http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မှိုတစ်မျိုးအား စားမိရာ ၈ဦး အဆိပ်သင့်ရာမှ ၂ဦးသေဆုံး

Tuesday, May 07, 2013
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲ၊ မိုင်းပါလျှိုးအုပ်စု၊ ၀မ်ပုံကျေးရွာသား(၈)ဦးသည် ကျေးရွာမှ(၅)မိုင်ဝေးသော တောတွင်းသို့ လက်ဖက်ခူးသွားရာမှ ဒေသထွက်မှိုများတွေ့ရှိသဖြင့် ခူးယူချက်ပြုတ်စားသောက်ရာ စားသုံးသူ(၈)ဦးလုံး မှိုအဆိပ်သင့်ပြီး (၂)ဦးမှာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆေးကုသနေစဉ်အတွင်း မေလ(၅)ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ(၂)ဦးမှာ မှိုစားသုံးပြီး ခေါင်းမူးလာသဖြင့် ဖြေဆေးသောက်ခဲ့ကြောင်း၊ ကျန်(၆)ဦးမှာ မည်သည့်ဆေးမှ စားသုံးခြင်းမရှိဘဲ စားသုံးသော အဆိပ်သင့်မှိုများကို အချိန်မှီ အန်ချနိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရတာဖြစ်ကြောင်းသိရသည်။၊ သေဆုံးသူ(၂)ဦးမှာ ဖြေဆေးသောက်ထားသဖြင့် မအန်နိုင်ဘဲ ခန္ဓာကိုယ်အတွင်း မှိုအဆိပ်သင့်ခြင်း၊ တောတွင်းမှကျေးရွာသို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ (၅)ရက်နောက်ကျပြီးမှ ရောက်ရှိလာသည့်အတွက် ဆေးဝါးကုသရန် အချိန်နောက်ကျသွားတာကြောင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သူ(၂)ဦးအား တာချီလိတ်မြို့၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းမှ ဦးဆောင်ပြီး တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ထားရှိကာ (၆-၅-၂၀၁၃)ရက်နေ့တွင် မြို့မသုဿန်သို့ ပို့ဆောင် သဂြိုဟ်ပေးခဲ့ကြသည်။

အဆိုပါနာရေးသို့ တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်ကော်မတီဝင် ဦးစိုင်းမိုင်၊ ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ ၊မြို့နယ်ပါတီကော်မတီဝင်များဖြစ်သည့် ဦးစိုင်းလုံထီး၊ ဦးစိုင်းလုံ၊ ဦးအောင်ဝင်း၊ ဦးကျော်ငြိမ်းအောင် တို့မှ နံနက်(၁၀)နာရီတွင် သွားရောက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း မိသားစုမှ နာရေးကူညီငွေ တစ်ဦးလျှင် (၁၅၀၀၀ိ/-)ဖြင့် (၃၀၀၀၀ိ/-)၊ ခရိုင်/မြို့နယ်ပါတီမှ နာရေးကူညီငွေ တစ်ဦးလျှင် (၅၀၀-ဘတ်)ဖြင့် (၁၀၀၀-ဘတ်)တို့ကို ထည့်ဝင်ပေးခြင်း မိသားစုများဖြင့်တွေ့ဆုံကာ အားပေးစကားပြော ကြားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနာရေးတွင်လည်း လူမှုကူညီရေးအသင်း ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ဒု-ဥက္ကဌ ဦးဘိုစံ၊ ကော်မတီဝင် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးသောင်းထိန်စိုး နှင့် ရွှေတာချီခရီးသွားလုပ်ငန်း အသင်းသား(၁၀၀)ဦးတို့မှ နာရေးလိုက်ပါပို့ဆောင်ခြင်း၊ နာရေးကူညီငွေ တစ်ဦးလျှင်(၁၀၀၀-ဘတ်)ဖြင့် (၂၀၀၀-ဘတ်)ထည့် ၀င်ခြင်းများပြုလုပ်ခဲ့ကြပြီး မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း အနေဖြင့် သေဆုံးသူများအား ဆေးရုံမှ မြေချသည့်အထိအစစ အရာရာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သာစည်မျိုးသန့်
Tachileik Online News







တရုတ်နိုင်ငံအတွင်း မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု

မေလ ၇ ရက်
၂၀၁၃ ယခုနှစ် အေပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ အေပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူအတုပြုလုပ်သည့်စက် (၇)လုံး၊ မြန်မာငွေ အတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။ ငွေစက္ကူအတုပြုလုပ်သူများအနေဖြင့် စုစုပေါင်း ငွေစက္ကူအတု(၂၀)ကုဋေဖိုး ထုတ်လုပ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ငွေစက္ကူအတုမှာ (၁၃)ကုဋေခန့်သာ ရှိသေး သဖြင့် (၇)ကုဋေခန့်မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း တရားခံများက ထွက်ဆိုခဲ့သည်။

ဖမ်းဆီးရမိခဲ့သော တရားခံများတွင် KIO အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်လျက် ရှိကြောင်း သိရှိရပြီး ယခုအခါ လိုင်ဇာရှိ ၎င်းတို့၏အိမ်နှင့် ပိုင်ဆိုင်မှုလုပ်ငန်းအချို့အား KIO မှ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း သိရှိရသည်။ ယခုအခါ တရုတ်နိုင်ငံမှာ ပြုလုပ်သည့် မြန်မာကျပ်ငွေ (၅၀၀၀)တန်နှင့် (၁၀၀၀၀)တန်အတုအချို့ မြန်မာငွေကြေးဈေးကွက်အတွင်း လည်ပတ်နေသည်ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံ ငွေကြေးဈေးကွက်ကို မထိခိုက်နိုင်ကြောင်း မြန်မာ့စီးပွားဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ငွေတုပြုလုပ်သူများအနေဖြင့် ၎င်းငွေကြေးများအား ကျောက်စိမ်းနှင့် သစ်များဝယ်ယူရာတွင် အသုံးပြုလျက် ရှိသည်။ ငွေစက္ကူအတုများအနေဖြင့် သေသေချာချာကြည့်ရှုပါက အတုနှင့်အစစ်ခွဲရ လွယ်ကူကြောင်း သိရှိရပြီး ငွေအတုနှင့်အစစ်ခွဲခြားပုံအား နိုင်ငံပိုင်သတင်းစာများတွင်လည်း သတိပေးဖော်ပြခဲ့သည်။

ကိုချို(ရွှေလီ)

ref Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြိုတွင်ဖမ်းဆီးရမိခဲ့သော မြန်မာငွေစက္ကူအတုများ ထုတ်လုပ်ရာတွင်အသုံးပြုခဲ့သောပုံနိပ်စက်များ
Today Myanmar





မြန်မာသံစဉ် အဆိုတော်သစ်များ အလင်္ကာဝတ်ရည် ဖိတ်ခေါ်

May 7, 2013
အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့က ဦးစီးကျင်းပသည့် မြန်မာသံစဉ် စင်တင်ဖျော်ဖြေပွဲပွဲ တစ်ခုတွင် ဖျော်ဖြေနေသော အဆိုတော် ဖိုးသောကြာကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာသံစဉ် တေးသီချင်းများကို အစဉ်အစိုက် တီးခတ်ဖျော်ဖြေထိန်းသိမ်းလျက်ရှိသည့် အလင်္ကာ ဝတ်ရည် ဂီတအဖွဲ့က  မြန်မာသံစဉ် တေးသီချင်းများသီဆိုနိုင်မည့် အဆိုတော်သစ်များကို ဖိတ်ခေါ်ပါကြောင်း အလင်္ကာဝတ်ရည်၏အဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်အေးက ပြောသည်။

အလင်္ကာဝတ်ရည်ဂီတအဖွဲ့က  နှစ်စဉ် မြန်မာသံစဉ် တေးသီချင်း အသစ် ၅၀ ခန့် ရေးသားရိုက်ကူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်လျက်ရှိရာ အဆိုပါအစီအစဉ်အတွက် မြန်မာသံစဉ် တေးသံရှင် အသစ်များ ဖိတ်ခေါ်ခြင်းရှိကြောင်း သိရှိရသည်။

“မြန်မာ့အသံနဲ့ရုပ်မြင်သံကြား မှာ ဗုဒ္ဓဟူးနေ့တိုင်းလွှင့်နေတဲ့ မြန်မာသံစဉ် သီချင်း အစီအစဉ်အတွက် အဆိုတော်တွေကို ဖိတ်ခေါ်နေတာပါ။ နှစ်စဉ်နှစ်တိုင်း တနှစ်စာ မြန်မာသံစဉ် သီချင်းသစ် အပုဒ်  ၅၀ လောက် သွင်းတယ်၊ ရိုက်တယ်၊ လွှင့်တယ်ပေါ့။ အခု သီချင်းအသစ် ၄၈ ပုဒ်သွင်းနေတယ်။ အလင်္ကာဝတ်ရည် ပင်တိုင်အဆိုရှင် တွေအပြင် သဲနုဝါ၊ စိမ့်နေခြည်၊ ဗညားဟန်၊ ရဲရင့်ဝေလွင်တို့ဆိုထားကြတယ်၊ မြန်မာသံ ပိုင်နိုင်ပြီး အလင်္ကာဝတ်ရည်နဲ့လက်တွဲချင်တဲ့ တေးသံရှင်တွေကို ကြိုဆိုပါတယ်” ဟု ဦးမောင်မောင်အေး က ဆိုသည်။

အလင်္ကာဝတ်ရည်ဂီတအဖွဲ့နှင့်တွဲဖက်ပြီး မြန်မာသံစဉ် သီချင်းများ သီဆိုနေသည့် အဆိုတော် စိမ့်နေခြည်က- ”ကျမ ဆိုရမှာသီချင်းသစ် ၃ပုဒ်ပါ။ ဦးမောင်မောင်အေးရေးပေးတယ်။ သီချင်းတွေက အားလုံး တကယ့်ကို မြန်မာသံစစ်စစ် တွေချည်းပဲ၊ ကျမကတော့ သီချင်း အေးအေးတွေသိပ်မကြိုက်ဘူး၊ နည်းနည်းမြူးတာလေးတွေ ရေးပေးပါဆိုတော့ လှေကလေးကိုလှော်မည် သီချင်းလိုမျိုး သီချင်းအမြူး ပုံစံမျိုး လေးတွေ ပေးထားပါတယ်။ မြန်မာသံစဉ်စစ်စစ်တွေကို အခုလို ဆက်ပြီးထိန်းထားနိုင်တာ ကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အလင်္ကာဝတ်ရည်ဂီတအဖွဲ့က မြန်မာသံစဉ် အဆိုတော်သစ်များ ဖိတ်ခေါ်ရခြင်းမှာ  မြန်မာသံစဉ်ကို ပိုင်နိုင်သော အဆိုတော်သစ်များ ပေါ်ထွန်းရန် ရည်ရွယ်ပြီး အထူးသဖြင့် အစိုးရက ကြီးမှူးကျင်းပသည့် ဆိုကရေးတီးပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိသူများကိုစံထား၍ရွေးချယ်ကြောင်း ပြောသည်။

မြန်မာသံစဉ် အဆိုတော်သစ်တဦးဖြစ်သူ တေးသံရှင် ရဲရင့်ဝေလွင့်ကလည်း ခေတ်ပေါ် တေးဂီတ ကျယ်ပြန့် ထွန်းကားနေချိန် မြန်မာသံစဉ်တေးသီချင်များကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ သူ့အနေဖြင့် မြန်မာသံစဉ် သီချင်းသစ်များကို အလင်္ကာဝတ်ရည်ဂီတအဖွဲ့နှင့်တွဲဖက်သီဆိုလျက်ရှိကြောင်း ပြောသည်။

“မြန်မာသံစဉ်က ဘယ်တော့မှပျောက်မသွားဘူး၊ လက်ဆင့် ကမ်းသယ်လာရတဲ့ အတွက် ဝမ်းသာတယ်။ အလင်္ကာဝတ်ရည် အဖွဲ့က သီချင်းအသစ်တွေ အဆက်မပြတ်အောင်လုပ်ပေးတယ်။ ကျမတို့က လည်းဝင်ပြီးဆိုပေးခွင့်ရလို့ဝမ်းသာပါတယ်” ဟု အဆိုတော် ရဲရင့်လွင်က ဆိုသည်။

မြန်မာအသံနှင့်ရုပ်မြင်သံကြားက မြန်မာသံစဉ် သီချင်းသစ် အသံသွင်း၊ ရိုက်ကူး၊ ထုတ်လွှင့်ရန်အတွက် အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့ကိုဖိတ်ခေါ်ခဲ့ပြီး လာမည့် ဇွန်လမှ သြဂုတ်လအထိ သီချင်းသစ် အသံသွင်း ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် တေးသရုပ်ဖော်များ ရိုက်ကူး မည်ဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလမှ ၂၀၁၄ ဇွန်လ အထိမြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း၊ မြန်မာသံစဉ် တေးသီချင်းသစ်အစီအစဉ်ကို မြန်မာအသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့သည်မှာ ၄ နှစ်တိတိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
နဒီထိုက်
The Irrawaddy (Burmese Version)

မေလအတွင်းထွက်လာမယ့် Rဇာနည် ရဲ့ အဆိပ်တက် အိပ်မက်ဗီစီဒီ

သင်္ကြန်တွင်းကို မန္တလေး Alpine မှာ ဖြတ်သန်းခဲ့တဲ့ Rဇာနည် က သင်္ကြန်အပြီးမှာလည်း မနားရဘဲ ရှိုးတွေ လိုက်ဆိုဖြစ်နေပါတယ်။ Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက်တေးစီးရီး ဗီစီဒီကိုလည်း မေလထဲမှာ ထွက်မယ်လို့သိရပါတယ်။ ထိုင်းကို ရှိုးပွဲတွေ တောက်လျှောက်လိုသွားဆိုဖြစ်နေတဲ့ Rဇာနည်ကို ထိုင်းမှာ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဘယ်လို
အနေအထားမျိုးရှိလဲလို့မေးတော့" ထိုင်းဘက်ကိုတော့ ဟိုးလွန်ခဲ့တဲ့ ၅နှစ်၊ ၆နှစ်ဝန်းကျင်ကတည်းက တောက်လျှောက်လိုသွားဖြစ်တယ်။ အရင်ကတော့ ပွဲစီစဉ်သူမြန်မာတွေက အဲဒီက မြန်မာအလုပ်သမားတွေအတွက် စပြီးလုပ်ပေးတယ်။ အဲဒါနဲ့ နောက်ပိုင်းထိုင်းက စီစဉ်သူတွေပါလုပ်လာကြရင်း တောက်လျှောက်ဖြစ်လာတာ။

အဲဒီမှာအလုပ်သမားတွေလည်း များတော့ ဖျော်ဖြေပွဲမှာ သူတို့အတွက် လုံခြုံရေးကို အပြည့်အဝတာဝန် ယူပေးထားရင်တော့ အဆင်ပြေတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အဆင်မပြေဘူး။ ပွဲလုပ်တဲ့သူလည်း ရှုံးတယ်။ သေချာစီစဉ်ထားရင်တော့ အဆင်ပြေပါတယ်။ အဲဒီမှာဖျော်ဖြေတဲ့ပွဲတွေမှာက သေချာ စီစဉ်ထားသင့်ပါတယ်" လို့ ထိုင်းဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။ပြည်ပရှိုးတွေသွားတဲ့အခါ ကိုယ့်ဝိုင်းနဲ့ ကိုယ်သွားဖို့ပဲ ပြောလေ့ရှိသလားဆိုတာကိုမေးတော့" မသိတဲ့ဝိုင်းတွေနဲ့ဆိုရင် သီချင်းတိုက်ဖို့က အချိန်လည်းကြာမှာစိုးလို့ပါ။ ဒီမှာဆိုနေကျဝိုင်းကျတော့ အဆင်ပြေတာပေါ့။

တစ်ဝိုင်းတည်းကို ရွေးခေါ်တာမျိုးလည်း မဟုတ်ဘူး။ အဆင်ပြေတဲ့ဝိုင်းနဲ့သွားတာပေါ့။ တီးဝိုင်းနဲ့ စကားပြောဖြစ်တဲ့အခါကျတော့လည်း တီးဝိုင်းကနေ ကျွန်တော်တို့ကို ပြန်ချိတ်ပေးတယ်။ အဲဒီလိုပါပဲ" လို့ပြောပါတယ်။ ပွဲဆက်တွေလည်းများတဲ့ Rဇာနည်က မေလဆန်းထဲမှာလည်း ရက်ဆက်ဆိုသလို ပြည်တွင်းပွဲရော၊ ပြည်ပပွဲမှာပါ ဆက်တိုက်လို ဆက်နေပါတယ်။ အလုပ်များတဲ့ Rဇာနည်အတွက် မန်နေဂျာတစ်ယောက်လောက် မလိုဘူးလား ဆိုတော့ လောလောဆယ်တော့မလိုသေးပါဘူးလို့ပြောပြီးသူရဲ့ဇနီးဝမ်းကပဲတချို့ကိစ္စတွေကိုစီစဉ်ပေးပါတယ် ဆိုတာလည်းသိရပါတယ်။ Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက် ဗီစီဒီကိုလည်း ဒီမေလထဲမှာပဲ ထွက်ဖို့ရှိနေပြီး လတ်တလောမှာတော့ ရှိုးပွဲတွေနဲ့ပဲ အလုပ်များနေတယ်ဆိုတာကိုလည်း သိရပါတယ်။
ရဲရဲ
Popular Journal

ဆိုက်ရောက်ဗီဇာ ခရီးသွားများတွင် ဂျပန်နိုင်ငံမှ အများဆုံးဖြစ်

ရန်ကုန်လေဆိပ်သို့ ၀င်ရောက်လာသော ခရီးသွားများအား တွေ့ရစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Tuesday, 07 May 2013
ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့သည့် ၁၁ လတာ ကာလအတွင်း ဂျပန်နိုင်ငံမှ စီးပွားရေးအရ လာရောက်သည့် ခရီးသွား အများဆုံးဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ဌာနမှ သတင်းရရှိသည်။

''ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ချိန်ကစပြီး ၂၀၁၃ မေလ ၅ ရက်နေ့အထိ ခရီးသွား နှစ်သောင်းခြောက်ထောင်ကျော် ၀င်ရောက်ခဲ့ရာမှာ ဂျပန်နိုင်ငံက အများဆုံး လာရောက်တာ ဖြစ်ပါတယ်'' ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပေးဆပ်ရမည့် ချေးငွေများအား လျော်ပေးခဲ့သည့်အပြင် အိုဒီအေချေးငွေများ ထပ်မံပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြား မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

မြန်မာအစိုးရ အနေဖြင့် ၂၀၁၂ခုနှစ်၊ ဇွန် ၁ ရက်မှ စ၍ အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ခရီးသွားများအား လုပ်ငန်းဗီဇာဖြစ်သည့် စီးပွားရေး ဆိုက်ရောက်ဗီဇာအား ခွင့်ပြုပေးခဲ့သည်။

အဆိုပါ ဆိုက်ရောက်ဗီဇာအား ဗီဇာအမျိုးအစား သုံးမျိုးသတ်မှတ်ကာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ယင်းဗီဇာသုံးမျိုးမှာ လုပ်ငန်းဗီဇာ (Business Visa) အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ နှင့် ခွင့်ပြုရက်ပေါင်း ၇၀၊ စီးပွားရေးနှင့် ပတ်သက်သည့် အစည်းအဝေး အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ရန် အတွက် ပြည်ဝင်ဗီဇာ (Entry Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄၀ နှင့် ခွင့်ပြုရက်ပေါင်း ၂၈ ရက်၊ ရန်ကုန်လေဆိပ်သို့ နံနက်တွင် ရောက်ရှိ၍ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာရမည့် (Transit Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ၂၀ နှင့် ခွင့်ပြုချိန် ၂၄ နာရီ ဖြစ်သည်။

ယင်းပြင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပနိုင်ငံ အများစု အပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံအား စီးပွားရေး ဆိုက်ရောက်ဗီဇာ ထပ်မံခွင့်ပြုပေးခဲ့သည်။ ဆိုက်ရောက်ဗီဇာအား မြန်မာနိုင်ငံ၏ အဓိက ခရီးသွား ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ခွင့်ပြုပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၁၃ မေ ၅ ရက်အထိ စီးပွားရေး ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခဲ့သည့် ခရီးသည်မှာ ၃၁၈၀ ရှိခဲ့ သည်။ မြန်မာနိုင်ငံသို့ ယမန်နှစ်က နိုင်ငံခြား ခရီးသွားတစ်သန်းကျော် ၀င်ရောက်ခဲ့သည်။
Eleven Media Group

လေဘေးဒဏ်သင့် စစ်ပြေးဒုက္ခသည်စခန်းများ အရေးပေါ်အကူအညီ လိုအပ်နေ

လေပြင်းမုန်တိုင်းဒဏ်ပြင်း ထန်စွာခံစားခဲ့ရသော တရုတ်နိုင်ငံ နှင့် ထိစပ်လျက်ရှိသည့် ကချင်ပြည် နယ်မိုင်ဂျာယန်ဒေသရှိ စစ်ဘေး ရှောင်ဒုက္ခသည်စခန်း ၄ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန်အ ရေးပေါ် အကူအညီများလိုအပ် လျက်ရှိကြောင့် လူမှုရေးအဖွဲ့အ စည်းများထံမှ သတင်းရရှိသည်။

မေ၃ရက်တွင်တိုက်ခတ်ခဲ့ သော လေပြင်းမုန်တိုင်းကြောင့် မိုင်ဂျာယန်ဒေသရှိ စစ်ဘေးဒုက္ခသည် ၅၅၀၀ကျော်နေထိုင်သည့် အင် ခေါင်ဖါ၊ ဘွမ်ဆစ်ပါ၊ လနဇွတ်ရာ၊ ခခရဲ စသည့် ဒုက္ခသည်စခန်း ၄ခု တွင် သုံးပုံနှစ်ပုံခန့်ရှိကြောင်း သတင်းရရှိသည်။

“အရေးကြီးတာက ၀ါးတွေ၊ သွပ်မိုးတွေ၊ ရွက်ဖျင်တဲ၊ သွပ်နန်း ကြိုးတွေလိုတယ်။ လေပြင်းနဲ့ပါ သွားတော့ဘာမှသိပ်မရလိုက်ဘူး။ ဗန်းမော်-လွယ်ဂျယ်လမ်းကနေ သွားဖို့စီစဉ်နေပါတယ်။ လမ်းတွေ ကလည်း ဆိုးတဲ့နေရာဖြစ်တယ်”ဟု ကချင်နှစ်ခြင်းဗန်းမော်ဇုံနယ်အတွင်းရေးမှူး ဦးတူးဂျာကပြောသည်။

အဓိက လိုအပ်နေသည်မှာ သောက်သုံးရေဖြစ်ပြီး ဆေးဝါးနှင့် အမိုးအကာများလည်း မိုးတွင်းမရောက်မီ အလုံအလောက်ရရှိရန်လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းများစောင့်ရှောက်ရေးကော်မတီ (ကချင်နှစ်ချင်းအသင်းတော်) ဒုတိယတာဝန်ခံ ဦးကွမ်ရှောင်က ပြောကြားသည်။

ကချင်နှစ်ခြင်းအသင်းတော် (KBC) ၏ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်က အကူအညီပေးရေးနှင့် ပတ်သက်၍ “ KBC ကလူအင်အားရှိပေမယ့် ငွေအင်အားသိပ်မရှိဘူး။ ဗန်းမော်ဇုန်နယ်ကသွားပြီး ကူ ညီနေတယ်။ နောက်တစ်ပတ်ဆိုရင် ကျွန်တော်တို့လည်း သွားမှာပါ။ အခု
အင်န်ဂျီအိုတွေရဲ့ အကူအညီကလည်း လျော့လာတော့ အခက်အခဲတွေရှိတယ်”ဟု ပြောတယ်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်းတစ်သိန်းခန့်ရှိနေသည်။
7Day News Journal

မိချောင်းကန်ပြည်သူများ တတိယအကြိမ်မြောက်လမ်းလျှောက်ဆန္ဒပြ

May 7, 2013
ခံခဲ့ရသော မိချောင်းကန် ၁၊ ၂၊ ၃ ပြည်သူများ၏ လမ်း လျှောက်ဆန္ဒပြပွဲတစ်ရပ် မေ ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်းတွင်ဖြစ်ပွားခဲ့သည်။

အဆိုပါပြည်သူများမှာ (၁၉၁၃)ခုနှစ်ကတည်းက နိုင်ငံ တော်ကို အခွန်ဆောင်ခဲ့သော ပိုင်ဆိုင်မှုအထောက်အထားများ ရှိသည့် ၎င်းတို့၏ ဘိုးဘွားပိုင် မြေယာများကို ၁၉၉၁ ခုနှစ်တွင် တပ်မ ၂၂ က နစ်နာကြေးတစ်စုံ တစ်ရာမပေးဘဲ သိမ်းယူခဲ့ခြင်း အတွက် နိုင်ငံတော်အဆင့် သက် ဆိုင်ရာဌာန (၁၄)ခုကို အသနားခံ စာများပေးပို့ခဲ့သော်လည်း မထူး ခြားသဖြင့် ယခုလို (၃)ကြိမ်တိုင် အောင် ပိုစတာများကိုင်ဆောင် ကာ တရားဝင်ခွင့်ပြုမိန့်ယူ၍ ဆန္ဒ ပြရခြင်းဖြစ်ကြောင်း သိရသည်။

ယခုလို ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ကျွန်တော်တို့ဟာ အဓမ္မအသိမ်း ခံခဲ့ရတဲ့ ကျွန်တော်တို့မြေ၊ ကျွန် တော်တို့ပြန်ရရင်တော်ပါပြီ။ ကျွန်တော်တို့မှာ ကော်မတီဖွဲ့ ထားပါတယ်။ အစိုးရက ဒီကော် မတီကို ခေါ်ယူဆွေးနွေးခြင်း လုံးဝမရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေလည်း မဟုတ် ဘူး။ ကျွန်တော်တို့အပေါ် စေတနာသန့်သန့်နဲ့ ကူညီနေတဲ့ အဖွဲ့ဆိုရင် ကိုထင်ကျော်တိုMDCFအဖွဲ့ပဲရှိပါတယ်။ လွှတ် တော်ကိုယ်စားလှယ်တစ်ယောက် ဆိုရင် စစ်တပ်က ကျွန်တော်တို့ မြေကို အငှားပြန်ချထားတဲ့ စိုက် ခင်းပိုင်ရှင်တွေဘက်ကနေ လိုက် ပြောပေးလို့ အဲဒီစိုက်ခင်းတွေ အငှားသက်တမ်းထပ်တိုးခွင့် တောင် ရထားတယ်လို့ ကြားပါ တယ်။ အခုအပိုင်း(၂)နဲ့ (၃)ကို စစ်တပ်က အုပ်တံတိုင်းတောင် ခတ်နေပါပြီ”ဟု ပြောသည်။
MDCF အဖွဲ့မှ ကိုထင် ကျော်ကို မေးမြန်းရာတွင် “သူတို့ မတရားသိမ်းထားတဲ့ မြေကိုသာ အုတ်တံတိုင်းခတ်လို့ရချင်ရမယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ စိတ် ဓာတ်ကိုတော့ အုပ်တံတိုင်းခတ် လို့မရပါဘူး။ ပြည်သူတွေက ဒီ မြေတွေကို ဥပဒေနဲ့အညီ မရ မချင်း ငြိမ်းချမ်းစွာ တိုက်ပွဲဝင် သွားမယ်လို့ သူတို့ဘုရားမှာ သူတို့ သစ်္စာဆိုထားကြပါတယ်”ဟု ပြော သည်။ ဆန္ဒပြပွဲကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းပြီး လူ ၁၀၀၀ ကျော်ပါဝင်ခဲ့ကြသည်။
ဇော်မြင့်
The Hot News

Miss International အတွက် ပြင်ဆင်နေတဲ့ မန္တလေးသူ ဂုဏ်ရည်အေးကျော်

နိုင်ငံခြားချန်နယ်တွေနဲ့ အစီစဉ်တချို့ရိုက်ကူးထားပြီး ပွဲတွေမှာအစီစဉ် တင်ဆက်သု အဖြစ်လုပ်ဖြစ်နေတဲ့ မန္တလေးသူ Miss Myanmar ဆုရှင် ဂုဏ်ရည်အေးကျော်က လတ်တ လောမှာ ထိုင်းသံရုံးကလုပ်တဲ့ ကိုရီးယားနဲ့မြန်မာလူမျိုး မင်္ဂလာဆောင်တဲ့ ပွဲမှာ အင်္ဂလိပ် စကားပြော အစီစဉ်တင်ဆက်သူအဖြစ်လုပ်ဖို့ရှိတယ်လို့ ပြောပြီး ရှိုးေ လျှာက်ဖို့ တော့ မရှိသေးဘူးလို့ပြောပါတယ်။အခုလထဲမှာ ချမ်းမြသုခလူမှု ကူညီရေးအသင်းကပေးတဲ့ အသင်းဝင်ထူးချွန်ဆုကိုလည်း ယူဖို့ရှိတယ်လို့ ပြောပါတယ်။

လတ်တလောမှာ Miss International အတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေတာကို ” ဒီတစ်နှစ်အတွင်းတော့ Miss International ကိုပဲ အာရုံစိုက်ပြီးလုပ်သွားမယ်။ ဆရာမတင်မိုးလွင်ဆီမှာ အနေအထိုင်၊အပြောအဆို Miss တစ်ယောက်ရဲ့ပြောဆိုပြုမူ နေထိုင်ပုံတွေ ကိုသင်တန်းစ ပေးနေပြီ။ နောက်ထပ် အင်္ဂလိပ် စာသင်တန်းထပ်တက်မယ်။ Body Training လည်း စလုပ်နေပြီ။

နည်းနည်းချင်းစီ တော်တော်များများလုပ်နေ ပါပြီ။ ဒီတစ်နှစ်တော့ ဒီပွဲ အတွက်ပဲ အာရုံစိုက်သွားမှာပါ။ ဒီပွဲပြီးသွားလို့ ပြန်လာရင်တော့ အနုပညာအလုပ်တွေကို ကိုယ် စွမ်းဥာဏ်စွမ်းရှိသလောက် လုပ်ဆောင်သွားမှာပါ။ ဒီပွဲမှာ Miss Internet ဆုအတွက် မြန်မာနိုင်ငံက ပရိသတ်ကြီးကို ယုံကြည်ပြီးသားပါ။ ဒီနှစ်မှာ မနှစ်ကထက်အချိန်ပိုရတော့ အခြားဆုတစ်ခုခု ထပ်ရအောင် ဂုဏ်ရည်ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ဂုဏ်ရည်အေးကျော်ကမန္တလေးသူတစ်ယောက် ဖြစ်လို့အနုပညာလုပ်ငန်း တွေလုပ်ကိုင်ဖို့ ရန်ကုန်မှာ သွားနေရတာကြောင့် အခက်အခဲနည်း နည်းရှိတယ်လို့ ဆိုပါတယ်။ ” အဓိကကတော့ ကိုယ့်မိသားစုနဲ့ ၊ကိုယ့်မြို့နဲ့ ခွဲနေနေရတာပါပဲ။ကိုယ့်မြို့မှာ ဆိုဘယ်သွားသွားယုံကြည်မှု ပိုရှိတယ်။တစ်ယောက်တည်းသွားရလည်း အဆင်ပြေတယ်။ အခုရန်ကုန်မှာဆိုရင်တစ်ယောက်တည်းသွားရရင် အားငယ်တယ်။ မန္တလေးမှာကျတော့ ဘယ်သွားသွား ကိုယ့်ကို ကူညီမယ့်သူတွေ ကိုယ်ကို သိနေတဲ့ လူတွေရှိတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိ တယ်။ရန်ကုန်မှာကျတော့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုမရှိ သလိုပဲ။တစ်ယောက်တည်းလို့ခံစားနေရ တာကြီးကိုမကြိုက်တာပါ” လို့ ပြောပါတယ်။ မန္တလေးသူ မန္တလေးသားတွေ အစွဲကြီးတယ်လို့တခြားလူတွေပြောတာကို လက်ခံပြီး သူကိုယ်တိုင်လည်း မန္တလေးကိုချစ်တယ်လို့” ဂုဏ်ရည်အေးကျော်ကဆိုပါ တယ်။
Popular Journal

ရန်ကုန်အပြီး နယ်ဖျော်ဖြေပွဲတွေဘက် ခရီးဆက်မယ့် စိုးသူ

ဓာတ်ပုံ-မင်းမင်းထွန်း
Past & Present တစ်ကိုယ်တော် ဖျော် ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုမိုရရှိစေခဲ့တဲ့ စိုးသူက နောက်ထပ်လည်း ဖျော်ဖြေ ပွဲပြု လုပ်ဖို့ အစီ အစဉ်ရှိ ကြောင်း သိရပါတယ်။ ဖျော်ဖြေပွဲ ပြီးတဲ့နောက် ပိုင်းမှာ တီဗီကြော်ငြာနဲ့ မဂ္ဂဇင်း၊ဂျာ နယ်တွေ အတွက်လည်း ဓာတ်ပုံရိုက်ဖြစ်သလို ဧပြီလ ၂၇ရက်နေ့မှာတော့ နန်းဆုရတီစိုးနဲ့ ဆီးဂိမ်း အားကစားပြိုင်ပွဲအတွက် လှုံ့ဆော်ရေးအနေနဲ့ ဓာတ်ပုံလည်း ရိုက်ဖြစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံ ရိုက်ကွင်းမှာ စိုးသူနဲ့ တွေ့ဆုံခိုက်ဖျော်ဖြေပွဲ အကြောင်း သင်္ကြန်ပုံရိပ်၊ စီးရီးခွေသစ် အကြောင်း နဲ့ အနုပညာ လှုပ်ရှား မှုအကြောင်းတွေ ကို မေးမြန်း တင်ဆက် လိုက်ပါ တယ်။

ဆီးဂိမ်းအတွက်ဓာတ်ပုံရိုက်

မြန်မာတိုင်းရင်းသားလုပ်သား ပြည်သူ တစ်ရပ်လုံး လှိုက်လှိုက်လှဲလှဲနဲ့ ဝိုင်းဝန်းပြီး ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုလို့ မြင်ပါတယ်။ အားလုံး ပျော်ပျော် ရွှင်ရွှင်နဲ့ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နဲ့ ဝိုင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင်ကိုယ့်တိုင်းပြည်အတွက်လည်း ကောင်း တယ်။ အားလုံးအ တွက်လည်း ကောင်းတယ်။ ကိုယ့်တိုင်းပြည်က မိဘပြည်သူတိုင်းရင်းသား လုပ်သား ပြည်သူတစ်ရပ်လုံးအတွက် လည်း ကောင်းတယ်။ ကမ္ဘာ မှာလည်း မြန်မာနိုင်ငံ အတွက်ဂုဏ်ယူ စရာဖြစ်မယ်။လာပြီးကမ်း လှမ်းကြတဲ့အခါ အနုပညာလောကသားထဲက အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့လည်း တာဝန်ရှိတယ် ဆိုပြီး တစ်တပ် တစ်အား အုတ်တစ်ချပ်သဲ တစ်ပွင့်လိုပါဝင်ပြီးတော့ကူညီ ပေးတာပါ။

တစ်ကိုယ်တော်ရှိုးပွဲအခွေထွက်မယ့် အကြောင်း

အထူးသဖြင့်ပွဲကို ကိုယ် တိုင်ကိုယ်ကျ မကြည့်လိုက်ရတဲ့လူ တွေရော၊ ကိုယ်တိုင်ကိုယ်ကျ ကြည့် ရတဲ့ လူတွေရော၊ အွန်လိုင်းက နေ နိုင်ငံခြားမှာေ ရာက်နေတဲ့ လူတွေရောအားလုံးကတညီ တညွတ် တည်း တောင်းဆို ကြတယ်။ သူတို့က အမှတ်တရကို သိမ်းထားချင်ကြတယ်။ တချို့ဆိုရင် နေ့ တိုင်းကို ဖွင့်ကြည့်ချင် တယ်လို့ပြောကြတယ်။ အဲဒီ အပေါ်မှာလည်း အနုပညာ တာဝန်တစ်ခုထပ်ပြီးပိုလာပြန် ပြီ။ ဒီဟာအတွက်ကို ကျေးဇူး တုံ့ ပြန်တဲ့အနေနဲ့ ကောင်းကောင်း မွန်မွန်တစ်ခု လုပ်ဆောင်ပေးရ မယ်၊ ဆောင်ရွက်ပေးရမယ်ဆိုတဲ့ စိတ်စေတနာလေးဖြစ်ပေါ်လာ တယ်။ အဲဒါနဲ့အတူတူ ဆောင်ရွက် ကြတဲ့ စိတ်တူကိုယ်တူလူတွေကို တိုင်ပင်ပြီးတော့သူတို့ တောင်းဆို နေတဲ့ Collected Edition DVD ကောင်းကောင်းေ လး တစ်ခုလုပ်မယ်လို့ စိတ် ကူးထားတယ်။ အစုံပေါ့။ပွဲနဲ့ပတ်သက်တာ တွေ အစုံပါအောင်လုပ်မှာပါ။ အခုလည်း အပြင်မှာ ကျွန်တော့်အခွေလေးေ တွ ထွက် တယ်လို့ ကြားပါတယ်။ ပွဲပြီး နောက်ရက် ကတည်းက စထွက်နေတာ။ ကျွန်တော့်ကို တောင်လာပြီးရောင်းကြေ သးတယ်။ မီးပွိုင့် မှာ စိုးသူခွေယူမလား၊ ယူမလားဆိုပြီးနောက်ေ တာ့မှန်ကနေမြင်နေရတော့ ကြည့် လိုက်တော့ ကိုစိုးသူပဲဆိုပြီး ရယ်သွားကြ တယ်။ ထွက်တဲ့အခွေက အတူတူပဲလို့တချို့ ကပြောကြတယ်။ တချို့ကလည်း မတူဘူးလို့ ပြောကြတယ်။ ဒါပေမဲ့တချို့တွေအိမ်မှာ ကြည့်ကြတာတွေ ပြန်ကြားရတာရော၊ ကိုယ်တိုင်သိသလောက်ရော သူတို့ အခွေကို အစ အဆုံးတော့ မကြည့်ပေမယ့် အစီအစဉ်အတိုင်း မဟုတ်ဘူးလို့ပြောတယ်။ပွဲမှာတုန်းက ရှေ့ကဟာက အလယ်ရောက်နေ တယ်။ နောက်က ဟာက ရှေ့ရောက်နေတယ်။ ရှေ့က ဟာက နောက်ရောက်နေတယ်။ အဲဒီ လိုဖြစ်တယ်လို့ သိရတယ်။ အစ အဆုံးတော့ သေချာမကြည့်ရသေး ပါဘူး။ ကြည့်လည်းကြည့်ဦးမယ်လို့ စိတ်ကူးထားပါတယ်။ ပရိသတ်တွေ တောင်းဆိုထားတဲ့ အခွေအတွက်ကို အကောင်းဆုံးအဆင်ပြေဆုံးနဲ့ ဘက် စုံထောင့်စုံက အစစအရာရာကောင်း မွန်အောင် မိဘပြည်သူတွေအ တွက် လည်း အဆင်ပြေဆုံးဖြစ်အောင် စီ စဉ်နေပါတယ်။ ကျွန်တော်တို့ခေတ် တုန်းကလည်း ဗီဒီယိုတွေမှာတော့ ခိုးကူးတွေရှိပါတယ်။ ဒီဗီဒီတွေမှာ လည်း ကျွန်တော်တို့မသွားခင် လောက်က ရှိတယ်လို့ သိရပါတယ်။ အခုတော့ အဲဒါတွေက ဆက်လက် ပြီး တည်ရှိနေတုန်းပဲ။ ဒီအပေါ်မှာ လည်း လိုက်ပြီးတော့ အဆင်ပြေဆုံး ဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက် နေကြတယ်လို့လည်း ကြားရတယ်။ ဒီကြားထဲမှာလည်း ဒီလိုအခွေတွေ ထွက်နေ တုန်းပဲလို့လည်း ကြားရ တယ်။ အဲဒီအပေါ်မှာ တိတိကျကျ ကြီးဘာမှ မဝေဖန်တတ်ပါဘူး။ အဓိ ကကတော့ မိဘပြည်သူတွေ စိတ် ချမ်းသာရင်ပြီး တာပါပဲ။ အားလုံး အတွက် အဆင်ပြေဆုံးဖြစ်စေချင်ပါ တယ်။

နယ်လှည့်ဖျော်ဖြေပွဲတွေအကြောင်း

နယ်ဆိုတာကလည်း အများကြီး မဟုတ်ပါဘူး။ လောလောဆယ်တော့ တခြားမြို့မှာ ဆိုဖို့ရှိပါတယ်။ အဲဒါလည်း ပြင်ဆင်ရဦးမှာပါ။ နဂိုက လည်း သူတို့စပြောကတည်းက ၆ပွဲ ၇ပွဲလောက်အများကြီးပြောထားတာ။ ကိုယ့်ဘက်က အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်မယ့် အနေအထားကို ပဲ စဉ်းစားပါတယ်။ နေရာအများ ကြီးနဲ့ မြို့အများကြီးတော့ သွားဖြစ် မယ်လို့ မထင်ပါဘူ။ သွားဖြစ်မယ့် အနေထားပေါ်မှာ ချိန်ပြီး စဉ်းစား နေတုန်းပါ။ တစ်ကိုယ်တော် ဖျော်ဖြေပွဲပါပဲ။

စီးရီးအသစ်နဲ့ သီချင်းအသစ်

သီချင်းခွေကလည်း ထုတ်ချင် တယ်လို့ပြောတဲ့ လူတွေများပါတယ်။ တစ်ခွေတော့ ပရိသတ်အတွက် ကောင်းနိုးရာရာလေးတွေစုပြီးတော့ စီစဉ်ေ ဆာင်ရွက်ဦးမှာပါ။ လော လောဆယ်ကတော့ MRTV 4 နဲ့ သီ ချင်းလေးတွေ စီစဉ်ထားတာရှိတယ်။ကျွန်တော်ဆိုဖူးတဲ့ သီချင်းဟောင်း တွေလည်း ပါတယ်။ သီချင်းအသစ် တွေလည်း ပါတယ်။ တချို့သီချင်း လေးတွေလည်း လွှင့်ပြီးသားဖြစ်နေ တယ်။ သီချင်းအသစ်တွေလည်း ထပ် ပြီး ပါလာ မှာပါ။

ဆယ်စုနှစ်ကြာဝေးကွာနေတဲ့ သင်္ကြန် နဲ့ ပြန်လည်ထိတွေ့ရတဲ့ ခံစားမှု
သင်္ကြန်နဲ့ဝေးနေတာလည်း ၁၂ နှစ်၊၁၃နှစ်ရှိပြီ။ တစ်ခါမှ အကြာကြီး မကြုံရတဲ့ သင်္ကြန်ကို ကာလအတော် ကြာမှ ပြန်ပြီး သင်္ကြန်ကို ကြုံရတဲ့ အခါမှာ အင်မတန်ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ရွှင်ပါတယ်။ အကြာ ကြီးတော့ အချိန်ပေးပြီး မကစားဖြစ် ပါဘူး။ သမီးလေးရေပက်တာကို လိုက်ပို့ရင်းနဲ့ခဏသွားကြည့်ပြီး လေ့လာဖြစ်ပါတယ်။ ပျော်လည်းပျော် ပါတယ်။ လူတွေ ပျော်နေတာတွေ့ ပြီး ကြည်နူးမိပါတယ်။ အမှန်က တော့ ခဏလေးပဲ နှစ်ညနေသွား တာပါ။ ပထမညနေကလည်း နာ ရီပိုင်းလောက်ပါပဲ။ နောက်တစ်ရက်က နာရီဝက်သာသာလေးပါပဲ။ သင်္ကြန်အတက်နေ့ က ကျွန်တော့် မေမေကွယ်လွန်အနိစ္စရောက်သွား တာ ၃လတိတိပြည့်တဲ့နေ့ဖြစ်သွား တော့ အဲဒီနေ့က ကျွန်တော့်ဖေဖေ နဲ့ မဟာဝိဇယဘုရား ကိုသွားပြီး အလှူခံပုံးတွေ လှူပါတယ်။ လျှပ်စစ် မီးတွေလှူတယ်။တခြားအလှူတွေ လှူတယ်။ ဒါတွေကလည်း ဟိုးအရင် ကတည်းက အမြဲတမ်း လှူနေကျပါ။ ကျွန်တော့်မိဘတွေ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက တစ်သက် လုံး လှူလာခဲ့တဲ့ ကိစ္စတွေပါ။ တတ် နိုင်တဲ့ဘက်က ဒါနသီလ ဘာဝနာ အမြဲဆောင်ရွက်ပါတယ်။သမီးလေး နဲ့ သမီးလေးရဲ့အဘိုး၊အဘွားများနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ တတ် နိုင်တာလေးတွေ သွားလြှူ ဖစ်ပါ တယ်။ ပြီးတော့ သားအဖနှစ်ယောက် ခဏပျော်ပျော်ရွှင်ရွှင်နေ ဓာတ်ပုံရိုက် ပြီး ပြန်လာပါတယ်။

ကြော်ငြာရိုက်ကူးမှုနဲ့ ဇာတ်ကား ရိုက်တွေအကြောင်း

ကြော်ငြာက အများကြီးတော့ မရိုက်ပါဘူး။ လာပြောထားတာ တော့ အများကြီးပဲ။ ဇာတ်ကားရိုက် တွေလည်း လာပြောထားတာပဲ။ အလျဉ်းသင့် တာလေးတွေ ရိုက်ပါ တယ်။ လောလောဆယ်တော့ တီဗီ ကြော်ငြာတို့၊ ဘေဘုတ်ကြော်ငြာတို့ ရိုက်ဖြစ်ပါတယ်။တချို့စာပေစာ နယ်ဇင်း၊ မဂ္ဂဇင်းေ တွအတွက် ရိုက် ဖြစ်တယ်။ တချို့တီဗီပရိုဂရမ်တွေ အ တွက်ရိုက်ဖြစ်ပါတယ်။ ဇာတ်ကား ကလည်း အခုတကယ်လို့ ကျွန်တော် နောက်တစ်မြို့မှာ မိဘပြည်သူတွေ အတွက် စေတနာမေတ္တာနဲ့ အကောင်းမွန်ဆုံး ဆောင်ရွက်မယ့်ပွဲမျိုးရှိမယ်ဆိုရင် အဲဒီပွဲအတွက် တာဝန်တွေ အများကြီး ကြီးပါ တယ်။ အဲဒီအတွက် စီစဉ်ရဦးမှာဆိုတော့ ဇာတ်ကားရိုက် ဖို့အတွက် အားလုံးကို ဖြေမပေးရသေးပါဘူး။ ဒါပေမဲ့ ဒီပွဲပြီးလို့ အချိန်ဆက်ရမယ် ဆိုရင် တော့ ရိုက်ဖြစ်မှာပါ။
ခိုင်ဝေလွင်
Popular Journal

ရှမ်းပြည်နယ်တွင် တိုက်ပွဲများအဆုံးသတ်ရေး ကြိုးစားမည်ဟု သမ္မတကတိပြု

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်၌ ပြန်လည်ဖြစ်ပွားနေ သည့် တိုက်ပွဲများအဆုံးသတ်ရေးအတွက်ကြိုးစားသွားမည်ဟု နိုင်ငံတော်သမ္မတက ကတိပြုပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီများနှင့် ယနေ့တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။

နိုင်ငံတော်သမ္မတက တိုက်ပွဲများ ဆက်လက်မဖြစ်စေရေးအတွက် ဆောင်ရွက်ရာတွင် ၎င်းတစ်ဦးတည်းလုပ်ရုံဖြင့် မပြီးကြောင်းပြောကြားခဲ့ ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်းဦးခွန်ထွန်းဦးက ပြောသည်။

နေပြည်တော်တွင် မေလ ၅ ရက်က ပြုလုပ်သည့်နိုင်ငံရေးပါတီ အချို့နှင့်တွေ့ဆုံပွဲအတွင်း သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်များကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်မှုအချို့ရခဲ့ပြီး နောက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများက နယ်မြေငြိမ်းချမ်းမှုပျက်ပြားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

“လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့က ပြဿနာဖြစ်နေတာ။ ခံရတာကကြားကပြည်သူ။ တပ်တစ်ခုထဲတင်မရဘူး။အခြားလက်နက်ကိုင်တွေကလဲ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာ။ တစ်ချို့ နေရာတွေမှာကတပ်ကြောင့်မဟုတ်ဘဲ အခြားလက်နက်ကိုင်တွေကြောင့် ထွက်ပေးရတာလဲရှိတယ်”ဟု သီပေါ မြို့နယ်မှ အမည်မဖော်လိုသူဒေသခံ တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် (SSPP\SSA) တို့ ဧပြီလ နောက်ဆုံးပတ်နှင့် မေလဆန်းများအတွင်းက တိုက်ပွဲအချို့ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

SSPP\SSA နှင့်အစိုးရတို့ကြား ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် အပစ် အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ် ဘက်လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်အစိုးရတပ်ဖွဲ့ဝင်များကြားဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးနေရသော ဒုက္ခသည်များရာချီရှိနေသည်။
 7Day News Journal

ကျေးရွာ ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်



မြန်မာနိုင်ငံတွင် ရွာပေါင်း ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာသိန်းသိန်းဌေးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အရန်သားဖွားများသည် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းအဆင့် မဟုတ်သေးသော်လည်း သားဖွားဆရာမများ
လိုအပ်သလောက်မရသေး၍ ဆက် လက် မွေးထုတ်လျက်ရှိကြောင်း မေလ ၅ ရက်က ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမ များနေ့အခမ်းအနားတွင် ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ ဆရာဝန်၊ သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူး၊ ကျန်းမာရေးဆရာမ၊ သားဖွားဆရာမများကိုဆိုလိုပြီး ကမ္ဘာပေါ်တွင် မိခင်ကလေးစောင့်ရှောက်မှုလုပ်ငန်းများအားလုံး လက်လှမ်းမီနိုင်စေရန် သားဖွားဆရာမ သုံးသိန်းခွဲခန့် အမှန်တကယ်လိုအပ်လျက်ရှိ၍ မြန်မာနိုင်ငံတွင်လည်း သားဖွားဆရာမ တိုးမြှင့်ခန့်ထားရန် လိုအပ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိ သားဖွားဆရာမ ၂၀၀၄၄ ဦး လေ့ကျင့်သင်ကြားမွေးထုတ်ပြီး ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ ၉၉၃၂ ဦးကိုသာ ခန့်ထားနိုင်သေးသည့်အတွက် မြန်မာနိုင်ငံတွင် ရွာပေါင်း ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ သားဖွားဆရာမတွေလိုအပ်သလောက်မရသေးခင် အရန်သားဖွားဆရာမများကို ဆက်လက်မွေးထုတ်လျက်ရှိဆဲပဲ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ အရန်သား ဖွားဆရာမများဟာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းအဆင့်ထဲ မပါဘူးဆိုတာ သတိထားရမှာဖြစ်ပါ တယ်”ဟု ဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောသည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း ၁၀ ရာခိုင်နှုန်းတိုးမြှင့်သည် နှင့်အမျှ မိခင်သေဆုံးမှု ၅ ရာခိုင်နှုန်း လျော့ကျစေကြောင်းနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင်လည်း သားဖွားဆရာမများအင်အားကို တိုးမြှင့်ခဲ့သောကြောင့် ၁၀ နှစ်အတွင်း မိခင်သေဆုံးမှုထက်ဝက်ကျဆင်းခဲ့ကြောင်းလည်း ယင်းက ပြောကြားခဲ့သည်။
7Day News Journal

ရပ်ကွက်တွင်းအရက်သိုလှောင်ခြင်းမှာ လိုင်စင်စည်းကမ်းဖြင့် သိုလှောင်ခြင်း


May 7, 2013
မင်္ဂလာဒုံမြို့နယ်၊ ထောက် ကြံ့ဈေးရပ်ကွက်၊ ငုရွှေဝါလမ်း တွင် အရက်ဆီများနှင့် အရက် များကို ဂိုဒေါင်ဖြင့် သိုလှောင် ထားသော အိမ်တစ်အိမ်ကို စိစစ် ဆောင်ရွက်ပေးပါရန် ဟော့နယူး ဂျာနယ်တွင် အယ်ဒီတာထံ ပေးစာပါရှိလာကြောင်း သိရသည်။

အဆိုပါငုရွှေဝါလမ်းတွင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူမှာ တစ်ဦးတည်းသာရှိပြီး ပေးစာတွင် ဖော်ပြထားသော ဓာတ်ပုံမှာ အဆိုပါလုပ်ငန်းရှင်၏ နေအိမ် ပုံလည်းမဟုတ်ကြောင်း သိရသည်။ ယင်းပေးစာနှင့်ပတ်သက် ၍ မေ ၄ ရက်တွင် အဆိုပါ အိမ်သို့ ရဲ၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ၀င် ရောက်စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

၎င်း ယစ်မျိုးလုပ်ငန်းမှာ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ FL-6 လိုင်စင်ကို တရားဝင် ရယူကာ ဆောင်ရွက်နေသော လုပ်ငန်းဖြစ်ပြီး မြို့နယ်မီးသတ် ဦးစီးဌာန၊ စည်ပင်လုပ်ငန်းလိုင် စင်၊ ခွင့်ပြုချက်များလည်း ရရှိပြီးဖြစ်ကာ ပတ်ဝန်းကျင်နေ အိမ်များ၏ ထောက်ခံချက်များ ဖြင့် ယစ်မျိုးလိုင်စင်ရယူပြီး ဆောင်ရွက်နေသော လုပ်ငန်းဖြစ် ပါကြောင်းသိရသည်။ ထို့ပြင် အဆိုပါ နေအိမ်တွင်အရက်ချက် သည့်လုပ်ငန်းလည်း လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိသည်ကို စစ်ဆေးရေး အဖွဲ့များကစစ်ဆေး တွေ့ရှိပြီးဖြစ်သဖြင့် ပေးစာပါ အချက်များမှာ မှားယွင်းနေ ကြောင်း သိရသည်။
ခြေမြန်တော်
The Hot News

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ထောင်၃ လကျ

May 7, 2013
၂-၅-၂၀၁၃ နေ့က ပန်းတ နော်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ခေါင်းဆောင် ကိုနေမျိုးဇင်အား ထောင်ဒဏ် ၃ လချမှတ်လိုက်ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော တစ် လကျော်ခန့်က ပန်းတနော်မြို့ နယ်တွင်ပြုလုပ်ခဲ့သည့် လူထု ဟောပြောပွဲတစ်ခု၌ ပြည်သူ့ရဲ များ ခြစားမှုကင်းရှင်းရန် လိုအပ် ကြောင်း ထည့်သွင်းပြောဆိုခဲ့ သည့်အတွက် ပန်းတနော်အပိုင် ဒေါင့်ကြီးကျေးရွာစခန်းမှူး ဦး ထွန်းထွန်းက တရားလိုလုပ်ကာ ကိုနေမျိုးဇင်ကို တရားစွဲဆိုခဲ့ပြီး ပန်းတနော်မြို့နယ် တရားရုံး တရားသူကြီးဒေါ်ခင်နှောင်းရွှေမှ စွဲချက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအတွက် ဒေါင့် ကြီးကျေးရွာနှင့် ရွာနီးချုပ်စပ် ဒေသခံများအားလုံးက သက် သေထွက်ဆိုရန် အသင့်ရှိသော် လည်း ကိုနေမျိုးဇင်က ရွာကို ၀န် ထုပ်ဝန်ပိုးမဖြစ်စေလိုသဖြင့် သက်သေမခေါ်ဘဲ ကိုယ်တိုင် ထွက်ဆိုခဲ့သည်ဟုသိရသည်။ ကို နေမျိုးဇင်၏ ကွန်ရက်အဖွဲ့ဝင် ကိုခင်ကျော်က “တရားသူကြီးက အမှုကိုစစ်ဆေးပြီး အမိန့်ချတဲ့ ပုံစံက ထူးတော့ထူးတယ်ဗျ ဒဏ် ငွေနှစ်သောင်း မပေးဆောင်ပါ က ထောင်ဒဏ် ၃ လကျခံဆိုတဲ့ နေရာမှာ ဒဏ်ငွေကိုပဲ ဆောင် စေချင်ပုံရတယ် သူ့ပုံစံက ညွှန် ကြားချက်တစ်ခုခုကို လိုက်နာ နေရပုံမျိုးပဲ”ဟုပြောသည်။

၎င်းကဆက်လက်ပြီး “ကို နေမျိုးဇင်က သေသေချာချာ အပြင်ကို မှာလိုက်ပါတယ်။ သူ အခုလို ထောင်ဒဏ်ကိုရွေးချယ် လိုက်တာဟာ တရားရေးမဏ္ဍိုင် ဖြောင့်မတ်တည်ကြည်စေချင်လို့ ပါတဲ့”ဟုပြောသည်။
လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတစ်ဦးဖြစ်သည့် ကိုဇာနည်မှ“ထရန်စေရှင်နယ်ပီး ရီးယပ်လို့ခေါ်တဲ့ ကူးပြောင်းရေး ကာလမှာ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေအားကောင်းနေဖို့ လိုတယ်။ ဒီအဖွဲ့အစည်းတွေကို အစိုးရက လက်တွဲရမယ့်အစား အခုလို ပုဒ်မတွေတပ်ပြီး အရေး ယူနေတာကတော့ အသွင်ကူး ပြောင်းရေးမစစ်မှန်နိုင်တော့ဘူး” ဟု ပြောသည်။MDCF အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က လည်း ယင်းကိစ္စနှင့်ပတ်သက်၍ “ကိုနေမျိုးဇင် အခုလို အရေးယူ ခံလိုက်ရတာဟာ လက်ရှိဖြစ်နေ တဲ့အပေါ်မှာ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်မရှိတဲ့သဘော ပဲဗျ။ ဒီမိုကရေစီစနစ်မှာ ဝေဖန် မှုဆိုတာရှိရမှာပဲဗျ။ ၀န်ကြီးဌာန အသီးသီးမှာလည်း အဂတိလိုက် စားမှုတွေရှိနိုင်တာပဲလေ။ ဒါကို အရှိတရားတစ်ခုအနေနဲ့လက်ခံ ပြီး အဂတိလိုက်စားမှုတွေ တစ် နိုင်ငံလုံးကင်းစင်အောင် တာဝန် ရှိသူအားလုံးက ၀ိုင်းလုပ်ပေးရ မယ်လို့မြင်ပါတယ်”ဟု ပြော သည်။

ယခုလို ကိုနေမျိုးဇင်ကို အရေးယူလိုက်သည့်အတွက် ပန်းတနော်မြို့နယ်ရှိ ဒေသခံ များက (၇)ရက်နှင့် (၈)ရက်များ တွင် ဆန္ဒပြတောင်းဆိုသွားရန် စည်းကမ်းချက်များနှင့်အညီ ခွင့် ပြုမိန့်တင်သော်လည်း သက်ဆိုင် ရာက ခွင့်မပြုကြောင်း သတင်း ရရှိသည်။
ဇော်မြင့်
The Hot News

ဘာသာရေးလွတ်လပ်ခွင့်ကို အစဉ်လေးစားကူညီမယ်လို့ သမ္မတ ဦးသိန်းစိန်ပြော

2013-05-07
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လွပ်ခွင့် နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ်ပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ နဲ့ပတ်သက်ပြီး မနေ့ညနေပိုင်းက တိုင်းပြည်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ နဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းပြီး၊ အနာဂတ်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့၊ သမိုင်းဆိုးမွေတွေထဲက ရုန်းထွက်ပြီး အနာဂတ်ကိုရှေးရှုတဲ့ အဖြေတွေကို ရှာဖွေကြရမှာဖြစ်ကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အလွဲသုံးပြီး အမုန်းတရားကိုလှုံ့ဆော်တဲ့ အပြောအဆိုတွေ၊ ပေါ်ပေါက်ခဲ့ တဲ့ ပဋိပက္ခတွေရဲ့ ဇစ်မြစ်တွေကိုလစ်လျူရှုပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင်ကြား က ပဋိပက္ခအဖြစ် ရှုမြင်ပုံဖော်နေတာတွေဟာ ပဋိပက္ခ ကို ပိုမိုကြီးထွားစေခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်  ကပြောကြားခဲ့ပါတယ်။

ပထမဆုံးဆောင်ရွက်ရမယ့်အချက်ဟာ တရားဥပဒေစိုးမိုးရေး အစီအမံတွေချမှတ်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမ၀င် ဆက်လက်ဝင်ရောက်လာသူတွေကို ဟန့်တားရေး၊ ထိထိရောက်ရောက် အရေးယူရေး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေအတွက် ရေတို၊ရေရှည် စီမံချက်တွေနဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လိုအပ်တဲ့ နိုင်ငံတကာအကူအညီတွေရယူသွားမှာဖြစ်သလို၊ ပြန်လည် တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း တွေကိုလည်း အကူအညီပေးသွားမှာဖြစ်ကြောင်း၊ အရင်က နိုင်ငံတကာအဖွဲ့တချို့ရဲ့ လုပ်ကိုင်နည်း အမှားတွေ ကြောင့် ပြဿနာ ပိုရှုပ်ခဲ့တာလည်း မငြင်းနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ် ဘာသာကိုးကွယ်သူတွေအပေါ် လူသားချင်းစာနာတဲ့ အနေနဲ့ သူတို့ရဲ့အခြေခံရပိုင်ခွင့် အခွင့်အရေး တွေကို လက်တွေ့ ကျကျ ဆောင်ရွက်ပေးသွားမှဖြစ်သလို၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက် နဲ့ လိုလားချက်တွေကိုလည်း လုံးဝလျစ်လျူရှုမှာမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
RFA Burmese

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ၀မ်ကောင်းရပ်ကွက်၌ ပြုလုပ်

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ သာရေး/နာရေး ဓမ္မာရုံတွင် ကျောင်းနေရွယ် ကလေးသူငယ်များအား သင်တန်းပေးနေသောလျှက်ရှိသော နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၏ သင်တန်းဆင်းပွဲ နှင့် ဆုပေးပွဲကို မေလ(၆)ရက်နေ့ ည(၇)နာရီက ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရှိရသည်။




ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေ


Monday, May 06, 2013
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃)ချက် ပစ်သွားရာ ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေးသွားခဲ့ပြီးနောက် စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်းကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊ သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှာမဟုတ်ဘူး၊ တောထဲမှာလို့လည်းပြောတယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့ မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစားစရာပဲ"ဟု သိရသည်။

အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ထင်တယ်ဗျ၊ တာချီလိတ်မှာက တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာသို့ လာရောက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြောကြားသွားသည်။

လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊ သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေးထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိတယ်"ဟု ပြောကြားလာသည်။

ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက်အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟုလည်း သိရသည်။
Tachileik Online News

သွေးလန့်သူများ မကြည့်ရ










ပထမအကြိမ် အာခါလူငယ် နှီးနှောဖလှယ်ပွဲ

Tuesday, May 07, 2013
တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်၌ ပထမအကြိမ် အာခါလူငယ်နှီးနှောဖလှယ်ပွဲကို ဧပြီလ(၅)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ အာခါတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးအာဇေး၊ ဦးအာမဲ၊ ဦးမင်းညို နှင့် အကြီးအကဲများ တက်ရောက်လာခဲ့ကြပြီး ယခုလို အာခါလူငယ်နှီးနှောဖလှယ်ပွဲပြုလုပ်ခြင်းအတွက် ၎င်းတို့မှ အဖွင့်အမှာစကားနှင့် အားပေးစကား ပြောကြားသွားပြီးနောက် တက်ရောက်လာခဲ့ကြသော အာခါတိုင်းရင်းသား လူငယ် မောင်မယ်များမှ အာခါလူမျိုးတိုးတက်ရေးအတွက် လူငယ်များအချင်းချင်း အုပ်စုအလိုက် အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှီးနှောဖလှယ်ရာမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အပြင် အသိပညာဗဟုသုတများရရှိရန်အတွက် ခရီးထွက်၍ လေ့လာခြင်း၊ အာခါရိုးရာယဉ်ကျေးမှု မပပျောက်စေရန် ကာကွယ်ထိန်းသိမ်းခြင်း၊ အာခါလူငယ်များ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရှိပြီး အချင်းချင်း စည်းလုံးညီညွှတ်မှုရှိစေရန်အပြင် တစ်ယောက်နှင့်တစ်ယောက် အနစ်နာခံတတ်စေခြင်း၊ မိမိတို့ တတ်သိထားသော နည်းပညာများကို အပြန်အလှန်ဖလှယ်ခြင်း နှင့် မိမိတို့ထက် တတ်သိနားလည်သော လူကြီးများ၏ လမ်းညွှန်မှုများကို နာခံတတ်စေခြင်း စသည့် အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယခုလို အာခါလူငယ်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ " လာမဲ့ အာခါနှစ်သစ်ကူးအတွက် လူငယ်တွေ အားလုံး အားတဲ့အချိန် (၁၁)လပိုင်းကုန်ခါနီးလောက်ပေါ့ လူငယ်တွေ တိုက်တိုက်ဝန်းဝန်း ပါဝင်သွားနိုင်အောင်နဲ့ ကဏ္ဍတစ်ခုခုဦးဆောင်သွားဖို့အခုလို ထပ်တွေ့ဖို့ရှိပါသေးတယ်၊ ပြီးတော့ ဒီတစ်ခါလုပ်ရင် အာခါလူငယ်ကော်မတီဖွဲ့ဖြစ်အောင် ဖွဲ့ဖို့အတွက်လည်း အစီအစဉ်တွေရှိသေးတယ်”ဟု အဆိုပါပွဲမှ အာခါတိုင်းရင်းသူ တစ်ဦးက ပြောသည်။
Tachileik Online News
 Photo by: Tun Lay








အငြင်းပွားနယ်မှ တပ်များ အိန္ဒိယနှင့် တရုတ်တို့ရုတ်သိမ်း

အငြင်းပွားနယ်မှ တပ်များ အိန္ဒိယနှင့် တရုတ်တို့ရုတ်သိမ်း
နယူးဒေလီ၊ မေ ၆။
တရုတ်တပ်များနှင့် အိန္ဒိယတပ်များသည် နှစ်နိုင်ငံနယ်စပ်အနီး အငြင်းပွားနယ်မြေမှ
စတင်ဆုတ်ခွာနေကြပြီဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

လွန်ခဲ့သည့် လကစတင်၍ အိန္ဒိယစစ်သားများကို နယ်မြေကျော်ဝင်လာသော တရုတ်စစ်သားများနှင့်
မျက်နှာချင်းဆိုင်တွင် စခန်းများ ဆောက်လုပ် စခန်းချရန်အမိန့်ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက်နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင်မှ  တပ်များကို
နှုတ်သိမ်းရေးသဘောတူညီခဲ့ကြသည်။

တရုတ်နှင့် အိန္ဒိယတို့သည် ဟိမဝန္တာတောင်တန်းနယ်မြေများတွင်
နယ်မြေအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ၁၉၆၂ တွင် စစ်ပွဲငယ်တစ်ပွဲ လည်း ဖြစ်ပွားခဲ့သည်။

နှစ်ဦးနှစ်ဖက်တင်းမာမှုများ ရံဖန်ရံခါဖြစ်ပွားပြီး
နယ်စပ်အရေးဆွေးနွေးမှုများစွာရှိခဲ့သော်လည်း အောင်မြင်မှုမရှိသေးပေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆာယိအက်ကဘာရတ်ဒင်က အိန္ဒိယနှင့်တရုတ်သည်
တပ်များနှုတ်ဖယ်ရေးကို သဘောတူညီထားကြပြီးဖြစ်ကြောင်း ဘီဘီစီကို ပြောကြားသည်။

နယ်ခြားစောင့်တပ်အကြီးအကဲများတွေ့ဆုံပွဲမှ  သဘောတူညီတစ်ခုခိုင်မာစွာချမှတ်နိုင်ခဲ့ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

အိန္ဒိယအရာရှိများက ဧပြီ ၁၅ရက်မှ စတင်၍ တရုတ်တပ်များသည် ကက်ရှမီးယားနယ်အရှေ့ပိုင်းရှိ လာဒက်ရှ်
ဒက်ဆန်တောင်ကြားတွင် အိန္ဒိယပိုင်နက်မြေအတွင်း ခြောက်မိုင်ခန့်ကျူးကျော်ဝင်ရောက်ကြောင်း
စခန်းချကြောင်း စွပ်စွဲခဲ့သည်။တရုတ်ဘက်မှ ၎င်းအဆိုကို ငြင်းဆိုခဲ့ သည်။

ယခု တပ်ရုတ်သိမ်းခြင်းများသည် တရုတ်ဝန်ကြီးချုပ် အိန္ဒိယသို့မလာမီ တရုတ်သို့ လာရောက်မည့်
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်မီ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံကို မေလ ၉ ရက်တွင် သွားရောက်မည်ဖြစ်ပြီး
တရုတ်ဝန်ကြီးချုပ်သည် ၎င်း၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်အဖြစ် မေ ၂၀ တွင် အိန္ဒိယသို့
လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Ref:BBC
မြန်မာ့ခေတ်

အတူရှင်တွဲ နေထိုင်လိုသူများ မကွေးကျောင်းတိုက်၌ ဆွေးနွေး

ရန်ကုန်၊ မေ ၆။
ပြီးခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခများတွင် ဘာသာရေးကွဲပြားခြား နားမှုများ၏ အားနည်းချက်များ ပါဝင်နေပြီး ဘာသာနှစ်ခုကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်လာသောကြောင့် နှစ်ခုသော ဘာသာဝင်များအားလုံးအတွက်ကိုယ်စားမပြုကြသော်လည်း  ငြိမ်းချမ်းရေးသို့ ဦးတည်သော ဆွေးနွေးပွဲတစ်ခုအား ဆရာတော်ဦးဝီရသူနှင့်ဒိုင်းမွန်းရွှေကြည်တို့က မကွေးကျောင်းတိုက်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်သားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက်ရည်ရွယ်သည်ဟု မကွေးကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်တွင်း နေမူဆလင်တွေသည် ရိုဟင်ဂျာ၊ ဘင်္ဂါလီနဲ့ မကွဲရခြင်းကိစ္စကို
ရှင်းရှင်း လင်းလင်းသိချင်ကြာင်း ဆရာတော် ဦးဝီရသူမှ ဒိုင်းမွန်းရွှေကြည်အား မေးမြန်းသောအခါ
၎င်းတို့သည် ရိုဟင်ဂျာများအား လုံးဝကန့်ကွက်ချုံ့ချကြောင်း ပြောကြားသည်။

“ဘာသာတူ တာနဲ့ အကုန်တူလို့ မရပါဘူး။ ဘာသာတူတာတစ်ခုတည်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အစ္စလာမ်နိုင်ငံပေါင်း၅၆နိုင်ငံကို တံခါးမရှိ ဓားမရှိ သွားလို့မရပါဘူး”ဟု ဒိုင်းမွန်းရွှေကြည် က ပြောကြားသည်။ ယင်းအပြင် အစ္စလာမ် ဘာသာဝင်များ၏ မြန်မာမဆန်သော ဝတ်စား ဆင်ယင်မှုများကိုလည်း ကန့်ကွက်ကြောင်း၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရန် အတွက်လည်း အသက်နှင့်လဲ၍ ကာကွယ်သွားမည်ဖြစ်ကြောင်းဆက်လက် ပြောကြားသည်။

ထိုသို့ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် မကိုက်ညီသော နေထိုင်မှုစရိုက်များ၊ အတင်းအဓမ္မလက်ထပ် ထိန်းများခြင်းကိစ္စများ၊ ဝတ်စားဆင်ယင်မှုများနှင့် အစ္စလာမ်ဘာသာ ဝင်ဖြစ်ယုံမျှနှင့် ပြည်တွင်းနေ မြန်မာနိုင်ငံသား မူစလင်များသည် ရိုဟင်ဂျာ၊ဘင်္ဂါလီများနှင့် ကွဲပြားစွာတည်ရှိမနေခြင်း တို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
AT
မြန်မာ့ခေတ်

NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်

ရွှေပြည်သာ၊ မေ ၆။
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေးပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသောမြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့်ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအားထိမ်းသိမ်းထားရကြောင်း သိရသည်။

“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ
ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့
ရွာသားတွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး
မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန်တရားဖော်ထုတ်ရေးအဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ
ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD
အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ
ခေါ်သွားပြီးနောက် အမှန်တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင်
အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင်
ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု
ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင်
ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား
ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ
ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့်
မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍
ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ
ဒေါက်တာစိန်ဝင်းက ပြောကြားသည်။

ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ
နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
 မြန်မာ့ခေတ်

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
07.05.2013
ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်းဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင်ကြား ရွှေတူးဖော်ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြားထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ်မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”

ဒါကတော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက်နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။

“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှုဖြစ်သွားတဲ့အချိန်မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိတယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသားတွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”

သေဆုံးသူစာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူးဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။

အခြားဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။

“အာရှကမ္ဘာမြေကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီအချိန်က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ်တယ်ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်းဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။”

သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်းတွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူးဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီးမှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရွှေတွင်းလုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည်အလယ်ပိုင်းဒေသက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက်အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။

ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင်တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင်လာတာတော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။
ကိုမိုးဇော်
VOA

ကိုရဲမင်းဦးကို တရားစွဲမှု မခိုင်လုံကြောင်း ရှေ့နေပြော

May 6, 2013
ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ (အထွေထွေအတွင်းရေးမှူး) ကိုရဲမင်းဦးကို တရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ကိုရဲမင်းဦးရဲ့ ရှေ့နေက ပြောပါတယ်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးကို ဒီနေ့ သာကေတမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ တရားလိုကို စစ်ဆေးပေမယ့် တရားလိုဘက်က ခိုင်လုံတဲ့ သက်သေ မရှိဘဲ ကိုရဲမင်းဦးကို တရားစွဲဆိုထားတယ်လို့ သူရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

ကိုရဲမင်းဦး

“သူတို့ စွဲတဲ့အမှုက သက်သေကြည့်တော့ တရားလိုကိုယ်တိုင်က ကိုယ်တိုင်သိတာမရှိဘူး။ သူများပြောလို့ တရားစွဲရတယ်။ သက်သေတွေကြည့်တော့လည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေပါတယ်။ ဆိုလိုတာက ကိုရဲမင်းဦးက သွေးထိုးလှုံ့ဆော်တယ်ဆိုရင် လှုံ့ဆော်ခံရတဲ့ အများပြည်သူက သက်သေပါရမယ်။ အဓိက အရေးကြီးတဲ့အချက်က တရားလို မြို့နယ်ရဲမှူးလာပြောသွားတာက ကိုရဲမင်းဦးဟာ သွေးထိုးလှုံ့ဆော်တယ်သာပြောတယ်၊ သူဟာ ဘာစကားတွေပြောသွားလို့လဲ၊ ဘယ်ဘာသာနဲ့ ဘယ်ဘာသာဖြစ်တာလဲဆိုတာလည်း ပြောမသွားဘူး။ ဘာသာအမည်တောင် ထွက်ဆိုမသွားဘူး။ နောက် ကိုရဲမင်းဦးဟာ ဘယ်လိုစကားအသုံးအနှုန်းနဲ့ သွေးထိုးလှုံ့ဆော်သလဲ ဆိုတာလည်း ရဲမှူးက မထွက်နိုင်ဘူး။ သွေးထိုးလှုံ့ဆော်တဲ့ဆောင်ရွက်မှုတွေက ဘာတွေလဲဆိုတာလည်း ထွက်ဆိုမသွားနိုင်ဘူး။ လက်ရှိ သူ့ထွက်ချက်အရဆိုရင်တော့ ကိုရဲမင်းဦးအမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ပြောရမယ်။”

ဒါ့အပြင် ကိုရဲမင်းဦးကို တရားစွဲဆိုတာဟာ အခင်းဖြစ်ပွားပြီး ၂ လလွန်မှာ တရားစွဲဆိုတဲ့အတွက်လည်း ဒါဟာ ရိုးသားမှုမရှိဘူးလို့လည်း ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။

“ဖေဖော်ဝါရီလမှာဖြစ်တယ်၊ တရားစွဲတော့ ဧပြီမှာ။ ဒါက မဖြစ်သင့်ဘူး။ တကယ်ပြစ်မှုကျူးလွန်တယ်ဆိုရင် အခင်းဖြစ်ပြီး သိပ်မကြာခင် စွဲဆိုရမှာပေါ့။ အခုက ဧပြီလကျမှ၊ အခုအစစ်ခံနေတဲ့ တရားလို မြို့နယ်ရဲမှူးကို တိုင်းရဲတပ်ဖွဲ့ရုံးက ရဲမှူး မြင့်မောင်ကနေ ကိုရဲမင်းဦးဟာ ပြစ်မှုကျူးလွန်တယ်လို့လာပြောလို့ သူက တရားရုံးမှာလာတိုင်တယ်၊ တရားစွဲတယ်။ ဆိုလိုတာက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး ဒါက။”

ဒီကနေ့ ရုံးချိန်းမှာ အများပြည်သူနဲ့ဆိုင်တဲ့တရားရုံးမှာ ရုံးထုတ်စစ်ဆေးပေမယ့် အများပြည်သူ ၀င်ရောက်နားထောင်ခွင့်မရှိဘူးလို့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ပြောပါတယ်။

ကိုရဲမင်းဦးကို  ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ဗုဒ္ဓဘာသာတရားပွဲတွေမှာ သွေးထိုး လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလက ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကိုရဲမင်းဦးကို မတ် ၂၅ ရက်ညက သူနေထိုင်ရာ ဗဟန်းမြို့နယ်ထဲက ဘုန်းကြီးကျောင်းကနေ အမည်မသိအရပ်ဝတ် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။
ကိုရဲမင်းဦးရဲ့အမှုကို လာမယ့် မေလ ၂၀ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။
နော်နိုရင်း
DVB

သားဖွားဆရာမ အရေအတွက် ၇ ဆမြှင့်ရန် လိုအပ်နေ

May 6, 2013
မြန်မာနိုင်ငံမှာ ကလေးနဲ့မိခင်သေဆုံးမှု လျော့ကျရေးအတွက် သားဖွားဆရာမတွေဟာ အဓိကကျပြီး လုံလောက်မှုမရှိသေးဘူးလို့ ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သိင်္ဂီမြင့် က ပြောပါတယ်။

“မိခင်၊ ကလေး ကျန်းမာရေးမှာ သားဖွားဆရာမက အဓိကပါ။ ရွာတွေမှာဆိုရင် သူတို့က အဓိက ဆောင်ရွက်တဲ့သူတွေပါ။ သူတို့ကိုပဲ ကျမတို့ အားကိုးရတာ။ အဲတော့ သူတို့ အဓိကအလုပ်က သားဖွားခြင်းအတတ်ပညာပေါ့။ သူတို့ကို ဘက်စုံသားဖွားဆရာမလို့လည်း ခေါ်ပါတယ်။ တခြားအလုပ်တွေလည်း လုပ်တယ်။ အဓိကလုပ်တဲ့ ဒီသားဖွားခြင်း အတတ်ပညာမှာ သူတို့က တကယ်စွမ်းစွမ်းတမံဆောင်ရွက်မယ်ဆိုရင် အမေသေနှုန်း၊ ကလေးသေနှုန်းတွေ ကျမှာပါ။”

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးက ကျေးရွာပေါင်း ၆ သောင်းကျော်အတွက်  ကျေးရွာ ၁ ရွာမှာ သားဖွားဆရာမ ၁ ဦး ထားပေးရန် စီစဉ်ပေမယ့် လက်ရှိမှာ ကျေးရွာ ၇ ရွာကို ၁ ဦးသာ ထားရှိပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

“သားဖွားဆရာမတော့ တော်တော်များများက လုပ်ချင်ကြပါတယ်။ အဓိကက မွေးထုတ်ပေးနိုင်တယ် လိုသလောက် မခန့်ပေးနိုင်သေးတာပေါ့။ နှစ်စဉ်တော့ သားဖွားဆရာမတွေကို အလုပ်တော့ ခန့်နေတယ်။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ် မခန့်နိုင်သေးတာပေါ့။”

ဝန်ကြီးဌာနက တနိုင်ငံလုံးအတွက် သားဖွားဆရာမအယောက် ၂ သောင်း မွေး ထုတ်ပေးထားပေမယ့် ၉ ထောင်သာ လုပ်ငန်းခွင်မှာ တာဝန်ထမ်းနေကြတယ်လို့ ပြောပါတယ်။

၂၀၁၀ မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင်အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေး မွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေးနှုန်း ၁ သိန်း မှာ မိခင် ၂၀၀ သေဆုံးခဲ့တယ်လို့ ဒေါက်တာဒေါ်သိင်္ဂီမြင့်က ဆိုပါတယ်။

လက်ရှိအချိန် နိုင်ငံရဲ့ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းလိုဒေသတွေအပြင် အပူပိုင်းဒေသတွေမှာ မိခင်သေဆုံးနှုန်းတွေ များပြားနေသေးတယ်လို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အဲ့ဒီအချိန်မှာ ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေး ၁ သိန်းမှာ ၅၀၀ ကျော်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ သားဖွားဆရာများနေ့ကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအစီအစဉ်က တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
DVB

မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ်

မဲခေါင်မြစ် (File photo)
07.05.2013
မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်တဲ့ မဟာမဲခေါင်ရပ်ဝန်းဒေသမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေ ကာကွယ်ထိန်းသိမ်းရေးကို တိုးပြီး မလုပ်သွားဘူးဆိုရင်၊ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း သစ်တောတွေ ဆက်ပြီး ပြုန်းတီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WWF လို့ခေါ်တဲ့ ကမ္ဘာ့ တောရိုင်းသဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို သစ်တောပြုန်းတီးမှု အန္တရာယ်ကို ကာကွယ်ဖို့ အစိုးရခေါင်းဆောင်ပိုင်းကလည်း ထိထိရောက်ရောက် ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ FREDA အဖွဲ့အစည်းက ပြောပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။

မဟာမဲခေါင်ဒေသမှာ တစတစ ကြီးမားလာတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် လာမယ့်ဆယ်စုနှစ် ၂ ခုအတွင်းမှာဆိုရင် အဲ့ဒီဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေရဲ့ ၃ ပုံ ၁ ပုံ ထပ်ပြီး ပြုန်းတီးနိုင်တယ်လို့ WWF ကမ္ဘာ့တောရိုင်းသဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

မဲခေါင်ဒေသကို သဘာဝတောရိုင်း တိရစ္ဆာန်နဲ့ ဇီဝမျိုးကွဲတွေ အများစုရှိတဲ့ဒေသအဖြစ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့တို့က သတ်မှတ်ထားတာပါ။ မဲခေါင်ဒေသတွင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့ပါဝင်တာ ဖြစ်ပါတယ်။

WWF က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အထူးသဖြင့်       မဲခေါင်မြစ်အောက်ပိုင်းတလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတွေက သစ်တောပြုန်းတီးမှု အခြေအနေတွေကို အဓိက ဖော်ပြထားတာပါ။ အဲ့ဒီဒေသတွေဟာ ၁၉၇၃ ခုနှစ်မှာ သစ်တော ၇၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းနေခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာဆိုရင် ၂၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီကာလတွေအတွင်း မြန်မာနိုင်ငံမှာတော့ တနိုင်ငံလုံး သစ်တောပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ အစီရင်ခံစာက ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ သစ်ခိုးထုတ်သူတွေကို ပြတ်ပြတ်သားသား အရေးယူတာမျိုး မရှိသလို၊ မြေသိမ်း၊ ယာသိမ်းပြီး အဲ့ဒီလို သိမ်းဆည်းထားတဲ့ မြေတွေမှာ သစ်ပင် ပြန်ပြီး စိုက်ပျိုးတာတွေ မရှိတာကလည်း သစ်တောတွေ ပြုန်းတီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ပါတယ်လို့ မြန်မာနိုင်ငံထဲက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့အစည်းတခုဖြစ်တဲ့ FREDA ရဲ့ ဥက္ကဋ္ဌ ဦးအုန်း က ဗွီအိုအေကို ပြောပါတယ်။

“လူတွေရဲ့ အကျင့်စာရိတ္တကို အရင် ပြုပြင်ရမှာ။ အရေးယူစရာရှိရင်လည်း ပြတ်ပြတ်သားသား အရေးယူရမှာ။ အဲ့ဒါမှ ရပ်တန့်သွားမှာ။ ခေါင်းဆောင်လုပ်တဲ့ကောင်က သစ်ခိုးပြီး၊ ပျဉ်းကတိုးခိုးပြီးတော့ ရောင်းစားတယ်။ အာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူတွေကလည်း မြေကြီးတွေ တောင်းထားတယ်။ ဧက သောင်းနဲ့သိန်းနဲ့။ အဲ့တော့ အဲ့ဒီဟာတွေကို အပြတ်အသတ်ကို ၀န်ကြီးဌာနကရော ပြည်သူလူထုကရော အော်မှ ဒါရပ်မှာ။ သစ်တွေ ရောင်းဝယ်ခွင့်ပြုလို့ရှိရင် အခွန်တော် ဘယ်လောက်ပေးမလဲ။ ဒါတွေပါ ကြပ်မတ်ပေးရမှာ။”

လာမယ့် ၂၀၃၀ ခုနှစ်ကျရင် မဲခေါင်ရပ်ဝန်းဒေသအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန်တို့ရဲ့ ဂေဟစနစ် ထိခိုက်ပျက်စီးနိုင်တဲ့ အရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ နှစ်ပိုင်းခွဲပြီး ခန့်မှန်းတွက်ချက်ထားပါတယ်။

ပထမတခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လေ့လာခဲ့တဲ့ အချက်အလက် တွေအရ သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေနဲ့ ၂၀၃၀ ခုနှစ်မှာ သစ်တော ပြုန်းတီးမှု အခြေအနေနဲ့ ပက်သက်ပြီး ခန့်မှန်းတွက်ချက်ထားတာပါ။ ဒုတိယ တခုကတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေကို ဆင်ဆင်ခြင်ခြင် လုပ်မယ်ဆိုရင်တော့ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ်ဆိုပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေက အစိုးရနဲ့ ကန်ထရိုက် ယူထားသူတွေနဲ့ အစိုးရပိုင်းကိုယ်တိုင်က ပါဝင်ပတ်သက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ သစ်တောပြုန်းတီးမှုတွေ မဖြစ်အောင် အစိုးရက ပြည်သူတွေနဲ့ လက်တွဲလုပ်ဆောင်မှ အောင်မြင်နိုင်မယ်လို့လည်း FREDA ရဲ့ ဥက္ကဌ ဦးအုန်းက ပြောပါတယ်။

“ဒါတွေလုပ်နေကြတဲ့ အဖွဲ့ကလည်း အစိုးရနဲ့ သစ်ကုန်သည်တွေ လုပ်နေတာ။ ပြည်သူလူထုအတွက် မပါဘူး။ ပြည်သူလူထုအတွက်ကို အစိုးရက စဉ်းစားပြီးတော့ ပြည်သူလူထုနဲ့ ဒိုးတူဘောင်ဘက် တောတွေ ပြန်သိမ်း ရင်တော့ အောင်မြင်ပါလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။”

WWF ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ လာမယ့်အနှစ် ၅၀ အတွင်း မဲခေါင်ဒေသမှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးနိုင်ကြောင်း ထောက်ပြပြောဆိုထားပေမဲ့လည်း၊ ဒေသတွင်းမှာ သဘာဝသံယံဇာတကြွယ်ဝမှုတွေက ဆက်ပြီးရှိနေဆဲဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ အစားအသောက်၊ ရေ နဲ့ အပင်ကနေထွက်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုနှုန်း အမြင့်ဆုံး ဒေသထဲမှာ မဟာမဲခေါင်ဒေသလည်း ဆက်ပြီး ပါဝင်နေဆဲဖြစ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
VOA Burmese

အိမ်ဖော်မလေးမျက်နှာကိုကျဉ်ပွေ့နဲ့ထုတဲ့ အိမ်ရှင်အမျိုးသမီးကို ထိရောက်ပြင်းထန်စွာ အရေးယူရန်

May 6, 2013
အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ် ဖော်မိန်းကလေးတစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုးသမီးဖြစ်သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကိုအကြောင်းပြ၍ အိမ်ဖော်ဖြစ်သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီမှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူမတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊  ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥသည့်အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။

““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ်ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုးသမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ် ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။

အဆိုပါ အိမ်ဖော်မလေးအား အိမ်ရှင်အမျိုးသမီးမှ မတရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက်ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News  မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ်တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူမှာ အလုပ်မလုပ်သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေးလိပ်မီးနှင့်ထိုးထားကြောင်း၊ ရင်ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း သိရှိခဲ့သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

နောင် ၁၀ နှစ်အထိဒေါင်ဒေါင်မြည်မဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အလားအလာ

အသက် ၆၈ နှစ်ပြည့်တော့မည်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှာ နောင် ၁၀ နှစ်ခန့်အထိ ကျန်းမာရေးအတွက် စိတ်ချရကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက အာမခံပြောကြားသည်။

“အရမ်းကျန်းမာတယ်။ အရမ်း နေကောင်းတယ်။ နောက်ထပ် ၁၀ နှစ်လောက်အထိတော့ တာဝန်ယူလို့ ရတယ်။ ဥပမာ- ကင်ဆာတို့လိုမျိုးသွေးတိုး၊ ဆီးချိုတို့လိုမျိုးဘာမှမဖြစ်ဘူး”ဟု ဒေါက်တာတင်မျိုးဝင်းက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒေါက်တာတင်မျိုးဝင်းက “အန်တီ့ကို ဆေးတစ်ခုပေးရင် တချို့ရှိတယ်မဟုတ်လား။ အဲဒါ ဘာဆေးလဲဘယ်တော့မှမမေးဘူး။ အစ်မ ဒါလေးသောက်လိုက်ပါဦးဆို သောက်တယ်။ ဒါလေး စားလိုက်ပါ ဦးဆိုစားတယ်။ ဘာရှောင်ပါဦးဆို ရှောင်တယ်။ ကုသရတာ စိတ်အချမ်းသာဆုံးလူနာကတော့ အန်တီစုပဲ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ရွှေးကောက်ပွဲကာလအတွင်း ပါတီစည်းရုံးရေးခရီးစဉ်များဆက်တိုက်သွားခဲ့ခြင်းကြောင့် ခရီးစဉ်အတွင်း မူးဝေအော့အန်ပြီး အကြောဆေးသွင်းရသည် အထိဖြစ်ခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ အနားယူချိန်နည်းပြီး အလုပ်အလွန်အကျွံလုပ်ခြင်း၊ ရာသီဥတုပူခြင်းတို့ အပြင် အသက်အရွယ်ကြောင့်လည်းပါကြောင်း ဒေါက်တာမျိုးဝင်းက ထိုအချိန်ကပြောဖူးသည်။

သို့သော် ဒေါက်တာမျိုးဝင်း မိသားစု ဆရာဝန်အဖြစ် တာဝန်ယူပြီး နှစ် ၂၀ ကျော်ကာလတစ် လျှောက်လုံးကျန်းမာရေးပြဿနာကြီးကြီးမားမားမရှိခဲ့ဘဲ အကြီးစားအော်ပရေးရှင်းတစ်ခုသာ ၂၀၀၃ ခု နေအိပ်အကျယ်ချုပ်ကာလ အတွင်းက ပြုလုပ်ခဲ့ရသည်။ လာမည့် ၂၀၁၅ ဇွန် ၁၉ ရက်တွင် အသက် ၆၈ နှစ်ပြည့်မည့်

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားအလာအကောင်းဆုံးပါတီကြီး တစ်ခုအဖြစ်ရှိနေသည်။
7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com