http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘင်လာဒင်ရဲ့သမက် အပြစ်မရှိကြောင်း လျှောက်လဲ

အရင်က အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူက အမေရိကန်တွေကို သတ်ဖြတ်မှုနဲ့ နယူးယောက်မြို့ တရားရုံးမှာ သူ့ကို စွပ်စွဲချက်ထားတဲ့အပေါ်မှာ သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲလိုက်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေ ဂျော်ဒန်နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ Sulaiman Abu Ghaith ဟာ သောကြာနေ့က ပြည်ထောင်စုတရားရုံး တခုမှာ အစစ်ဆေးခံခဲ့ပြီး တရားရုံးက ခန့်ထားတဲ့ ရှေ့နေကနေတဆင့် ခုလို လျှောက်လဲခဲ့တာပါ။ သူ့ကို လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်လာခဲ့ပြီး အဲဒီနောက် လက်ထိပ်ကိုလည်း ဖြေပေးခဲ့ပါတယ်။ မုတ်ဆိတ်တွေနဲ့ အပြာရောင် ထောင်ဝတ်စုံဝတ်ထားတဲ့ Abu Ghaith က သူ့ရဲ့အခွင့်အရေးကို နားလည်တဲ့အကြောင်း တရားသူကြီးအမေးကို ခေါင်းညိတ် ဖြေခဲ့သလို ရှေ့နေငှားဖို့မှာတော့ သူ့မှာ ငွေမရှိဘူးလို့ ခေါင်းရမ်းပြီး ဖြေခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးနောက် သူ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြ ရေးသားထားတဲ့ စာမျက်နှာ ၂၂ မျက်နှာပါ ကြေညာချက်ကို အဘူဂိတ်သ် က အာဏာပိုင်တွေကို ပေးခဲ့တဲ့အကြောင်း အစိုးရရှေ့နေ John Cronan က ပြောပါတယ်။ ဒီအထဲမှာ အဘူဂိတ်သ် ဘာတွေ ရေးထားလဲ ဆိုတာတော့ ရှေ့နေက မပြောခဲ့ပါဘူး။

သူ့ကို စီရင်ချက်ချမယ့် ကြားနာမှုကို ရှေ့လထဲမှာ လုပ်သွားမယ့်အကြောင်း အမှု တရားသူကြီးက ပြောပါတယ်။ တကယ်လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ အဘူဂိတ်သ်ဟာ ထောင်ဒဏ်တသက် ကျခံရမှာဖြစ်ပါတယ်။VOA Burmese Fan Page

လုံးခင်းနှင့် ကန်စီး စစ်ဘေးရှောင် စခန်းများအတွက် ထောက်ပံ့ပစ္စည်းလိုအပ်လျက်ရှိနေ

9 Mar, 2013
ကချင်ပြည်နယ် လုံးခင်းမြို့မှ ဆယ်မိုင်ခန့်ကွာဝေးသည့် ကန်စီးရွာတွင် ကချင်စစ်ဘေးရှောင်တိမ်းနေသူများအတွက် ဖွင့်လှ စ်ထားသည့် ကယ်ဆယ်ရေးစခန်း၌  ထောက်ပံ့ပစ္စည်း လိုအပ်ချက်များရှိကြောင်းသွားရောက်လှူဒါန်းခဲ့သည့် The Action Times Foundationမှ သိရသည်။ အဆိုပါအဖွဲ့မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အ၀တ်အထည် ၊ စောင် နှင့် ဆေးဝါးများအား ကချင်ပြည်နယ် လုံးခင်းမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာများသို့ သွားရောက်လှူဒါန်းခဲ့သော်လည်း ဒေသခံများအနေဖြင့် လိုအပ်ချက်များ ရှိဆဲဖြစ်ကြောင်း သိရှိရသည်။

 “ကန်စီးရွာနဲ့ အနီးအနားရွာတွေမှာ အခုအချိန်အထိ အခြေအနေတွေက မငြိမ်သက်သေးပါဘူး။ ကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့တိုင်းလည်း ၀င်လို့မရပါဘူး။ ကျွန်မတို့အဖွဲ့ပဲ ၀င်လို့ရတယ်၊ ယူနီဆပ်(ဖ်) တောင် လုံခင်းမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ သူတို့လှူမယ့်ပစ္စည်းကို ထားခဲ့ရတာ နောက်တော့မှ ဘုန်းကြီးတွေကနေတစ်ဆင့်  ကယ်ဆယ်ရေး စခန်းကို သွားလှူပေးမှာတဲ့။ ’’ဟု The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ်က ပြောသည်။

ကချင်ပြည်နယ် လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာမှ ကယ်ဆယ်ရေးစခန်း မှာ နှစ်ဘက်တပ်များ၏ တားမြစ်နယ်မြေ ဖြစ်ခြင်းကြောင့် မည်သည့်အဖွဲ့အစည်းကိုမှ လာရောက်လှူဒါန်းခြင်းမပြုဘဲ The Action Times Foundation တစ်ဖွဲ့ကသာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ နာဂစ်မုန်တိုင်းတိုက်ခတ်သည့် အချိန်ကတည်းက စတင်ဖွဲ့စည်းပြီး မည်သည့် ဒုက္ခသည်ပြည်သူများကိုမဆို သွားရောက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။

ကန်စီးရွာတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီး ကျောင်းများ နှင့် Church (ချက်)ကျောင်းများ၌ နေထိုင်ရပြီး အဆိုပါရွာတွင် ကယ်ဆယ်ရေးစခန်း(၃)ခုရှိကာ၊ လုံးခင်းမြို့တွင် ကယ်ဆယ်ရေး စခန်း (၁၃)ခုရှိကြောင်း သိရှိရသည်။ ကန်စီးရွာရှိ ကယ်ဆယ်ရေးစခန်း (၃)ခုမှာ ကန်စီးတောရကျောင်း၊ ဓမ္မလင်္ကာ ရကျောင်းနှင့် နှစ်ချင်းမူကြိုကျောင်းတို့ ဖြစ်သည်။

လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အစားအစာ ၊ အ၀တ်အထည်များအတွက် စိုးရိမ်စရာ မလိုသော်လည်း ဆေးဝါးများ လိုအပ်ချက်ရှိနေသည်ဟု လုံခင်းဒေသခံ တစ်ဦးက ဆိုသည်။

“အ၀တ်အထည် သိပ်မလိုအပ်ဘူး ၊ ဆေးတို့ ဆန်တို့ပဲ အဓိက လိုအပ်တာပါ ၊ အပြင်ကုမ္မဏီတွေ NGO တွေက ကူညီကြပါတယ်။ “ လုံခင်းမြို့ တွင် နေထိုင်သည့် ဒေါ်ကြီးကြီးညွှန့်က ပြောသည်။

ကန်စီးရွာသည် လုံခင်းမြို့နှင့်ဆယ်မိုင်ခန့်ကွာဝေးပြီး လမ်းတစ်လျှောက်တွင် မဇွတ်ယန်၊ ဆန်ခါ၊မှော်ပုံ၊ စိုင်းရာ (ခေါ်)လဂျောင်နှင့် အောင်ဘာလေရွာများ အား ဖြတ်သန်းသွားရပြီး ၊အဆိုပါဖောင်ဒေးရှင်းမှ ကန်စီးရွာခံများနှင့်ရွာခံ ဆရာတော်များ၏ အကူအညီဖြင့် စောင်၊ အ၀တ်အထည်၊ဆေးဝါးများကို ဖေဖော် ၀ါရီလ နောက်ဆုံးပတ်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

“လုံးခင်းအပိုင်ရွာတွေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပေါင်း ခုနစ်ရာကျော်ခန့် ရှိပါတယ်။ အခုအချိန်မှာဆိုရင် အားလုံးကိုရပ်တန့် ထားရတဲ့အတွက် ဒီလုပ်ငန်းကို မှီခိုရတဲ့ ဒေသခံပြည်သူတွေအဖို့ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ လိုအပ်နေပါတယ်’’ဟု  The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ် က ပြောသည်။

စိုင်းရာ(ခေါ်)လဂျောင်ရွာမှာ ကေအိုင်အေစစ်ဌာနချုပ် အမှတ်(၆)အခြေစိုက်သည့် နေရာမှရွာဖြစ်ပြီး အဆိုပါဒေသတွင်  မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် နီးစပ်ရာကန်စီးရွာနှင့် လုံခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့   ပြောင်းရွှေ့ နေထိုင်ခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြား

ကျွန်မတို့အဖွဲ့ဝင်တွေကရပ်ကျေးကနေစပြီးရွေးချယ်ခဲ့ပြီးတိုင်းပြည်နယ်စသဖြင့်ဗဟိုထိရောက်လာပါပြီ။ ဒီမိုကရေစီနည်းကျကျနဲ့ရွေးချယ်ခဲ့ပါပြီ။ ဒီလိုရွေးချယ်ခဲ့တဲ့နေရာမှာ မကျေနပ်မှုတွေရှိခဲ့သလိုတစ်ခါတစ်လေ လဲမတူညီမှုတွေရှိခဲ့ပါတယ်။ အဲဒါတွေကလဲကျွန်မတို့အတွက်သင်ခန်းစာရစရာပါပဲ။ ဒီမိုကရေစီဆိုတာ ခြောက်ပြစ်ကင်းသဲလည်းစင်မဟုတ်ပါဘူ။ ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားသည့်မိန့်ခွန်း)
The Irrawaddy (Burmese Version)

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ကယား NLD အဖွဲ့ဝင် ၁ သောင်းကျော် နုတ်ထွက်

သောကြာနေ့က စတင်တဲ့ ညီလာခံမှာတော့ ကယား ပြည်နယ်က NLD တွေကို တွေ့ရပါတယ်
ကယား ပြည်နယ် ၇ မြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၁ သောင်း ကျော်ဟာ NLD ညီလာခံ စတင် ကျင်းပတဲ့ သောကြာနေ့ မှာပဲ ပါတီဝင် အဖြစ် ကနေ နုတ်ထွက် သွား ကြပြီ ဖြစ်ပါတယ်။အခုလို နုတ်ထွက် ရခြင်း အကြောင်းရင်း အချက် ၂ ချက် ရှိတယ်လို့ ကယား ပြည်နယ် လွိုင်ကော် မြို့နယ် NLD က စောဒယ်နီရယ် က ဘီဘီစီကို ပြောကြား ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များNLD ညီလာခံ စတင် ကျင်းပပြီNLD ညီလာခံ ကိုယ်စားလှယ် ၄ဦး ပယ်ထုတ်ဒီချုပ်ပါတီမှာ ညီညွတ်ရေး ပြဿနာ ရှိနေပြီလားဆပ်အကြောင်းအရာများအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ,ဒေါ်အောင်ဆန်းစုကြည်တခု ကတော့ မနှစ်က တင်ထားတဲ့ ကယား ပြည်နယ် NLD ပါတီ ဆိုင်းဘုတ် ကို တရား မဝင်ဘူး ဆိုပြီး၊ NLD ပါတီ ဗဟိုက တာဝန် ရှိသူ ဦးဉာဏ်ဝင်း ကနေ ကန့်ကွက် ပြီး ဆိုင်းဘုတ် ပြန်ဖြုတ်ခိုင်း ခဲ့တာ ကြောင့် မကျေ မနပ် ဖြစ်ခဲ့ တာလို့ ဆိုပါတယ်။နောက်တခု ကတော့ အခု NLD ညီလာခံ တက်ရောက် နေတဲ့ ကယား ပြည်နယ်က ကိုယ်စားလှယ် တွေဟာ ပါတီဝင် တွေကို ကိုယ်စား ပြုတယ်လို့ မယူဆ တာကြောင့် ဖြစ်တယ်လို့ စောဒယ်နီရယ် က ပြောပါတယ်။ဒီလို မကျေ မနပ် ဖြစ်မှု ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ကယား ပြည်နယ် NLD အဖွဲ့ဝင် တွေဟာ ဗဟို အထိ သွားရောက် ဆွေးနွေး ပေမယ့်လည်း NLD ဗဟိုက လက်မခဲ့ အတွက် အခုလို နုတ်ထွက် ခဲ့တာလို့ သူက ပြောပါတယ်။NLD ပါတီဟာ တနိုင်ငံ လုံးမှာ ပါတီဝင် ၁၃ သိန်း ကျော် ရှိတာ ဖြစ်ပါတယ်။
BBC Burmese

အသက်ကြီးပေမဲ့


FB-ကူ မိုးကြိုး

NLD ညီလာခံ ပထမနေ့ သတင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ အကြိုဆွေးနွေးပွဲနေ့မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၃ ဦးကို လာမယ့် ညီလာခံသက်တမ်းအတွက် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ ထားပါတယ်။
DVB TV News

NLD ဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မတ် ၈။
မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံလိုက်ရသော ကိုယ်စားလှယ် လေးယောက်တွင် ပါဝင်သော“ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား မြန်မာ့ခေတ်မှတွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။ ။ ဆရာ မင်္ဂလာပါ ။ ဆရာအခုလို ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ်သက်ပြီးအဲ့ဒီအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို အရင်ပြောပေးပါလားခင်ဗျ။

TZ ။ ။ ရပ်စဲတယ်လို့ ပြောလိုက် ကတည်းက ကျွန်တော်ကထူးကို ထူးဆန်း နေတယ်ဗျ။ နဂိုကတည်းက ကျွန်တော်ကအကုန်လုံးနဲ့ ရင်းနီးတယ်ဗျ။ ဒေါ်စုတစ်ယောက်နဲ့ပဲ သိပ်ပြီး လက်ပွန်းတတီးမသိတာ။ ဦးတင်ဦးနဲ့လည်း ခင်ခင် မင်မင်ရှိပါတယ်။ နောက်ပြီး ကိုဟန်သာမြင့် ဦးဝင်းတင်အားလုံး သိကြတာပဲ။ ဒါပေမဲ့ အဲ့လိုကြီး ခပ်ဝေးဝေးက
လူတစ်ယောက်နဲ့ စာရင် ကိုယ့်ကို နေ့စဉ်နဲ့အမျှ ဖက်လဲတကင်း ရှိတဲ့လူတွေက ဘာမှကို အကြောင်းပြချက်မရှိဘဲနဲ့ဗျာ။ နက်ဖြန် သဘက်ဆိုရင်ပဲ ဦးစိုးဝင်း( ပါတီ
ညီလာခံ ကိုယ်စားလှယ် စိစစ်ရေး) ကကိုသန့်စင်ရေ ၇ရက်နေ့ မနက်ကိုတော့ ကဒ်ပြားတွေ ထုတ်ပေးမယ်။ ရုံးချုပ်ကို လာလို့တောင် ကျွန်တော့ကို ပြောတာ။

MMA ။ ။ ကိုယ်စားလှယ်စိစ်ရေး အတွင်းရေးမှူးကိုယ်တိုင်ကကို လှမ်းဖိတ်ပြီးမှဆိုတော့ ဘယ်လိုဖြစ်ပြီးရပ်ဆဲတဲ့ အထဲပါသွားတာလဲခင်ဗျ။

TZ ။ ။ သူနဲ့ကျွန်တော်နဲ့ တနင်္ဂနွေ နေ့လောက်က တွေ့သေးတယ်ဗျ။ ကျွတော်က ရုံးချုပ်မှာ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းတွေ ပေးတော့ သူ့အောက်က ကျွန်တော်က
လုပ်ရတယ်ဗျ။ ဦးစိုးဝင်းက တာဝန်ခံတယ်။ ကျွန်တော်ကအဲ့ဒါကို ကျကျနန ပြီးစီးအောင် လုပ်ပေးခဲ့တာဗျ။ တပည့်တွေကော ခုံကိစ္စကအစ အစုံပလုံ လုပ်ပေးခဲ့တာဗျ။ နောက်ဆုံး အိမ်သာတက်ဖို့ ကိစ္စတောင် အတူတူ တွဲလုပ်ကြတာဗျ။ ဘာပဲပြောပြော ဆရာဦးစိုးဝင်း ကတော့ တကယ့် လူကြီး လူကောင်းလည်း ဆန်တယ်။ ပါတီကိုလည်း အရမ်း သံယောဇင် ရှိတာတောင် သူနားလိုက်တယ်ဗျ။ သူနားတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ ခံစားချက်ကိုဘယ်သူမှ မမေးကြဘူး။ အမှန်မယ် ဒီညီလာခံကြီးမှာ ကဒ်ပြား ထုတ်ပေးတဲ့အထိ သူလုပ်သွားတယ်။ ညီလာခံ စိစစ်ရေးမှာလည်း လုပ်ပေးသွားတယ်။ ဒါပေမဲ့ သူမပါဘူး။ တာမွေမြို့နယ်ကရွေးကတည်းက သူ့ကို ဖယ်လိုက်တာ။ ကျွန်တော်သွားမေးတဲ့အခါမှာ သူကိုယ်တိုင် နားလိုက်တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့သူ အများကြီး လုပ်နိုင်သေးတယ်ဗျ။ တကယ်ထိပ်တန်း အရာရှိ ဆယ်ရောက်လောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ရသေးတယ်။

MMA ။ ။ ဆရာ အဲ့သလိုမျိုး သူတို့တွေနဲ့ တကယ်လုပ်ပေးခဲ့တယ်။ ကဒ်ထုတ်ပေးမယ်လို့ အဆင့်ထိ ဖြစ်သွားပြီးခုလိုမျိုး ဦးစိုးဝင်းလည်း ထွက်သွားတယ်။ ဆရာလည်း
ကိုယ်စားလှယ် အဖြစ်က ရပ်စဲခံလိုက်ရတယ်ဆိုတော့ဘယ်လိုမျိုး နားလည် ခံယူလိုက်လဲ ခင်ဗျ။

TZ ။ ။ လူကြီးတွေး တွေးမယ် ဆိုရင်တော့ဗျာ ငါနဲ့ဟိုကောင်နဲ့ကြားမှာ အမှားအယွင်း တစ်ခုရှိပုံ ရတယ်လို့ထင်ရင် ထင်လိမ့်မယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ကောင်တာ လိုက်ကြည့်တယ်ဗျ။ လိုက်ကြည့်တော့ လွန်ခဲ့တဲ့ တစ်လလောက်ပေါ့ ညီလာခံ ကိုယ်စားလှယ် ကျွန်တော့ကို ရွေးလိုက်တဲ့ ရက်ပိုင်းလေး။ ၈ ရက်နေ့မှာ ကျွန်တော့ကို ရွေးတယ်။ ၂၀ရက်နေ့မှာ ကျောင်းဖွင့်တယ်( မြန်မာဒီမိုကရက်သင်တန်းကျောင်း)။ သိတဲ့ အတိုင်းပဲလေ ရှစ်ရက်နေ့မက တစ်ရက်နေ့လောက် ကတည်းက ကျွန်တော်တို့
ဝုန်းနေရတယ်။ ရှစ်ရက်နေ့ပွဲတောင် ဒီကနေခွင့်ယူပြီးညီလာခံ သွားတက်ရတယ်။ ညှိနှိုင်းနှစ်ရက် လုပ်တော့လည်း တစ်ရက်ပဲ တက်နိုင်တယ်။ အဲ့ဒီအချိန်မှာ ခေါင်း
ထဲမှာ ဘာမှမရှိဘူး။ ကြားတယ် သူများတွေ အောင်ပွဲခံကြ စားကြ၊ သောက်ကြ ကျွန်တော် မပါဘူး။

MMA ။ ။ ဆရာတို့ ရပ်စဲခံရတဲ့ လေးယောက်ကကောဘယ်လို ပတ်သက်မှုမျိုး ရှိလဲဗျ။

TZ ။ ။ အဲ့ဒါလည်း ကျွန်တော် ပြောပြီးပြီ။ ဆရာဦးခင်မောင်ဝင်းကတော့ ဟုတ်တယ်။ ကျွန်တော့ဒီမှာ စာသင်နေတဲ့ ဆရာ ကျော်ဇေယျာဝင်းရဲ့ အဖေ။ ခင်လည်းခင်တယ်။ သူနဲ့ကျွန်တော်နဲ့က ဒီဖက်လွှတ်တော် တက်နေတဲ့ နောက်ပိုင်းလေးလငါးလလောက်ကို မတွေ့တာ။ မတွေ့ဖြစ်ဘူးဗျ အဲ့ဒီပုဂ္ဂိုလ်နဲ့။ တွေ့စရာ အကြောင်းလည်း မရှိဘူးဗျ။ ဒါပေမဲ့ ဦးခင်မောင်ရှိန် မြောက်ပိုင်းဥက္ကဌ အရွေးခံရတာ ကြားတယ်။ဒါပေမဲ့ ဦးခင်မာင်ရှိန် ဆိုတာကို မသိဘူး ။ လူမသိတာ မဟုတ်ဘူး။ နာမည် မသိတာ။ ဟိုတစ်နေ့ အဲ့ဒီစာ ထွက်တော့ကမှ သိတာ။ နောက်ဘယ်သူလဲ ဒေါ်မိမိကြီးက ကောလင်းလားစစ်ကိုင်းလားပဲ။ ကျွန်တော် လူလည်း မသိဘူး။ နံမည်လည်းမသိဘူး။ ဘယ်လိုမှ ဆုံစရာ အကြောင်းလဲ မရှိဘူး။

MMA ။ ။ ပြီးတော့ ၂၆ ရက်နေ့ ထုတ်လိုက်တဲ့ စည်းကမ်းချက်ကကော ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ဆရာထင်လား။ ဘယ်လိုမြင်သလဲ ပြောပေးပါဦးခင်ဗျ။

TZ ။ ။ အဲ့ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောလိုက်မယ်။ ကျွန်တော်သာဆို အဲ့ဒီနေရာမှာ လုပ်ပိုင်ခွင့်ရတဲ့ အုပ်ချုပ်သူ တစ်ယောက်ဆိုရင်အဲ့ဒီစာကို ကျွန်တော်အဲ့ဒီလို မရေးဘူး။ နယ်မှလာတဲ့ ကိုယ်စားလှယ်တော်တွေဟာ မိမိတို့နေအိမ် မိမိတို့ အဆောက်အဦး အတွင်းမှာ စားလို့သောက်လို့ရတယ်။ ဆွေးနွေးတဲ့ အခါမှာ ရည်ရွယ်ချက် ရှိရှိနဲ့ ဆွေးနွေးတဲ့ ဟာမျိုး မလုပ်သင့်ဘူးဆိုရင် မကောင်းဘူးလား။ ခုနပြောသလိုဘဲ ရန်ကုန်ရောက်တုန်းရောက်ခိုက်တော့ သွားလည်ကြ တာမျိုးတော့ လုပ်ကြမှာပဲ။ညအိပ်ကြမှာပဲ။ တိုင်းရွေးပွဲတုန်းကတောင် အဲ့သလို လုပ်ကြတယ်လို့ ကြားမှာပဲ။ ခုအရွေးခံရတဲ့ သူတွေအိမ်ကို သွားအိပ်ကြတယ် ပြောတာပဲ။ ဆရာတို့ကတော့ အစကတည်းက ဘာသာရေးလည်း လုပ်တော့ အန္တရာယ်ရဲ့အငွေ့အသက်ကို ကြိုမြင်တယ်။ အဲ့ဒါကြောင့် ရှင်လောင်းပြုခါနီး ရှင်လောင်းလိုနေတယ်။ အမြင့်မတက်နဲ့ ၊လျှောက်မသွားနဲ့
ဆိုသလိုမျိုးပေါ့။ ဟိုသွားဒီသွား အဲ့လိုမျိုးလည်း မလုပ်ဘူး။အဲ့လိုမျိုးလို့ လားလည်း မသိဘူး ဘလိုင်းကြီး ဝင်ခွတ်တာပဲ။ကျန်တဲ့ သူတွေနဲ့လည်း မသိဘူး။ ဆရာဦးခင်မောင်ဝင်းနဲ့လည်း နီးစပ်တဲ့ စကားလုံးမျိုး မပြောဖူးဘူး။ ရှင်းရှင်းပြောရရင် မတွေးမိတဲ့ အကြောင်း အရာတွေဗျ ဒါတွေက။ရယ်တော့ ရယ်စရာ ကောင်းတယ်ဗျ။

MMA ။ ။ သူတို့ ကြေညာချက်ထဲမှာ ခိုင်လုံတဲ့ အကြောင်းပြချက်လို့ ပါတယ်ဗျ။ အဲ့ဒါကိုကော ဆရာက ဘာကိုပြောတာလို့ ထင်သလဲခင်ဗျ။

TZ ။ ။ အဲ့ဒါကတော့ ကျွန်တော် ရည်ညွှန်းလိုက်မယ်။ တစ်ချို့ ဖေ့ဘွတ်မှာ ရေးတယ်ဗျ။ တစ်ယောက်က ရေးတယ်နိုင်ငံရေး လက်ဦးမှုယူတယ်။ နောက်တစ်ယောက်က
ရေးတယ် နိုင်ငံရေးလုပ်ကြံမှု အသေးလေးလို့ ရေးတယ်ဗျ။ ဒီနေ့မနက်တွေ့တာက တပ်မတော်ထဲက ဗိုလ်ကြီးဟောင်းတစ်ဦးက လုပ်တယ်လို့ အသံထွက်လာတယ်။ သူကစေခိုင်းလို့ ဗဟိုလူငယ်က အခမ်းအနား လုပ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီး ယူလာတယ်။ ဓာတ်ပုံ အထောက်အထားယူလာတယ်လို့ ကြားတယ်။

MMA ။ ။ ဆရာပြီးတော့ NDFက ဝင်လာကြလို့ လို့လည်းသတင်းတွေက ထွက်နေတယ်ဗျ။ အဲ့ဒါကကော။

TZ ။ ။ အင်းလေ ဒီမိုကရေစီ ခေတ်မှာက ရာနှုန်းပြည့်ဆိုတာမရှိပါဘူး။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဖက်က ရတဲ့ အတွေးအခေါ် အယူအဆ၊ ဆန့်ကျင်ဖက်က ထောက်ပြတဲ့
အကြောင်း အရာတွေကို ကိုင်စွဲပြီးတော့ ရိုးပလေးလုပ်တဲ့ အဖွဲ့အစည်းပေါ့ ဒါလည်းမှန်ပါတယ်။ ဆရာဥပမာတစ်ခုပြောမယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကဘာပြောထားသလဲ။ သူတစ်ခုပဲ ကန့်သတ်ထားတယ်။သူတို့ပါတီက ထွက်သွားတဲ့သူ ပြန်ဝင်လာရင် လက်မခံဘူးလို့။ ဒါမူပဲ သူပြောထားတာ။ အဲ့ဒီမှာ ဒေါ်စုပြောထားတာ ရှင်းတယ်။ ဘယ်ပါတီက လာလာ လက်ခံမယ်။နောက်ဆုံးကြံ့ခိုင်ရေးက လာမယ် ဆိုရင်တောင် လက်ခံမယ်။အဲ့ဒီအချိန်မှာ ဘာမဟုတ်တဲ့ ချစ်တီးခေါင်း သန်းရှာလို ပါတီဝင်၁၂သိန်း ရှိတယ်လို့ ကြေညာ ထားတာလေ။ ၁.၂သန်းရှိတဲ့ပါတီမှာ လူတစ်ယောက်အပေါ် အဲ့လိုအာဃာဒ ထားစရာလား။ခေါင်းဆောင ဆိုတာက ရပ်ကွက်ခေါင်းဆောင် မဟုတ်ဘူးလေ။ ဌာနချုပ်မှာ ခေါင်းဆောင် လုပ်တဲ့သူ တစ်ယောက်က ဒေါ်စုရဲ့ သဘောထားကို အကောင်အထည် ဖော်တဲ့နေရာမှာ လိပ်ပြာသန့်သန့် ဖြစ်ဖို့မိုဘူးလား။ တပ်မတော်က ဝင်လာလည်းသူတို့ လက်ခံမယ်လို့ ပြောတယ်။ ဗိုလ်မှူးကြီးတွေထဲက အယောက်၅၀ ဝင်မယ်တဲ့ ဟာ ဒီကောင်တွေ တစ်သက်လုံး ငါတို့ကိုနှိပ်စက်လာတာ ရပ်ကွက်ထဲက မတက်စေနဲ့လို့ အဲ့လိုညွှန်ကြားလို့ မရဘူးလား။ ဒ်ါစုက ပြောတယ် ဦးခင်မောင်ဝင်း ဝင်လာကတည်းက ဦးတင်ဦးကို အဘ ကာကွယ်ရေးဦးစီးချုပ်တောင် ဒီမှာနာယက ဖြစ်နေသေးတာလို့။ သူပြောတာ ရှင်းတယ်လေ။ အရမ်းမျှတတယ်ကွ ငါတို့ခေါင်းဆောင်။ အရမ်းလေးစားဖို့ ကောင်းတယ်။

MMA ။ ။ ဒါဆိုကော်မရှင်က လုပ်လိုက်တာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမသိနိုင်ဘူး ဆိုတဲ့သဘောပေါ့။

TZ ။ ။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်ကား ကြည့်ဘူးတယ်မလား။ အဲ့ဒီမှာ အဆိပ်ဖြေဆေး ပေးမယ့် ဆရာက လားလေးနဲ့သွားတယ်။ မင်းသားက မြင်းနဲ့ သွားတယ်။အဲ့တော့ အဆိပ်ဖြေဆေးက နောက်ကြနေတယ်။ အဲ့တော့ မင်းသားကပြန်နိုးလာမယ့် မင်းသမီးနားမယ် အဆိပ်သောက် သေသွားတယ်။ ဒီအမိန့်တွေရဲ့ သဘာဝကလည်း အံ့သြစရာကောင်းတယ်။ ဆရာ့ဆီကို ရောက်တာက ၅ရက်နေ့ညကသတင်းထောက် တစ်ယောက် ဖုန်းဆက်တယ်။ အဲ့ဒါသိရင် ဖြေပါလို့ မေးတယ်။ မဟုတ်ဘူး ငါမသိဘူး။
အဲ့ဒီအချိန်မှာ အယ်ဒီတာက ခိုင်လုံတယ်။ အဲ့ဒီစာရွက်ကျွန်တော့ လက်ထဲ ရောင်နေပြီ လို့ပြောတယ်။ ငါ့လည်းဖုန်းတစ်ယောက်မှ မဆက်။ ဖုန်းကြည့်တော့လည်း
မသင့်တော်တဲ့ အချိန်ကြီး ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာက ဒီစာက ထုံးစံအတိုင်း ဆိုရင် အနည်းဆုံးတော့ဖုန်းလေးနဲ့ မမေးသင့်ဘူးလား။ နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်းမှာ ထိုင်နေတဲ့ သူတွေနော်။ ကိုယ်တိုင် မပြောချင်ရင်တောင် မောင်သန့်စင်လေး ကိုတော့ကွာ ဒီလိုဒီအကြာင်းပြောလိုက်ပါဦးဆိုရင် ငါဌာနချုပ်ကို ပြေးမှာပေါ့။ သွားမေးမှာပေါ့။ စာထွက်လာလို့ ရှိရင်လည်း ရပ်ကွက်ကနေ ပို့ရင်နေ့ချင်း ရောက်ပါတယ်။ ခုတော့ ဖေ့ဘွတ်ပေးမှာသွားတွေ့တယ်။ ဘယ်ကောင်က တင်လိုက်တယ်
မသိဘူး။ အမှန်မယ် ကော်ပီနဲ့ ငါးဆောင် ထွက်ရင်တောင်ရောက်ရမှာလေ။ လျှို့ဝှက် အဆင့်တော့ မဟုတ်ပါဘူး။အတွင်းစည်း မီဒီယာကို ပေါက်ကြားတယ် ဆိုတော့ ဂုဏ်
သိက္ခာကို မထိခိုက်ဘူးလား။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းတွေပေါ်မှာ နေတဲ့ သူတွေက ဒေါ်စုကို အရမ်းချစ်ခင် မြတ်နိုးနေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအရ သေသွားအောင်ရယ် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒေါ်စုချစ်တဲ့ ကောင်တွေကဒီကောင်တွေ တိုင်းပြည်ဖျက်မဲ့ ကောင်တွေ ဒေါ်စုဖြုတ်ချမဲ့ကောင်တွေဆိုပြီး မထုဘူးလို့ ပြောနိုင်သလား။ ဒေါ်စုရဲ့အင်းမေ့ ပါတီရဲ့ရိုက်ခတ်မှုကိုလည်း သိရဲ့သားနဲ့ အဲ့ဒါကြီးနဲ့ကိုင်ရိုက်တာ အန္တရာယ်ရှိတယ်။ ဌာနချုပ်မှာ နေပြီးတော့ ဒါမျိုးလုပ်စရာလား။ ဒါပေမဲ့ သိသိရဲ့နဲ့ တမင်တကာ သေဟဲ့ဆိုပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တယ်။

MMA ။ ။ အဲ့ဒါတွေကို ဆရာ့နေနဲ့ ဘယ်လို တုန့်ပြန်သွားမလဲခင်ဗျ။

TZ ။ ။ အေး အဲ့ဒါငါက တရားမျှတမှုကို လိုချင်တဲ့ဗျ။ အဲ့ဒီNLD ဌာနချုပ်က လူကြီးတွေ ခေါ်ယူတွေ့ ဆုံစေချင်တယ်။ငါတင်ပြတာကို နားထောင် စေချင်တယ်။ ပြီးလို့ရှိရင် အမြင့်ဆုံး ပြောရရင် အမေ့ကို တွေ့ချင်တယ်ပေါ့။ ငါမနေ့ကတော့မတွေ့ဘူးလို့ မီဒီယာသမားတွေ အယောက်၃၀လောက်ကိုပြောလိုက်တယ်။ စိတ်ဆိုးနေလို့။ တွေ့ရအောင် ပြောရင်တော့တွေ့ချင်တယ်

MMA ။ ။ အခုလို အခြေအနေကို ဘယ်လို သုံးသပ်မလဲဆရာ။

TZ ။ ။ အကျိုးဆက်က ၃ခုဖြစ်သွားမယ်။ တစ်အချက်ကကာယကံရှင်ဖြစ်တဲ့ စိတ်စေတနာ ကောင်းကောင်းနဲ့ လာပြီးပေါင်းစည်း ပေးတဲ့သူတွေ နင့်မွန်းသွားမယ်။ နှစ်အချက်က ပြည်သူကြားမှာရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုတွေ နှစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့ကိုမုန်းတီးပြီးတော့ ပိုပြီးတော့ ဆန့်ကျင်ဖက် အုပ်စုပေါ်လာသလို ငါလုပ်တဲ့ အမှန်တရားကို သိတဲ့ ထောက်ခံပေးတဲ့ အုပ်စုတစ်စု ဖြစ်လာမယ်။ အဲ့ဒီအုပ်စုနှစ်စုကပါတီဝင်တွေ ဆိုတော့ နှစ်ခုကွဲ မသွားနိုင်ဘူးလား။ အဲ့ဒါတွေကို ငါတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်။

MMA ။ ။ ခုဆရာ့ဖက်က သူတွေက ဆန္ဒပြဖို့ လုပ်နေပြီဆိုတော့ ဘယ်လိုလုပ်မလဲ။

TZ ။ ။ အဲ့ဒါကတော့ ဒီမိုကရေစီ လူ့ဘောင် ဒီမိုကရေစီခေတ်ကိုရောက်နေပြီဆိုတော့ ငါလည်း မတတ်နိုင်ဘူး။

MMA ။ ။ အခုလိုမျိုး ဆုံးဖြတ်ချက်တွေက ၂၀၁၅ကိုအကျိုးသက်ရောက် သွားစေနိုင်လားခင်ဗျ။

TZ ။ ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်ဗျ။ ဒါက ရောဂါဖြစ်သွားပြီ ကုသဖို့နည်းလမ်းကတော့ အနာသိပြီဆိုရင် ဆေးရှိတာပေါ့။ အမြန်ဆုံး ပြုပြင်ပြောင်းလဲ
မယ်။ နည်းလမ်းတွေရှာပြီး ထိရောက်အောင် အသုံးချမယ်။၂၀၁၅ ပြဿနာက ပြည်သူလူထုကို ဦးဆောင်မဲ့ တသားတည်းနားလည် ခံစားပေးမဲ့ လူထု ခေါင်းဆောင်တွေ ပေါ်လာဖို့ခေါင်းဆောင်ကောင်း ထွက်လာဖို့ အဓိကပေါ့။ အဲ့ဒီလူတွေကအတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ်ကို ကောင်းစွာ နားလည်ကျေညက်ထားမှ ရမှာလေ။ ပညာအရည် အချင်းနဲ့ ပြည့်စုံတဲ့သူတွေကို စည်းရုံးသိမ်းသွင်း ရမှာလေ။ ခုဟာက စည်းရုံးစရာမလို သလိုဖြစ်နေတယ်။ ဒါပေမဲ့ ဟိုနေ့က ဦးတင်ဦး RFAကို ပြောသလိုမျိုး ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ လိုတယ်ဆိုရင် ငါတို့လေးယောက်က ဖောင်းပွနေလို့လား။

MMA ။ ။ ဆရာအနေနဲ့ အခုလာ အရွေးချယ်ခံတဲ့ ကိုယ်စားလှယ် ၉၀၀ထဲမှာ ဆရာတို့လေးရောက် လျော့သွားတဲ့ အတွက် ကျစ်လစ်သွားတယ်လို့ ခံစားရပါလားဗျ။

TZ ။ ။ အဲ့ဒါက ဟာသဖြစ်သွားပြီ ။ အဲ့လိုတွေးရင်တော့ဟုတ်တယ်။ NLD ကြီး ကျစ်လစ်ခိုင်မာဖို့ ဦးသန့်ဇင်၊ ဦးခင်မောင်ရှိန်၊ ဦးခင်မောင်ဝင်း၊ ဒေါ်မိမိကြီးတို့ကို ကန်တုတ် လိုက်ပါတယ်ဆိုရင် ကျစ်လစ်ခိုင်မာဖို့ အတွက် နောက်ထပ် ဘယ်လောက်များ လုပ်ဦးမလဲဆိုတာ အဲ့ဒီ တက်နေတဲ့သူတွေကလည်း ဖုတ်လှိုက်ဖုတ်လှိုက် ကိုတက်နေကြ
ရမှာပဲ ကြောက်ကြောက် လန့်လန့်နဲ့ ။ ကျစ်လစ်အောင် ဒီနေ့လေးယောက်၊ နောက်နေ့လေးဆယ် ထပ်ဖြူပ်ရင် ထပ်ဖြုပ်နေဦးမှာ ပြောလို့မရဘူး။ နောက်တစ်ခုက
ရန်ကုန်မှာ ခရိုင်ဥက္ကဌလောက် ကောင်ကိုတောင်ငါတို့ဖြုတ်လိုက်တာ မင်းတို့ငြိမ်ငြိမ်နေ၊ ငါတို့ ဖောမက်ချတဲ့အတိုင်း လိုက်ဆိုပြီး ဒါဒီမိုကရေစီကို အနိုင်ကျင့်တာ။
ဒီမိုကရေစီကို တန်ဖိုး မရှိအောင် လုပ်တာဗျ။ ဒီမိုရေစီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ်တာကွ ငါအဲ့လိုမျိုးကို မြင်တယ်။

MMA ။ ။ ဘာများ ဖြည့်ပြောချင် ပါသေးလဲ ခင်ဗျ။

TZ ။ ။ ပြောရရင်တော့ ငါတို့နဲ့ မင်းတို့မီဒီယာ သမားတွေကြားမှာ ပြည်သူလူထု တမ်းတနေတဲ့ အမှန်တရားတွေပေါ်ဖို့ ငါတို့ကလည်း မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့
အမှန်ကို ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ ပြည်သူကို ဦးဆောင်ရမယ်။ မီဒီယာသမားကလည်း တစ်ချက် ကလေးမှ မမှားဘဲပြည်သူကို တင်ဆက်နိုင်ရမယ် အဲ့ဒါလေးတော့ လုပ်ပေးပါလို့ ပြောချင်ပါတယ်။

MMA ။ ။ အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
အောင်သိုက်
The Myanma Age

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ကွာဟချက် တစိတ်တပိုင်း

ယေဘူယျအားဖြင့် ဇီဝဗေဒ သဘောအရ ဥာဏ်ရည်သုံးရတဲ့ ကိစ္စတွေနဲ့ စိတ်ဖိစီးမှု မြင့်မားစွာနဲ့ အလုပ်လုပ်ရတဲ့ အခြေအနေတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေကို မယှဉ်နိုင်ပါဘူးလို့ သုတေသနတွေအရ သိရပါတယ်။

တခါ သုတေသနတွေအရပဲ သတင်းဝက်ဘ်ဆိုက်တွေကို သွားရောက်လို့ သတင်းတွေကို မက်မက်စက်စက် ဖတ်ကြတဲ့သူတွေက ယောက်ျားတွေက အများစုဖြစ်ပြီး အမျိုးသမီးတွေက လူမှုကွန်ရက်လောက်မှာပဲ သတင်းတွေကို ဖတ်ကြတာ များတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေက မိုးလေ၀သ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်း၊ ကျန်းမာရေးဆိုင်ရာ သတင်းတွေ၊ အပျော်ဖတ်နဲ့ အနုပညာဆိုင်ရာ သတင်းတွေကို စိတ်ဝင်စားကြပြီး ယောက်ျားတွေကတော့ နိုင်ငံတကာ သတင်းတွေ၊ အစိုးရဆိုင်ရာ သတင်းတွေနဲ့ အားကစား သတင်းတွေကို ပိုလို့ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။BBC Burmese

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးအား အဓမ္မပြုကျင့်သည့်အမှုကို မတ် ၁၄ ရက် ရုံးချိန်း ထပ်မံခေါ်ဆိုပြီး ခိုးမှုဖြင့် ပြန်လည်တရားစွဲဆိုသည့် အမှုကို မတ် ၁၅ ရက် စတင်စစ်ဆေးမည်

Friday, March 8, 2013
မြောက်ဥက္ကလာပမြို့နယ်ရှိ ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင်မှ အသက် ၁၅ နှစ်အရွယ် ၎င်း၏ ဆိုင်ဝန်ထမ်း မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် ခဲ့သည် အမှုကို လာမည့် မတ် ၁၄ ရက်တွင် ထပ်မံရုံးချိန်း ခေါ်ဆိုလိုက်ပြီး ဆိုင်ပိုင်ရှင်၏ ဇနီးမှ အဆိုပါ မိန်းကလေးအား ခိုးမှုဖြင့် ပြန်လည် တရားစွဲဆိုသည့် အမှုကို မတ် ၁၅ ရက်တွင် စတင်စစ်ဆေးမည်
ဖြစ်ကြောင်း သိရသည်။

ဆိုင်ဝန်ထမ်း မိန်းကလေး၏ ဦးလေးတော်စပ်သူကိုမူ မတ် ၆ ရက် က အရှေ့ပိုင်းခရိုင် တရားရုံးမှ စစ်ဆေးခဲ့သည်။

ဆိုင်ပိုင်ရှင်၏ ဇနီးက ခိုးမှုဖြင့် ပြန်လည်စွဲဆိုမှု အတွက် မိန်းကလေးငယ်သည် ယခင်ထိန်းသိမ်း စောင့်ရှောက်ထားသော နတ်မောက်လမ်းရှိ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် နေထိုင်ခွင့် မရှိတော့ချေ။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ အရ အသက် ၁၆ နှစ် အောက် ကလေးဖြစ်သည့် အတွက် ခိုးမှုဖြင့် ယခုလို အမှုဖွင့်ထားသော်လည်း ဥပဒေကြောင်းအရ အာမခံဖြင့် ပြင်ပတွင်ပြန်လည် နေထိုင်ခွင့် ရရှိခဲ့ကြောင်း တရားလို မိန်းကလေး၏ ရှေ့နေ ဒေါ်စိုးစိုးမော်က ပြောသည်။

ဆိုင်ရှင်၏ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကပင် “သမီးကို အနိုင်ကျင့်တဲ့ အကြိမ်တိုင်း ပါးစပ်တွေကို အတင်းပိတ်ပြီး နင့်အမေတွေ အစ်မတွေကို မပြောနဲ့၊ ပြောရင် သတ်ပစ်မယ်လို့ သူကပြောပါတယ်။ သမီးကို အဲဒီအိမ်ကနေ တခြားနေရာတွေ လျှောက်ပြောင်းခိုင်းတုန်းက သူတို့ကိုယ်တိုင်ပဲ ကားနဲ့လိုက်ပို့ခဲ့တာပါ။ သူတို့ဆီက ပစ္စည်းလည်း သမီးမခိုးရပါဘူး” ဟု ပြောသည်။

ထို့အတူ မိန်းကလေးငယ်၏ အမေ ဒေါ်တင်ဌေးကလည်း “ခိုးမှုနဲ့ ပြန်အမှုဖွင့်ပြီး တရားစွဲတယ်ဆိုရင် သူတို့ လူပျောက်မတိုင်ခင် ကတည်းက တရားစွဲပါလား။ ကျွန်မတို့ ဘက်ကနေ ပုဒ်မ ၃၇၆ နဲ့ အမှု ဖွင့်လိုက်တော့မှ ဘာလို့သူတို့ဘက်က တရားစွဲရတာလဲ။ ငွေရှိတိုင်း လုပ်ချင်တာ လုပ်လို့မရပါဘူး” ဟု ပြောသည်။

အဆိုပါ အသက်မပြည့်သေးသော မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရသည့် အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိမ်းမှ လက်ခံစစ်ဆေးပြီး မိန်းကလေးဘက်မှနေ၍ ရှေ့နေများ ကွန်ရက်မှ ရှေ့နေကြီး ဦးအောင်သိန်း၊ ရှေ့နေ ဒေါ်စိုးစိုးမာတို့မှ
ဆောင်ရွက်ကြမည်ဖြစ်ပြီး ၎င်းတို့သည် အဓမ္မပြုကျင့်ခံရသည့် အမှု
အပါအ၀င် ခိုးမှုဖြင့် တရားခံအဖြစ် စွပ်စွဲခံရသည့် အမှုအပေါ်လည်း ဆက်လက် ဆောင်ရွက်ကြမည် ဖြစ်သည်။

Eleven Media Group

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်များစာရင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း
Friday, March 8, 2013

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၁။ ဦးညဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ

NLD Congress

အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး အမှန်တရား ဖော်ထုတ်ချင်တာပါ

ဒေါ်စန်းစန်းဝင် (ခ) ဒေါ်လေးလေးသည် ၁၉၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား တဦးနှင့်ပူးပေါင်းကာ အစိုးရ၏ သတင်းများအား ပေးပို့ခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၁ နှစ်ချမှတ် ခံခဲ့ရသော်လည်း အယူခံဖြင့် တနှစ်နှင့် ၄ လအကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ လက်ရှိအချိန်တွင် လူ့အခွင့်အရေး အဖွဲ့အစည်း များစွာဖြင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်လျှက်ရှိပြီး ကလေးသူငယ် အခွင့်အရေးအတွက်လည်း ကူညီလျှက်ရှိသည်။ ထို့အပြင် ဒေါ်လေးလေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တဦးလည်းဖြစ်သည်။ ယခုလတ်တလောတွင်  အတင်းအဓမ္မ ကျင့်ခံရပြီးနောက် ပြုကျင့် ခဲ့သူက ခိုးမှုဖြင့် ပြန်လည်ကာ တရားစွဲဆိုထားခြင်းကို ရင်ဆိုင်နေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ကူညီပေးနေသည့် ဒေါ်လေးလေးအား ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးနေ့တွင် တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။     ။ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုပြီး နိုင်ငံတကာမှာ သတ်မှတ်ကြတဲ့ အပေါ် ဒေါ်လေးလေးရဲ့ အမြင်ကို ပြောပြပေးပါလား။

ဖြေ။     ။ မြန်မာလူမျိုးတွေက နိုင်ငံတကာ အမျိုးသမီးများနေ့ကို မသိကြဘူး။ ဒါတွေက အာဏာရှင်တွေကိုက
အသိအမှတ် မပြုဘဲ ထားတာလေ။ ဟိုအာဏာရှင် စနစ် အစိုးရကတည်းက အမျိုးသမီးတွေကို အရမ်းဖိနှိပ်တယ်။ အမျိုးသမီးဆိုရင် အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရရှိသလို၊ အမျိုးသမီးတွေကို ဖိနှိပ်မှုတော်တော်များများ ရှိတယ်။ အိမ်ထောင်ရှင် အမျိုးသားတွေကလည်း အမျိုးသမီးတွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်ခိုင်းဘဲ အိမ်မှုကိစ္စတွေကိုပဲ လုပ်ခိုင်းရင်နဲ့ အချိန်ကုန်စေတာပေါ့။ ဒါကြောင့် ကျမက အမျိုးသမီးတွေ ကိုယ်စားပြုပြီး အမှန်တရားနဲ့၊ အမျိုးသမီးတွေရဲ့
အကြောက်တရား ကင်းအောင် လိုက်လုပ်ပေးနေတာပါ။ အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး အမှန်တရား ဖော်ထုတ်ချင်တာပါ။ အန်တီ့ အနေနဲ့တော့ မတ်လ ၈ ရက်နေ့ကို မြန်မာပြည်မှာ နိုင်ငံတကာ အမျိုးသမီးများ နေ့အဖြစ် အစိုးရအနေနဲ့
ပြုလုပ် ပေးသင့်ပါတယ်။ အဲဒါကို ကျမတို့ ဖော်ထုတ် ပြုလုပ်သွားမှာပါ။

မေး။     ။ လက်ရှိအချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ ကျင့်တာကို ပပျောက်အောင် ဘယ်လို ဆောင်ရွက်သွားမှာလဲ။

ဖြေ။     ။အဲဒီ ကလေးတွေနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေ လုပ်မယ်။ ယောက်ျားတွေဆိုရင် ယုံကြည်စရာ မရှိဘူး၊ ကိုယ့်မိသားစုလို ဘယ်အမျိုးသားတွေကိုမှ မဆက်ဆံနဲ့၊ အလုပ်ရှင်ဆိုပြီးတော့ တရင်းတနှီး မဆက်ဆံနဲ့ ဆိုတာ တွေကို ပြောပြသွားဖို့ ရှိပါတယ်။ ကျမတို့ အနေနဲ့ကတော့ ဒီလို အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလုပ်လုပ်ရင်လည်း နေ့လယ်ပိုင်းပဲလုပ်၊ ည အိမ်ပြန်ဆိုတာတွေ ပြောသွားမယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိခင်တွေက အလုပ် လုပ်ခိုင်းမယ် ဆိုရင်လည်း အဲဒီမိခင်တွေကို နည်းနည်း စည်းရုံးရေး လုပ်ရမှာပေါ့။ ဘယ်လိုနေရာ ဘယ်လို ဆိုင်တွေမှာလုပ်ဖို့၊ ဖြစ်နိုင်ရင် ကလေးငယ် တွေကို ည အိမ်ပြန် အိပ်ခိုင်းဖို့ အဲဒါတွေ ပြောသွားပါမယ်။

မေး။     ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ကူညီပေးခဲ့တာ ဘယ်နှမှုလောက် ရှိပါသလဲ။

ဖြေ။     ။ မိန်းကလေးနဲ့ ပတ်သက်တဲ့ အမှုကတော့  ၅ မှုပါ။ ကလေးစစ်သားနဲ့ ပတ်သက်ရင်တော့ ရေတပ်က ၉ ယောက် လောက်တော့ ကူညီပေးခဲ့တယ်၊ အားလုံး အောင်မြင်ခဲ့တယ်။ အခု လတ်တလောလည်း အမျိုးသမီးနဲ့ ပတ်သတ်တဲ့ကိစ္စ၊ ကလေးသူငယ်တွေ မတရားနှိပ်စက်ခံရတဲ့ ကိစ္စတွေကို ကူညီပေးနေပါတယ်။

မေး။    ။ ဒေါ်လေးလေးက အမျိုးသမီးတယောက်ဖြစ်ပြီး အဲဒီလို မတရား ဖိနှိပ်ခံရတဲ့ အမှုတွေကို လိုက်ကူညီပေးတာ ဘာကြောင့်လဲ၊ ဘယ်နှခုနှစ်က စလုပ်ခဲ့လဲ။

ဖြေ။    ။ ကျမကလည်း စစ်အာဏာရှင်စနစ်က မတရားမှုနဲ့ ထောင် ၂၁ နှစ်၊ ပြင်သစ်နိုင်ငံသားကို အစိုးရရဲ့ သတင်း ပေးပို့မှုဆိုပြီး စွဲဆိုခဲ့တယ်။ ဒါပေမယ့် အယူခံလိုက်တော့ တနှစ်နဲ့ လေးလပဲ ကျခဲ့တယ်။ ပြီးတော့ ကျမသား အသက်မပြည့်တဲ့ ကလေးကို စစ်တပ်က လိမ်ညာ ခေါ်သွားတာတွေကို ခံပြင်းလို့ မတရားတာတွေကို ကိုယ်တိုင်ကြုံခဲ့လို့ အဲဒီလို မတရား တာတွေ မြင်ရင်၊ ကြားနေရင် ကူညီပေးတာပေါ့။ ၂၀၀၅ ခုနစ်က စတင်လုပ်ခဲ့တာပါ။

မေး။    ။ အဲဒီလို မတရားခံရတဲ့ သူတွေလိုက်ကူညီပေးတဲ့အချိန်မှာ အာဏာရှင်တွေက ဒေါ်လေးလေးကို ဘယ်လို ခြိမ်းခြောက်မှုလုပ်သလဲ။

ဖြေ။     ။ ခြိမ်းခြောက်မှုကတော့ အမျိုးမျိုးပါပဲ။ ဖိအား ဆိုတာရှိပါတယ်။ ကျမကတော့ မကြောက်တော့ဘူး။ ကြောက်စိတ်လည်း ကုန်နေပါပြီ။ ဒါကြောင့် ကိုယ့်လို အမျိုးသမီးတွေကို အာဏာရှင်က မတရားဖိနှိပ်တာ ကြုံလာရင် မကြောက်ဖို့၊ မခံဖို့ ဆိုပြီး အမြဲ ပြောပြပါတယ်။ ပြီးတော့ ကျမက ကိုယ်ကူညီတဲ့ သူတွေအတွက် တာဝန် ယူရဲတယ်၊ တာဝန်ခံရဲတယ်။ မတရားခံရတာကို သိလို့လေ။

မေး။     ။ မြန်မာအမျိုးသမီးတွေ အကြောက်တရားတွေ လွှမ်းမိုးနေသေးတယ်ဆိုတော့ ဒေါ်လေးလေး အနေနဲ့ အဲဒီ အကြောင်း ဘာများ ဆက်ပြောချင်ပါသလဲ။

ဖြေ။     ။ အဲဒီအတွက်ကို ကျမက အမျိုးသမီးအင်အားစုကို တမြို့နယ်ကနေ တမြို့နယ်၊ ပြီးတော့ တိုင်းကနေ တပြည်လုံးအထိ Campaign တွေ လုပ်သွားရပါမယ်။ အမျိုးသမီးတွေ အကြောက်တရားမရှိအောင် ကျမတို့က လိုက်ပြီး အားပေးမယ်။ အမှန်တရား ဖော်ထုတ်ခိုင်းမယ်။ ရဲတွေ စစ်တပ်တွေဆိုတာ ကြောက်စရာမလိုဘူးလို့ ပြောသွားမယ်။ Campaign ဆိုရင်တော့ အမျိုးသမီးထု တရပ်လုံး အကြောက်တရား မရှိဖို့ရယ်၊ တပြေးညီ ခံစားခွင့်ရှိတယ် ဆိုတာ ပြောပြီးတော့ လုပ်သွားပါမယ်။ အခုဆိုရင် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ရွှေပြည်သာ မြို့နယ်တွေမှာ အမျိုးသမီးတွေ အတွက် အဖွဲ့တွေဖွဲ့ပြီးသွားပါပြီ။

မေး။     ။ အရွယ်မရောက်တဲ့ ကလေးငယ်တွေက အဲဒီလို အတင်းအဓမ္မ ကျင့်တာခံရပြီး နောက်ပိုင်း စိတ်ခံစားမှုတွေ၊ အားငယ်မှုတွေ မရှိအောင် ဘယ်လို လုပ်ဆောင်သွားမှာလဲ။

ဖြေ။     ။ ကလေးတွေက ကျမကို တွေ့တာနဲ့ အရမ်း အားကိုးကြတယ်။ သူတို့ အားကိုးတဲ့သူတယောက် ဖြစ်အောင်လည်း လုပ်ဆောင် ပေးနေတယ်လေ။ ကျမက အမှုဖြစ်တဲ့ အချိန်ပဲလုပ်ပေးတာ မဟုတ်ဘူး၊ ကလေးငယ်တွေ နောင်ရေးအတွက်ပါ ထည့်စဉ်းစားပြီး လုပ်ဆောင်ပေးတာပါ။ မိန်းကလေးတွေ ဆိုတာ အရှက်နဲ့ အသက်ရှိတယ်။ အရှက်ကို ကာကွယ်ရမယ်လေ။ မှန်မှန်ကန်ကန် ဖြစ်အောင်နဲ့ ဘ၀ရပ်တည် နိုင်အောင် တဖြည်းဖြည်း သင်ကြားပေးသွားမှာပါ။

မေး။     ။ ကလေးငယ်တွေ ဘ၀ ပြုစုပျိုးထောင်မှုဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ။     ။ ကျမတို့ တောင်ဒဂုံမှာ ဆိုရင် BG (Blood Give) အဖွဲ့ကနေပြီးတော့ လမ်းဘေး ကလေးတွေကို စာသင်ပေးပါတယ်။ ပြီးတော့ သူတို့လေးတွေကို ဥပဒေ သိစရာလေးတွေ နားလည်အောင် ရှင်းပြပါတယ်။ ကလေးငယ်တွေ ပညာမတတ်မှုတွေ များလာရင် မတရား ဖိနှိပ်မှုတွေ များလာမယ်။ ကလေးငယ်တွေကို အကြောက်တရား မရှိအောင် သင်ပေးတယ်။

မေး။     ။ ဒေါ်လေးလေးက NLD ပါတီဝင် တယောက်လည်းဖြစ်တဲ့အတွက် အမျိုးသမီး တယောက်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါသလား။

ဖြေ။     ။ ကျမက NLD အဖွဲ့ဝင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရပ်ကွက်မှာပဲ ပါတီအဖွဲ့ကို ဆောင်ရွက်ပါတယ်။ မြို့နယ်တို့ တိုင်းတို့မှာတော့ မဆောင်ရွက်ပါဘူး။ အပြင်ကနေပဲ ကိုယ်လုပ်သင့်တာတွေ လုပ်ပါတယ်။ ရွေးကောက်ပွဲတော့ ယှဉ်ပြိုင်ဖို့ မလုပ်ပါဘူး။ ကိုယ်နိုင်တဲ့ ဘက်ကနေ လုပ်တာကောင်းပါတယ်။

အမျိုးသမီး အခန်းကဏ္ဍဆိုရင် အခုလိုမျိုးပေါ့ အာဏာရှင် အုပ်စုတွေက အမျိုးသမီးတွေကို ဖိနှိပ်၊ ကြောက်အောင်ခြောက်၊ ပွင့်ပွင့်လင်းလင်း မဆောင်ရွက်တာတွေပေါ့။ မြန်မာနိုင်ငံမှာ ရှိတဲ့အမျိုးသမီး ရေးရာတို့၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးတို့က လူကြီးတွေရဲ့ အမျိုးသမီးတွေ လုပ်တယ်။ တကယ်တော့ သူတို့တွေက ပြည်သူ့ရှေ့မှောက်မှာ ရပ်တည်နေတဲ့သူတွေ မဟုတ်ပါဘူး။ တကယ်စောင့်ရှောက်နေတဲ့ သူတွေဟာ ဒီလို အပြင်က လူမှု ကွန်ယက်တွေပါ။ အမျိုးသမီးရေးရာ ကရော၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးကရော ပူးပေါင်းပြီး အမျိုးသမီးထု ဘက်ကနေ ရပ်တည်ပေးပါလို့ ပြောချင်ပါတယ်။ The Irrawaddy (Burmese Version)

ဒီမိုကရေစီ ရေဆန်ခရီးနှင့် နောက်ပြန်လှော်သူများ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အငွေ့အသက်များ ခံစားထိတွေ့လာရသည်မှာ ၂နှစ်နီးပါး ရှိနေပြီဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ရှိ တာဝန်အသီးသီးကို ထမ်းဆောင်နေကြသူများ၊ စတုတ္ထမဏ္ဍိုင်မှ စောင့်ကြည့် ထိန်းမတ်ပေးနေသော မီဒီယာများ၊ ပဉ္စမမဏ္ဍိုင် ဖြစ်သော ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများက အသွင်ကူးပြောင်း ကာလကို အရှိန်တင်ပေးလျက် ရှိနေပါသည်။ ထိုအခြေအနေများက မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်တွင် ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် မျက်နှာပွင့်စေရန် အရောင်တင်ပေးခြင်းလည်း ဖြစ်ပါသည်။

အသွင်ပြောင်းကာလ ကနဦးအစတွင် ဥပဒေပြုလွှတ်တော်၏ ရှင်းလင်းပြတ်သားသော ဆွေးနွေး၊ ဆုံးဖြတ်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ အချေအတင်ဆွေးနွေးမှုများ၊ အုပ်ချုပ်ရေးပိုင်း၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များက ပြည်သူလူထုအား ဒီမိုကရေစီ နိဒါန်းပျိုးပြီဟု ဝမ်းမြောက်ပီတိ ဖြစ်ရလောက်သည် အထိ အားရကျေနပ်စရာ ကောင်းခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများက နိုင်ငံသားအားလုံး အပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးကပါ အံ့သြ ချီးမွမ်းရသည်အထိ ပြောင်မြောက်ခဲ့ပါသည်။ ထို့ကြောင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အညင်သာဆုံးနှင့် အမြန်ဆုံး အသွင်ကူးပြောင်းနိုင်သော နိုင်ငံတစ်ခုအဖြစ် နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ လောကတွင် မှတ်တမ်းတင် ခံခဲ့ရပါသည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်အောက်တွင် ဖြတ်သန်းလာခဲ့သော နိုင်ငံတစ်ခု ဖြစ်သောကြောင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ယခင်စနစ်ဟောင်းနှင့် များစွာ အသားကျလာခဲ့သူ များ၏ မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ဆန့်ကျင်ခုခံမှုများ ရှိနေပါသည်။ ထိုသို့ ဆန့်ကျင်ခုခံသူများတွင် စနစ်ဆိုးကြောင့် ရာထူး၊ သြဇာ၊ အာဏာ၊ ဝင်ငွေ လမ်းဖြောင့်ခဲ့သူများနှင့် စနစ်ဆိုး၏ ဖိနှိပ်မှုကို အကြောင်းပြုကာ ထောက်ပံ့ကူညီမှု များစွာရှိသူများ ဟူ၍ နှစ်မျိုးရှိပါသည်။ စနစ်ပြောင်း၊ လူမပြောင်းပုံစံဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည်ဖော် နေသောကြောင့် ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေးအာဏာ အတွင်းတွင် ပထမအမျိုးအစား ရှိသူများ ပါဝင်နေပါသည်။ ဒုတိယ အမျိုးအစားတွင်မူ စနစ်ဆိုးကြောင့် ဇာတ်နာသူများကို လက်ညှိုးထိုးကာ ပရောဂျက်ဆွဲ၊ ထောက်ပံ့ငွေ တောင်းပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်စရိတ်များ တစ်နင့်တစ်ပိုး ခံစားနေသူများ ဖြစ်ပါသည်။ အဆိုပါ နှစ်မျိုးစလုံးသည် စနစ်ပြောင်းသွားသည့်အခါ ယခင်တစ်လျှောက်လုံး ခံစားလာခဲ့ရသည့် အခွင့်အရေးများ ပျောက်ဆုံး သွားမည်ကို စိုးရိမ်ကြီးကာ အသွင်ပြောင်း ကာလကို ၄င်းတို့နည်း ၄င်းတို့ဟန်ဖြင့် အသီးသီး ခုခံဆန့်ကျင်နေကြခြင်း ဖြစ်ပါသည်။

ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ရှိနေသော ဆန့်ကျင်ခုခံသူများသည် ၄င်းတို့နှင့် ချိတ်ဆက်နေသော လိုင်စင်နှင့် ပါမစ်စီးပွားသာ သိသည့် ပညာမဲ့ခရိုနီများ အတွက် အကျိုးမရှိနိုင်သည့် ဥပဒေများကို ကန့်သတ်ခြင်း၊ သတင်း လွတ်လပ်ခွင့် ပေးလိုက်လျှင် ၄င်းတို့ အရေးပါအရာရောက်မှု ဆုံးရှုံးသွားကာ အတိတ်ကလုပ်ရပ်ဆိုးများ ပေါ်လာမည် စိုးသောကြောင့် တစ်ဖက်လှည့် ကန့်သတ်ထိန်းချုပ်သော ဥပဒေကြမ်း များကို ပုံမှန်မဟုတ်သည့် နည်းလမ်းဖြင့် လွှတ်တော်သို့ တင်သွင်းခြင်း၊ နိုင်ငံတော်အဆင့် စီမံကိန်း များတွင် မိမိတို့ကိုယ်ပိုင် ကုမ္ပဏီနှင့် အဆွယ်အပွား ကုမ္ပဏီများကသာ လက်ဝါးကြီးအုပ် ရယူထားခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ ယခင်စနစ်ဆိုး အတိုင်းသာ ရှိနေသေးခြင်း၊ မသိနားမလည်မှုနှင့် ကိုယ်ကျိုးစီးပွားကို အကြောင်းပြုကာ လူအများစု အားကိုသုံးပြီး ဒီမိုကရေစီနည်းဖြင့် အကျပ်ကိုင် ဖိအားပေးလာခြင်း၊ အာဏာတစ်ခုနှင့် တစ်ခုအကြား ပုဂ္ဂိုလ်ရေး ဆန်သော အားပြိုင်မှု ပြင်းထန်လာခြင်း၊ အာဏာအချင်းချင်း အကြား ဒီမိုကရေစီနည်းကျ အပြန်အလှန် ထိန်းညှိမှုထက် မဆီမဆိုင် စွက်ဖက်ထိပါးရန် ကြိုးစားလာခြင်း စသည့် အခြေအနေများက အပျံသင်စ ဒီမိုကရေစီချိုးငှက်ကို အတောင်ချိုး လိုက်သကဲ့သို့ ဖြစ်စေပါသည်။

စနစ်ဆိုးအောက်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တတိယနိုင်ငံများတွင် နှစ် ၂၀နီးပါး ရှိနေခဲ့သော နိုင်ငံတကာ အထောက်အပံ့ ဘဏ္ဍာသိုက်ကြီးသည် ကုန်ခဲ့သည့် ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာသည့်အခါ ထိုဘဏ္ဍာသိုက်ကို အကြောင်းပြု ရပ်တည်ရှင်သန်နေသော အထောက်အပံ့ခံ အင်အားစုအချို့၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်စေပါသည်။ ထိုအခါ ပြည်တွင်းတွင် မလိုလားအပ်သော ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးခြင်း၊ စနစ်ဆိုးအောက်တွင် ဖိနှိပ်ချုပ်ချယ် ခံခဲ့ရသည့် ပြည်သူလူထု၏ မကျေနပ်မှုကို အလွဲနည်းလမ်းဖြင့် နှိုးဆွပေးခြင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက စနစ်ဆိုးကာလက နည်းလမ်းများအတိုင်း ဖြေရှင်းလေ့ရှိသည့် အာဏာပိုင်များ၏ လုပ်ရပ်ကို လက်ညှိုးထိုးကာ ယခင်စနစ်အတိုင်း မပြောင်းမလဲ ရှိနေသေးသည်ဟု နိုင်ငံတကာကို ပြသလိုခြင်း စသည့် အခြေအနေများကလည်း ဒီမိုကရေစီလှေကြီးတွင် နောက်ပြန် လှော်နေသည့် သဘော သက်ရောက်နေပါသည်။

မှန်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် နှစ်ပေါင်းများစွာ ကျောက်ချရပ်နား ထားခဲ့ရာက ဒီမိုကရေစီ ရေဆန်ခရီးကို ရုန်းကန်လှော်ခတ်နေသည့် လှေကြီးတစ်စင်းနှင့် အလားသဏ္ဌာန် တူပါသည်။ ထိုလှေပေါ်တွင် ရှေ့သို့အားစိုက် လှော်ခပ်နေသူများ ရှိသကဲ့သို့ နောက်ပြန်လှော်ခတ် နေသူများလည်း ရှိပါသည်။ ပင်ပန်းဆင်းရဲစွာ အားစိုက်လှော်ခတ်ရမည့် ရေဆန်ခရီး ဖြစ်သည့်အပြင် မိုးသက်မုန်တိုင်းများ၊ ရေသတ္တဝါဆိုးများ၏ အန္တရာယ်ကလည်း ရှိနေပါသည်။ ထိုအခြေအနေ တွင် နောက်ပြန် လှော်ခတ်သူသာ တစ်နေ့တခြား များလာပါက ရှေ့မတိုးနောက်မဆုတ် ဖြစ်ကာ အခန့်မသင့်လျှင် လှေနစ် သွားနိုင်သည်ကို သက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက် ရှေ့ဆောင်ဦးရွက် ပြုနေသူများနှင့် ပါဝင်ပတ်သက်သူ Stakeholder အားလုံး အထူးသတိထားရန် လိုပါကြောင်း။
အယ်ဒီတာ (၇-၃-၂၀၁၃)
The Voice Weekly

ဘုရား(၅)ဆူမှ ပုဂံနေ၀င်ချိန်ကြည့်ရှုနိုင်ရန်အတွက် ခံဝန်ကတိလိုအပ်နေ

8 Mar, 2013 နိုင်ငံခြားသားများအပါအ၀င် ပြည်တွင်းခရီးသွားများ ပုဂံဒေသမှ နေ၀င်ချိန်ကြည့်ရှုနိုင်ရန်အတွက် ဘုရားငါးဆူကို ပြန်လည် ဖွင့်လှစ်ပေးရန် ရည်ရွယ်ထားပြီး သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာပါကပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနပုဂံဌာနခွဲမှ သိရသည်။ လက်ရှိတွင်ပြန်ဖွင့်ပေးရန် ရည်ရွယ်နေသည့် ဘုရားများမှာ သစ္စာဝတီ ၊တောင်ဂူနီ၊မြောက်ဂူနီ၊သိကြားဟစ်၊ ရွာဟောင်းကြီးစေတီများဖြစ်သည်။

“တောင်းဆိုတဲ့ အဖွဲ့အစည်းက ဧည့်လမ်းညွှန်အသင်းပေါ့။ ဧည့်လမ်းညွှန်အသင်းက ဒီဘုရားလေးတွေကိုပြန်ဖွင့်ပေးပါလို့   တောင်းဆိုတယ်။ တောင်းဆိုတော့ဝန်ကြီးဌာနဘက်ကနေပြီးတော့ ဒါဆိုရင် ဧည့်လမ်းညွှန်အသင်းဘက်ကနေပြီးတော့ လိုက်နာရမဲ့ စည်းကမ်းတွေ ရှိတယ်။ ဒီစည်းကမ်းဒီစည်းကမ်းတွေကိုတော့ လိုက်နာပါ။သူတို့လိုက်နာနိုင်မယ်ဆိုရင်တော့ ဒါတွေကိုပြန်ဖွင့်ပေးမဲ့ အစီအစဉ်ရှိတယ်။”ဟု ရှေးဟောင်းယဉ်ကျေးမှုဌာန ပုဂံဌာနခွဲမှညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနမှစေတီများအားပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အတွက် စည်းကမ်းချက်များ သတ်မှတ်ထားပြီး ဧည့်လမ်းညွှန်အသင်းမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များအား လိုက်နာပါမည်ဟု အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

“စည်းကမ်းတွေကိုတော့ လိုက်နာပေးရမှာပေါ့။ သူတို့ဘက်ကနေပြီးတော့ဒီစည်းကမ်းတွေကို လိုက်နာပေးပါမယ်ဆိုပြီးတော့ ကတိခံဝန်ချက်ရပြီဆိုရင် တော့ပြန်ဖွင့်ပေးမှာပါ။ အခုထိတော့ သူတို့ဘက်က အဲ့လိုတုံ့ပြန်တာ မရှိသေးဘူး။ စည်းကမ်းချက်တွေ ကိုတော့ ရှင်းပြထားခဲ့ပြီးပါပြီ။ အခုလောလောဆယ် စဉ်းစားထာတာကတော့ သစ္စာဝတီ၊တောင်ဂူနီ၊မြောက်ဂူနီ၊သိကြားဟစ်၊ ရွာဟောင်း ကြီး။ သူတို့က လိုက်နာမယ်ဆိုရင် ဒီဘုရားတွေကပြန် ဖွင့်ပေးလို့ ရပါတယ်။ သူတို့ဘက်က ဟုတ်ပါပြီ ဒီစည်းကမ်းတွေ ကို ကျွန်တော်တို့ အဖွဲ့အစည်းအနေပြီးတော့ လိုက်နာဆောင်ရွက်ပါ့မယ်ဆိုတာကပြန်ပြီး မတင်ပြသေးဘူး။တင်ပြတယ် ဆိုရင်တော့ပြန်ပြီးတော့ ဖွင့်မှာပေါ့။”ဟု ဦးနိုင်ဝင်းကပြောသည်။

ဧည့်လမ်းညွှန်အသင်းအနေဖြင့် ထုတ်ပြန်ထားသောအချက်များအားလိုက်နာနိုင်ရန် အတွက်အခက်အခဲများရှိနေပြီး အားလုံးပူးပေါင်းလက်တွဲလုပ်ဆောင်သင့်ကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဌက ဆိုသည်။

“သတ်မှတ်ထားတဲ့ဘုရားတွေမှာ လုံခြုံရေး၊ကြံ့ခိုင်မှု၊နံရံဆေးရေးပန်းချီလိုဟာမျိုးတွေပေါ့ မပျက်စီးရေးတို့ ၊ဈေးသည်တွေ လည်းရောင်းချမှုမပြုလုပ်ရေး၊ကားတွေ ရပ်ရင်လည်းဝေးဝေးမှာ ရပ်ဖို့ အဲ့ကိစ္စတွေကလည်း ပါတယ်။ မအားကြတာလည်း ပါတာပေါ့။ထိန်းသိမ်းမှုမျိုးတွေလုပ်နိုင်ဖို့ဆိုတာအခက်အခဲတွေရှိတယ်။ တချို့ကိစ္စတွေမှာ ဧည့်လမ်းညွှန်အသင်းက တာဝန် ယူဖို့ဆိုတာ အခက်အခဲ တွေ ရှိတယ်လေ။ ကျွန်တော်တို့နဲ့ဆိုင်တဲ့ကိစ္စတွေရှိသလိုမဆိုင်တဲ့ ကိစ္စတွေလည်း ရှိတယ်။”ဟု ပုဂံဧည့်လမ်းညွှန် ဥက္ကဌဦးဇော်ဝင်းချိုကပြောသည်။

ယခုလိုနေ၀င်ချိန်ကြည့်ရှုရန် ဘုရားငါးဆူဖွင့်ပေးမည့်ကိစ္စအပေါ် အားလုံး ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး NGOအဖွဲ့တစ်ခု ဖွဲ့စည်းသင့်ကြောင်း ဦးဇော်ဝင်းချိုမှ အကြံပြုပြောသည်။

“ဖွင့်ပေးမယ်ဆိုရင်တော့ လုပ်ပေးချင်တဲ့ဆန္ဒရှိတာပေါ့။ ဖွင့်ပေးမယ် ဆိုရင်ရှေးဟောင်းက စဖွင့်ပေး။ ဖွင့်ပေးရင်းနဲ့ ကျန်တဲ့အဖွဲ့တွေနဲ့လက်တွဲ ပြီးတော့ လိုအပ်တာတွေကို လုပ်ရမှာပေါ့။ အားလုံးအဆင်သင့်ဖြစ်မှဖွင့်မယ်ဆိုရင် ကြာနေမှာပေါ့။ ဒါတွေလုပ်ဖို့အဖွဲ့ လေးတစ်ဖွဲ့ဖွဲ့သင့်တယ်။NGO လိုအဖွဲ့ မျိုးပေါ့။ အဲ့လိုလုပ်ဆောင်မှဖြစ်မှာလေ။ ကျွန်တော်တို့နဲ့ဆွေးနွေး တာတွေ ညှိနှိုင်းတာတွေ လုပ်မှာပါ။”ဟု ပုဂံဧည့်လမ်းညွှန်ဥက္ကဌ ဦးဇော်ဝင်းချိုကပြောသည်။

ပုဂံညောင်ဦးဒေသတွင် ရှေးဟောင်းနံရံဆေးရေး ပန်းချီများ၊ ညနေ နေ၀င်ချိန်ဆည်းဆာ ကြည့်ရှုခြင်းများနှင့်   နိုင်ငံခြားသား များအား ဆွဲဆောင်သောအရာများဖြစ်ပြီး ယခုလက်ရှိတွင် နေ၀င်ချိန်ကြည့်ရှုနိုင်သော ဘုရားနှစ်ဆူသာရှိ၍ ယင်း ဘုရားနှစ်ဆူမှာ ရွှေဆံတော်ဘုရားနှင့် ပြသာဒ်ကြီး ဘုရားနှစ်ဆူဖြစ်သည်။

နိုင်ငံခြားသားများ လာရောက်လည်ပတ်မှုများသောလများ၌ နေ၀င်ချိန်ကြည့်ရှုသူဦးရေ တစ်ထောင်ကျော် ရှိကြောင်းကိုလည်း သိရသည်။
ထက်အောင်ခန့်(မြစ်မခ)

ဟောင်းနွမ်း ခရီးသည်တင်ယာဉ်များ နေရာတွင် စီးတီးဘတ်စ် ၀င်ရောက်ပြေးဆွဲမည်ဖြစ်ပြီး CNG ရရှိရေး ညှိနှိုင်းဆဲဖြစ်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ယာဉ်လိုင်းများတွင် ကိုရီးယားနိုင်ငံထုတ် စီးတီးဘတ်စ် အစီးရေ ၁၀၀ ကျော် ၀င်ရောက်ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါယာဉ်များ CNG ရရှိရန် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်း လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ စီးတီးဘတ်စ်များမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် အစီအစဉ်ဖြင့် တင်သွင်းလာခြင်းဖြစ်ပြီး  လက်ရှိတွင် CNG ရရှိရန် စောင့်ဆိုင်းနေကာ ရရှိပါက ဟောင်း နွမ်း ခရီးသည်တင်ယာဉ်များ နေရာတွင် အစားထိုး ၀င်ရောက်ပြေးဆွဲနိုင်မည်ဟု သိရသည်။

''အခု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ City Bus အစီးရေ ၁၀၀ ကျော် ပြေးဆွဲဖို့ အသင့်ရှိတယ်။ အဲဒီကားတွေက ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့ အစီအစဉ်နဲ့ သွင်းတဲ့ ကားတွေဆိုတော့ လက်ရှိ CNG ရဖို့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်။ CNG ဓာတ်ငွေ့အခြေအနေ ရလာရင် ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပြေးဆွဲရန် စီစဉ်နေသည့် ယာဉ်များမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံကာ တင်သွင်းခဲ့သည့် ယာဉ်များဖြစ်သောကြောင့် ယာဉ်စီးခကို ကျပ် ၅၀၊ ကျပ် ၁၀၀ ဖြင့်သာ ပြေးဆွဲမည်ဖြစ်ပြီး ကျပ် ၂၀၀ ကောက်ခံခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူကပင်  ''ယာဉ်အိုယာဉ်ဟောင်းတွေကို အပ်နှံပြီး တင်သွင်းတဲ့ ကားတွေဖြစ်တဲ့အတွက် ယာဉ်စီးခ ကျပ် ၅၀၊ ကျပ် ၁၀၀ ပဲ ကောက်ရမယ်။ ကျပ် ၂၀၀ ကောက်လို့ မရဘူး။အဓိကတော့ အများပြည်သူတွေ သက်တောင့်သက်သာရှိအောင် စီစဉ်ပေးထားမယ်'' ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ယာဉ်များကို စီးနင်းအသုံးပြုသူ ၈၅ ရာခိုင်နှုန်းရှိပြီး  အဆိုပါ ခရီးသည်တင်ယာဉ် အများစုမှာ အဆင့်မမီတော့သည့် ဟောင်းနွမ်းယာဉ်များ ဖြစ်နေကြသည်။ အဆိုပါယာဉ်များအနက် ဟောင်းနွမ်းဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များမှာ ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားသည့်အထဲတွင် အပါအ၀င် ဖြစ်ကြောင်း သိရသည်။

ယခုဝင်ရောက်ပြေးဆွဲရန် စီစဉ်နေသည့် ယာဉ်အစီးရေမှာ ၁၀၀ မှာ အရေအတွက်အားဖြင့် နည်းပါးသည် ဆိုသော်လည်း စီးတီးဘတ်စ် တင်သွင်းခွင့် ထောက်ခံချက်အနေဖြင့် စီးရေ ၁၀၀၀ ကျော် ထုတ်ပေးပြီးဖြစ်၍ နောက်ပိုင်းတွင် စီးတီးဘတ်စ်များ တဖြည်းဖြည်း ထပ်မံရောက်ရှိလာမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစီအစဉ်ဖြင့် ပြည်ပမှ ခရီးသည်တင် စီးတီးဘတ်စ်များ တင်သွင်းခြင်းအတွက် ထောက်ခံချက်များ ဦးစားပေး ထုတ်ပေးနေသော်လည်း အများစုမှာ ခရီးသည်တင်ယာဉ်များထက် စီးတီးတက္ကစီများကိုသာ တင်သွင်းမှုများနေသည်။

အဓိကအားဖြင့် စီးတီးဘတ်စ် တင်သွင်းခွင့်ပြုသည့် ကိုရီးယား၊ ဂျပန်နိုင်ငံများမှ ယာဉ်များမှာ ဈေးနှုန်းမြင့်ခြင်းကြောင့် ထင်မှတ်ထားသလို တင်သွင်းခြင်းမရှိဟု ယူဆရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။Eleven Media Group

သင်္ကြန်၌ တိုင်းရင်းသား အဖွဲ့များကို ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေရန် ဖိတ်ခေါ်မည်

၂၀၁၂ ခုနှစ်သင်္ကြန်က ရန်ကုန်မြို့ တော်ဝန်မဏ္ဍပ်တွင်
ကရင်တိုင်းရင်းသားအကအဖွဲ့ များဖျော်ဖြေခဲ့စဉ်
08 March 2013 15:55

ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်တွင် ယခင်နှစ်များက ပါဝင်ဖျော်ဖြေခဲ့သည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့များအပြင် အခြားတိုင်းရင်းသား အကအဖွဲ့များ ကိုပါ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ အကအဖွဲ့များကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ ယခုနှစ်မှ စတင်မဏ္ဍပ်ထိုးသည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်များ စသည်တို့တွင် ဖျော်ဖြေယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဆုချီးမြှင့်မည့် အစီအစဉ်များကိုပါ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

အခြားတိုင်းရင်းသား အကအဖွဲ့များကို ဖိတ်ခေါ်ရန်အတွက် အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ်မှ တိုင်းရင်သားများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ရန်ကုန်သင်္ကြန်တွင် ရခိုင်တိုင်းရင်းသား အကအဖွဲ့ (၃) ဖွဲ့နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့ (၃) ဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ယခုနှစ် တိုင်းရင်းသား အကအဖွဲ့များအား ဖိတ်ခေါ်မည့်အပြင် ပုဂ္ဂလိက ရေကစား မဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း အဖွဲ့များ မဖြစ်မနေ ထည့်သွင်းရေးကိုလည်း စီစဉ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၀တ်စားဆင်ယင်မှု အပိုင်းကိုလည်း ပိုမိုထိန်းသိမ်း သွားမည်ဖြစ်ကာ အနုပညာရှင်များ အနေဖြင့်လည်း မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုများဖြင့် ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။EMG

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ

မတ်လ ၉ရက်နှင့် ၁၀ရက်နေ့တို့တွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ နှင့် ပတ်သက်ပြီး အကြို ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ နံနက် ၈နာရီ ၃၀မိနစ်ခန့်က ရန်ကုန်မြို့ ဗဟန်း ရွေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။The Voice Weekly





ပြောင်းလို့ပြောင်းမှန်းတောင် မသိဘူး


FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

ထွက်ပေါ်နေသော အွန်လိုင်းပေါ်ကသတင်းတွေနဲ့ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူရှင် ရှင်းလင်း

''ဖေ့စ်ဘုတ်မှာ တက်နေတဲ့ သတင်းတွေမှာဆို ကျွန်မအနေနဲ့ လျှို့ဝှက် အစည်းအဝေးလုပ်တယ်။ နောက် အမေဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်တဲ့အဖွဲ့တွေနဲ့အချိတ်အဆက်လုပ်တဲ့သတင်းတွေ တက်လာ တယ်ဆိုပြီး ကျွန်မကို ပြန် ပြောပြကြ တယ်။ပထမတော့ ကျွန်မအနေနဲ့ မဖြေ ရှင်းဘူးလို့ စဉ်းစားတယ်။ ဘာကြောင့် လဲဆိုတော့ ကိုယ်လည်း မဟုတ်ဘူး လေ။နောက် လက်ရှိ ကျွန်မတို့ ပါတီ မှာရှိနေတဲ့ လူကြီးတွေကအစ အမေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါမဟုတ်ဘူးဆိုတာ သိတယ်။ပြောရရင် ကျွန်မက အနုပညာ သမားပါ။အမေစုက ကျွန်မကို ပြောခဲ့ တယ်။ လူဆိုတာ တိုင်းပြည် အတွက် ပြည်သူအတွက် အပင်ပန်းခံသင့်ရင် ခံရတယ်။ တိုင်းပြည်အတွက် ပြည်သူ အတွက် ကိုယ်လုပ်နိုင်သလောက် အတိုင်း အတာအထိ လုပ်သင့်တယ် လို့ ပြောတဲ့အတွက်ကြောင့် ကျွန်မ အနေနဲ့ ပါတီထဲဝင်ခဲ့တယ်။ ကျွန်မ အနေနဲ့လည်း အကောင်းဆုံးဖြစ် အောင် လုပ်ပေးခဲ့တယ်။ ပါတီထဲ ဝင် ကတည်းက ကျွန်မရဲ့ရည်ရွယ်ချက် က ဒါငါပရဟိတအလုပ်လုပ်တာပဲ၊'' လို့ ဖေ့စ် ဘုတ်မှာပြန့်နေတဲ့သတင်းတွေနဲ့ ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောက်တံတားမြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ ကြည်ဖြူသျှင်ကဖြေရှင်းလာပါတယ်။Popular Journal

အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည် ဆိုသော အမျိုးသမီးများနေ့ အကြိုအခမ်းအနားကျင်းပ





ရန်ကုန်၊ မတ် ၇။

၂၀၁၃ခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ အမျိုးသမီးများနေ့ အကြိုအခမ်းအနားကို ယခုလ (၆)ရက်နေ့၌ တောင်ဒဂုံမြို့နယ် နိကာယ်ပရိယတ္ထိ စာသင်တိုက်တွင် “ အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည်” ဆောင်ပုဒ် ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားများနှင့်
စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့(AFFM) က ကျင်းပပြု လုပ်ခဲ့ပြီး ရည်ရွယ်ချက်(၅)ရပ် ထုတ်ပြန် ကြေညာခဲ့သည်။

ယင်း ရည်ရွယ်ချက်များမှာ လုပ်ငန်းခွင် သာတူညီမျှမှု ရှိစေရန်၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားခြင်း(သို့) အနှောင့် အယှက်ပြုခြင်းမှ ကင်းဝေးစေရန်၊ သားဖွားမိခင်ခွင့် ရရှိစေရန်၊ အကာအကွယ်မဲ့သော လုပ်ငန်းခွင်အခြေအနေများ ပပျောက်
စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ရရှိစေရန် စသည်တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ အနေဖြင့် ကျား၊မ တန်းတူညီမျှမှု မရှိသေးကြောင်း၊ အမျိုးသမီးများ အနေဖြင့် နှိပ်ကွပ်ခံရခြင်းများ ရှိနေကြောင်း၊ စက်မှုဇုန် အလုပ်သမ အများစု၏ လစဉ်ဓမ္မတာ ကိစ္စများအတွက် ရှောင်တခင်ခွင့်၊ မီးဖွားခွင့် စသည်တို့ကိုပေးသင့်ကြောင်း (AFFM)မှ စည်းရုံးရေးတာဝန်ခံ မအေးသီခိုင်က ပြောကြားသည်။

“မြန်မာ အမျိုးသမီးတွေက လူတန်းစား မညီမျှလို့ စနစ်ဆိုးရဲ့ သားကောင် ဖြစ်နေရတာပါ။ သူတို့တွေကိုသာ လုပ်ပိုင်ခွင့်တွေ၊ နေရာ ပေးတာတွေသာ လုပ်ပေးမယ်ဆိုရင် မြန်မာဟာ ကမ္ဘာမှာ ရင်ဘောင်တန်းလာနိုင်မှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယခုလက်ရှိ မြန်မာအမျိုးသမီးထု အနေဖြင့် အကြောက် တရားများ စိုးမိုးနေသေးကြောင်း၊ ယင်းအကြောက်တရား များကို ပယ်ရှားနိုင်ရန် မြန်မာ အမျိုးသမီးများအားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခုကျင်းပသော ပွဲသည် AFFM အနေဖြင့် ကမ္ဘာ့အမျိုးသမီးများနေ့နှင့် ပတ်သတ်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့သော ပွဲဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age

Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ အိုစမာဘင်လာဒင်ရဲ့ သမက် Sulaiman Abu Ghaithကို ဖမ်းဆီးမိ

Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူ Sulaiman Abu Ghaithကို ဂျော်ဒန်နိုင်ငံမှာဖမ်းဆီးရမိခဲ့ တယ်လို့  အမေရိကန်ပြည်ထဲရေးဌာနက ဒီကနေ့ အတည်ပြု လိုက်ပါတယ်။ သူ့ကို အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်ပြီး တရားစီရင်ဖို့  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကို ခေါ်လာတယ်လို့ သိရပါတယ်။ သူ့ကို အစောဆုံး သောကြာနေ့မှာ အကြမ်းဖက်မှုနှင့် ဆက်စက်တဲ့အမှုများနဲ့ ရုံးထုတ်မှာဖြစ်တယ်လို့ တာဝန်ရှိသူများက NBC News ပြောပါတယ်။

တရုတ်သို့ ဝင်ရောက်သော မြန်မာဒုက္ခသည် တစ်ထောင် အောက်သာ ရှိကြောင်း ယူနန်အုပ်ချုပ်ရေးမှူး ပြောကြား



ပေကျင်း၊ မတ် ၇။

တရုတ်င်ငံတွင်းသို့ နယ်စပ်ယူနန်ပြည်နယ်မှတဆင့် ဝင်ရောက် လာသော မြန်မာဒုက္ခသည် အရေအတွက်မှာ အနည်းအပါးသာ ရှိပြီး နယ်စပ်အခြေအနေမှာလည်း တည်ငြိမ်မှုရှိကြောင်း ယူနန်
ပြည်နယ်အုပ်ချုပ်ရေးမှူး လီကျီဟန်းက ပြောကြားလိုက်သည်။

အုပ်ချုပ်ရေးမှူး လီသည်ပေကျင်းတွင် တရုတ်ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ရောက်ပြီးနောက် မီဒီယာများ၏ စုံစမ်းမှုကိုပြန်လည်ဖြေ ကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “တရုတ်ဘက်အခြမ်းမှာ ရှိနေတဲ့  မြန်မာဘက်က လူဦးရေက တစ်ထောင်အောက်ပဲ ရှိပါတယ် ။ ဒါဟာ မြန်မာဘက်မှာတိုက်ပွဲတွေ အပြင်း ထန်ဆုံးအချိန်က လူသုံးထောင်လောက် ဝင်ရောက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် နည်းပါတယ်။ နောက်တစ်ကြိမ် မြန်မာဘက်က ဒုက္ခသည်တွေ ဝင်လာရင်လည်း သူတို့အတွက် အစားအစာနဲ့ နေထိုင်ရေးအတွက် လူသားချင်းစာနာထောက်
ထားတဲ့ အကူအညီတွေကို ဗဟိုအစိုးရရဲ့ ညွှန် ကြားမှုနဲ့အညီပေးအပ်သွားမှာပါ” ဟုပြောကြားသည်။

မြန်မာတွင် ၂၀၁၁ ဇွန်မှစ၍ ကချင်ပြည်နယ်တွင် ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ တင် ဖြစ်ပွားပြီးနောက် မြန်မာနယ်အတွင်းနေထိုင်
သူအများစုမှာ တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

ပြည်နယ်အုပ်ချုပ်ရေးလီက မြန်မာတွင် ကချင်နှင့် အစိုးရတပ် များ၏ ပဋိပက္ခမှာ ပြည်တွင်းရေးသာ ဖြစ်ကြောင်း ၊တရုတ်နှင့် မြန်မာသည် အိမ်နီး ချင်းကောင်းများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
The Myanma Age
Ref: English.peopledaily.com

မြောက်ကိုရီးယားကို ကုလကနေ ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ထပ်လုပ်မယ်

ပြုံရမ်းရဲ့တတိယမြောက် နျူကလီးယား ဖေါက်ခွဲ စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ ကနေ မြောက်ကိုရီးယား နိုင်ငံ အပေါ်ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့တညီတညွတ်တည်း သဘောတူ လိုက်ကြပါတယ်။

ဒီဆုံးဖြတ်ချက် အရ မြောက်ကိုရီးယား အပေါ် သံတမန်ရေး အရ အရေး ယူမှု၊ ငွေအလွှဲ အပြောင်း ထိန်းချုပ်ရေးနဲ့ ဇိမ်ခံပစ္စည်း တွေ ဝယ် မရအောင် အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီ ၂ ခု နဲ့ လူပုဂ္ဂိုလ် ၃ ဦး တို့ ခရီးသွားလာခွင့်ကို ပိတ်ပင်မှာ ဖြစ်သလို၊ ပိုင်ဆိုင် မှုတွေကိုလည်း ထိန်းချုပ် ထားမှာ ဖြစ်ပါတယ်။BBC Burmese

ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ

သောမတ် အိုဟေး ကင်တားနား
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ်စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။မတ်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက နေ့ချင်းပဲ တချက်ချင်းစီ တုံ့ပြန်ခဲ့ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များမစ်စတာ ကင်တားနား သတင်းစာ ရှင်းလင်းပွဲ
၂၀၀၈ ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ပြဿနာတွေရှိ
မစ်စတာ ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲဆက်စပ်အကြောင်းအရာများကုလသမဂ်ဂအဲဒီထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးကြောင့် ဖမ်းဆီးထားသူများ မရှိပဲ ဥပဒေ ချိုးဖောက်သူတွေကိုသာ အရေးယူကြောင်း အစိုးရက တုံ့ပြန် ပြောပါတယ်။မစ်စတာ ကင်တားနားဟာ ကချင်ပြည်နယ်တွင်းမှာ အစိုးရဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ ပြောပြီး KIA ကချင် အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ချန်လှပ်ထားကြောင်း၊ ရခိုင် ပြည်နယ်တွင်းမှာ သွားလာခွင့်တွေ ကန့်သတ့်တာ၊ ဖမ်းဆီး နှောက်ယှက်တာတွေလည်း မရှိတဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားကြောင်း အစိုးရ တုံ့ပြန်မှုထဲမှာ ဖော်ပြ ထားပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဆိုင်ရာ အကြီးတန်း သုတေသီ မစ်စတာ ဒေးဗစ် မက်သီယာဆင်ကတော့ အစိုးရရဲ့ ဒီလို သိမ်းကြုံးပြီး ငြင်းချက် ထုတ်တဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောပါတယ်။အစိုးရဘက်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အရင်တုံးက နည်းလမ်းအတိုင်း ဆက်ဆောင်ရွက်နေတဲ့ သဘော တွေ့ရတယ်လို့ မစ်စတာ မက်သီယာဆင်က ပြောပါတယ်။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသား၊ ကလေးစစ်သား နဲ့ အဓမ်မလုပ်အားပေး ပပျောက်ရေးတွေမှာ နိုင်ငံတကာနဲ့ ပူးတွဲလုပ်ဆောင်လာပြီး တိုးတက်မှုတခိျု့ ရှိလာပေမယ့် အခုလို အစိုးရဘက်က ငြင်းဆိုမှုတွေကတော့ အတော်လေး အံ့အားသင့် စိတ်ပျက်ကောင်းတယ်လို့ ပြောပါတယ်။ကချင်နဲ့ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ထင်ထင်ရှားရှား ရှိနေတဲ့ အကြောင်းလည်း သူက ထောက်ပြပါတယ်။ဒါပေမယ့် ကုလသမဂ်ဂ အစီရင်ခံစာမှာ ကချင်ပြည်နယ်တွင်း KIA ဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ချန်လှန်ထားတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုမှုကိုတော့ သဘောတူနိုင်ပြီး အစိုးရ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေကိုတော့ မဘော မတူနိုင်သေးကြောင်းလည်း ပြောပါတယ်။ကုလသမဂ်ဂအနေနဲ့ မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာ သတင်းပို့ဖို့ လိုတဲ့ နိုင်ငံ အဖြစ် ဆက်ထား ရှိသင့်ကြောင်း ၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်လည်း ဆက် ထားရှိရုံတင်မက မြန်မာနိုင်ငံမှာ ကုလသမဂ်ဂ လူ့အခွင့်အရေး ရုံးဖွင်ပြီး ဆောင်ရွက် သင့်ကြောင်းလည်း မစ်စတာ မစ်သီယာဆင်က အကြံပြု ပြောဆိုပါတယ်။
BBC Burmese

ဖေ့စ်ဘွတ်ခ် ဒီဇိုင်းသစ် ထွက်မယ်

ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာ ဒီဇိုင်းသစ်ကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ကနေ ထုတ်ဖေါ်ပြသလိုက်ပါပြီ။

မကြာခင် အသုံးပြုနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ ဒီဇိုင်းသစ်မှာ ကော်လံ သုံးခု ရှိနေရာ ကနေ ကော်လံ ၂ ခုပဲ ထားရှိတော့မှာ အပါအဝင် တခြား အဓိက ဒီဇိုင်း ၂ ခုကိုလည်း ပြောင်းလဲ ထားပါတယ်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာမျာ ကြည့်လိုက်ရင် ရှုပ်ထွေးနေတာ တွေကို ရှင်းရှင်း လင်းလင်း ဖြစ်သွားအောင် ရည်ရွယ်ပြီး ဒီဇိုင်း ပြောင်းတာလို့လည်း ဆိုပါတယ်။

ကွန်ပြူတာမှာ မြင်ရမယ့် ဖေ့စ်ဘွတ်ခ် ပုံစံဟာ လက်ကိုင် စမာ့တ်ဖုန်း App တွေမှာ တွေ့ရမယ့် ပုံစံနဲ့ အတော့်ကို တူမှာလည်း ဖြစ်ပါတယ်။BBC Burmese

အာဇာနည်ဗိမာန်ကို အများပြည်သူတွေ ကြည့်ရှုခွင့်ရတော့မည်

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကို နိုင်ငံတော်အဆင့် ပြင်ဆင်ပြီး ပြည်သူတွေ ဆန္ဒအတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အာဇာနည်ဗိမာန်ကို အများပြည်သူ ဂါရဝပြုနိုင်ဖို့ သီတင်းတစ်ပတ်မှာ (၆) ရက် ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အခုလို ကတိပြု ပြောဆိုလိုက်ပါတယ်။

" မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည်ပြုပြင်မွန်းမံမှုများပြုလုပ်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ရန် အတွက် တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်သာထားရှိပြီး ဖွင့်လှစ်ရန် စီစဉ်ထားရှိပါတယ်"

ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမာန်ကို ဖွင့်လှစ်ပေးဖို့ အစီစဉ်နဲ့ ပတ်သက်ပြီး လှည်းကူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာကို ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အာဇာနည်နေ့တုန်းကလည်း စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပေးခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို ပြောင်းလဲလာတဲ့ အစိုးရသစ်လက်ထက်မှာ လွပ်လွပ်လပ်လပ် ကျင်းပခွင့်ပေးခဲ့ပြီး အာဇာနည်ဗိမာန်ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီဝင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ ဝင်ရောက် ဂါဝရပြုခွင့်ရခဲ့ပါတယ်။
RFA Burmese

တီးတိန်မြို့ကို ရောက်ရှိခဲ့တဲ့ ၈၈(ရုပ်/သံ)

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်ဟာ မတ်လ ၇ ရက်နေ့မနက်မှာတော့ ကလေးမြို့ကနေ မနက် ၉နာရီက ထွက်ခွာလာခဲ့ပြီး နေ့လည် ၃ နာရီမှာ တီးတိန်မြို့ကို ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။ တီးတိန်မြို့မှာတော့ နေ့လည် ၃နာရီမှာ CCJ Hall မှာ ကိုမင်းကိုနိင် ကိုကိုကြီး တို့က လူထုနဲ့တွေ့ဆုံဆွေးနွေးပြောကြခဲ့ပါတယ်။ အဲ့ဒီမှာတော့ တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ နဲ့ တောင်ပေါ်မြေပြန့် လူငယ်တိုင်းရင်းသားတွေ အားလုံး စည်းလုံးစွာနဲ့ နိင်ငံတော်ကို ကောင်းအောင် ဆက်လက်ကြိုးစားသွားဖို့ပြောကြားခဲ့ပါတယ်။
DVB TV News
(ရိုက်ကူး - စူပါ)

NLD ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခံရသူတွေ တုန့်ပြန်ပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွှတ်ရေး ပြိုကွဲပျက်ဆီးစေသည့် အပြုအမူ၊ အပြောအဆိုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရရှိထားကြောင်း စွပ်စွဲပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ၄ ဦးထဲက ရွှေပြည်သာမြို့နယ် ဗဟိုညီလာခံကိုယ်စားလှယ် ဦးသန့်ဇင်က သူ့တို့အပေါ် မဟုတ်မမှန်စွပ်စွဲပြီး လုပ်ကြံဇာတ်လမ်းစဉ် ထုတ်ပယ်တာသာဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ လသာမြို့နယ်၊ သံဈေးပလာဇာ ၈ လွှာက မြန်မာ့ဒီမိုကရက် သင်တန်းကျောင်းခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးသန့်ဇင်က အန်အယ်ဒီ လူကြီးတွေရဲ့ ထုတ်ပယ်မှုအပေါ် အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ဌာနချုပ်ရဲ့ အရှိန်အဝါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို သုံးပြီးတော့ ကိုယ့်ကိုကိုယ် တကယ့်ဆရာကြီးတွေလို သဘာကြီးတွေလို အုပ်စုဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်၊ အခုစွပ်စွဲခံရတဲ့ ၄ ယောက်က မှန်တာပြောရရင် သစ္စာစကားပါ၊ ဦးခင်မောင်ဝင်းနဲ့ ကျနော်မတွေ့တာ ၄ လကျော်ပါပြီ၊ စစ်ကိုင်းတိုင်းက အမျိုးသမီးဆိုရင် ရုပ်တောင်မမြင်ဖူးပါဘူး၊ ဦးခင်မောင်ရှိန်ဆိုတာ မနေ့ကမှ ကျနော်မြင်ဖူးပါတယ်၊ ဘယ်လိုမှ တွေ့ဆုံခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ပြောဆိုခြင်းလည်း ဘာမှမရှိပါဘူး၊ ဒီကိစ္စဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ လုပ်ကြံဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်”

မနေ့ကလည်း ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရသူ ဦးခင်မောင်ရှိန်ကလည်း ထုတ်ပယ်ခံရတဲ့အပေါ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကတော့ အဲဒီ ၄ ဦးကို ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့က အဖွဲ့အစည်းအနေနဲ့ ကျစ်လစ်သိပ်သည်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်၊ သူတို့လည်း သူတို့အခွင့်အရေးရှိတာနဲ့ ပတ်သက်လို့ ပြောစရာရှိတာ ဆိုခွင့်ပြောခွင့်ရှိပါတယ်၊ ကျနော်တို့က ဒါတွေလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး၊ ဒီအကြောင်းအခြင်းအရာပေါ် မူတည်ပြီးတော့လည်း ဒါပြန်လည်ပြီးတော့ အကျိုးအကြောင်းတွေ ပြန်လည်ဆင်ခြင်ဆောင်ရွက်ဖို့ လုပ်စရာရှိတာတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောပါ၊ သူတို့ဘက်က ပြောခွင့်ရှိပါတယ်၊ တောင်းဆိုခွင့်ရှိပါတယ်၊ အရေးဆိုခွင့်ရှိပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆောင်ရွက်တဲ့ အခွင့်အလမ်းတွေရှိပါတယ်”

NLD ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ရဲ့မတ်လ ၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်က ထုတ်ပယ်ခံရသူ ၄ ဦးကတော့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဦးသန့်ဇင် အပါအ၀င် လသာမြို့နယ်က ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်က ဦးခင်မောင်ရှိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်က ဒေါ်မိမိကြီးတို့ ဖြစ်ပါတယ်။
RFA Burmese

စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြ

နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ဘဂါလီလူမျိုးများ အတွက် တူရကီနိုင်ငံ၏ ထောက်ပံ့ငွေဖြင့် နေအိမ် ၅၀၀၀ကျော် ဆောက်လုပ်ရန် စီစဉ်နေသဖြင့် စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သော ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောကြားသည်။ ဆန္ဒပြရန် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံသို့ တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုခြင်း မရှိခဲ့ သော်လည်း ဆန္ဒပြခဲ့ကြသည်။
The Voice Weekly



မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာ ကဏ္ဍအတွက် အမေရိကန် ကူညီမည်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာဆိုင်ရာ အကူညီပေးရေး အဖွဲ့စည်း တစ်ခုဖြစ်တဲ့ PILPG ( Public International Law & Policy Group) အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ ပံ့ပိုးကူညီသွားမယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ PILPG အဖွဲ့မှ ဒုတိယ ဥက္ကဌ မစ္စမစ်ဂန်အီးစတီးဝေါ့တ် (Mrs. Meghan E. Stewart) ဦးဆောင်တဲ့ အဖွဲ့ဟာ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ (၉) မိုင် ပြည်လမ်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ PILPG အဖွဲ့ အနေနဲ့ ပံ့ပိုး ကူညီသွားမှာဖြစ်တဲ့ အကြောင်း PILPG အဖွဲ့မှ ပြောကြားခဲ့တာဖြစ်တယ်လို့ UNA အဖွဲ့ နာယက ဦးအေးသာအောင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

PILPG အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေပေးရာမှာ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ ပြည်သူတွေ အတွက် လူမှု အခြေပြု သင်တန်းတွေနဲ့ ဥပဒေရေးရာ အသိပညာပေး သင်တန်းတွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လိုအပ်နေတဲ့ ဥပဒေရေးရာ ကဏ္ဍတွေ ကို အဓိက အလေးပေး ကူညီသွားမယ်လို့လည်း သိရပါတယ်။

UNA ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ အနေနဲ့ PILPG အဖွဲ့နဲ့ ခုလို ဆွေးနွေးရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြုပြင်ဖို့လိုနေတဲ့ အချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတွေနဲ့ တိုင်းရင်းသား အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

PILPG အဖွဲ့ဟာ ၁၉၉၅ ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့စည်းဖြစ်ပြီး ဥပဒေ ပညာရှင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းဖြစ်ကာ အမေရိကန် အပါဝင် နိုင်ငံပေါင်း ၆၀ ကျော်မှာ အခြေချဆောင်ရွက်နေတဲ့ လူမှုရေး အသင်းအဖွဲ့ ဖြစ်ပါတယ်။RFA Burmese

၁၂ နှစ်ကြာ အစာငတ်ခံဆန္ဒပြသူ အိန္ဒိယအမျိုးသမီး တရားစွဲခံရ

နယူးဒေလီ၊ မတ် ၅
နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင်း လူ့အခွင့်အရေးများ လျစ်လျူရှုခံရမှုကိုကန့်ကွက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒ့ပြသူ အိန္ဒိယအမျိုးသမီးတစ်ဦး တရားစွဲဆိုခံရကြောင်း သိရသည်။
အသက် ၄ဝ အရွယ် အိုင်ရွန်ရှာမီလာ အမည်ရ အဆိုပါအမျိုး သမီးမှာ ၁၂ နှစ်တာကာလအတွင်း မည်သည့်အစာကိုမျှ မစားခဲ့ရာ အာဏာပိုင်များမှ အတင်းအကျပ် အစာပိုက်သွင်းပြီး နောက်မိမိကိုယ် ကိုသတ်သေရန်ကြံစည်မှုဖြင့် စွဲဆိုခံရခြင်း ဖြစ်သည်။

အိန္ဒိယတပ်မတော် အထူးခွင့်ပြုအာဏာ အက်ဥပဒေကို ဆန့် ကျင်၍ မဏိပူရနယ်တွင် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ရာ လူမသိသူမသိ အဖြစ်မှ တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့ရသည်။ အဆိုပါ ဥပဒေအရ ကက်ရှမီးယားနှင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များမှ တရားစွဲဆို ခြင်း မခံရဘဲမသင်္ကာသူများကို ပစ် သတ်ခွင့်နှင့်စစ်သွေးကြွဟုမသင်္ကာ ပါကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိ သကဲ့သို့ ရဲတပ်ဖွဲ့တွင်လည်း စိတ်တိုင်းကျ ရှာဖွေဖမ်းဆီးခွင့်ရှိသည်။

ရှာမီလာမှ အဆိုပါဥပဒေကို မနှစ်မြို့၍ အစာငတ်ခံဆန္ဒပြခဲ့ခြင်း ဖြစ်ရာ ၂ဝဝဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်က မဏိပူရနယ် အင်ဖာမြို့ တွင် စားခဲ့သည့် အစာအပြီး သူမမည်သည်ကိုမျှ မစားခဲ့ဟု ဆိုသည်။

ဆန္ဒပြအပြီး သုံးရက်အကြာတွင် အဖမ်းခံခဲ့ရပြီး နှာခေါင်းပိုက်တပ်၍ အစာရေဆာ သွင်းခံခဲ့ရရာ တစ်နှစ် အတွင်း မိမိသဘော အလျောက် အစာ ပြန်စားလျှင် ထောင်မှလွှတ်ရန် ဖြစ်သော်လည်း မစားခဲ့၍ အကျဉ်းမှ မလွှတ်ခဲ့ပေ။

''ကျွန်မ အသက်ရှင်ချင်ပါ တယ်။ ကိုယ့်အသက်ကိုယ် မနုတ် လိုပါဘူး။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်''ဟု ပြောခဲ့ကြောင်း ပီတီအိုင်သတင်း တစ်ရပ်က ဆိုသည်။

တရားသူကြီးက မေ ၂၂ ရက် နေ့သို့ ချိန်းဆိုလိုက်ရာ ၎င်းအနေ နှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ကျခံရဖွယ် ရှိသည်။
ဥပဒေရေးရာ ဝန်ကြီး အက်ဝီ နီ ကူးမားကမူ သောင်းကျန်းသူများ အား ဖြိုခွင်းရာတွင် အထူးအာဏာ လိုအပ်ကြောင်း ကာကွယ်ပြောကြား ရာ၌နိုင်ငံတော် ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကိစကိစ္စများမှာ

ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေအတွင်းအထူး အရေးပါသဖြင့် ယခုကဲ့သို့ အခွင့် အာဏာပေးထားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မဏိပူရနယ်ခံ တက်ကြွလှုပ်ရှားသူ ကျောင်းသားများကအိန္ဒိယတပ်မတော်အနေဖြင့် အကြွင်းမဲ့အာဏာသုံး၍ အရပ်သားများကို သောင်းကျန်းသူများသဖွယ် ဆက်ဆံသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြသည်။Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com