http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

မြန်မာနိုင်ငံတွင်ရှိသော အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ်သတိပေးချက်တစ်ခုကို အမေရိကန်အစိုးရမှ ထုတ်ပြန်

Tuesday, 26 March 2013
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ် သတိပေးချက် တစ်ရပ်ကိုအမေရိကန်အစိုးရမှ မတ်လ ၂၅ ရက်နေ့တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်းကျင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူအုပ်စု နှစ်ဘက်စလုံးတွေ ပြင်းထန်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ လတ်တလောတွင် အမေရိကန် နိုင်ငံသားများကို ရည်ရွယ်သည့် ခြိမ်းခြောက်မှုများ မရှိသေးသော်လည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ ၀န်းကျင်များကို ရှောင်ရှားကြရန် အကြံပေးအပ်ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့ပါသည်။

ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားရောက်ရာတွင် ပတ်ဝန်းကျင် အခြေအနေများကို အမြဲသတိထားရန်နှင့် မည်သည့် လူစုလူဝေး လှုပ်ရှားမှုတွင်မှ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ မင်္သကာစရာ အခြေအနေ တစ်စုံတစ်ခု ရှိလာပါက တာဝန်ရှိသူများထံသို့ သတိပေးရန်နှင့် အဆိုပါ နေရာကို စွန့်ခွာရန် အကြံပေးထားသည့် အပြင် အမေရိကန် နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံတွင်း အရေးပေါ် ကိစ္စရပ်များ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ အရေးပေါ် ဖုန်းနံပါတ် (95)-(9)-5124330 သို့ ဆက်သွယ်ပြီး တာဝန်ကျ အရာရှိနှင့် ဆက်သွယ် ပြောဆို နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
EMG

မိတ္ထီလာပဋိပက္ခ နှင့် ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

အရေးပေါ်အခြေအနေကြေညာခြင်း
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက် ခဲ့ပါသည်။

၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှု များမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက် အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

၎။ ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
The Voice Weekly

မိတ္ထီလာမြို့ပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်မှ အရေးတကြီး သဘောထား ထုတ်ပြန်(ရုပ်/သံ)

21 March 2013 00:49
ယနေ့ (မတ်လ၊ ၂၀ ရက်)၌ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်မှ အရေးတကြီး သဘောထား ထုတ်ပြန်

88 Generation Students
88 Generation Students

နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုချက်

မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်၍ဖြစ်စေ၊နိုင်ငံသားများ နစ်နာဆုံးရှုံးစေနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒါဏ်ချမှတ်ခံရသူများ၊ အထက်ပါ ဆောင်ရွက်မှုများနှင့် ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အစိုးရတရပ်ရပ်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က နိုင်ငံရေးရည်ရွက်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများသည် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည် ဟု နိုင်ငံရေး အကျဉ်းသားအဓိပ္ပါယ် ဖွင့်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သတ်မှတ်ဖော်ပြလိုက်သည်။Burma VJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်များစာရင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း
Friday, March 8, 2013

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၁။ ဦးညဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ

NLD Congress

Eternal Light Magazine (၂)နှစ်ပြည့်အထူးထုတ် လူငယ်နှင့် ဒီမိုကရေစီ

Eternal Light Magazine
March 2013
(၂)နှစ်ပြည့်အထူးထုတ် လူငယ်နှင့် ဒီမိုကရေစီ

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)
အမှတ် (၉၀၂)၊ ၉ လွှာ၊ ယုဇနတာဝါ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၉ ၄၄၈၀၂၆၃၂၆

သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန...်မာနိုင်ငံတော်အစိုးရ
နေပြည်တော်

ရက်စွဲ၊ ၂၀၁၃ခုနှစ်၊ မတ်လ(၂)ရက်၊ တနင်္လာနေ့
စာအမှတ်၊ မစက/၀၆ / ၂၀၁၃

အကြောင်းအရာ။ ။ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) သဘောမတူကြောင်း တင်ပြခြင်း။

ရည်ညွှန်းချက်။ ။ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း

၁။ အထက်ရည်ညွှန်းစာ အရ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် အထက်ဖော်ပြပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် သဘောတူညီမှုဖြင့် ရေးဆွဲနေသောပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းနှင့် ဝိရောဓိဖြစ်စေသလို အဟန့်အတားလည်း ဖြစ်စေသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ယူဆပါသည်။

၂။ လက်ရှိမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) သည် အထက်ဆိုခဲ့ပါ အတိုင်း နိုင်ငံတော် သမ္မတရုံး၏ တိုက်ရိုက်ခွင့်ပြုချက်ဖြင့် ပြန်ကြားရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် ဖွဲ့စည်းထားသော ကောင်စီဖြစ်ပါသည်။ ၂၀၁၂ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ ဤကောင်စီ စတင်ဖွဲ့စည်းစဉ်ကပင် ပုံနှိပ်လုပ်ငန်း၊ ထုတ်ဝေရေးလုပ်ငန်းများနှင့် ပတ်သက်သော ဥပဒေဆိုင်ရာအချက်အလက်များ ထည့်သွင်းရေးဆွဲပေးရန် ပြန်ကြားရေးဝန်ကြီးက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ထံ ပေးအပ်ထားသည့် အခြေခံ မူဘောင်တွင် ပါဝင်ပြီးဖြစ်ပါသည်။

၃။ အဆိုပါ အခြေခံမူဘောင်အရ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းတွင်လည်း ပုံနှိပ်နှင့် ထုတ်ဝေဖြန့်ချိသူများဆိုင်ရာ အချက်အလက်များ ထည့်သွင်းရေးဆွဲရန် သက်ဆိုင်ရာ ပုံနှိပ်နှင့် ထုတ်ဝေသူ အသင်းအဖွဲ့များထံမှ အကြံပြုချက်များ တောင်းခံခဲ့ပါသည်။ သို့သော် အဆိုပါအသင်းအဖွဲ့များ ထံမှ အကြံပြု၊ ဖြည့်စွက်၊ ပြင်ဆင်လိုသော အချက်များ ပြည့်စုံစွာရောက်ရှိ မလာသေးခင် ပြန်ကြားရေးဝန်ကြီးဌာနက အထက်ရည်ညွှန်းပါ ဥပဒေကြမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

၎။ သတင်းမီဒီယာ လုပ်ငန်းရှိ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ထုတ်ဝေရာတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းကို ခွဲခြားမရနိုင်ကြောင်း အများသိရှိပြီး ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းတွင် သတင်းသမား များသာမက ပုံနှိပ်၊ ထုတ်ဝေသူများ၏ ကျင့်ဝတ်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်း ရေးဆွဲပြဌာန်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

၆။ ပြန်ကြားရေး ဝန်ကြီးဌာနသည် ၎င်းတို့ကိုယ်တိုင် သဘောတူညီကာ ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ ရေးဆွဲရန် တာဝန်လွှဲအပ် ခံထားရသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ ဆောင်ရွက်ဆဲ လုပ်ငန်းများကို လျစ်လျူရှုသည့် သဘော သက်ရောက်နေပါသည်။ သို့ပါ၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သည် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်တို့ကို သဘောမတူကြောင်း ဖော်ပြပါသည်။

၇။ အထက်ဖော်ပြပါ တင်ပြချက် များကို ၂၀၁၃ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ၏ (၁၅)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပေးပို့ တင်ပြခြင်းဖြစ်ပါသည်။

မိတ္တူကို-
၁။ နာယက၊ ပြည်ထောင်စုလွှတ်တော်
၂။ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
၃။ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
၎။ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန
၅။ ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့လွှတ်တော်
၆။ ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီ၊ အမျိုးသားလွှတ်တော်
၇။ ဥက္ကဋ္ဌ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ ပြည်သူ့လွှတ်တော်
၈။ ဥက္ကဋ္ဌ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ အမျိုးသားလွှတ်တော်
၉။ လက်ခံ
လေးစားမှုဖြင့် -

(ခင်မောင်အေး)
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)

မောင်ဝံသ (ဦးစိုးသိမ်း)
ဒုတိယဥက္ကဋ္ဌ-၁

ဖိုးသောကြာ (ဦးခင်မောင်လေး)
ဒုတိယဥက္ကဋ္ဌ-၂

(ကျော်မင်းဆွေ)
အတွင်းရေးမှူး

(နန်းကလျာဝင်း)
တွဲဖက်အတွင်းရေးမှူး

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၏ သဘောထားကြေညာချက် (၁/၂၀၁၃)

၁။ ဤဥပဒေ၏ အခန်း(၁) တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” ၏
အဓိပ္ပါယ်ဖော်ပြချက်မပါရှိပါ။ သို့ရာတွင် အခန်း(၂)နှင့် အခန်း(၄)တို့တွင် ဖော်ပြထားချက်များအရ
“မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သည် ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိခြင်းကိုတွေ့ရသည်။

၂။ ထို့အပြင် “၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ခုနှစ်
ပုံနှိပ်တိုက်(အရေးပေါ်အာဏာများ)အက်ဥပဒေ”တို့ကိုအသွင်ပြောင်းထားခြင်းတစ်မျိုးဟု မိမိတို့ရှုမြင်သည်။

၃။ သတင်းသမားများအတွက် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများတွေ့နေရပါသည်။

၎။ စာနယ်ဇင်းကောင်စီ ၏ လုပ်ပိုင်ခွင့်များကိုလည်း ထိပါးနေသယောင်တွေ့မြင်ရပါသည့်အပြင် စာနယ်ဇင်းကောင်စီကပင်လျှင် ယခုဥပဒေကို ပြုစုသည်ဟု အထင်မှားဖွယ်ဖြစ်နေပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် မီဒီယာဥပဒေကြမ်းကိုရေးဆွဲလျက်ရှိရာ ယခုကြေညာလိုက်သော ပုံနှိပ်ဥပဒေကြမ်းပါ အချက်အလက်အချို့သည်
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲနေသည့် ဥပဒေကြမ်းတွင်သာပါဝင်ရမည့်အချက်အလက်များဖြစ်နေပါသည်။ဥပမာ သတင်းအေဂျင်စီများတည်ထောင်ခြင်းသည် ပုံနှိပ်ဥပဒေနှင့်မည်ကဲ့သို့မျှ ဆီလျော်မှုမရှိပါ။ သတင်းမီဒီယာနှင့်သာသက်ဆိုင်နေပါသည်။
ပုံနှိပ်ဥပဒေသည် အခြေခံဥပဒေပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သဖြင့် အခြေခံဥပဒေနှင့် လည်းညီညွတ်မှုမရှိပါ။

၆။ တရားမ၀င်ထုတ်ဝေစာအဖြစ်ကြေညာနိုင်ခြင်း၊ ယင်းအပေါ်လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည်လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး၊ Pre-Censorshipမဟုတ် သော်ငြားလည်း Post-Censorshipသာ ဖြစ်နေပါသည်။

၇။ ယခု ဥပဒေကြမ်းအရဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည်ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့သုံးသပ်သည်။

၈။ ထို့ကြောင့် ဥပဒအသစ်များကို အလောတကြီးပြုစုသည်ထက်
တည်ဆဲဥပဒေများတွင်ပါရှိနေသည့် သတင်းမီဒီယာလောကအတွက်
အနှောင့်အယှက်ဖြစ်နေသည်တို့ကို ပျက်ပြယ်စေရန်က ပိုအရေးကြီးပါသည်။

၉။ ယခု ထုတ်ပြန်ကြေညာလိုက်သော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ပါအချက်အလက်အများစုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)အနေဖြင့် လုံးဝသဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၁၀။ စာနယ်ဇင်၊သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှ သဘောထားတောင်းခံခြင်း၊ ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်စေရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း
Myanmar Journalists Association
မတ်လ ၁ ရက်၊ ၂၀၁၃။
Shwe Myitmakha Media Group

အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အကြံပြုစာ ပေးပို့နိုင်ကြောင်း ထုတ်ပြန်

ရန်ကုန်၊မတ်-၁

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပေးပို့နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့သည် လက်တွေ့ကွင်းဆင်းလေ့လာ အကဲဖြတ်ချက်များကို ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင်ရွက်နေသည့်အတွက် ပြည်သူများက အကြံပြုချက်များရှိလျှင် အဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များမှာ ဦးဇော်ဦး ဖုန်း-၀၉-၄၂၅၂၈၈၈၈၉ နှင့် အီးမေးလ် mdri.cesd@gmail.com ဦးကျော် ဖုန်း-၀၁-၃၈၁၇၈၇၊ ဦးတင်မောင်သန်း ဖုန်း-၀၁-၆၅၄၇၇၀၊ ဦးဇော်သန်းသင်း ဖုန်း-၀၆၇-၄၀၉၁၄၅ တို့ဖြစ်ကြောင်း သိရှိရသည်။7Day News Journal

အကယ်ဒမီ မော့စ် ရဲ့ နာရေး တရားနာ ဖိတ်ကြားလွှာ

Royal Hero Media


တကယ်လား...

Popular Myanmar News Journal

The Voice Weekly အသိပေးကြေညာခြင်း

၁။ Living Color မီဒီယာ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/thevoiceweekly ကို အယ်ဒီတာ အဖွဲ့ ကိုယ်စား တာဝန်ယူ စီမံခန့်ခွဲ နေစဉ် ကာလ အတွင်း လုံခြုံရေး ပိုင်းဆိုင်ရာ အားနည်းမှု အချို့ကြောင့် ဖေဖော်ဝါရီလ ၄ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ Living Color Media နှင့် မသက်ဆိုင်သော အဖွဲ့ အချို့က ဝင်ရောက် ထိန်းချုပ် ခဲ့ကြပြီး အဆိုပါ အဖွဲ့က The Voice Facebook စာမျက်နှာ တွင် သူတစ်ပါး ဂုဏ်သိက္ခာ ထိခိုက် စေသော၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမှား စေသော၊ မှန်ကန်မှု မရှိသော သတင်းနှင့် ဓာတ်ပုံများကို ဖေဖော်ဝါရီ ၁၁ရက်နေ့ အထိ ဖော်ပြ ခဲ့သဖြင့် ထိခိုက်နစ်နာ ရမှုများ အတွက် အထူးပင် ဝမ်းနည်း မိပါကြောင်း ဖော်ပြအပ် ပါသည်။

၂။ The Voice Weekly Facebook စာမျက်နှာ ပြန်လည် ရရှိရေး အတွက် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးခဲ့ ကြသော ပြည်တွင်း ပြည်ပမှ မိတ်ဆွေများ ကိုလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိ ပါကြောင်း ဖော်ပြ အပ်ပါသည်။

အယ်ဒီတာအဖွဲ့ကိုယ်စား
Web Team

ဦးဆန်းဆင့် အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

Tuesday, February 05, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၄ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးဆန်းဆင့် အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Popular Myanmar News Journal

မင်္ဂလာတောင်ညွန့် သစ္စာလမ်းစာပေဟောပြောပွဲတွင် မင်းကိုနိုင်နှင့်ဇာဂနာ ပါဝင်ဟောပြောမည်

ရန်ကုန်-ဖေဖေါ်ဝါရီ၊၅
မင်္ဂလာတောင်ညွန့်မြို့နယ် သစ္စာလမ်း၌ ဖေဖော်ဝါရီ ၆ ရက်နေ့ ၇ နာရီတွင် စာရေးဆရာ ဖေမြင့်၊ ဆရာ ဟိန်းလတ်၊ မင်းကိုနိုင် တို့က ဟောပြောမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၇ ရက်နေ့ ၇ နာရီတွင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမ သန်းမြင့်အောင်၊ ဇာဂနာ တို့မှ ဟောပြောသွားမည်ဖြစ်ကာ စာအုပ်တိုက် ၈ တိုက်မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသွား မည်ဖြစ်ကြောင်းသိရသည်။wm

Popular Myanmar News Journal 

ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာသင်တန်းများ

အသက် ၇ မှ ၁၅ နှစ်ကလေးများအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းများကို မတ်လ (၂၅) ရက် မှ ဧပြီလ (၁၁) ရက်နေ့အထိ ဗြိတိသျှကောင်စီ (ရန်ကုန်)တွင် ဖွင့်ပါမည်။ သင်တန်းကြေး ကျပ် ၁၆၀၀၀၀ - စုစုပေါင်းသင်ကြားချိန် နာရီ (၃၀) ဖြစ်ပြီး placement test ဖြေရန်မလိုပါ။ စာအုပ်ဝယ်ရန်မလိုပါ။

နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မွေးစာရင်း (သို့) မှတ်ပုံတင် (သို့) ပုံစံ၁၀ ယူလာပြီး အောက်ပါနေ့များမှစ၍ ဦးရာလူစနစ်ဖြင့် လာရောက် စာရင်းသွင်းနိုင်ပါပြီ။

Secondary (အသက် ၁၃ မှ ၁၅ နှစ်) - ဖေဖော်ဝါရီလ (၁၄) ရက်
Tween (အသက် ၁၀ မှ ၁၂ နှစ်) - ဖေဖော်ဝါရီလ (၁၅) ရက်
Primary (အသက် ၇ မှ ၉ နှစ်) - ဖေဖော်ဝါရီလ (၁၆) ရက်

အသေးစိတ်သိရှိလိုပါက - ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်၊ ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ နှင့် enquiries@mm.britishcouncil.org တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Our Young Learner Intensive Courses for summer 2013 showcase the best of the contemporary UK via the theme: BRILLIANT BRITAIN!

Primary YLs (aged 7-9) will experience the latest children’s picture storybooks abut British life for youngsters. Tween YLs (aged 10-12) will engage in UK cultural studies and discover the best of British through a series of up to date DVDs. Secondary students (aged 13-15) will find out what’s hip n’ happenin’ through authentic materials focussing on Teen Life UK!

Our YL summer courses are based around projects and team tasks which develop students’ confidence in using English as well as raise their awareness of the UK today.British Council Myanmar

အသိပေးကြေညာခြင်း

Eleven Media Group ၀က်ဘ်ဆိုက်အား Red-Army Team အမည်ဖြင့် (Hacker အဖွဲ့ခြောက်ခုအမည်ဖော်ပြကာ) ဇန်န၀ါရီလ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ပါသည်။

Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်မှ သတင်းတင်ထားပြီးနောက် ယခုကဲ့သို့ Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

Myanmar Express ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ် မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှုများစွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစားမီဒီယာဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ်ချက်ပေးထားသော ဒေါက်တာဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချိရေး အမည်ခံ Voice Of Myanmar ဘလော့ဂ်တွင် ရေးသားထားသည်ကို myanmarexpress.net တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။
Voice Of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင်ထားခြင်းဖြစ်ပြီး Myanmar Express က နောက်ထပ် တစ်နာရီအကြာတွင် တင်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် Eleven Media Group ၀က်ဘ်ဆိုက်အား ခေတ္တမျှ ၀င်ရောက်ကြည့်ရှုနိုင်ခဲ့ခြင်း မရှိဘဲ EMG Technical Team မှ ပြန်လည် ပြင်ဆင်ခဲ့ရပါသည်။ အချိန်လေးနာရီမျှအကြာတွင် Eleven Media Group ၀က်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြန်လည် ကြည့်ရှုနိုင်ခဲ့ပါသည်။

Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခြင်းသည် Cyber Crime ဖြစ်ပြီး တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တစ်ဆင့် တရားဝင် တိုင်ကြားသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။

သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အရာရှိကြီးများအနေဖြင့်လည်း မိမိဌာန၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန် မိမိလက်အောက်ရှိ အရာရှိငယ်များ၊ ၀န်ထမ်းများက တရားဝင်ရပ်တည်နေသော မီဒီယာများအပေါ် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ မရှိစေရေး သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း Eleven Media Group က တိုက်တွန်းအပ်ပါသည်။Eleven Media Group



နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com