http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ

Friday, June 07, 2013
ဇန်န၀ါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက
ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁၀ နှစ်အောက် ၇ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာခိုင်နှုန်းကျော်မို့ အတော်မြင့်
မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာ အရွယ်
မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀မရရှိတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။
DVB

ကားပွဲစားခရရှိသည့်ငွေများထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတုများတွေ့ရှိ

နေပြည်တော်၊ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။


စစ်ဆေးချက်အရ ကခ/AB 7823---ပါ(၁၀)ရွက်၊ ကခ/ AB 7424---ပါ(၂)ရွက်၊ ကင/AE 3823----ပါ(၁)ရွက်၊ ဃခ/ DB 2169320 နံပါတ်တူ(၂)ရွက်၊ စုစုပေါင်း (၅၀၀၀)ကျပ်တန်ငွေစက္ကူ ၁၅ ရွက် အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပဏာမစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူများမှာ သာမန်စက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေသည်ကို တွေ့ရှိရသည်။ ငွေစက္ကူအစစ်၏အရွယ်အစားမှာ ၁၅၀x၇၀ မီလီမီတာရှိပြီး ယခုတွေ့ရှိသောငွေစက္ကူသည် ၁၄၉x၆၉ မီလီမီတာရှိသဖြင့် အစစ်ထက် အနည်းငယ်သေးသည်ကို တွေ့ရသည်။ နံပါတ်စဉ်အက္ခရာများ၏အရောင်မှာမှေးမှိန်နေပြီး ရေစာမှာ အရိပ်ပုံသဏ္ဍာန်သာပါရှိသည်။ လုံခြုံရေးကြိုးနေရာတွင် အရိပ်မည်းသဏ္ဍာန်ပါရှိပြီး ကာလာပရင်တာနည်းဖြင့် ပုံနှိပ်တုပထားခြင်းဖြစ်ကာ လျှို့ဝှက်ချက်များမပါကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါသိမ်းဆည်းရမိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတု၏ အက္ခရာနှင့်နံပါတ်များသည် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာပြီး မြ၀တီမြို့တွင် စတင်တွေ့ရှိခဲ့သော ကခ/AB 7823---- နံပါတ်ပါ ငွေစက္ကူအတုများနှင့် ရှေ့ဂဏန်း(၄)လုံးတူညီနေကြောင်း တွေ့ရှိရသည်။ ကခ/ AB 7824----၊ ကင/AE 3823---- နှင့် ဃခ/ DB 2169---- တို့မှာ ၂၂-၄-၂၀၁၃ ရက်နေ့တွင် မှော်ဘီမြို့နယ်အတွင်း တွေ့ရှိရသော ငွေစက္ကူအတုများနှင့်တူညီနေပြီး ယခုတွေ့ရှိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာသော ငွေစက္ကူအတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

လေးဂွနှင့်ပစ်ခဲ့ရာ ရထားပေါ်ပါ သီလရှင်တစ်ပါးဒဏ်ရာရှိ

၂၇.၅.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ရန်ကုန်-ပြည်ရထား၊ တွဲ-ဂျီ၊ ခုံအမှတ် ၅၃ တွင်စီးနင်းလိုက်ပါလာသော သီလရှင်ဒေါ်ခေမာသီ ၊ ၅၀နှစ်၊ သိ ပြော ကျင့် ကျောင်းတိုက်၊ ခေတ္တရာမြို့သစ်၊ ပြည်မြို့နယ်နေသူအား ရေကျော်ဘူတာအနီးတွင် ရထားလမ်းအရှေ့ဖက်ခြမ်းမျှအသက် ၁၀နှစ်ခန့်ရှိကလေးငယ်တစ်ဦးသည် လေးဂွနှင့်ပစ်ခဲ့ရာ သီလရှင်ဒ်ါခေမာသီတွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာရရှိခဲ့ပါသည်။

အဆိုပါဖြစ်စဉ်အား ရထားရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များမှစုံစမ်း ရှာဖွေခဲ့ရာ လေးခွနှင့်ပစ်သူမှာ အောင်ရဲထွဋ်၊ ၉နှစ်၊ ရေကျော်ရွာသစ်၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့် တိုက်ကြီးမြို့မရဲစခန်းတွင်(ပ)၁၅၀/၂၀၁၃ မီးရထားအက်ပုဒ်မ ၁၂၇ အရ အရေးယူထားရှိခဲ့ပါသည်။

ဖြစ်စဉ်မှကလေးတရားခံ မောင်အောင်ရဲထွဋ် အားကလေးသူငယ်တရားရုံးတွင် တရားစွဲဆိုအရေးယူ ထားရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

တဖက်သတ်ကြိုက်နေသူမှ ခင်ပွန်းလောင်းအားဒါးနှင့် ထိုး၍သေဆုံး

ကော့မှူး ၅.၆.၂၀၁၃
၅.၆.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကော့မှူးမြို့နယ်၊ စက်ကုန်းရွာနေ မ------ သည် ခင်ပွန်းလောင်း ဖြစ်သူနိုင်လင်းနှင့် နေအိမ်၌အိပ်နေစဉ် နိုင်လင်း၏အော်သံကြား၍ ဓါတ်မီးနှင့်ထိုးကြည့်ရာ ၎င်းအား တစ်ဖက်သတ်ကြိုက်နေသူ ထွန်းထွန်း၊ ဓနုတ်ကျေးရွာ၊ ဒလမြို့နယ်နေ သူမှာ နေအိမ်ပြူတင်းပေါက်မှ ခုန်ဆင်းပြေးသွားသည်ကို တွေ့မြင်ခဲ့ရပြီး ခင်ပွန်းလောင်းနိုင်လင်း၏ ရင်ညွန့်တွင်ထိုးသွင်း ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွား၍ အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကော့မှူးမြို့မ ရဲစခန်းမှ (ပ)၁၀၄/၂၀၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး တရားခံထွန်းထွန်းအား ဖမ်းဆီးရမိရေး အဖွဲ့များခွဲ၍ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

Thursday, June 6, 2013

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကိုလုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက် သွားကြောင်း စုံစမ်းသိရသည်။

“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်းချင်း ရဲရဲ့ သေနတ် လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ တာဝန် ကျ ရဲတယောက် က သေ နတ်လုပြေးတဲ့ တရားခံ ကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။ တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက် ဒဏ်ရာရ တယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက် သွားတယ်။ သေနတ် ၂ လက်ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ် လိဖန် ၊ အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန် ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ” ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကိုလွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော် တို့ ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့ မေလ ၂၉ ရက် မှပြန်ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေးတာလဲ တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ် မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်လှန့်နေကြကြောင်းသတင်းရရှိသည်။
သျှမ်းသံတော်ဆင့်

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေကျပ်(၁ဝ)သိန်း ဖုန်းဖြင့်လိမ်လည်ရယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာနေ စိုင်းပန္တိ ကိုင်ဆောင်သည့် ဖုန်းသို့ မိုဘိုင်းဖုန်းကုမ္ပဏီမှ ဗိုလ်မှူး တင်အောင် အမည် အသုံးပြုကာ စိုင်းပန္တိ၏အမည်နှင့် နေရပ်လိပ်စာများအား မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ၎င်းနောက် ထိုသူက ဖုန်းအလုံး(၃၆ဝ)မဲဖောက်ရာ စိုင်းပန္တိ၏ ဖုန်းနှင့် အခြား ဖုန်း(၁)လုံးတို့မှာ ကံစမ်းမဲပေါက်ကြောင်း ဆက်သွယ်ခဲ့သည်ဟုသိရသည်။ ထို့နောက် ၎င်းဗိုလ်မှူးတင်အောင်ဆိုသူက ၎င်းတို့မိုဘိုင်းဖုန်းကုမ္ပဏီမှမဲဖောက်သော စုစုပေါင်း တန်ဘိုးမှာ ကျပ်သိန်း(၁ဝဝဝ) ဖြစ်ကြောင်း၊ ထို့ကြောင့် ဖုန်းတစ်လုံးလျှင် ကျပ်သိန်း(၅ဝဝ)စီ ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါငွေများအား ပေးပို့ နိုင်ရန်အတွက် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများတောင်းခဲ့ကြောင်း၊ မဲပေါက်သည့်အတွက် ဖုန်းအသစ်(၁)လုံး ထပ်မံဝယ်ယူရမည်ဖြစ်ပြီး ၎င်းဖုန်းမှာ ငွေကျပ်(၂)သိန်းကျသင့် မည်ဖြစ်ကြောင်း၊ ငွေထုတ်ယူပို့ဆောင်ပေးရန် စုစုပေါင်းငွေကျပ်(၁ဝ)သိန်းအား အမြန်ဆုံးပေးပို့ရန်တို့ကို ပြောဆိုခဲ့သည်ဟု ဆို၏။ ၎င်းငွေများအား ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ ကမ္ဘောဇဘဏ်သို့ ဦးဇင်မျိုးဦး၊ မှတ်ပုံတင်အမှတ် ၁၂/ဒဂတ(နိုင်)ဝ၆၄၇၄၇ ဖြင့် ပို့ပေးရန်ပြောပါသည်။ သို့သော် လဲချားမြို့တွင် ကမ္ဘောဇဘဏ်ခွဲမရှိ၍ ၎င်းတို့ဆက်သွယ်လာသည့်ဖုန်းနံပါတ် ဝ၉၇၃ဝ၂ဝ၅၇၇ သို့ ပြန်လည်ဆက်သွယ်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲ (ကမာရွတ်)သို့ ပေးပို့ရန်ပြောသဖြင့် ၃၁-၅-၂ဝ၁၃ ရက်နေ့ ၁၄ဝဝ အချိန်ခန့်တွင် ၎င်းတို့တောင်းသည့် ငွေများကို ပေးပို့ခဲ့သည်ဆို၏။

ငွေများအားပို့ပြီးနောက် ထိုနေ့ ၁၄၃ဝ အချိန်ခန့်တွင် အဆိုပါ ဗိုလ်မှူး တင်အောင်ဆိုသူက ယနေ့ဘဏ်ပိတ်သွားပြီဖြစ်သဖြင့် ၃-၆-၂ဝ၁၃ ရက်နေ့တွင် ကံစမ်းမဲ ပေါက်သောငွေများအား ထုတ်ယူ နိုင်ကြောင်း၊ ငွေများကို ဘဏ်သို့ပေးသွင်းထားပြီးဖြစ်ကြောင်း ဖုန်းဖြင့်အကြောင်းပြန်ကြားခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် ထိုသူတို့အား ဖုန်းဆက်သွယ်၍မရတော့သဖြင့် သံသယဖြစ်လာသောကြောင့် စိုင်းပန္တိက ၎င်းပို့လိုက်သည့်ငွေများအား ရန်ကုန်ဘဏ်သို့ ငွေလွဲပို့ခြင်းမရှိသေးပါက အချိန်မီပိတ်သိမ်းပေးရန် သို့မဟုတ် ရန်ကုန်ဘဏ်သို့ ပို့ပြီးသော်လည်း ထိုဘဏ်တွင် လာရောက်ထုတ်ယူခြင်းမရှိသေးပါက အချိန်မီတားဆီးပေးထားရန် မြန်မာ့စီးပွားရေးဘဏ်သို့ အကြောင်းကြားခဲ့ရာ ဘဏ်မန်နေဂျာက ဖက်စ်(FAX)ငွေလွဲစနစ်ဖြင့် ချက်ချင်းပို့လိုက်ပြီ ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။ ထို့ကြောင့် အထက်ပါကိစ္စအား လဲချားမြို့နယ်ရဲစခန်းသို့ အကြောင်းကြား လာ ခဲ့သဖြင့် ရဲစခန်းမှ ရန်ကုန်ဘဏ်သို့ ဆက်သွယ်မေးမြန်းရာ ငွေများအား ၃၁-၅-၂ဝ၁၃ ရက်နေ့ ၁၄၃ဝ အချိန်တွင်ပင် လာရောက်ထုတ်ယူ သွားပြီဖြစ်ကြောင်း သိရှိရသည်။

လိမ်လည်သူများသည် ဌာနဆိုင်ရာများရှိ လူပုဂ္ဂိုလ်များ၏အမည်ကိုအသုံးပြုပြီး ကြားရသူလောဘ တက်လောက်သည့်ငွေကြေးပမာဏများကို မဲဖောက်၍ပို့ပေးမည်ဆိုကာ ထို့အတွက် လိုအပ်သည့်ငွေကြေးအား ရှေးဦးစွာ ၎င်းတို့ထံပို့ပေးရန်တောင်းဆိုလေ့ရှိကြသည်။ ငွေတောင်းခံရာတွင် တစ်စုံတစ်ရာကြိုတင်ပြင်ဆင်မှု မရရှိစေရန် ၎င်းတို့ထံ ချက်ချင်းငွေပို့ပေးရန်ပြောလေ့ရှိသည်။ မိမိတို့ပို့ပေးလိုက်သောငွေကို လက်ခံမည့်သူများမှာ အမည်၊ မှတ်ပုံတင်အမှတ်ပေးထားသော်လည်း ထိုသူများမှာ အများအားဖြင့် အခြေအနေမရှိသည့်သူများ ဖြစ်ပြီး ထိုသို့ငွေထုတ်ယူပေးရန် ၎င်းတို့က အခကြေးငွေပေး၍ တစ်ဆင့်ခံထုတ်ယူစေသူများဖြစ်ပြီး ၎င်းတို့က နောက်ကွယ်မှနေ၍ လုံခြုံသောနေရာ ရောက်မှ ငွေကိုလွဲပြောင်းလက်ခံယူကြခြင်းဖြစ်ကြောင်းသိရှိရသည်။

သို့ဖြစ်ရာ ငွေကြေးအလိမ်ခံရသူများအနေဖြင့် ပြစ်မှုဖြစ်ပွားပါက နီးစပ်ရာရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားကြရန်လိုပါသည်။ အထူးသဖြင့် ပြည်သူလူထုအနေဖြင့် မိမိနှင့် သိကျွမ်းခြင်းမရှိဘဲ တစ်ဖက်မှ လောဘတက်လောက်အောင် ဆွဲဆောင်ပြောဆိုမှုကို လောဘတက်ခြင်း၊ အလွယ်တကူယုံကြည်ခြင်းတို့ မဖြစ်ပေါ်စေရန် လိုအပ်ပါသည်။ ယခုအခါ ၁၅ဝဝိ/-တန်ဖုန်းများ ပေါ်လာပြီဖြစ်ရာ ဖုန်းမှတဆင့် လိမ်လည် ငွေပို့ခိုင်းမှုများ ပိုမိုဖြစ်ပွားလာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် ပိုမိုသတိရှိရန်လိုအပ်ပါသည်။

ထိုကဲ့သို့ လိမ်လည်၍ ငွေကြေးတောင်းခံမှုများ မကြာခဏဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် အလားတူကိစ္စများကြုံတွေ့ရပါက နီးစပ်ရာရဲစခန်းများသို့ အချိန်မီ ဆက်သွယ်သတင်းပေးကြရန်နှင့် ရဲတပ်ဖွဲ့မှ အဆိုပါပြစ်မှုများမှတရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ပြစ်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရဲဇာနည်  

ဆိုင်ကယ်များ သူခိုးအား ဖမ်းဆီးရမိ

မြောက်ဥက္ကလာပ ၂.၆.၂၀၁၃
၂.၆.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ၁ ရပ်ကွက်၊ ဘုမ္မလမ်းတွင် ANBO 125 အမျိုးအစား ကြက်သွေးရောင်ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချနေသူ ချစ်မြတ်နိုးအောင် ၊ ၂၀နှစ်၊
(ဘ)ဦးကျော်အောင် မရမ်းကုန်းမြို့နယ်နေသူအား မသင်္ကာဖွယ်တွေ့ရှိ၍ ခေါ်ယူစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ခိုးယူလာသည့်ဆိုင်ကယ်ဖြစ်ကြောင်းစစ်ဆေး ပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ) ၄၄၂/၂၀၁၃ ပုဒ်မ ၃၇၉(မဆ)/၅၄ ဖြင့်အမှုဖွင့်အရေး ယူခဲ့ပါသည်။

တရားခံချစ်မြတ်နိုးအောင်အားဆက်လက်စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး သာဂရမြို့မှဆိုင်ကယ် တစ်စီး နှင့်ဆွာမြို့မှ ဆိုင်ကယ်တစ်စီးတို့အားခိုးယူရောင်းချထားခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မြွေရေခွံအိတ် ခေါင်းတွင်စွပ်လျှက် သေဆုံးနေသော ဆရာဝန်တစ်ဦး စမ်းချောင်းမြို့နယ်မှ ဟိုတယ်တစ်ခုတွင်တွေ့

Tuesday, June 4, 2013
ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့ နယ် ဟိုတယ်တခုမှာ စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင် စွပ်လျှက် ဆရာဝန်တဦး သေဆုံးနေကြောင်း သိရှိရပါသည်။

သေဆုံးသူမှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက် တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊ (ဘ)ဦးစောထွန်းဖ၊ ဖြစ်တယ်လို့  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါသည်။

သေဆုံးသူသည် ဆရာဝန် ဆရာဝန်တဦး ဖြစ်ပြီး  ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟိုတယ်မှ တည်းခိုခန်းခ ရှင်းရန်အတွက် ဖုန်းဆက်ခြင်း၊ အပြင်မှ တံခါးခေါက်ခြင်းများ ပြုလုပ်ခေါ်သော်လည်း
မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်။

၎င်း၏အခန်းအတွင်းအားစစ်ဆေးရာ ATC စာတမ်းပါပန်းရောင် ဆေးပြား(၄)ပြား၊ အဖြူရောင်ဆေးပြား (၂)ပြားတို့အားကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျက်တွေ့ရှိရသဖြင့် ၎င်းဆေးပြားများအား စစ်ဆေးပေးနိုင်ရေးဓါတုဗေဒ၀န်ရုံးသို့ ပို့အပ်ထားရှိပြီး စမ်းချောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
သစ်ထူးလွင်

အမျိုးသမီးတစ်ဦး ခင်ပွန်းဟောင်းက ငရဲမီးဖြင့် ပက်ခံရ

မန္တလေး၊ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီး ကျေးရွာတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်း ဖြစ်သူက ငရဲမီးဖြင့် ပက်သော ဖြစ်ရပ်တစ်ခု ဇွန်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က အင်းလုပ်ငန်း လုပ်ကိုင်သူ အဆိုပါ အမျိုးသမီးသည် လုပ်ငန်းခွင်မှ နေအိမ်သို့ ပြန်လာရာ ရွာအရောက်တွင် ခင်ပွန်းဟောင်းဖြစ်သူ ဦးယဉ်မင်းထိုက် က ပြန်လည် ပေါင်းသင်းလိုကြောင်း ပြောဆိုရာ အမျိုးသမီးက မပေါင်းလိုကြောင်း ပြန်ပြောသဖြင့် ခင်ပွန်းဟောင်းဖစ်သူက ပုလင်းနှင့် ထည့်လျက် အသင့်ယူဆောင်လာသော ငရဲမီးပူဖြင့် ပက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမျိုးသမီးဖြစ်သူသည် ယာဘက် ဦးခေါင်း၊ လက်၊ မျက်နှာ၊ ယာဘက်ရင်အုံတို့တွင် ငရဲမီး ဒဏ်ရာများ ရရှိခဲ့ကာ သပိတ်ကျင်း မြို့နယ် ဆေးရုံတွင် တက်ရောက်လျက် ရှိကြောင်း၊ တရားခံဟု ယူဆရသူ ဦးယဉ်မင်းထိုက် အသက် (၂၉) နှစ်ကို သပိတ်ကျင်းရဲစခန်း (ပ) ၁၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

အိမ်ထောင်ရေး ဖေါက်ပြန်နေစဉ် တွေ့ရှိသူ ယောက်ခမအား သတ်ခဲ့သူချွေးမ ဖမ်းမိ

၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက်ဘက်ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော(၂)ရက်ကျော်ခန့် ကတည်းကပျောက်ဆုံးနေသော ကိုသန့်ဇင်ဝင်း၏ဖခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုးတုပ်လျက်တွေ့ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးပါရန်တိုင်တန်းခဲ့၍ သုံးခွမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ၂၅-၅-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင်သေဆုံးသူ ဦးလှတင်၏ချွေးမ မစန်းစန်းလှိုင်(ကိုသန့်ဇင်ဝင်း၏ဇနီး)သည်
နေအိမ်တွင် နောက်ကျောဘက်နေအိမ်မှ ကရင်ကြီး (ခ) ကိုသက် (ခ)တင်မောင်မြင့်နှင့် လူမှုရေးဖောက်ပြန်ဆက်ဆံနေစဉ် ဦးလှတင် ရောက်ရှိမြင်တွေ့သွားသဖြင့် ကရင်ကြီးမှာထွက်ပြေးသွား ခဲ့ပါသည်။

၁၈၀၀ အချိန် ဦးလှတင်သည် နေအိမ်တွင်ရှိနေစဉ် ကရင်ကြီး ရောက်ရှိလာကာ မစန်းစန်းလှိုင်နှင့်အတူ ဦးလှတင်အား လည်ပင်းညှစ်သတ်ပြီး ကြိုးတုပ်၍ရေကန်အတွင်းသို့ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကရင်ကြီးနှင့် မစန်းစန်းလှိုင်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဘိန်းစိမ်းများ ဆိုင်ကယ်၊ အဲယားကလင်ဒါနှင့် တူးလ်ဘောက်စ် အတွင်းမှ ဖမ်းမိ

ကလေး၊ မေ ၃၁။
တမူး-ကလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် ကင်ဘို(125) အနက်ရောင် ဆိုင်ကယ် တစ်စီး၏ အဲယားကလင်ဒါနှင့်တူးလ်ဘောက်စ် အတွင်းမှ ဘိန်းစိမ်း (၆၅)ကျပ်သားခန့်ကို ကလေးခရိုင် Mobile Teamမှ ယမန်နေ့နံနက်(၉)နာရီခန့်တွင် ရှာဖွေဖမ်းဆီးရမိကြောင်း သိရသည်။

“ဒီနေ့ ကျွန်တော်တို့ ကလေးခရိုင် Mobile Team က စခန်းကြီး ရဲစခန်းရှေ့မှာကားတွေ၊
ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးမှု လုပ်ကြပါတယ်။ တာဝန်သိ ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ဆိုင်ကယ်တစ်စီးကိုရှာ ဖွေစစ်ဆေးတဲ့အခါ အဲယားကင်ဒါနှင့်တူးလ်ဘောက်စ်အတွင်း ဘက်ထရီထည့်တဲ့ အနောက်ခန်းထဲမှာ ပလပ်စတစ်အိတ်အကြည်တွေနဲ့ ထုတ်ထားတဲ့ ဘိန်းစိမ်းတွေကို တွေ့ရှိဖမ်းဆီးမိပါတယ်။ စုစုပေါင်း (၀.၈၈)ကီလို ဂရမ်ရှိပါတယ်။ မူးစိတ် ပုဒ်မ၁၅၊ ၁၉(က)နှင့် အမှုဖွင့်ပြီးဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ရှာဖွေစစ်ဆေးခဲ့သည့် စခန်းကြီး ရဲစခန်းမှူးထံမှ သိရသည်။

မူးယစ်ဆေးများကို သယ်ဆောင်လာသူများမှာ မော်လိုက်မြို့နယ်၊ ကံဒူးမကျေးရွာမှ ကံဝင်း(ခ)မောင်ကိုဝင်းနိုင်(၃၆-နှစ်)နှင့် ကျော်မင်းဦး(ခ)စိုးနိုင်(၃၅-နှစ်)တို့ ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

စခန်းမှူးကို တရားစွဲလို့ မရ

ပြည်မြို့၊ မေ ၃၁
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်တွင် အချုပ်သား တစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မိသားစုက တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ စခန်းမှူးအား တရားစွဲဆိုခဲ့သော အမှုကို မေလ ၂၈ ရက်နေ့က ပလပ်ခဲ့ကြောင်း ပန်းတောင်း မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မေလ ၂၃ ရက်နေ့က ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် လေးရက် မြောက်နေ့၌ သေဆုံးခဲ့သူ ဦးသန်းထွန်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူဒေါ်မြင့်ဌေးက ပန်းတောင်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ စခန်းမှူးဦးဆန်းလင်းကို တရားစွဲဆိုခဲ့သည်ကို ပလပ်ခဲ့ခြင်းဖြစ်ကြောင်း တရားလို ဒေါ်မြင့်ဌေးက ပြောကြားသည်။

“အချုပ်စကျကတည်းက ဘာဒဏ်ရာ မှမရှိတဲ့ ကျွန်မယောက်ျား အချုပ်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့အတွက် မကျေနပ်ဘူး။ ဒါကြောင့် တရားစွဲတာ”” ဟု ၎င်းကဆိုသည်။

ဦးတိုက်လျှောက်ထားမှုကို ပြစ်မှု ဆိုင်ရာအမှုကြီးအမှတ်၂၃၈/၂၀၁၃၊ ကျင့် ၂၀၀ ဖြင့် တရားလို ကိုစစ်ဆေးခဲ့ပြီး တရားစွဲဆို ခံရသူ ဦးဆန်းလင်းသည် ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် တရား စွဲဆိုရန်အမိန့် လိုအပ်သောကြောင့် ကျင့် ၂၀၃ ဖြင့် ပလပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ် တရားရုံးထံမှသိရသည်။

ပန်းတောင်းမြို့နယ် ဒန့်ဒလွန် ကျေးရွာအုပ်စု ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းသည် တစ်ရွာတည်းနေ ဦးနီနှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှု ကြောင့် ပုဒ်မ ၃၂၆ ဖြင့် ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်ထားကြောင်း၊ ယင်းသို့ချုပ်ထားစဉ် မေလ ၂၂ ရက်နေ့ ည ၆ နာရီဝန်းကျင် အချိန်ကအရက် ကြောင်ကြောင်ကာ အချုပ်သံတိုင်နှင့် ဦးခေါင်းကိုရိုက်နေသဖြင့် တန်းစီးများက ဝိုင်းထိန်းခဲ့ကြောင်း၊ ထပ်မံ၍ ကိုက်ဆွဲရုန်းကန် နေသောကြောင့် လက်ထိတ်ခတ် ထားလိုက်ကြောင်း၊ သို့သော် လက်ထိတ်ခတ်ထားသော လက်ဖြင့်မျက်နှာကို ဆက်ကာဆက်ကာ ထုရိုက်နေကြောင်း၊ နောက်တစ်ရက်တွင် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သဖြင့် အမှတ်စဉ်(၄/၂၀၁၃) ဖြင့် သေမှုသေခင်း ဖွင့်ထားခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှသိရှိရသည်။
The Voice Weekly

တရားမ၀င်ကျောက်စိမ်းအရိုင်းတုံး သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၃၁
၃၀-၅-၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်ခွဲ၊ ကောင်ရာရပ်ကွက်ရှိ မြို့ဝင်ဘီးခွန်ဂိတ်တွင် ကာမိုင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖားကန့်မှမြစ်ကြီးနားသို့ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်နေ သန်းအေးကို (၅၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်သူရ လိုက်ပါလာသည့် ၂ခ/xxxx ISUZU အဖြူရောင် မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ထိုင်ခုံအောက်မှ ပီနံအိတ်(၇)အိတ်ဖြင့် ထည့်ထားသည့် ကျောက်စိမ်း ဟုယူဆရသော ကျောက်ဖြတ်စအတုံးအရွယ်စုံ ၇၆၃ တုံး၊ အလေးချိန် ၂၃၉ ပိဿာအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးသယ်ဆောင်လာသူ သန်းအေးကိုနှင့် အောင်သူရတို့ ၂ ဦးအား ကာမိုင်းမြို့မရဲစခန်း(ပ)၁/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှော်ဘီ နည်းပညာတက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွား

မှော်ဘီ မေ ၃၁။
၃၁-၅-၂၀၁၃ ရက်နေ့(၁၃၃၀)အချိန် မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စု၊ အုန်းခြံပိုင်းရှိ အမည်မရှိ ထမင်းဆိုင်တွင် မှော်ဘီနည်းပညာတက္ကသိုလ်မှ မောင်ပြည့်စုံအောင်ပါ ကျောင်းသား(၂)ဦးနှင့် အမည်(စုံစမ်းဆဲ)ကျောင်းသား(၄)ဦးတို့သည် ထမင်းစားရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများကြပြီး အမည်(စုံစမ်းဆဲ)ကျောင်းသားအဖွဲ့မှ ပြည့်စုံအောင်အား ဖန်ခွက်/ အချိုရည်ပုလင်း တို့ဖြင့်ရိုက်ခဲ့၍ ပြည့်စုံအောင်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများရရှိသဖြင့် ကျောင်းဆေးခန်းမှတစ်ဆင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစေခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်ကွန်းထိန်းနှင့်အဖွဲ့မှ ကျောင်းစည်းကမ်းအရအရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး

၂၈.၅.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ် မြောက်ဘက် ပေ ၁၀၀ ခန့်အကွာ၊ ပေ ၁၀၀ ပတ်လည်ခန့်ရှိရေကန်အတွင်းမှ လက်နှင့် ခြေထောက်တို့အား နောက်ပြန်ကြိုးတုတ်လျက် အ၀တ်မပါအမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ သုံးခွမြို့နယ်၊ ညောင်လန်းကုန်းရဲကင်းမှရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ ၂၁၀၀ အချိန်တွင် အလောင်းအားဆယ်ယူ စစ်ဆေးရာ သေဆုံးသူမှာ ၂၆.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်ကပျောက်ဆုံးနေခဲ့သော ကိုသန့်ဇင်ဝင်းနှင့်အတူနေဖခင် ဦးလှတင်၊ ၅၀နှစ်၊(ဘ)ဦးဝင်း ဖြစ်ကြောင်းသိရှိရပြီး လည်ပင်းတွင်ညိုမဲဒဏ်ရာတွေ့ရှိရသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးရန်တိုင်တန်းခဲ့ရာ သုံးခွမြို့မရဲစခန်းမှ အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးအတွက် တိုင်း၊ခရိုင်အဖွဲ့များနှင့်ပူးပေါင်းစုံစမ်းဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

အမျိုးသမီးငယ် တစ်ဦးအား ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ လုပ်၍ အမ်းရဲစခန်းမှူး တရားစွဲခံရ


သန်လျင်တံတားပေါ်မှ နို့စားနွားများ ဖမ်းဆီးရမိ

၂၆.၅.၂၀၁၃ ရက်နေ့ ၂၁၄၀ အချိန် သန်လျင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်တံတား ယာဉ်စစ်ပိတ်ဆို့ တာဝန်ဆောင်ရွက်စဉ် သန်လျင်ဘက်မှ ရန်ကုန်ဘက်သို့ ထွန်းလင်း (၂၇)နှစ်၊ ယာဉ်မောင်း၊ (ဘ) ဦးမင်းငြိမ်း၊ သလ္လာဝတီလမ်း၊ (၁၀)တောင်ရပ်ကွက်၊ သာကေတမြို့ နယ် နေသူ မောင်းနှင်လာသော ဒိုင်နာအဖြူရောင်ကိုယ်ပိုင်ယာဉ်အား စစ်ဆေးရာနို့စားနွားမ ၆ ကောင်အား ကားနောက်ခန်းတွင်ဝှက်၍ သယ်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ပိုင်ရှင်ဖြစ်သူ မိုးဝင်း (၂၅) နှစ်၊ (ဘ)ဦးမိုဟာမက်အလီ၊ နို့စားနွားမွေး၊ အုတ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမှ သယ်ဆောင်ဖြတ်သန်းခွင့် အထောက်အထား တစ်စုံတစ်ရာပါရှိခြင်း မရှိဘဲ တင်ဆောင်လာကြောင်း စိစစ်တွေ့ရှိရသဖြင့် ယာဉ်မောင်း ထွန်းလင်းနှင့် ပိုင်ရှင် မိုးဝင်းတို့အား သန်လျင်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။
Yangon Police

သင်္ဃန်းကျွန်းမြို့နယ်တွင် ဆင်ဆာမဲ့ဗွီဒီယိုခွေနှင့် ညစ်ညမ်းခွေများဖမ်းဆီး

၂၆.၅.၂၀၁၃ ရက်နေ့တွင်အရှေ့ပိုင်းခရိုင်အထူးအဖွဲ့မှ သင်္ဃန်းကျွန်း မြို့နယ်၊ စံပြဈေးအနီးတွင် ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရဖမ်းဆီးခဲ့ရာ ဆင်ဆာမဲ့ ဗွီဒီယိုခွေ ဖမ်းဆီးမှု (၆)မှု၊ ညစ်ညမ်းခွေဖမ်းဆီးမှု (၂) မှုတို့အားဖမ်းဆီးနိုင်ခဲ့ပြီး၎င်းအမှုတို့မှ စုစုပေါင်း နိုင်ငံခြားဇာတ်ကားခွေ (၅၅၄၀)ခွေ၊ ဆင်ဆာမဲ့မြန်မာသီချင်း / အငြိမ့်/လက်ဝှေ့ (၁၁၉၅)ခွေ၊ ကာတွန်း (၂၉၀)ခွေ၊ ညစ်ညမ်းခွေ (၁၆)ခွေတို့အားသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါအမှုများမှ ဆင်ဆာမဲ့ခွေများရောင်းချသူ တရားခံကျား (၆)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အိမ်စီးကားတစ်စီး လီဗာနှင့် ဘရိတ်မှားနင်းမိ၍ ဆိုင်ကယ်များအား ဆက်တိုက်ဆင့်တိုက်မှုဖြစ်ပွား

မန္တလေး-မေ၂၇
မေ၂၆ရက်ညနေ ၄နာရီခွဲခန့် မန္တလေးမြို့ ၃၅လမ်း၊ ၇၃လမ်းထောင့်တွင် Surf ကားတစ်စီးမှ မီးပွိုင့်ဖြတ်ကူးရာ လီဗာနှင့် ဘရိတ်မှားနင်းရ်ျ ဆိုင်ကယ်များအား ဆက်တိုက်ဆင့်တိုက်မှုဖြစ်ပေါ်ခဲ့ပြီး လမ်းဘေးဝဲယာ သဘောင်္ဆေးအရောင်းဆိုင်အား ၀င်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖိုးလပြည့်
Popular Myanmar News Journal

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှု CID ဖော်ထုတ်ပေးရန် မိသားစုမေတ္တာရပ်ခံ

ရန်ကုန်၊ မေ ၂၄
အသက် ၁၈ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက သာမန် ရေနစ်သေဆုံးမှုဟု မှတ်တမ်း တင်သောကြောင့် အမှုမှန် ပေါ်ပေါက်စေရန် CID ကပါ ပူးပေါင်းဖော်ထုတ်ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။

အဆိုပါ မေတ္တာရပ်ခံချက်ကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီက MJN တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ မနော်မေသူသူဇော် ကို ရည်းစားဖြစ်သူ ကိုရဲမင်းဦးက အိမ်ပြန်ချိန် တွင် ရန်ကုန်-မှော်ဘီ ဟိုင်းလတ်ခရီးသည် တင်ယာဉ်ပေါ်သို့ ကိုယ်တိုင်လိုက်ပို့ပေးပြီး ကားထွက်မှသာ ပြန်ခဲ့သည်ဟု ဖုန်းဆက် အကြောင်းကြား ခဲ့သော်လည်း ၄င်း တင်ပေးလိုက်သည့်ယာဉ်၏ အရောင်ကို မသိရှိသည် ဟု ပြောဆိုနေခြင်းမှာ သံသယဖြစ်ဖွယ် ရှိကြောင်း သေဆုံးသူနှင့် ဦးလေး တော်စပ်သည့် ဦးစောအေးမင်းက ရှင်းပြဆိုသည်။

မနော်မေသူသူဇော် ကို ၄င်း၏ချစ်သူ ကိုရဲမင်းဦးနှင့် ဦးလေးဖြစ်သူက ခေါ်သွားသည်ကို မျက်မြင်သက်သေများ ရှိခဲ့သော်လည်း ၄င်းတို့ဘက်မှ ဦးလေးအစား အစ်ကိုဖြစ်သူကို အမှုထဲသွင်းကာ ဦးလေးဖြစ်သူကို အမှုတွဲမှ သွေဖည်အောင် လုပ်ဆောင်နေသည့် အတွက်လည်း သံသယဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

မနော်မေသူသူဇော်မှာ ကိုရဲမင်းဦး က မွေးနေ့တွင် ဖုန်းဆက်၍ အတင်းခေါ်ဆောင်သည့် အတွက် လိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ညီမဖြစ်သူဘက်မှ မကြာခဏ သဘောထားကွဲနေသော ကိုရဲမင်းဦးကို မွေးနေ့တွင် အဆက်သွယ်ဖြတ်မည်ဟု ယခင်က မိမိကို ပြောဆိုခဲ့ဖူးကြောင်း အစ်မဖြစ်သူ မခမ်းမွန်ထွေးက ဆိုသည်။

သမီးဖြစ်သူ၏ အလောင်းကို အင်းစိန် ရဲစခန်းမှ ဆယ်ယူရရှိခြင်းကို သွားရောက် စုံစမ်းရာ သေဆုံးစဉ် မှတ်တမ်းဓာတ်ပုံများ အရ အတည်ပြုနိုင် ခဲ့သော်လည်း အလောင်းကို သင်္ဂြိုဟ်လိုက်ပြီဟု ပြောဆိုခဲ့သဖြင့် မိသားစုဝင်များ ကိုယ်တိုင် အင်းစိန်ဆေးရုံ သို့ လိုက်လံစုံစမ်းရာမှ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးစာတွင် ရေနစ်သေဆုံးသည့် အနေအထားဖြင့် ထုတ်ပြန်ခဲ့သောကြောင့် အဆင့်ဆင့် တိုင်ကြားခဲ့ရာ ယခုအခါ မြောက်ပိုင်းခရိုင်က ဆက်လက်စုံစမ်းလျက် ရှိသော်လည်း ထပ်မံ စစ်ဆေးချက်အရ ရေနစ်၍ သေဆုံးသည်ဟု အဖြေ ထွက်လာနိုင်ကြောင်း၊ သေဆုံးသူနှင့် နောက်ဆုံးကျန်ရှိခဲ့သူကို သံသယရှိ၍ အမှုဖွင့် ပေးရန် တိုင်ကြားသော်လည်း အဆိုပါ ရဲစခန်းမှ အမှုဖွင့်ပေးခြင်း မရှိကြောင်း သေဆုံးသူ၏ မိခင်က ဆိုသည်။

"၁၉ ရက်နေ့ သူ့ရည်းစားက ၇ နာရီ ၄၅ မိနစ်လောက်မှာ ကားပေါ်တင်ပေးပြီး ကားထွက်သွားတယ် ပြောတယ်။ လှိုင်သာယာ အောင်ဇေယျ တာဝန်ကျရဲက ၈ နာရီ ၁၅ လောက်မှာ သမီးလေးရဲ့ အင်းစိန်လိပ်စာ ပါတဲ့ ကျောင်းသားကတ်ရယ်၊ မှတ်ပုံတင်ရယ် ဖိနပ်ရယ် အပါအဝင် ပစ္စည်း ၁၁ မျိုးကို ညတွင်းချင်း တွေ့တယ်။ အင်းစိန် အုတ်သဲ ကျောက်ကွင်းနားမှာ ၂၀ ရက်နေ့ မနက် ၇ နာရီလောက်ထဲက သမီးအလောင်း ပေါ်နေပြီ။ ဒါကို ၂၁ ရက်နေ့ မရမ်းကုန်း စခန်းမှာ လူပျောက် အမှုဖွင့်တော့ နှစ်နာရီအတွင်း သတင်းဓာတ်ပုံတွေ ဖြန့်ပေးမယ် ပြောတယ်။ ၂၃ ရက်နေ့မှ အင်းစိန်မှာ အလောင်းတစ်လောင်း ရှိတယ်ဆိုလို့ စုံစမ်းကြည့်မှ သမီးမှန်း သိရတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်နေသည့် ဖိုခုံလောက်ဆိုင်နေသော မြို့နယ်သုံးခု၏ ရဲစခန်းများ ချိတ်ဆက်ဆောင်ရွက်မှု ပေါ့လျော့သည့်အတွက် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာရ ခြင်းဖြစ်ပြီး ကွပ်ကဲရုံးသို့ အကြောင်းကြားကာ ချက်ချင်းဖော်ထုတ်ပါက နယ်စပ်ဒေသရှိ တရားခံများကို ချက်ချင်းမိသည့် အတွေ့ အကြုံများစွာ ရှိဖူးကြောင်း အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

မနော်မေသူသူဇော် ၏ ပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့သည့် အောင်ဇေယျတံတား သည် လေးပေခန့်အမြင့်ရှိသည့် လက်ရန်း သံတိုင်များ ရှိသောကြောင့် ၄င်းခုန်ချသည် ဟု ယူဆမည်ဆိုက အမျိုးသမီးတစ်ဦး အနေနှင့် တက်ရန် ခက်ခဲကြောင်း၊ မူးယစ်စေသည့် အရာတစ်ခုကို တိုက်ကျွေးပြီး ရေထဲသို့ပစ်ချ လျှင်လည်း အဆုတ်တွင်းရေဝင်ပြီး သေစေနိုင်ကာ ယခုအမှုမှာ သံသယဖြစ်ဖွယ်များ ရှိပြီး လက်ရှိတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြီးကြပ်ကာ ကြိုးစားဖော်ထုတ်လျက် ရှိကြောင်း မှုခင်းတပ်ဖွဲ့မှ အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com