http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

သမီးလေး ပြိုင်သူခ(ခေါ်)အိုင်ကီ၏ ၃ နှစ်ပြည့်မွေးနေ့ပွဲ

သရုပ်ဆောင် ကျော်ကျော်ဗိုလ် နှင့် ဇနီး မယဉ်ယဉ်မင်းတို့၏ သမီးလေး ပြိုင်သူခ (ခေါ်) အိုင်ကီ၏ ၃ နှစ်ပြည့်မွေးနေ့ပွဲကို မတ်လ ၂၁ ရက် ညနေက အင်ယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရဲရဲ
Popular Journal





S.I.R Summer Rock Show ပွဲ

S.I.R Summer Rock Show ပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ပြီး SIR Member အဖွဲ့ဝင်များဖြစ်သော Big Bag, Wanted,Idiots , Reason နှင့် ဧည့်သည်အဆိုတော် ရတနာမိုင်တို့က သီဆိုဖျော်ဖြေခဲ့ကြသည်။
Popular Journal
ဓာတ်ပုံ - သီဟ — S.I.R Summer Rock Show






အချစ်ရေးထက်အနုပညာရေးကိုပဲ ဦးစားပေးသူ သဉ္ဇာနွယ်ဝင်း

ဒါရိုက်တာ ကျော်ဇရိုက်ကူးနေတဲ့ "ဗန္ဓာရ" ဇာတ်ကားကို သဉ္ဇာနွယ်ဝင်းက မြတ်ကေသီအောင်၊ စွမ်း၊ စည်ဖြိုးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းကားရိုက်တွေ များလာတဲ့အတွက် အရင်ကထက်ပိုပြီး အနုပညာအလုပ် လုပ်ရတာအဆင်ပြေလာပြီး ကားရိုက်တဲ့အခါမှာလည်း ဇာတ်ကားတွေကို သေသေချာချာလေးကြိုးစားပြီး ရွေးချယ် ရိုက်ကူးဖြစ်တယ်လို့ ပြောပြပါတယ်။

" အခုနောက်ပိုင်းရိုက်တဲ့ ဇာတ်ကားတွေက ဟိုအရင်ကရိုက်ကူး ထားတဲ့ ကားတွေ ထက်စာရင် ပိုပြီးအဆင်ပြေတယ်လို့ ပရိသတ်တွေက လည်း ပြောကြတယ်။ ဒီထက်ပိုပြီး တော့ကောင်းအောင်နောက်ပိုင်း မှာလည်း ဇာတ်လမ်းနဲ့ဇာတ်ရုပ်လိုက်တဲ့ဖက်ရှင်တွေကို ပိုပြီးရွေးချယ်တတ်အောင် သဉ္ဇာကြိုးစားဖြစ်တယ်" လို့ နောက်ပိုင်း ပြောင်း လဲမှုတွေနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက ပြောပြပါ တယ်။

သဉ္ဇာနွယ်ဝင်းက အခု အချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေပြီးကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ အချစ်အကြောင်းတွေကို မစဉ်းစားဖြစ်သေးသလို ချစ်သူရည်းစားထားဖို့ထက်အနုပညာအလုပ်ကို အဓိကဦးစား ပေးဖြစ်နေတယ်လို့ ဆိုလာပါတယ်။

" သဉ္ဇာက အခုလောလောဆယ်မှာ ချစ်သူရည်းစားမရှိဘူး။ ရည်းစားထားလို့ရှိရင် ဒီအနုပညာအလုပ်မှာ နည်းနည်းလျော့သွားမှာလည်း စိုးတယ်။ ပြီးတော့ တစ်ယောက်ယောက်ကိုစိတ်ထဲမှာ ရှိနေရင်လည်းအနုပညာအလုပ်တွေ ကိုယ့်ဆီကို သိပ်မလာဘူးလို့ စိတ်ထဲမှာထင်မိတယ်။ အဲဒါကြောင့် ရည်းစားမထား ဖြစ်ဘူး။ သဉ္ဇာက တကယ့်ဘဝရဲ့ လက်တွဲဖော်ကိုတော့ အသက် ၃ဝလောက်ဆိုရင်တော့ အိမ်ထောင်ပြုသင့်ပြီလို့ထင်တယ်။ တကယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်ဖြစ်ရင်လည်း အဓိကက ယောက်ျားပီသရမယ်။ အားလုံးကလည်း သူ့ကိုလေးစားရတဲ့သူ တစ်ယောက်၊ လူတော်တစ်ယောက်ဖြစ်ရမယ်။

ကိုယ့်ကိုလည်းချစ်ရမယ်။ အဲဒီလိုလူမျိုးကို ရွေးချယ်ဖြစ်မှာပါ။ သဉ္ဇာက အဓိကသဉ္ဇာကို အထူးတလည်နားလည်မှု ပေးစရာမလိုပါဘူးလို့ထင်တယ်။ သဉ္ဇာမှာ တခြားရှင်းပြစရာကိစ္စတွေလည်းမရှိတော့ ကိုယ်ကသူ့ကို စိတ်တွေ ပူပြီးတော့ ဂျေဝင်တာကိုပဲ သူကနားလည်မှုပေးဖို့ပဲလိုတယ်။ အဲဒီလိုမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ" လို့ ချစ်သူမထားဖြစ်ခြင်းအကြောင်းကို သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။
လွင်လွင်ထွန်း
Popular Journal

ကိုလူချောအဖွဲ့ကိုလှူဒါန်းတဲ့ ဆန်အိတ်တွေထဲက စက်အဖွဲ့သားများ၊ ဇာတ်ပို့၊ ဇာတ်ရံများကို ပြန်လည် လှူဒါန်းကြောင်း

လစဉ် အနုပညာမောင်နှမတွေ စုပေါင်းပြီး "လက်တွဲဆင့်ကူ ဆန်အလှူ" အဖြစ် ကိုလူချောအဖွဲ့ကို လှူဒါန်းကြပါတယ်။ ဒီလိုလှူဒါန်းမှုတွေ နဲ့ပတ်သက်ပြီး ကိုလူချောအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် က" အလှူရှင်ဆိုတာကလည်း လှူချင်တဲ့သဒ္ဓါစိတ်ရှိမှ လှူလို့ရတာလေ။ အလှူခံပုဂ္ဂိုလ်ဆိုတာကလည်း အလှူ ရှင်ရှိမှ အလှူခံလို့ရတာလေ။ ကိုဝင်းထွန်းထွန်းနဲ့ကို သူထူးစံတို့က သူတို့တတ်စွမ်းသရွေ့ ကြိုးစားကြတယ်။ ဒါပေမဲ့လည်း လစဉ်တိုင်းမှာ အလှူရှင်ဆိုတာ ရှိချင်မှလည်း ရှိမှာပေါ့။ အရင်တုန်းက ၆ ရက်နေ့ တိုင်းမှာ လှူဒါန်းတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာကျတော့ လှူဒါန်းတဲ့မင်းသား၊ မင်းသမီးတွေက ကုန်သွားသလောက် ဖြစ်နေပြီဆိုတော့ အလှူရှင်က အခြေ အနေမကောင်းတော့ ကိုဝင်းထွန်းထွန်းတို့လည်း တကယ်ခေါင်းစားရပါတယ်။ သူတို့ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်" လို့ ပြောပြပါတယ်။

အနုပညာ မောင်နှမတွေ လှူဒါန်းတဲ့ ဆန်အိတ်တွေထဲကမှ တချို့ဆန်အိတ်တွေကို စက်အဖွဲ့သားတွေ၊ ဇာတ်ပို့၊ ဇာတ်ရံ တွေကိုလည်း ပြန်လည်လှူပေးဖြစ် ကြောင်းကိုလည်း" စာစောင် တစ်ခုမှာ ပါလာတာ ဘာအဖွဲ့ဆိုလားခေါင်းဆောင် တဲ့သူတစ်ယောက်က မင်းသား၊ မင်း သမီးတွေကလှူတဲ့ဆန်ကို သူ့အဖွဲ့သားတွေကိုပဲ အိတ်လိုက်ပေးတယ်။ ကျန်တဲ့လူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ အငေးသားကြည့်နေရတယ်ဆိုတော့ စိတ်ထဲမှာမကောင်း ဘူး။ ခေါင်းစဉ်တပ်ပြီး လှူလာတာက ကိုလူချောအဖွဲ့အတွက် ဆန်အိတ် တစ်ရာလှူဒါန်းပါသည်ဆိုပြီး လှူဒါန်းတာ။ ကိုလူချောအဖွဲ့မှာက ၉၈ ယောက်ရှိတယ်။ ကျွန်တော်နဲ့ တချို့ ရယ်၊ အဝေးရောက်နေတဲ့သူ တွေက တစ်ခါတလေ ယူချင်မှယူတယ်။ တစ်လမှာ အနည်းဆုံး ဆန်အိတ်၇ အိတ်ကနေ ၁ဝအိတ်ကြား ဖောက်ပြီးလုပ်အား ပေးတဲ့စက်အဖွဲ့တွေကို ၅ ပြည်၊ ကျန်တဲ့ဒီလမ်းထဲမှာလှုပ်ရှားနေကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို ၃ ပြည်ပေးတယ်။ နောက်ဝဇီရာရုပ်ရှင်ရုံကဝန်ထမ်းတွေလည်းလာကြတဲ့ အတွက် ပေးတယ်။ ဆန် ၃ပြည်ဆိုတာ မိသားစုတစ်စုအတွက် အနည်းဆုံး ၂ရက်ပဲ စားလို့ရတယ်ဆိုတဲ့ စာနာစိတ်နဲ့ မယူတဲ့ သူတွေကနေ ပြန်ပြီးလှူတယ်။ကိုလူချောအဖွဲ့အတွက် လုပ်ပေးနေတာ ဘယ်သူ့အပေါ်မှာမှ ခေါင်းပုံမဖြတ်ဘူး။

ခေါင်းစီးတစ်ခုအောက်မှာလှူတဲ့အခါ သူ့လူတွေပဲပေးတယ်ဆိုတာ ကိုယ့်မိသားစုမဟုတ်ဘူး။ "ကိုလူချော" အဖွဲ့ဝင်တွေကိုပေးတာ။ လှူတဲ့သူက "ကိုလူချော"အဖွဲ့ဆိုတဲ့အတွက် သူတို့ ကို အပြည့်အဝပေးရမှာပေါ့။ ကျန်တဲ့ သူတွေကို စေတနာနဲ့ပေးတာ။ ဇာတ်ပို့၊ ဇာတ်ရံဥက္ကဋ္ဌဖြစ်တော့ ဇာတ်ပို့၊ဇာတ်ရံ အလွှာအတွက် အစည်းအရုံးကနေ ဆန်၊ဆီလှူရင် ဖုန်းဆက်ပြီး တောင်ခေါ်ပြီးပေးခဲ့တာ။

"ကိုလူချော" အဖွဲ့ အတွက်ဆိုရင် ကိုလူချောအတွက် အလုပ်လုပ်ပါတယ်။ တကယ်တမ်း သိချင်ရင် "ကိုလူချော" အဖွဲ့ရုံးခန်းကို အချိန်မရွေးလာမေးပါ။ ဆရာ ဦးကျော်ဟိန်း၊အခုဘုန်းဘုန်း ကိတ္တိသာရပြော သလိုပဲသေသွားရင် ဒါတွေက ဘာမှမဟုတ်ဘူး" လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

စုလှိုင်နှင်းဇာတ်ကား ရိုက်ကူးမှုတွေကျဲသွား ရခြင်းအကြောင်း

ရုပ်ရှင်ဗီဒီယိုလောကတွင်တစ်ခေတ်တစ်ခါက ခေါင်းဆောင် မင်းသမီးအဖြစ်ပရိသတ်က အသိအမှတ်ပြု အားပေး ခြင်းခံခဲ့ရသူ ကတော့စုလှိုင်နှင်းပဲဖြစ်ပါတယ်။ ဇာတ်ကားတွေကို ရိုက်ကူးတာတင်မကနယ်ရှိုးတွေမှာလည်း သီချင်းဆိုဖြစ်တဲ့ စုလှိုင်နှင်းက "ယဉ်ကျေးလိမ္မာနှလုံးလှသံစဉ်များ" အခွေ မှာလည်း ပါဝင်သီဆို ထားပါတယ်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့သီချင်းမျိုးမဆိုဖူးတဲ့အတွက်အခက်အခဲရှိခဲ့ကြောင်း စုလှိုင်နှင်းက ပြောပါတယ်။

"ဘာသာရေးသီချင်းဆိုတော့ တာဝန်ပိုကြီးတယ်။ တစ်ခါမှလည်း မဆိုဖူးဘူး။ ဒါက ပထမဆုံးပဲ။ဒါပေမဲ့လည်း ဦးဇော်မင်းလေးက ဆိုပုံဆိုနည်း၊ ဆိုဟန်တွေလေ့ကျင့်ပေး တယ်။ ပြီးတော့ စတူဒီယိုမှာလည်းလေ့ကျင့်ရတယ်။ လေ့ကျင့်တာတွေ များသွားတော့ နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်" လို့ပြောပါတယ်။စုလှိုင်နှင်းက အခုနောက်ပိုင်းမှာ သူ့ရဲ့ဇာတ်ကားရိုက်ကူးမှု ကျဲသွားခြင်း အကြောင်းကိုတော့..

"အစ်မ အခုအသက်အရွယ်က မင်းသမီးနေရာနဲ့လည်းမလိုက်ဘူး။ အစ်မ သရုပ်ဆောင် ရမယ့်နေရာက ကြားနေရာ ဖြစ်နေ တာပေါ့။အမေနေရာဆိုရင်လည်း နည်းနည်းနုသေးတယ်။ အဲဒီတော့ အစ်မလို နေရာမျိုးနဲ့ပဲ အဆင် ပြေပေမယ့်လည်း အစ်မလို နေရာမျိုးနဲ့ ကျတော့ ဇာတ်ဝင် ခန်းတော်တော်များ များကမရှိဘူး။ရှားတယ်။ ဒါကြောင့် ဇာတ်ကား ရိုက်ကူးမှု ကျဲသွားရတာပါ" လို့ ဆိုပါတယ်။
ယွန်းလင်္ကာ
Popular Journal

အနုပညာဆိုတဲ့ ပညာက ယူတတ်မှရကြောင်း နိုဗယ်ကျော်ကျော်ပြော

ဒါရိုက်တာအဏ်ထော်ဏီရိုက်ကူးတဲ့ " မျက်နှာနှစ်ထပ်နဲ့လူ" ဇာတ်ကားကို နိုဗယ်ကျော်ကျော်က သူထူးစံ၊ စိုးရန်အောင်တို့နဲ့အတူပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက ရိုမန့်ဒရာမာဇာတ်လေးဖြစ်တယ်လို့သိရပြီး အရင်ကထွက်ပြီးသားဇာတ်တွေနဲ့မတူဘဲ ဆိုက်ကိုနည်းနည်းဆန်တဲ့ဇာတ်ကားလေးဖြစ်တယ်လို့လည်း သိရပါတယ်။ အော်စကာဆုရ ထားတဲ့နိုင်ငံခြားဇာတ် လမ်းကိုပြန်လည်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး၊အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်း နိုဗယ်ကျော်ကျော်ကပြောပါတယ်။ နိုဗယ်ကျော်ကျော်က အရင်ကထက်စာရင် ပရိသတ် အားပေးတဲ့နေရာလေးတော့ရနေပြီဖြစ်ပေမယ့်လည်း ဒီ့ထက်မက ပိုကြိုးစားပြီး ကိုယ်ရည်မှန်းထားတဲ့နေရာ ရောက်ဖို့အတွက်လုပ် သွားမှာဖြစ်သလို အနုပညာမောင်နှမတွေနဲ့လည်း တိုင်တိုင်ပင်ပင်လေးလုပ်ဖြစ်ကြောင်းပြောပါတယ်။ " နိုဗယ်တို့က အဓိက ကိုယ့် Talent က အရေးကြီးတယ်။ အရင်တုန်းက ကိုယ်ကအသစ်တစ်ယောက်အနေနဲ့တုန်းက ကိုယ့်ရှေ့က အနုပညာရှင်ကြီးတွေဆီမှာ သင်ယူလေ့လာဖြစ်တယ်။ အခုအချိန်ထိလည်း နိုဗယ်တို့အတွက် တအားခက်ခဲတယ်။ တကယ် ကိုအနုပညာဆိုတဲ့ပညာကယူတတ်မှရတယ်။ အဲဒီလိုမျိုးဆိုတော့ အခုအချိန်ထိလည်း အမြဲတမ်း ကိုယ်အခက်အခဲရှိမယ်လို့ထင်တဲ့ အရာတွေကို ကိုယ့်အနုပညာညီအစ်ကို မောင်နှမတွေနဲ့တိုင်ပင်ဖြစ် တယ်။

အခက်အခဲအများကြီးတော့ မရှိပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်ကသစ္စာရှိဖို့လည်း လိုတယ်။ ဒီအနုပညာ အလုပ်က ခုနစ်ရက်သားသမီးတွေ လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် အားလုံးကတော့စိတ်တွေက မတူညီနိုင်ဘူး။ ထပ်တူမကျနိုင်ရင်တောင်အများကြီး ညှိနှိုင်းပြီးတော့ လုပ်ရမယ်။ စိတ်ဝင်တစားလေးနဲ့ကိုယ်ကပျော် ပျော် ရွှင်ရွှင်လေးကြိုးစားပြီးလုပ်သွားမယ်ဆိုရင်တော့ နေရာကောင်းတစ်နေရာလေးတော့ ရလာမယ်လို့ နိုဗယ်က ယုံကြည်တယ်" လို့ အနုပညာနဲ့ပတ်သက်ပြီး လတ်တလောဖြစ်နေတဲ့ အကြောင်း နိုဗယ်ကျော်ကျော်က ပြောပါတယ်။
လွင်လွင်ထွန်း
Popular Journal

ပရိသတ်တစ်ဦးက ဘန်ကောက်မှာ ဆေးကုသပေးမယ့် ဒါရိုက်တာ ကုသိုလ်ရဲ့ ကျန်းမာရေးအခြေအနေ


Tuesday, March 19, 2013
ဒါရိုက်တာကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောဂါကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။ ဆေးရုံကို အနုပညာမောင်နှမတွေလည်း လာရောက်ကြသလို၊ ပရိသတ်တစ်ဦးက လည်း ဘန်ကောက်မှာ ဆေးကုသဖို့အတွက် အကုန်အကျခံကာ ကုသပေးမှာဖြစ်တာကြောင့် မတ်လကုန်မှာသွားရောက် မယ်လို့ သိရပါတယ်။

" စစ်ကိုင်းမှာ ဝေဠုကျော်၊ ခိုင်နှင်းဝေတို့နဲ့ "မအိမ်စည်"ဆိုတဲ့ ဇာတ်ကားကို သွားရိုက်တာ၊ ဖေဖော်ဝါရီ၁၇ရက်နေ့က အသက်၅၉နှစ် ပြည့်မွေးနေ့ ဆိုတော့ သောက်ခဲ့တဲ့အရက်ကို အဲဒီနေ့မှာတုံးတိဖြတ်လိုက်တာ။ မနက်ကျတော့ နေထိုင်လို့မကောင်းတာနဲ့ ဆရာဝန်သွားပြတာ။

အသည်းလည်းရောင်နေတယ်။ ရေဖျဉ်းလည်း ဖြစ်နိုင်တယ်။ အရက်ပြတ်တာက နည်းနည်းချင်းစီဖြတ်မှ လို့ပြောတယ်။အဲဒါကိုဖြတ်မှာ မဟုတ်ဘူးဆိုပြီး ဒီအတိုင်း ပဲဖြတ်လိုက်တာ။
ကားရိုက်ပြီး ရန်ကုန် ပြန်လာတော့ ဆရာဝန်ပြတယ်။

ဦးလိုပဲဖြစ်ခဲ့တဲ့ ညောင်ညောင်က ရောက်လာပြီး သူပြခဲ့တဲ့ အာရှတော်ဝင်က အသည်းပါရဂူဒေါ်ကြည်ကြည်ညွန့်နဲ့ ပြဖြစ်ခဲ့တယ်။ရောဂါက သူဌေးရောဂါ၊ ပိုက်ဆံကုန်မယ်တဲ့။ အဲဒါနဲ့ သူထိုင် တဲ့ဒီဆေးရုံမှာ ဆေးရုံတက်လိုက်တာ။ မိတ်ဆွေအပေါင်းအသင်းတွေ၊ အနုပညာမောင်နှမတွေ လာကြည့်ကြပါတယ်။

နန္ဒာလှိုင်တို့ ဇနီးမောင်နှံ၊ မေတ္တာ၊ဗေလုဝ၊ ခင်လှိုင်၊မြင့်မြတ်၊ ချမ်းမီမီကို၊အေးမြတ်သူတို့ လာကြည့်ကြတယ်။ နောက် ဦးရဲ့ပရိသတ် တစ်ယောက်ကဖေ့စ်ဘုတ်ကနေ သိပြီးရောက်လာတယ်။ သူက ဦးကုသိုလ်ကို ဘန်ကောက်မှာ ဘယ်လောက်ကုန် ကုန်ဆေးကုသပေးချင်တယ်လို့ ပြောတယ်။

အဲဒါနဲ့တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်တော့သွားရင်ပို ကောင်းတယ်ဆိုတာနဲ့ မတ်လကုန်ရင် ဇနီးနဲ့အတူသွားဖြစ်မယ်။အခု ရက်ပိုင်းတော့ သက်သာလာပါပြီ။ ကံပေးသလောက်တော့ နေရဦးမှာပေါ့။

ကုသပေးမယ့်ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီလောက်ထိ အနုပညာသမား အပေါ်လေးစားလိမ့်မယ်ဆိုတာ မသိခဲ့ဘူး။ စိုးရိမ်ပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ပြောပြခဲ့ပါတယ်။
Popular Journal

လူထု စီးပွားရေး ချို့ယွင်းလာမှုကြောင့် အနုပညာလောကသည်လည်း ယိုယွင်းလာခြင်းဖြစ်သည်ဟုသီးလေးသီးမှဆို

ရန်ကုန်၊ မတ် ၁၈။
ယခုလက်ရှိ အနုပညာလောကအတွင်း လူထု စီးပွားရေး ကျပ်တည်းမှုကြောင့် အချို့သော လုပ်ငန်းများသည် ရပ်ဆိုင်းထားရသည်အထိ ယိုယွင်းလာကြပြီး အဓိက အခြေခံမှာ ငွေ
ကြေး ကျပ်တည်းမှုများကြောင့် ဖြစ်သည်ဟု သီးလေးသီး အဖွဲ့မှ ဂေါ်ဇီလာက မြန်မာ့ခေတ်သို့ ပြောကြားသည်။

လူထုအတွင်း ငွေကြေးကျပ်တည်းခြင်း၊ နေ့စဉ် အချိန်နှင့်အမျှ စားဝတ်နေရေးအတွက်သာ ရုန်းကန် နေရခြင်းတို့ကြောင့်အနုပညာအပေါ် အာရုံစိုက်မှု အားနည်းလာပြီး အနုပညာ လုပ်ငန်းအချို့သည်လည်း တဖြည်းဖြည်း ရပ်ဆိုင်းလာရကြောင်းသိရသည်။

"အားလုံးပြောနေကျတာတော့ အရည်သွေး မကောင်းလို့၊စက်ကရိယာ မကောင်းလို့၊ ဒီဘက်က လုပ်ရည်၊ ကိုင်ရည်၊စွမ်းရည် မကောင်းလို့လို့ အားလုံးက အခြေခံသုံးသပ်ကြတယ်။ ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင် အဓိကဒီဟာတွေပျက်ဆီးခြင်းရဲ့ အကြောင်းအရင်းက လူထုမှာ ပိုက်ဆံမရှိတာ။သူတို့မှာ ကိုယ်ပိုင် ပိုက်ဆံ များလာတဲ့အခါမှာကိုယ်ပိုင် အချိန်လေးတွေ ရှိလာတဲ့ အခါကျတော့ ဒါလေးတွေ ကြည့်နိုင်တယ်။လူထုမှာ ပိုက်ဆံလည်း မရှိ၊ ကိုယ်ပိုင်အချိန်လည်း မရှိတဲ့ အခါကျတော့ ဒီဟာကို သူတို့အားမပေးနိုင်တော့ဘူး။ သူတို့ရဲ့ စားဝတ်နေရေးကို လုံးပန်းနေရတဲ့ အတွက် ကျွန်တော်တို့ရဲ့ဖျော်ဖြေတင်ဆက်မှု၊ အနုပညာလုပ်ငန်းတွေ အားလုံးသည် ပြုတ်ကျကုန်တာပဲ" ဟု ဂေါ်ဇီလာက ပြောကြားသည်။

၎င်းတို့ သီးလေးသီးအဖွဲ့သည် ယခုအချိန်တွင် အစိုးရသစ်လက်ထက်၌ ပထမဆုံး ပြည်တွင်း၌ ပြန်လည် ကပြဖျော်ဖြေမည့် သီးလေးသီးနှင့် မြပုဏ္ဍမာ အငြိမ့်ကို စီစဉ်လျက်ရှိပြီး အ
ဆိုပါ ပွဲနှင့် ပတ်သက်၍ "သူများနဲ့ မတူအောင် တမူထူးရှားမယ်။ဘယ်သူမှ မလုပ်နိုင်တဲ့ အရာတစ်ခုကို ကိုဇာဂနာက လုပ်တတ်တဲ့ အကျင့်ရှိတယ်။ အငြိမ့်ဆိုတာ ဒါပါလား။ အငြိမ့်ဆိုတာလူတိုင်းကို စိတ်ဝင်စားအောင် လုပ်ပြရတယ်။ စိတ်ဝင်စားအောင် ကြည့်ကြရတယ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ လုပ်ကြည့်တာပါ။ အငြိမ့်ကြည့်မယ်ဆို တစ်ခါလာလည်း လူရွှင်တော်နဲ့ မင်းသမီးကမယ်၊ လူရွှင်တော်တွေ ပျက်မယ်။ ဒီပျက်လုံးတွေပဲ။အခုက တစ်မူထူးရှားမယ်။ အကပြောင်းမယ်၊ ဟန်ပန်ပြောင်းမယ်၊ ပျက်လုံးပြောင်မယ်။ ပြည်သူလူထုက အငြိမ့်ဆိုတာကို စိတ်ဝင်စားလာအောင် ဖော်ထုတ်တဲ့ ပွဲလို့ ပြောလို့ရပါတယ်" ဟု ဆက်လက် ပြောကြားခဲ့သည်။

"ဒီပွဲပြီးရင် ဒီပွဲ အခြေအနေရလဒ်ကို ကြည့်ပြီးတော့ ဖျော်ဖြေမှုအစီစဉ်ကို ဆက်လက်ပြီး ပြည်တွင်းမှာ ကသင့်ရင်ကမယ်၊ ပြည်ပမှာ ထွက်ကသင့်ရင်ကမယ်" ဟုလည်း ပြောကြားခဲ့သည်။
အိအိ
The Myanma Age

၂၇ ကြိမ်မြောက်ဆီးဂိမ်းအကြိုလှုံ့ဆော်ရေးIron Cross Tour ဖျော်ဖြေပွဲ

၂၇ ကြိမ်မြောက်ဆီးဂိမ်းအကြိုလှုံ့ဆော်ရေး Iron Cross Tour ဖျော်ဖြေပွဲ လက်မှတ်များအား မကြာမီတွင် Call Center တွင်ရောင်းချပေးတော့မည် ဖြစ်ကြောင်းသိရသည်။
Popular Journal

Ar.T ၏ တစ်ကိုယ်တော်တေးစီးရီး ဖြစ်သောCandy အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲ

အဆိုတော် Ar.T ၏ တစ်ကိုယ်တော်တေးစီးရီး ဖြစ်သောCandy အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက Central Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
မျိုးမောင်
Popular Journal

မိစန္ဒီ၏ မိုနိုပိုလီ တစ်ကိုယ်တော် တေးစီးရီး MTV ထွက်

အမျိုးသမီး Hip Hop အဆိုတော် မိစန္ဒီ၏ မိုနိုပိုလီ တစ်ကိုယ်တော် တေးစီးရီး MTV ထွက်ရှိခြင်း စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက Central Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
မျိုးမောင်
Popular Journal

သင်္ကြန်ကို အိမ်မှာ ကမ္မဋ္ဌာန်းထိုင်မယ့် နေတိုး

ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ‘အုတ် ကြားမြက်ပေါက်’ ရုပ်ရှင်ကားကြီးကို နေတိုးက နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ စိုးပြည့်သဇင်တို့နဲ့ အတူရိုက်ကူးနေ ပါတယ်။ နေတိုးကသင်္ကြန်ကို အိမ်မှာတရားစခန်းဝင်တာ ၄နှစ်လောက်ရှိပြီ ဖြစ်ကြောင်း၊ အခုနှစ် သင်္ကြန်မှာ တရားစခန်း မဝင်ဖြစ်ပေမယ့်အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်ဖို့ ရှိကြောင်းကို နေတိုးက ”တရားစခန်းဝင်တယ်ဆိုတဲ့ သဘောက ကမ္မဋ္ဌာန်းလုပ်တာပါ။ ကျွန်တော်ဒီနှစ်ကိုတော့ အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်တော့မယ်။ ကမ္မဋ္ဌာန်းလုပ်တယ် ဆိုတာက အဓိကကတော့ အင်္ကျီဟောင်းတစ်ထည်ကို လျှော်လိုက်တဲ့သဘောပါ။ လျှော်ပြီးရင် အညစ်အကြေးတွေက သန့်စင်သွားပြီးတော့ အသစ်တစ်ခု လို ပြန်ဝတ်လို့ ရသွားတယ်။ ကမ္မဋ္ဌာန်းဆိုတာက စိတ်ရဲ့အညစ်အကြေးတွေကို ဆေးကြောလိုက်တဲ့ ပညာအားထုတ်တဲ့ အလုပ်တစ်ခုပါ။ အဓိကကတော့ဆေးကြော လိုက်တဲ့သဘောပါ။

တရားစခန်းကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ဝင်ရမယ်ဆိုတာတော့ သတ် မှတ်ထားတာမရှိပါဘူး။ ဘယ်အချိန်ဝင်ရ မယ်ဆိုတာလည်းမရှိဘူး။ ဘာသာ ရေးနဲ့ပတ်သက်ပြီး ဘာမှသတ်မှတ် ချက်မရှိပါဘူး။ အမြဲတမ်းသတိ လေးနဲ့ လုပ်နေမယ်ဆိုရင်တော့ ပိုပြီးကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်မယ်။ စိတ်ရဲ့ကြည်လင်မှုကိုလည်း ခံစားရမယ်”လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံမှာအဓိက အရေး ကြီးတာအနုပညာနဲ့ယဉ်ကျေးမှု ထိန်းသိမ်းနိုင်မှသာ သိက္ခာတရား ဆိုတာရှိလာမှာဖြစ်ကြောင်း နေတိုးက… ”အနုပညာနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင်ရင်တော့ ကိုယ့် နိုင်ငံကိုယ့်လူမျိုးရဲ့အနုပညာ အမွေ အနှစ်ကနောင်တက်လာမယ့် လူငယ်တွေကို ပြယုဂ်တစ်ခုအဖြစ် ကျန်ခဲ့ဖို့ဆိုတာ မလွယ်ဘူး။ ဟိုး အရင် ၁၉၈၅ခုနှစ်၊ ၁၉၈၆ ခုနှစ် အချိန်တုန်းက ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုကဘယ်လို ရှိလဲဆိုတာ သိချင်ရင် You tube မှာ ရှိတဲ့movie တွေပဲ ပြန်ကြည့်ရ တယ်။တကယ်လို့သာ အဲဒီအချိန်တုန်းက အနုပညာတွေ၊ ရိုက်ကူးမှုတွေ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဟိုးအရင်ကဟာတွေကို လေ့လာ ချင်ရင်ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ရုပ်ရှင်ဟာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်တယ်။ရုပ်ရှင်နဲ့ပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းရတယ်။ သမိုင်းမှာ ကျန်ခဲ့အောင် စာပေနဲ့ ရုပ်ရှင်ဟာ အဓိကကျတယ်။ ထိန်းသိမ်းနိုင်ဖို့ က တကယ့်ကိုအရေးကြီးတဲ့ အလုပ် ပါ” လို့ ပြောပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ ကာရိုက်တာပိုင်းကို ပြောင်းလဲမှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ အားပေးဝေဖန် အကြံပေးကြပါဦးလို့လည်း နေတိုးက ပြောပါတယ်။
တွယ်တာ
Popular Journal

သီလေးသီးနှင့် ထပ်ဆင့် အကယ်ဒမီ မေသန်းနုတို့တပ်မတော်နေ့တွင် အငြိမ့်ကမည်

ရန်ကုန်၊ မတ် ၁၁။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မaတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင်ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ်ကြောင်း မေသန်းနု ထံမှ သိရသည်။

အဆိုပါ အငြိမ့်ပွဲအား သီးလေးသီးနှင့် မြပုဏ္ဍမာဟု အမည်ပေးထားကြောင်းသိရပြီး အငြိမ့်ကို ရွှေတိဂုံ ဘုရားအနောက်ဘက်မုဒ်ရှိပြည်သူ့ရင်ပြင်တွင် ကပြမည် ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့ အတူကဖို့ စဉ်းစားပြီးပါပြီ။ ပျော်စရာကောင်းတာပေါ့။ အနုပညာ မောင်နှမတွေ အပေါင်းအသင်းတွေနဲ့ ပြန်ကရတော့လဲ အဓိကက ကိုဇာဂနာ ပေါ့။ အရင်တုန်းကလည်း ကဖူးတယ်လေ။ အခုပြန်ကရမယ် ဆိုတော့ ပိုပျော်တာပေါ့”ဟု မေသန်းနုကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သီးလေးသီးအငြိမ့်၏ ခေါင်းဆောင်မင်းသမီး မချောစုမျိုးက“အခုဟာက နှစ်ဖွဲ့ပေါင်းပြီးတော့ ကမှာ။ မဝတ်သိဂီင်္ရယ်၊ သစ်သစ်လွင် ပါမယ်၊ လက်ဆင့်ကမ်းလေး ဖြစ်တဲ့ ဦးရိုင်းသမီး ပါမယ်။ အခု ဒီပွဲက ခမ်းခမ်းနားနားကြီးကို လုပ်တာလေ။ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ပရိသတ် တွေ ကြိုက်နှစ်သက်လိမ့်
မယ်လို့တော့ ထင်တယ်။ ဦးသူရ(ဇာဂနာ)ကိုယ်တိုင် အရမ်းတတ်တတ်ကြွကြွနဲ့ လုပ်ထားတယ်။ လူအင်အားလည်း သုံးထားတယ်။ ယိမ်းကတာလည်း လူများတယ်။ ဇာတ်စင်လည်း ကြီးတယ်” ဟုဆိုသည်။

ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်လောကနှင့် ပတ်သက်၍ “အခုဇာတ်သဘင်ဆိုရင် အကုန်လုံး တိုးတတ်လာပြီး။ ခေတ်နဲ့ အညီတိုးတတ်လာတယ်။ ကတာတွေကလည်း အရမ်းဆန်းသစ်တယ်။ အခုဆို ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့ ကိုယ့်ညီကို မောင်နှမတွေဆိုတော့ ကိုယ်တွေကလည်း ဒီအနုပညာလော ကထဲကဆိုတော့ သူတို့တွေ ကပြတာခေတ်နဲ့ အညီ လိုက်ကပြတဲ့အတွက် အရမ်းကို ကျေနပ်တယ်။သူများနိုင်ငံနဲ့ ယှဉ်ရင် ကိုယ့်ဗမာဆိုတာ ဒါပါလားဆိုတာ ပြနိုင်လာပြီ” ဟု ဇာတ်သဘင်၏ တိုးတတ်လာပုံကို ပြောသည်။

သီးလေးသီး၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးသည် ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ(၂၄)နှစ်ရှိပြီး သီးလေးသီး အဖွဲ့နှင့် (၂၀၀၄)ခုနှစ်တွင်စတင် လက်တွဲလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ချင်းမိုင်တွင် ၄ နှစ်တာကာလအထိ နေထိုင်ခဲ့ရကြောင်း သိရသည်။
အိအိ
The Myanma Age

စည်းစည်းလုံးလုံးညီ ညီညွတ်ညွတ် စိတ်ဓာတ်ကောင်း ကောင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ လိုတယ်

ဈေးကွက်အရနယ်တွေမှာ အားနည်းလာတဲ့အပေါ်မှာလည်း ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဆိုတာကြောင့် ”အခုအချိန်က ပြောင်းလဲမှုကာလဆိုတော့ အခြေ အနေသိပ် မကောင်းဘူး။ နောင်နှစ်တွေဆိုရင်တော့ ပိုကောင်းလာနိုင်တယ်။အခုမှအားစယူနေတော့ အားလုံးကအစကနေ ပြန်လုပ်နေရတဲ့သဘော ဖြစ်နေတယ်။ တချို့စူပါ တွေ ကတော့ ရိုက်နေကြရတာ နားတောင်မနားရဘူး။ ဈေးကွက်အရ အလယ်အလတ်နဲ့ အောက်က ဈေးကွက် သမားတွေကျတော့ နည်းနည်းအားနည်းသွားတာပေါ့။ လူကြမ်း တော်တော်များများဆိုလည်း ဖိုက်တင်ကားရိုက်ကြတာလေ။ ဖိုက်တင်ကား ထုတ်လုပ်တဲ့သူတွေက နယ်ကို အားပြုပြီးရောင်းရတာလေ။ နယ်အဝယ်တွေ တက်မလာရင် သူတို့လည်း ထုတ်လုပ်ရေးပိုင်းနစ်နာတော့ ရိုက်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း နစ်နာတာပေါ့။ ဒီလောက မှာရှိတဲ့သူတော်တော်များများလည်း သိပြီးသားဆိုတော့ လုပ်ဖို့ပဲလိုပါတယ်။တော်တော့ကိုရုန်းကန်ပြီးအခြေအနေ တစ်ခုအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတာ လေ။

အခြေအနေမကောင်းတဲ့အချိန်မှာ မဆင့်တို့ ကြိုး စားခဲ့တာလည်း အောင်မြင်ခဲ့တာပဲလေ။ အဲဒါကြောင့် အခြေအနေကောင်းတဲ့ အချိန်မှာအားလုံးက စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် စိတ်ဓာတ်ကောင်းကောင်းနဲ့ တကယ်လုပ်ဖို့လိုတာပါ” လို့ မေသန်းနုကပြောပြပါတယ်။ ”စီးပွားရေးအနေနဲ့ နှစ်ခုလုပ်ဖို့စဉ်းစား ထားတယ်။အဓိက က အနုပညာနဲ့ ဆက်နွှယ်တာမျိုးကိုပဲ လုပ်ဖြစ်မှာပါ။ နောက်လလောက်စလုပ်ဖြစ်ဖို့တော့ စဉ်းစားထားတယ်”လို့ပြောတဲ့မေသန်းနုက လတ်တလောမှာတော့’တန်ခူးရင် ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ”အရင်လွန်ခဲ့တဲ့၂၇နှစ်ကိုပြန်သတိရတယ်။ ‘သင်္ကြန်မိုး’ ရိုက်ခဲ့တုန်းကနှစ်တွေကကြာပြီဆိုတော့ခံစားမှု၊ တည်ငြိမ်မှု တွေ ကွာခြားသွားတာပေါ့။ မဆင့်သင်္ကြန်ဇာတ်ကား မရိုက်ဖြစ်တာ နှစ်တော်တော်ကြာပြီ။ သင်္ကြန်ကားဆို စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

မင်းသမီးတစ်ယောက် မဖြစ်ခဲ့ရင်တောင် ပရဟိတပွဲတွေမှာ ပါဝင်မှာပါလို့ ဆိုလာတဲ့ မယ်လိုဒီ

ထူးထူး၊ ဓာတ်ပုံ-မင်းမင်းထွန်း
တစ်ချိန်က ရုပ်ရှင်၊ဗီဒီယို၊ကြော်ငြာတွေ ရိုက်ကူးပြီး ပရိသတ်တွေ အားပေး မှုကို အပြည့်အဝရထားခဲ့တဲ့ သရုပ်ဆောင်မယ်လိုဒီက ခုချိန်မှာတော့ အနု ပညာလောကမှ အနားယူပြီး ပရဟိတတွေပဲ လုပ်လာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မနောအလှဂီတရန်ပုံငွေ အလှူပွဲမှာလည်း မယ်လိုဒီက ရှိုးလျှောက်ဖြစ်ခဲ့ပါတယ်။ မနော အလှဂီတ ရန်ပုံငွေပွဲမှာ ပါဝင်ကူညီပေးခဲ့တာနဲ့ပတ်သက်ပြီး မယ်လိုဒီက “မျိုး အခုနောက်ပိုင်း ပရဟိတတွေပဲ လုပ်ဖြစ်တယ်။ မျိုး စိတ်ချမ်းသာတယ်။ မျိုး ကျမ်းစာထဲမှာ ဖတ်ရတဲ့ ကိုယ်နဲ့သက်ဆိုင် သောသူကို ကိုယ်နဲ့အမျှချစ်ပါ။ မျိုးတို့အတူတူ အသက်ရှင်နေတဲ့ ဒီအမိနိုင်ငံမှာဆိုတော့ အားလုံးက ညီအစ်ကိုမောင်နှမ တွေပဲလေ။ဒါကြောင့် မျိုး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ကြော်ငြာတွေကို အခကြေးငွေယူပြီး မရိုက်တော့ပေမယ့် မျိုးတတ်စွမ်းတဲ့ အနုပညာနဲ့ မျိုး အကူအညီကို လိုအပ်တဲ့နေရာမှာ ပရဟိတ စိတ်အပြည့်နဲ့ကူညီဖို့ အဆင်သင့်ပါပဲ”လို့ ပြောပြခဲ့ပါတယ်။
အနုပညာ လောက အပြိုင်အ ဆိုင်တွေ ကြားမှာ နာမည် တစ်လုံးရဖို့ ကြိုးစားရတဲ့ ခက်ခဲမှုကတော့ အနုပညာရှင်တိုင်းကြုံ တွေ့ရပါတယ်။ ဒီလိုပဲ အခက်အခဲ အပြိုင်အဆိုင် ကြားက အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ မယ်လိုဒီကို အနုပညာရှင်တွေ ပရဟိတ လုပ်တာဟာ ပိုပြိး ထိရောက်တယ် လို့ပြောကြတဲ့ အပေါ် မယ်လိုဒီရဲ့ အမြင်ကို မေးကြည့် တော့ “တစ်ချိန်တစ်ခါက မျိုး ကြိုးစားပြီး အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ခုမျိုး တက်စွမ်းတဲ့ အနုပညာ ကြိုးစားလို့ရတဲ့ အောင်မြင်မှုတွေနဲ့ မျိုးကို အားပေးနေတဲ့ ပရိသတ်တွေကို ပြန်ပြီးကူညီမယ်။ တကယ် လို့ မျိုးကနာမည်ကြီးမင်းသမီး တစ်ယောက်မဖြစ်ခဲ့ရင် တောင်ဒီလိုတကယ့် ပရဟိတ ပွဲတွေမှာ မျိုးပါဝင်မှာပါ။ မျိုး အနုပညာ လုပ်တုန်းကလည်း တစ်မျိုးပျော်တယ်။ အခု ပရဟိတပွဲတွေမှာဆိုလည်း ပီတိဖြစ်ရပါတယ်။ လူဆိုတာ ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ် ခွင့်ရှိတယ်လေ။ မျိုးလည်း ဒီလိုပဲ။ မျိုး အခု ပရဟိတပွဲ တွေမှာ လို အပ်ရင်လို အပ်သလို ဆက်တိုက် ပါဝင်ဖြစ် မှာပါ”လို့ ပြောပြခဲ့ပါတယ်။Popular Journal

ဗိုလ်ချုပ်ပန်းခြံထဲက အိပ်မက်တစ်ခုအားပိုင်ဆိုင်ခြင်းရိုက်ကွင်း

ဗိုလ်ချုပ်ပန်းခြံထဲမှာပဲ ဒါရိုက်တာ သီတာလင်း ရိုက်ကူးတဲ့ “အိပ်မက်တစ်ခုအား ပိုင်ဆိုင်ခြင်း” ဇာတ်ကားကို နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ ကသရုပ်ဆောင်နေပါတယ်။ရိုက်ကွင်းခတ္တ နားနေချိန်မှာတော့ စိုးသူနှင့် နိုင်းနိုင်း ၊ အိန္ဒြာကျော်ဇင်တို့က နူတ်ဆက်စကား ပြောခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ - အိသွဲ့ ( တန့်ယန်း )
Popular Journal


ကိုယ့်အပေါ် နားလည်မှု ရှိသူကို အိမ်ထောင်ဖက်အဖြစ် ဦးစားပေးမည်ဟု ယုသန္တာတင်ဆို

မော်ဒယ်လောကကနေ အနုပညာလောကကို ရောက်ရှိလာပြီး အနုပညာပျိုးခင်းက စင်တင်မင်းသမီး တစ်ယောက်လည်းဖြစ်တဲ့ ယုသန္တာတင်က မိုးယံဇွန်နဲ့အတူ ဆီးဂိမ်း အတွက် ကရာတေး ဇာတ်လမ်းအတို ရိုက်ကူးနေပါတယ်။ အနုပညာပျိုးခင်းနဲ့ ၂နှစ် စာချုပ်ချုပ်ဆိုထားပြီး ဇာတ်ကား ၁၅ကားရိုက်ကူးဖို့ ပြည့်တော့ မှာဖြစ်တဲ့အတွက် အနုပညာ အတွေ့အကြုံနဲ့ပတ်သက်ပြီး ''ညီမကတော့ အနုပညာပျိုးခင်းနဲ့ ၁၅ကားတော့ မပြည့်သေးဘူး။ ညီမရိုက်တဲ့ကား အရေအတွက်က သိပ်မများသေးဘူး။ ကာရိုက် တာလည်း မစုံသေးဘူး ဆိုတော့ ကိုယ့်ကိုဘယ်လို ဇာတ်ရုပ်နဲ့ပိုပြီးအားသာလည်း ဆိုတာ မသိသေးဘူး။ အတွေ့အကြုံတွေတော့ ရရှိခဲ့ပါတယ်။ ပရိသတ်တွေဘက် ကတော့ ညီမကားတွေထွက်လာရင်လည်း အားပေးကြတယ်''လို့ ယုသန္တာတင်က ပြောပါတယ်။

နောက်ပိုင်းမှာ ဇာတ်ကားတွေလည်း အဆက်မပြတ် ရိုက်ကူးလာ သလို၊ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးလာသူဖြစ်ရာ ဘယ်အလုပ်က ပိုခက်ခဲပါသလဲလို့ မေးကြည့်တော့ .. ''ကားရိုက်နေပေ မယ့် ကြော်ငြာရိုက်ရတာကိုလည်း မလစ်ဟင်း စေချင်ဘူး။ ကားရိုက်တာ အခုမှစပြီး သင်ယူနေရတာဆိုတော့ ပိုပြီးကြိုးစားရ တယ်။ ကြော်ငြာမှာက သူ့ဟာနဲ့ သူခက်ခဲတယ်ဆိုပေမယ့် ကိုယ်ကကြော်ငြာလိုင်းက လာတာ ဆိုတော့ အဆင်ပြေတယ်။ ကားရိုက်တာတော့ ကိုယ့် စိတ်ကိုဖျောက်ပြီး ကာရိုက်တာထဲကို စိတ်သွင်းပြီးလုပ်ရ တာဆိုတော့ ပိုကြိုးစားရတယ်'' လို့ ပြောပါတယ်။

လက်ရှိအချစ်ရေးအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ပဲရှိနေပြီး အသက် ၂၉၊ ၃ဝအရွယ်ကျမှ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ အဓိကက ကိုယ့်အပေါ် နားလည်ပေးနိုင်သူ အိမ်ထောင်ဖက်ကိုပဲ ရွေး ချယ်မှာ ဖြစ်ကြောင်းကို “အချိန်တန်ရင်တော့ အိမ်ထောင်ပြုရမှာပဲ။ အခုအချိန်မှာ ကိုယ့်အသက်အရွယ်က ငယ်သေးတယ်။ ဦးနှောက်က စဉ်းစားဆုံးဖြတ်လို့ မရင့်ကျက်သေးပါဘူး။ ညီမကအချစ်ကိုတော့ သူများတွေလိုမျိုး ရယူတယ်၊ ပေးဆပ်တယ်လို့ မခံယူထားဘူး။ အချစ်ကို အချစ်လို့ပဲ မှတ် ထားတယ်။ အဓိကက ကိုယ်နဲ့ယူမယ့် အိမ်ထောင်ဖက်က ကိုယ့်ကိုနားလည်မှုရှိမယ့် သူမျိုးပဲဖြစ်ရမယ်”လို့ ပြောပါတယ်။
တွယ်တာ
Popular Journal

Queen Jewel ထုတ်လုပ်ရေးနဲ့ရုပ်ရှင်ကားကြီးရိုက်မယ့် ရဲတိုက်

တိုက်က ဆာတိုရီထုတ်လုပ်ရေးက ရိုက်ကူးတဲ့ 'တန်ခူးရင်ခွင်'ဆို တဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး သင်္ကြန်ဇာတ်ကားဖြစ်တာကြောင့် သင်္ကြန်ကြိုရောက်နေသလို ခံစားနေတယ်လို့ ပြောပြတာကြောင့် ''သင်္ကြန်မတိုင်ခင် သင်္ကြန် ဇာတ်ကား ရိုက် တာ။ ဒီနှစ်ဒါက ပထ မဆုံးပဲဆိုတော့ ပျော်တယ်။ သင်္ကြန် ကြိုရောက်နေသလို ခံစားရတယ်။ ဒါရိုက်တာကလည်း ပါပါကြီး(ဦးတင်ဦး)ဆိုတော့ အသက်ကြီးပြီ ဆိုပေမယ့် အခုလိုဝိုင်းဝန်းကူညီပြီး ရိုက်ကူးပေးတဲ့ သူတွေနဲ့ဆိုတော့ ပျော်မယ် ထင်တယ်။ ပုံမှန်ဇာတ်ကား တွေထက် ပိုပျော်ရတယ်။ ရေလောင်း၊ ရေတွေစို ရွှဲဆို တော့လေ''လို့ ပြောပြပါတယ်။

သင်္ကြန်ဇာတ်ကားဖြစ်တာ ကြောင့် ဆက်တင်တွေ ဆင်ရိုက်ရသလို၊ လူအင်အားတွေလည်းလိုအပ်ပါ တယ်။ သင်္ကြန်ဇာတ်ကားတွေကို အခုနောက်ပိုင်းမှာ သိပ် မတွေ့ ရတော့တာလည်း ကုန်ကျစရိတ်ကြောင့် ဖြစ် မယ်လို့ ပြော ပြတဲ့ ရဲတိုက်က ''တကယ်တမ်း သင်္ကြန်ရဲ့ ဇာတ်ကား တစ်ကားကို ပီပီပြင်ပြင်ရိုက်ကြမယ်ဆိုရင် ဒီထက်အများကြီးပိုကြီးကျယ် ခမ်းနား မှာပေါ့။ ဒါပေမဲ့ ဗီဒီယိုကားတစ်ကားမှာ သင်္ကြန်မြင်ကွင်းတစ်ခုကို ဖန်တီးနေ ရတာလည်းပျော်စရာကောင်းပါတယ်။ သင်္ကြန်ဇာတ်ကားတွေ အခုနောက် ပိုင်းမှာ သိပ်မတွေ့ရတော့တာကလည်း အဓိကက ကုန်ကျစ ရိတ်ကြောင့်ဖြစ်မယ် လို့ ထင်တယ်'' လို့ ပြောပြပါတယ်။

ရဲတိုက်က Queen Jewel ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ဖို့လည်းရှိပြီး ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားမယ်လို့ လည်း ပြောပြပါတယ်။ ရဲတိုက်က အခု နောက်ပိုင်း ဇာတ်ကားတွေ ထွက်တာကျဲလာတာနဲ့ ပတ်သက်ပြီး ''ကျွန်တော့်ကြားထဲမှာ ဇာတ်ကားရိုက် တာ နည်းသွားလို့ နည်းနည်းကျဲသွားတာပါ။ အခု နောက်ပိုင်း ပြန်ရိုက်နေပါ တယ်။ အားလုံးလည်း ပိုကောင်းအောင် လုပ်လာကြပြီဖြစ်တဲ့အတွက် ပို ကောင်းတာကို ပိုရွေးချယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကားတိုင်းတော့ ကိုယ့် အတွက် ကျန်မယ့်ကားတွေ ရွေးလို့မရဘူး။ ဗီဒီယိုဈေးကွက် အနေ အထားအရရော၊ ပရိသတ်အကြိုက်ရော၊ ကိုယ့်အကြိုက်ရော အဆင်ပြေတဲ့ ဇာတ်မျိုးတွေရွေးပြီး ရိုက်နေကြရတာပါပဲ။ ကျွန်တော်ရုပ်ရှင်ကားကြီး ၁၁လပိုင်းကျရင် ရိုက်ဖို့လည်း ရှိပါတယ်''လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

အနုပညာ အလုပ် ပြန်လုပ်တော့မယ့် ပြည့်ဖူးခိုင်


တစ်နှစ် ကျော်ကြာ အနုပညာ အလုပ်နားခဲ့တဲ့ ပြည့်ဖူးခိုင်က လက်ရှိ မှာတော့ ဒါရိုက်တာ သားကြီးရိုက်ကူးတဲ့ “ယောက္ခမ အလွမ်း” (ယာယီပေး) ဇာတ်ကားကို ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ တို့နဲ့ အတူ ဇာတ်ကားပြန်လည် ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားမှာ ပြည့်ဖူးခိုင်က ဖြိုးငွေစိုးရဲ့ ဇနီး တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ အနုပညာ အလုပ်ကို တစ်နှစ်ကျော် နားခဲ့ရတဲ့ကြောင်းကို ပြည့်ဖူးခိုင်က “ပြည့်ဖူး အလုပ်ကို နားလိုက် တဲ့ သဘောပါ။ တစ်နှစ်ကျော် နားနေတဲ့ အချိန်မှာလည်း ဇာတ်ကား တွေရိုက်ဖို့ လာကမ်းလှမ်းတယ်။ ဒါပေမဲ့ နေရာ သဘောမကျလို့ မရိုက်ဖြစ်တာပါ။ ကိုယ့် အတွက် နေရာရှိတယ် ဆိုရင်တော့ လက်ခံဖြစ်တာပါ။ အခု ပြည့်ဖူး အနုပညာ အလုပ်ပြန်လုပ်ရင် လည်းအသစ် တစ်ယောက် အနေနဲ့ ခံယူပြီး လုပ်မှာပါ။ ဇာတ်နေရာ မကြိုက်လို့ မရိုက်ရင်းနဲ့ နားဖြစ်သွားတာပါ” လို့ပြောပါတယ်။

 အချိန် ကြာမြင့်စွာ အနုပညာ အလုပ် နဲ့ အဆက်အသွယ် ပြတ်သွားပေမယ့် ပရိသတ်တွေ အခု အချိန် ထိ အားပေးမှုကြောင့် ပြန်စလုပ်မှာ ဖြစ်ကြောင်း ပြည့်ဖူးခိုင် က ပြောပါတယ်။

“ပြည့်ဖူးက မရိုက်ရဘဲ နဲ့ မလုပ်တော့တာ မဟုတ်ဘူး။ ရိုက်နေရင်း နဲ့ မလုပ်ဘဲ ရပ်လိုက်တာပါ။ ပြည့်ဖူးကို ချစ်တဲ့ ပရိသတ်တွေက အနုပညာ အလုပ်ကို ပြန်လုပ်စေချင်တယ်။ သူတို့ ချစ်တဲ့ အနုပညာရှင် တစ်ယောက် ကို ပြန်မြင်ချင်တော့ လုပ်ပါ လုပ်ပါ ဆိုပြီး ပြည့်ဖူးကို ပြောကြတာ နဲ့ ပြန်လုပ်ဖြစ်သွားတာပါ။ နားလိုက်တဲ့ အချိန်ကျမှ ပြည့်ဖူးကို အားပေးနေတဲ့ ပရိသတ်တွေ ရှိနေသေးတယ် ဆိုတာ သိသွားတယ်” လို့ပြောပါတယ်။

အနုပညာ အလုပ် မလုပ်ဖြစ်ခဲ့ပေမယ့်လည်း တစ်ကိုယ်တော် စီးရီး အတွက် သီချင်း ၃ပုဒ်စု ဖြစ်နေကြောင်း ပြောပါတယ်။ တစ်ကိုယ်တော် စီးရီးမှာ တေးရေး အသစ်တွေ ပါဝင်ရေးသားထားတဲ့ သီချင်းတွေ လည်း ပါဝင် မှာဖြစ်ကြောင်း ဘယ်တော့လောက် ထွက်ဖြစ်မလဲ ဆိုတာသေချာ မသိသေးကြောင်း ပြောပါတယ်။ ပရိသတ်တွေ အနေနဲ့ သူ့ကိုအဆိုဘက်မှာ ပိုအားပေးကြောင်း၊ နှစ်ခု စလုံးက သူ့အတွက် ခက်ခဲကြောင်း၊ ပြည့်ဖူးခိုင်က ပြောပါတယ်။

“သီချင်းဆိုတဲ့ ဘက်မှာ ပရိသတ်တွေ ပြည့်ဖူးကို ပိုသတိထားကြတယ်။ သရုပ်ဆောင်ကို ကျတော့ သိပ်ပြီး မမေးကြဘူး။ သီချင်းက ကိုယ် နဲ့ ပိုပြီး အမြဲတမ်း ထိတွေ့လေ့ရှိတယ်။ အားရင် အားသလို သီချင်း နားထောင် ဖြစ်တယ်။ ဗီဒီယို ကျတော့ အမြဲတမ်း မကြည့်ဖြစ်ဘူး။ သီချင်းဆိုတာ အခုနောက်ပိုင်း ပိုပြီး ဝါ သနာပါလာတယ်။ နှစ်ခုစလုံးက ပြည့်ဖူး အတွက် ခက်ခဲပါတယ်” လို့ ပြောပါတယ်။

အနုပညာ အလုပ်တွေကိုလည်း ဆက်တိုက် ပြန်လုပ်သွားတော့ မှာဖြစ်ကြောင်း ပြည့်ဖူးခိုင် ကပြောပါတယ်။
တွယ်တာ
Popular Journal

ဂန္ထဝင်သင်္ကြန်မိုး အပြီး၂၅နှစ်ကျော်ကြာမှ ဇာတ်ကား ပြန်လည်ရိုက်ကူးဖြစ်တဲ့ မေရွက်ဝါ


ဇာတ်ကားရိုက်ကူးမှုတွေထက် သီချင်းတွေဘက်ကိုပဲ ဦးစားပေး လုပ်ဖြစ်နေ ပေမယ့် ‘တန်ခူးရင်ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးဖြစ်တာက သံယောဇဉ်ကြောင့် ပါလို့ ပြောပြလာသူက မေရွက်ဝါပါ။ ဇာတ်ကားရိုက်ကူးမှုတွေ မရိုက်ဖြစ်ဘဲ ဒီဇာတ်ကားမှာ ပြန်ရိုက်ကူးဖြစ်ပုံကိုလည်း” ‘သင်္ကြန်မိုး’ ဇာတ်ကားထဲက ကိုယ့်ရဲ့ရဲဘော် ရဲဘက်တွေ ဖြစ်တဲ့ ကိုဇင်ဝိုင်း၊ မဆင့်တို့လည်းပါကြတော့ သံယောဇဉ်နဲ့ ရိုက်ဖြစ်တာပါ။ ‘သင်္ကြန်မိုး’ရိုက်ပြီး ၂၅နှစ်ကျော်ကြာကတည်းက ပြတ်နေတာလေ။ အမြဲတမ်း လည်း ရိုက်တာမဟုတ်ဘူး။ ထူးထူးခြားခြားလေးဆိုတော့ ပါဝင်သင့်တယ်လို့ထင်တယ်။ ‘သင်္ကြန်မိုး’ရိုက်တဲ့ ဒါရိုက်တာ ပါပါကြီး(ဦးတင်ဦး)ပဲ ပြန်ရိုက်တာ၊ ကိုရီဇော်တို့နဲ့ လည်း ခင်နေတော့ ရိုက်ဖြစ်တာ။ နောက်ဒီဇာတ်လမ်းကလည်း ‘သင်္ကြန်မိုး’ကားကို အခြေခံပြီး ဒီခေတ်ကာလနဲ့အညီ ပြန်ရိုက်တာ၊ ‘သင်္ကြန်မိုး’ကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေက အကုန်အသက်တွေရလာပြီ၊ သူတို့တွေဆီက မျိုးဆက်သစ်တွေရဲ့ သင်္ကြန်အချစ် ဇာတ်လမ်းလေးပေါ့။ ပရိသတ်တွေ သင်္ကြန်ရဲ့ ရောင်စုံရသမြင် ကွင်းကိုလည်း မြင်ရမယ်။

‘သင်္ကြန်မိုးဇာတ်ကား’ထဲမှာ ပါဝင်တဲ့သူတွေလည်း ဒီကားထဲမှာ ပါတာကြောင့် ပရိသတ်တွေတော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ ‘သင်္ကြန်မိုး’ ပြီးတော့ ဘာဇာတ်ကားမှ မရိုက်ဖြစ်တော့ဘဲ ဒီကားကျမှ ပြန်ရိုက်တာပါ”လို့ ပြောပြပါတယ်။’သင်္ကြန်မိုး’ ဇာတ်ကားကို လူတွေ ပြန်လည်ဆုံတွေ့ပြီးအတူ သင်္ကြန်ဇာတ်ကား ရိုက်ကူးရပေမယ့် ဇော်ဝမ်းကိုတော့ အခုအချိန်မှာ သတိရမိကြောင်း ပြောပြတဲ့ မေရွက်ဝါက” ‘သင်္ကြန်မိုး’မှာ ကတည်းက ရဲဘော်ရဲဘက်တွေအတူလက်တွဲခဲ့ရတာ။ အခု အသက်အရွယ်တွေရလာတော့ ဘက်ပဲ့ကုန်ပြီ။ ဦးဇော်ဝမ်းကြီးဆို မရှိတော့ဘူး။ သူ့အတွက်လည်း တအားခံစားရတယ်။

ဒီလို ပျော်စရာ ကောင်းတဲ့ကားမှာ သူသာပါရင် ဘယ်လောက်များ စည်ကားလိုက်မလဲ ဆိုပြီး တွေးသတိရမိတယ်။ တရားလည်းရမိတယ်။ ကိုယ်ချစ်တဲ့ ပရိသတ်ကို အနုပညာနဲ့ သီချင်းပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ ပေးဆပ်ရတာက ကိုယ့်အတွက် မမေ့နိုင်တဲ့ မှတ်တမ်းတစ်ခုပါပဲ”လို့ ပြော ပြပါတယ်။


‘သင်္ကြန်မိုး’ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ မေရွက်ဝါရဲ့သမီး ဆန်းသစ်လကလည်း ဒီဇာတ်ကားကို အရမ်းကြိုက်ခဲ့ရသလို မေ့မရနိုင်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောပြလာပါတယ်။ ” ဒီလို ‘သင်္ကြန်မိုး’ဇာတ်ကားလို ပြန်ပြတဲ့ကားမျိုးဆိုတာ ရှားတယ်လေ။ ဂန္ထဝင်မြောက်တဲ့ကားဖြစ်တော့ ပြန်ကြည့်တိုင်းလည်း ရိုးမသွားဘဲ အသစ်လိုပဲ ခံစားရတယ်။ ဒီကားကြည့်တိုင်း အရင်က အမေ့ရဲ့ ပုံစံနဲ့ အခုအပြင်ကပုံစံနဲ့ အရမ်းကွာသွားပြီ။ အန်တီခင်သန်းနုတို့၊ အန်တီဆင့်တို့ကလည်း တအားကောင်းတော့ တအား ကြိုက်တယ်။

အခုခေတ်မှာ ဒီလိုကားကြီးကို ရိုက်ကူးဖို့ဆိုတာကလည်း မလွယ်ကူဘူး။ အချိန်လည်းပေးရတယ်လေ။ ဒီလို ဇာတ်ကားမျိုးတွေလည်း ရှိစေချင်တယ်။ ကိုယ်တွေ အသက်ကြီးသွားလည်း ‘သင်္ကြန်မိုး’က ရိုးသွားမှာ မဟုတ်ပါဘူး။ နောင်လာမယ့် သားစဉ်မြေးဆက်အထိ ဂန္ထဝင်မြောက် ရုပ်ရှင်ကားတစ်ကား ဖြစ်နေမှာပါ။ မေ့မရနိုင်တဲ့ ဇာတ်ကား ကောင်းတစ်ခုပါပဲ”လို့ ပြောပြပါတယ်။
မေမွန်မောင်
Popular Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com