http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့ သံချပ်ကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဖြန့်ချီလိုက်

အခုနှစ် အတာသင်္ကြန်အတွက် "ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့" လို့ အမည်ပေးထားတဲ့ သံချပ်ကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဖြန့်ချီလိုက်ပါတယ်။ RFA အဖွဲ့သား ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

RFA Burmese

ကားဈေး ပြန်ကျ၊ ရန်ကုန်ဝယ်လက်ကို အားပြုရောင်းနေရ

ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် မော်တော်ကား ဈေးကွက်အတွင်း လွန်ခဲ့သည့် သုံးပတ်ခန့်က ကျပ် ၅ သိန်းမှ ကျပ် ၁၀ သိန်းအတွင်း ဈေးတက်ခဲ့သော မော်တော်ယာဉ် ဈေးနှုန်းများ ဧပြီလဆန်းပိုင်းတွင် အနည်းငယ် ပြန်ကျလာ
သော်လည်း နယ်ဝယ်လက် မတက်သဖြင့် ရန်ကုန် ဝယ်လက်ကိုသာ အားထားနေရကြောင်း ကားပွဲစားများထံမှ သိရသည်။

“အခုချိန်က ၁၀ တန်း ဖြေပြီးချိန်လည်းဖြစ်၊ ခရီးသွားလာချိန်လည်း ဖြစ်နေတာရယ်ကြောင့် ရန်ကုန် ဝယ်လက်တွေ ငြိမ်တယ်။ မိတ္ထီလာကိစ္စတွေကြောင့် နယ်ဝယ်လက်တွေ ရန်ကုန် တက်မလာဘူး။ ရန်ကုန် ဝယ်လက်ကို အားပြုရောင်းနေရတယ်” ဟု မော်တော်ကား ရောင်းဝယ်ရေးအသင်း (ဗဟို) ရန်ကုန်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းဦး က ဆိုသည်။

စိန်ဂျွန်း ကားဝိုင်းတွင် ပရိုဘောက်၊ ကိုရိုလာဗင်၊ အေဒီဗင်၊ ဟွန်ဒါဖစ်နှင့် တိုရိုတာဗက်တာ ကားများသာ မေးမြန်း ဝယ်ယူနေသည်။

“ဧပြီ ၃ ရက်နေ့ ပေါက်ဈေးအနေနဲ့ ၂၀၀၇ မော်ဒယ် ပရိုဘောက်က ကျပ် ၁၂၅ သိန်း၊ ၂၀၀၇ မော်ဒယ် ကိုရိုလာဗင်က ကျပ် ၁၇၅ သိန်း၊ မော်ဒယ် ၂၀၀၀ အထက် အေဒီဗင်က ကျပ် ၁၁၅ သိန်း ရှိပါတယ်။ ဟွန်ဒါဖစ် ၂၀၀၇ မော်ဒယ်က ကျပ် ၁၁၅ သိန်း၊ ၂၀၀၉ မော်ဒယ်က ကျပ် သိန်း ၁၄၀၊ ၂၀၀၇ မော်ဒယ် တိုရိုတာဗက်တာက သိန်း ၁၃၀၊ ၂၀၀၉ မော်ဒယ်က သိန်း ၁၆၀ ပေါက်ဈေး ရှိနေပါတယ်” ဟု ဝါရင့် ကားပွဲစား ဦးသန်းဌေး က ပြောသည်။

အရောင်းအဝယ် ပါး၍ အပ်ကား-စလစ်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိသည်။

“ဗ နဲ့ ဘ အက္ခရာ စလစ်ဈေးနှုန်းတွေက အခွန်ဆောင်ပြီး ကျပ် ၈၅ သိန်းဝန်းကျင်၊ ရိုးရိုးစလစ်က ကျပ်သိန်း ၈၀ ဝန်းကျင် ရှိတယ်။ သ နဲ့ အ အက္ခရာ အပ်ကား စလစ်ဈေးတွေက ၈၂ သိန်း ဝန်းကျင် ရှိနေတယ်။ န နဲ့ ပ အက္ခရာအပ်ကားတွေက ကျပ်သိန်း ၇၀ ဝန်းကျင်ပဲ ရှိတယ်။ ဝယ်လက် အများစုက အခွန် ၄၀ ရာခိုင်နှုန်းပဲ ဆောင်ရတဲ့ ဗ၊ ဘ၊ လ အက္ခရာတွေကို အဝယ်များတယ်။ ကျန်အက္ခရာတွေက အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ရလို့ သိပ်မဝယ်ကြဘူး” ဟု ကားပွဲစား ကိုမြင့်နိုင် က ဆိုသည်။

AA နှင့် BB တက္ကစီိကားများမှာ ပုံမှန်ဈေးနှုန်းအတိုင်း ရှိနေကြောင်း သိရသည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

ဆင်းကဒ်တကဒ် ကျပ်တထောင့်ငါးရာနှင့် ရောင်းမည်

ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်(မဇ္ဈိမ)။    ။ ယမန်နှစ်က ကျပ် ၂ သိန်းဖြင့်ရောင်းချခဲ့သည့် မိုဘိုင်းဖုန်း ဆင်းကဒ်ကို ယခုလ ၂၄ ရက်နေ့တွင်  ကျပ်တထောင့်ငါးရာဖြင့် ရောင်းချပေးတော့မည် ဖြစ်ကြောင်း ယနေ့ညနေ နိုင်ငံပိုင် ရုပ်သံ သတင်းတွင် ကြေညာသွားသည်။

ကျပ် ၁၅၀၀ ကျပ်ဖြင့်ရောင်းချမည့် ယင်းဆင်းကဒ်တွင် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် ကြိုတင်ထည့်သွင်း ပေးထားမည်ဖြစ်သည်။ ယခုလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေးမည့် မိုဘိုင်းဆင်းကဒ် အမျိုးအစားမှာ CDMA 800 မီဂါဟတ်ဇ်  ဖြစ်ပြီး ယင်းစနစ် တပ်ဆင်ထားခြင်း မရှိသည့် ပြည်နယ်နှင့်တိုင်း ဒေသများတွင်မူ WCDMA 3G ဖုန်းများကို ယခုနှုန်းဖြင့်ပင် ရောင်းချပေးသွားမည် ဟုလည်း  ကြေညာချက်တွင်ပါရှိသည်။

ယခင် ၅ သိန်းဖုန်း ၂ သိန်းဖုန်းများနှင့် ကွဲပြားသည့် အချက်မှာ ကျပ် ၁၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ၅၀၀၀ ကျပ် ငွေဖြည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ အကယ်၍ မဖြည့်သွင်းလျှင်သော်လည်းကောင်း  ၁၅ ရက်အတွင်း ဖုန်းကဒ်ကို အသုံးပြုခြင်းမရှိပါလျှင်သော်လည်းကောင်း လိုင်း အလိုအလျောက် ပိတ်သိမ်းသွားမည် ဟုလည်း ဖေါ်ပြထားသည်။

ဖုန်းခေါ်ဆိုခကို တမိနစ် ကျပ် ၅၀ သတ်မှတ်ထားကာ ဖုန်းလက်ခံပြောဆိုသည့် မိနစ်အတွက် ကောက်ခံမည် မဟုတ်ကြောင်း တလလျှင် ဆင်းကဒ် အရေအတွက်ကို ၃ သိန်းခွဲ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင်ပါရှိသည်။
မဇ္ဈိမသတင်းဌာန

တိုင်းရင်းသား ခေါင်းဆောင်တွေ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး

3/4/2013
ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe အပါအ၀င် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့နဲ့တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ဖိတ်ကြားချက်အရ ကချင်လွတ်မြောက်ရေး အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ ဦးဆောင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ၂၁ ဦးဟာ ဂျပန်နိုင်ငံကို မနေ့က ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အဖွဲ့မှာပါတဲ့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF) အဖွဲ့က ကိုမိုင်ကျော်ဦးက ပြောပါတယ်။

သူတို့ကို ဖိတ်ကြားခဲ့တဲ့ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်သလို တိုင်းရင်းသား နယ်မြေတွေရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာလည်း ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။

UNFC ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဟာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေးအီဆာဆာကာဝါ ကို မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ပြီးနောက်ပိုင်း ဖိတ်ကြားတဲ့ပထမဆုံးခရီး စဉ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်အတွင်း UNFC ခေါင်းဆောင်တွေဟာ ဂျပန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ အပါအ၀င် လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။
Shan News

နိုင်ငံတကာ မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး
Yun Byung-Se တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (၂ ဧပြီ ၂၀၁၃)
02.04.2013
မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာ ရှိပြီး၊ အန္တရာယ်လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဗြောင်စီ (Yun Byung-se) နဲ့ ၀ါရှင်တန်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်လင်းပွဲမှာ မစ္စတာ ကယ်ရီ က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိအကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အပြည့်အ၀ ပြင်ဆင်ပြီးသား ဖြစ်သလို၊ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ မြောက်ကိုရီးယားကလည်း ဒါကို သိပြီးဖြစ်တယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။  မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်တွေ ထပ်ပြီး ထုတ်လုပ်ဖို့နဲ့
နိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ရပ်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို အမြန်ဆုံး ပြန်လည်ပတ်မယ်လို့ ပြောသွားပြီး နာရီပိုင်းအကြာမှာပဲ အခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယား အစိုးရက ယူရေနီယံ သတ္တုသန့်စင်တဲ့ စက်ရုံနဲ့  လက်နက် ထုတ်လုပ် ရာမှာ အသုံးပြုလို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်တဲ့ ၅ မီဂါဝပ်အား ရှိတဲ့  ဓာတ်ပေါင်းဖို ကို အရင်စ လည်ပတ်မယ်လို့ ပြောပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

ဗလီကျောင်းမီးလောင်မှု အဖြစ်မှန်စုံစမ်းဖို့ နိုင်ငံတကာတိုက်တွန်း

ဗလီမီးလောင်မှုအတွင်း သေဆုံးသွားတဲ့ ကလေးငယ် ၁၃ ဦးကို အစ္စလာမ်ဘာသာထုံးတမ်းနဲ့အညီ
ဈာပနကျင်းပခဲ့ (၂ ဧပြီ ၂၀၁၃)
02.04.2013
မနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဗလီ စာသင်ကျောင်း မီးလောင်မှုမှာ သေဆုံးခဲ့သူတွေကို၊ မနေ့ကပဲ ရန်ကုန် ရေဝေး သုသာန်မှာ ဈာပန ပြုလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်ရပ် အသေးစိတ်ကို အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ တဘက်မှာလည်း ဘာသာရေး တင်းမာမှုတွေ ရှိနေချိန် အခုလို ဖြစ်ရပ်ကြောင့်၊ သံသယ ဖြစ်မှုတွေ မရှိအောင် တာဝန်ရှိသူတွေကလည်း ရှင်းလင်း တင်ပြနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ဗလီ ကျမ်းစာသင်ကျောင်းမှာ မီးလောင်လို့ မီးခိုးမွှန်ပြီး သေဆုံးခဲ့တဲ့ ကျောင်းသား ၁၃ ဦးရဲ့ ဈာပနကို မနေ့ကပဲ ရန်ကုန် ရေဝေးသုသာန်မှာ အစ္စလာမ်ဘာသာ ထုံးတမ်းနဲ့ သဂြိုလ်ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်တွေ တတ်ရောက်ခဲ့ကြသလို၊ ၈၈ မျိုးဆက်အဖွဲ့က ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုမြအေးတို့လည်း တတ်ရောက်ပါတယ်။ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်မှာ အခုလို ဖြစ်ရပ်ကြောင့် သံသယနဲ့ အမုန်းတရားတွေ ပျံ့နှံ့လာမှာကို စိုးရိမ်တယ်လို့ ကိုမြအေး က အဲ့ဒီ ဈာပနမှာပဲ ဈာပနလာကြသူတွေကို ပြောခဲ့ပါတယ်။

“ကျနော် မနေ့ကလည်း မိတ္ထီလာ ရောက်ခဲ့တယ်။ ဒုက္ခသည်စခန်း အတွင်းမှာ တွေ့ခဲ့တယ်။ အဲ့ဒီ ဒုက္ခသည်စခန်းတွင်းမှာသည်ပင်လျှင် ကျနော် စောစောက ပြောသွားသလို ကောလဟာလတွေက အရမ်းကို ပြန့်နေတယ်။ လူလူချင်း အမုန်းတရားတွေ ပွားစေတဲ့ ကောလဟာလတွေ အရမ်းကို ပြန့်နေတယ်။ အဲ့ဒါကြောင့် ကျနော်က အရမ်းပဲ စိတ်ပူပါတယ်။ အတိအလင်းပဲ ပြောပါမယ်။ အတိအလင်းဆိုတာက ဒီသင်္ကြန်၊ ဒီသင်္ကြန်ကို ကျနော် အလွန်ပဲ စိတ်ပူနေပါတယ်။ အဲ့ဒါကို ကျနော်တို့ အားလုံး ၀ိုင်းကာပြီးတော့ ၀ိုင်းပြီးတော့ တားဆီးမှ ရမယ်လို့ ကျနော် မြင်ပါတယ်။”

တချိန်တည်းမှာပဲ ဒီဖြစ်ရပ်ကြောင့် ဘာသာရေး တင်းမာမှုတွေ ရန်ကုန်မှာ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မီးလောင်တဲ့ ဗလီနားမှာ လုံခြုံရေးတွေ အတော်လေး တင်းကြပ်ထား ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်း ချက်ခြင်းဆိုသလို သတင်းစာ ရှင်းလင်းပွဲခေါ်ယူခဲ့ပြီး၊ မီးလောင်မှုဖြစ်စဉ်ကို ရှင်းလင်းပါတယ်။ မီးအားမြှင့်စက်ကနေ ၀ါယာရှော့ဖြစ်လို့ စတင် လောင်ကျွမ်းရာကနေ ပိတ်မိနေတဲ့ အထဲက ကျောင်းသားတွေ မီးခိုးမွှန်ပြီး သေဆုံးခဲ့တာလို့ မီးသတ်အရာရှိတဦးက အခုလို ကောက်ချက်ချပါတယ်။

“အောက်ဆီဂျင် မရဖြစ်သွားတာ ကလေးတွေ သနားကို အရမ်းကို ကောင်းပါတယ်။ မီးလောင်တဲ့အခါ ကလေးတွေက ငယ်တော့ မဆင်းနိုင်တဲ့အခါ မီးခိုးငွေ့တွေ ရှုမိတာပေါ့နော်။ မီးခိုးတွေ ထွက်နေလို့ ကျနော်တို့ ရောက်လာတယ်။ မီးစလေးတွေ နည်းနည်းပါးပါး တွေ့တယ်။ တွေ့တော့ တံခါးဖျက်ပြီး ၀င်တော့ မီးအားမြှင့်စက် မီးလောင်နေတာကို တွေ့တာပေါ့နော်။ ကျနော်တို့က မီးစက်မှာပဲ တွေ့တာပဲလေ။ ဒါပေမဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိဘူးပေါ့နော်။”

ဒါပေမဲ့လည်း အသေးစိတ်ကိုတော့ ဗလီကျောင်း တာဝန်ရှိသူတွေကို စုံစမ်း မေးမြန်းနေ တယ်လို့ ရဲဘက်က ပြောပါတယ်။

ရန်ကုန် အမေရိကန်သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) ကလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ရာမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအတွက် အလွန်အမင်း ၀မ်းနည်းကြေကွဲမိတယ်လို့ ဖော်ပြပါတယ်။

တချိန်တည်းမှာလည်းပဲ ဒီမီးလောင်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း နဲ့ အပြည့်အစုံ စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာအစိုးရအနေနဲ့ တာဝန်ရှိတဲ့ လူမှုအသိုင်း အ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့အတူ နီးနီးကပ်ကပ် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ အလွန်အမင်း တုန်လှုပ်မိပြီး၊ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ကြေကွဲတဲ့အကြောင်း သူ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်အပေါ်မှာ သံသယ မရှိကြစေဖို့အတွက်လည်း စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို EU နိုင်ငံခြားရေး အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က တိုက်တွန်းထားပါတယ်။

ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ ဦးသန့်ဇော်ဦး ကတော့ ဒါဟာ သာမန် မီးလောင်မှုလို့ ပြောပါတယ်။

“ဒီဗလီမှာရှိတဲ့ လှေကားအောက်က မီးအားမြှင့်စက်နေပြီးတော့ အပူလွန်ကဲပြီးတော့ အဲ့ဒီကနေမှ ၀ါယာရှော့ ဖြစ်တာပေါ့။ ၀ါယာရှော့ဖြစ်ပြီးတော့ လှေကားအောက် ဆိုတော့ လှေကားကို မီးလောင်သွားတာပေါ့နော်။ လှေကားမီးလောင်သွားတဲ့ အခါကျတော့ အပေါ်ထပ် ထပ်ခိုးလေးမှာ အိပ်ကြတဲ့ ကလေးတွေက ထွက်ပေါက် ပိတ်ပြီးတော့ မီးခိုးမွှန်ပြီးတော့ ၁၃ ယောက်လောက်က ဆုံးသွားတယ်။”

ဖြစ်တဲ့အချိန်မှာ ကျမ်းစာသင်ကျောင်းမှာ ကျောင်းသား ၇၀ ကျော်ရှိနေပြီး၊ အတော်များများကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဗိုလ်တထောင်မြို့နယ်က ကြက်ခြေနီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မခင်သန်းစိုး ကတော့ မီးထဲကနေ ကလေးငယ် ၃၀ လောက်ကို ကူညီ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

“ဒီအထဲထဲမှာပဲ လောင်နေတာလေ။ ဘာဖြစ်တယ်ဆိုတာတော့ ကျမလည်း မသိဘူးပေါ့။ ကျမတို့ကတော့ ဒါ မီးလောင်တယ်ဆိုတဲ့အတွက် ကြက်ခြေနီ လူမှု ကရုဏာလုပ်ငန်း လုပ်နေသူတွေ ဖြစ်တဲ့အတွက် ကျမတို့က လူမျိုး၊ ဘာသာမရွေး အကုန်လုံးကို ကူညီဖို့ရာ ကျမတို့မှာ ဒီမေတ္တာ၊ စေတနာလေးတွေ နှလုံးထဲမှာ အမြဲတမ်း ထားထားပါတယ်။ ဘယ်လိုမျိုးပဲ ဖြစ်နေဖြစ်နေ ကျမတို့က သဘာဝဘေးအန္တရာယ်ပဲ ကျရောက်ကျရောက်၊ ဘယ်လိုပုံစံမျိုးပဲ ဖြစ်နေဖြစ်နေ ကျမတို့က ကူညီဖို့ရာ အဆင်သင့်ပါပဲ။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း မြို့အတော်များများမှာ အစ္စလာမ် ဘာသာ ဗလီကျောင်းတချို့ မီးရှို့ဖျက်စီးခံရတာကြောင့်၊ အခြေအနေတွေ ကူးစက်မ လာအောင် အာဏာပိုင်တွေရော လူမှုအဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြရ ပါတယ်။

အထူးသဖြင့် ရန်ကုန်မှာဆိုရင် ညပိုင်းတွေမှာ ဗလီတွေကို အလှည့်ကျ စောင့်ကြပ်ရတဲ့ အထိ ဖြစ်နေပါတယ်။ ဒါပေမဲ့ အခြေအနေတွေကို ဘာသာရေးအရ ဖြစ်တယ်လို့ မမြင်ဘဲ တခြား ပယောဂကြောင့်လို့ ယူဆတဲ့အကြောင်း မူဆလင်တဦးက မနေ့က ကျောင်းသား ၁၃ ဦးရဲ့ ဈာပနမှာ ပြောခဲ့ပါတယ်။

“ဒီကိစ္စဟာ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာ တက်နေတဲ့ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာရှိတဲ့ အချစ်တရားကို ဖျက်စီးဖို့အတွက် ဒါ Politics လို့ပဲ မြင်ပါတယ်။ မှန်ပါတယ် မှန်ပါတယ်..”

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်းမှာ မနှစ်က စတင်ခဲ့တဲ့ လူမျိုးရေး တင်းမာမှုတွေကနေ၊ အခုနှစ် ပြီးခဲ့တဲ့ မေလမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဘာသာရေး တင်းမာမှုတွေအထိ ကျယ်ပြန့်လာတာကြောင့် အခြေအနေတွေကို ပြန်လည် တည်ငြိမ်အောင်လို့ အာဏာပိုင်တွေရော၊ လူမှု အဖွဲ့အစည်း တာဝန်ရှိသူတွေရော ဘာသာရေးခေါင်းဆောင်တွေပါ ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။
ကိုသားညွန့်ဦး
VOA Burmese

၄၈ လမ်းက အစ္စလာမ် ဘာသာရေး သင်တန်းကျောင်းမှု ပယောဂ မပါ


ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ် ဘာသာရေး သင်တန်းကျောင်းမှာ ၂ဝ၁၃ မတ်လ ၂ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။


RFA Burmese

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင်ရွက်ခဲ့ကြောင်း ကင်တာနားပြော


2013-04-02
မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ် လက္ခဏာ တွေ ရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေးဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနားက ပြောလိုက်ပါတယ်။

အဲဒီ နိမိတ်လက္ခဏာတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကတည်းက ရှိနေခဲ့တာဖြစ်ပေမဲ့၊ ဘာသာ လူမျိုး မတူကွဲပြားသူချင်း ခွဲခြားဆက်ဆံတာတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ တနိုင်ငံလုံး ပြန့်ပွား မသွားအောင် လုံလောက်တဲ့ ကာကွယ် တားဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစိုးရဟာ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေ ယခုထက်ပိုပြီး ပြန့်ပွားမသွားအောင် လိုအပ်တဲ့ အစီအစဉ်တွေ ချက်ချင်းလက်ငင်း ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။RFA Burmese

အမေရိကန်အလုပ်ရှင်တွေ H1B ဗီဇာ စလျှောက်ကြပြီ

02.04.2013
အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံခြားသား လုပ်သားတွေအတွက် (နိုင်ငံခြားသားအများစု မျှော်လင့်တောင့်တကြတဲ့) ပြည်ဝင်ခွင့် ဗီဇာတွေကို အမေရိကန် အလုပ်ရှင်တွေ လျှောက်ထားနေကြပါတယ်။

ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ လုပ်သားဈေးကွက် လျှင်လျှင်မြန်မြန်ကို တိုးတက်ကောင်းမွန်လာတဲ့ လက္ခဏာလို့ ယူဆကြပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တနှစ် တနှစ်ကို နိုင်ငံခြားသားအလုပ်သမား ၆ သောင်း ၅ ထောင်ကျော်အထိ ခေါ်ယူနိုင်ပါတယ်။ လုပ်ငန်းတွေအတွက် အနည်းဆုံး ဘွဲ့တခု ရဖို့လိုပြီး၊ အများစုကတော့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။

အမေရိကန် တက္ကသိုလ်တွေကနေ အဆင့်မြင့်ဘွဲ့ ရထားတဲ့ နောက်ထပ် ၂ သောင်းကိုလည်း အလုပ်ဗီဇာ လျှောက်ထား ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံသားနဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဌာနကနေ အခုနှစ် အောက်တိုဘာလကစပြီးတော့ H1B ဗီဇာတွေ ထုတ်ပေးနိုင်ဖို့ အခု တနင်္လာနေ့မှာ လျှောက်ထားချက်တွေ စတင် လက်ခံနေပါပြီ။ ဒါပေမဲ့လည်း လျာထားတဲ့ နိုင်ငံခြားသား အလုပ်သမား ၆ သောင်း ၅ ထောင်အတွက်ကို အခုသီတင်းပတ်အကုန်မှာ နောက်ဆုံးထား တင်သွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စုမှာ ကနဦးအားဖြင့် ၃ နှစ်အထိ နေထိုင် အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည့်သွား ရင် နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ လျှောက်ထားနိုင်ပါတယ်။

လိုအပ်နေတဲ့ အလုပ်နေရာတွေကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ဖို့ အမေရိကန် ပညာရေးစနစ်ကနေ ကျွမ်းကျင်သူတွေ မမွေးထုတ်ပေးနိုင်တာကြောင့်၊ အခုလို နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်ယူရတာ ဖြစ်တယ်လို့ JP Morgan Chase ဘဏ်ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင်တဦး က ဗွီအိုအေ ကို ပြောပါတယ်။

လိုအပ်နေတဲ့ ဒီအလုပ်တွေဟာ အထူး ကျွမ်းကျင်မှုရှိဖို့တော့ လိုတယ်လို့တော့ ထပ်လောင်း ပြောဆိုသွားပါတယ်။
VOA Burmese Fan Page

၄၈ လမ်း ဗလီမှာ လောင်တဲ့မီး ဘာမီးလဲ

ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ဇော်၊ မောင်မျိုး အောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟု ဧပြီလ ၂ရက်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရှင်းလင်း ပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့်စက်ဘေးတွင် အိပ်စက်ခဲ့ ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင် လွန် ခဲ့သော ၂ရက်ခန့်က ရောက်ရှိလာကြ သော ဘာသာရေးစာသင်မည့် ကလေး ငယ် ၇၀ကျော်ကို အပေါ်ထပ်တွင် ကလေး ၁၃ဦး၊အောက်ထပ်တွင် ကလေး ၅၀ကို ဗလီဆရာ ဇေယျာဖြိုးခေါ်၊ မိုဟာ မက်အူလဟွာ နေရာချထားပေးခဲ့ရာ၊ ဧပြီလ ၂ရက်နေ့ နံနက် ၃နာရီခန့်တွင် မောင်ဝေယံသူအိပ်နေသော နေရာဘေးက မီးအားမြင့်စက်မှ အသံများဆူညံစွာ မြည်လာပြီး မီးခိုးများထွက်လာသော ကြောင့် ဗလီဆရာဇေယျာဖြိုးနှင့် အခြားလူကြီးများကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့် စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်း မီးမသေဘဲ မီးခိုးများ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီး စောင် များကို ဗလီတွင် သန့်ရှင်းရေးဆေးကျော သော ရေအိုးမှ ရေများကို ဆွတ်ပြီး မီးလောင် နေသောနေရာကို အုပ် ခဲ့ကြောင်း၊ မီးအားမြင့်စက်အောက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီး မီးလောင် နေသောကြောင့် စောင်များ ဖြင့်အုပ်သော်လည်း မီးငြိမ်းမသွားဘဲ မီးခိုးများအူထွက်လာပြီး အပေါ်ထပ်တွင် အိပ်နေကြသော ကလေး ၁၃ဦးလုံး သေ ဆုံးကုန်ကြောင်း၊ အောက်ထပ်မှ ကလေး ၅၀ မှာ မည်သည့်ဒဏ်ရာမှမရကြောင်း ဗလီဆရာ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါမှ ဗလီမီးလောင် လူသေဆုံးမှုမှာ သူ၏အမှားမှားအယွင်းယွင်းဆောင် ရွက်မှုများဖြစ်သော အပေါ်ထပ်မှကလေး များကို တံခါးသော့ခတ်ထားမိခြင်း မီးငြိမ်းသက် ရာမှ ထွက်လာသောမီးခိုးများကြောင့် အပေါ်ထပ်မှ ကလေး ၁၃ဦး သေဆုံး ကုန်ကြခြင်း၊ ရှော့ဖြစ်သည့် မီးအား မြင့် စက်အောက်မှ ဒီဇယ် ငါးဂါလံပုံးမှာ ဗလီ မှ ၂၅ကီလို မီးစက်အတွက် လာပို့နေကြ ဒီဇယ်ရောင်းချသူကပို့ထားသော ဒီဇယ် များဖြစ်နေပြီး ပေါ့လျော့စွာ မီးအားမြင့် စက်အောက်၊ လှေကားအောက်တွင် ထားခဲ့ခြင်း ဗလီဆရာဇေယျာဖြိုး၏ပုဆိုး၏ ပေကျံနေသော ဒီဇယ်များမှာ သူထားသောဒီဇယ်များသာဖြစ်နေခြင်း၊  သူခြေချော်လဲသော ဒီဇယ်မှာလည်း ထိုဒီဇယ်များသာဖြစ်နေခြင်း၊ ဖြစ်ပေါ်ခဲ့သော ကြီးမားသည့်ဆိုးကျိုးများကို မိမိအပေါ်မကျရောက်စေရန် ဘေးကလာစီစဉ်ထားသလို ထင်ရောင် ထင်မှားစကားများကို လိမ်လည်ပြောဆို မိကြောင်းကိုလည်း သက်သေများ၏ရှေ့ တွင် ထွက်ဆိုချက်ပေးပြီးဖြစ်သောကြောင့် မည်သူမျှလာရှို့သောမီးမဟုတ်ဘဲ သဘာ ၀အလျှောက် မီးအားမြင့်စက်မှလောင် ကျွမ်းသောမီးကို ကြောက်လန့်တကြား စောင်အုပ်ပြီးငြိမ်းနေစဉ် ဒီဇယ်များကိုပါ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးခိုးများ အူထွက်လာသောကြောင့် အပေါ်ထပ်မှကလေးများ မီးခိုးမှိုင်းများ သေဆုံးကုန်ခြင်း ဖြစ်ကြောင်း၊ (အကယ်၍ သာအပြင်က မီးလာရှို့ခြင်း ဆိုလျှင် သော့ခတ်ထားသော တံခါးကို ဒီဇယ်ပုံးက မ၀င်နိုင်ပါကြောင်း၊ ယနေ့ အချိန်ကာလ ရပ်ကွက်တိုင်းတွင် နှိုးကြား စွာကင်းစောင့်နေကြချိန်တွင် မည်သည့် လူစိမ်းကမျှ ဒီဇယ်ပုံးကြီးကို ညအချိန် ကြီးမှာ ဆွဲယူလာရန်မဖြစ်နိုင်ပါကြောင်း၊ မီးရှို့မည်ကို စိုးရိမ်သောကြောင့် သတိထားနေချိန်မို့ ဘေးကလာတာ မဖြစ်နိုင်သည့်အပြင် အကြံသမားမီးရှို့ သူသည် ဒီဇယ်ကိုမသုံးပဲ ဓါတ်စီကိုသာ သုံးမည်ဟု တွက်ဆနိုင်ကြောင်း၊ ယခု အခါတွင် မျက်မြင်သက်သေကလေးများ ၏ အဖြစ်မှန်ဖေါ်ထုတ်ပြပေးသောကြောင့် ဗလီဆရာ ဇေယျာဖြိုးမှာလည်း သက်သေများ၏ရှေ့တွင် ၀န်ခံရပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီးလောင်ဗလီမှ ထပ်မံသိမ်းဆည်းရခဲ့သည့် မီးလောင် ထားသော ဒီဇယ်ပုံးကို သတင်းနှင့် စာနယ်ဇင်းတာဝန်ရှိသူများကို ပြသခဲ့ပါသည်။ မီးကိုဖုံးအုပ်ငြိမ်းသတ်ခဲ့သည့် ဒီဇယ်ပေနေသော စောင်ကိုလည်း ထုတ် ဖေါ်ပြသခဲ့ပါသည်။

ယခုအခါ ၄၈လမ်းဗလီမီးလောင် ကာလူသေဆုံးမှုကို ပြည်တွင်းပြည်ပမှ ငြိမ်းချမ်းမှုကိုမလိုလားကြသော လူများက အင်တာနက်မှတဆင့် မမှန်သ တင်းများကို ပြန်တူးနေကြသောကြောင့် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှု များဖြစ်ပေါ်နေရာသတင်းနှင့်စာနယ် ဇင်းမှ တာဝန်ရှိသူများမှတစ်ဆင့် ပြည် သူများကိုလည်းကောင်း၊ နိုင်ငံတကာ စာမျက်နှာသို့လည်းကောင်း အမှန် အတိုင်းတင်ပြ နိုင်ရန် ခေါ်ယူရှင်းလင်းရ ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ သည်။
ဥယျာဉ်မှူး
The Hot News

စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း

ဓာတ်ပုံ - အိသွဲ(တန့်ယန်း)
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲ တော် မှာ ဒေသခံ ပရိသတ်တချို့နဲ့ စွမ်းဇာနည်တို့ မတ်လ ၂၇ ရက်၊ မနက်၂နာရီခွဲ က ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ဇာတ်စင်ကို မီးရှို့၊ ကားမှန်များ ရိုက်ခွဲ မှုတွေပြုလုပ်ခံရကြောင်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ကို မတ်လ ၂၈ရက်၊ နေ့ခင်း ၂ နာရီက သင်္ဃန်းကျွန်း (သုဝဏ္ဏ)က စွမ်းဇာနည် နေအိမ်ကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ

“ဇလွန် မှာ မတ်လ ၂၄ ရက်နေ့ ကနေ စပြီး ကတာ။ ဇလွန်ပွဲကို တအားကချင်ခဲ့တာ။ တစ်ခါမှ အဲဒီမှာ မက ဖူးဘူး။ ပွဲကလည်း ကြိုငှားထားတာ ၁နှစ်လာက် ရှိပြီဆိုတော့ ကဖြစ်သွားတာ။ ပြဿနာဖြစ်တာက ၂၆ရက်နေ့ လပြည့်နေ့ညပေါ့။ ညနေ ၆နာရီခွဲ လောက် ကတည်းက ပြဿနာက စနေတာ။ ကျွန်တော်တောင် မရောက်သေးဘူး။ ကျွန်တော်က ဟင်္သာတ မှာ ပြန်တည်းတာလေ။ ဟင်္သာတမှာ ထမင်းစားနေတုန်း ဇာတ်ကနေ ဖုန်းလာတယ်။ မင်းသားနဲ့ အမေမြန်မြန်လာပါ။ ဇာတ်မှာ ကန်ထရိုက်ရော၊ အဖေရော၊ ရဲတွေရော ရှုပ်နေတယ် ဆိုတော့သွားတာ။ ဇာတ်ထဲက လူရွှင်တော် ဖိုးကျော်က ထမင်း သွားစားတာ။ အဲဒါကို ဇာတ်ထဲက လားလို့လာမေးတော့ ဇာတ်ထဲက လူရွှင်တော်ပါလို့ ပြောတော့ အဲဒါဆို ထိုးတယ်ကွာဆိုပြီး ဝိုင်းရိုက်ကြတာ။ နားရွက်တောင် ကွဲသွားတယ်။ နောက် ကျွန်တော်တို့ ဆီမှာ ကြိုပြီး သတင်းရတယ်။ နောက်ဆုံးညကို ဒီလိုပြဿနာ ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြားတယ်။ မကခင်ကတည်း က ပြဿနာ ဖြစ်နေတော့ အဖေက မကချင်တော့ဘူး။ ပိုက်ဆံ ပြန်ပေးမယ်။ ပစ္စည်း တွေသိမ်းပြီး ပြန်တော့မယ်လို့ ပြောတော့ ကန်ထရိုက်က လူတွေရဲ့ လုံခြုံရေး၊ ဇာတ် ပစ္စည်းတွေ ရဲ့ လုံခြုံရေးကို တာဝန်ယူပါတယ် ဆိုပြီး လက်မှတ် တောင် ထိုးပေးသွားတာ။ အဲဒါနဲ့ ပွဲစ ကတာက ၉နာရီ၄၅မိနစ် မှာ။ အဲဒီမှာ ယောက်ျားလေး တစ်ဖွဲ့က ဘယ်လို မှ မခံနိုင်အောင် အော်ကြ၊ ဆဲကြတယ်။ တစ်ခွန်းမှ ပြန်မပြောဘဲ ကိုယ့်အလုပ် ပဲ ကိုယ်လုပ်တယ်။ ပွဲကပြီး စတိတ်ရှိုး စဆိုတော့ လူတစ်ယောက်က ဆုလာ ချတော့၊ သွားယူတော့ ပြန်ထိုင်ပြီး သူ တောင်းစား ၊ဇာတ်သမားတွေက ဒီလို ပဲလားဆိုပြီး ဆဲတာ၊ ကျွန်တော်တို့ အနုပညာသမားတွေက အောက်က ပရိသတ်ဆု ချီးမြှင့်တာ ဘယ်လောက် တန်ပဲဖြစ်ဖြစ် အသိအမှတ်ပြုပြီး ယူရတာလေ။ တတိယအကြိမ် ထပ်ပြီး လာပေးတော့ ကျွန်တော့် ဇာတ်က လူရွှင်တော်က သွားယူလိုက်ပါ မကောင်းဘူး လို့ ပြောတာနဲ့ သွားတော့ အဲဒီလိုထပ် လုပ်ပြီး လက်ဆွဲပြီး လိမ်ချိုးတယ်။

ကျွန်တော် ဒေါသကတော်တော်ထွက် နေပြီ။ ၅ ကြိမ်မြောက်လည်း ကျတော့ လုံးဝ သည်းမခံနိုင်တော့ဘူး။ အဲဒါနဲ့ မျက်နှာကို ကန်လိုက်တာ ပြဿနာတွေ စဖြစ်ရော ၊ကျွန်တော့် အဖေက တောင်းပန်တော့ အောက်ကနေ ခဲတွေနဲ့ ဝိုင်း ပေါက်တာ။ မျက်နှာတွေပါ မှန်ရော၊ ကျွန်တော့် ကိုလည်း ဝိုင်းဆွဲ ထားတော့ ကျွန်တော် ထွက်လို့ မရဘူး။ အဖေ့ကို ထပ်ထိတော့ ဇာတ်ထဲက ကလေးတွေ က မခံနိုင်ဘူး။ အဲဒါနဲ့ သူတို့ကဇာတ် ထဲမှာရှိတဲ့ ပစ္စည်းလက်နက် ကိုင်တာပေါ့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ဘာမှ မလုပ်ပါဘူး။ အမေက လုံခြုံရေးတို့၊ ကန်ထရိုက်တွေကို ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ကို လုံခြုံရေး ပေးမယ့် သူတစ်ယောက်မှ မရှိဘူး။ အယောက် တစ်ထောင်လောက် ဝိုင်းပြီး လုပ်ကြတာ။ သူတို့က အစကတည်းက ဇာတ်ရုံထဲမှာ ရောအပြင် မှာပါရှိနေတာ။ ကျွန်တော့် ဇာတ်ရုံထဲမှာ ပရိသတ်က အယောက် ငါးထောင်ကျော်တယ်။ ကြိုတင် ကြံစည်ထားတဲ့ သဘောမျိုးပဲ။ ဇာတ်ရုံက ပစ္စည်းတွေ ရိုက်ခွဲ၊ ဇာတ်ရုံ တစ်ခု လုံးကို မီးရှို့တာ။ ဇာတ်ပွဲတောင် ပျက်အောင်၊ ရပ်သွားအောင် မဟုတ်ဘဲ အကြမ်းဖက် လုယူတဲ့ သဘောလို ဖြစ်နေတယ်” လို့ပြောပါတယ်။

ဇာတ်ရုံက ထွက် ပြီးတောလမ်းက သူသွားခဲ့ရတဲ့ အကြောင်းကို စွမ်းဇာနည် က..
”ကျွန်တော့် အခန်းထဲက ပစ္စည်းတွေ အကုန်ယူတာ။ သော့ခတ် ထားတာတွေက အစဖျက်ပြီး ယူတာ။ ကျွန်တော့် စိန်ထည်တွေ၊ မျက်မှန်တွေ အကုန်ပါသွားတာ။ ပြဿနာတစ်ခု ဖြစ်ပြီးမှ ကိုယ်လွတ်ရုန်းပြီး ကိုယ့် အဖွဲ့သားတွေ အဖြစ်မခံနိုင်ဘူး။ ကျွန်တော့်ကိုဒေသခံ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက်က ခေါ်သွားတာ။ ၁မိုင်လောက်ကို လမ်းလျှောက်ပြီး တောထဲက ဖြတ်သွားရတာ။ အဲဒီ က အိမ်မှာ ခဏနေပြီး နည်းနည်းငြိမ်သွားမှ ဆိုင်ကယ်နဲ့ ဓနုဖြူကို ခေါ်သွားပေးတာ။ ဟင်္သာတက ပရိသတ် တွေက ကျွန်တော် ဓနုဖြူရောက်တယ်ဆိုတာသိပြီး ကျွန်တော့်ကို ကားငှားပြီး၊ အိမ်ကို ပြန်လိုက်ပို့တာ။ ကျွန်တော်က စတိတ်ရှိုးဆိုရင်းနဲ့ ဆိုတော့ ဘာမှ မပါသွားဘူး။ ကျွန်တော်က သီချင်းဆိုရင် အင်္ကျီကိုချွတ်ပြီး ပေးတတ်တော့ ဖြစ်တဲ့အချိန်မှာ အင်္ကျီချွတ် ကြီးနဲ့သွားရတာ” လို့ပြောပါတယ်။

အဲဒီ အကြမ်းဖက်မှုကြောင့် ပျက်စီးမှုတွေကို အမှု မဖွင့်ရခြင်း အကြောင်းက “မနက်မိုးလင်းတော့ မြို့နယ်မှူး ရောက်လာပြီး အကြမ်းဖက်မှု၊ လုယူမှု၊ မီးရှို့မှု ပုဒ်မတွေနဲ့ အမှုဖွင့်တယ်။ဒါပေမဲ့ ကျွန်တော်တို့ မတိုင်ခဲ့ဘူး။ ကျွန်တော် မှားလို့ မဟုတ်ဘူး”

”ပွဲလာကြည့်တဲ့ သူတွေ သိပါတယ်။ ကျွန်တော် အမှုဖွင့်လိုက်ရင် ကျွန်တော့် ဇာတ်ရပ် ထားရမယ်။ ဒါဆို ဇာတ်အဖွဲ့သားတွေရဲ့စားဝတ် နေရေးရှိတယ်။ နောက်ဇလွန်မှာ အမှန်တကယ်လာ အားပေးတဲ့ ပရိသတ် တွေ ထိမှာစိုးလို့ အမှုမဖွင့်ဘူး။ ဒါပေမဲ့ ဒီကိစ္စ ကို ဒီအတိုင်းပြီးမှာ မဟုတ်ပါဘူး။ အကုန်လုံးက အသက် အန္တရာယ် မရှိခဲ့ပေမယ့် ဒဏ်ရာက လူတိုင်းလိုလို ရခဲ့တယ်။ ကျွန်တော်ဆို ခဲချက်၊ တုတ်ချက်၊ ဝါးချွန်နဲ့ ထိုးမိတာ တွေရော၊ အရင်က ခြေထောက်ကျိုး ထားတဲ့ ခြေထောက်ပါ ဒဏ်ပြန်ဖြစ် သွားတယ်”လို့ စွမ်းဇာနည်က ပြောပါတယ်။

စာနယ်ဇင်း ရှင်းပွဲတစ်ခု လုပ်မယ့် အကြောင်းကို စွမ်းဇာနည်က “ကျွန်တော့်ဆီကို ကိုဖိုးချစ်၊ ကိုဟန်ဇာမိုးဝင်း၊ ကိုတင်မောင်ဆန်းမင်းဝင်း တို့မန္တလေး ကအစ ဖုန်းဆက် ကြတယ်။ကျွန်တော်တို့သဘင် သမားတွေ အားလုံး စုပြီး ဒီဇလွန်မှာဖြစ်တဲ့ ပြဿနာ အပေါ် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု လုပ်မယ်။ ကျွန်တော့်ရဲ့ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို မနှမြော ပါဘူး။ ကျွန်တော့် ဇာတ်သမားတွေ အသက် ဘာမှမဖြစ်တာဘဲ ဝမ်းသာ ပါတယ်။ သဘင်က လူကြီးတွေနဲ့လည်း တိုင်ပင်မှာပါ။ သဘင် အစည်းအရုံး ကလည်း ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ် လို့ပြောပါတယ်။ ကျွန်တော် အခုပြောတာတွေက မုသားတစ်ခွန်း မှ မပါပါဘူး”လို့ ပြောပါတယ်။

ဇာတ်ပွဲတွေ ဆက်ကသွားမယ် ဆိုတဲ့ စွမ်းဇာနည်က ”ကျွန်တော့် သမိုင်း ကျွန်တော် ရေးမှာပါ။ စိုးရိမ် နေကြတဲ့ သူတွေက အသက်သေပြီး ဆေးရုံရောက်နေ တယ်ပြောကြတယ်။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့် ဇာတ်မှာ ဘာပစ္စည်းမှ မရှိတော့ပါဘူး။ ကျွန်တော် ပဲခူးပွဲလည်းကမှာပါ။ ကျွန်တော့် ဇာတ်မှာဘာမှ မစုံတော့ လို့လာမကြည့်ဘဲ ၃ ယောက်ပဲ လာလည်း အဲဒီ၃ယောက်ကို အကောင်း ဆုံး တင်ဆက်သွားမှာပါ။ ကျွန်တော့် ရဲ့ စွမ်းသဘင် မရပ်ရေးအတွက် တောက်လျှောက် ကသွားမှာပါ။ မတ် လ ၃ဝ ရက်နေ့ အပေါင်၊သဲကုန်းမှာ စကမှာ။ ဒါပေမဲ့ကျွန်တော့်မှာ ဇာတ် အဝတ်စား၊ ပစ္စည်းဘာမှ မရှိတော့ ဘူး။ ကိုဖိုးချစ်က သူ့ဇာတ်က လိုတဲ့ ပစ္စည်းတွေ ကူညီမယ် လို့ပြော ပါတယ်။ သူ့ဇာတ်က ၁၂ဘီးကား၂စီး နဲ့ Express ပါငှားပေးမယ် လို့ ပြောပါတယ်။ ဇာတ်သဘင်လောကက လူတွေ တအား ကောင်းကြပါတယ်။ အဲဒီမှာ ၃ရက်ကပြီးရင် ဝေါမှာသွား ကကြမယ်။ ပျက်စီးတန်ဖိုးက သိန်း ၁၇ဝဝလောက် ရှိတယ်။ ကျွန်တော် တစ်က ပြန်စမယ်။ ကျွန်တော့် အပေါ် အထင် မလွဲစေချင် ဘူး။ ကျွန်တော်က ရိုင်းစိုင်းတဲ့သူ မဟုတ်ဘူး။ ကျွန်တော်က ပရိသတ်ကို တန်ဖိုးထားတဲ့ သူတစ်ယောက် ပါ” လို့ ရှင်းပြပါ တယ်။
မေမွန်မောင်၊
Popular Journal

သားသားမီးမီးတို့အတွက်(၂)

အင်္ဂလိပ်စာကို လွယ်ကူစွာ သင်ယူလိုသူများအတွက်နှင့် သားသားမီးမီးတို့ ပညာရေးအတွက် တင်းဆက်ပေးလိုက်ပါသည်။ အကြိမ်များစွာ အခေါက်ခေါက် ကြည့်ချင်းအားဖြင့် အင်္ဂလိပ်စကားကို နားလည်လာပါလိမ်မယ်။ The Burma Post Team 

Curious George: A Monkey's Canal

0:52Air Date 03/18/13

Watch Curious George: A Monkey's Canal on PBS. See more from pbs.

သားသားမီးမီးတို့အတွက် (၁)

အင်္ဂလိပ်စာကို လွယ်ကူစွာ သင်ယူလိုသူများအတွက်နှင့် သားသားမီးမီးတို့ ပညာရေးအတွက် တင်းဆက်ပေးလိုက်ပါသည်။ အကြိမ်များစွာ အခေါက်ခေါက် ကြည့်ချင်းအားဖြင့် အင်္ဂလိပ်စကားကို နားလည်လာပါလိမ်မယ်။ The Burma Post Team

More Videos from PBS KIDS Preview

Caillou: Learning How to Roller Skate

Watch Caillou: Learning How to Roller Skate on PBS. See more from pbs.

ပြည်ခရိုင်အတွင်း ဆူပူမှုများ မပေါ်ပေါက်ရေး ဆွေးနွေး


ပြည်၊ ဧပြီ ၂။
ပြည်ခရိုင်အတွင်း မြို့နယ်များ အေးချမ်းသာယာရေးနှင့် ဆူပူမှုများ မပေါ်ပေါက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ပိုင်းက ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ခရိုင် အတွင်းဆူပူမှုများ တားဆီးရေး ဆောင်ရွက်ရာတွင် တစ်ခြားမြို့များနှင့် မတူဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းများက ရဲလုပ်ငန်း များကို ပူးပေါင်းပါဝင်ကာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် ဂုဏ်ယူမိကြောင်း၊ လုံခြုံရေးလက်ဦးမှု၊ သတင်းလက်ဦးမှုတို့ဖြင့် အဖျက်အမှောက် လုပ်ငန်းများကို အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဦးခင်မောင်စီက ပြောကြားသည်။

အလားတူဆူပူအုံကြွမှုများ ဖြစ်ပေါ်လာပါက မည်သို့ ဆောင်ရွက်သင့်ကြောင်း၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲရလဒ်ကို ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ထပ်မံတင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများကလည်း လက်ရှိ ဖြစ်ပေါ်ခဲ့သော ဆူပူမှုများနှင့် တားဆီးရေး ဆောင်ရွက်မှု အခြေအနေ၊ နောင်လာမည့် သင်္ကြန်ကာလများအတွက် စိုးရိမ်ပူပန်နေရကြောင်း တို့ကိုတင်ပြဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာအရာရှိများမှ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးစီးအရာရှိချုပ် ရဲမှူးချုပ်ဦးခင်မောင်စီ၊ ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအံ့မော်၊ ပြည်မြို့နယ် အထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးနေ၀င်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် အခြားဌာနဆိုင်ရာ အရာရှိများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်း(၁၀၀)ကျော်ခန့် တက် ရောက် ဆွေးနွေးခဲ့ကြသည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

ပါလက်စတိုင်းအစ္စလန်းမစ်အုပ်စုဟာမတ်စ်သည် မစ္စတာမက်ရှားကို ခေါင်းဆောင်သစ်အဖြစ် ပြန်လည်ရွေးချယ်

ဂါဇာ၊ ဧပြီ ၂။
ဟာမက်စ်အုပ်စုသည် ကိုင်ရိုတွင် ညတွင်းချင်း တံခါးပိတ်အစည်းအဝေးကျင်းပပြီးနောက် ၎င်းတို့ အစ္စလန်းမစ်အုပ်စုခေါင်းဆောင်သစ်အဖြစ် ကားလက် မက်ရှားကို ယမန်နေ့က ရွေးချယ်လိုက်ကြောင်း ၎င်းအဖွဲ့မှအရာရှိတစ်ဦးက ဆိုသည်။

မစ္စတာ မက်ရှား ၅၆နှစ်ကို ယခင်ကအစွန်းရောက်တစ်ဦးအဖြစ်မြင်ခဲ့ကြသော်လည်း အာရပ်ကမ္ဘာနှင့် အချို့အနောက်တိုင်းမှလူများက သင့် တင့်သည့်အတွေးအခေါ်ရှိသူအဖြစ် မြင်လာကြပြီး ၎င်းသည် အစ္စရေးတို့ ဂါဇာရှိပါလက်စတိုင်းနယ်မြေကို ထိန်းချုပ်ထားခြင်း၊ ဝင်ရောက် နေထိုင်ခြင်း ကို ဆန့်ကျင်လှုပ်ရှားမှုကို ၂၀၀၄ခုနှစ်ကတည်းက ဦးဆောင်ခဲ့သည်။

အနောက်ကမ်းခြေရှိ ရမယ်လာအနီးတွင် မွေးဖွားခဲ့သောမစ္စတာ မက်ရှားက အာရပ်နွေဦးတော်လှန်ရေးကို လုပ်ဆောင်ရန် ဟာမက်အုပ်စုကို ရှေ့ဆောင်လမ်းပြလုပ်ခဲ့သည်။ ၎င်းသည် နိုင်ငံပြင်ပတွင် နှစ်များစွာနေထိုင်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာတွင်မှ ဂါဇာကမ်းမြောင်ဒေသသို့ ပထမဆုံးအကြိမ်အဖြစ်ရောက်ရှိခဲ့သည်။

မစ္စတာမက်ရှားသည် ဆီးရီးယားတွင်သမ္မတဘာရှာ အယ်အာဆတ်အစိုးရနှင့်သူပုန်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ် ယမန်နှစ်ကစ၍ ဆီးရီးယားမှ ထွက်ခွာလာခဲ့သည်။

အီဂျစ်သမ္မတ မိုဟာမက် မော်စီနှင့် သံတမန်ဆက်ဆံရေးကို လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာလကလည်း အစ္စရေးအစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ရရှိနိုင် ရန် လုပ်ဆောင်ခဲ့ကာ ၎င်း၏အပြိုင်ဖြစ်သည့် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘတ်စ်နှင့်လည်း ပြေလည်ရေး ကြိုးပမ်းခဲ့သည်။

မစ္စတာမက်ရှားသည် ၎င်း၏ အစ္စရေးနှင့်အပစ်အခတ်ရပ်စဲရေးခဲ့မှု၊ သမ္မတ အက်ဘတ်စ်အစိုးရနှင့် ပြေလည်စေရန်ကြိုးပမ်းမှု အပေါ် ဂါဇာနယ်သားများ၏ ဝေဖန်မှုများ ခံခဲ့ရကြောင်း ပါလက်စတိုင်း အရာရှိများနှင့် ဝေဖန်သူများက ဆိုသည်။ ကိုင်ရိုတွင် တနင်္လာနေ့က ကျင်းပသည့် အစည်းအဝေးရလာဒ်များကို ပြန်ကြားသည့် ထုတ်ပြန်ချက်တွင် “မစ္စတာမက်ရှား ပြန်လည်ရွေး ကောက်ခံရကြောင်း” ဟာမက်စ်အုပ်စုမှ အရာရှိတစ်ဦးကဆိုကြောင်း သိရသည်။

မစ္စတာမက်ရှားကို ထိပ်တန်းအရာရှိ ၆၀ ခန့်က မဲပေးပြီး ဟာမက်စ်အုပ်စုခေါင်းဆောင်အဖြစ် ပြန်လည်ရွေးကောက်ခဲ့ကြောင်းကလွဲ၍ ကျန်အသေးစိတ်အချက်အလက်များကို ၎င်းအရာရှိက ထပ်မံပြောကြားခြင်း မရှိကြောင်း သိရသည်။

အီဂျစ်နှင့် အာရပ်အင်အားကြီးနိုင်ငံဖြစ်သည့် ကာတာနိုင်ငံတို့သည်လည်း မစ္စတာ မက်ရှားအစား ဖိအားများပေးခဲ့သည်ဟု အရာရှိတစ်ဦးက ဆိုသည်။

“ အဲဒီနိုင်ငံတွေဟာ မစ္စတာမက်ရှားကို ခေါင်းဆောင်အဖြစ်သင့်လျော်တယ်၊ အဖွဲ့ထဲက ကျန်အစွန်းရောက်တွေထက်ကမ္ဘာကြီးကို လျော်ကန် စွာ မြင်နိုင်မယ့်ခေါင်းဆောင်လို့မြင်ကြတယ်” ဟု အမည်မဖော်သော အရာရှိတစ်ဦးက ဆိုသည်။

ဥရောပသမဂ္ဂသည် ဟာမက်အုပ်စုကို အစ္စရေးနိုင်ငံကိုဆန့်ကျင်ပြီး အသေခံဗုံးခွဲခဲ့ခြင်း၊ အစ္စရေးမြို့များကို ဒုံးကျည်များနှင့်ပစ်ခတ်ခြင်း စသည့် ပဋိပက္ခများလုပ်ဆောင်သောကြောင့် အစွန်းရောက်အုပ်စုဟု သတ်မှတ်ပြီး ကန့်ကွက်ခဲ့ကြသော်လည်း ၎င်းလုပ်ဆောင်ခြင်းများသည် မစ္စတာ မက်ရှားအတွက် ခေါင်းဆောင်နေရာကိုပြန်လည်ရွေးကောက်ခံရသည်ဟု ထင်မြင်ကြကြောင်း သိရသည်။

မစ္စတာမက်ရှားသည် ၂၀၀၄ခုနှစ်တွင် ဟာမက်စ်အုပ်စုတည်ထောင်သူ ရှိတ်ခ်အာမက် ယက်ဆင်ကို အစ္စရေးဘက်မှလုပ်ကြံခဲ့ပြီးနောက် ခေါင်းဆောင်နေရာရလာခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ၂၀၀၇ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်နိုင်ပြီး အမေရိကန်အထောက်အပံ့ခံ ပါလက်စတိုင်းအစိုးရကို အင်အားလျော့ပါး အောင် ဆောင်ရွက်ပြီး၊ သမ္မတအာဘတ်အစိုးရကိုလည်း အစ္စရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် တောင်းဆိုခဲ့၍ အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ကြောင်း သိရသည်။
Ref:Reuters
 မြန်မာ့ခေတ်

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

မိတ္ထီလာ၊ ဧပြီ ၂။
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄  ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။
ဆုဝေ
 မြန်မာ့ခေတ်

ဥရောပသမဂ္ဂတပ်ဖွဲ့များ မာလီတပ်ကို စစ်သင်တန်းပေးမည့် အစီအစဉ် စတင်

ဘာမာကို၊ ဧပြီ ၂။
မာလီအစ္စလာန်သူပုန်များကို ပြန်လည်တိုက်ခိုက်နိုင်ရန် မာလီနိုင်ငံစစ်တပ်ကို ဥရောပသမဂ္ဂမှ သင်တန်းပေးမည့်အစီအစဉ် စတင်တော့မည် ဖြစ်သည်။

မာလီမြို့တော် ဘာမာကိုမှ ကီလိုမီတာ၆၀(၃၇)မိုင်ခန့်အကွာတွင်ရှိသည့် ကိုလီကိုရို အခြေစိုက်စခန်းတွင် ဥရောပသမဂ္ဂမှ စစ်သင်တန်းနည်းပြ များသည် ပထမဦးဆုံးအနေနှင့်မာလီတပ် ၄တပ်ကို စစ်သင်တန်းပေးမည်ဖြစ်သည်။

မာလီတပ်သည် ပြင်သစ်စစ်တပ်ဦးဆောင်မှုဖြင့် ဇန်နဝါရီတွင် မာလီတောင်ပိုင်းမှ အဓိကမြို့များကို အစ္စလာန်အစွန်းရောက် အကြမ်းဖက် သမားများလက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် နိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ ၂၂နိုင်ငံမှ မာလီသို့ စေလွှတ်သည့် တပ်ဖွဲ့၅၅၀တွင် ၁၅၀ခန့်သည် သင်တန်းပေးမည့်အဖွဲ့များဖြစ်ပြီး ကျန်အဖွဲ့များသည် ယခု လုပ်ဆောင်မည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် အရန်တပ်များအဖြစ်အပြင် ကာကွယ်ရေးတပ်အဖြစ်လည်း လုပ်ဆောင်ကြမည် ဖြစ် ကြောင်း သိရသည်။

မာလီကို စစ်ကူပေးသူများတွင် ပြင်သစ်သည် ၂၀၇တပ်ဖြင့် ကူညီမှုအများဆုံးပေးထားပြီး ၎င်းတို့အပြင် ဂျာမဏီက ၇၁တပ်၊ စပိန်က ၅၄တပ်၊ ဗြိတိန်က တပ်၄၀၊ ချက်သမ္မတနိုင်ငံက ၃၄တပ်၊ ဘယ်လဂျီယန်က ၂၅တပ်နှင့် ပိုလန်မှတပ်၂၀ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

ယခု စစ်သင်တန်းပေးမှုကို ပြင်သစ်ဗိုလ်မှူးချုပ်ဖရန်ကောစ် လီကွန်တီက ခေါင်းဆောင်မည်ဖြစ်ပြီး ၁၅လထိ ကြာမြင့်မည် ဖြစ်သည်။ “မာလီစစ်တပ်ကို လုံးဝအသစ်ပြန်လည်တည်ဆောက် ရမှာပါ” ဟု ၎င်းက ပြောကြားသည်။ “မာလီအာဏာပိုင်တွေဟာ စစ်တပ်ကို အစကနေပြန်လည်ပြင်ဆင်ရမယ်ဆိုတာ သိကြပါတယ်၊ အခြေခံအုပ်မြစ် ပြိုပျက်ခြင်းကြောင့် မာလီနိုင်ငံပျောက်လုနီးနီးဖြစ်ခဲ့ရတယ်ဆိုတာ သူတို့တွေ ကောင်းကောင်းသိတယ်” ဟုဆက်လက်ပြောကြားသည်။

ပထမဆုံးလုံးဝလေ့ကျင့်ပြီး မာလီတပ်များသည် ဇူလိုင်လတွင် စတင်တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေမည် ဖြစ်သည်။
မာလီနိုင်ငံတွင်း အစ္စလာန်မစ်တပ်များသည် ၂၀၁၂မတ်လတွင် အဓိကမြို့များဖြစ်သည့် ဂါအို၊ ကီဒယ်နှင့် တက်ဘတ်တူအပါအဝင် မာလီ မြောက်ပိုင်းနေရာအများအပြားကို သိမ်းပိုက်ခဲ့သည်။
အယ်လ်ကိုင်ဒါနှင့် ချိတ်ဆက်မှုရှိသည့် ၎င်းအစွန်းရောက်တပ်များသည် ဘာမာကိုမြို့သို့ ချီတက်လာမည် ဟုခြိမ်းခြောက်သောအခါ ပြင်သစ်မှစစ်ကူများပေးပို့ခဲ့သည်။
ယခုအခါ ပြင်သစ်တပ် ၄၀၀၀ သည် မာလီနိုင်ငံမှ ပြန်လည်တပ်ရုတ်သိမ်းမည်ဖြစ်ပြီး ၎င်းတို့နေရာတွင် များပြားလှသည့် အာဖရိက အနောက်ပိုင်း နိုင်ငံတပ်များ အစားဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ ဖရန်ကောစ် ဟော်လန်ဒီသည် ၎င်းတို့စစ်တပ်ကို ဇူလိုင်လတွင် တဝက်သာ ချန်ထားတော့မည်ဖြစ်ကြောင်း၊ ယခုနှစ်အကုန် တွင် တပ်၁၀၀၀သာထားရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဖရိကတပ်မှတပ်သား ၆၃၀၀ သည် ယခုအခါ မာလီတွင် ရောက်ရှိနေပြီ ဖြစ်သည်။
Ref : BBC
မြန်မာ့ခေတ်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ မိတ္ထီလာဒုက္ခသည်များထံသို့ အလှုငွေနနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြား

မိတ္ထီလာ၊ ဧပြီ ၂။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှရုပ်ရှင်သရုပ်ဆောင်များ၊ ဆရာတော်၇ှင်ဆန္ဒာဓိက၊ ၈၈မျိုးဆက်ကျာင်းသားများ၊ အပြစ်မဲ့သူများအတွက် စာနာမှုလက်များပူးပေါင်းကာ ဧပြီလ ၁ရက်နေ့တွင် မိတ္ထီလာမြို့ရှိဒုက္ခသည်စခန်း ၇ခုကိုသွားရောက်ကာ အလှုငွေ၊ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး အားပေးစကားများပြောကြားခဲ့သည်။

“ကျွန်တော်တို့အခုလိုလာရတာတော့ ကျွန်တော်တိုပက ပြည်သူတွေကျွေးတဲ့ထမင်းကိုစားနေရတာပါ. ပြည်သူတွေ ဒုက္ခရောက်ရင် ကျွန်တော် တို့ ဒုက္ခရောက်သလိုပါပဲ။ ဒါကြောင့် အားပေးကူညီ ဖို့လာခဲ့တာ ပါ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့မိဘပြည်သူတွေဆီကို ဒီလိုအခြေအနေမျိုးနဲ့ မလာချင်ပါဘူး။နောက်တစ်ခါကျရင်တော့အားလုံးဆီကို ပျော်ပျော်ရွှင်ရွှင်ငြိမ်းငြိမ်းချမ်းချမ်းနဲ့လာတွေ့ချင်ပါတယ်။” ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒုက္ခသည်များကို ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံးမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် နိုင်နိုင်း၊ပြေတီဦး၊မိုးအောင်ရင်၊ ထက်ထက်မိုးဦး၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို စသော နာမည်ကြီးအနုပညာရှင်များအပြင် အခြားသော ဇာတ်ပို့ဇာတ်ရံများ ၊ ကိုလူချောတို့အဖွဲ့စသော အနုပညာရှင်များ လိုက်ပါခဲ့ကြပြီး ထောက်ပံ့ငွေသား ၉၈သိန်း အပါအ၀င်၊ အခြားသော ထောက်ပံ့ပစ္စည်းများကို မိတ္ထီလာမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၇ခုမှ ဒုက္ခသည်များထံသို့ လှူဒါန်းမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ဒီအခြေအနေဟာ တိုင်းပြည်ဒုက္ခရောက်သွားနိုင်တဲ့အခြေအနေပါ။ နယ်စပ်ဒေသတွေမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေက တိုင်းပြည်မပျက်နိုင်ပါဘူး။ အခု ဖြစ်နေတဲ့ ပဋိပက္ခတွေသာ တစ်နိုင်ငံလုံးပျံ့နှံ့သွားရင် တိုင်းပြည်ချောက်ထဲကျသွားနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ၂၀၁၅ရွေးကောက် ပွဲကို မျှော်ကြည့်ရပါမယ်။ ဒီလိုမျိုးသာ ပဋိပက္ခတွေကတစ်မြို့ပြီးတစ်မြို့ကူးပြီး စစ်အုပ်ချုပ်ရေးအောက်ကိုသာ ရောက်သွားရင် တစ်တိုင်းပြည်လုံး ရွေးကောက်ပွဲလုပ်လို့ရမှာမဟုတ်ပါဘူး။ နောက်မျိုးဆက်မှာ ဒီမိုကရေစီအရာကြီး ပျက်သုန်းသွားနိုင်ပါတယ်။ဒိတော့ အားလုံး ဒီမိုကရေစီ လမ်းကို ဖြောင့်ညေဖာင့်လျှောက်နိုင်အောင် ကိုယ့်အန္တရာယ် ကိုယ်ကာကွယ်၊ တစ်ဖက်နဲ့ တစ်ဖက်ချစ်ချစ်ခင်ခင်နေကြဖို့ ကျွန်တော်ပြောချင်ပါ တယ်” ဟု သရုပ်ဆောင် ဝေဠုကျော်က မိတ္ထီလာဒုက္ခသည်များကို သတိပေးပြောကြားသည်။

ဗုဒ္ဒဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ တစ်ဖက်ကိုတစ်ဖက် ရန်ငြှိုးများအမုန်းများမထားကြရန် နှင့် ဖြစ်ပွားခဲ့သောဖြစ်စဉ်မှာ အကြမ်း ဖက်သူ တစ်စုကြောင့်သာဖြစ်ကြောင်း တစ်ဖက်နှင့်တစ်ဖက် မေတ္တာ မပျက်ပဲ နေထိုင်သင့်ကြောင်း ဒုက္ခသည်စခန်း ၇ခုတွင် ဆရာတော် အရှင်ဆေကိန္ဒက သြ၀ါဒများမြွက်ကြားခဲ့သည်။

“ကျွန်မတို့အခုဖြစ်တဲ့ပြသနာက တစ်ဖက်နဲ့တစ်ဖက်အတူယှဉ်တွဲမနေနိုင်လို့ဖြစ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကြားထဲကနေ ဘာသာရေးကို ခုတုံး လုပ်ပြီး ပြသနာဖြစ်ပွားအောင်ပြုလုပ်နေတဲ့သူတွေကြောင့်သာဖြစ်ရတဲ့ကိစ္စပါ။” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

“မင်းသားမင်းသမီးတွေကို မြင်လိုက်ရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ ဒုက္ခရောက်နေတဲ့အချိန် သူတို့ကိုယ်တိုင်လာပြီး အားပေးစကား ပြောပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ ကိုယ့်ဘာသာမဟုတ်ပေမယ့် ဆရာတော်အ၇ှင်ဆေကိန္ဒက လိုက်ပြီး ငြိမ်းချမ်းရေးတရား ဟောပေး နေတာကိုလည်း ကျေးဇူးတင်ပါတယ်။ ပဋိပက္ခဖြစ်တဲ့အချိန် လူတွေကိုလိုက်ပြီး ဒုက္ခပေးတဲ့ ဘုန်းကြီးတွေကလည်း တကယ့်ဘုန်းကြီးတွေ မဟုတ်ဘူးဆိုတာလည်း ကျွန်မတို့သိပါတယ်။ ဒီနေ့ကတော့ မင်းသားမင်းသမီးတွေလာပေးလို့ ၀မ်းနည်းစရာတွေကို ခဏတော့ မေ့နိုင်တာ ပေါ့” ဟု အစ္စလာမ်ဘာသာဝင် ဒေါ်မြင့်ကြည်က ပြောကြားသည်။
ဆုဝေ
မြန်မာ့ခေတ်

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာ၊ ဧပြီ ၂။
မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး  ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း ၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီး လို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရတာ။ အခုတော့ အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

ယာဉ်တိုက်ပြီး ထွက်ပြေးနေသော ယာဉ်မောင်းကို ဖမ်းမမိသေး


ပဲခူး၊ ဧပြီ ၂။
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် ရဲစခန်းအပိုင် သာယာအေးလမ်းဆုံတွင် ပြီးခဲ့သည့် မတ်လ (၁ဝ)ရက်နေ့က လူတစ်ဦးသေဆုံးခဲ့သည့် ယဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းအား ယခုအချိန်ထိ ဖမ်းမိခြင်း မရှိသေးကြောင်း အင်းတကော် ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့လည်း လိုက်ဖမ်းနေတုန်းပါပဲ၊ ခုချိန်ထိတော့ ဖမ်းမမိသေးပါဘူး၊ တခြား ရဲစခန်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု အင်းတကော် ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က မြန်မာ့ခေတ် သို့ ပြောကြားသည်။

လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မိပြီး အသက် ၂၈ နှစ်ရှိ ကိုအောင်မျိုးထွန်း သေဆုံးခဲ့သည့်အပြင် လူသုံးဦးလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကို အင်းတကော်ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈/၂၇၉/၃ဝ၄-က ၂ဝ၂ တို့ဖြင့် တရားလိုပြု တိုင်ကြားထားကြောင်း သိရသည်။

ယာဉ်တိုက်မှုကို ကြေအေးပေးပါက နှစ်နာကြေးအဖြစ် ငွေကျပ်(၅)သိန်းအား ကားပိုင်ရှင်ဘက်မှ ပေးမည်ဟု ပဲခူးတိုင်း မထသမှ ဥက္ကဌဖြစ်သူ ဦးအောင်သောင်းက ဆက်သွယ်လာသော်လည်း ကိုအောင်မျိုးထွန်း၏ မိသားစုဝင်များက လက်ခံခဲ့ခြင်း မရှိကြောင်း သိရသည်။

“သူတို့ဘက်က လူမှုရေးအရ တော်တော်ပျက်ကွက်ခဲ့ တယ်။ ဆေးရုံရောက်နေတုန်းကလည်း ဘာမှ မလုပ်ပေးခဲ့ဘူး၊ ဈာပနတုန်းကလည်း မလာခဲ့ဘူး။ ကျွန်မတို့ကတော့ ဥပဒေအတိုင်းပဲ ဆက်ပြီး ဆောင်ရွက်စေချင် တယ်”ဟု သေဆုံးသူ၏ အစ်မတော်သူ မတင်တင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် (၂ဝ၁၂)ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၁၄၈၄)ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၄ဝ၄)ဦး၊ ဒါဏ်ရာရရှိသူ (၂၄၇၁)ဦးနှင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၃၃ဝ.၈)သန်းခန့် ရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

၄၈ လမ်း ဗလီမီးလောင်မှုတွင် တာဝန်အရှိဆုံး ဗလီဆရာနှင့် တာဝန်ခံကို ဥပဒေအရ အရေးယူမည်

ရန်ကုန်၊ ဧပြီ ၂။
ဧပြီလ ၂ရက် မနက် ၂နာရီ ၄၅ မိနစ် ခန့်တွင် မီးအားမြှင့်စက် အပူချိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းသော မီးလောင်မှုတွင် ဗလီအတွင်း ပိတ်မိကာ သေဆုံးခဲ့သူ ၁၃ ဦးအတွက် တာဝန်အရှိဆုံးသူများဖြစ်သည့် ဗလီဆရာနှင့် ဗလီတာဝန်ခံတို့ကို ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

“အဓိက တာဝန်ပျက်ကွက်တဲ့သူက ဗလီမှာ အိပ်တဲ့ ဆရာပေါ့။ သူဘာတွေ ပျက်ကွက်လဲဆိုတော့ သော့တွေသူ့လက်ထဲမှာ ရှိရဲ့ သားနဲ့ ၂ထပ်ခေတ်ထားတဲ့ သော့တွေကို သူဖွင့်လို့ရရဲ့ သားနဲ့ ဘာလို့မဖွင့်ပေးတာလဲ။ ဗလီဆရာက သူ့အပြစ်လွတ်အောင် ကောလဟာလတွေ လျှောက်ပြောနေတာတွေ ရှိတယ်။ မီးသတ်ကားတွေရောက်မှ မီးသတ်ကနေပြီး ဒီသော့ ၂လုံးကိုဖျက်ပြီးတော့မှ ကလေးတွေကို ဆွဲထုတ်ရတယ်။ ဗလီထဲမှာ ကလေးက အယောက် ၇၀လောက် ရှိနေတာ” ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးဝင်းနိုင်ကလည်း“ကလေးတွေ မသေသင့်ဘဲ သေရတာပါ။ ဗလီဆရာတွေရဲ့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးတာတွေရှိတယ်။ လက်ရှိဆေးရုံကြီးမှာ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်တွေအရ မီးခိုးမွှန်ပြီး သေဆုံးတာဆိုပြီး ဆေးစစ်ချက်အရ သိရပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မီးလောင်မှုနှင့် စပ်လျဉ်းပြီး ၄၈လမ်းတွင် ညကင်းစောင့်သူ ၃ ဦးကိုစစ်ဆေးရာ မီးလောင်မှုဖြစ်ပွားနေချိန်တွင် လမ်းထဲသို့ သူစိမ်းများ ၀င်ရောက်ခြင်းမရှိဟု စစ်ဆေးချက်များ ရရှိထားကြောင်း၊ အပြင်ပယောဂ မပါဝင်သော အတွင်းပိုင်းမှ စတင်၍ မီးလောင်ကျွမ်းမှုသာ ဖြစ် ကြောင်း၊ ဗလီဆရာများမှာ ၎င်းတို့ ၏ အပြစ်ကိုဖုံးကွယ်ချင်သဖြင့် ကောလဟာလများ ပြောကြားထားသည်များ ရှိကြောင်း ရဲမှူးကြီး ဦးဝင်းနိုင်က ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ အဖြစ်မှန်နှင့် စပ်လျဉ်းပြီး အစ္စလာမ် ဘာသာ ရေးအဖွဲ့ကြီး ၅ဖွဲ့မှ တာဝန်ရှိသူများနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ လေးဖွဲ့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ရှင်းလင်း ပြောကြားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။
ဆုဝေ
 မြန်မာ့ခေတ်

လျော်ကြေးမယူသူတွေက ဆက်ပြီး ကန့်ကွက်ဆန္ဒပြနေကြ(ရုပ်/သံ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လုပ်သင့်တယ်လို့ စုံစမ်းရေးကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းဒေသခံတွေထဲက မြေယာလျော်ကြေးငွေယူပြီး သဘောတူကြသူတွေရှိကြသလို လျော်ကြေးမယူသူတွေက ဆက်ပြီး ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

RFA Burmese

ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေသတွေမှာ အလုပ်အကိုင် ရှားပါးလာတဲ့အတွက် နေရပ်စွန့်ခွာ(ရုပ်/သံ)

ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေသတွေမှာ စီးပွားရေး ကြပ်တည်းပြီး အလုပ်အကိုင် ရှားပါးလာတဲ့အတွက် နေရပ်စွန့်ခွာ အလုပ်လုပ်ကိုင်သူတွေ များပြားလာနေပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က သတင်းပေးပို့ထားပါတယ်။

RFA Burmese

အမှတ် ၁၄ စစ်သင်တန်းကျောင်း ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ(ရုပ်/သံ)

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ စစ်သင်တန်းကျောင်း ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကို ဖရူဆိုမြို့နယ် မော်ခရော်ရှေးရွာက ကက်သလစ် သာသနာရေးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက သတင်းပေးပို့ထားပါတယ်။

RFA Burmese

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ ရောက်ရှိ


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနိုင်မယ့် အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရထိပ်တန်း ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ ကာတာဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ပြည်သူ့ကျန်းမာရေး အထောက်အကူပြု စီမံကိန်းတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စီမံကိန်းတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။

သမ္မတကာတာ မြန်မာနိုင်ငံမလာခင် သူ့ရဲ့ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဖြစ်ပြီး ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၂ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူ ဖြစ်ပါတယ်။
RFA Burmese

ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ

အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီလ ၁ ရက်မှ ၆ ရက်နေ့အထိ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးအလိုက် အတက်အကျ ဖြစ်သွားနိုင်ခြေရှိကြောင်း ရွှေကုန်သည်များက ဆိုသည်။

“ပြီးခဲ့တဲ့ အပတ် မတ်လ ၂၅ ရက်ကနေ ၃၀ ရက်အထိ တပတ်အတွင်း ရွှေဈေးကို ဒေါ်လာဈေးနဲ့ (တရုတ်) ယွမ်ဈေးက ဦးဆောင်သွားခဲ့တယ်။ ဒေါ်လာနဲ့ ယွမ်ဈေး တက်ရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်တက်တယ်။ ဒေါ်လာနဲ့ ယွမ်ဈေးကျရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်ကျခဲ့တယ်။ ဒီတပတ် (ဧပြီ ၁ ရက်မှ ဧပြီ ၆ ၇က်အထိ) မှာတော့ ကမ္ဘာ့ရွှေဈေး ဦးဆောင်သွားနိုင်ဖွယ်ရှိမယ်လို့ ခန့်မှန်းပါတယ်” ဟု ရွှေကုန်သည် ဦးစံမြင့် ကပြောကြားသည်။

ယခင် သီတင်းပတ်အတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးမှာ ၁ အောင်စလျှင် ၁,၆၁၀ ဒေါ်လာ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးမှာ ၁,၅၉၅ ဒေါ်လာ ဖြစ်ခဲ့သည်။

“မတ်လ နောက်ဆုံးပတ်မှာ ပြည်တွင်းရွှေ ပေါက်ဈေးအရ နယ်စပ်က ရွှေအဝင် ပါးပါးရှိတယ်။ နယ်စပ်ဘက်က ရွှေပေါက်ဈေး မြင့်တဲ့အခါ ပြည်တွင်းရွှေ နယ်စပ်ဘက်ကို ခပ်ပါးပါး စီးဆင်းမှု ရှိတယ်။ သိသိသာသာ များများ စားစားကြီးတော့ မဟုတ်ဘူး။ အရပ်ဝယ်လက်တွေလည်း ငြိမ်နေတယ်။ လက်ကြီးတွေလည်း မိတ္ထီလာ ပြဿနာ နောက်ပိုင်း ငြိမ်နေတယ်။ အကယ်၍ ကျပ် ၇၅၀,၀၀၀ ထက် ကျပ် ၅၀၀ ဝန်းကျင်လောက် ဈေးထက်တက်ရင်တော့ အရပ်ဝယ်လက်တွေ ရွှေပြန်ထုတ် ရောင်းလာနိုင်ပါတယ်” ဟု ရွှေကုန်သည် ဦးအေး က ဆိုသည်။

မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၅၀,၀၀၀ ကျပ်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၇၄၀,၀၀၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့သည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

လက်ပံတောင်း ဒဏ်ရာရ ဆရာတော် သီတဂူ သံဃာ့ဆေးရုံ၌ ကုသမှု ခံယူနေ

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
စံခလပူရီ (မဇ္ဈိမ)။ ။ လက်ပံတောင်း အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာ အပြင်းထန်ဆုံး ရရှိခဲ့သူ သံဃာတပါး ဖြစ်သည့် ဦးတိက္ခဉာဏသည် ထိုင်းနိုင်ငံ ဗန်ကောက် စစ်ဆေးရုံမှ ဆင်းလာပြီးနောက် စစ်ကိုင်းတောင်ရိုးရှိ သီတဂူ သံဃာ့ဆေးရုံ၌ ဆက်လက်၍ ကုသမှုများ ခံယူလျက်ရှိနေကြောင်း သားဖြစ်သူ ဒေါက်တာ
နေသုခ က ပြောသည်။

“အနာတွေ တော်တော် များများ ကတော့ သက်သာသွား ပြီဗျ။ ဆိုတာက အရေပြားပေါ်မှာ ရှိတဲ့ အနာတွေ တော်တော်ကောင်းသွားပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် ခြေထောက်တွေမှာကတော့ အသားတွေ ကျုံ့ပြီး အကြောတွေ ဆိုင်းနေတယ်လို့ ပြောရမယ်။ ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ အနေအထားတွင် ဆရာတော်မှာ ထိုင်ရန်ပင် မလွယ်ကူသေးဘဲ နဂို ပုံမှန်အတိုင်း အကောင်းပကတိ လမ်းပြန်လျှောက်နိုင်ရန်မှာ များစွာ အချိန်ယူရဦးမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ သပိတ်စခန်း ဖြိုခွဲခံရစဉ် မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် ခန္ဓာကိုယ်ပေါ်မှ အနာများမှာ သက်သာသွားခဲ့ပြီး ဖြစ်သော်လည်း သုံး၊ လေး လခန့် လှုပ်ရှားမှု မရှိဘဲ ပက်လက် အနေအထားဖြင့် သီတင်းသုံးခဲ့ရ၍ ကြွှက်သား လှုပ်ရှားမှုများ အားနည်းကာ အကြောများလည်း တုံဆိုင်းနေသည့် အနေအထား ဖြစ်သည်ဟု ဒေါက်တာ နေသုခ က ဆိုသည်။

မတ်လ ၂၆ ရက်နေ့ ကတည်းကပင် ဗန်ကောက် မှတဆင့် ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာခဲ့ကာ သီတဂူ သံဃာ့ဆေးရုံသို့ ပြောင်းရွှေ့၍ ကုသမှု ခံယူခဲ့သည်။

ထိုင်း စစ်ဆေးရုံ၌ တက်ရောက် ကုသခဲ့စဉ်အတွင်း အရေပြား အစားထိုး ကုသမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ထိုအရေပြားများ ပုံမှန် အလုပ်လုပ်ခြင်း ရှိမရှိ စသည်တို့ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

“အနာတွေ အကင်းသေအောင် ပျောက်ဖို့နဲ့ အသားတွေ ပြန်တက် ဖို့၊ အရေပြားက သူ့အလုပ်သူ ပြန်လုပ်ဖို့ ဥပမာ ချွေးထွက်တာတွေ ဘာတွေ ပြန်ရှိနိုင်မလား မရှိနိုင်ဘူးလား ဆိုတာမျိုးပေါ့။ အဲဒါတွေကို စောင့်ကြည့်ပြီး ဆက်ကုသရမယ့် အနေအထား ရှိပါတယ်” ဟု ကိုနေသုခ က ဆက်ပြောသည်။

လက်ပံတောင်း သပိတ် စခန်းများ ဖြိုခွင်း ခံရ ပြီးနောက်ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဦးတိက္ခ ဉာဏ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံ ကြီးတွင် တက်ရောက် ကုသ နေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းအစိုးရ စစ်ဆေးရုံသို့ ပြောင်းရွှေ့ ကုသခဲ့ရသည်။

လက်ရှိ၌မူ သံဃာဆေးရုံ၌ တက်ရောက် ကုသနေသော ဆရာတော်အား ဒေါက်တာ ဒေါ်ဖြူဖြူလွင် က အန္ဒိယနိုင်ငံမှ ဆေးဝါးများဖြင့် အနီးကပ် ကုသပေးနေလျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံခြား၌ ရက်ရှည် ကုသမှု ခံယူ ရသဖြင့် ဆရာတော် အနေဖြင့် စိတ်ငြီးငွေ့ခြင်း၊ စကားပြောဖော် မရှိခြင်း၊ အဖော်မဲ့ခြင်း စသည့် ခံစားမှုများ ရှိခဲ့ကာ အနာများလည်း သက်သာလာသဖြင့် မြန်မာပြည်သို့ ပြန်၍ ကုသရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု သားဖြစ်သူ ဒေါက်တာ နေသုခ က မဇ္ဈိမကို ပြောကြားသည်။
Mizzima - News in Burmese

The First Weekly Journal အသရေဖျက်မှုဖြင့်တရားစွဲ ခံရ

April 2, 2013 The First Weekly Journal တွင်မြောက်ဒဂုံတွင်နေထိုင်ပြီး နိုင်ငံရေးအမှုနှင့်ထောင်မှထွက်လာ သည်ဟုရေးသားဖော်ပြခံရသည့် ဓာတ်ပုံရှင်အမျိုးသမီးမှာ စစ်ကိုင်း တိုင်းဒေသကြီးမုံရွာခရိုင်၊ဆားလင်း ကြီးမြို့နယ်၊ တုံရွာတွင်နေထိုင်ပြီး တုံရွာတွင်ပင်မွေးဖွားကြီးပြင်းလာ ကာနိုင်ငံရေးမှုဖြင့်ထောင်ကျခဲ့ခြင်း မရှိသူတစ်ယောက်ဖြစ်သည့် အတွက် The First Weekly Journal ရေးသားဖော်ပြမှုမှာ သူမ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့် အပြင် စာမျက်နှာပေါ်တင်၍ အရှက်ခွဲသလိုဖြစ်နေခြင်းကြောင့် တုံရွာသူ ဒေါ်ညိုလေးမှာ ဆားလင်း ကြီးတရားရုံးတွင် ဧပြီ ၁ရက်က တရားရုံးသို့ ဦးတိုက်လျှောက်ထား ၍ အမှုဖွင့်သည်ကို သက်သေစစ် ဆေးပြီး တရားရုံးကအမှုဖွင့်သည် ကိုလက်ခံလိုက်ပြီဖြစ်ကြောင်း ကာယကံရှင် ဒေါ်ညိုလေးထံမှ သိရသည်။ ““ကျွန်မကို မတရားစွပ်စွဲပြီး သတင်းစာမျက်နှာပေါ်မှာဖော်ပြ ခဲ့တဲ့အတွက် အသေရေဖျက်မှုနဲ့ တရားစွဲတာပါ။အမှားပြင်ဆင်ဖော် ပြပေးရင်လည်း ကျွန်မကလုံးဝ မကျေနပ်ဘူး၊တရားဥပဒေကဆုံး ဖြတ်ပေးတာကိုလက်ခံသွားမယ်”” တုံရွာတွင် မွေးဖွားကြီးပြင်လာ သည့် ဒေါ်ညိုလေးမှအတည်ပြု ပြောကြားသည်။ အဆိုပါ တုံရွာမှဒေါ်ညိုလေး က The First Weekly Journal အားတရားဆွဲစိုမှုနှင့်ပတ်သက်ပြီး အဆိုပါဂျာနယ် ဖုန်း-၀၁-၃၇၈၀၉၀အားဆက်သယ်မေးမြန်း ရာ ““အယ်ဒီတာ ဦးအောင်စိုးသူ မရှိကြောင်း၊ ဦးအောင်စိုးသူ၏ ဖုန်းနံပါတ်ကိုလည်းပေး၍မရ ကြောင်း၊တွေ့ရင်တော့ အဆိုပါ ကိစ္စအားပြောပေးမည်ဖြစ်ကြောင်း”” ယင်းဂျာနယ်မှ တာဝန်ရှိသူတစ် ဦးက ဧပြီ ၁ရက် နေ့လည် (၃) နာရီတွင် ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။ ဆားလင်းကြီး တရားရုံးမှ ဒေါ်ညိုလေး၏တရား ဆွဲမှုကိုလက်ခံပြီးရုံးသို့ ၅ရက်လျှင် ပြန်လာခိုင်းထားကြောင်း၊ ထိုနေ့ မှ ပုဒ်မကိုတပ်ပေးမည်ဖြစ်ကြောင်း ဒေါ်ညိုလေးထံမှထပ်မံသိရသည်။ မျိုးမြင့် The Hot News

အဓိကရုဏ်တွေ မဖြစ်အောင် လုံခြုံရေး အစီအမံတွေချထားကြောင်း တောင်ငူအာဏာပိုင်တွေက ရှင်းလင်း


အဓိကရုဏ်တွေ မဖြစ်အောင် လုံခြုံရေး အစီအမံတွေချထားကြောင်း တောင်ငူအာဏာပိုင်တွေက ဘာသာရေး ခေါင်းဆောင်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒေါ်နေရီရီက ပေးပို့ထားပါတယ်။ ရိုက်ကူး-ICJ မင်းထက်ကျော်
DVB TV News

ဗဂျီးပြောမေ(ရုပ်/သံ)


ရခိုင် သီချင်းနှင့် အက

FB-Myo Morn Tun

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com