http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

အသေးဆုံး ယင်ကောင်ပုံ စက်ရုပ် Robo Fly အမေရိကန် တီထွင်

Robo Fly အသေးဆုံး ယင်ကောင် စက်ရုပ်တွေ
5 မေလ 2013
အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေဟာ ယင်ကောင် အရွယ်လောက်သာ ရှိတဲ့ စက်ရုပ်တမျိုးကို တီထွင်ခဲ့ကြပါတယ်။

အဲဒီ စက်ရုပ်ဟာ နေရာတိုင်းမှာ တွေ့ရတက်တဲ့ အင်းဆက်တွေ လိုမျိုး ပေါ့ပါး သွက်လက်စွာ လှုပ်ရှား ဆောင်ရွက် နိုင်တယ်လို့ ဆိုပါတယ်။

Robo Fly လို့ ခေါ်တဲ့ ဒီစက်ရုပ်ကို ကာဘွန် ဖိုင်ဘာတွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး အလေးချိန်အားဖြင့် တစ်ဂရမ်ရဲ့ အစိတ်အပိုင်း အနည်းငယ် လောက်သာ ရှိသလို အရမ်းလျင်မြန်စေတဲ့ လျှပ်စစ်စွမ်းအင်ဖြည့် ကြွက်သားတွေနဲ့ အတောင်ပံတွေကို တည်ဆောက် ထားတယ်လို့ သိရပါတယ်။

အခု တီထွင်လိုက်တဲ့ အလွန် သေးငယ်တဲ့ စက်ရုပ်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နောက်ဆုံးတော့ သုံးကောင်း သုံးလိမ့်မယ်လို့ ဟားဗက် တက္ကသိုလ်က ဒီစက်ရုပ်တွေကို တီထွင်သူတွေက ပြောပါတယ်။

ဥပမာ အဆောက်အဦတွေ ပြိုကျသွားတယ် ဆိုရင် ကျဉ်းမြောင်းတဲ့ နေရာတွေကြားကို ဝင်ရောက် ညွှန်ပြ သွားလာနိုင်ဖို့ ဒီစက်ရုပ်တွေကို သုံးနိုင်တယ်လို့ ဆိုပါတယ်။
BBC Burmese

နေစွမ်းအင်သုံးလေယာဉ်ကို လူကိုယ်တိုင်မောင်းနှင်ပျံသန်း

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို စမ်းသပ်မောင်းနှင်နေစဉ်။
04.05.2013
အမေရိကန်ပြည်ထောင်စုမှာ ဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူးတယောက်က နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုတဲ့ လေယာဉ်ငယ်တစီးကို ပထမဆုံးအကြိမ် မှောင်းနှင်ပြီး အနောက်အလယ်ပိုင်း အယ်ရီဇိုးနားပြည်နယ်၊ Phoenix မြို့ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်မှူး Bertrand Piccard ဟာ ပထမဆုံးအကြိမ် လူကိုယ်တိုင် မောင်းနှင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဒေသစံတော်ချိန် ည သန်းခေါင်အချိန် လုံးဝ မှောင်မိုက်နေတဲ့အချိန်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ကို နေ့ရောညပါ မောင်းနှင်လို့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းကနေ အယ်ရီဇိုးနားပြည်နယ် Phoenix မြို့အထိ ပျမ်းမျှ တနာရီ မိုင်သုံးဆယ်နှုန်းနဲ့ နာရီနှစ်ဆယ်ကြာ ပျံသန်းခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူး Bertrand Piccard နဲ့ ဒုလေယာဉ်မှူး Andre Borschberg တို့ဟာ လေယာဉ်ကို တလှည့်စီမောင်းကြဖို့ စီစဉ်ထားပြီး ရှေ့လမှာ နယူးယောက်မြို့ကို အရောက်ပျံသန်းကြမှာ ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက် Phoenix မြို့၊ Texas ပြည်နယ် Dallas မြို့၊ St. Louis မြို့နဲ့ ၀ါရှင်တန်မြို့တော်တွေမှာလည်း ရပ်နားဖို့ရှိပါတယ်။

အဲဒီလေယာဉ်ရဲ့အတောင်ပံဟာ ၇၄၇ ဂျက်လေယာဉ်တောင်ပံအတိုင်း အလျား အရှည်ရှိပေမဲ့ အလေးချိန်ကတော့ ဆလွန်းကားတစီးရဲ့ အလေးချိန်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ကနေ နေရောင်ခြည်စွမ်းအင်ကို စုစည်းပြီး ဘက်ထရီတွေနဲ့ သိမ်းဆည်းထားတာဖြစ်လို့ နေ့ရောညပါ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ အမြန်ဆုံး တနာရီကို ၄၂ မိုင်နှုန်းနဲ့သာ မောင်းနှင်နိုင်သလို မကြာခဏ ရပ်နားရပြီး လေယာဉ်မှူးတယောက်နဲ့ ခရီးသည်တယောက်သာ လိုက်ပါနိုင်တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ကမ္ဘာ့အရည်ဆုံး မောင်းသူမဲ့ရထားစနစ် ဖြစ်လာမည်

May 1, 2013
ဒူဘိုင်းမြေအောက်ရထားစနစ် သည်ကမ္ဘာပေါ်တွင် အရှည်လျား  ဆုံးသော အလိုလျောက်စနစ်သုံး  မောင်းသူမဲ့ခေတ်မီရထားကွန်ရက် ဖြစ်သည်။ ဒူဘိုင်းရထားစနစ်သည်  မြို့တော်၏အလယ်တွင် မြေအောက် သို့ဝင်ရောက်သွားပြီး အချို့သော  နေရာများတွင် မြေပြင်ပေါ်သို့ ပြန်လည်ထွက်ပေါ်လာကာ ကောင်းကင်တံတားဖြင့် မြို့ပေါ် မှ ဖြတ်သန်းပြေးဆွဲသည် ၃၂.၄ မိုင် (၅၂.၁ ကီလိုမီတာရှည်လျား သော) ဒူဘိုင်း လူဦးရေ၏ ၁၀ ရာခိုင်းနှုန်းစီးနင်းခဲ့ကြသည်ဟု သိရသည်။

ခေတ်မီလှပသော ရထားဘူတာများ စင်္ကြန်များ ရထားတွဲများအားလုံးတွင် လေအေးပေးစနစ်များ အပြည့်အ၀  တပ်ဆင်ထားပြီးစင်္ကြန်နှင့် ရထား ကြားရထားရပ်မှသာ ပွင့်နိုင်သော Platform Screen Doors များတပ်  ဆင်ထားသည်။

စုစုပေါင်းကုန်ကျ စရိတ်အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ (ဒေါ်လာသန်း ၇၈၀၀) ကုန်ကျပြီးအပြည့်အစုံပြီးစီးပါက စုစုပေါင်းလမ်းအရှည် ၄၃.၃ မိုင် (၆၉.၇ ကီလိုမီတာ)ရှည်လျား မည်ဖြစ်ပြီး ကမ္ဘာအရှည်ဆုံးမောင်း သူမဲ့ရထားစနစ်ဖြစ်လာမည်ဖြစ် သည်။
HN-NI
The Hot News

Galaxy S4 smartphone အသစ်ကို ကြာသာပတေးနေ့မှာ ပွဲထုတ်(ရုပ်/သံ)

တောင်ကိုရီးယား ကမ္ဘာကျော် ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္မဏီက Galaxy S4 smartphone အသစ်ကို ကြာသာပတေးနေ့မှာ ပွဲထုတ်လာပါတယ်။ လာမယ့် သောကြာနေ့ကစလို့ တောင်ကိုရီးယား ဈေးကွက်ထဲမှာ စတင်ရောင်းချမှာဖြစ်ပြီး ဧပြီလ ကုန်ပိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ မှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
DVB TV News

စက် လက်တုကို လက်ကိုင်ဖုန်း နဲ့ ခိုင်းမယ်


၂၅.၀၄.၂၀၁၃
လက်ကိုင်းဖုန်းက app နဲ့ ထိန်းချုပ် စေခိုင်း နိုင်မယ့် i-limb လို့ခေါ်တဲ့ စက် လက်တု တမျိုးကို လန်ဒန်က လက် တဘက် မရှိတဲ့ ဆယ်ကျော်သက် တဦးကို ပထမဆုံး တပ်ဆင် ပေးလိုက်ပြီ ဖြစ်ပါတယ်။

လန်ဒန်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ် အရွယ် ပတ်ထရစ် ကိန်းကို တပ်ဆင်ပေးလိုက်တာ ဖြစ်ပြီး၊ ပတ်ထရစ် ကိန်းက ဒီ i-limb ဟာ တန်ဖိုး မဖြတ်နိုင် ဘူးလို့ ပြောပါတယ်။

သူဟာ ငယ်စဉ် အခါက ဦးနှောက် အမှေးရောင် ရောဂါ ခံစားခဲ့ ရပြီးနောက် ဘယ်ဘက် လက်နဲ့ ညာခြေ တဘက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

လက်ကိုင်ဖုန်း app ကနေ စက် လက်တုကို ခိုင်းစေနိုင်မယ့် ပုံစံ အမျိုးပေါင်း ၂၄ ခု ပါဝင်ပါတယ်။

စက် လက်တုကို လက်ကိုင်ဖုန်း နဲ့ ထိန်းချုပ် အသုံးပြုနိုင် သလို မိမိလက်မောင်း ကြွက်သားတွေရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ် ခိုင်းစေနိုင်မှာ လည်း ဖြစ်ပါတယ်။

ပက်ထရစ်ဟာ Touch Bionics ကုမ္ပဏီက ထုတ်လုပ်တဲ့ အရင် စက်လက်တု ကို အသုံးပြုနေခဲ့တာ ဖြစ်ပြီး၊ အခု လက်ကိုင်းဖုန်းနဲ့ တွဲဖက် အသုံးပြု နိုင်တဲ့ i-limb အသစ် ကတော့ လှုပ်ရှားမှုတွေကို ပိုလုပ်နိုင်တယ်လို့ ပြောပါတယ်။
BBC Burmese

Samsung Galaxy S4 ထက်တောင်သာသည်ဟု ဆိုသော Xiaomi

Xiaomi ကို ဟိုအရင်က ကြားတောင်မကြားဖူးပါဘူး။ တရုတ်အခြေ ဆိုက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။

သို့ပေမယ့် နှစ်အနည်းငယ် အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ကုမ္မဏီ တစ်ခု ဖြစ်လာမယ်ဆိုတာ ကြိမ်းသေနေပြီ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ဟန်းဆက်ပေါင်း ၇.၁၉ သန်း ရောင်းချရပြီး ၂၀၁၃ မှာ ၂ ဆ မက ဈေးကွက်မြင့်တက်ဖို့ သေချာနေပါတယ်။ ၂၀၁၁ ခုနှစ် နွေကုန်တဲ့အထိ ဖုန်း မရောင်းခဲ့ပါဘူး။ သို့ပေမယ့် တစ်နှစ်ကျော် ကာလအတွင်း သူ့ရဲ့  ကြိုးပမ်းချက်က ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

နယူးယောက် မှာ လုပ်တဲ့ Drive Into Mobile Conference မှာ အဖိတ်ကြားခံရလို့ Xiamoi ကုမ္မဏီ ပူးတွဲ တည်ထောင်သူ/ ဥက္ကဌ Bin Lin တက်ရောက်ပါတယ်။ တက်ရောက်စဉ် သူပြောတဲ့ စကားတွေထဲမှာ ပညာရစရာတွေ ရှိနေပါတယ်။ ဒီလိုပါ -

"ယနေ့စမတ်ဖုန်း ဈေးကွက်က လွန်ခဲ့တဲ့ နှစ် ၂၀ က ကွန်ပြူတာတွေ ရောင်းပေါက်သလိုပဲဗျ။ Demand အရမ်းများပါတယ်။ ကျနော်တို့ ဒီဈေးကွက်ဝင်ဖို့ ဆုံးဖြတ်လိုက်တာ မမှားပါဘူး။

ဈေးကွက်လိုအပ်ချက်ကိုကြည့်လိုက်ပါတယ်။ ဒါကြောင့် အလယ်အလတ် တန်းနဲ့ အထက်တန်း နှစ်မျိုး သုံးနိုင်မယ့် စမတ်ဖုန်း အမျိုးအစားများကို ရွေးချယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ယနေ့ HTC နောက်ဆုံးပေါ်တွေနဲ့ ယှဉ်လို့ရပါတယ်။ ကျနော်တို့ ကုန်ပစ္စည်းကို အရည်အသွေးပိုင်းမှာ အာမခံပါတယ်။

လက်ရှိ ထုတ်ထားတဲ့ Xiaomi MI-2 မှာပါတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲများက ယနေ့နောက်ဆုံးပေါ်တွေချည်းပါပဲ။ Samsung Galaxy S4 မှာ ပါတဲ့ processor နဲ့ အခြားအစိတ်အပိုင်းတွေတောင် တူပါတယ်။ ကျနော် တို့ တစ်ခု ထူးခြားတာက ဈေးနှုန်းပါ။ ပစ္စည်းချင်း တူတာတောင် ကျနော် တို့က ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပါတယ်။ လက်ရှိ Samsung Galaxy S4 ထက် ဈေးတစ်ဝက်တောင် သက်သာပါတယ်။

ကျနော်တို့ ဝဘ်ဆိုဒ်မှာ ငါးမိနစ်တိုင်း ဟန်းဆက် အလုံးရေ ၃ သန်း ရောင်းချနေရပါတယ်။ ကမ္ဘာ့ပထမဆုံးပါ။ Xiaomi MI-2 အပြင် အခြားသောသ ကမ္ဘာ့အဆင့်မှီ စမတ်ဖုန်းများ ဆက်လက် ထုတ်လုပ် သွားအုံးမှာပါ"

Xiamoi ဟာ တရုတ်ပြည်မ အခြေဆိုက် Huawei ကိုတောင် ကျော်လွန် လို့ ဖုန်းအလုံးရေအများဆုံးရောင်းချရတဲ့ ကုမ္မဏီကြီး တစ်ခုအဖြစ် ၂၀၁၃ တွင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team), TechSpace Journal

Samsung ဈေးသက်သာ Galaxy ဖုန်း Star နှင့် Pocket Neo

Samsung တို့ Galaxy S4 ထွက်ရှိတော့မှာပါ။ ထုံးစံ အတိုင်း ဈေး ကွက် ရောင်းတန်းဝင် ဈေးနှုန်းသက်သာ ဟန်းဆက် နှစ်မျိုးလည်း ထွက်ရှိတော့မှာ ဖြစ်ပြီး Samsung Galaxy Star နဲ့ Samsung Galaxy Pocket Neo လို့အမည်ပေး ထားပါတယ်။

နှစ်ခုလုံးမှာ တူညီနေတဲ့ specification များကတော့

- ၃ လက်မ OVGA မျက်နှာပြင်
- Android 4.1 Jelly Bean
- ကင်မရာ ၂ megapixel (ရှေ့ ကင်မရာမပါ)
-512 MB of RAM
- dual SIM capibility
- Internal memory - 4GB
- micro SD ကဒ် ထပ်ဖြည့်နိုင်

စတာတွေ ဖြစ်ပါတယ်။ အဓိက ကွဲပြားတာကတော့

Galaxy Star မှာ CPU 1 GHz အထိ ပါရှိပြီး Pocket Neo ကတော့ 850 MHz ပဲ ရှိပါတယ်။ သို့ပေမယ့် Pocket Neo မှာ ဒီဂျစ်တယ် သ့လိုက်အိမ်မြောင် ပါရှိတယ်လို့ ဆိုပါတယ်။

ဒီတော့ ယင်းဖုန်းနှစ်လုံး ဈေးနှုန်းက ကွာခြားမှာ မဟုတ်ပါဘူး။ ဒီဇိုင်းက တည်း သိပ်မကွဲပြားပါဘူး။ ကန်ဒေါ်လာ ၁၀၀ နဲ့ ၁၄၀ ကြားမှာ ပေါက်ဈေးရှိနိုင်တဲ့ ဖုန်းများ ဖြစ်ကြောင်း သိရ ပါတယ်။
Ref: techblog
Aung Kham (TSJ team), TechSpace Journal

ဖေါက်ထွင်းသူများက ဖုန်းတလုံးဖြင့် လေယာဉ်တစီးကို ပြန်ပေးဆွဲနိုင်

Hugo Teso လိုင်စင်ရ လေယာဉ်မှူ၊ လုံခြုံရေးလေ့လာသူက
သူရေးဆွဲထားသောဆော့စ်ဝဲယားဖြင့် လေယာဉ်ကို ထိမ်းသိမ်းနိုင်ကြောင်း



ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် (၂)ခုအတွက် ရွေးချယ်ခံရသော ကုမ္ပဏီ (၁၂) ခု

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုအတွက် အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ ယနေ့ ဧပြီ ၁၁ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
(MM) 5. KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Construction
6. Millicom International Cellular S.A.
(MM) 7. MTN Consortium (MTN Dubai + M1 Telecom + Amara Communications)
8. Qatar Telecom (Qtel) Q.S.C (“Ooredoo”)
(MM) 9. Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (MTel)
10. Telenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile
TechSpace Journal

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်

၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။
အောင်ခမ်း (TSJ team)

မြန်မာဘာသာဖြင့် မီးလျှံမြေခွေး Browser ထွက်ရှိလာပါပြီ

မြန်မာစာဟာာ Google inc အမှုဆောင် ဥဏ္ဍဌ ဖြစ်တဲ့ Eric Schmidt လာပြီးနောက်ပိုင်း အတော်လေး အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ယခုလည်း Firefox ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်လို့...စမ်းသပ်ကြပါလို့ တိုက်တွန်းရင်း ....

http://www.mozilla.org/en-US/firefox/all-aurora.html

ီDirect ဒေါင်းချင်ရင်တော့ အောက်က Link တွေမှာ ဒေါင်းကြပါ

window အတွက်

http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.win32.installer.exe

mac အတွက်

http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.mac.dmg

linux အတွက်

http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.linux-i686.tar.bz2

ှsource : Cho Lay
Post by : Villager Myanmar

မောင်းသူမဲ့ လေယာဉ်အား လေဆာဖြင့် ပစ်ချပြခဲ့သည့် အမေရိကန်ရေတပ်(ရုပ်/သံ)

ကြားလိုက်ရတာတော့ ခေတ်ရှေ့ပြေး သိပ္ပံရုပ်ရှင် ဆန်ဆန်ပါပဲ။ ဒါပေမယ့် လေဆာတွေဟာ အနာဂတ်ရဲ့ လက်နက်တွေဆိုတာ ငြင်းလို့ မရတော့ပါဘူး။ မောင်းသူမဲ့ လေယာဉ်တွေ (Drones) ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆိုရင် အနာဂတ်ရဲ့ အဓိက စစ်လက်နက်ပစ္စည်း ၂ ခုကို ထိပ်တိုက်တွေ့ပေးလိုက်ရင် ဘာဖြစ်လာမလဲ။ စိတ်မကောင်းစရာပါပဲ။ ယခု ပြိုင်ပွဲမှာတော့ drone ဟာ မရှုမလှ ရှုံးသွားရပါတယ်။ အမေရိကန်စစ်တပ်ဟာ လေဆာတွေကို စစ်လက်နက်အဖြစ် စမ်းသပ်နေတာ အချိန်အတန် ကြာနေပါပြီ။ လေတပ်ကလည်း အနာဂတ်မှာ ယင်းတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲလေယာဉ်မှာ လေဆာလက်နက်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ထားသလို မောင်းသူမဲ့ လေယာဉ်တွေအတွက် လောင်စာအဖြစ်လည်း အသုံးပြုဖို့ စမ်းသပ်နေပါတယ်။ ဒါဆိုရင် ရေတပ်ကကော။ အမေရိကန် ရေတပ်ကတော့ လေဆာလက်နက် စမ်းသပ်မှုအပိုင်းတွင် ဦးဆောင်နေပြီး ယင်းတို့၏ Laser Weapons System (LaWS) ဟာ အတော်လေးကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ယခု ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဟာ ယခင်တွေ့ဖူးသမျှ စမ်းသပ်မှုတွေထဲမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလို့ ပြောလို့ရတဲ့ပြီး လေဆာ ၆ ခုကို ပေါင်းစပ်ပြီး လွန်စွာမှ တိကျပြီးပြင်းထန်တဲ့ လေဆာလက်နက်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်တိုင်ပဲ အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုပြီး ဆုံးဖြတ်ကြပါ။
Myawady News

မြန်မာလူကြီးအများစုနှင့် မအပ်စပ်သေးသည့် i မျိုးနွယ်စုများ

8 Apr, 2013Apple မှ ထုတ်ကုန်တစ်ခု ဖြစ်သည့် iOS အား ပြည်တွင်း၌ အသုံးပြုရန်အတွက် အခက်အခဲများ ရှိနေသည် ကိုတွေ့ရသည်။

ဈေးနှုန်းပိုင်းအရ iOS နှင့် Android မှာ ကွာခြားခြင်းမရှိသော်လည်း သုံးစွဲမှုကဏ္ဍတွင် ကွာခြားချက်များစွာ ရှိနေပြီး ဒီဇိုင်းအပိုင်း၌လည်း အပြိုင်အဆိုင်ကောင်းမွန်အောင် ထုတ်လုပ်နေသည်ကိုတွေ့ရသည်။

iOS  ကိုအသုံးပြုထားသည့် ဖုန်းများမှာ Screen Display ပိုင်းတွင် ကောင်းမွန်သော်လည်း အင်တာနက် ချိတ်ဆက်ပြီးမှသာ အသုံးပြုရသော Application , Games များကြောင့် မြန်မာနိုင်ငံတွင် အသုံးပြုရန်မှာ အခက်အခဲ အနည်းငယ်ရှိနေသည် ကိုတွေ့ရသည်။


Android ဖုန်းများသည် လူကြီး၊ လူငယ်မရွေး အသုံးပြုနိုင်သည့် OS တစ်မျိုးဖြစ်ပြီး လူကြီးပိုင်းတွင် အသုံးပြုရန် အခက်အခဲ အနည်းငယ် ရှိနိုင်သော်လည်း  အသုံးပြုသည့် Application , Games များမှာလည်း iOS ကဲ့သို့ အင်တာနက်ဖြင့်ချိတ်ဆက်ရန် မလိုသဖြင့် ပြည်တွင်း၌ အဆင်ပြေကြောင်း တွေ့ရသည်။

Android ကို အသုံးပြုထားသည့် ဖုန်းများသည် မိမိ ၏ Android Version ကို နောက်ဆုံးပေါ် Version အဖြစ် မြှင့်တင်ရာတွင် ဖုန်း၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်ကို တစ်စုံတစ်ရာ ထိခိုက်မှုများ ရှိသည်ကို သတိ ထားသင့်ပါသည်။

၂၀၁၁ ခုနစ် မှစ၍ Smart Phone ဈေးကွက်ကို ချုပ်ကိုင်နိုင်ရန်အတွက် Android ,iOS , Window အစရှိသည့် Mobile OS များသည်လည်း အပြိုင်အဆိုင် နည်းပညာများကိုထုတ်လုပ်ခဲ့သည့်အတွက် ဈေးကွက်တွင် ရောင်း အား ကောင်းခဲ့သည်ကို တွေ့ရသည်။

အသက်အရွယ်အလိုက် Smart Phone အမျိုးအစားပေါ် စိတ်ဝင်စားမှု ကွာခြားသည်ကို တွေ့ရသည် ။ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး Mobile OS သည် Android ဖြစ်နေသည်ကိုတွေ့ရှိရသည်။ လူ(၁၀) ဦးခန့် တွင် (၇)ဦး ခန့် မှာ Android ကို အသုံးပြုသည်ကို တွေ့ရသည်။

လက်ရှိတွင် မြန်မာပြည်ဈေးကွက်၌ Apple မှ ထုတ်ကုန်တစ်ခု ဖြစ်သည့် iOS အမျိုးအစားများ အပါအ၀င်၊ Android မိုဘိုင်းများနှင့် တက်ပလက်များ နေရာဦးထားပြီးဖြစ်သော်လည်း လူအများစုမှာ တန်ဖိုးနည်း၍ လိုင်းဆွဲအားကောင်းသည့် မိုဘိုင်းဟန်းဆက်များကိုသာ အားပြုကိုင်ဆောင်နေဆဲရှိသေးသည်။
အောင်ပြည့်ဖြိုးကျော် (မြစ်မခ)
Myit Makha Mediagroup

Facebook home က Windows Phone OS ကိုကော်ပီ

Windows Phone OS မှာ Vice President ကိုယ်တိုင် ပြောတဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ Facebook ကမိတ်ဆက်ပေးလိုက်တဲ့ Android မိုဘိုင်း အတွက် Facebook Home ဟာ Microsoft ရဲ့  Windows Phone ကိုပဲ ပြန် ကော်ပီကူးထားတယ်လို့ တပ်အပ် ဝေဖန်လိုက်ခြင်း ဖြစ်ပါတယ်။

Home က “people-centric” overlay ဒီဇိုင်းကိုပဲ အခြေခံပြီး ယူတဲ့ အတွက် လွန်ခဲ့တဲ့ လေးနှစ်က Microsoft တို့ ချပြခဲ့တဲ့ နည်းပညာနဲ့ တစ်ထပ်တည်းကျနေတယ်လို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Microsoft ဟာ Facebook ကိုတောင် တရားစွဲနိုင်တဲ့ အနေအထား တစ်ခုမှာရှိကြောင်း ခန့်မှန်းပြောဆိုခဲ့ကြ ပါတယ်။ Microsoft မှ ပြောဆိုဝေဖန်မှုကို Facebook မှ တုန့်ပြန်ပြောဆိုမှု မရှိသေးကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)

ကျပ်(၁)သောင်းဆောင်ရင် CDMA ဖုန်း အင်တာနက်ရမည်

(6.4.2013, Saturday)
ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည်မဟုတ်ဘဲသီးခြားလျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုး မဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူကမှတ်ချက်ပြုသည်။မိုဘိုင်းဖုန်း သုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက် အင်တာနက်တပ်ဆင်ခကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင် အသုံးပြုခွင့်ပြုထားရာ လူတစ်ဦးချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့်တက်လာကြောင်း သတင်းရရှိသည်။ SkyNet TV Browser

GSM ဆင်းမ်ကတ် လာမယ် ကြာမယ်


လက်ကိုင်ဖုန်း ဆင်းမ်ကတ် တကတ်ကို ကျပ် ၁၅၀၀ နဲ့ ဧပြီ ၂၄ က စလို့ ရောင်းပေးမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာလိုက်ပေမယ့် စီဒီအမ်အေ နည်းပညာသုံး ကတ်တွေသာ ဖြစ်ပြီး၊ ဂျီအက်စ်အမ် ဆင်းမ်ကတ်တွေ မဟုတ်သေးတာ ဘာကြောင့်ပါလဲ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းလ် အင်ဂျင်နီယာချုပ်နဲ့ မေးမြန်းလို့ ရန်ကုန် ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်က သတင်းပေးပို့ ထားပါတယ်။
BBC Burmese

Nick D'Aloisio ရဲ့ app ဖြစ်တဲ့ Summly ကို Yahoo က ဒေါ်လာ သန်း ၃၀နဲ့ ၀ယ်ယူ(ရုပ်/သံ)

၁၇ နှစ်အရွယ် အထက်တန်းကျောင်းမှာ တက်ရောက်နေဆဲ Nick D'Aloisio ရဲ့ app ဖြစ်တဲ့ Summly ကို Yahoo က ဒေါ်လာ သန်း ၃၀နဲ့ ၀ယ်ယူလိုက် ပါတယ်။ Nick ဟာ IT ပညာရှကင်တွေထဲမှာတော့ အသက်အငယ်ဆုံးလို့ သတ်မှတ်ရမှာဖြစ်ပါ။

Facebook ဖုန်း ဖြစ်နိုင်သည့် HTC ဟန်းဆက်ဓာတ်ပုံ ပေါ်ထွက်လာ

Friday, 05 April 2013
Facebookဖုန်းဟု ယူဆရသည့် HTC မိုဘိုင်းလ်ဖုန်း ဟန်းဆက် တစ်မျိုး၏ ဓာတ်ပုံသည် Onlineတွင် စတင် ထွက်ပေါ်လာခဲ့သည်။ Mystဟု HTCက အမည်ပေးထားသည့် ဖုန်းမော်ဒယ်လ်သစ် တစ်ခုကို လတ်တလောတွင် စမ်းသပ်နေဆဲ ဖြစ်ပြီး ကြာသပတေးနေ့တွင် ဆီလီကွန်တောင်ကြား၌ Facebook ဝက်ဘ်ဆိုက် တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်က ယင်းဖုန်း အသစ်ကို မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

HTCနှင့် Facebookတို့ ပူးပေါင်း ဖန်တီးမည့် အဆိုပါဖုန်းသည် Home Buttonကို Apple၏ iPhoneနှင့် ဆင်တူအောင် ဖွဲ့စည်းလာခဲ့ပြီး Facebook အသုံးပြုရန်အတွက် သီးခြားခလုတ်အဖြစ် အသုံးပြုလာဖွယ်ရှိနေကြောင်း သိရသည်။
Planet Myanmar Network

Facebook သည် ၎င်း၏ မိုဘိုင်းဖုန်း software ကို အသွင်သစ် ဖြင့် အသုံးပြုနိုင်ရန် အတွက် မိတ်ဆက်ပေးခဲ့


နာမည်ကျော် လူမှုရေး ကွန်ရက်ဖြစ်သည့် Facebook သည် ၎င်း၏ မိုဘိုင်းဖုန်း software ကို အသွင်သစ် ဖြင့် အသုံးပြုနိုင်ရန် အတွက် မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ Home စနစ်ပါဝင်သည့် ပထမဦးဆုံး ဖုန်းကို HTC မှ ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။



Android အတွက် မိတ်ဆက်ပေးခဲ့သည့် Facebook Home သည် app များ၏ ပင်မ app တစ်ခုဖြစ်ပြီး ၎င်းကို လူမှုရေး ကွန်ရက်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ Social network ၏ app များ ပါဝင်သော Facebook Home သည် Android ဖုန်း၏ home ဖြစ်လာမည် ဖြစ်သည်။ ထို့အတွက် Android ဖုန်း၏ home screen မှာ Cover Feed အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပြီး ၎င်းမှာ ဖုန်းအတွက် News Feed ဗားရှင်းကို အမြင်ဆန်းသစ်စွာဖြင့် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Home တွင် အပြစ်အနာအဆာ ကင်းသည့် messaging ဗားရှင်း၊ Facebook မှ တီထွင်ဖန်တီးထားသည့် Chat Heads feature နှင့် သူငယ်ချင်း၏ ဓာတ်ပုံများ ပါဝင်သော အရောင်အသွေး အစုံအလင်နှင့် ဖော်ပြမည့် notification တို့လည်း ပါဝင် မည်ဖြစ်သည်။

Facebook အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mark Zuckerberg က မိမိတို့ အနေဖြင့် ဖုန်းတစ်လုံးနှင့် operating system တစ်ခုတို့ကို တည်ဆောက်ခြင်း မဟုတ်ကြောင်း၊ သာမန် app ထက် ပိုမိုပြည့်စုံသည့် အရာတစ်ခုကိုသာ တည်ဆောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: CNET, Internet Journal

မြန်မာစာအသုံးပြုထားသည့် Google Home Page စတင်သုံးစွဲနိုင်


အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုဒ်စံများနှင့် ကိုက်ညီသော Myanmar 3 Font (MM3) မြန်မာစာကို အသုံးပြုထားသည့် Google Home Page အသစ်တစ်ခုကို ယနေ့မှစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း Google မှသတင်းထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Googe စာမျက်နှာတွင် မြန်မာဘာသာကိုအသုံးပြုကာ ရှာဖွေမှုများပြုလုပ်လိုသူများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ပိုင် Home Page တစ်ခုကို စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

အမေရိကန် ထိပ်တန်းကုမ္ပဏီဖြစ်သော Googe ကုမ္ပဏီ၏ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမှုများ သည် ယင်းလုပ်ငန်းစု၏ အကြီးအကဲဖြစ်သူ မစ္စတာ အဲရစ်ရှမစ် ပြည်တွင်းသို့ လာရောက်ပြီးရက်သတ္တပတ်နှစ် ပတ်ကျော်အကြာတွင်ဖြစ်သည်။ နိုင်ငံအတွင်း မြန်မာဘာသာစကား အသုံးပြုသူ သန်းလေးဆယ်ကျော်ရှိသော်လည်း အင်တာနက်အသုံးပြုသူ တစ်သန်းမျှသာရှိသေးသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ Google Search ပေါ်တွင် ထောက်ပံ့မှုများပေး ခြင်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

အထက်ပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံသားများနှင့် မြန်မာဘာသာပြောကြားသူများအနေဖြင့် အင်တာ နက်စာမျက်နှာပေါ်တွင် အသုံးဝင်သည့်အချက်အလက်များရှာဖွေခြင်း၊ တကမ္ဘာလုံးအတိုင်းအတာသို့ ဝေမျှ ဖြန့် ဝေလိုသည့်အချက်အလက်များကို ဖန်တီးမှုပြုလုပ်နိုင်ခြင်းများကို ပြုလုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အ တွက်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကို အသုံးပြုနိုင်သည့်အပြင် Google ကုမ္ပဏီက တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားများဖြစ်သည့် မွန်၊ က ရင်၊ ကယား၊ ပလောင်၊ ရှမ်းနှင့်  ပါဠိ ဘာသာ စကားများကိုပါ ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် Google က ယူနီကုဒ် ကီးဘုတ်မရှိသူများအနေဖြင့် virtual keyboard ကို အစားထိုးအသုံးပြုနိုင်ရန် အတွက် search box တွင်ထည့်သွင်းပေးထားသည်။

ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါအမေရိကန် ကုမ္ပ ဏီ ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသောကူညီ ပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။ Google အနေဖြင့် www.google.com.mm ဟူသည့်မြန်မာဒိုမိန်းနှင့် ဝဘ်ဆိုက်ကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် က စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့၏ Google Play ဝန်ဆောင်မှုကိုလည်း ပြည် တွင်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။
7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com