http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

ကလေးစစ်သား ၇ဝ နီးပါး လွှတ်ပေးမှု ကုလသမဂ္ဂကြိုဆို

မြန်မာအစိုးရက အသက်မပြည့်သေးတဲ့ ကလေးစစ်သား ၆၈ ဦးကို ဒီကနေ့လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကလေးစစ်သားပပျောက်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ သဘောတူလက်မှတ်ရေးထိုး ခဲ့ပြီးနောက်ပိုင်း ကလေးစစ်သား အများဆုံးလွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့လ ဇူလိုင် ၈ ရက်နေ့က ကလေးစစ်သား ၄၂ ယောက်ကို တတိယအကြိမ်မြောက် လွှတ်ပေးခဲ့ပြီး တစ်လမပြည့်ခင်ကာလမှာ ကလေးစစ်သား ၆၈ ယောက်ကို ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ အကောင်းဘက်ကို ဦးတည်နေတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ashok Nigam က ပြောပါတယ်။

မြန်မာအစိုးရဟာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က နိုင်ငံအတွင်း ကလေးစစ်သားပပျောက်ရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအတွက် ၃ နှစ်စီမံကိန်း သဘောတူညီချက်တစ်ရပ်ကို ILO နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့သလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအား စစ်သားအဖြစ်အသုံးပြုနေမှုကို ၂ဝ၁၅ မတိုင်မီ ရှာဖွေဖော်ထုတ်ကာ စစ်တပ်မှနုတ်ထွက်ခွင့်ပြုရေး ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း သဘောတူညီထားပါတယ်။
RFA Burmese

တိုင်းနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ လွှတ်တော်နှင့် သဘောထားကွဲလွဲ၍ နိုင်ငံတော်သမ္မတ လက်မှတ်မထိုး

ရန်ကုန်၊ သြဂုတ် ၇
ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၆ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပါ အချက် ကိုးချက်တွင် လွှတ်တော်နှင့် သဘောထား ကွဲလွဲနေသောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ် မရေးထိုးခြင်းဖြစ်ကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကြမ်းပါ အချက် ကိုးချက်မှာ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ များနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံ သြဂုတ်လ ၅ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ထားကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးနိုင် ရန် ပြည်ထောင်စု ရှေ့နေချုပ်၊ ဥပဒေ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး အခြေခံ ဥပဒေနှင့် ညီညွတ်ရန် ဆောင်ရွက် ကာ လွှတ်တော်သို့ သဘော မှတ်ချက် ကိုးခုဖြင့် ပြန်လည် ပေးပို့သော်လည်း လွှတ်တော်က မူလအတိုင်းသာ အတည်ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“သမ္မတ လက်မှတ် မထိုးလည်း ဥပဒေက အတည်ဖြစ်တယ်။ အမေရိကန်မှာ လိုတော့ သမ္မတက ဗီတို အာဏာနဲ့ ပယ်လို့မရဘူး” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ယခု ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ယင်းသို့ သမ္မတနှင့် လွှတ်တော် သဘောထား မကိုက်ညီသည့် အခြေအနေ တွင် ပြဋ္ဌာန်းပြီး ဥပဒေများ အခြေခံ ဥပဒေနှင့် ညီညွတ်ရေး စိစစ်ရန်အတွက် အခြေခံ ဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိကြောင်း သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ (ဂ) တွင် ပြည်ထောင်စုလွှတ်တော် က ပြန်လည် ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ် ကာလ (ပြန်လည် ရရှိသည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်) အတွင်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မပြုလျှင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေ ဖြစ်လာရမည်ဟု ဖော်ပြ ပါရှိသည်။
The Voice Weekly

ဆရာတော် အရှင်ဆန္ဒာဓိကမှ ရှစ်လေးလုံးငွေရတုအခမ်းအနားသို့ ငွေကျပ် (၂၅)သိန်း လှူဒါန်း

ဆရာတော် အရှင်ဆန္ဒာဓိကမှ ရှစ်လေးလုံးငွေရတုအခမ်းအနားသို့ ငွေကျပ် (၂၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
8888 silver jubilee
Popular Myanmar News Journal

ရှစ်လေးလုံးငွေရတုအထိမ်းအမှတ် သံဃာတော်များကို ဆွမ်း၊ သင်္ကန်း ဆက်ကပ်

ရန်ကုန်-သြဂုတ်၈
ယနေ့ရန်ကုန်တွင်ကျင်းပနေသည့် ရှစ်လေးလုံးငွေရတုအထိမ်းအမှတ် သံဃာတော်များအား ဆွမ်း၊ သင်္ကန်း ဆက်ကပ် ပွဲတွင် သံဃာတော် အပါး (၁၅၀) အတွက် ဓနုဖြူဒေါ်စောရီ (မြေနီကုန်းဆိုင်ခွဲ) မှ ဒါနပြု လှူဒါန်းခဲ့ပြီး ဇောတိကသင်္ကန်းတိုက်မှ သင်္ကန်းများ လှူဒါန်းခဲ့သည်။
8888 silver jubilee
Popular Myanmar News Journal

၈ လေးလုံး နဲ့ စစ်မှန်တဲ့ အပြောင်းအလဲ

စစ်တပ် အနေနဲ့ အုပ်ချုပ်ရေးမှာ မစွက်သင့်တော့
8 သြဂုတ်လ 2013
၈ လေးလုံး လှုပ်ရှားမှု အပြည့် အဝ မအောင်မြင် ခဲ့ပေမယ့် အဖူးအပွင့်ကို စမြင် ရပြီ၊ အပြောင်းအလဲ အတွက် ဒီမိုကရေစီ အင်အားစု တွေ ညီဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တယောက် ဖြစ်တဲ့ မင်းကိုနိုင် က ဘီဘီစီကို ပြောကြား ပါတယ်။

ပြည်သူတွေ ခံစား နေရတဲ့ မပြည့်စုံမှု၊ မငြိမ်းချမ်းမှု တွေ ပပျောက်မှသာ စစ်မှန်တဲ့ အပြောင်းအလဲ ရမယ် လို့လည်း သူက ပြောပါတယ်။

စစ်မှန်တဲ့ ပြောင်းလဲမှု ရဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးမှာ မစွက်တဲ့ ပရိုဖက်ရှင်နယ် စစ်တပ် ဖြစ်ဖို့ တွေ လိုတယ်လို့ သူက ထောက်ပြ ပါတယ်။

၈၈ လှုပ်ရှားမှု တုန်းက လမ်းစဉ် ပါတီ အစိုးရက ပါတီစုံ ရွေးကောက်ပွဲ ကမ်းလှမ်း ပေမယ့် အတိုက်အခံ လက်ခံ နိုင်တဲ့ ဖွဲ့စည်းပုံ ဥပဒေ မရှိ၊ သက်တမ်းရှည် အာဏာရ ပါတီနဲ့ မယှဉ်လို တဲ့ အတွက် ရွေးကောက်ပွဲကို ပယ်ချပြီး ကြားဖြတ် အစိုးရ တောင်းခဲ့ ရာက မညှိနှိုင်း နိုင်ဘဲ အာဏာ သိမ်းခံရ တယ်လို့ မင်းကိုနိုင်က ရှင်းပြပါတယ်။

ဆုံးဖြတ်ချက်ချ

 ရန်ကုန်မှာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတု ဆွေးနွေးပွဲ ကနေပြီး

- ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး

 - ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေး

- အားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ညီလာခံ တရပ် ကျင်းပရေး

အချက်တွေကို သြဂုတ်လ ၇ ရက် နေ့က ဆုံးဖြတ်ချက် ချခဲ့ ကြတယ် လို့ သိရပါတယ်။

ဒီကနေ့ အခမ်းအနားကို ၈ လေးလုံးက ပေါ်ထွက်လာတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

၈ လေးလုံး အုံကြွမှု အတွင်း သိန်းနဲ့ချီတဲ့ နိုင်ငံသားတွေ ပါဝင် လှုပ်ရှား ခဲ့ပြီး စစ်အာဏာသိမ်း အစိုးရရဲ့ ချေမှုန်းမှု ကြောင့် ကျရှုံး ခဲ့ရပါတယ်။

ကျင်းပနေတဲ့ ၈ လေးလုံး ပွဲဟာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးရဲ့ အရေးကြီးတဲ့ ပြယုဂ် ဖြစ်ကြောင်း ဘီဘီစီ အရှေ့တောင် အာရှ သတင်းထောက် က ပြောကြား ပါတယ်။
ဘီဘီစီ မြန်မာပိုင်း

မြန်မာ ပဋိပက္ခဒေသများကို မသွားရန် ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရ တားမြစ်

ရန်ကုန်၊ သြဂုတ် ၇
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အနီးဝန်းကျင်ဒေသများနှင့် ကချင်ပြည်နယ် ဒေသများကို ဗြိတိန်နိုင်ငံသားများ သွားရောက် လည်ပတ်ခြင်း မပြုကြရန် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးရုံးက သြဂုတ်လ ၆ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ယင်းနေရာများအပြင် အစိုးရနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့ကိုလည်း သွားရောက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်မှအပ ကျန်ဒေသများသို့ မသွားရန်၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်း ဒေသများသို့ မသွားရန်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုတို့မှအပ ကျန်နေရာဒေသများ အပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်ရာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများသို့ လည်ပတ်ခြင်း မပြုရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက တားမြစ်ထားသည်။

လူစုလူဝေးဖြင့် လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် ယင်းဖြစ်ရပ်များကို ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ခြင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို မှတ်တမ်းတင်ခြင်းများ မပြုလုပ်ရန် ယင်းဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့်ကို ပိတ်ပင်တားဆီးချက်များ ရှိနေပြီး ဗြိတိန်သံရုံး တာဝန်ရှိသူများ အနေနှင့်လည်း မြန်မာ့အာဏာပိုင်များ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ ရန်ကုန်မြို့တော်၏ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ဗြိတိန်နိုင်ငံက တားမြစ်လိုက်သည့် ဒေသများသည် ခရီးသွားများ သွားရောက်မှု နည်းပါးသည့် ဒေသများဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ် စီစဉ်ခြင်း မရှိသဖြင့် ယင်းတားမြစ်မှုသည် ခရီးသွားလုပ်ငန်းအတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အတွင်းက ဗြိတိသျှလူမျိုး ၇၃၀၀ ဝန်းကျင် လာရောက်လည်ပတ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးရုံး၏ စာရင်းဇယားများအရ သိရသည်။

အလားတူ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့ကလည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဒေသများကို သွားရောက် လည်ပတ်ခြင်း မပြုရန် တားမြစ်ခဲ့ကြသည်။
Photo: မြန်မာ ပဋိပက္ခဒေသများကို မသွားရန် ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရ တားမြစ် ရန်ကုန်၊ သြဂုတ် ၇ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အနီးဝန်းကျင်ဒေသများနှင့် ကချင်ပြည်နယ် ဒေသများကို ဗြိတိန်နိုင်ငံသားများ သွားရောက် လည်ပတ်ခြင်း မပြုကြရန် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးရုံးက သြဂုတ်လ ၆ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။ ယင်းနေရာများအပြင် အစိုးရနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့ကိုလည်း သွားရောက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်မှအပ ကျန်ဒေသများသို့ မသွားရန်၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်း ဒေသများသို့ မသွားရန်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုတို့မှအပ ကျန်နေရာဒေသများ အပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်ရာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများသို့ လည်ပတ်ခြင်း မပြုရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက တားမြစ်ထားသည်။ လူစုလူဝေးဖြင့် လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် ယင်းဖြစ်ရပ်များကို ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ခြင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို မှတ်တမ်းတင်ခြင်းများ မပြုလုပ်ရန် ယင်းဌာနက သတိပေးထားသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့်ကို ပိတ်ပင်တားဆီးချက်များ ရှိနေပြီး ဗြိတိန်သံရုံး တာဝန်ရှိသူများ အနေနှင့်လည်း မြန်မာ့အာဏာပိုင်များ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ ရန်ကုန်မြို့တော်၏ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ဗြိတိန်နိုင်ငံက တားမြစ်လိုက်သည့် ဒေသများသည် ခရီးသွားများ သွားရောက်မှု နည်းပါးသည့် ဒေသများဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ် စီစဉ်ခြင်း မရှိသဖြင့် ယင်းတားမြစ်မှုသည် ခရီးသွားလုပ်ငန်းအတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။ မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အတွင်းက ဗြိတိသျှလူမျိုး ၇၃၀၀ ဝန်းကျင် လာရောက်လည်ပတ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးရုံး၏ စာရင်းဇယားများအရ သိရသည်။ အလားတူ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့ကလည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဒေသများကို သွားရောက် လည်ပတ်ခြင်း မပြုရန် တားမြစ်ခဲ့ကြသည်။
The Voice Weekly

အချုပ်ခန်းအတွင်း သေဆုံးမှု လွှတ်တော်ကို တိုင်ကြားစာပို့

Wednesday, August 07, 2013
နှစ်ကြိမ်တိုင် ပလပ်ခံရသည့် ပန်းတောင်းမြို့ စံပြ ရဲစခန်းတွင် ရန်ဖြစ်မှုကြောင့် အဖမ်းခံထားရစဉ် ဦးသန်းထွန်း အချုပ်ခန်းအတွင်း ဖူးရောင် ညိုမည်း နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ မိသားစုဝင်များက ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီထံသို့ တိုင်ကြားစာ ကို သြဂုတ်လ ၅ ရက်နေ့က ပေးပို့ခဲ့ကြောင်း သေဆုံးသူ၏ ဇနီး ဒေါ်မြင့်ဌေးက ပြောကြားသည်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းမှာ တစ်ရွာတည်းနေ ဦးနီနှင့် ရန်ဖြစ်ခဲ့မှုကြောင့် ပန်းတောင်းမြို့ စံပြ ရဲစခန်းတွင်ချုပ်နှောင်ခံရပြီး လေးရက်အကြာတွင် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသို့ သေဆုံးရခြင်းနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများကို အရေးယူပေးရန်အတွက် ရဲစခန်းတွင် တိုင်ကြားခဲ့ရာ လက်မခံသဖြင့် မြို့နယ်နှင့် ခရိုင် တရားရုံးများကို ဦးတိုက်လျှောက်ကာ တရားစွဲဆိုသော်လည်း စခန်းမှူးနှင့် တာဝန်ကျ ရဲတပ်သား များအား တရားစွဲရန် ခွင့်ပြုမိန့် လိုအပ်သည်ဟုဆိုကာ အမှုကို နှစ်ကြိမ်တိုင်တိုင် ပလပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အမှုမှန် ပေါ်ပေါက်ရန်အတွက် ထပ်မံ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီထံသို့ တိုင်ကြားစာ ပေးပို့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

“တိုင်းတရားရုံးကို တက်ဖို့ကျတော့ ငွေအင်အား မတတ်နိုင်ဘူးလေ။ စခန်းမှာ နှိပ်စက် ရိုက်နှက် သတ်တဲ့ တရားခံကို ပေါ်စေချင်တယ်” ဟု ဒေါ်မြင့်ဌေးက ဆိုသည်။

သေဆုံးသူ၏ ဘယ်ညာ မျက်လုံး တစ်ဝိုက်တွင် ညိုမည်းနေသည်ကို တွေ့ရပြီး သေဆုံးမှုမှာ နံရိုးကျိုး သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသင်းသင်းလှိုင်၏ ဆေးစာတွင် ဖော်ပြ ရေးသားထားသည်။

အဆိုပါ ရဲစခန်းမှ သေမှုသေခင်း အမှတ် (၂၇/၂၀၁၃) ဖြင့် မြို့နယ် တရားရုံးတွင် စစ်ဆေးသောအခါ ရဲများနှင့် အချုပ်သားများကို သက်သေ တင်သွင်းထားပြီး ဓမ္မတာသဘောအရ သေနေ့စေ့ ၍ သေဆုံးခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိသည်ဟု အမိန့်ချခဲ့ခြင်းမှာ တရားခံ အစစ်အမှန်များကို ဖုံးကွယ်ပေးထားခြင်းဟု သံသယ ရှိကြောင်း ဦးသန်းထွန်း သေဆုံးမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေ သည့် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက သုံးသပ် ပြောကြားသည်။
The Voice Weekly

ဒိုတ်ဦး ဆေးရုံကြီးမှာ မြွေဆေးကော ခွေကိုတ်ရင် ထိုးတဲ့ ဆေးကော နှစ်မျိုးလုံးမရှိပါဘူး လို့ သိရပါတယ်

ဒိုတ်ဦးမြို့ နယ် ပြည်သူ့ ဆေးရုံယနေ့  7း00 အချိန်လောက်က သူငယ်ချင်းခွေကိုတ် ခံရတယ်ကြာလို့ အိမ်သွားတော့  ဆေးရုံးသွားပြီ ဆိုတာနဲ့ ဘဲ ( ဒိုတ်ဦး မြို့ နယ်ပြည်သူ့ ဆေးရုံး ကြီး ) ကိုလိုက်သွားခဲ့ ပါတယ်။

လမ်းမာဘဲ သူငယ်ချင်းနဲ့ တွေ့ လို့ အတူတူဘဲဆေးရုံးသွားလိုက်တယ်။ ဆေးရုံရောက်တော့ ဆရာမတွေနေတဲ့ နေရာ တရာမတွေကို တွေ့ တော့ ဆရာမ ခွေရူးကိုတ်ခံရလို့  လို့ ပြောလိုက်တယ်။ ဒါပေမဲ့  ဆရာမ တွေ ထမလာပါဘူး ဆရာဝန်ကြီးရဲ့ သားလား / ဆွေမျိုးလားမသိပါဘူး ရောက်နေလို့ တဲ့ လာနာစီ မလာဘူးဗျာ။

တော်တော်လေးပြောမ သူနာပြု နှစ်ရောက်ရောက်လာတယ် ခွေး ကိုတ် ခံရတဲ့ ဒဏ်ရာကို ဆေးကြောပေါ့ ဗျာ နဲနဲကြာတော့ ဆရာမရောက်လာတယ် အဲ့ ဒါနဲ့  ဆရာမကို ခွေးရူးကိုတ်ရင်ထိုးတဲ့ ဆေး ထိုးပေးပါလို့  ပြောတော့  ဆရာမ က ပြောပါတယ် မရှီဘူးတဲ့  ။ ဒါဆို ပိုးသတ်ဆေးကော ဆိုတော့ လဲမရှိဘူးတဲ့  (ဒိုတ်ဦး မြို့ နယ် ပြည်သူ့ ဆေးရုံ ) နော်။ လမ်းဘေးဆေးခန်းမဟုတ်ပါဘူး။
ဒါနဲ့ ဘဲ ဆေးကို အပြင်မာဝယ်ပြီး အပြင်ဆေးခန်းမာ ဘဲထိုး လိုက်ရပါတယ်။

(တကယ်လို့ များ ရွာသူ ရွာသားတွေ မြွေကိုတ် ခံရရင်ကော ဘယ်လိုလုပ်မလဲ အသေခံရမာလား။ အခုလိုခွေးကိုတ်ခံရရင်ကော)
ဘယ်လို ယုံကြည်ပေးရမာလဲ ဒီဆေးရုံကြီးကို ...ဆရာမ နာမည်တော့  မပြောတော့ ပါဘူး။

သေချာ တာကတော့ ဒိုတ်ဦး ဆေးရုံကြီးမှာ မြွေဆေးကော ခွေကိုတ်ရင် ထိုးတဲ့ ဆေးကော နှစ်မျိုးလုံးမရှိပါဘူး လို့ သိရပါတယ် ....
ဆေးရုံမာများရှိသင့် တဲ့ ဆေး မဟုတ်လို့ များလားဗျာ။
EZ EZ
The Bago Weekly News

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား

ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။”သေဆုံးသွားတဲ့သူ အမည်သုံးပြီး မမှန်မကန်လုပ်တဲ့အတွက် တိုင်တာ”ဟု ၄င်းက ပြောသည်။

အဆိုပါ ရာအိမ်မှူး၏ ဇနီးမှာ ၂ဝ၁၃ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သေဆုံးပြီးဖြစ်ကြောင်း နာရေးကြော်ငြာ နှင့်တကွ ၄င်းက တိုင်တန်းခြင်းဖြစ် သည်ဟုဆိုသည်။”ရာအိမ်မှူးက လုပ်ပိုင်ခွင့်ကို ဆန့် ကျင်ပြီး၊ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံး စားလုပ်တယ်။ ဒါကို အရေးယူပေးဖို့လို တယ်”ဟု ဦးဘိုဘိုတင်က ဆက်ပြော သည်။ပိန္နဲကုန်းရပ်ကွက် ရာအိမ်မှူးဖြစ် သူ ဦးသန်းဝင်းက ¤င်းအနေဖြင့် ထုတ် ယူခဲ့ကြောင်းဝန်ခံခဲ့ပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း မဟုတ်ေ ကြာင်း ငြင်းဆိုခဲ့သည်။”အခုသေဆုံးသွားတဲ့ ကျွန်တော့် ဇနီးက အိမ်ထောင်ဦးစီးဖြစ်တယ်။

သန်းခေါင်စာရင်းထဲမှာ ဖျက်လည်းမ ဖျက်ရသေးဘူး။ ဖုန်းကိုကျွန်တော် မလျှောက်ဘူး။ ကျွန်တော့်အိမ်က မသိ လို့ လျှောက်လိုက်တယ်။ မဲပေါက်တာ ကလည်း လူ ၈ဝဝ ကျော်ထဲမှာမှ မဲနှိုက် လိုက်လို့ ကံထူးပြီးပေါက် သွားတာ”ဟု ရာအိမ်မှူး ဦးသန်းဝင်းက ပြောသည်။ထိုဖုန်းပေါက်စဉ် ယူသင့်၊ မယူ သင့်ကို ရပ်မိ၊ ရပ်ဖများက ဆုံးဖြတ်ပေး ၍ မိမိယူခြင်းဖြစ်ပြီး၊ မိမိတို့အိမ်ထောင် စုက တန်ဖိုးနည်းဖုန်း မဲပေါက် ခဲ့ခြင်းမှာ ယခုတစ်ခေါက်မှ ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

”ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့ဝင်တွေကို ဖုန်းမလျှောက် ဖို့မှာထားပါတယ်။ ဒီအတိုင်းပဲ မလျှောက် ပါဘူး။ အခုဖုန်းကိုလည်းပြန်လိုချင်ရင် ပြန်ယူနိုင်ပါတယ်”ဟု ဦးသန်းဝင်းက ထပ်လောင်းဆိုသည်။
မင်းသုအောင်၊ ရန်နိုင်
Popular Myanmar News Journal

အနုပညာနယ်ပယ်အသီးသီးမှ ရှစ်လေးလုံးအရေးတော်ပုံကာလမှတ်မှတ်ရရ ဖွင့်ဟသံ

မာမာအေး
" အဲဒီအချိန်တုန်းက အိမ်ထဲမှာပဲ နေတယ်။ အိမ်မှာနေရင်းနဲ့တောင် ရင် တထိတ်ထိတ်ဖြစ်ရတယ်။ ပစ်ကြခတ်ကြတဲ့အသံတွေကြားတော့ စိတ်မ ချမ်းသာဘူးပေါ့နော်။ အိမ်မှာက အန်တီရဲ့ အမေနဲ့ နှစ်ယောက်ပဲရှိ တယ်။ ဒီရပ်ကွက်ကို ဗုံးကြဲမယ်၊ ဘာလုပ်မယ်ဆိုပြီး အသံတွေ ကြားရ တော့ ကလေးတွေကိုလည်း တခြားကို ပို့ထားတယ်။ အစိုးရကလည်း လက်နက်ဆိုတာ ဘာလက်နက်မှမထားရဘူး ဆိုတော့ လောက်လေးခွ တောင် မရှိဘူး။

မြို့ထဲကနေ သတင်းတစ်ခုကြားရင် ဟုတ်မှန်းလည်း မသိ မဟုတ်မှန်းလည်း မသိ။စိတ်တွေ ဆင်းရဲပြီးတော့ ဘာမှ မဖြစ်ကြပါနဲ့ လို့တောင် ဆုမတောင်းနိုင်ခဲ့ဘူး။အန်တီက မြန်မာ့အသံကနေ ထွက် ခဲ့တာ ၇၇ခုနှစ်ကတည်းကပါ။ တချို့က ရောနေတယ်။ အန်တီအေး ကို ၈၈ကျမှ ထွက်တယ်လို့ ထင်နေကြတယ်။ ၈၈မှာတုန်းက ကျန်းမာရေးမကောင်းဘူး။ ခဏခဏမူးလဲတာတွေဖြစ်ဖြစ် သွား တော့ မလုပ်တော့ဘူး။ နိုင်ငံတော်ကို ကူညီချင်တယ်ဆိုရင်လည်း အပြင်ကပဲ လုပ်တော့မယ်ဆိုပြီး ထွက်ခဲ့တာပါ။ ၈၈ကတော့ တကယ်ကို ဒီမိုကရေစီရသင့်ပြီမို့လို့ ပြည်သူတွေက တောင်း ဆိုကြတာလေ။ ဒီမိုကရေစီရဖို့ အခွင့်အရေးတွေပေါ်လာတဲ့ အချိန်မှာ ဒီထက်ပိုရအောင်လို့ ဝိုင်းဝန်းပြီး ဖော်ထုတ်သင့်ပါတယ်လို့ ပြောချင်ပါတယ်"

မောင်စိန်ဝင်း(ပုတီးကုန်း)

" ၈၈တုန်းက ဆရာကစက်ရုံမှာ အင်ဂျင်နီယာဖြစ်နေပြီလေ။ အဲဒီ စက်ရုံကအလုပ်သမားတွေနဲ့အ တူတူပဲ လှုပ်ရှားကြတာပေါ့။ စင်ပေါ်မှာရွတ်တဲ့ကဗျာအရှည်ကြီးပေါ့။ အဲဒီအထဲကမှ အကျုံးဝင်နိုင်တဲ့ ကဗျာလေးကို ရွတ်ပြမယ်။ အဲဒီ အပုဒ်လေးက " အသက်များစွာ စတေး၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့ရဲ့သွေးများနဲ့ နီမောင်းမောင်း အရောင်ဖြာ ဟောဟိုမှာ ဒီမိုကရေစီရောင်နီပျို့တက် အရုဏ်တက်ပြီ လက်တစ်ကမ်းမှာ အလင်းဖြာတဲ့ အရုဏ်ကို ရိုကျိုးမြတ်နိုးစွာ ထိန်းသိမ်း၊ ငြိမ်းချမ်း စွာစောင့်ရှောက်၊ ဤကမ္ဘာမှာ ပြည်သူလောက် ကြီးမြတ်သော အရာရှိသည်မရှိ ပြည်သူ၏ဆန္ဒလောက် စူးရှသောကဗျာသည်မရှိ၊ ပြည်သူ၏ လှုပ်ရှားမှုမြင် ကွင်းလောက်ကောင်းမွန်သော ပန်းချီသည်မရှိ၊ ပြည်သူသည် ပြည်သူ့အတွက် လက်နဲ့မရေး အသက်နဲ့ရေး၏ ဆေးနဲ့မခြယ်သွေး နဲ့ခြယ်၏၊

ဘယ်သူကြည့်ကြည့် ညွှတ်တုံ့မိစရာ ဇာတိမာန်ထက်၊ ကြက်သီး ထစရာဟောဒီမှာ မဟာသူရဲကောင်းများ ပန်းချီကား" ဆိုတဲ့ ကဗျာပေါ့။ ကျွန်တော် ကိုယ်တိုင်ရေးပြီးတော့ အဲဒီတုန်းက စင်ပေါ်မှာရွတ်တယ်။ ရွတ်ပြီး ကတည်းက အိမ်ကိုထောက်လှမ်း ရေးတွေလာတော့ မီးရှို့တဲ့အထဲကို ပါသွားရော။ အံ့သြဖို့ကောင်းတာက အဲဒီကဗျာကိုကာ တွန်းဆရာဦးဖေသိန်းရဲ့သမီးမပွင့်ဆီကပြန်ရတယ်။"

အရိုင်း
" ၈၈ အရေးအခင်းတုန်းကဆို အနုပညာသမားလည်းဖြစ်နေပြီ။ ဒီအလုပ်တွေလုပ်ရင် တစ်နေ့မှာ အဖမ်းခံရမယ်။ ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရဲ့လားလို့မေးပြီးမှ လုပ်တာ။ ဆေးရုံကြီးမှာ သံစည်ပိုင်းပြတ်ပေါ် ကနေ စပီကာမပါဘဲ တရားတွေ တက်ဟောခဲ့တာ မှတ်မှတ်ရရပါပဲ။ ကျောင်းထဲမှာ အဝိုင်း ခံရတဲ့အချိန်က မင်းကိုနိုင်၊ မောင်မောင်ကျော်၊ ကိုကိုကြီးတို့ တကယ့်ကျောင်းသားခေါင်းဆောင်တွေ တရားတက်ဟောတဲ့ အချိန်။

ဦးရိုင်းတို့က အဓိပတိလမ်းမပေါ်မှာထိုင်ပြီး လက်ခုပ်တီး၊ သူတို့တွေ ဝါဒဖြန့်စာတမ်းတွေရေးနိုင်ဖို့အတွက် စာအုပ်တွေ လှူကြတာပေါ့။ နောက်ရက်တွေကျတော့ ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ အဲဒီမှာ သူငယ် ချင်းတွေ အကုန်ပြန်စုပြီး ဦးဇာဂနာ၊ ဦးမိုးဝင်းတို့၊ ကိုညီဝင်းစိန်၊ ဦးဇင်ဝိုင်းတို့နဲ့စုပြီး တရားဟောကြတာ၊စုပြီး လက်မှတ် တွေထိုးကြတာ။ အလုပ်သမားအဖွဲ့အစည်း၊ အနုပညာအဖွဲ့ အစည်း၊ ကျောင်းသားအဖွဲ့ အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေ အကုန်ပေါင်းစည်းမိကြတာ။ ဒါက ဘယ်သူကမှ ဘယ်အမိန့်နဲ့မှ ဖျောက် ဖျက်လို့မရတဲ့ သမိုင်းရဲ့ မှတ်တိုင်အစစ်ပဲလေ။ "

ဗေလုဝ
" ၈၈တုန်းက အစအဆုံးကို ပါဝင်ခဲ့တာပါပဲ။ တစ်တိုင်းတစ်ပြည် လုံးပါပဲ။ ကျွန်တော်က ၈ရပ်ကွက်မှာ သပိတ်ခေါင်းဆောင်လုပ်ခဲ့တယ်။ အားလုံး တာဝန်ကျေခဲ့ကြတာပါ။ ၈၈ကတော့ အထင်ကရနေ့ပါပဲ။

ပြည်သူ တွေအားလုံးအသက်သွေး ချွေးတွေပေးခဲ့ရတာ ဖြစ်တဲ့အတွက် ဒီကလေးတွေအတွက် အင်မတန်အောက်မေ့ဖွယ်ရာနေ့ ကလေးပါ။ဖြစ်စေချင်တာကတော့ အသက်ပေးသွားတဲ့လူတွေ အတွက် အလှူ အတန်းတွေလုပ်ပြီး ဆုတောင်းပေးစေချင်ပါတယ်။ တိုင်း ပြည်ကြီး ကတော့ ဆက်သွားနေဦးမှာပါပဲ။ ဒီလိုမျိုး အသက်သွေးချွေးတွေ ပေးဆပ်ရတာမျိုး မတွေ့ချင်မမြင်ချင်တော့ပါဘူး"

ဂျေညီညီ

" ကျွန်တော့် ကျေးဇူးရှင်ပြည်သူ တွေကို အစော်ကားခံနေ ရတယ်ဆိုတဲ့ ခံစားချက်အသိနဲ့ ဒီထဲမှာ ထဲထဲဝင်ဝင် ပါဖြစ်သွားတာပါ။ အဲဒီတုန်းက ပြည်သူ့ဆေးရုံကြီးက တော့ စုရပ်ပဲပေါ့။ ပထမဆုံးတော့ ကိုအံ့ကျော်တို့တွေ၊ ကိုဇာဂနာတို့တွေ လှုပ်ရှားနေကြပြီ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဂီတသမားတွေလည်း ပါဝင်လှုပ်ရှား ကြရာမှာ ကျွန်တော်က တော်တော်လေးထဲထဲဝင်ဝင်လုပ် လိုက်မိတယ်ပေါ့ဗျာ။

ဆေးရုံကြီးထဲမှာပဲ ဟောပြောနေရာကနေ လမ်း တွေပေါ်ထွက်ပြီး လူထုကို စည်းရုံး ကြတယ်။ ၈၈ အတွက် ကို တာဆူကြတဲ့အချိန်မှာ အဲဒါကြီးကို ဆိုင်းဘုတ်ဖြုတ်ချပြီး မြန်မာနိုင်ငံဂီတပညာရှင်များသမဂ္ဂဆိုတာ ယာယီဖွဲ့တယ်။ အနုပညာ သမားဖြစ်နေတဲ့အတွက် လူထုကို စည်းရုံးတဲ့နေရာမှာ ပိုထိ ရောက်မယ် ဆိုတဲ့ အဲဒီအားနဲ့ ဒီအရေးအခင်းကြီး ကို ပါဝင်ဆင် နွှဲခဲ့တာပါ။ ကျွန်တော်လည်း အများကြီးဟောပြောခဲ့တယ်။ အဲဒီ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရပြောရရင် လူငယ်တွေ လေ့လာကြ ပါ။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ ဘယ်လို အပ်စပ်မလဲ လေ့လာပါ။ အဲဒီအချိန်တုန်းက ကျွန် တော်တို့တွေ ဘာမှမသိခဲ့ရဘဲ လုပ်ခဲ့ရတာ။ အခုကတော့ ပွင့်လင်းမြင်သာ မှုလည်း ရှိနေပြီဆိုတော့လေ့လာပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ကောင်း အောင်ကြိုးစားပါ။ ပြီးရင် ကိုယ့်ဘေး က လူတွေအတွက် လည်းကောင်းအောင် ကြိုးစားလုပ် ပေးပါ"

နိုင်မြန်မာ(တေးရေး)
" ၈၈ကို ရိုးရိုးလေးပဲ သုံးသပ်တယ်။ ကိုယ့်တိုင်းပြည်ကောင်းအောင် တစာ စာနဲ့ ကျွန်တော်တို့ ပြောလာခဲ့ကြတာ။ ကိုယ့်တိုင်းပြည်ကို တကယ်မချစ်ဘဲနဲ့ ဒီလိုပြောနိုင်ဖို့ မလွယ်ဘူး။ ၈၈တုန်း က ကျွန်တော့်အသက်က ၂၈၊ ၂၉ ပေါ့။ လူငယ်ထက် လူရွယ်ပိုင်းပေါ့။ ခေတ်အဆက်ဆက်မှာ တိုင်းပြည်တစ် ခုကို တိုးတက်ဖို့အတွက် အရင်ဆုံးစပြီး တံခါးခေါက်ကြတာ ဒီအရွယ်တွေပါ။ ၈၈မှာ ကျွန်တော်က သီချင်းလောကထဲကို အသက် ၂၃နှစ်မှာ ဝင်တယ်။ ၂၃ နှစ်လောက်ကစပြီး ဝင်လာပြီး တော့ အသက် ၂၈နှစ်လောက်မှာ ဒီလူထုအရေးတော်ပုံဖြစ်တယ်။

အမှန်ကတော့ ရှင်းရှင်းပြောရရင် ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ဆိုတဲ့ စိတ်မျိုးနဲ့ နေလာခဲ့ကြတာမဟုတ်ဘူး။ ကိုယ့်မျက်စိရှေ့မှာ၊ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေနေတာ။ ကိုယ့်ပြည်သူလူထုတွေ ဘယ်လိုဒုက္ခတွေ၊ဘယ်လိုကျပ်တည်း ကျဉ်းမြောင်းမှုတွေကို ဘယ်လိုကျော်လွှားနေကြတယ်ဆိုတာကို မြန်မာနိုင်ငံနဲ့ နှစ်ရှည် လများ ဝေးကွာနေရင်မသိနိုင်ဘူး။ ဒါပေမဲ့ ဒီမှာအမြဲနေတဲ့ သူကတော့ အကုန်သိတယ်။ အဲဒီသိတဲ့အပေါ်မှာ ရုန်ြး<ွကမှုတွေ စိတ်ထဲမှာ ဖြစ်တယ်။ ဒေါသထွက်စရာတွေတွေ့ရင် ဒေါသထွက်တယ်။ မတရားလုပ်တာမြင်ရင် မကျေနပ်ဘူး။ ဒါကြောင့်မို့လို့ ၈၈ အရေးအခင်းကြီးဖြစ်တယ်။ ကျွန်တော်တို့က ပါဝင်ကပြရတဲ့ခေတ် ရဲ့ ဇာတ်ကောင်တွေပါပဲ။"

မိုးမင်း
" ကျွန်တော်က (၈၈)ကာလမှာ ၂၁နှစ်အရွယ်ပေါ့။ ကျွန်တော်တို့ တွေက အနုပညာသမားတွေလည်း ဖြစ်တော့ ဟောပြောပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ တယ်။ အနုပညာရှင်တွေကို လိုက်လံ စည်းရုံးခြင်းပေါ့။ မိမိတို့ အနုပညာ သမားတွေက တစ်တပ်တစ်အားပါဝင်တယ်ဆိုရင် ပြည်သူတွေ ကလည်း ပါဝင်ပြီးတော့ လှုပ်ရှားချင်လာမှာလေ။ အဲဒီကာလမှာ ကျွန်တော့်အနေနဲ့က အနုပညာသမားထက် စာရင်ကျောင်းသားတစ် ယောက်ရဲ့ စိတ်ပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းပြီးတာ က မကြာသေးဘူးလေ။ကျောင်းသားတွေကို ဆုံးမမှုက ကြမ်းတမ်း လွန်းတယ်ဆိုပြီးတော့ မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။ပြည်သူတွေရဲ့ ဒုက္ခ၊ အခက်အခဲတွေကို မြင်တွေ့နေရတဲ့အတွက်ကြောင့် လူငယ်တစ် ယောက်အနေနဲ့ မခံစားနိုင်ခဲ့ဘူး။

အဲ့ဒီစိတ်ရင်းနဲ့ ဝင်ရောက်လှုပ်ရှား ခဲ့တယ်။ မိမိရဲ့အသက်ကို စွန့်ပြီးတော့ တိုင်းပြည်အတွက်၊ လူမျိုးကောင်းကျိုးအတွက် လုပ်ဆောင်နိုင်သော စိတ်ဓာတ်မျိုး တွေကျတော့ မဖြစ်မနေကို မွေးထုတ်ထားသင့်တယ်။ ရှစ်လေးလုံး က အမှတ်တရလည်းဖြစ်တယ်။ သူ့ရဲ့ ခုနှစ်နဲ့ နေ့ရက်အချိန်ကာလ က အလွန်ကို တိုက်ဆိုင်နေတယ်။ ဒါကြောင့် ဒီနေ့လေးကို ကျွန်တော်တို့ နိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ထားသင့်တဲ့ နေ့ရက်တစ်ခုလို့တော့ ကျွန်တော်မျှော်လင့်ပါတယ်"

လူမင်း

" ၈၈ဆိုတာ အစ်ကိုတို့ မြန်မာ နိုင်ငံရဲ့ သမိုင်းမှာ ဘယ်လိုမှ ချန် ထားလို့မရတဲ့ စာမျက်နှာတစ်ခုပါ။ ကျောင်းသားတွေနဲ့လည်း ဆိုင်တာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ လူ ထုလူတန်းစားတစ်ရပ်ပါဝင်ဆင်နွှဲ ခဲ့တဲ့ ၈၈အရေးတော်ပုံ၊ အဲဒါကြောင့် မို့လို့ အခုအစ်ကိုတို့ ရနေတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေစားသုံးခွင့် ရနေတယ်ဆိုတာ အဲဒီတုန်းက စပြီး ပြုစုပျိုးထောင်ခဲ့လို့ပေါ့။ အလကား ရလာတာမဟုတ်ဘူး။ အဲဒါကြောင့် အားလုံးနဲ့ဆိုင်တယ်။ တစ်တိုင်းတစ် ပြည်လုံးနဲ့လည်း ဆိုင်တယ်။အဲဒီလို မျိုးခံယူချက်ကြောင့် ပညာရှင်တွေနဲ့လည်း ဆိုင်တယ်။

ကိုယ့်စိတ်ထဲမှာ လည်း အဲဒီလိုမျိုး ခံယူထားတယ်။ အမှန်အတိုင်းပြောရရင် ၈၈တုန်းက အစ်ကိုက ၁၈နှစ်သားပဲရှိသေးတယ်။ အခုချိန်မှာ ကိုယ်ပြောသလောက် ကိုယ်တွေးခေါ်သလောက် အဲဒီ အချိန်တုန်းက အစ်ကို Óဏ်မမီခဲ့ ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့သမိုင်းကိုတော့ ဒီတိုင်းပြည်မှာနေတဲ့ သူတိုင်း သိထားသင့်ပါတယ်"

ဒါရိုက်တာကြည်ဖြူသျှင်
" ဆန္ဒပြတဲ့ ကာလတုန်းကဆိုရင် အစ်မရဲ့အဖေနဲ့ဦးလေးတွေက မြို့ တော်ခန်းမရှေ့သွားကြတယ်။ ဆန္ဒ ပြတဲ့သူတွေကို သွားအားပေးတယ်။ အဲဒီတုန်းက ကျွန်မအရွယ်က ၆တန်း လောက်ပဲရှိသေးတယ်။ ကျွန်မနဲ့ ကစားဖော်တွေ ၉တန်းလောက် ရှိနေပြီ။ သူတို့တွေက ပါဝင်ပြီး ဆန္ဒပြကြတယ်။ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြ တဲ့အထဲမှာ ကျွန်မတို့ သူငယ်ချင်းတွေပါတော့ သွားတွေ့ပြီး အားပေးစကားပြောတယ်။ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြတာကလည်း ရက်တွေက မနည်းတော့ဘူး။ လူပေါင်း များစွာက ဆန္ဒပြခဲ့ကြတယ်။

ဟောပြောပွဲတွေ လုပ်ကြတယ်။၈ရက်နေ့ ညမှာတော့ ပြေးသံတွေ၊ သေနတ်သံတွေ ဆူညံနေအောင် ကြားခဲ့ရတယ်။ သိပ်ကိုကြေကွဲစရာကောင်းတဲ့ အခြေအနေ ဆိုးကြီးကို ဖြစ်သွားတယ်။ ကမ္ဘာတည်သရွေ့ ရှစ်လေးလုံး ဆိုတာကြီးက ဘယ်တော့မှ မမေ့သင့်တဲ့ နေ့တစ်နေ့ပါပဲ။ အဲဒီ ရက်ရောက်တိုင်း ၈၈ရဲ့ညကို အိပ်မက်ဆိုးကြီးတစ်ခုလိုပဲ ကျွန်မ အမြဲတမ်းမှတ်မိနေတယ်။
ပေါ်ပြူလာအဖွဲ့
Popular Journal

မြန်မာနိုင်ငံရောက် ဗြိတိန်နိုင်ငံသားတွေ အတွက် လုံခြုံရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်

မြန်မာနိုင်ငံတွင်းက ဒေသတချို့ကို မသွားကြဖို့ ဗြိတိန်အစိုးရက ဗြိတိန်နိုင်ငံသားတွေကို သတိပေးနှိုးဆော်ထား ပါတယ်။

ဒီလအတွင်း အယ်လ်ခိုက်ဒါ အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ သတိပေးချက်အရ အမေရိကန် နဲ့အနောက်နိုင်ငံတွေက အစ္စလာမ်နိုင်ငံတွေမှာရှိတဲ့ သူတို့ သံရုံးအသီးသီးကို ပိတ်ခိုင်းတာတွေ၊ သူတို့ နိုင်ငံသားတွေကို ထွက်ခွာခိုင်းတာတွေ ဆောင်ရွက် နေချိန်မှာ ဗြိတိန်အစိုးရ နိုင်ငံခြားရေး နဲ့ ဓနသဟာယရုံး က မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး အင်္ဂါနေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အဲဒီ ထုတ်ပြန်ချက်မှာ ဗုဒ္ဓဘာသာ နဲ့ မူဆလင် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကိုငပလီ ကမ်းခြေ ကလွဲပြီး မသွားကြဖို့၊ သံတွဲလေဆိပ်ကိုသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၊ မလှိုင်၊ သာစည် နဲ့ ၀မ်းတွင်းမြို့နယ်တွေ ကိုလည်းမသွားကြဖို့ သတိပေးထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေပေါ်ပေါက်နေတဲ့ ကချင်ပြည်နယ်ကိုလည်း မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို မြို့တွေကလွဲပြီး ကျန်တဲ့နေရာတွေကို မသွားကြဖို့ ဆော်သြထားပါတယ်။

အလားတူ အပစ်အခတ်တွေ လတ်တလော ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် အပြင်၊ မြန်မာ နဲ့ထိစပ်နေတဲ့ ထိုင်း၊ လာအို၊ တရုတ် နယ်စပ်တွေကိုလည်း သတိထားကြဖို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆန္ဒပြပွဲတွေ နဲ့လူစုလူဝေးတွေကို ရှောင်ရှားကြပြီး၊ စစ်တပ်၊ ရဲ နဲ့ဆန္ဒပြပွဲတွေကို ဓါတ်ပုံ၊ဗီဒီယို မရိုက်ကြ ဖှိုလည်း သတိပေးထားပါတယ်။ ရန်ကုန်မြို့က ဗြိတိသျှသံရုံးဝန်ထမ်းတွေကိုလည်း သတ်မှတ်ထားတဲ့နေရာတွေကလွဲပြီး၊ မြန်မာအစိုးရ ခွင့်ပြုချက်မရဘဲ ရန်ကုန်မြို့ပြင်ပကို သွားခွင့်မပြုကြောင်း ဖေါ်ပြထားပါတယ်။
RFA Burmese

တားမြစ်ခဲ့သော်လည်း မန်းတွင် ဆန္ဒထုတ်ဖော်

မန္တလေး-သြဂုတ်၆
တိုင်းမ် မဂ္ဂဇင်းအားကန့်ကွက်ပွဲနှင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်သည်များကို ရှုတ်ချခြင်းကို ယနေ့နေ့လယ် ၂နာရီခန့်တွင် သံဃာအပါး ၅၀၀ခန့်နှင့် လူအင်အား ၂၀၀နီးပါးပါဝင်သောဆန္ဒထုတ်ဖော်သည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာများကမပြုလုပ်ရန် တောင်းပန်လျှောက်ထားသော်လည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်သူတစ်ဦးကပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ယခုလ ၂ရက်နေ့တွင် တရားဝင်စာတင်သော်လည်း ခွင့်ပြုမိန့်မရရှိဘဲ သံဃာတော်များအနေဖြင့် မီဒီယာများ ဘက်လိုက်ရေးသားမှုကြောင့် ဗုဒ္ဓဘာသာညိုးနွမ်းရခြင်း၊ ဗုဒ္ဓ ဘာသာဝင်များအား အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်းများကို ရှုံ့ချသောအနေဖြင့်သာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဆောင်သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ဖိုးလပြည့်
Popular Myanmar News Journal

ဆင်းကတ် အလွဲသုံးစားဟု NLD မြစ်သားမြို့နယ် အတွင်းရေးမှူး စွပ်စွဲခံရ

မြစ်သား၊ သြဂုတ် ၆မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အတွင်းရေးမှူးကို သြဂုတ်လတွင် ပါတီအတွက် ဝေစုရသည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များ အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ထံသို့ သြဂုတ်လ ၅ ရက်နေ့က တိုင်ကြားခဲ့ကြောင်း အဆိုပါမြို့နယ် မြို့မ အနောက် ရပ်ကွက် NLD ပါတီ ဥက္ကဋ္ဌ ဦးခင်အောင်လင်းက The Voice သို့ ပြောကြားသည်။

ပါတီအတွက် ရရှိသည့် နံပါတ် ၂၅၆၀၀ ဖြင့်စသော GSM ဆင်းကတ် သုံးကတ်အား ပါတီ အဖွဲ့ဝင်များ ကို ချထားပေးခြင်း မရှိဘဲ တစ်ကတ်လျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချခဲ့ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ထံလည်း တိုင်ကြားထားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် နံပါတ် ၃၃၄၂ ဖြင့်စသော CDMA ဆင်းကတ် နှစ်ကတ်ကို ကျပ် ခြောက်သောင်းဖြင့် ထပ်မံ ရောင်းချခဲ့ခြင်းကြောင့် တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံသို့ တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆင်းကတ် ရောင်းချမှုအတွက် အလုပ် အမှုဆောင် အစည်းအဝေး ခေါ်ယူကာ စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့၍ ဖြေရှင်း မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသောင်းက ပြောကြားသည်။

ပါတီရုံး ဆောက်လုပ်စဉ်က ကုန်ကျစရိတ်များ အကြွေးတင်နေခြင်းကြောင့် မြို့နယ်ပါတီ အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဖုန်း ဆင်းကတ်များ ကို ရောင်းချရခြင်း ဖြစ်ကြောင်း ဖုန်း ဆင်းကတ်များ ရောင်းချခဲ့သူ NLD ပါတီ မြစ်သားမြို့နယ် အတွင်းရေးမှူးဖြစ်သူ ဦးဇော်ဇော်က The Voice သို့ ပြော ကြားသည်။

“ပါတီအကျိုးအတွက် ရောင်းတာပါ။ လစဉ် အစည်းအဝေးကို ပုံမှန်မတက်ဘဲ စိတ်ခံစားချက်အတိုင်း အပြုသဘော မဆောင်ဘဲ အပျက်ဘက် မြင်တာ ပါတီရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေပါတယ်။ တိုင်တာ ထက် ပိုကောင်းအောင် လုပ်လို့ရတဲ့နည်းတွေ အများကြီး ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပါတီ အတွင်းရေးမှူးသည် ဆင်းကတ်များကို မေလတွင် တစ်ကတ်၊ ဇွန်လတွင် နှစ်ကတ်နှင့် ယခုအကြိမ် သြဂုတ်လတွင် ငါးကတ် အပါအဝင် စုစုပေါင်း ရှစ်ကတ်ကို ရောင်းချခဲ့သည်ဟု မြို့မ အနောက်ရပ်ကွက် ရပ်/ကျေး ဥက္ကဋ္ဌ ဦးခင်အောင်လင်းက ပြောကြားသော်လည်း စုစုပေါင်း ခြောက်ကတ် ကိုသာ ရောင်းချခဲ့ကြောင်း ဦးဇော်ဇော်က ပြောဆိုသည်။
The Voice Weekly

တောင်ငူတွင် ဆန်ကြမ်းပြတ် ရန်ကုန်မှ ပြန်သွင်း

တောင်ငူ၊ သြဂုတ် ၆
အစဉ်အလာ ဆန်ဈေးကွက် စီးဆင်းမှု အနေအထားအရ ရန်ကုန်သို့သာ တင်ပို့လေ့ရှိသော ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်မှ ထွက်ရှိသော ဆန်ကြမ်းများကို မူဆယ် ဈေးကွက်သို့ စုပုံ တင်ပို့နေခြင်းကြောင့် တောင်ငူ ဈေးကွက်တွင် ဆန်ကြမ်း ပြတ်လပ်ပြီး ရန်ကုန်မှ တစ်ဆင့် ပြန်လည် တင်သွင်းနေ ရကြောင်း တောင်ငူမြို့နယ် စပါး ပွဲစားကြီးများနှင့် ဆန် ကုန်သည်ကြီးများက The Voice သို့ ပြောကြားသည်။

ကုန်သည်များ လက်ထဲတွင် စပါးနှင့် ဆန် နည်းလာချိန် ဆန်ကြမ်း ပြတ် လာသဖြင့် ဧရာဝတီ တိုင်းဒေသကြီးမှ ထွက်သည့် ဆန်ကြမ်းများ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် အလုံးအရင်းဖြင့် တောင်ငူ ဈေးကွက် သို့ ပြန်လည် တင်ပို့လာကြောင်း တောင်ငူမြို့ ဘုရားလမ်း လမင်း ဆန်ပွဲရုံ ပိုင်ရှင် ဦးသိန်းလွင်က ပြောကြားသည်။

ပြီးခဲ့သည့် လများက ထန်းတပင်၊ ဇရပ်ကြီး၊ ဖြူး၊ ညောင်ပင်သာနှင့် ကညွှတ်ကွင်း ဒေသတို့မှ တောင်ငူ ဈေးကွက်သို့ နေ့စဉ် ဆန်အိတ်ပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး အထက်အညာ ဒေသများနှင့် မူဆယ်မှ တစ်ဆင့် တရုတ်ပြည် ဈေးကွက်သို့ တစ်ရက်လျှင် ဆယ်ဘီးယာဉ် သုံးစီးမှ ငါးစီးအထိ ပြန်လည် တင်ပို့ခဲ့ရသော တောင်ငူမြို့တွင် လက်ရှိ၌ စားသုံးရန် ဆန်ကြမ်းကိုပင် ရန်ကုန် ဈေးကွက်မှ နေ့စဉ် အိတ်ရေ ၈၀၀ မှ ၁၀၀၀ အကြားကို ပြန်လည် တင်သွင်းနေရကြောင်း တောင်ငူမြို့ခံ ဆန်စပါး ကုန်သည်ကြီးများနှင့် ဆန်စက် ပိုင်ရှင်များက ပြောကြားသည်။

ဆန်ကြမ်းကို ယခုကဲ့သို့ ရန်ကုန်မှ ပြန်လည် တင်သွင်းနေရသဖြင့် ဇူလိုင်လ တွင် သုခ (ရှယ်) ဆန်ကြမ်း တစ်အိတ် ကျပ် ၁၉,၅၀၀ ခန့်မှ သြဂုတ်လ ၄ ရက်နေ့တွင် ငွေကျပ် တစ်ထောင်ကျော် မြင့်တက်ခဲ့ပြီး လက်ရှိတွင် ၂၁,၅၀၀ ကျပ်ဖြင့် လည်းကောင်း ဧရာမင်း (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၃,၀၀၀မှ ယခု ကျပ် ၂၄,၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း တောင်ငူမြို့ (၁၉) ရပ်ကွက်နေ ဆန်ကုန်သည် ဦးသက်နိုင်က ပြောကြားသည်။

တောင်ငူ ဈေးကွက်တွင် သုခအုပ်စုနှင့် ဧရာမင်း အုပ်စု စပါးတင်း တစ်ရာကို ကျပ် ငါးသိန်းပေးကာ ဝယ်ယူသော်လည်း လက်ရှိတွင် တောင်သူလက်ထဲ စပါး လက်ကျန် မရှိ၍ ဝယ်မရကြောင်း တောင်ငူမြို့ ဆန်ကုန်သည်ကြီး များနှင့် ဆန်စက် ပိုင်ရှင်ကြီးများထံမှ စုံစမ်း သိရှိရသည်။

ဇူလိုင်လအတွင်း ပြည်တွင်းမှ ထွက်ရှိသော ဆန်ကို နယ်စပ် လမ်းကြောင်းမှ ဆန်တင်ပို့မှုခွင့်ပြုခဲ့သဖြင့် တောင်ငူ ဈေးကွက်မှ ဆန်ကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ခဲ့ရာ ယွမ်ငွေဈေး မြင့်မားနေခြင်း ကြောင့် မူဆယ် ဈေးကွက်တွင် ဆန်ကြမ်းများ ပုံကာ ပြည်တွင်း စားသုံးမှုကို ယခုကဲ့သို့ ထိခိုက်လာ သည့် အတွက် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီး များ အသင်းအနေနှင့် ဆန်တင်ပို့မှု စနစ်ကို ပြန်လည် သုံးသပ်စေ လိုကြောင်း တောင်ငူမြို့ခံ ဆန်စပါး ကုန်သည်ကြီး အချို့က အကြံပြု ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါး အထူးပြု ကုမ္ပဏီပေါင်း ၅၂ ခုမှ နယ်စပ်ဒေသနှင့် ရန်ကုန် မြို့တော်မှ တစ်ဆင့် ဆန်တန်ချိန် ၁,၃၉၉,၈၂၉ ဒသမ ၄၅၂ တန် တင်ပို့ ရောင်းချခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး တွင် နွေစပါး စိုက်ဧက ၈၈၄,၀၁၁ ဧက၊ မိုးစပါး စိုက်ဧက ၁၇၁,၇၇၃ ဧက စုစုပေါင်းစိုက်ဧက ၁,၀၅၅,၇၈၄ ဧက ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများအသင်း ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်က ပြောကြားသည်။
The Voice Weekly

တပ်ရင်းမှူးက အရပ်သားကို ဆဲဆိုရိုက်နှက်မှု ကာချုပ်ထံ တိုင်မည်

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
August 6, 2013
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲ အခြေစိုက် အမှတ် (၃၄၄) တပ်ရင်းမှူးက အရပ်သားတဦးကို ဆဲဆို ရိုက်နှက်သည့်အတွက် ကုန်းပြင် ရဲစခန်း၌ အမှုဖွင့်ထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့လည်း တိုင်ကြားမည်ဟု သတင်းရရှိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းက ကားသမား ကိုစိုးလှိုင်သည် ငါးသိုင်းချောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့သို့ Light Truck ကားဖြင့် ခရီးသည်နှင့် ကုန်စည်များ တင်ဆောင် မောင်းနှင်လာခဲ့ရာ မြောက်စန်းကျေးရွာ အရောက်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး လူ ၂ ဦးက လမ်းကြောအလယ် ပိတ်ဆို့၍ မောင်းနှင်နေသဖြင့် ဟွန်းတီး၍ လမ်းတောင်းခဲ့ကြောင်း၊ ဆိုင်ကယ်သမားက ဖယ်ရှားမပေးဘဲ ၅ မိနစ်ခန့် ဆက်လက် မောင်းနှင်နေသည့် အတွက် ကျော်တက်ရာမှ ပြဿနာ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်က ကျနော့်ကားနဲ့ ထော်လာဂျီ ကြားထဲကနေ ကျော်တက်သွားတယ်။ ပြီးတော့ လမ်းလယ်ခေါင် ယာဉ်ကြောကနေ ပိတ်မောင်းနေတော့ ကျနော်က ဟွန်းအကြိမ်ကြိမ်တီးပြီး လမ်းတောင်းတယ်။ မဖယ်ပေးဘူး။ ဖြည်းဖြည်းပဲ နောက်က မောင်းပြီး လိုက်တာ ၅ မိနစ်လောက် ကြာတယ်။ မဖယ်ပေးတော့ လမ်းကျယ်တဲ့ နေရာရောက်တော့ ကျနော်က ဘေးကနေ ကျော်တက်ပြီးတော့ စိတ်တိုနေတာနဲ့ မင်းတို့ ***လို မောင်းနေတာလားလို့ ဆဲလိုက်မိတယ်။ အဲဒီမှာ ဆိုင်ကယ်ကို ကျနော့် ကားရှေ့မှာ ပိတ်ရပ်ပြီးတော့ ကားထဲမှာ ထိုင်နေတဲ့ကျနော့်ကို ပါးပိတ်ရိုက်ပြီး မင်းငါ့ကို ဘာမှတ်နေလဲ။ ငါတပ်ရင်းမှူးကွလို့ ပြောတယ်” ဟု ကားသမားကိုစိုးလှိုင်က ပြောသည်။

ထိုသို့ ရိုက်နှက်ခံနေသည့်အတွက် ကားသမား ကိုစိုးလှိုင်နှင့် ခရီးသည်များကပါ တောင်းပန်သော်လည်း တပ်ရင်းမှူး ဗိုလ်မှူး စိုးမြင့်က မကျေနပ်ဘဲ ကားမောင်းလိုင်စင်နှင့် ကားလိုင်စင်များကိုပါ အဓမ္မ သိမ်းဆည်းသွားခဲ့ကြောင်း အခင်းဖြစ်ပွားချိန်တွင် ကားပေါ်၌ အတူလိုက်ပါခဲ့သူ ကိုစိုးလှိုင်၏ဇနီး မနှင်းဆီက ပြောသည်။

သူက ဆက်လက်၍ “တပ်ရင်းမှူးက မေးတယ်။ မင်း ဘယ်က ကားလဲဆိုတော့ ကျနော် ငါးသိုင်းချောင်းက ကားပါလို့ ကိုစိုးလှိုင်က ပြန်ဖြေတယ်။ အဲဒီမှာ အမေတွေ နှမတွေ အကုန်တပ်ပြီး ဆဲတော့တာပဲ။ ကျမက တပ်ရင်းမှူးမှန်း မသိလို့ပါဆိုပြီး လက်အုပ်ချီပြီး တောင်းပန်တယ်။ ကိုစိုးလှိုင်ကလည်း တောင်းပန်တယ်။ ဒါပေမယ့် မရဘူး။ သူက ကားတံခါးကို ဆွဲဖွင့်ပြီး ပေးစမ်း မင်းရဲ့ လိုင်စင်တွေ ၀ှီးတက်တွေဆိုတော့ ကိုစိုးလှိုင်က ပိုက်ဆံအိတ်ထဲကနေ ထုတ်နေတုန်း အိတ်ကို အတင်း လုယူပြီး လိုင်စင်နဲ့ ၀ှီးတက်ကို ယူထားပြီး ပိုက်ဆံအိတ်ကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ မင်းတို့ကားကို ၅၆၂ တပ်ကို ဖမ်းခိုင်းထားလိုက်မယ်လို့ ပြောတာနဲ့ ကျမတို့လည်း နောက်ကြောင်း ပြန်လှည့်လာပြီးကုန်းပြင်ရဲစခန်းမှာ ၀င်ပြီး အမှုဖွင့်ခဲ့တာ” ဟု ပြောသည်။

အဆိုပါ အမှုအား ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းက ပြစ်မှု နံပါတ် – ၁၅/၂၀၁၃ ဖြင့် လက်ခံ၍ အမှုဖွင့်ပေးထားပြီး တပ်ရင်းမှူး ဗိုလ်မှူး စိုးမြင့်အား ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ၃၂၃ (နာကျင်စေမှု) တိုဖြင့် ကားသမား ကိုစိုးလှိုင်က တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ကိုစိုးလှိုင်၏ တိုင်တန်းမှုကြောင့် ကုန်းပြင်ရဲစခန်းက ခလရ (၃၄၄) တပ်ရင်းမှူးအား စခန်းသို့ ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းစစ်ဆေးခဲ့ပြီး တပ်ရင်းမှူးကလည်း ကိုစိုးလှိုင်အား ပုဒ်မ ၂၉၄ (ဆဲဆိုမှု)ဖြင့် တန်ပြန် အမှုဖွင့်ထားကြောင်း ကုန်းပြင် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

“စခန်းက ချက်ခြင်း အမှုဖွင့်ပေးခဲ့ပြီး ကိုစိုးလှိုင်ကိုလည်း ကုန်းပြင်ဆေးရုံမှာ ညတွင်းချင်း ဆေးစစ်ချက် ယူခိုင်းခဲ့တယ်။

တပ်ရင်းမှူးကိုလည်း စခန်းကိုခေါ်ပြီးတော့ ရဲလုပ်ထုံးအရ စစ်ချက်နဲ့ သက်သေခံ ပစ္စည်းသိမ်းယူတာတွေ လုပ်တယ်။ အခုက တရားခံက စစ်သား ဖြစ်နေတော့ တရားလို တရားခံ စစ်ချက်တွေနဲ့ သက်သေတွေ ပေါ်ပေါက်ချက်တွေ ရယူပြီးတာနဲ့ သူ့

သက်ဆိုင်ရာတပ်ကို အကြောင်းကြားတာတွေ လုပ်ပေးမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ရဲစခန်းက တပ်ရင်းမှူးထံမှ သက်သေခံ ပစ္စည်းအဖြစ် ကိုစိုးလှိုင်ထံမှ သိမ်းယူသွားသည့် ကားမောင်းလိုင်စင်နှင့် ကားလိုင်စင်၊ ဆိုင်ကယ် စီးနင်းစဉ်က ၀တ်ဆင်ခဲ့သည့် အရပ်သား ၀တ်စုံတို့ကို သိမ်းဆည်းထားကြောင်း သိရသည်။

“ဖြစ်သွားတဲ့ ကိစ္စက တပ်ရင်းမှူး တယောက်အနေနဲ့ လူသား တယောက်အပေါ်မှာ လူသားမဆန်တဲ့ ဆက်ဆံမှုမျိုး လုပ်ဆောင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ ကာချုပ် အထိ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အထိ ကျနော်တို့ တင်ပြပြီးတော့ အရေးယူ ဆောင်ရွက်ပေးဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟု ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် ဦးထွန်းရွှေက ပြောသည်။

ဒီမိုကရေစီ အပြောင်းအလဲကာလတွင် ယခုကဲ့သို့ ဖြစ်ရပ်များမှာ တပ်မတော်နှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု ပိုမို ကျဆင်းစေကြောင်း ပုသိမ်အခြေစိုက် အမျိုးသား ဒီမိုကရေစီကွန်ရက်မှ ဒေါက်တာ သန်းထိုက်က ပြောသည်။

“ဒီဖြစ်ရပ်ကို ကြည့်ပြီးတော့ တပ်မတော်သားတွေဟာ အခုထက်ထိ သူတို့ကိုယ်သူတို့ အခွင့်ထူးခံ လူတန်းစားအဖြစ် ခံယူ နေသလားလို့ ကျနော် သံသယ ရှိပါတယ်။ လမ်းတောင်းတာကို လမ်းမပေးဘဲ ညစ်ပြီးတော့ မောင်းတာကိုက သူတို့ကိုယ်သူတို့ အခွင့်ထူးခံဆိုတဲ့ သဘောမျိုး ခံယူသုံးသပ်ပုံရတယ်” ဟု ဆိုသည်။

သူ့ရဲ့ရာထူးကို ဖော်ပြပြီးတော့ ကိုယ်ထိလက်ရောက် ရိုက်တယ်ဆိုတာက လူမှုရေး ရှုထောင့်အရရော၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ နိုင်ငံရေး အခင်းအကျင်းအရပါ လက်ခံလို့ မရပါဘူး” ဟု ဒေါက်တာ သန်းထိုက်က ဆက်ပြောသည်။

ယင်းသို့ တပ်ရင်းမှူး၏ ရိုက်နှက်ခံရသည့် ဖြစ်စဉ်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကိုစိုးလှိုင်နှင့် ဇနီးဖြစ်သူ မနှင်းဆီတို့က ပုသိမ်မြို့ရှိ အမျိုးသား ဒီမိုကရေစီ ကွန်ရက်ရုံးခန်းတွင် သြဂုတ်လ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ကာ မီဒီယာများ၊ လူမှုကွန်ရက်များနှင့် စိတ်ပါဝင်စားသည့် ပြည်သူများသို့ ရှင်းပြခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ပုသိမ်လေတပ် စခန်းဌာနချုပ်မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် ကိုယ်ပိုင်အမှတ် (လေ – ၃၂၆၂) က နေအိမ်ရှေ့တွင် ကားလာရပ်သည့် ဦးမျိုးဝေနှင့် ဇနီးဖြစ်သူအား ရိုက်နှက်ခဲ့သဖြင့် အဆိုပါ ဗိုလ်ကြီးအား တပ်မတော်က ခုံရုံးဖွဲ့ စစ်ဆေး၍ အပြစ်ပေး အရေးယူရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
ဆလိုင်းသန့်စင်
ဧရာဝတီ

တစ်နေ့တည်း၌ ဆွဲကြိုးချသေဆုံးမှု သုံးခုဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၆။
သြဂုတ်လ ၅ရက်နေ့တွင် အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့၌ မနက် ၃နာရီမှ နေ့လည် ၁၂နာရီ အတွင်း ဆွဲကြိုးချသေဆုံးမှု သုံးခု ဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာနမှ သိရသည်။

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်း ရပ်ကွက်တွင် အသက်နှစ်ဆယ့်တစ်နှစ်အရွယ် သေဆုံးသူသည် နံနက် ၃နာရီခန့်တွင်နေအိမ်အမြင့် (၁၀)ပေခန့်မြင့်သော ထုတ်တန်းတွင် လျှပ်စစ်ဝါယာကြိုးဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘလုတ်ညွှန့်ရပ်ကွက်တွင်း နေထိုင်သူသည် နံနက်ခြောက်နာရီခန့်၌ ၎င်းနေအိမ်ဘေးရှိ အမြင့်(၅)ပေခန့်ရှိသော သစ်သားတန်းတွင် ကြိုးဆွဲချ
သေဆုံးခဲ့ခြင်း၊ အင်းစိန်မြို့နယ်အတွင်း သေဆုံးမှုမှာ အသက် (၅၆)နှစ် အရွယ်ရှိ၍ နေ့လည် ဆယ့်နှစ်နာရီခန့်တွင် နေအိမ်တွင် တစ်ယောက်တည်း ရှိနေစဉ် အရက်သောက်၍ ဂယောင်ခြောက်ခြားဖြစ်ကာ အမြင့်(၆)ပေခန့်ရှိသော သစ်သားတန်းတွင် လျှပ်စစ်မီးကြိုးအားချဉ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်/မဟုတ်အား သက်ဆိုင်ရာ ရဲဌာနများမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ရှစ်လေးလုံး ရန်ပုံငွေအတွက် ရေးဆွဲသည့် ပန်းချီကား ကျပ်ငွေ ၂၈ သိန်းရရှိ

2013-08-04
ရှစ်လေးလုံးနှစ်ပတ်လည် ငွေရတုအခမ်းအနားအတွက် ရန်ပုံငွေရှာဖွေဖို့ ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပရာမှာ ပန်းချီဆရာကြီး ဦးဝင်းဖေ ရေးဆွဲထားတဲ့ ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ် ပန်းချီကားကို လေလံတင်ရောင်းချခဲ့သလို အနုပညာရှင်တွေကလည်း ကူညီရောင်းချပေးခဲ့ပါတယ်။
အဲဒီရန်ပုံငွေပွဲနဲ့ ပတ်သက်ပြီး အထိမ်းအမှတ်ပစ္စည်း လာရောက်ဝယ်ယူသူတစ်ဦးက သူရဲ့အမြင်ကို အခုလိုပြောပါတယ်။
"ဝမ်းလည်းသာတယ်၊ ဝမ်းလည်းနည်းတယ်၊ သတင်းစာတွေထဲမှာ တွေ့ကထဲက ဒီကိုလာချင်တာ၊ ကလေးတွေကို သွားအားပေးမယ်၊ အမှတ်တရပစ္စည်းတွေကို နောင်လာနောင်သားတွေကို ပြချင်လို့ပါကွယ်"

ဒီကနေ့ပြုလုပ်တဲ့ အမှတ်တရပစ္စည်းရောင်းချပွဲကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင၊် ကိုကိုကြီးတို့နဲ့အတူ အနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ ရာဇာနေဝင်း၊ ရွှေမှုံရတီတို့ကလည်း အမှတ်တရ ပစ္စည်းဝယ်ယူသူတွေကို လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။
ပန်းချီဆရာ ဦးဝင်းဖေ ရေးဆွဲလှူဒါန်းတဲ့ ရှစ်လေးလုံးအထိမ်းအမှတ် ပန်းချီကားဟာ ကျပ်ငွေ ၂၈ သိန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်

သြဂုတ်လ ဒုတိယအပတ်တွင် ကြယ်မိုးရွာမည်

ကြယ်မိုးရွာမှု ဖြစ်စဉ် (သို့) ဥက္ကာပျံ အစုအခဲငယ်များ ကမ္ဘာမြေပေါ်သို့ ပြာအဖြစ် ကျရောက်ခြင်း ဖြစ်စဉ်သည် သြဂုတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။

အဆိုပါ ကြယ်မိုးရွာမှု ဖြစ်စဉ်သည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိပြီး ယခု သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့် ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ သြ ဂုတ် ၁၂ ရက် ည ၁၀ နာရီကျော် အချိန်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက် အရပ်တွင် အလင်းရောင် ၂၃ ရာခိုင်နှုန်းဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။

''ဖြစ်စဉ်ဖြစ်တဲ့နေ့က လကွယ်နေ့ မဟုတ်တဲ့အတွက် ကောင်းကင်မှာ အလင်းရောင် ၂၃ ရာခိုင်နှုန်း ရှိနေမယ်။ မိုးမရွာဘဲ ရာသီဥတု ကောင်းရင် မြင်ရမယ်။ ည ၁၀ နာရီကျော်ကနေ နံနက်အာရုံတက်ချိန်အထိ မြင်တွေ့နိုင်တယ်'' ဟု ဦးဇေယျာကိုက ဆိုသည်။

ကြယ်မိုးရွာခြင်းများကို ဇန်န၀ါ ရီ ၂ ရက်မှ ၃ ရက်၊ ဧပြီ ၂၀ ရက်မှ ၂၂ ရက်၊ မေ ၄ ရက်မှ ၆ ရက်၊ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နှင့် ၁၈ ရက်မှ ၂၃ ရက်၊ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ရက်များအကြား ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

''ဒီဖြစ်စဉ်ကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိပေမယ့် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ဥက္ကာပျံခဲ၊ အရှိန်ပြင်းတဲ့ ဥက္ကာပျံခဲတွေ ကမ္ဘာပေါ်ကို ကျရောက်နိုင်တယ်'' ဟု ၎င်းက ပြောကြားသည်။
Eleven Media Group

လက်ပံတောင်း ဒေသ ရွာတွေကို ညဘက် စီးနင်း

ဇီးတော၊ဆည်တဲကျေးရွာ သန်းခေါင်ကျော် စီးနင်း
6 သြဂုတ်လ 2013
 သြဂုတ်လ ၆ ရက် သန်းခေါင်ကျော် ၁ နာရီ နဲ့ ၂ နာရီ အကြား မှာ လက်ပံတောင်း ဒေသ ဇီးတော၊ ဆည်တဲ ကျေးရွာတွေ ကို လုံခြုံရေး တွေ က ကားတွေ နဲ့ ရောက်လာပြီး စီးနင်း ရှာဖွေ ဖမ်းဆီးတယ်လို့ ဇီးတော စမ်းမြဝတီ ကျောင်းတိုက် ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

ဇီးတော ရွာ ကို အရင်ဝင်စီးခြင်းမှာ ရွာက အင်အား နည်းသလို ဘုန်းကြီးကျောင်းရှိ သံဃာတော် နဲ့ တည်းခိုနေတဲ့ ကျောင်းသားတွေ ကို ဖမ်းဆီး လိုတဲ့ အတွက် ဖြစ်တဲ့ အကြောင်း၊ ရွာသား ၂ ဦး ကို လည်း ဖမ်းဆီးသွားတဲ့ အကြောင်း၊ ရွာသား ၂ ဦး ကတော့ လက်ထိပ် နဲ့ ပြန်လည် လွတ်မြောက် လာပုံ ကို ရွာခံ ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

လက်ပံတောင်း အရေးကိစ္စ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင် က လည်း လုံခြုံရေး တပ်ဖွဲ့ အင်အား ၃ဝဝ ခန့်နဲ့ ရွာတွေ ကို ဝင်ရောက်စီးနင်း ရာမှာ ရွာသားတွေ ကို ရိုက်နှက် ဖမ်းဆီးပြီး စစ်ကားပေါ် တင်သွားတဲ့ အကြောင်း၊ ကားစင်းရေ ၂၅ စီးဖြစ်ပုံ ဘီဘီစီ ကို ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်သွားသူ တွေ က ဆည်တဲ ရွာဘက် ပြေးကြတဲ့ အကြောင်း၊ ရွာသား ၄ ဦး ခန့် ပျောက်ဆုံးနေပုံ ရှင်းပြပါတယ်။ ဆည်တဲ အပြင် တုံရွာ သားတွေ ကိုလည်း ဖမ်းဖို့ လုပ် လို့ ရွာခံတွေက သံချောင်းခေါက် အချက်ပေး ပြီး ခုခံမှု ပြုဖို့ ပြင်ဆင် ကြပုံ ကို ကိုဟန်ဝင်းအောင် ကရှင်းပြ ပါတယ်။

ရွာသားတွေ ဘက် က မကြေနပ်ချက် က ကြေးနီစီမံကိန်း အပေါ် စုံစမ်းရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် ကို မဆောင်ရွက်ပေး သလို စီးပွားရေး ဆိုင်ရာ အကျိုးခံစားခွင့် လည်း ပွင့်လင်းမြင်သာမှု မရှိတဲ့ အကြောင်း လည်း ကိုဟန်ဝင်းအောင် က ဘီဘီစီ ကို ရှင်းပြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ရှစ်လေးလုံး ငွေရတုအတွက် ကိုမိုးသီးဇွန်နှင့် ABSDF အဖွဲ့ ရန်ကုန်သို့ ရောက်လာ

ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တက်ရောက်ဖို့အတွက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့ ABSDF ခေါင်းဆောင်တွေဟာ သြဂုတ်လ ၄ရက်နေ့ ညနေမှာ ရန်ကုန်မြို့ ရောက်လာခဲ့ကြပါတယ်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com