'' ဟု ၎င်းက ဆိုသည်။

Samsung Galaxy S4 အား ပြည်တွင်း၌ ယနေ့ စတင် ရောင်းချပေးခြင်းဖြစ်ပြီး အလုံးရေ ၁ဝဝဝ အား ငွေကျပ်ငါးသောင်း ဈေးလျှော့၍ ကျပ် ၅၆၉ဝဝဝ ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းအတွက် ဝယ်ယူသူများကြား ပြဿနာ အနည်းငယ်ရှိသော်လည်း ဆမ်ဆောင်းအနေဖြင့် မြန်မာပြည် ခွဲတမ်း အတွက် ထပ်မံရရှိမည့် အလုံးအရေ များအား မရရှိလိုက်သည့် ဝယ်ယူသူများအတွက် စီစဉ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကိုဇာနည် က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားသည်။
သုတလင်း
Popular Myanmar News Journal

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ လျှို့ဝှက် ရွှေဖြူ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်လယ်အုပ်စု သစ်ရာအိုက်ရွာ နဲ့
နှစ်မိုင်လောက် အကွာရှိ ရွှေဖြူ တွေ့တယ် ဆိုတဲ့ နေရာ
(ဓာတ်ပုံ – ဧရာဝတီ)
လင်းသန့်| May 4, 2013
စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က သူ့နယ်မြေအတွင်းမှာ ရေနံရှာဖွေရေး အကြောင်းပြပြီး ရွှေဖြူတူးဖော်ရေး လျှို့ဝှက် စီမံချက် လုပ်ကိုင် ခဲ့တယ်ဆိုတဲ့ လူသူ အသိနည်းပါးတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။

ဒီ လုပ်ငန်းကို နိုင်ငံတော် ခွင့်ပြုချက် မရှိဘဲ သူ့သဘောနဲ့သူ လုပ်တာဆိုတဲ့ အချက်ကြောင့် လာမယ့် လွှတ်တော် အစည်းအဝေး မှာ တင်ပြ ဆွေးနွေးဖို့ ရှိတယ်လို့လည်း လွှတ်တော် အသိုင်းအ၀ိုင်းက ကြားရပါတယ်။

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး တယောက် တရုတ်ကုမ္ပဏီတခုနဲ့ ပေါင်းပြီး ရွှေဖြူတူးဖော်ရေး စီမံချက် အကောင် အထည် ဖော်ခဲ့တယ် ဆိုတာ ဟုတ်၊ မဟုတ် တင်ပြနိုင်ဖို့ စစ်ကိုင်းတိုင်း အမတ် ဒေါက်တာ မြင့်နိုင်ကလည်း အချက်အလက်တွေ စုဆောင်း နေတယ်လို့ သိရပါတယ်။

“လွှတ်တော်မှာ မေးခွန်းမေးဖို့ ကိစ္စက အခု ရေဦးမှာ အချက်အလက် စုဆောင်းနေတုန်း ရှိသေးတယ်။ အချက်အလက် ပြည့်စုံ ရင်တော့ လက်မှတ်ထိုးပြီး တင်မှာပါ”လို့ စစ်ကိုင်းတိုင်း အမှတ် ၃ နယ်မြေက အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြင့်နိုင် က ဧရာဝတီကို ပြောပြပါတယ်။

လွန်ခဲ့တဲ့  ၃ နှစ်ကျော်လောက်က အဲဒီ တရုတ် ရေနံကုမ္ပဏီက ကားကြီးတွေနဲ့ ရေနံရှာဖွေရေး လုပ်ရင်း ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းလောက်မှာတော့ ရွှေဖြူတွေ တွေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်၊ ကွန်တိန်နာ ကားကြီးတွေ နဲ့ တရုတ် နိုင်ငံ ဘက်ကို သယ်ထုတ်သွားတယ် လို့ ဒေသခံ တဦးကလည်း ပြောပါတယ်။

“သစ်ရာအိုင့်ရွာနဲ့ ၂ မိုင်လောက် ဝေးတဲ့နေရာမှာ အစကတော့ သူတို့က ရေနံရှာတယ်ဆိုပြီး ကွန်တိန်နာကားတွေနဲ့ တရက် ၁၅ စီး အစီး၂၀ လောက် သွားနေကြတာ။ နောက်မှ ရွှေဖြူထွက်လို့ ဆိုပြီး အသံထွက်လာတယ်”လို့လည်း သူက ဆိုပါတယ်။

ရွှေဖြူထွက်တယ်ဆိုတဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်လယ် ကျေးရွာအုပ်စု သစ်ရာအိုင့် ရွာရဲ့ အနောက် တောင်ဘက် ၂ မိုင်လောက် အကွာမှာဖြစ်ပြီးတော့ အဆောက်အအုံ ကြီးကြီးတွေနဲ့ စီမံကိန်းတခုလို လုပ်ခဲ့တာလို့လည်း သူက ဆက်ပြောပါသေးတယ်။

ဒါပေမယ့် ရွှေဖြူတူးတဲ့ လုပ်ငန်းဟာ ၁ လ လောက်အကြာမှာပဲ လက်စ လက်န မကျန်အောင် ရွှေဖြူ လုပ်ကွက်တွင်းတွေကို ပိတ်ပင်ပြီး အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ မြင့်နိုင်က“အဲဒီမှာက ရွှေဖြူတွေ့ သလိုလို၊ နောက် အဲဒီမှာ အဆောက်အအုံတွေလည်း ကြီးကြီးမားမားတွေ ဆောက် ထားပြီးတော့ သေချာ လုပ်ထားတာ။ နောက်ပြီး မြေတွေ ပြန်ဖို့ပြီးတော့ အားလုံး အစအန ဖျောက်သွားတာ”လို့ ဧရာဝတီကို ပြော ပါတယ်။

အခုလို လုပ်ငန်းစီမံကိန်းကြီးတခု လုပ်ခဲ့ပြီး အစအနတွေ ဖျောက်သွားတယ်ဆိုတော့ ဒါဟာ နိုင်ငံတော်ကမသိဘဲ ကိုယ်ကျိုးစီးပွား အတွက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ပိုပြီး ပေါ်လွင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီလို ရွှေဖြူတူးဖော်ရေး လုပ်ကွက်မှာ တွင်းတွေကို လျှို့ဝှက်လုပ်ထားပြီး လုံခြုံရေး အစောင့် အကျပ်တွေ ချထားခဲ့ပြီးမှ နောက် ပိုင်း တိတ်တဆိတ် လုပ်ငန်း ရပ်ဆိုင်း သွားခဲ့တာပါတဲ့။

“သူတို့ လုပ်ကွက်နားကို မ၀င်ရဘူးတဲ့၊ အစောင့်တွေ ချထားတာ၊ ရဲ အစောင့်ချထားတာ၊ ဒေသခံတွေကိုလည်း အလုပ်တွေ ဘာတွေ မပေးဘူး။ တွင်းတွေကို လာပိတ်တော့လည်း သူ(ဦးသာအေး) ကိုယ်တိုင် လာပိတ်သွားတယ်”လို့ ရေဦးမြို့ခံ တဦးက ဆိုပါတယ်။

အဲဒီ စီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို စီမံကိန်း မလုပ်ခင်တုန်းကလည်း လာပြီး ရှင်းလင်းပြောပြတာ မရှိသလို၊ အဲဒီ စီမံကိန်းအလုပ်ခွင်မှာ ဒေသခံတွေကို အလုပ်အကိုင် ခန့်အပ်တာမျိုးလည်း မရှိဘဲ လျှို့ဝှက် လုပ်ငန်းကြီး တခုကို လုပ်သလို လုပ်ကိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဦးသာအေးဟာ စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကွက်တွေကို သူ နဲ့ နီးစပ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့ တချို့က လုပ်ကိုင်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက စွပ်စွဲ ပြောဆိုနေကြပြီး အရပ်ထဲမှာ သူ့ကို “ရွှေ သာအေး”လို့ အမည်ပေးထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“နိုင်ငံတော်က အဲဒီကိစ္စ မသိဘူး ထင်တယ်၊ ကျနော်တို့ အဲဒီတုန်းက ကြားတာတော့ နိုင်ငံတော်က မသိဘူးလို့ ကြားရပြီး အရပ် သတင်းမှာ သူ (ဦးသာအေး) ပြုတ် မလိုလိုတောင် ဖြစ်သေးတယ်”လို့ ရေဦး ဒေသခံက ဆိုတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဧရာဝတီက သတ္တုတွင်း ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ စွမ်းအင် ၀န်ကြီးဌာန နဲ့သာ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနကို ဆက်သွယ်ဖို့ ပြောလာပါတယ်။

စွမ်းအင်ဝန်ကြီးဌာနကို ဧရာဝတီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တယ်လီဖုန်းနဲ့ လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး တရားဝင် ဖြေကြားချက်ရလိုရင် ၀န်ကြီးဌာနကို ဖက်စ်နဲ့ မေးမြန်းဖို့ပြောလို့ ဧပြီလ ၂၅ ရက်နေ့က ဖက်စ်ပို့ပြီး မေးမြန်းခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ စွမ်းအင် ၀န်ကြီးဌာန ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အတွင်းရေးမှူး ဦးဌေးအောင် က လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က စစ်ကိုင်တိုင်း အဆိုပါ ဒေသမှာ တရုတ်ကုမ္ပဏီ(CNOOC) ဟာ ဆိုက်စမစ် ရေနံရှာဖွေတိုင်းတာခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ တရားဝင် အကြောင်းပြန်ကြားလာပါတယ်။

ဒါပေမယ့် ရေနံတူးဖော်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူးလို့ အကြောင်းပြန်ကြားစာမှာ ဖော်ပြပါတယ်။

“CNOOC ကုမ္ပဏီသည် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးတွဲ ဆောင်ရွက်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်ပါသည်”လို့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့စာမှာ ပါရှိ ပါတယ်။

သူတို့အနေနဲ့ ဒေသခံတွေ ပြောဆို သံသယဖြစ်နေကြသလို ရွှေ သို့မဟုတ် ရွှေဖြူ ထွက်တယ်ဆိုတာကို တိုင်းတာနိုင်တာ မရှိဘူးလို့လည်း အကြောင်းပြန်စာက ဆိုပါတယ်။

“ရေနံရှာဖွေရေး လုပ်ငန်းများကိုသာ ဦးတည်ဆောင်ရွက်လုပ်ကိုင်ခြင်း ဖြစ်သဖြင့် ရွှေ(သို့) ရွှေဖြူထွက်ရှိမှုကို သိရှိတိုင်းတာ နိုင်ခြင်း မရှိပါကြောင်း သိသာနိုင်ပါရန် အကြောင်းပြန်ကြားအပ်ပါသည်”လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားတာပါ။

စွမ်းအင် ၀န်ကြီးဌာန က စစ်ကိုင်းတိုင်း အတွင်း ရွှေဖြူ ထွက်ရှိမှုနဲ့ပတ်သက်ပြီး သိရှိတိုင်းတာနိုင်ခြင်း မရှိဘူးဆိုတာ အမှန် တကယ် ဟုတ်မဟုတ် ၀န်ကြီးဌာနကပဲ သိနိုင်မှာပါ။ တခု ရှိတာက လက်ရှိ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ဦးသာအေး ဖြစ်နေတာ ကလည်း စွမ်းအင် ၀န်ကြီးဌာနနဲ့ ဆက်စပ်မှု ရှိမရှိ စဉ်းစားစရာပါ။

မကြာသေးခင် ရက်ပိုင်းကလည်း ဦးသာအေးကို တာဝန်က အနားပေးလိုက်တယ် ဆိုတဲ့ သမ္မတရုံး စာအတုနဲ့ အင်တာနက် ပေါ် ပျံ့နှံ့ခဲ့လို့ မဟုတ်ကြောင်း ရှင်းခဲ့ လင်းခဲ့ကြတာကို သတိထားမိ ပါသေးတယ်။

အရင်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်စောစောပိုင်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းမှာ အင်အား သုံးဖြိုခွင်းခဲ့တုန်းက သံဃာတော်တွေ မီးလောင်ဒဏ်ရာတွေ ရခဲ့လို့ ဒီကိစ္စ တာဝန်အရှိဆုံး သူဟာ ဦးသာအေး ဖြစ်တယ်လို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဌ လုပ်တဲ့ အစီရင်ခံစာ ပေါ်ထွက် လာတဲ့ အခါမှာတော့ သမ္မတ ဦးသိန်းစိန်က ခန့်အပ် တာဝန်ပေးထားတဲ့ အဲဒီ လက်ပံတောင်း အစီရင်ခံစာ အကောင် အထည် ဖော်ရေး ကော်မတီ အဖွဲ့ဝင် တဦးအဖြစ်နဲ့ ဦးသာအေးဟာ အခုအထိ အေးအေး လူလူ ရှိနေပုံ ရပါတယ်။
ဧရာဝတီ

ဒုတိယအကြိမ် ပြည်မြို့တွင် လေပြင်းတိုက်ခတ်

ပြည်၊ မေ ၄။
ပြည်မြို့တွင် မေလ ၃ရက် ညနေ၂နာရီ၃၀မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေနှစ်ဆယ်ပြိုကျပြီး အိမ်ခြေနှစ်ရာကျော် ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း နဝင်းနယ်မြေ အုပ်ချုပ်ရေးမှူး
ဦးနေလင်း၏ ပြောကြားချက်အရ သိရသည်။

“လေလုံးကြီးက မဲမဲကြီး မြင်လိုက်ရတယ်။ ဒီလို တစ်ခါမှ မကြုံဖူးဘူး။ ဖိုးဦးတောင်ဘက်ကလာတဲ့လေနဲ့
အနောက်မြောက်ဘက်ကလေ ပေါင်း ပြီး လေဆင်နှာမောင်းပုံစံမျိုး တိုက်တာ”ဟု ဒေသခံတစ်ဦးဖြစ်သူ
ဦးကျော်ကျော်ဝင်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့ ပြည်သာယာ၊ တောင်ကုန်း၊ ချင်းစု၊ နဝင်းကွက်သစ်၊
မာလကာကုန်း၊ ဘောဂရပ်ကွက်၊ ဖိုးခေါင်၊ ဖိုးခေါင်(၃)၊ နဝင်းမြောက်၊ နဝင်းတောင်၊ နဝင်းတိုးချဲ့၊
ချောင်းနားတန်း၊ အေးမြသာယာ စသည့်ရပ်ကွက်ကျေးရွာတို့မှ မြစ်ကမ်းနှင့် နီးစပ်သည့်
လူနေအိမ်ခြေတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

“တခြိမ်းခြိမ်းနဲ့ အသံကြားတော့ ကလေးငါးယောက်နဲ့ အိမ်ထဲက ထွက်ပြေးရတာပေါ့။ လွတ်ပြီဆိုပြီး
နောက်ပြန်ကြည့်လိုက်တော့ အိမ်က ပြား နေပြီ။ အိုးခွက်တွေလည်း အိပ်ပြိုထဲအထဲမှာ ပိပြားနေတယ်။
နေဖို့မပြောနဲ့ ညစာချက်စားဖို့တောင် ဘယ်လိုလုပ်ရမှန်း မသိဘူး”ဟု အိမ်ပြို ကျပျက်စီးခဲ့သူ ဒေါ်တင်ချစ်က
မြန်မာ့ခေတ်သို့ ပြောကြားသည်။

ပြည်မြို့တွင် ယခုအကြိမ် လေပြင်းတိုက်ခတ်မှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ဧပြီလ(၁၆)ရက်နေ့က
လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရ သည်။
မောင်ရေခဲ
မြန်မာ့ခေတ်

သေနတ်ကိုင်ဆောင်ခွင့် လှုပ်ရှားစည်းရုံး နေတဲ့ NRA က ညီလာခံ ကျင်းပ

NRA ရဲ့ လက်ထောက် အမှုဆောင် ဥက္ကဌ
4 မေလ 2013
အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် လှုပ်ရှားစည်းရုံး နေတဲ့ National Rifle Association NRA က ညီလာခံ ကျင်းပနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ကော်နက်တီကတ် ပြည်နယ် နယူးတောင်းက ကျောင်းတကျောင်းမှာ လူတွေ အစုလိုက်အပြုံလိုက် သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့နောက် ပထမဆုံး ကျင်းပတဲ့ ညီလာခံ ဖြစ်ပြီး အဲဒီမှာ သေနတ် ကိုင်ဆောင်ရေးနဲ့ ပတ်သက်လို့ ပြန်လည် အခြေအတင် ဆွေးနွေးကြဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ လတုန်းက သေနတ် ကိုင်ဆောင်မှု တင်းကျပ် ထိန်းချုပ်ရေး အဆိုကို ကွန်ဂရက်မှာ ဆွေးနွေးရာမှာ အရေးနိမ့်သွားအောင် NRA အဖွဲ့က စည်းရုံး ကူညီပေးခဲ့တာ ဖြစ်ပေမယ့် နောက်ထပ် ဥပဒေကြမ်းတွေ တင်သွင်းလာနိုင်ဖွယ် ရှိပါတယ်။

NRA ဥက္ကဌသစ် ဂျိမ်းစ် ပေါ်တာ ကတော့ ဒီအခြေအတင် ပြောဆိုမှုဟာ သေနတ် ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ ငြင်းခုန်တာထက် လူတွေရဲ့ အမူအကျင့် ၊ ခေတ်စံနစ် ပြောင်းလဲ လှုပ်ရှားလာမှုနဲ့ ပိုပြီး သက်ဆိုင် နေပါတယ်လို့ သူ့အသင်းသားတွေကို ပြောပါတယ်။

တက္ကဆက်မှာ သုံးရက်ကြာ ကျင်းပတဲ့ ဒီအခမ်းအနားကို လူထောင်သောင်းချီ တက်ရောက်ခဲ့ပြီး နယူးတောင်း ပစ်ခတ်မှုမှာ သေဆုံးသွားကြ သူတွေရဲ့ ဆွေမျိုး မိသားစု ထဲက ကလေး ၂ဝ ကျော်နဲ့ လူကြီး ခြောက်ယောက်တို့လည်း ပါဝင်ကြပါတယ်။
BBC Burmese

Y.M.B.A နှင့် လူသေလူဖြစ်သူ


May 4, 2013
လူသေလူဖြစ် သစ္စကထာ
နိယာမမျိုး၊ ဖြစ်ရိုးစဉ်လာ၊
မန်ကျည်းမျိုးမှ၊ ပေါက်ရိုးတမာ
မရှိထုံး၊ နှလုံးမူကြရာ။

အထက်ပါသံပေါက်လေးဟာ တောင်တွင်းကြီးမြို့ ပေလေးပင်နတ်မှီ တောရတိုက်က ရှင်ဥက္ကဋ္ဌရေးသားတဲ့ လူသေလူဖြစ်စာအုပ်အစမှာပါဝင်ပါတယ်။ သူ့ရဲ့စာအုပ်ကို ရှင်ဝါသ၀က စီစဉ် တည်းဖြတ်ပြီး ၁၉၅၈ ခု ဇွန်လမှာအုပ် ရေ ၅၀၀၀ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာပေါင်း ၄၀၃ မျက်နှာရှိပြီး အခန်းပေါင်း(၂၁)ခန်းပါဝင်တဲ့ အဲဒီစာ အုပ်မှာ သူ့ရဲ့လူသေလူဖြစ်ဝါဒကို အကျယ် တ၀င့်ရေးသားတင်ပြထားပါတယ်။

မြန်မာ့သာသနာသမိုင်းမှာ ရတနာ (၃)ပါးအလိုကျခံယူကျင့်သုံးပြီးမှ သဘော ထားသစ်ကိုပြောင်းပြီး ဗုဒ္ဓအလိုကျကို သွေဖည်ကာ မိမိရဲ့သဘောထားသစ်တွေ ကို ဟောပြော၊ ရေးသားထုတ်ဝေတဲ့သူ တွေကို ရှင်၊ လူအများသိအောင် ကြဉ် ဖယ်ပြီး သာသနာတော်တွင်းသားအဖြစ် မှ ရပ်စဲလိုက်တာကို ပကာသနိယကံပြု တယ်လို့ခေါ်ပါတယ်။ အဲဒီလိုကြဉ်ဖယ် ခြင်းကို ရှင်ဥက္ကဋ္ဌ အရင်က ဘိက္ခူနီ သာသနာကို ပြန်လည်ထူထောင်ဖို့ ဇွတ် အတင်းကြိုးစားခဲ့ပြီး ဘိက္ခူနီသာသနာ့ ပဒေသကျမ်းကို ရေးသားခဲ့တဲ့ ရှင်အာဒိ စ္စ၀ံသကို ၁၂၉၇ ခု တော်သလင်းလဆန်း (၁၂)ရက်မှာ ဘုရားဖြူဆရာတော် ဦး ဆောင်တဲ့ ဓမ္မ၀ါဒီသံဃာထုကြီးက ဂျူ ဗလီဟောမှာ ပကာသနိယကံပြုလုပ်ခဲ့ ပါတယ်။

ရှင်ဥက္ကဋ္ဌကိုလည်း ပကာသနိယကံ ပြုဖို့ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အဖွဲ့ကတော့ Y.M.B.A  ဆိုတဲ့ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီးပဲဖြစ်ပါတယ်။ အဲဒီတုန်း က အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို မညှိုးနွမ်းအောင်တိုးတက်ကြံဆောင်နေ တဲ့ အသင်းကြီးဟာ ရှင်ဥက္ကဋ္ဌရဲ့ လူသေ လူဖြစ်စာအုပ်ကြောင့် ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်ကိုးကွယ်သူတွေ နဲ့ ဘာသာရေးအခြေခံမရှိတဲ့ လူငယ် တွေကြားမှာ သို့လောသို့လော အငြင်း ပွားဖွယ်ရာယုံမှားသံသယတွေရှိလာ တာကိုတွေ့နေရပါတယ်။ အဲဒီအချိန် တုန်းက ကွန်မြူနစ်ဝါဒကလည်း ကြီးစိုး နေပြန်တော့ ၀င်ရောက်ဖြေရှင်းရမယ့် ကိစ္စကြီးဖြစ်တယ်လို့ အသင်းကြီးက ခံယူလိုက်ပါတယ်။

ဒီလိုနဲ့ (၂.၈.၁၉၅၉)မှာ Y.M.B.A အလုပ်အမှုဆောင် အစည်းအဝေးကျင်း ပပြီး အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုးမြင့် က လူသေလူဖြစ်စာအုပ်ပါအကြောင်း တွေကို တင်ပြပြီးအရေးယူဆောင်ရွက် သင့်ကြောင်း တိုက်တွန်းခဲ့တဲ့အတွက် (၈.၈.၁၉၅၉)မှာ အရေးပေါ်အစည်း အဝေးပြန်ခေါ်ပြီး စာအုပ်ပါအကြောင်း တွေကို ဝေဖန်ဆွေးနွေးပြီးတဲ့အခါ သာ သနာတော်ကို ထိခိုက်စော်ကားတဲ့ အတွက် အရေးယူဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေထံ တင်ပြ သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည်ဖော်တဲ့အနေနဲ့ နောက်နေ့မှာ သာသနာရေးဝန်ကြီးဌာန၊ တရား ရေးဌာန၊ နိုင်ငံတော်သြ၀ါဒစရိယ ဆရာ တော်အဖွဲ့၊ ကျောင်းထိုင်ဆရာတော်အဖွဲ့၊ နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့တွေနဲ့ ပြည် ထဲရေးဝန်ကြီးဌာနထံ စာအုပ်မဖြန့်ချိ အောင် တားပေးဖို့၊ ရှင်ဥက်္ကဋ္ဌနဲ့ ရှင်ဝါ သ၀ကိုအရေးယူပေးဖို့၊ ၎င်းတို့ကို ၀ိနိစ္ဆယ ဌာနမှာ အရေးယူပေးဖို့၊ အင်္ဂလိပ်ဘာ သာပြန်ပြီး ထုတ်ဝေမယ်လို့ ကြော်ငြာ ထားတာကို တားပေးဖို့စတဲ့ အချက်တွေ ပါတဲ့စာကို ပေးပို့ခဲ့ပါတယ်။

(၁၄-၈-၁၉၅၉)မှာတော့ ပြည်ထဲ ရေးဝန်ကြီးဌာနက စာအုပ်ရိုက်နှိပ်ထုတ် ဝေသူ ဦးပါနဲ့စီစဉ်တည်းဖြတ်သူ ရှင်ဝါ သ၀ကို ဖမ်းဆီးပြီး စာအုပ်တွေကို လိုက်လံသိမ်းဆည်းခဲ့ပါတယ်။ အဲဒီလို လုပ်တာကြောင့်  Y.M.B.A   အသင်းလည်း အားတက် ပြီး နောက်နေ့မှာ အစည်းအဝေးခေါ်ပြီး ဦးအေးမောင်(မြမ္မာအေး)ကို ဘားလမ်း အချုပ်ထောင်မှာရှိတဲ့ ရှင်ဝါသ၀ထံသွား ရောက်တွေ့ဆုံစေပြီး ဆွေးနွေးခိုင်းခဲ့ပါ တယ်။ ဆွေးနွေးချက်တွေကို ရေးသားပြီး ဆရာတော်တွေထံပေးပို့ခဲ့သလို သာသ နာရေးညွှန်ကြားရေးဝန် ဗန္ဓုလဦးစိန်က လည်း ရှင်ဥက္ကဋ္ဌတို့ကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်ကြောင်း ၀ိနည်းဓိုရ် ဆရာတော်တွေ သြ၀ါဒပေးရန် လျှောက် ထားခဲ့ပါတယ်။့ Y.M.B.A နဲ့ သာသနာ ရေးညွှန်ကြားရေးဝန်တို့ရဲ့ လျှောက်ထား မှုကြောင့် ဆရာတော်ကြီးတွေလည်း လူသေလူဖြစ် စာအုပ်ကိစ်္စမှာ ပါဝင်လာ ရပါတယ်။ (၅-၉-၁၉၅၉)မှာ ရန်ကုန်မြို့ မဟာသိမ်တော်ကြီးဘုရားကြီးတိုက်မှာ အစည်းအဝေးခေါ်ပြီး နိုင်ငံတော်သြ၀ါ ဒစရိယသိမ်ကုန်းဆရာတော်ကြီးက ဆရာတော်တွေ လူသေလူဖြစ်စာအုပ်ကို ဖတ်ပြီးမှ ဆုံးဖြတ်မယ်ဆိုပြီး ဆရာတော် ကြီး (၂၇)ပါးက အချိန်ယူကာ လူသေလူ ဖြစ်စာအုပ်ကို ပိဋကတ်တော်မှတ်ကျောက် နဲ့တိုက်ပြီး လေ့လာဖတ်ရှုကြပါတယ်။ စာအုပ်ကိုဖတ်ပြီးတဲ့အခါမှာတော့ ဆရာ တော်ကြီး (၂၇)ပါးက ရှင်ဥက္ကဋ္ဌတို့ကို သာသနာတော်က နှင်ထုတ်သင့်ကြောင်း (၁၆-၁-၆၀)မှာ ဝေဖန်ချက်များနဲ့အတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆရာတော်ကြီး တွေရဲ့ ဆုံးဖြတ်ချက်ကိုရပြီးတဲ့အခါမှာ တော့ Y.M.B.A အသင်းကြီးက ရှင် ဥက္ကဋ္ဌတို့ကို အရေးယူပေးဖို့ (၃-၃-၆၀) မှာ သာသနာရေးဝန်ကြီးထံ စာပို့ခဲ့တာ ကြောင့် ရန်ကုန်မြို့ ငါးရာဘတ် ရာဇ ၀တ်တရားသူကြီး(အထူး)ရုံးမှာ ရာဇ၀တ် မှုကြီး အမှတ်(၁၄၄၂)နဲ့ ရှင်ဥက္ကဋ္ဌတို့ကို တရားစွဲခဲ့ပါတယ်။

ရုံးတော်မှာ အမှုစစ်ဆေးတဲ့အခါ Y.M.B.A ရဲ့ ကိုယ်စားလှယ်အဖြစ် ဦး ထိန်ဝင်းက သတ်သေထွက်ဆိုခဲ့ပါတယ်။ အချက်အလက်တွေကိုတော့ အသင်း ကြီးရဲ့ နာယကဒေါက်တာသိမ်းမောင်က ရှာဖွေစုဆောင်းပေးပါတယ်။ တရားရုံးမှာ ဦးထိန်ဝင်းနဲ့ ရှင်ဥက္ကဋ္ဌတို့အပြန်အလှန် အကြိတ်အနယ်ပြောဆိုခဲ့ကြပုံကို ဦးထိန် ၀င်းက ပြန်ပြောရာမှာ ““ဦးသိမ်းမောင်က လူသေလူဖြစ်စာအုပ်နဲ့ပတ်သက်ပြီး ပြောရမယ့်အချက်တွေကို တွယ်အပ်နဲ့ တွယ်ထားတယ်။ ဒီနေရာမှာ ဒီလိုဆိုထားတယ်။ ဒီနေရာ မှာ ဒီလိုပြောထားတယ်ဆိုပြီး တောက် လျောက်ပြောလိုက်တယ်။ ပြီးတော့မှ တရားသူကြီးကို သူရေးထားတာကြည့် ပါဦး။ ပုတီးကိုင်တဲ့သူတွေဟာ လူလိမ် တွေ၊ လူပေါတွေလို့ရေးထားတယ်။ ဒါ ဦးဥက္ကဋ္ဌရေးထားတဲ့ ကပ္ပပြဿနာစာအုပ် ပါဆိုပြီး တရားသူကြီးကို စာအုပ်လှန် ပြလိုက်တယ်။ ဦးဥက္ကဋ္ဌက ပုတီးကြီးကိုင် လို့ဗျ။ အဲဒါနဲ့ ဦးဥက်္ကဋ္ဌကရယ်တယ်။ ပြီးတော့ သူက ပြောသေးတယ်။ ““အောင်မယ်။ မင်းသီဟနာဒသုတ်ကို ဖတ်ဖူးလားတဲ့””သိတာပေါ့ဆိုတော့။ ““နု စဉ်အခါတုန်းက ဒီအတိုင်းပေါ့ကွတဲ့”” အဲဒါနဲ့ စာအုပ်ကိုကိုင်ပြီး ထပ်ပြောတာ နဲ့ သူက““နေပါဦးကွာ။ ငါ့စာအုပ်မှာ ဘာ တစ်ခုမှအမှန်မပါဘူးလား””တဲ့ အမှန်တော့  ပါတာပေါ့။ ဒါပေမဲ့ အမှားတွေကို လက်ခံစေချင်လို့ အဲဒါတွေကို ထည့် ထားတာလို့ပြောတော့ ““မင်းတော့ကွာ ငါထောင်ကျမှ အေးမယ့်ကောင်ပဲ””လို့ ပြောတယ်။

အဲဒီလိုနဲ့ ရှင်ဥက္ကဋ္ဌတို့ကို ရာဇ၀တ် ဥပဒေအရ အမိန့်ချဖို့ဆောင်ရွက်နေစဉ် မှာ တော်လှန်ရေးကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ထွက်လာတော့ ရှင်ဥက္ကဋ္ဌတို့လည်း အများနည်းတူ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး အကျဉ်းမှ လွတ်မြောက်သွားကြပါတယ်။ အကျဉ်းကလွတ်တဲ့အခါ ရှင် ဥက္ကဋ္ဌတို့ဟာ သမ္မာဒိဋ္ဌိသုတေသန အသင်းကို တည်ထောင်လိုက်ကြပါတယ်။ အဲဒီလို လူသေလူဖြစ်ဝါဒကို တစ်ဖက် လှည့်နဲ့ ထပ်တည်ထောင်ပြီး စာအုပ်စာတမ်းတွေ ထုတ်ဝေတာကြောင့် အသင်းနာယကကြီး ဦးသိန်းမောင်က သူ့ အိမ်မှာဆရာတော်ကြီးတွေကိုပင့်ပြီး ရှင်ဥက္ကဋ္ဌအကြောင်းကိုလျှောက်တော့ ဆရာတော်ကြီးတွေက ပကာသနိယကံ ပြုမယ်လို့ မိန့်တယ်။

ဒီလိုနဲ့ (၁၄-၇-၆၃) မှာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်း၊ ခြောက် ထပ်ကြီးဘုရားကျောင်းတိုက် သာသန ၀ိပုလကာရီသိမ်တော်ကြီးမှာ နိုင်ငံတစ် ၀န်းလုံးမှာရှိတဲ့ ဆရာတော်ကြီးတွေ၊ ရဟန်းရှင်လူပရိတ်သတ်တွေစုံညီစွာ ရောက်ရှိပြီး မအူပင်မြို့၊ မြို့လယ်ကျောင်း ဆရာတော် အရှင်အာစိက္ခဏ အမှူးပြု တဲ့ ဂိုဏ်းပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ သံဃာ တော်တွေက ရှင်ဥက္ကဋ္ဌနဲ့ ရှင်ဝါသ၀တို့ ကို ပကာသနိယကံ ပြုတော်မူကြပါ တယ်။ ညနေပိုင်းမှာတော့ Y.M.B.A အသင်းကြီးက အမှူးပြုပြီး ဗုဒ္ဓသာသနာ အဖွဲ့ (၅၈)ဖွဲ့တို့မှကိုယ်စားလှယ် (၃၀၀) ကျော်တို့ကလည်း သိမ်တော်ကြီးမှာ ဆက်လက်စည်းဝေးပြီး ရှင်ဥက္ကဋ္ဌနဲ့ ရှင် ၀ါသ၀ံတို့ကို အပ္ပသာဒပဝေဒနကံ ပြု လုပ်ကြပါတယ်။ ရှင်ဥက္ကဋ္ဌတို့ဟာ သာ သနာကကြဉ်ဖယ်ခြင်းခံရပေမဲ့လည်း သူတို့ရဲ့ အဓမ္မ၀ါဒကို မစွန့်လွှတ်ဘဲ စာအုပ်စာတမ်းတွေ ဆက်လက်ဖြန့်ဝေ နေသလို့ Y.M.B.A  အသင်းကလည်း အစဉ် အမြဲကန့်ကွက်ခဲ့တာကြောင့် (၂၉-၁၀-၁၉၈၁)မှာ နိုင်ငံတော်သီးခြားဝိနည်းအဖွဲ့ အမှတ်(၂)က စောဒကဆရာတော်ဦးစနိ္ဒ မာတို့ တင်သွင်းတဲ့ လူသေလူဖြစ်စာအုပ် အပါအ၀င် စာအုပ်စာတမ်း (၃၄)ခုကို ဖတ်ရှုပြီး ရှင်ဥက္ကဋ္ဌတို့ ထုတ်ဝေဖြန့်ချိတဲ့ စာအုပ်စာတမ်းတွေဟာ အဓမ္မ၀ါဒတွေ သာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး စုဒိတက သခင်မြတ်ဆိုင်တို့အဖွဲ့ကို အဓမ္မ၀ါဒစွန့် လွှတ်ကြောင်းဝန်ခံခိုင်းပြီး လက်မှတ်ရေး ထိုးစေခဲ့တာကြောင့် Y.M.B.A  အသင်း ကြီး ကန့်ကွက်ခဲ့တဲ့ လူသေလူဖြစ် အဓမ္မ ၀ါဒဟာ နိဋ္ဌိတံသွားပါတော့တယ်။

၁၉၀၆ ခုကတည်းက တည်ထောင် ခဲ့တဲ့ Y.M.B.A အသင်းကြီးဟာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနဲ့ပတ်သက် ရင် ရေဆုံးရေဖျားထိလိုက်ပြီး အားကျိုး မာန်တက်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ ကြောင့် Y.M.B.A အသင်းကြီးအနေနဲ့ အမျိုးဘာသာ၊ သာသနာ့ပညာအတွက် ဆက်လက်ပြီး ဆောင်ရွက်နိုင်အောင် အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်း လိုက်ပါတယ်။
နောင်တင်စိုး
The Hot News

အမေရိကန်မှာ နိုင်ငံတကာ ကျောင်းသားတွေအပေါ် ဗီဇာ စီစစ်တင်းကျပ်

ပြည်ဝင်လာတဲ့ ကျောင်းသားကို ဗီဇာ စစ်ဆေး
4 မေလ 2013
အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ လတုန်းက ဘော်စတွန် ဗုံးကွဲမှု ဖြစ်ပြီးကတည်းက ပထမဆုံး လုံခြုံရေး အစီအမံ အနေနဲ့ နိုင်ငံတကာက ကျောင်းသားတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာ တွေကို တင်းတင်းကျပ်ကျပ် စီစစ်လာပါတယ်။

ဗီဇာ အမှန်အကန် မရှိတဲ့ ကာဇက်စတန်က ကျောင်းသား တယောက်က ဗုံးခွဲသမားလို့ သံသယ ဖြစ်ခံရသူရဲ့ အထောက်အထား တွေကို ဖုံးကွယ်ပေးခဲ့တယ်လို့ ရဲက စွပ်စွဲ ပြောကြားမှုတွေ ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် အခုလို စီစစ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ပြည်ထဲရေးနဲ့ လုံခြုံရေး ဌာနက ကျောင်းသား တိုင်းရဲ့ ဗီဇာတွေကို မလွဲမသွေ စစ်ကြပါလို့ အမိန့်ထုတ် ထားပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ တုန်းက အဲဒီ ကာဇက်စတန် ကျောင်းသား အမေရိကန်ကို ဝင်ရောက်လာတုန်းက ပြည်ထဲရေးနဲ့ လုံခြုံရေး ဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြည်ထဲရေး ဌာနက မလုပ်ခဲ့ဘူးလို့ ဝေဖန် ပြောဆို ခံနေရပါတယ်။
BBC Burmese

ဆယ်တန်းအမှတ်စာရင်း မလိုဘဲ ဆရာ၊ဆရာမအဖြစ် လျှောက်ထားနိုင်ပြီ

4 May, 2013
အစိုးရမှဖွင့်လှစ်လျက်ရှိသည့် မူလတန်းကျောင်းများ၌ ဆရာ၊ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ယမန်နှစ်များကဲ့သို့ (၁၀)တန်းအမှတ်စာရင်းမလိုတောင်းတော့ဘဲ အသက်(၁၈)နှစ်မှစ၍ မည်သူမဆို
အလုပ်ဝင်ခွင့်စာမေးပွဲ ပေးပြီဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်မှူးထံက သိရှိရသည်။

ပြည်နယ်နှင့်တိုင်းများရှိ မူလတန်းကျောင်းများတွင် ဆရာ၊ဆရာမများ လိုအပ်လျက်ရှိခြင်းကြောင့် ၂၀၁၃ခုနှစ် ပညာသင်နှစ်မှစ၍ ဆရာ၊ဆရာမများကို သတ်မှတ်စည်းကမ်းများ လျော့ချကာ ခေါ်ယူခြင်းဖြစ်သည်ဟု
ညွှန်မှူးဦးအေးကြိုင်က ဆိုသည်။

ယမန်နှစ်များတွင် ဆရာ၊ဆရာမများ ခေါ်ယူရာ၌ (၁၀)တန်းအမှတ်စာရင်းကိုသာ ကြည့်၍၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး ရရှိလာသည့် အမှတ်ပေါ်မူတည်၍ အတန်းများခွဲကာတာဝန်ထမ်းဆောင်စေကြောင်း သိရှိရသည်။

“ ဘယ်ဘာသာတွဲနဲ့ ဘွဲ့ရသည်ဖြစ်စေ ဆရာ၊ဆရာမ အဖြစ်အလုပ်ဝင်ဖြေဆိုခွင့်ရှိပါတယ်၊ လစာအနေနဲ့ကတော့ မူလတန်း ဆရာမ နှုန်းနဲ့အတူတူလောက်ရမယ်၊ ဒါပေမဲ့ အခုစာမေးပွဲဖြေဆိုအောင်မြင်သွားတဲ့သူတွေကနေ့စားအနေနဲ့စ ၀င်ရမှာ၊ ပြီးမှ နောက်ထပ် သင်တန်းပေးပြီးတော့မှ ပညာရေးဝန်ထမ်းအဖြစ် ခန့်အပ်မှာဖြစ်တယ်” ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ ညွှန်မှူး ဦးအေးကြိုင်က ပြောသည်။

အဆိုပါ ၀င်ခွင့်စာမေးပွဲကို ဧပြီလ (၉) ရက်နေ့တွင် ဖြေဆိုခဲ့ရပြီး ဖြေဆိုသူဦးရေအနေဖြင့် အထက်မြန်မာပြည်တွင် တစ်သိန်းနှစ်သောင်း၊ အောက်မြန်မာပြည်တွင် ကိုးသောင်း ကျပ်ဝန်းကျင်နှင့် အမှတ် ( ၃)
အခြေခံပညာဦးစီးဌာန လက်အောက်တွင် လူဦးရေ သုံးသောင်းဝန်းကျင်ခန့် ၀င်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

“ အထွေထွေ၊ အင်္ဂလိပ်စာနှဲ့ သချာင်္ ဖြေရတယ်၊ သုံးဘာသာလုံးကိုတစ်နာရီပဲ ဖြေရတယ်၊ဖြေရတာကတော့ ဘာမှ အခက်အခဲ မရှိပါဘူး၊ ဒါပေမဲ့ သိချင်တာက အဲလောက် လူအများကြီး ၀င်ဖြေတာ သူတို့ ဘယ်လို ပြန်ရွေးမလဲဆိုတာ မသိဘူး၊ ဘာလို့လဲဆိုတော့ ဖြေတဲ့ သူတွေ အများကြီးပဲ၊ အကုန်လုံးကလည်း ဖြေနိုင်ကြတယ်ပဲ ပြောကြတယ်” ဟု ပခုက္ကူမြို့တွင် လာရောက်ဖြေဆိုသူ မဆုချိုသင်းက ပြောသည်။

အဆိုပါမူလတန်းပြ ၀င်ခွင့်စာမေးပွဲအတွက် အသက်(၁၈) နှစ်မှ (၄၀) အထိ သတ်မှတ်ထားပြီး ၀င်ခွင့်အောင်စာရင်းကို မေလအတွင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မူလတန်းပြတွေအတွက် အခုလို လုပ်ပေးတာကောင်းပါတယ်၊ ဒါပေမဲ့ အရေအတွက်တိုးလာပြီး အရည်အချင်း မရှိမှာပဲ စိုးရိမ်တယ်၊ ဒါပေမဲ့ မူလတန်းပြတွေအပြင် အထက်တန်းပြ ဆရာ/ဆရာမတွေလည်း ခေါ်ပေးစေချင်တယ်၊ အခုက ကျွန်မ သားအတန်းမှာဆိုရင် ကျောင်းသားတွေက အယောက် (၈၀) ကျော်တယ်၊ အဲဒီတော့ ဆရာမတစ်ယောက်က ကျောင်းသားတွေအကြောင်း အကုန် ဘယ်သိပါ့မလဲ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုရာတွင် မိမိလျှောက်ထားလိုသည့်နေရာဒေသကို လျှောက်ထားနိုင်ပြီး အဆိုပါ နေရာဒေသတွင်  နေရာလစ်လပ်မှုရှိပါက ခန့်အပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(မြစ်မခ)
Myit Makha Mediagroup

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

4 May, 2013
ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက  အသက်ဆုံးရှုံးသည်အထိဖြစ် ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်းကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ ဆေးရုံတွေ ကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့် တာတွေ ဖြစ်လာတယ်။ အဲဒီတော့ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ် သင့်တယ်”ဟု နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က အကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါခံစားနေရသူများ သည် ရောဂါလက္ခဏာမပြသည့် အတွက်ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု  သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင် ကဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီးသွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင် ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။ သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့် အနားယူခြင်း၊ တင်းကျင်သော အ၀တ်အစားများအား ဖြေလျော့ထားသင့်ကြောင်း၊ လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့် အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။


လွင်ထူးကို(မြစ်မခ)
Myit Makha Mediagroup

နာဂစ်ဒဏ်သင့် ဘိုးဘွားများအတွက် နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဆောက်မည်

စနေနေ့၊ မေလ ၀၄ ရက် ၂၀၁၃ ခုနှစ်
နာဂစ်ဒဏ်သင့် ဘိုးဘွားများနှင့် ခိုကိုးရာမဲ့ ဘိုးဘွားများအား ရည်ရွယ်ကာ နာဂစ်ဆည်းဆာ ဘိုဘွား ရိပ်သာအား တည်ထောင်မည်ဟု အသက် ၇၈ နှစ် အရွယ်ရှိ ဒေါ်ရှု(ပြည့်သူ့ဂုဏ်ရည်) မှ ပြောသည်။

၎င်းက “ အခုရိပ်သာ တည်ဆောက်ဖို့ ဦးရှမ်းအောင်မြင်က ပြုပြင်ပြီးသားမြေယာ ၆ ဧက လှူထားပါတယ်။ အခုအုတ်တသောင်းခွဲ ကျောက်ကျင်း ၈၀ နဲ့ ပိုက်ဆံ ၂,၅၀၀,၀၀၀ ကျပ် စုမိထားပါတယ်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာအား ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀၀ နီးပါး ရှိသော ကဒုံကနိကျေးရွာတွင် တည်ဆောက်မည်ဖြစ်ပြီး ဓမ္မာရုံ၊ ထမင်းစားဆောင်နှင့် အဖိုးဆောင် ၊ အဖွားဆောင် စသည်ဖြင့် စုစုပေါင်းလေးဆောင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဒေါ်ရှုက ဆိုသည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးကော်မတီအား အဖွဲ့ဝင် ၁၅ ယောက်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ရွှေတွံတေး ဆရာတော်မှ နာယကအဖြစ် ပါဝင်ကာ ငွေ ၁၀ သိန်းကျော် လှူဒါန်း ထားကြောင်း သိရသည်။ ဘိုကလေးမြို့နယ် စက်စမ်းကျေးရွာရှိ ရှေ့ကျောင်း လက်ထောက် ဆရာတော် ဦးကာတုံည မှလည်း မေ ၉ ရက်တွင် ကျင်းပမည့် တရားပွဲမှ ရရှိလာသော အလှူငွေများအား န၀ကမ္မ အလှူငွေ အဖြစ် ဘိုးဘွားရိပ်သာ ကော်မတီသို့ လှူဒါန်းမည့်အပြင် ဦးကျော်သူ(နာရေးကူညီမှု အသင်း) မှလည်း ဘိုးဘွား ရိပ်သာရှိ ဘိုးဘွားများ၏ ကျန်းမာရေးကိစ္စအား ကူညီပေးရန် ပြောထားကြောင်း သတင်းရရှိသည်။

ဒေါ်ရှုက “နာဂစ်ဖြစ်ပြီး ငါးရက်လောက်နေတော့ နာဂစ်ဖြစ်တဲ့ ဒေသတွေကို သွားပြီးလှူဒါန်းဖြစ်ရာက မြင်တွေ့ လာရတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကိုမြင်တွေ့ရာကနေ ဒီလိုမျိုး ဘိုးဘွားရိပ်သာ တည်ဆောက်ဖို့ စိတ်ကူးဖြစ်တာပါ" ဟု ရှင်းပြသည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာအား ပန္နက်ရိုက်ရန် ရက်အား အတိအကျ မသတ်မှတ် ရသေး သော်လည်း ထိုင်းနိုင်ငံမှ ဘုန်းကြီးများမှ လာရောက် ပန္နက်ရိုက်ပေးမည် ဖြစ်ကြောင်း ဒေါ်ရှုမှ တဆင့် သိရသည်။

ရိပ်သာ တည်ဆောက်ရန် ဦးဆောင်သူ ဒေါ်ရှုသည် ၂၀၁၁ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်သော သံဃာတော်များအား ကူညီခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ မိသားစုများမှ ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့သည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာတွင် လှူဒါန်းလိုသူများ အနေဖြင့် ဒေါ်ရှု (ပြည့်သူ့ဂုဏ်ရည်) ၀၉ - ၇၃၀၆၆၁၇၉ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
ယုဝေ
Mizzima - News in Burmese

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ငွေဒဏ်မဆောင်ဘဲ ထောင်သုံးလကျခံ

ရန်ကုန်၊ မေ ၂
ရဲတပ်ဖွဲ့ဝင်များ လာဘ်စား သည်ဟု ပြောဆိုသည့်စွပ်စွဲချက်ဖြင့် တရားစွဲထားသော အမှုကို ပန်းတနော် မြို့နယ် တရားရုံးက မေလ၂ရက်နေ့တွင် ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ငွေဒဏ်ကို လက်မခံ ဘဲ ထောင်သုံးလသာ ကျခံရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ အတွင်းရေးမှူး ဦးကျော်က အတည်ပြုပြောကြားသည်။
"နေ့ခင်း ၁ နာရီထဲက ထောင်ထဲ ရောက်သွားပါပြီ"ဟု ၄င်းက ဆိုသည်။

တရားစီရင်ရေးမဏ္ဍိုင်တွင် တရားဥပဒေ မစိုးမိုးသည်ကိုပြချင်၍ တရားရုံး၏ ငွေဒဏ်ကိုငြင်းပယ် လိုက်သည့်အတွက် မအူပင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ပန်းတနော်မြို့နယ် အောက် ကဇင်းကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သော လူထု တွေ့ဆုံပွဲ၌ ရဲများလာဘ်စားသည်ဟု ထည့်သွင်းပြောဆို ခဲ့ခြင်းကြောင့် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
"တရားရုံးက ဒဏ်ငွေမဆောင်ရင်တော့ ထောင်ဒဏ်ချမှာပဲ။ ဒါဥပဒေပဲ" ဟု ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပေးသည်။

ဦးနေမျိုးဇင်သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ပန်းတနော်မြို့နယ်တွင် ပြုလုပ်သည့် အခွင့်အရေးနှင့် ရပိုင်ခွင့် ဆုံးရှုံးနေသည့် ရေလုပ်သားနှင့် လယ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်ခဲ့သည့် အပြင် ပန်းတနော်ဒေသခံ တစ်ထောင်ကျော် ပါဝင်သော ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌရာထူးမှ မပြောင်းရွှေ့ရေး တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲ တွင်လည်း ဦးဆောင်ခဲ့သည်။
The Voice Weekly

တာဝန်ကျေစပါးရောင်းချနိုင်သော်လည်းလူကြီးကလယ်သိမ်းသည်

May 4, 2013
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်း တန်းကျေးရွာနေ လယ်သမားကြီး ဦးရှမ်းနီ မိသားစုသည် ကွင်းအမှတ် (၅၈၉)ဦးပိုင်အမှတ်(၁/က)လယ် ဧက(၁၅.၄၆)လုပ်ကိုင်လာပြီး ၁၃၃၇ ခုနှစ်တွင် နိုင်ငံတော်မှ စပါးပြီးစပါး စိုက်ပျိုးရန်စီမံကိန်း အား အကောင်အထည်ဖော်ဆောင် ရွက်ပေးသည့်အတွက် ကျောက် တန်းမြို့နယ် ပါတီကလပ်စီး ဦးဗလ နှင့် ဦးကျော်စွာတို့၏ စီမံခန့်ခွဲမှုဖြင့် ဇွဲဘာကုန်းတန်းကျေးရွာ ပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဦးသိန်းငွေမှ အဆိုပါ လယ်မြေအား ဦးရှမ်းနီ နာမည်ဖြင့် မြေခွန်ပြေစာရရှိအောင် လုပ်ကိုင်ပေးခဲ့ကြောင်း ဦးရှမ်းနီက ဆိုပါသည်။

ထိုသို့လုပ်ကိုင်လာစဉ် ဦးရှမ်းနီသည် ပြစ်ဒဏ်တစ်ခု ဖြင့် ပြစ်ဒဏ်ကျနေစဉ် အဆိုပါ လယ်အား ဇနီးနှင့်တူတို့ လုပ် ကိုင်ရန် တာဝန်ကျေစပါးရောင်း သော်လည်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းငွေက စည်းကမ်း ပျက်ဟု သတ်မှတ်စွပ်စွဲပြီး ပြန် လည်သိမ်းယူ၍ ၎င်းင်း၏ သမီး ဖြစ်သူ ဒေါ်မြင့်ဌေးအမည် ပေါက်ပြုလုပ်၍ လုပ်ကိုင်စေခဲ့ ကြောင်း ဦးရှမ်းနီနှင့်ဇနီးတို့က ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ ဦးရှမ်းနီက ကျေးရွာမြေယာ ကော်မတီနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနသို့ ကန့်ကွက်စာတင် ထား၍ (၂၀၁၃)ခုနှစ် မတ်လ (၁၇)ရက်တွင် ကျေးရွာမြေယာ ကော်မတီမှ ဦးရှမ်းနီမိသားစုနှင့် သက်သေအဖြစ် လယ်ကံဇဉ်းတင် (၃)ဦးအား စစ်ဆေးပြီးကြောင်း ဦးရှမ်းနီမှHot News ဂျာနယ်သို့ ပြောပြ၍ သိရှိရသည်။

၎င်းလယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ကျောက်တန်းမြို့ နယ်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစောစံနိုင်နှင့် (၂၀၁၃)ခုနှစ် ဧပရယ်လ (၂၂)ရက်တွင် မီဒီယာ မှ တွေ့ဆုံမေးမြန်းရာ ကျေးရွာ မြေယာကော်မတီမှ ၎င်းထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း တင်ပြလာသည့်အခါတွင် လယ် သမားများအား ခေါ်ယူစစ်ဆေး ၍ တွေ့ရှိချက်အရ အမှန်အတိုင်း ဖြစ်စေရမည်ဟု ပြောကြားပါ သည်။
အရိန္ဒမာ(ဘိုကလေး)
 The Hot News

မိုးသက်လေပြင်းကြောင့်ဘုန်းကြီးကျောင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြား ပျက်ဆီး

May 4, 2013
ယနေ့နေ့လည် ၂ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အရှေ့စု တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဇေယျသိဒ္ဓိ ဘုန်းကြီးကျောင်း အနောက် ဖက်ခြမ်း အခန်းရေ ၇ ခန်းရှိ သွပ်အချပ် ၁၃၀ ခန့်လွင့်ပါပျက်စီး ကာ ဒိုင်း ၂၅ ချောင်း မျှား အချောင်း ၄၀ ခန့် ကျိုးပဲ့ပျက် စီးသွားပြီး ကုက္ကိုစုကျေးရွာ အထက(ခွဲ) ရှိ ပေလေးပင် ကျောင်းဆောင်နှင့် ဗိသနိုးကျောင်းဆောင်ရှိ သွပ် ၂၀၄ ချပ်လွင့်ပါပျက်စီးကာ ဒိုင်းမျှား ၅၁ ချောင်းပျက်စီးသွားကြောင်းသိရသည်

အလားတူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သွပ် ၁၆ ချပ်ခန့် လွင့်ပါပျက်ဆီး ကာ ဒိုင်းမျှား ၄ ချောင်းပျက်စီးသွား ပြီး ကုက္ကိုစုကျေးရွာ အနောက်စုရှိ အမက -၂ ကျောင်းတွင် ခေါင်မိုးတခြမ်း အမိုးလန်သွားကာ သွပ် ၄၀ ခန့်လွင့်ပါပျက်စီး ကာ ကုက္ကိုဝရွာတွငိ နေအိမ် ၇ လုံးပြိုကျပျက်စီးကာ အမိုးလန်သွားသော နေအိမ် ၈၀ ခန့်ရှိကြောင်း ပရပ်ကြယ်ကျေးရွာတွင်လည်း နေအိမ် ၃လုံးခန့် အမိုးအကာ များပျက်စီးသွားကြောင်း တောင်တွင်းကြီးသတင်းထောက် ဟင်္သာ(တောင် တွင်းကြီး) ကသတင်းပေးပို့သည်။
ဟင်္သာ(တောင်တွင်းကြီး)
The Hot News

ဘရိတ်ပေါက်တော့ အသက်ပျောက်ပေါ့

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် နေ့ ညနေ (၃)နာရီ (၁၅) မိနစ် ချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၅) ကွတ်ခိုင်လမ်း နှင့် သာသနာ (၂၅၀၀) လမ်းဆုံ အနီးတွင် ယာဉ်ထပ်ဆင့်တိုက်မှု ကြောင့် သေကြေ၊ ထိခိုက်ဒဏ် ရာရနှင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ ရပါပြီ။

ဖြစ်စဉ်မှာ မန္တလေးမှမူဆယ် သို့ယာဉ်မောင်းသိန်းရွှေမောင်းနှင် လာသောယာဉ်အမှတ် (၃ခ/၅၉၁၈) နီဆန်းဒီဇယ် (၁၂) ဘီးယာဉ်သည် ဆောက်လုပ်ရေးသံချောင်းများ တင်ပြီး (တောင်မှမြောက်)သို့ ကွတ်ခိုင်ဘက်သို့ဆင်းလာစဉ် အမေ့အိမ်စားသောက်ဆိုင်အလွန် တွင် ဘရိတ်ပေါက်ပြီး အဆင်းလမ်း  ကြောင့် အရှိန်တဖြည်းဖြည်းများ လာကာ လမ်းဘေးဓာတ်တိုင် အမှတ် (၀၂) အား တိုက်မိကာ တဖက်ယာဉ်ကြောသို့ရောက်ရှိသွား  ကာကွတ်ခိုင်ဘက်လမ်းမှတက်လာ သော (မြောက်မှတောင်)သို့မောင်း  နှင်လာသော ယာဉ်မောင်းမိုးထက် ကျော်မောင်းနှင်သည် (Foton- Colling) သုံးတန်လိုက်ထရပ်ယာဉ် နောက်ပိုင်းဖျားအား တိုက်မိခဲ့ပြီး ၎င်းယာဉ်နောက်မှ ကပ်လျက်လိုက်  ပါလာသည့်သက်နိုင်ဦးမောင်နှင် ပြီးနောက်မှ မနီနီလွင်တို့စီးလာ သည့်မော်တော်ဆိုင်ကယ်ကို ထပ်မံတိုက်မိခဲ့ပြီး ၎င်းင်းမှတဖန် ဒေါ်ခင်ယုစာသင်ဝိုင်းရှေ့လမ်းဘေး တွင် ရပ်ထားသည့်ဆိုင်ကယ် (၂) စီးကို ထပ်မံတိုက်မိပြီးအရှိန်လွန်  ကာဒေါ်ခင်ယုစာသင်ဝိုင်းနေအိမ် ခြံဝန်း(ချိုင့်ဝှမ်း) အတွင်းသို့ကား ပတ်လက်လန်ပြုတ်ကျသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် (၃ခ/ ၅၉၁၈) ယာဉ်မောင်းသိန်းရွှေ (သေဆုံး)၊ ခေါင်းခန်းတွင် လိုက်ပါ လာသူမခင်မေ၀င်း (သိန်းရွှေ၏ ညီမ)မှာ ရင်ဘတ်နာကျင်၊ ၀မ်းဗိုက် နာကျင်၊ စကားမပြောနိုင်၊ ဒဏ်ရာ  ရခဲ့ (မစိုးရိမ်ရ) စပယ်ယာမောင် အောင်နိုင်မှာ ဒဏ်ရာမရသော် လည်း ကွတ်ခိုင်ဘက်မှဆိုင်ကယ် ဖြင့် စီးနင်းတက်လာသူ (ကိုသက် နိုင်ဦး) ဦးနှောက်ပွင့် (သေဆုံး)၊ ဆိုင်ကယ်နောက်တွင် စီးနင်းလာ သူမနီနီလွင်သတိမေ့၊ ဒဏ်ရာရခဲ့ (ဆေးရုံတွင်ကုသမှုခံယူဆဲ)။

အဆိုပါယာဉ်တပ်ဆင့်တိုက်မှု ကြောင့် (၃ခ/၅၉၁၈) (၁၂) ဘီး ကားကြီး လုံးဝပျက်စီး၊ အတိုက်ခံ ရသည့် (Foton-Collin) အနောက်  ဘက်ပိုင်းကိုယ်ထည်ပိန်ချိုင့်ခဲ့၊ အတိုက်ခံရသည့်ဆိုင်ကယ် (၃) စီး တစ်စစီပျက်စီးသွားခဲ့ကာ ရပ်ကွက် (၁)၊ နယ်မြေ (၅) ကွတ်ခိုင်လမ်း  ဒေါ်မေသန်းအိမ်အုတ်ခြံစည်းရိုး  ပျက်စီးပြီး၊ ဓာတ်တိုင်အမှတ် (၀၂)  ပျက်စီးသွားပါသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက် ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမှုဖွင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း နှင့် ဒဏ်ရာရသူတို့အား လားရှိုး မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု    ခံယူနေကြောင်း သိရပါသည်။
ယခုကဲ့သို့မော်တော်ယာဉ်များ ၏ ဘရိတ်ပေါက်မှုကြောင့် လူသေ၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှုများ  မကြာခဏကြုံတွေ့နေရသဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် တို့မှ မော်တော်ယာဉ်အား အထူး ဂရုပြုစစ်ဆေးပြီး သတိနှင့်အသိ ထိန်းကားမောင်းနှင်ကြဖို့ထပ်ဆင့်  နှိုးဆော်လိုက်ရပါစေခင်ဗျာ။
ထက်နိုင်လူ (ရှမ်း/မြောက်)
The Hot News

တရုတ်မှာ ကြွက်သားတွေ ညာရောင်း

04.05.2013
တရုတ်နိုင်ငံမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့၊ ကြွက်သားတွေကို သိုးသားလို့ ညာရောင်းသူတွေကို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အခုနောက်ဆုံး ကျော်မကောင်းကြားမကောင်းသတင်း ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် တရုတ်စားသုံးသူတွေကြားမှာလည်း ဒီအကြောင်းတွေကိုပဲ ပြောဆိုနေကြပါတယ်။

ရှန်ဟိုင်းနဲ့ ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Wuxi မြို့တွေမှာ ခုလို ကြွက်သားတွေ ကို သိုးသားလို့ ညာပြီး ရောင်းချခဲ့မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထားသူ ၆၃ ဦး ရှိတယ် လို့ တရုတ်ရဲတွေက ပြောပါတယ်။ ဒီဖမ်းဆီးမှုဟာ ဇန်န၀ါရီလကုန်စလို့ တရုတ်နိုင်ငံမှာ အသားတု ဒါမှမဟုတ် မကောင်းတဲ့အသားတွေကို ညာရောင်းသူ ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးဖြစ်တဲ့၊ အသားတု လုပ်ရောင်းသူတွေ အပေါ် နှိမ်နင်းမှုကြီးရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ ကြွက်နဲ့ တခြား အသေးစား နို့တိုက်သတ္တ၀ါတွေရဲ့ အသားနဲ့ လုပ်ထားတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူတွေ မစားရမနေချင်အောင် စွဲဆောင်တဲ့ဆေးတွေနဲ့ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ အသားတန်ချိန် ၂ သောင်းကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေကတော့ သူတို့ရဲ့ဒေါသတွေကို ဝေဘို (Weibo) လို တရုတ် အင်တာနက်လူမှု ကွန်ယက်ပေါ်ကနေတဆင့် ထုတ်ဖော် ပြောဆိုနေကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ကာယကံရှင် ကိုရင်လေးနှင့် တွေ့ဆုံမေးမြန်းခန်း(ရုပ်/သံ)

1-5-2013 ရက်နေ့တွင်ဖော်ပြပါရှိသော 'တိုက်ကြီးနားက ဥက္ကံမှာဖြစ်ပြန်သည့် ပဋိပက္ခအေး ဆေးစွာ ပြေလည်ပြီးနောက် ရဲတိုင် အမှုဖွင့်ရာမှပြန်ဖြစ်ရ' သတင်းခေါင်း ဖြင့် ဖော်ပြခဲ့ပြီး ယင်းသတင်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ဖြစ်ရပ်မှန် သတင်းများ၊ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့တွင် ကာယကံရှင်များ ကြုံတွေ့ခဲ့ရသည် များနှင့် မျက်မြင်သက်သေများ မြင်တွေ့ခဲ့ရသည့် ဖြစ်စဉ်အကြောင်းအရင်းမှန်တို့ကို ပြည်သူလူထုအမှန်အတိုင်း သိရှိစေရန်၊ ကောလာ ဟလသတင်း များအပေါ်၌လည်း မယုံကြည်ကြစေ ရန်အတွက် ရွှေနိုင်ငံသစ် သတင်းစာသတင်းအဖွဲ့မှ ဥက္ကံမြို့သို့ မေလ ၃ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။

(သတင်းအပြည့်အစုံကို မေလ ၄ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာတွင် ဖော်ပြပါရှိပါသည်။)
The Golden Fresh Land Daily Newspaper

အမျိုးသားသတင်းဆု ရရှိသူများ

၂၀၁၂ ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ဝေသော The Myanmar Independent News Journal မှာ ပါတဲ့ အသွင်မတူမှုနှင့် ပဋိပက္ခအသွင်ပြောင်းခြင်း ခေါင်းစဉ်ဖြင့် စာရေးဆရာမ မသီတာ(စမ်းချောင်း)မှ အကောင်းဆုံး အယ်ဒီတာ အာဘော်ဆု ရရှိစဉ်
..............................
The Voice Journal Vol-8, No-13 ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ခေါင်းစဉ်ဖြင့် အကောင်းဆုံး သတင်းဆုကို The Voice သတင်းအဖွဲ့ မှ ရရှိ

 ..........................................
မြစ်ဆုံ ပြန်စမည်လော (၂၀၁၂ ထုတ် မတ် ၂၆-ဧပြီ ၁) ခေါင်းစဉ်ဖြင့်
အောင်ဘိုဘိုရှိန် + ကျော်စွာစိုး(The Voice)တို့မှ အကောင်းဆုံး သတင်းဆောင်းပါးဆု ရရှိ
.............................................
မော်နီတာသတင်းဂျာနယ်မှ ဓာတ်ပုံဆရာ ဇော်မင်းနိုင် ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲဓာတ်ပုံနှင့် အကောင်းဆုံး သတင်းဓာတ်ပုံဆု ရရှိစဉ်

............................................
The Voice Weekly Journal အတွဲ ၈ အမှတ် ၁၈တွင် ပါဝင်သော ကာတွန်းဖြင့် ကာတွန်းဆရာ ကျော်သူရိန်က အကောင်းဆုံး သတင်း ကာတွန်းဆု ရရှိသွားစဉ်

..............................................
မီဒီယာဖိနှိပ်မှုနှင့်လူငယ်သတင်းစာ ဆရာများ မီဒီယာ လွတ်လပ်ခွင့် အရေးဆို ခေါင်းစဉ်ဖြင့် MNTV သတင်းအဖွဲ့က အကောင်းဆုံး ရုပ်သံ သတင်းဆုကို ရရှိစဉ်

 The Myanma Age

ကျွမ်းကျင်သူများ ဆုံးဖြတ်ပေးသောဆုဖြစ်၍ လိပ်ပြာသန့်သည်ဟု ဦးဝင်းငြိမ်းပြော

ရန်ကုန်၊ မေ ၃။
ဒုတိယအကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ပွဲအခမ်းအနားကို အမျိုးသားသတင်းဆု ကော်မတီက
ကြီးမှူး၍ ရန်ကုန်မြို့ မြို့မကျောင်းလမ်း ရှိ အမျိုးသားဇာတ်ရုံတွင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက် ညနေ ၆ နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“အမျိုးသားသတင်းဆုလို့ ကြေညာပေမယ့် ဆုပေးခဲ့တဲ့ နှစ်နှစ်လုံးမှာ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ပြီးမှ ချီးမြှင့်ရသလို ဖြစ်နေတယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပြိုင်ပွဲပုံစံဖြစ်သွားရတဲ့ အတွက် နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင် ကြိုးစားသွားဖို့ ရှိပါတယ်။ ဆု ၆ ဆု ဖြစ်တဲ့ အတွက် ရွေးချယ်ရေးကော်မတီ ၆ ဖွဲ့ ဖွဲ့ပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများ ဆုံးဖြတ်ပြီးမှ ပေးတဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်သန့်ပါတယ်” ဟု အမျိုးသားသတင်းဆု ကော်မတီဥက္ကဌ ဦးဝင်းငြိမ်းက ပြောကြားသည်။

ယခုကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် အကောင်းဆုံး အယ်ဒီတာအာဘော်ဆုကို  The Myanmar Independent  News Journal၊ အကောင်းဆုံး သတင်းဆုကို The Voice Weekly Journal ၊ အကောင်းဆုံး သတင်းဆောင်းပါးဆုကို  မြစ်ဆုံပြန်စမည်လော ခေါင်းစဉ်ဖြင့် အောင်ဘိုဘိုရှိန်နှင့် ကျော်စွာစိုး (The Voice)၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုကို မော်နီတာသတင်းဂျာနယ်မှ ဓါတ်ပုံဆရာ ဇော်မင်းနိုင်၊ အကောင်းဆုံး သတင်းကာတွန်းဆုကို The Voice Journal မှ
ကာတွန်းဆရာ ကျော်သူရိန်၊  အကောင်းဆုံး ရုပ်/သံ သတင်းဆုကို မီဒီယာဖိနှိပ်မှုနှင့် လူငယ်သတင်းစာ ဆရာများမီဒီယာ လွတ်လပ်ခွင့် အရေးဆို ခေါင်းစဉ်ဖြင့် MNTV သတင်းအဖွဲ့ စသည့်မီဒီယာ များမှ
ရရှိသွားကြောင်း သိရသည်။

“အခု ထုတ်ဝေနေတဲ့ ပုံမှန်ထုတ် ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ပါတဲ့ ခေါင်းကြီးလို့ခေါ်တဲ့ အယ်ဒီတာ့အာဘော်ဟာ အလွန်အရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိလုပ်ကိုင်နေတဲ့ စာနယ်ဇင်းရဲ့ မူဝါဒကို
ကိုယ်စားပြုပြီး စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်နေသလဲဆိုတာ ဖွင့်လှစ်ပြသရတာကြောင့်ပဲ ဖြစ်တယ်” ဟု အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုရွေးချယ်ရေးအဖွဲ့မှ ဦးကြည်မင်းက သုံးသပ် ပြောကြားသည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သတင်းစာ လွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့ပြီးနောက်ပိုင်း
သတင်းစာများမှာ အစိုးရ၏ ဝါဒဖြန့်ချီရေးအဆင့်သာ ရှိခဲ့ကြောင်း၊ ထိုအချိန်မှစ၍ သတင်းကာတွန်းများ၏ အခန်းကဏ္ဍမှာ လုံးဝမှေးမှိန်ခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီနှင့် ဝေးကွာခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ပြုလုပ်သော အမျိုးသား သတင်းဆု ပေးပွဲတွင် အကောင်းဆုံး သတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာ (၆)ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ အနာဂါတ်သစ်အတွက် အစပျိုးခြင်းသတင်း၊ အကောင်းဆုံး
သတင်းဆောင်းပါးဆုကို ၂၀၁၁ အောက်တိုဘာ (၂၇)ရက်နေ့ထုတ် 7Day News Journal တွင်ပါသည့် လက်နက်ကိုင်စကားဝိုင်းပေါ် ရောက်ပြီလား ဆောင်းပါး၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုကို ၂၀၁၁ ဇူလိုင်လ (၇)ရက်နေ့ထုတ် Popular News Journal ပါ အငြိမ်းစားများ သတင်းဓါတ်ပုံနှင့် အကောင်းဆုံး သတင်းကာတွန်းဆုကို ၂၀၁၁ ဇူလိုင်လ (၂၆)ရက်နေ့ထုတ် True News Journal တွင် ဖော်ပြသည့် ပုံပြင်ထဲကလိုတော့ သတင်းကာတွန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ယင်းလေးဆုအပြင် ၂၀၁၁ ခုနှစ်
ဖြည့်စွက်ဆုဖြစ်သော တစ်နှစ်အတွင်း ထူးခြားသတင်းဓါတ်ပုံဆုကို ၂၀၁၁ ခုနှစ် သြဂုတ်(၂၀)ရက်နေ့တွင်
နိုင်ငံပိုင် သတင်းစာများ၌ မျက်နှာဖုံးဓါတ်ပုံအဖြစ် ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံအောက်တွင်
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွဲပြီး ရိုက်ထားသော သတင်းဓါတ်ပုံက ဆုရရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ်မြောက် အမျိုးသားသတင်းဆု ပေးအပ်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု
ကျင်းပပြုလုပ်သည်မှာ ဒုတိယအကြိမ်မြောက် အမျိုးသားသတင်းဆု ပေးအပ်ပွဲဖြစ်ပြီး ယင်းပွဲသို့
စာရေးဆရာများ၊ မီဒီယာသမားများအပြင် နိုင်ငံရေးသမားအချို့ပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ကလောမြေပြို လူဆယ်ဦးကျော်သေဆုံး

03.05.2013
မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်ရဲ့တောင်ပိုင်း ကလောမြို့မှာ မိုးသည်းထန် စွာ ရွာသွန်းပြီးတော့ ရွှေတွင်းပြိုကျခဲ့တဲ့အတွက်  အနည်းဆုံး လူ ၁၆ ဦးသေ ဆုံးပြီးတော့ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက ကလောမြို့အနီးဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာ ခဲ့ပြီးတော့ ရွှေတွင်းပြိုကျတာ အပါအဝင်  အနည်းဆုံး နှစ်နေရာမှာ မြေပြို မှုတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က တင်ပြပေးထားပါတယ်ရှင်။

ရှမ်းပြည်နယ်။ ကလောမြို့နဲ့ ၁၈ မိုင်လောက် ကွာတဲ့ ရွှေမြင်းကုန်းရွာဘက်က လာတဲ့ တောင်ကျရေကြောင့် မြေပြိုကျပြီး အာရှ ကမ္ဘာမြေ ရွှေနဲ့ သတ္တု တူးဖော်ရေး လုပ်ကွက်က ဝန်ထမ်း ၁၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ပျောက်ဆုံးနေ ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။ မြေပြို တဲ့နေရာကို ရောက်ခဲ့တဲ့ နယ်မြေခံတစ်ဦးလည်းဖြစ်၊ ချယ်ရီ FM သတင်းထောက် တစ်ဦးလည်းဖြစ်တဲ့ ဦးဇော်သိန်းရီကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ မေလ ၂ ရက်နေ့ မနက်ပိုင်း တောင်ကျရေကြောင့် မြေပြိုခဲ့ရာမှာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။

“မိုးပြင်းလေပြင်းတွေ တိုက်ခတ်ပြီးတော့ မိုးတွေရွာလို့ သစ်ပင်တွေ ပြိုလဲကျပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ မိုးသည်းထန်စွာရွာပြီး တောင်ကျရေ တရှိန်ထိုး ဆင်းလာပြီးတော့ သတ္တုတွင်းလုပ်ငန်းခွင်တွေထဲကို ရေတွေ ဝင်လာပြီးတော့ လူ ကိုးဦးသေဆုံးတယ်။ ၈ ဦး ဒဏ်ရာရတယ်။ ပျောက်ဆုံးနေ တာလည်း ကိုးဦး ရှိပါတယ်။ ကိုးဦးကတော့ အလောင်းချက်ခြင်း မနေ့က တည်းက ရပါတယ်။ ၇ ယောက်က မနေ့ကတည်းက နွံတွေထဲမှာ နစ်နေတာ။ ဒီနေ့ ၂ ယောက် ဆယ်လို့ ရပါတယ်။ အခုနက ပြောတဲ့ လူတွေကို ဆယ်ကြ၊ ရှာကြတာပေါ့နော်။ ရဲတွေအင်အားနဲ့ နောက်ပြီးတော့ မီးသတ်တွေ၊ ကြက်ခြေနီတွေအင်အားနဲ့ ဆင်းဆယ်ကြတာပေါ့။ ဆယ်ကြတော့ နောက် ၂ လောင်းတော့ တွေ့ပါတယ်။ လုံခြုံရေးအရာရှိတွေ ဝန်ထမ်းတွေပေါ့နော်- အဲလိုလူတွေ ဆုံးသွားတာပေါ့။ သူတို့တွေက တောင်ကြီးတွေကို လှိုဏ်ခေါင်းကြီးလို တူးပြီးတော့ ရွှေထုတ်ကြတာပေါ့။ ရွှေတွင်းထဲ ကို တောင်ကျရေတွေရော ကမ္ဘားပြိုတာတွေရော အကုန်လုံးက ရေမွန်း ကုန်ပြီး မြေကြီးတွေနဲ့ အကုန်လုံး ရောသွားတာပေါ့။ နွံတွေလို ဖြစ်သွားတာပေါ့။”

မေလ ၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျောက်ဆုံးနေ သူတွေထဲ အလောင်း ၂ လောင်းကို သာ တွေ့ခဲ့ရပြီး နောက်ထပ် ဆက် မရှာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေ အပါ အဝင် ပျောက်ဆုံးနေသူရှိနေတဲ့အတွက် လူ ၁၆ ဦးခန့် သေဆုံးနိုင်တယ်လို့ လည်း ခန့်မှန်းနေကြပါတယ်။ ကလောမြို့မှာတော့ မိုးရွာသွန်းဆဲ ဖြစ်ပြီး သစ်ပင်တွေ ပြိုလဲကျမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်ရှင်။
မအေးအေးမာ
VOA Burmese

ပါကစ္စတန် အထူးရှေ့နေတဦး အသတ်ခံရ

မော်တော် ဆိုင်ကယ် တစီးပေါ်ကနေ သေနတ် သမားတွေက
သူ မောင်းလာတဲ့ ကားကို လှမ်း ပစ်ခဲ့
3 မေလ 2013
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံ ခံရမှုကို စုံစမ်း စစ်ဆေး မှုတွေ လုပ်နေတဲ့ တရားလို အထူး ရှေ့နေ တဦး အစ္စလာမ် မာဘတ် မြို့မှာ သေနတ် သမားတွေရဲ့ လက်ချက်နဲ့ သေဆုံး သွားခဲ့ ပါတယ်။

ချောင်ဒရီ ဇူဖီကာ ဆိုသူ ရှေ့နေဟာ တရားရုံးကို ကားမောင်း သွားနေစဉ် မော်တော် ဆိုင်ကယ် တစီးပေါ် ကနေ သေနတ် သမားတွေက သူ့ကို လှမ်း ပစ် သွားတာ ဖြစ်ပြီး ဆေးရုံ ရောက်တော့မှ သေဆုံး သွားတာ ဖြစ်ပါတယ်။

သူဟာ ၂၀ဝ၈ ခုနှစ်က လူပေါင်း ၁၆၆ ဦး သေဆုံး သွားခဲ့ ရတဲ့ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ တိုက်ခိုက် ခံရမှုနဲ့ ပတ်သက်ပြီး လည်း လိုက်ပါ ဆောင်ရွက်နေတဲ့ အဓိက ရှေ့နေ တဦး ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်း တုန်းကတော့ သူ့ကို သတ်ဖြတ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ တယ်လို မစ္စတာ ဇူဖီကာက ဘီဘီစီကို ပြောခဲ့ဖူး ပါတယ်။

အဲဒါကြောင့်မို့ သူ့အတွက် သက်တော်စောင့် တဦး ပေးဖို့ အာဏာပိုင် တွေထံ သူက တောင်းခံ ခဲ့ပါသေးတယ်။
BBC Burmese

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့မှု သက်တမ်းတိုး

နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေပြီး၊ မြောက်ကိုရီးယားနဲ့လည်း ဆက်ဆံမှု
ရှိ နေတာ ကြောင့် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

3 မေလ 2013
အမေရိကန် ပြည်ထောင်စုဟာ မြန်မာ နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို သက်တမ်း တနှစ် ထပ်တိုး လိုက် ပါတယ်။

မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့လည်း စစ်ရေး ဆက်ဆံ မှုတွေ ဆက်ရှိ နေတာ ကြောင့် အခုလို သက်တမ်း ထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့မှု တွေကတော့ မြန်မာ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ဆန့်ကျင်တဲ့ ဒါမှ မဟုတ် မြောက်ကိုရီးယားနဲ့ ပတ်သက်နေ သူတွေနဲ့ ကုမ္ပဏီ တွေကို အဓိက ထား ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက ကွန်ဂရက်ကို ပေးပို့တဲ့ စာထဲ မှာတော့ မြန်မာ နိုင်ငံက ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှုတွေဟာ နောက်ကြောင်း ပြန် မလှည့်ဘူး ဆိုတာ သူ့ အနေနဲ့ လက်ခံ ယုံကြည် လို့ မရသေးဘူးလို့ ဖေါ်ပြထား ပါတယ်။

ဒါပေမယ့်လို့ မြန်မာ နိုင်ငံ စစ်အာဏာရှင် စနစ်ကို အဓိက ကြိုးကိုင် ခဲ့သူတွေ အပေါ် အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားတာတွေ ကိုတော့ ပြန်ရုပ်ပေး လိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာလည်း မေလ တတိယ ပတ်ထဲမှာ အမေရိကန်ကို သွားရောက်ဖို့ ရှိပြီး ဝါရှင်တန်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရ ပါတယ်။
BBC Burmese

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

ဖနိဒါ | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ်
ချင်းမိုင်(မဇ္စျိမ)။ ။ အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူးစောဆန်းအောင် က ပြောဆိုလိုက်သည်။

“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။ အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။

“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့ နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်းကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။

DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှု ရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။

မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှသေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။
Mizzima - News in Burmese

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မွန်ဂိုလီယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

 မွန်ဂိုလီယားနိုင်ငံမှ ပြန်လည်ရောက်ရှိလားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၃ခုနှစ်၊မေလ ၃ရက် ညပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ကြိုဆိုသူများနှင့်အတူတွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)




ဒ်ါအောင်ဆန်းစုကြည်သည် မွန်ဂိုလီယားနိုင်ငံမ္မတ၏ ဖိတ်ကြားခြင်းကြောင့် မွန်ဂိုလီယားနိုင်ငံသို့ ဧပြီလ၂၇ရက်နေ့ကသွားခဲ့ပြီ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ”ကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်
လေဆိပ်သို့ ည (၁၀) နာရီ(၁၅) မိနစ်အချိန်တွင်ရောက်ရှိခဲ့သည်။
Mizzima - News in Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com